《Rain On Me (KookV/Completed)》SPECIAL EPISODE A
Advertisement
မိုးရေစက်တွေ အငြိုးကြီးကြီးရွာနေတဲ့ကြားက ဂျောင်ဂုခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိတဲ့ ကျွန်တော်...။ တစ်ကိုယ်လုံး ရွှဲရွဲစိုနေခဲ့ပေမယ့် သူ့ခန္ဓာကိုယ်က အနွေးဓာတ်က ကျွန်တော့်ကို နွေးထွေးစေတယ်။
" ဖက်လို့ဝရင် ပြန်လွှတ်ပေးပါတော့လား။ ခင်ဗျားနဲ့ကျွန်တော်က ဒီလိုတွေလုပ်နေဖို့အထိ ရင်းနှီးတဲ့သူတွေ မဟုတ်ကြဘူးလေ "
ပါးစပ်ကလည်းပြော လက်တွေကလည်း ကျွန်တော့်ကိုတွန်းထုတ်ရင်း မယုံနိုင်စရာ စိမ်းစိမ်းကားကားစကားကို ပြောထွက်လာခဲ့တဲ့ ဂျောင်ဂု...။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ သူ့ကြောင့် ကျွန်တော့်မှာ ပြောစရာစကားလုံးတွေတောင် ပျောက်ရှသွားခဲ့ရပြီ။
နေဦး...သူနဲ့ကျွန်တော် ပြန်ဆုံပြီးလို့ ချစ်သူတွေတောင် ဖြစ်နေကြပြီမဟုတ်လား။ ဒါဆို ဘာကြောင့်များ သူနဲ့ကျွန်တော် ပြန်ဆုံတဲ့အချိန်ကို ပြန်ရောက်နေရတာလဲ။ သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတာကရော ကျွန်တော့်စိတ်ကူးနဲ့ ပုံဖော်ခဲ့တဲ့ ပုံရိပ်ယောင်တွေပဲလား...။
" မင်း ဘာတွေပြောနေတာလဲ ဂျောင်ဂု။ ငါနဲ့မင်းက ချစ်သူတွေလေကွာ။ ဘာလို့ ငါမင်းကို ဖက်ထားလို့မရရမှာလဲ "
ခေါင်းထဲထူပူပြီး ဘာမှမတွေးနိုင်တော့တဲ့ ကျွန်တော်ဟာ သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ထုရင်း ကြေကြေကွဲကွဲ မေးခွန်းထုတ်မိတယ်။ ကျွန်တော့်မေးခွန်းကိုကြားတော့ ဂျောင်ဂုက ကျွန်တော့်ကို လှောင်သလိုလိုကြည့်ရင်း သူ့ကိုထုရိုက်နေတဲ့ လက်သီးဆုပ်တွေကို ချုပ်ကိုင်တားဆီးလိုက်တယ်။
ွသန်မာတဲ့သူ့လက်တွေကြောင့် အချုပ်ခံထားရတဲ့ ကျွန်တော့်လက်တွေ နာကျင်လာခဲ့တော့ လွှတ်ပေးလိုလွှတ်ပေးငြား ရုန်းကန်မိပေမယ့်လည်း အချည်းအနှီးပဲဖြစ်သွားတယ်။ လက်တွေနာလွန်းလို့ ကျွန်တော့်မျက်နှာလေး ရှုံ့မဲ့နေတာကို မျက်စိအရသာခံပြီးမှ ဆောင့်ကြီးအောင့်ကြီး ပြန်လွှတ်ပေးခဲ့တာ။
" ဘာတွေလာပြောနေတာလဲ။ ခင်ဗျား ရူးနေတာလား။ အာ..ဟုတ်သားပဲ။ ခင်ဗျားက အစတည်းကိုက စိတ်ကူးယဥ်ပြီးရူးနေတဲ့ psychoကောင်ပဲလေ။ ကျွန်တော်နဲ့ခင်ဗျား ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာလည်း ခင်ဗျားစိတ်ကူးနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်မှာပေါ့။ လူမြင်ကွင်းမှာ ခင်ဗျား ကျွန်တော့်ကိုလာဖက်တာ ဒါနောက်ဆုံးဖြစ်ပါစေ။ စိတ်ကူးနဲ့လက်တွေ့ဘဝကို သေချာလည်းခွဲတတ်အောင်လုပ်ဦး Psychoကောင်ရဲ့ "
ထယ်ယောင်း သူ့နားနှစ်ဖက်ကို လက်ဝါးဖြင့် အုပ်လိုက်သည်။ ေဂျာင်ဂုနှုတ်ဖျားက စကားလုံးကြမ်းကြမ်းတွေကို သူဘယ်လိုမှ ဆက်နားမထောင်ရဲတော့ဘူး။ သူတို့ချစ်ခဲ့သမျှက စိတ်ကူးသက်သက်ပဲတဲ့လား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
" မဟုတ်ဘူး ဂျောင်ဂု.. မင်းငါ့ကို တမင်သက်သက် စနေတာမဟုတ်ဘူးလား။ ငါတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာလေ။ မင်းအဖေ ပြင်းပြင်းထန်ထန်ကန့်ကွက်တာကိုတောင် မျက်ကွယ်ပြုပြီး မင်းငါ့ကိုချစ်ခဲ့တာလေ။ ငါ့ကို ဒီလိုပုံစံနဲ့ မစပါနဲ့လား။ ငါအရမ်းလန့်နေပြီ "
မိုးရေတို့စိုရွဲနေခဲ့သဖြင့် တစ်စထက်တစ်စ ချမ်းတုန်လာခဲ့သော ထယ်ယောင်းမှာ အားတင်းပြီး စကားဆက်ပြောနေဆဲ။ မိုးရေအေးအေးနှင့် မျက်ရည်ပူပူတို့ရောနှောကာ ထယ်ယောင်း ပါးပြင်ပေါ်စီးကျလာတော့ လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်ပြီး မျက်ရည်လည်ရွဲမျက်ဝန်းဖြင့် ဂျောင်ဂုကို အသနားခံနေမိပြန်သည်။
" ကျွန်တော့်ပုံစံက စနေတဲ့ပုံစံပေါက်နေလို့လား။ ခင်ဗျားနဲ့ ကြာကြာစကားဆက်ပြောနေရင် ကျွန်တော်လည်း ခင်ဗျားလို အရူးကောင်ဖြစ်သွားတော့မှာပဲ။ ကျွန်တော်သွားပြီ...အနောက်ကလိုက်လာရဲရင် လိုက်လာကြည့်။ စကားနားမထောင်ဘဲလိုက်လာရင် ကျွန်တော့်အဆိုးမဆိုနဲ့နော် "
ရန်သူတစ်ယောက်လို မျက်ထောင့်နီဖြင့်ကြည့်ကာ လက်ညိုးငေါက်ငေါက်ထိုးရင်း စကားဆိုပါနေပါသော ချစ်ရသူကိုကြည့်ကာ ထယ်ယောင်းမှာ ဖြေမဆည်နိုင်စွာ မျက်ရည်ဖြိုင်ဖြိုင်ကျသည်အထိ ပိုတိုး၍ငိုလိုက်မိသည်။
" ဂျောင်ဂု.. မသွားပါနဲ့...။ ကျေးဇူးပြုပြီး...ငါ့ကို ထားမသွားပါနဲ့..! "
ထယ်ယောင်း အော်ပြောနေသည့်တိုင် ဂျောင်ဂုက နောက်ပြန်မလှည့်စတမ်း ကျောခိုင်းထွက်သွားခဲ့သည်။ အသံတွေဝင်အောင် အော်ခေါ်နေမိသော်လည်း ကျောခိုင်းထွက်သွားသော ဂျောင်ဂုကို သူမတားနိုင်ခဲ့။
ဂျောင်ဂု...မင်းသိပ်ရက်စက်တယ်။ ငါတို့ကြားက အချစ်တွေက ငါ့စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အတုအယောင်တွေမဟုတ်ဘူးဆိုတာ ငါကောင်းကောင်းသိပါတယ်။ ငါ့ကို မညာစမ်းပါနဲ့ ဂျောင်ဂု...။ မင်းကို ဆုံးရှုံးရရင် ငါသေဖို့ပဲရှိတော့တယ်။
" ဂျောင်ဂု...!!! "
ချွေးစေးများပျံကာ မောဟိုက်နေသလို ခံစားချက်ဖြင့် ဖြတ်ခနဲလန့်နိုးလာခဲ့သော ထယ်ယောင်း...။ အပြင်မှာပါ အသံထွက်အော်လိုက်မိ၍ထင်သည်။ သူ့ဘေးက ဂျောင်ဂုလည်း အိပ်ရာကနိုးသွားကာ ပျာပျာယာယာဖြင့် ခေါင်းထောင်ကြည့်လာသည်။.
" ဘေဘီ ဘာလို့ ကျွန်တော့်ကို အကျယ်ကြီးအော်နှိုးရတာလဲ။ အာ..နဖူးမှာလည်း ချွေးစေးတွေပျံလို့။ အိပ်မက်ဆိုးတွေမက်နေတာ ထင်တယ်။ လန့်သွားတာဆိုေတာ ့ရင်တွေတုန်ပြီး မောနေမှာပေါ့။ ကျွန်တော် ရေသွားယူပေးမယ် ခဏစောင့် "
ထယ်ယောင်း နဖူးပြင်ပေါ်က ဆံနွယ်စလေးများအား သပ်တင်ပေးရင်း ကလေးတစ်ယောက်လိုချော့မော့နှစ်သိမ့်ပေးနေပါသော ဂျောင်ဂု။ ကုတင်ခြေရင်းဘက်ဆီ ရေသွားယူပေးဖို့ဟန်ပြင်တော့ သူ့ကိုလွတ်မထွက်သွားအောင် ဖက်ထားပြီး ရင်ခွင်ထဲတိုးဝင်လာသော ထယ်ယောင်းကြောင့် အခက်တွေ့ရချေပြီ။
" ဟင့်အင်း ငါ့အနားကနေ ဘယ်ကိုမှ ထွက်မသွားပါနဲ့ ေဂျာင်ဂု။ ငါမင်းကို ေနာက်ထပ်တစ်ကြိမ် ထပ်မခွဲနိုင်တော့လို့ ငါ့အနားက တစ်ဖဝါးမှတောင် မခွာသွားပါနဲ့နော်။ ငါ မင်းမရှိရင် မနေတတ်တော့ဘူး "
ရင်ခွင်ထဲတိုးဝင်ပြီး ငိုသံလေးရောစွက်ကာ ကလေးတစ်ယောက်လို ကပ်ချွဲနေပြန်သော ချစ်ရသူကြောင့် ဂျောင်ဂုမှာ သက်ပြင်းမောတစ်ချက်ချရင်း ရင်ခွင်ထဲတင်းကျပ်စွာထွေးပွေ့ထားလိုက်သည်။
သူ့ hyungလေးက ရည်းစားသက်တမ်း တစ်နှစ်ပြည့်တဲ့အထိ အိပ်မက်ဆိုးတွေကြားက မလွတ်မြောက်နိုင်သေးဘူး။ တစ်ချိန်က ဂျောင်ဂုဟာ သူ့မှတ်ညဏ်ထဲက ပုံရိပ်ယောင်သက်သက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အမှန်တရားကြောင့် လက်ရှိအချိန်က ဂျောင်ဂုကပါ ပုံရိပ်ယောင်ထပ်ဖြစ်နေခဲ့ရင်ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ရှင်သန်နေခဲ့တာ။
ဒီကိစ္စကို မဖြေရှင်းဘဲဆက်သွားနေလျှင် ထယ်ယောင်းအတွက် စိတ်ဒဏ်ရာအသစ်တွေထပ်တိုးလာနိုင်သည်။ တစ်နှစ်တာကာလအတွင်း အိပ်မက်ဆိုးတွေက အကြိမ်ကြိမ်ခြောက်လှန့်နေခဲ့တော့ အိပ်မက်ဆိုးကပြန်နိုးလာတိုင်း ထယ်ယောင်းကို ချော့မော့နှစ်သိမ့်နေခြင်းက အကောင်းဆုံးအဖြေတော့ မဟုတ်။
Advertisement
ထယ်ယောင်းကို အိပ်မက်ဆိုးတွေဆီက လွတ်မြောက်စေဖို့ ချစ်သူဖြစ်သည့် ေဂျာင်ဂုလည်း နည်းလမ်းရှာရတော့မည်။ သို့မဟုတ်လျှင် ထယ်ယောင်း၏စိတ်ဒဏ်ရာကို ကုသမပေးနိုင်မခြင်း ဘယ်အချိန် ထယ်ယောင်း အိပ်မက်ကလန့်နိုးပြီး သူ့နာမည်အော်ခေါ်လိမ့်မလဲ ရင်ထိတ်နေရဦးမည်။
" ကျွန်တော့်ရင်ခုန်သံကို အစ်ကိုကြားရလား "
သူ့ထက်အသက်ကြီးသော်လည်း ကလေးငယ်တစ်ယောက်လို ရင်ခွင်ထဲတိုးဝင်ခိုလှုံနေသော အနှီလူသားငယ်အား မေးခွန်းထုတ်မိတော့ မျက်လုံးအရွဲသားဖြင့် ခေါင်းညိမ့်ပြလာသည်။
" ကျွန်တော့် အသက်ရှူသံကိုရော အစ်ကိုကြားရလား။ ကျွန်တော်တို့မျက်နှာတွေကြား အပြန်အလှန်တို်းဝှေ့နေတဲ့ ဝင်လေထွက်လေကိုရော ခံစားမိလား "
နှာခေါင်းလေးကိုခပ်ဖွဖွနမ်းရင်း ထပ်မေးပြန်တော့ မျက်ဝန်းညိုလေးများက တည်ငြိမ်စပြုလာပြီး ကလေးတစ်ယောက်လို ချစ်စဖွယ်ပြုမူကာ ခေါင်းညိမ့်ပြလာပြန်ပါသော ဂျောင်ဂု၏ Baby Hyungငယ်။
" ဒါဆို ကျွန်တော်က အစ်ကို့နားပြန်ရောက်လာတဲ့ တကယ့်လူအစစ်ဆိုပါ အစ်ကိုယုံပြီမဟုတ်လား။ အခု မယုံသေးလည်း ရပါတယ်။ မနက်ဖြန်ကစပြီး အစ်ကို့ရဲ့အတိတ်ကို စိတ်ဒဏ်ရာတွေကို လုံးဝပျောက်ကင်းသွားအောင် ကျွန်တော်တို့ဇာတ်လမ်းလေးကို အသစ်ပြန်ရေးကြတာပေါ့ "
ဂျောင်ဂုစကားကြားတော့ ရင်ခွင်ထဲကပ်ချွဲနေသော ထိုလူသားငယ်က မျက်တောင်စိတ်စိတ်လေးများအား ပင့်မလျှက် မျက်လုံးအဝိုင်းသားဖြင့် အံ့သြသလိုမော့ကြည့်လာသည်။ သူတို့ဇာတ်လမ်းကို အသစ်ပြန်ရေးမယ်တဲ့။ ဒါက ဘာကိုဆိုလိုတာလဲ။
" မင်း ဘာတွေ အဆန်းထွင်ဦးမလို့လဲ။ ငါက ဒီလိုပဲ ခဏခဏဖြစ်နေကျပဲဟာ။ မင်း နေသားကျပြီတောင် ထင်တာ "
ထယ်ယောင်းစကားကြားတော့ ဂျောင်ဂုက ခပ်ဟဟရယ်သည်။ နှုတ်ခမ်းကိုစူလျှက် မချိုမချဥ်ပြုံးပြပြန်ကာ မျက်တောင်ပင့်ပြလျှက်-
" စောင့်ကြည့်လိုက်လေ...ဘေဘီ့ရည်းစားရဲ့ အရည်ချင်းတွေကို "
ဂျောဂု၏ ရွှတ်နောက်နောက် အပြုအမူတွေကြား အိပ်မက်ဆိုးကြောင့် ထိတ်လန့်ရခြင်းတို့ ပျောက်ကွယ်သွားရပြန်ကာ သူ့ရှေ့က ချစ်ရည်းစားအား မျက်စောင်းလေးထိုးလျှက် ရင်ဘတ်ကို လက်သီးဆုပ်ဖြင့်လှမ်းထုလိုက်သည်။
" တော်ပြီ အိုဗာတွေနည်းနည်းလျှော့ဦး "
ဂျောင်ဂုမှာတော့ ပုံမှန်အခြေအနေပြန်ရောက်သွားသော ထယ်ယောင်းကြောင့် မျက်နှာကြီးပြုံးဖြီးကာ ရင်ဘတ်က နာရကောင်းမှန်းတောင် မသိတော့။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင် သူ့ချစ်ရည်းစားလေးရဲ့ စိတ်ဒဏ်ရာကိုကုသဖို့ သူ့အစီအစဥ်တွေကို အကောင်အထည်ဖော်နိုင်တော့မယ်။
~~~~~Rain On Me~~~~~
ရာသီဥတုစက်ဝန်း တစ်ပတ်ပြန်လည်လာတော့ မိုးရွာသွန်းတတ်တဲ့ ေဆာင်းဦးပေါက်ရာသီကို တစ်ဖန်ပြန်ရောက်လာခဲ့ပြီ။ မိုးရာသီရယ်လို့ သီးသန့်မရှိတဲ့ ကိုရီးယားမြေမှာ နွေရာသီဇွန်လလောက်နဲ့ ေဆာင်းဦးရာသီ စက်တင်ဘာလလောက်မှာ မိုးရွာသွန်းတတ်သည်။
အခုလည်း စက်တင်ဘာလပေမို့ ဆိုင်းမဆင့်ဘုံမဆင့် မိုးရွာချလာခဲ့ပြီ။ အမေဖြစ်သူကလည်း နေ့လည်နေ့ခင်း အနားယူနေချိန်၊ ဂျောင်ဂုကလည်း သူ့အဖေအလုပ်ထဲ အလုပ်သင်လိုက်လုပ်နေချိန်မို့ မိုးတဖွဲဖွဲရွာနေချိန် ထယ်ယောင်းတစ်ယောက်တည်း ပျင်းနေရတော့သည်။
" အဖေကလေ ငါ့ကိုကျတော့ အလုပ်ထဲတစ်ခါမှ မခေါ်ဘူး။ သူ့သားမက်လောင်းကျတော့ အလုပ်ထဲထိခေါ်သွားပြီး လုပ်ငန်းတွေသင်ပေးနေလိုက်တာများ။ ဒီအိမ်မှာ ငါက သားအရင်းရောဟုတ်သေးရဲ့လား မသိဘူး "
ပွစိပွစိပြောရင်း အိပ်ရာပေါ် ဘယ်ပြန်ညာပြန်လှိမ့်နေခိုက် ရုတ်တရက် Messengerမှ Notiသံကြားလိုက်ရတော့ မျှော်လင့်တကြီး ဖုန်းကိုယူကြည့်လိုက်သည်။ ဧကန္တ ဂျောင်ဂုက အလွမ်းပြေ စာလှမ်းပို့လေသလား။
" ထယ်ယောင်း..မင်းအားရင် လမ်းထိပ်ဘက်ထွက်လာခဲ့ပါလား။ ငါတို့ ကားမှတ်တိုင်မှာ ေစာင့်နေတယ် "
စာဝင်ဖတ်ကြည့်တော့ ဂျောင်ဂုဆီက မဟုတ်ဘဲ တစ်လနေမှတစ်ခါ ရှားရှားပါးပါး အပို့ခံရသော ဆော့ဂျင်ဆီက messageတစ်စောင်။ နမ်ဂျွန်းနဲ့ ရည်းစားဖြစ်ပြီးကတည်းက ဆော့ဂျင်တို့ ဖမ်းမရအောင်ပျောက်နေလိုက်တာ အခုမှပဲ ပြန်ဆက်သွယ်တော့သည်။
" မင်းတို့ ငါ့အိမ်သိရဲ့သားနဲ့ လာခဲ့တာမဟုတ်ဘူး။ ဘာတွေ စတန့်ထွင်ဦးမလို့လဲ "
လက်ချောင်းများအား ခပ်သွက်သွက်လှုပ်ရှားကာ စာပြန်ပို့လိုက်တော့ မျက်ရည်ဝိုင်းနေသော emojiဖြင့် reactionပေးလာပါသော ဆော့ဂျင်။ သူ့ဘဲ နမ်ဂျွန်းနဲ့မှားပြီး လာချွဲပြနေပြီထင်သည်။
" မင်းကလည်း ငါတို့ကမင်းကို သတိရလွန်းလို့ လာတွေ့တဲ့ဟာကို လမ်းထိပ်လေးတောင် ထွက်မလာပေးနိုင်ဘူးလား။ အင်းပေါ့လေ မင်းက ရည်းစားလေးဘာလေးရှိလာပြီဆိုတော့ ငါတို့ကို ပလစ်ချင်ပြီပေါ့။ မင်းက လာမတွေ့နိုင်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ရပါတယ်...ရပါတယ်..."
စာရိုက်ရတာ စိတ်မရှည်ဟန်ဖြင့် အသံဖိုင်ကြီးပို့လာသော ေဆာ့ဂျင်ကြောင့် ထယ်ယောင်းလည်း သေချင်စိတ်ပေါက်သွားသည်။ ချက်ချင်းပဲ ငိုချတော့မလိုအသံနဲ့ပြောနေတာ သူလည်း စိတ်ဆင်းရဲရသည်လေ။
" အေး...အေး..ငါလာခဲ့မယ်။ အဲ့ဒီမှာပဲ စောင့်နေကြ "
ဆော့ဂျင်ကို စာပြန်ပို့ပြီး ဖုန်းကို ရေစိုခံအိတ်အကြည်ထဲထည့်ကာ ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်။ တားမည့်သူလည်းမရှိ၍ ထီးလေးဆောင်းရင်း တဖွဲဖွဲရွာနေသော မိုးစက်ရပ်ဝန်းထဲ ထွက်ခွာလာခဲ့သည်။
ထယ်ယောင်း ကားမှတ်တိုင်ဆီရောက်တော့ လူသူရှင်းလင်းနေပြီး ဆော့ဂျင်တို့စုံတွဲကို အရိပ်အယောင်ပင်မတွေ့ရ။ ဧကန္တ လာနေတုန်းပဲရှိသေးတာကို ကြိုပြီးစာလှမ်းပို့လိုက်ပုံရသည်။
" တော်တော့်ကို ဒုက္ခပေးတဲ့ကောင်တွေ။ မရောက်သေးတာကို ကြိုပြီးစာပို့ထားရတယ်လို့။ ငါ့ကို သက်သက်ကြီး ဂျင်းကျွေးသွားတာ "
ပါးစပ်က ပွစိပွစိရေရွတ်ရင်း ကားလမ်းမပေါ် လှမ်းမျှော်ကြည့်နေမိပါသော ထယ်ယောင်း...။ စိတ်ထဲ ကလိကလိဖြစ်ပြီး လူကလည်းဂဏာမငြိမ်ဖြစ်ကာ မှတ်တိုင်က ခုံတန်းလေးမှာတောင် ထိုင်မနေနိုင်ခဲ့။
" ဟိုလေ..အစ်ကိုက မနေ့က ကျွန်တော်နဲ့ဝင်တိုက်မိပြီး ချော်လဲသွားတဲ့တစ်ယောက် မဟုတ်လား "
နောက်ကျောဘက်ဆီက ရုတ်တရက်ကြားလိုက်ရသော ရင်းရင်းနှီးနှီး အသံတစ်ခု။ အသုံးအနှုန်း ပြောင်းလဲနေခဲ့သော်လည်း ထိုအသံပိုင်ရှင်ကို သူရင်းရင်းနှီးနှှီး သိနေပါသည်။
Advertisement
" ဂျောင်ဂု.."
ပါးစပ်က ခပ်တိုးတိုးရေရွတ်ရင်း ေနာက်လှည့်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်း ဝိုင်းစက်စက်မျက်ဝန်းပိုင်ရှင် ဂျောင်ဂု...သို့တည်းမဟုတ် သူ့လက်ရှိချစ်သူ ဂျောင်ဂု။
" အစ်ကိုက ကျွန်တော့်နာမည်ကို သိနေတာလား။ ထူးဆန်းလိုက်တာ ကျွန်တော်တို့က အခုထိ မိတ်မဆက်ရသေးပဲဟာ "
အံ့သြသလို ပီပီပြင်ပြင် သရုပ်ဆောင်ပြနေသော ဂျောင်ဂုကြောင့် လက်ရှိအခြေအနေကို ထယ်ယောင်း သဘောပေါက်မိကာ ခပ်ဟဟရယ်လိုက်မိသည်။ ဂျောင်ဂု သူ့ကိုထုတ်ပြမယ့် အရည်အချင်းတွေဆိုတာ ဒါကိုပြောတာလား။
" ဟုတ်တယ် ငါမင်းကိုတွေ့ချင်လွန်းလို့ အစောကြီးတည်းက ဒီမှာလာစောင့်နေခဲ့တာ။ ရောက်လာပေးလို့ တကယ်ကျေးဇူးတင်ပါတယ် "
ထယ်ယောင်းက အပြုံးကလေးဖြင့် စကားတုန့်ပြန်တော့ ဂျောင်ဂုလည်း သူ့အစီအစဥ် အထမြောက်ပြီဖြစ်၍ ပီတိဖြာဝေကာ ပါးနှစ်ဖက်မို့တက်လာသည့်အထိ ကျေကျေနပ်နပ် ပြုံးလိုက်သည်။
" ငါ့စကားကြောင့် မင်းအံ့သြနေမယ်ဆိုတာ ငါသိတယ်။ အဲ့ဒါကြောင့် ငါမင်းကို အေးအေးဆေးဆေး ရှင်းပြချင်သေးတယ်။ မင်းငါ့ကို ယုံကြည်တယ်ဆိုရင် ဟိုနားက ကော်ဖီဆိုင်လေးဆီ လိုက်ခဲ့ပေးလို့ရမလား "
သူ့မှတ်ညဏ်ထဲက အတိတ်အချိန်များဆီ ပြန်ရောက်နေခဲ့ပြီဟူသော အသိကြောင့် ရင်တဒိတ်ဒိတ်ခုန်နေရသော ထယ်ယောင်းမှာ ဂျောင်ဂုရှေ့ ရင်ခုန်နေသောသူ့ပုံစံကို သူပြန်ရှက်မိပြီး ကော်ဖီဆိုင်လေးဆီ ပြေးသွားခဲ့သည်။ ဂျောင်ဂု နောက်ကလိုက်လာမည်ကိုလည်း သိနေပြီးသားမို့ နောက်လှည့်ကြည့်စရာပင်မလိုတော့။
သူဆိုင်ထဲရောက်တော့ အတိတ်က သူတို့နှစ်ယောက်ထိုင်ခဲ့ဖူးသော နေရာလေးဆီ အပြေးကလေး ေနရာသွားဦးလိုက်သည်။ ဂျောင်ဂုကလည်း ထယ်ယောင်းကြိုသိထားသလို အနောက်ကလိုက်လာခဲ့ပြီ။
" ညီလေး ရောက်လာပြီလား။ ရော့ ရေစိုနေတာတွေ သုတ်လိုက်ဦး "
လူနှစ်ယောက်မြင်နေပါလျှက်နဲ့ တဘက်တစ်ထည်ထဲ ပေးလာပြန်သော ဆိုင်ရှင်အစ်ကိုကြီးကြောင့် ထယ်ယောင်း မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ဇဝေဇဝါဖြစ်ဟန်ဖြင့်။ ဂျောင်ဂုကိုလှမ်းကြည့်မိတော့ ဂျောင်ဂုကပါ သူ့လို မျက်မှောင်ကြုံ့လျှက်။
" ဟားဟား အစ်ကိုက ငါ့ညီတွေကို ချစ်လို့စတာပါ။ အတွဲတွေကို တစ်ယောက်တစ်ထည်စီ ခွဲမပေးချင်လို့ ဆိုဒ်အကြီးယူလာပေးလိုက်တယ်။ တစ်ယောက်တစ်ခြမ်းစီ မျှသုံးကြ "
ဆိုင်ဝန်ထမ်းအစ်ကိုကြီး ရယ်ရယ်မောမောပြောလာမှ ထယ်ယောင်းတို့နှစ်ယောက်သား အသက်ဝဝရှူကာ သက်ပြင်းချနိုင်တော့သည်။ အတိတ်ကအတိုင်း ပြုမူရမည်မို့ မှာလိုက်သည်ကလည်း Cuppucinoတစ်ခွက်စီနှင့် ချောကလက်ကိတ်တစ်တုံးစီ။
ကော်ဖီစောင့်နေရင်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်မိတော့ သရုပ်မဆောင်တတ်သော မျက်ဝန်းကိုယ်စီက အချစ်ရိပ်များဖုံးလွှမ်းလျှက်။ အတိတ်ကအတိုင်း ပုံစံတူပြန်လုပ်ဖို့ကြိုးစားနေချိန် ထိန်းချုပ်မရသော အချစ်စိတ်တို့က ကြားဝင်နှောင့်ယှက်နေသည့်အလား။
" အစ်ကို ကျွန်တော်တို့ အတိတ်ကအတိုင်း တိတိကျကျ တစ်ဆင့်ချင်းသွားလို့ မဖြစ်တော့ဘူးထင်တယ်။ ကြားထဲက အဆင့်တွေကျော်ပြီး အဓိကကျတဲ့ အမှတ်တရတွေကိုပဲ ပြန်ဖန်တီးကြရအောင်လား။ ချစ်တဲ့စိတ်တွေကို အောင့်ထားရတာက ဝမ်းသွားဖို့အောင့်ထားရတာထက် ပိုဆိုးတယ်။ ကျွန်တော် မနေနိုင်တော့ဘူး "
မျက်နှာလေးရှုံ့လျှက် မျက်နှာရှေ့တိုးကာ ကပ်ပြောလာသော ဂျောင်ဂုကြောင့် ထယ်ယောင်းလည်း နှုတ်ခမ်းလေးအနည်းငယ်စူပြရင်း ခေါင်းညိမ့်ပြလာသည်။
" အင်း ငါရောပဲ။ ငါတို့ ရည်းစားဖြစ်ဖို့ အစပျိုးခဲ့တဲ့အချိန်ထိ ကျော်လိုက်ကြရအောင်လေ။ ငါတို့ တစ်ယောက်ကိုတစ်ယောက် စပြီးစိတ်ဝင်စားခဲ့တဲ့ အချိန်ကိုပေါ့ "
ထယ်ယောင်း စကားဆုံးတော့ ကော်ဖီနှင့်ကိတ်မုန့် အချိန်ကိုက်လာချပေး၍ နှစ်ယောက်သား ဇာတ်လမ်းဆက်ရိုက်ဖြစ်ကြသည်။ ကော်ဖီသောက်နေရင်း တစ်ယောက်ကိုတစ်ယောက် ငေးကြည့်ကာ ရင်ခုန်သံတို့အစပြုခဲ့ရာ အတိတ်တစ်ခုကို ပြန်တူးဆွမိတော့ မျက်ဝန်းတွေမှာ အပြုံးကိုယ်စီဖြင့်။
ကော်ဖီဆိုင်လေးနှင့်ပတ်သက်သော အမှတ်တရတစ်ခုက ရေငွေ့တို့ပိတ်ဖုံးနေသော မှန်မျက်နှာပြင်ပေါ် စာရေးခဲ့ကြခြင်းမို့ ထယ်ယောင်း၏သွယ်ပျောင်းလှသော လက်ချောင်းလေးများက မှန်မျက်နှာပြင်ပေါ် ခပ်သွက်သွက် ပြေးလွှားနေသည်။
" ငါ့ရဲ့ကောင်လေး ဂျွန်ဂျောင်ဂု "
သူ့မှတ်ညဏ်ထဲကလို မဟုတ်ဘဲ စာသားအသစ်ပြောင်းရေးလိုက်သော ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း မျက်လုံးအဝိုင်းသားဖြင့် တစ်ခဏအံ့သြသွားသည်။ အမှန်ဆို ထယ်ယောင်းမှတ်ညဏ်ထဲ ဂျောင်ဂုက ကျွန်တော်ရဲ့ Hyungလို့ အရင်ရေးခဲ့တာ။
" ဘာတွေကြောင်နေတာလဲ။ မင်းပဲ တစ်ဆင့်ချင်းမသွားဘဲ ကျော်ကြရအောင်ဆို "
ထယ်ယောင်း မလိုမကျသလို နှုတ်ခမ်းလေးစူပြတော့ ဂျောင်ဂုလည်း စပ်ဖြီးဖြီးရယ်ပြရင်း သဘောကျနေဟန်ဖြင့်။ သူ့လက်ချောင်းများကလည်း မှန်မျက်နှာပြင်ပေါ် ခပ်သော့သော့ပြေးလွှားသွားပြန်ကာ စာလုံးအချို့ရေးလိုက်ပြန်သည်။
" ကျွန်တော့် ကောင်လေး ကင်ထယ်ယောင်းကို ကျွန်တော် ဂျွန်ဂျောင်ဂုက မြတ်မြတ်နိုးနိုးနဲ့ တစ်သက်လုံးစာ ချစ်သွားပါ့မယ် "
တစ်ဆိုင်လုံးမြင်ရအောင် စာလုံးအကြီးကြီးရေးလိုက်သော ဂျောင်ဂုကြောင့် မိုးသံကြားမှ ဖောက်ထွက်လာသော ဝိုးခနဲဝါးခနဲအသံများ။ ဆိုင်ထဲရောက်နေသူများထံမှ ဝိုးခနဲအသံကြောင့် ထယ်ယောင်းမှာ ရှက်စိတ်ပိုကာ မျက်နှာလေးရဲလျှက်။
" ဂျောင်ဂုက အပိုတွေသိ်ပ်လုပ်တာပဲ။ လူတွေဝိုင်းကြည့်ကုန်ပြီ တကယ်ပါပဲ "
မျက်နှာမပြရဲသလို ခေါင်းလေးငုံ့ကာ ပွစိပွစိပြောလာသော မြတ်နိုးရာလေးကြောင့် ဂျောင်ဂုမှာ အသည်းတယားယားဖြင့်။ လူတွေဝိုင်းကြည့်နေလို့သာပေါ့ သူတို့သာကြည့်နေရင် သူ့ရှေ့က Hyungလေးကို ဆွဲနမ်းမိလိမ့်မယ်။
" ဒါဆို အစ်ကို့အတိတ်က မှတ်ညဏ်တွေကို ဒီအဖြစ်အပျက်လေးနဲ့ အစားထိုးလိုက်ပေါ့။ လူတွေက ရှက်စရာအမှတ်တရဆို ပိုပြီးမှတ်မိတတ်ကြတယ်မဟုတ်လား "
အတိတ်ကိုပြန်သွားနေသည်ကို မေ့လျော့သွားသော ထာ်ယောင်းမှာ ရှက်ရမ်းတွေရမ်းကာ စိတ်ကောက်ပြနေတော့ ဂျောင်ဂုလည်း မချော့လဲလွှတ်ထားကာ စိတ်ကောက်နေသည့် ချစ်ရည်းစားလေးအား အလှထိုင်ကြည့်နေမိသည်။
" မသိဘူး မသိဘူး။ ငါမင်းကို ရည်းစားအဖြစ်က ငါးမိနစ်ရပ်စဲမယ်။ ငါ့ကို ဘာစကားမှ လာမပြောနဲ့၊ ငါ့မျက်နှာကိုလည်း မကြည့်နဲ့ "
ရှက်ရမ်းထပ်ရမ်းကာ မျက်နှာကိုတစ်ဖက်လှည့်သွားပြန်ပါသော ထယ်ယောင်း...။ ချစ်နေရတော့လည်း ဂျောင်ဂုတို့ အလိုလိုက်ပေးရမည်မို့ ချစ်ရည်းစားအလိုကျ ငါးမိနစ်စာလောက် ငြိမ်နေပေးရပေတော့မည်။
မတတ်နိုင်ဘူး...သူကိုက ဒီကလေးဆိုးလေးကို သိပ်ချစ်မိသွားခဲ့တာ။ ဆိုးတယ်လို့ ထုတ်ပြောမိလျှင်လည်း စိတ်ထပ်ကောက်ပြန်ဦးမည်မို့ စိတ်ထဲကသာ တိတ်တိတ်လေး ရေရွတ်နေမိသည်။
ဘေဘီအဆိုးလေး...သူက အကြီးလား ကိုယ်က အကြီးလားတောင် မသိတော့ဘူး။ ကျွန်တော့်ယောက်ျားဖြစ်တော့မှ အိမ်ထောင်ဦးစီးပါဝါသုံးပြီး လိမ္မာအောင်ပြန်ဆုံးမတော့မယ်။
.......Rain on Me....
Zawgyi -
SPECIAL CHAPTER
မိုးေရစက္ေတြ အၿငိဳးႀကီးႀကီး႐ြာေနတဲ့ၾကားက ေဂ်ာင္ဂုခႏၶာကိုယ္ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားမိတဲ့ ကြၽန္ေတာ္...။ တစ္ကိုယ္လုံး ႐ႊဲ႐ြဲစိုေနခဲ့ေပမယ့္ သူ႕ခႏၶာကိုယ္က အေႏြးဓာတ္က ကြၽန္ေတာ္႕ကို ေႏြးေထြးေစတယ္။
" ဖက္လို႔ဝရင္ ျပန္လႊတ္ေပးပါေတာ့လား။ ခင္ဗ်ားနဲ႔ကြၽန္ေတာ္က ဒီလိုေတြလုပ္ေနဖို႔အထိ ရင္းႏွီးတဲ့သူေတြ မဟုတ္ၾကဘူးေလ "
ပါးစပ္ကလည္းေျပာ လက္ေတြကလည္း ကြၽန္ေတာ္႕ကိုတြန္းထုတ္ရင္း မယုံႏိုင္စရာ စိမ္းစိမ္းကားကားစကားကို ေျပာထြက္လာခဲ့တဲ့ ေဂ်ာင္ဂု...။ ႐ုတ္တရက္ႀကီး ေျပာင္းလဲသြားတဲ့ သူ႕ေၾကာင့္ ကြၽန္ေတာ္႕မွာ ေျပာစရာစကားလုံးေတြေတာင္ ေပ်ာက္႐ွသြားခဲ့ရၿပီ။
ေနဦး...သူနဲ႔ကြၽန္ေတာ္ ျပန္ဆုံၿပီးလို႔ ခ်စ္သူေတြေတာင္ ျဖစ္ေနၾကၿပီမဟုတ္လား။ ဒါဆို ဘာေၾကာင့္မ်ား သူနဲ႔ကြၽန္ေတာ္ ျပန္ဆုံတဲ့အခ်ိန္ကို ျပန္ေရာက္ေနရတာလဲ။ သူနဲ႔ကြၽန္ေတာ္ ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္ဆိုတာကေရာ ကြၽန္ေတာ္႕စိတ္ကူးနဲ႔ ပုံေဖာ္ခဲ့တဲ့ ပုံရိပ္ေယာင္ေတြပဲလား...။
" မင္း ဘာေတြေျပာေနတာလဲ ေဂ်ာင္ဂု။ ငါနဲ႔မင္းက ခ်စ္သူေတြေလကြာ။ ဘာလို႔ ငါမင္းကို ဖက္ထားလို႔မရရမွာလဲ "
ေခါင္းထဲထူပူၿပီး ဘာမွမေတြးႏိုင္ေတာ့တဲ့ ကြၽန္ေတာ္ဟာ သူ႕ရင္ဘတ္ကို လက္သီးဆုပ္ေလးနဲ႔ထုရင္း ေၾကေၾကကြဲကြဲ ေမးခြန္းထုတ္မိတယ္။ ကြၽန္ေတာ္႕ေမးခြန္းကိုၾကားေတာ့ ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို ေလွာင္သလိုလိုၾကည့္ရင္း သူ႕ကိုထု႐ိုက္ေနတဲ့ လက္သီးဆုပ္ေတြကို ခ်ဳပ္ကိုင္တားဆီးလိုက္တယ္။
ြသန္မာတဲ့သူ႕လက္ေတြေၾကာင့္ အခ်ဳပ္ခံထားရတဲ့ ကြၽန္ေတာ္႕လက္ေတြ နာက်င္လာခဲ့ေတာ့ လႊတ္ေပးလိုလႊတ္ေပးျငား ႐ုန္းကန္မိေပမယ့္လည္း အခ်ည္းအႏွီးပဲျဖစ္သြားတယ္။ လက္ေတြနာလြန္းလို႔ ကြၽန္ေတာ္႕မ်က္ႏွာေလး ႐ႈံ႕မဲ့ေနတာကို မ်က္စိအရသာခံၿပီးမွ ေဆာင့္ႀကီးေအာင့္ႀကီး ျပန္လႊတ္ေပးခဲ့တာ။
" ဘာေတြလာေျပာေနတာလဲ။ ခင္ဗ်ား ႐ူးေနတာလား။ အာ..ဟုတ္သားပဲ။ ခင္ဗ်ားက အစတည္းကိုက စိတ္ကူးယဥ္ၿပီး႐ူးေနတဲ့ psychoေကာင္ပဲေလ။ ကြၽန္ေတာ္နဲ႔ခင္ဗ်ား ခ်စ္သူေတြျဖစ္ခဲ့တယ္ဆိုတာလည္း ခင္ဗ်ားစိတ္ကူးနဲ႔ ဖန္တီးထားတဲ့ ဇာတ္လမ္းတစ္ပုဒ္ပဲျဖစ္မွာေပါ့။ လူျမင္ကြင္းမွာ ခင္ဗ်ား ကြၽန္ေတာ္႕ကိုလာဖက္တာ ဒါေနာက္ဆုံးျဖစ္ပါေစ။ စိတ္ကူးနဲ႔လက္ေတြ႕ဘဝကို ေသခ်ာလည္းခြဲတတ္ေအာင္လုပ္ဦး Psychoေကာင္ရဲ႕ "
ထယ္ေယာင္း သူ႕နားႏွစ္ဖက္ကို လက္ဝါးျဖင့္ အုပ္လိုက္သည္။ ေဂ်ာင္ဂုႏႈတ္ဖ်ားက စကားလုံးၾကမ္းၾကမ္းေတြကို သူဘယ္လိုမွ ဆက္နားမေထာင္ရဲေတာ့ဘူး။ သူတို႔ခ်စ္ခဲ့သမွ်က စိတ္ကူးသက္သက္ပဲတဲ့လား။ ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ။
" မဟုတ္ဘူး ေဂ်ာင္ဂု.. မင္းငါ့ကို တမင္သက္သက္ စေနတာမဟုတ္ဘူးလား။ ငါတို႔က တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကတာေလ။ မင္းအေဖ ျပင္းျပင္းထန္ထန္ကန္႔ကြက္တာကိုေတာင္ မ်က္ကြယ္ျပဳၿပီး မင္းငါ့ကိုခ်စ္ခဲ့တာေလ။ ငါ့ကို ဒီလိုပုံစံနဲ႔ မစပါနဲ႔လား။ ငါအရမ္းလန္႔ေနၿပီ "
မိုးေရတို႔စို႐ြဲေနခဲ့သျဖင့္ တစ္စထက္တစ္စ ခ်မ္းတုန္လာခဲ့ေသာ ထယ္ေယာင္းမွာ အားတင္းၿပီး စကားဆက္ေျပာေနဆဲ။ မိုးေရေအးေအးႏွင့္ မ်က္ရည္ပူပူတို႔ေရာေႏွာကာ ထယ္ေယာင္း ပါးျပင္ေပၚစီးက်လာေတာ့ လက္ျဖင့္ခပ္ၾကမ္းၾကမ္းသုတ္ပစ္ၿပီး မ်က္ရည္လည္႐ြဲမ်က္ဝန္းျဖင့္ ေဂ်ာင္ဂုကို အသနားခံေနမိျပန္သည္။
" ကြၽန္ေတာ္႕ပုံစံက စေနတဲ့ပုံစံေပါက္ေနလို႔လား။ ခင္ဗ်ားနဲ႔ ၾကာၾကာစကားဆက္ေျပာေနရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားလို အ႐ူးေကာင္ျဖစ္သြားေတာ့မွာပဲ။ ကြၽန္ေတာ္သြားၿပီ...အေနာက္ကလိုက္လာရဲရင္ လိုက္လာၾကည့္။ စကားနားမေထာင္ဘဲလိုက္လာရင္ ကြၽန္ေတာ္႕အဆိုးမဆိုနဲ႔ေနာ္ "
ရန္သူတစ္ေယာက္လို မ်က္ေထာင့္နီျဖင့္ၾကည့္ကာ လက္ညိဳးေငါက္ေငါက္ထိုးရင္း စကားဆိုပါေနပါေသာ ခ်စ္ရသူကိုၾကည့္ကာ ထယ္ေယာင္းမွာ ေျဖမဆည္ႏိုင္စြာ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်သည္အထိ ပိုတိုး၍ငိုလိုက္မိသည္။
" ေဂ်ာင္ဂု.. မသြားပါနဲ႔...။ ေက်းဇူးျပဳၿပီး...ငါ့ကို ထားမသြားပါနဲ႔..! "
ထယ္ေယာင္း ေအာ္ေျပာေနသည့္တိုင္ ေဂ်ာင္ဂုက ေနာက္ျပန္မလွည့္စတမ္း ေက်ာခိုင္းထြက္သြားခဲ့သည္။ အသံေတြဝင္ေအာင္ ေအာ္ေခၚေနမိေသာ္လည္း ေက်ာခိုင္းထြက္သြားေသာ ေဂ်ာင္ဂုကို သူမတားႏိုင္ခဲ့။
ေဂ်ာင္ဂု...မင္းသိပ္ရက္စက္တယ္။ ငါတို႔ၾကားက အခ်စ္ေတြက ငါ့စိတ္ကူးနဲ႔ပုံေဖာ္ထားတဲ့ အတုအေယာင္ေတြမဟုတ္ဘူးဆိုတာ ငါေကာင္းေကာင္းသိပါတယ္။ ငါ့ကို မညာစမ္းပါနဲ႔ ေဂ်ာင္ဂု...။ မင္းကို ဆုံး႐ႈံးရရင္ ငါေသဖို႔ပဲ႐ွိေတာ့တယ္။
" ေဂ်ာင္ဂု...!!! "
ေခြၽးေစးမ်ားပ်ံကာ ေမာဟိုက္ေနသလို ခံစားခ်က္ျဖင့္ ျဖတ္ခနဲလန္႔ႏိုးလာခဲ့ေသာ ထယ္ေယာင္း...။ အျပင္မွာပါ အသံထြက္ေအာ္လိုက္မိ၍ထင္သည္။ သူ႕ေဘးက ေဂ်ာင္ဂုလည္း အိပ္ရာကႏိုးသြားကာ ပ်ာပ်ာယာယာျဖင့္ ေခါင္းေထာင္ၾကည့္လာသည္။.
" ေဘဘီ ဘာလို႔ ကြၽန္ေတာ္႕ကို အက်ယ္ႀကီးေအာ္ႏိႈးရတာလဲ။ အာ..နဖူးမွာလည္း ေခြၽးေစးေတြပ်ံလို႔။ အိပ္မက္ဆိုးေတြမက္ေနတာ ထင္တယ္။ လန္႔သြားတာဆိုေတာ ့ရင္ေတြတုန္ၿပီး ေမာေနမွာေပါ့။ ကြၽန္ေတာ္ ေရသြားယူေပးမယ္ ခဏေစာင့္ "
ထယ္ေယာင္း နဖူးျပင္ေပၚက ဆံႏြယ္စေလးမ်ားအား သပ္တင္ေပးရင္း ကေလးတစ္ေယာက္လိုေခ်ာ့ေမာ့ႏွစ္သိမ့္ေပးေနပါေသာ ေဂ်ာင္ဂု။ ကုတင္ေျခရင္းဘက္ဆီ ေရသြားယူေပးဖို႔ဟန္ျပင္ေတာ့ သူ႕ကိုလြတ္မထြက္သြားေအာင္ ဖက္ထားၿပီး ရင္ခြင္ထဲတိုးဝင္လာေသာ ထယ္ေယာင္းေၾကာင့္ အခက္ေတြ႕ရေခ်ၿပီ။
" ဟင့္အင္း ငါ့အနားကေန ဘယ္ကိုမွ ထြက္မသြားပါနဲ႔ ေဂ်ာင္ဂု။ ငါမင္းကို ေနာက္ထပ္တစ္ႀကိမ္ ထပ္မခြဲႏိုင္ေတာ့လို႔ ငါ့အနားက တစ္ဖဝါးမွေတာင္ မခြာသြားပါနဲ႔ေနာ္။ ငါ မင္းမ႐ွိရင္ မေနတတ္ေတာ့ဘူး "
ရင္ခြင္ထဲတိုးဝင္ၿပီး ငိုသံေလးေရာစြက္ကာ ကေလးတစ္ေယာက္လို ကပ္ခြၽဲေနျပန္ေသာ ခ်စ္ရသူေၾကာင့္ ေဂ်ာင္ဂုမွာ သက္ျပင္းေမာတစ္ခ်က္ခ်ရင္း ရင္ခြင္ထဲတင္းက်ပ္စြာေထြးေပြ႕ထားလိုက္သည္။
သူ႕ hyungေလးက ရည္းစားသက္တမ္း တစ္ႏွစ္ျပည့္တဲ့အထိ အိပ္မက္ဆိုးေတြၾကားက မလြတ္ေျမာက္ႏိုင္ေသးဘူး။ တစ္ခ်ိန္က ေဂ်ာင္ဂုဟာ သူ႕မွတ္ညဏ္ထဲက ပုံရိပ္ေယာင္သက္သက္ျဖစ္ခဲ့ဖူးတယ္ဆိုတဲ့ အမွန္တရားေၾကာင့္ လက္႐ွိအခ်ိန္က ေဂ်ာင္ဂုကပါ ပုံရိပ္ေယာင္ထပ္ျဖစ္ေနခဲ့ရင္ဆိုၿပီး စိုးရိမ္စိတ္ေတြနဲ႔႐ွင္သန္ေနခဲ့တာ။
Advertisement
- In Serial156 Chapters
My Passive Skills Are Invincible!
It was an era taken over by a single online game, the Second World.
8 197 - In Serial11 Chapters
Evolved
in 2021 a secret government facility underneath a chemical plant is housing gene 175 aka the evolution gene. when the chemical plant blows up, it unleashes gene 175 upon the world. after laying dormant for a year, gene 175 activates; thus begins the apocalypse. people either evolve to gain power, or they deviate becoming abhorred. ten years into the apocalypse Noah Brookhart, who lost his family, now loses his life. in the ten years he experienced the apocolypse, he never once "awakened" his powers. after dying he wakes up nearly 10 years in the past (about a month after the apocolypse started,) after which, he evolves to stage 2 (which he never managed to do before,) discovering his power. now that he has a new found streangth can he avoid his bleak future?
8 150 - In Serial16 Chapters
Legacy of the Sea
Follow five mercenaries on their dangerous journey in a Fantasy Bronze Age surrounding as they answer the urgent call for aid from an old friend. Dive into the realm of Aermorik, meet heroes and traitors, join great battles and deeds of a valour and accompany our mercenaries on their mission. Will they manage to deliberate the city of Alessina and its inhabitants from the terror of a foreign invader? But where do the invaders come from and do they act on their own? What other adventures and personal stories will our ancient mercenaries have to deal with? This story -despite taking place in a pseudo historic fantasy world- is based and inspired by the real world event which is called "the bronze age collapse" where most likely a combination of famine, economical problems and invading tribes which are commonly known as the "sea-people" led to the collapse of most bronze age empires. If you wanna learn more about the historic inspiration of our story we suggest this youtube Video: https://www.youtube.com/watch?v=aq4G-7v-_xI
8 265 - In Serial44 Chapters
Gloom and Doom: Short Stories
Pick a story. Any story. You'll come back out. Just maybe not the same. And possibly in a few more pieces. A collection of standalone short stories. Some will be funny. Some will be disturbing. Most are both. All will be completely ridiculous. Take a look at the story guide first for... well, a guide to the stories.
8 176 - In Serial58 Chapters
Losers' Club// one shots and smut
this is a book full of smuts and one shots of the Losers' Club. all the losers are aged up to 18+ unless stated otherwise in the chapter. this will be mostly the 2017 it cast, or the 1990 it characters (1990 very rarely).
8 86 - In Serial14 Chapters
Ask or dare the pup star crew
Ask or dare the pup star crew
8 138

