《Rain On Me (KookV/Completed)》SPECIAL EPISODE - B
Advertisement
Unicode -
ေကာ်ဖီဆိုင်လေးနဲ့ပတ်သက်နေတဲ့ အတိတ်မှတ်ညဏ်တွေကို ပြန်လည်ဖန်တီးအပြီးမှာတော့ ကျွန်တော့် Hyungလေးက အပျော်ကြီးပျော်နေခဲ့တယ်။ ခဏတာစိတ်ကောက်သွားပေမယ့် သူပြောသလို ငါးမိနစ်ပဲ စိတ်ကောက်ခဲ့တာ။
" ငါတို့အတွက် အချိန်သိပ်မရှိဘူးဆိုတော့ မိုးမတိတ်သေးခင် ေနာက်တစ်နေရာကို သွားကြရအောင်လား။ ကော်ဖီဆိုင်ရှေ့ ကားလမ်းတစ်ဖက်ခြမ်းက ပန်းခြံလေးဆီကိုလေ "
အစ်ကို့စကားဆုံးတော့ ကျွန်တော့်မျက်နှာက ပီတိတွေဖြာပြီး ပြုံးဖြီးသွားခဲ့တယ်။ အစ်ကိုပြောပြခဲ့တဲ့အတိုင်းဆို ဒီပန်းခြံလေးထဲမှာ ရင်ခုန်စရာ အခိုက်အတန့်တွေအများကြီး ရှိခဲ့ကြတာလေ။
" ပြီးတော့ အဲ့ဒီပန်းခြံထဲမှာ ဘာဆက်လုပ်ကြမလဲ။ အစ်ကိုပြောကြည့် "
ကျွန်တော့်ရဲ့ပီတိဖြာနေတဲ့ မျက်နှာကြီးက Overတွေဖြစ်နေခဲ့သလား မသိ။ အစ်ကို့နှုတ်ခမ်းရဲရဲတွေဟာ မလိုမကျသလို စူပုတ်ပုတ်လေးဖြစ်သွားခဲ့တယ်။ ပန်းနုရောင်သန်းသွားတဲ့ ပါးပြင်လေးတွေနဲ့ ရဲရဲနီလာတဲ့ နားရွက်ဖျားလေးတွေကတော့ သူရှက်နေကြောင်း သက်သေပဲပေါ့။
" မင်းသိပြီးသားဟာကို ဘာလို့ လာပြန်မေးနေတာလဲ။ သွားမယ် ထ "
အစ်ကိုပေါက်စလေး ကျွန်တော့်ကို အတင်းဆွဲခေါ်ပြန်တော့ စပ်ဖြီးဖြီးမျက်နှာနဲ့ ထိုင်ရာထမဘဲ ထပ်စနေမိပြန်တဲ့ ကျွန်တော်။ စိတ်မရှည်တော့သလို ကျွန်တော့်ကို လက်သီးဆုပ်တွေနဲ့ ထုရိုက်လာပြန်တဲ့ အစ်ကိုဟာ ကျွန်တော်ခေါ်နေကျနာမည်လေးအတိုင်း တကယ့်ဘေဘီလေးပါပဲ။
" ငါ့ကို စိတ်တိုအောင် မလုပ်နဲ့တော့နော် ဂျောင်ဂုရာ။ ဆိုင်ထဲကလူတွေတောင် ဝိုင်းကြည့်နေတာကို မင်းမရှက်တော့ဘူးလား "
မရှက်ပါဘူး...အစ်ကိုက ကျွန်တော့်အပိုင်လေးဆိုတာ သူတို့ပါ သိသွားတာပေါ့။ ဒါပေမယ့် ပါးစပ်ကတော့ ထုတ်မပြောရဲခဲ့ဘူး။ ထပ်ပြီးစိတ်ကောက်သွားရင် ခက်ရချည်ရဲ့။
" လာ သွားမယ်လို့။ မင်းဘာလို့ ပေကပ်ပြီးထိုင်နေတာလဲ။ ငါ့ကို မချစ်တော့လို့လား။ ငါမင်းအပေါ် အရမ်းဆိုးမိသွားလို့လား။ ဟုတ်နေတာပဲ...မင်းမျက်နှာကိုကြည့်ရတာ ငါ့ကို လှောင်နေသလိုပဲ "
အစ်ကို့မျက်နှာက ရုတ်တရက်ဆိုသလို ငိုမဲ့မဲ့လေးဖြစ်လာတော့ ကျွန်တော့်ရင်ထဲ ဗလောင်ဆူသွားခဲ့တယ်။ အစ်ကိုက သာမန်လူတစ်ယောက်လိုမဟုတ်ဘဲ စိတ်ဒဏ်ရာရဖူးထားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်တော် မေ့သွားတယ်။ တစ်ခုခုဆို အတွေးလွန်ပြီး စိတ်ထိခိုက်လွယ်တတ်တဲ့သူမို့ ကျွန်တော့်အပြုအမူက သူ့ကို ဝမ်းနည်းသွားစေခဲ့တာ။
" မဟုတ်ဘူး အစ်ကို။ ကျွန်တော် အစ်ကို့ကို ချစ်လို့စနေတာပါ။ အခုထိ ကျွန်တော့်အချစ်ကို မယုံသေးဘူးလားဗျာ။ အိပ်မက်ဆိုးတွေထပ်မမက်ဖို့ဆို အစ်ကို့မသိစိတ်မှာ အတွေးလွန်နေတာတွေကိုလည်း လျှော့ဖို့လိုဦးမယ် "
အစ်ကိုက ကျွန်တော့်စကားကိုတောင် ဆုံးအောင်နားမထောင်ဘဲ သူ့ထီးကိုယူပြီး ဆိုင်ထဲကထွက်သွားဖို့ပြင်တယ်။ ကျွန်တော်လည်း သူ့ကိုစိတ်ပူနေတာကြောင့် ထီးတောင်မယူနိုင်ဘဲ သူ့နောက်ကို အမှီပြေးလိုက်လာခဲ့တယ်။
" သွားပါ ငါ့အသားကို လာမထိနဲ့။ ငါမင်းကို မချစ်တော့ဘူးနော် "
သူ့ထီးအောက်ကိုပြေးဝင်ပြီး သူ့ခါးလေးကိုလှမ်းဖက်လာတဲ့ ကျွန်တော့်ကို ပါးစပ်ကသာ ပွစိပွစိပြောနေခဲ့ပေမယ့် ထီးမကိုင်ထားတဲ့ သူ့လက်တစ်ဖက်က ကျွန်တော့်ကို တွန်းထုတ်လို့ရပါလျှက် မတွန်းထုတ်ပစ်တာကိုကြည့်ရင်း သူ့စကားက အမှန်မဟုတ်ဘူးဆိုတာ သိသာပါတယ်။
" အစ်ကိုမချစ်လည်း ကျွန်တော် အစ်ကို့ကို ချစ်တယ်လေ။ အဲ့ဒီတော့ အစ်ကို့အသားကိုလည်း ထိချင်သလို ထိမယ်။ ဒီပါးလေးတွေကိုလည်း နမ်းချင်သလို နမ်းမယ် "
ရုတ်တရက် သူ့ပါးလေးအနမ်းခံလိုက်ရလို့ ရှုံ့မဲ့သွားတဲ့ မျက်နှာလေးက ကျွန်တော့်နှလုံးသားကို တဖြုတ်ဖြုတ်ကြွေအောင် ပြုစားနေခဲ့တယ်။ နှုတ်ခမ်းလေးထော်ပြီး စိတ်ကောက်နေတဲ့ ဘဲရုပ်ဆိုးလေးက တကယ်အူယားစရာလေးပါပဲ။
" ဂျောင်ဂုက အခွင့်အရေး အရမ်းယူတတ်တာပဲ။ ဒီအတိုင်းဆို ပန်းခြံထဲခေါ်သွားလို့ ဖြစ်ပါ့မလား "
ကြံဖန်တွေးတတ်တဲ့ ကျွန်တော့်ကောင်လေးဦးနှောက်ကို ကျွန်တော် လိုက်မမှီနိုင်တော့ဘူး။ ပန်းခြံထဲမှာ သူ့ကိုထပ်နမ်းမှာ စိုးရိမ်နေတာများလား။ ဒါဆိုလည်း ဆက်ပြီး စိုးရိမ်နေပေတော့ ဘေဘီ hyungလေးရေ။
" ပါးလေးနမ်းတာလောက်ကို အခွင့်အရေးယူတယ် ထင်နေတယ်ပေါ့။ ဒါဆို ကျွန်တော့်ကို အခုပဲ လက်ထပ်လိုက်တော့။ ဒါမှ စိတ်ကြိုက် အခွင့်အရေးယူလို့ရမှာ "
လက်ထပ်မယ်ပြောမှ အသနားခံသလို ကြည့်လာပြန်တဲ့ အစ်ကို့မျက်ဝန်းလေးတွေ။ အမူအရာမျိုးစုံပြောင်းပြီး လူကို အမျိုးမျိုးပြုစားနေတာ ဘယ်လိုတောင် အတင့်ရဲနေမှုကြီးလဲ။
" အဲ့ဒီကိစ္စကို နောက်မှအေးဆေးပြောရအောင်လား။ လောလောဆယ် ပန်းခြံဘက်အရင်သွားကြရအောင်လေ "
စကားလမ်းကြောင်းပြောင်းပြီး ကားလမ်းဖြတ်ကူးဖို့ ပြင်ဆင်နေတဲ့ အစ်ကို့ကြောင့် ကျွန်တော်လည်း သဘောတွေကျပြီး ပြုံးနေမိတယ်။ ကျွန်တော်နဲ့အတူရှိနေရင် သူ့ကိုယ်သူ ကလေးတစ်ယောက်လို့ထင်နေတဲ့ အစ်ကိုက လက်ထပ်ဖို့အထိ ကျော်မတွေးထားလောက်တာကို ကျွန်တော် နားလည်ပေးရမယ်။
အစ်ကို့ခါးပေါ်က ကျွန်တော့်လက်က အစ်ကို့လက်ဖဝါးလေးကို ပြောင်းလဲဆုပ်ကိုင်ရင်း လူကူးမျဥ်းကြားကနေ နှစ်ယောက်အတူ လမ်းဖြတ်ကူးခဲ့ကြတယ်။ မိုးသိပ်မသည်းပေမယ့် ထီးတစ်ချောင်းတည်း အတူဆောင်းရတာကြောင့် မိုးစက်ကလေးက ခန္ဓာကိုယ်ပေါ် လာစင်နေခဲ့တယ်။
ပန်းခြံထဲ ခြေချလိုက်တာနဲ့ နှာခေါင်းထဲတိုးဝင်လာတဲ့ မြေသင်းနံ့နဲ့ Cosmos ပန်းနံ့တွေ...။ အရောင်စုံသလို အဓိပ္ပါယ်လည်းစုံတဲ့ ဒီပန်းတွေဟာ ဒီပန်းခြံလေးရဲ့ လျှောက်လမ်း တစ်ဖက်တစ်ချက်ဆီမှာ နေရာယူထားတယ်။
ရွက်ဟောင်းကြွေချိန်နီးလာတဲ့ သစ်ပင်ကြီးအချို့မှာတော့ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင် စသဖြင့် အဆင့်ဆင့်အရောင်ပြောင်းနေတဲ့ သစ်ရွက်တွေကြောင့် ရောင်စုံတဲ့အလှတရားတွေ ရှိနေခဲ့တယ်။
အရောင်အသွေးစုံပြီး ကြည်နူးစရာကောင်းတဲ့ ဒီဝန်းကျင်ငယ်လေးက အစ်ကို့စိတ်ကူးယဥ်ကမ္ဘာထဲက Romanticအဆန်ဆုံးနေရာလေး ဖြစ်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် တွေးကြည့်လို့ရတယ်။
" ဂျောင်ဂု ထီးလေးကို တစ်လှည့်ပြောင်းကိုင်ပေးပါလား "
Advertisement
လက်တွဲဖြုတ်လိုက်ပြီး ကျွန်တော့်လက်ထဲ ထီးလေးထည့်ပေးလာတဲ့ အစ်ကို။ သူ့လက်ထဲကထီးကို လက်ပြောင်းယူလိုက်တော့ ကျွန်တော့်လက်မောင်းကို တွဲချိတ်လာတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက မြတ်နိုးဖွယ်ရာအတိနဲ့။
ရွှေလိုအဖိုးတန်တဲ့ ဒီအခိုက်အတန့်လေးမှာပဲ ကျွန်တော် အမြတ်နိုးရဆုံး သက်ရှိနတ်ဘုရားလေးဟာ လွတ်လပ်သွားတဲ့ သူ့လက်တစ်ဖက်ကို မိုးရေထဲဆန့်ထုတ်ရင်း မိုးရေစက်တွေကို လက်ဖဝါးနဲ့ခံယူပြီး ကလေးတစ်ယောက်လို ပျော်ရွှင်ရယ်မောနေခဲ့တာ။
မိုးရေစင်ထားတာကြောင့် တဖြည်းဖြည်း ချမ်းလာပုံရတဲ့ အစ်ကိုဟာ နှာခေါင်းထိပ်လေးတွေတောင် နီရဲလာခဲ့ပြီ။ ဒါပေမယ့် မိုးစက်ကလေးတွေနဲ့ ဆော့ကစားနေတဲ့ ဒီလူသားလေးကတော့ သတိမပြုမိသေးပုံပါပဲ။
အစ်ကိုပြောပြခဲ့ဖူးတဲ့ အတိတ်က စိတ်ကူးယဥ်ဇာတ်လမ်းထဲမှာ ကျွန်တော်က သူ့နှာခေါင်းထိပ်လေး နီရဲနေတဲ့အချိန် အာငွေ့လေးပေးပြီး နွေးထွေးစေခဲ့တယ်တဲ့။ အခုက အဲ့ဒီအတိုင်း တစ်ထပ်တည်းတူအောင် ပြန်ပြီးဖန်တီးရမယ့်အချိန်ပဲ။
ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ဒီနေရာမှာ သူ့နှာခေါင်းထိပ်လေးကို ကျွန်တော် အာငွေ့ပေးရမယ်ဆိုတာ သိနေပြီးသားဖြစ်လို့ အစ်ကိုကလည်း ကျွန်တော်နဲ့အတူ ခြေလှမ်းတွေရပ်တန့်ရင်း ကျွန်တော်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။
သိပ်လှတဲ့ သူ့မျက်ဝန်းညိုတွေဟာ အကြည့်ချင်းဆုံလိုက်တိုင်း ကျွန်တော့်ရင်ခုန်သံကို ထိန်းမရသိမ်းမရ ဖြစ်စေတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့နှာခေါင်းထိပ်လေးကို အာငွေ့ပေးရုံလောက်လေးနဲ့ ကျေနပ်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်တော့ပါ။
ကြိုးစားကြည့်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ပန်းနုရောင်နှာခေါင်းထိပ်လေးကို အာငွေ့လေးပေးလိုက်တော့ မျက်လုံးစုံမှိတ်ပြီး ခံယူနေတဲ့ အစ်ကိုဟာ တကယ့်ကို ကြွေရုပ်ကလေးပဲ။ ကျွန်တော့် နှုတ်ခမ်းတွေကို တစ်လက်မလောက် နေရာရွှေ့လိုက်ရုံနဲ့ အစ်ကို့နှုတ်ခမ်းဆီရောက်ရှိမယ်ဆိုတာ သိနေခဲ့တော့ ရင်ခုန်သံစည်းချက်တွေတောင် သိပ်မမှန်ချင်တော့ဘူး။
ရည်းစားသက်တမ်း တစ်နှစ်အတွင်း ကျွန်တော်တို့ကြား အနမ်းတွေရှိခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာ ပိုပြီးစိတ်လှုပ်ရှားနေမိတယ်။ အခွင့်အရေးယူတယ်ပဲပြောပြော ကျွန်တော့် နှုတ်ခမ်းတွေဟာ သူ့နှုတ်ခမ်းသားတွေဆီ ကျူးကျော်သိမ်းပိုက်နေခဲ့ပြီ။
ကျွန်တော်တို့ကြား ဝင်ရှုပ်သလိုဖြစ်နေတဲ့ ထီးလေးတစ်ချောင်းကတော့ အနမ်းစတင်ဖို့ အစပျိုးချိန်ကတည်းက လွှင့်ပစ်ခံလိုက်ရပြီးပြီ။ ကျဲပါးသွားတဲ့ မိုးဖွဲဖွဲလေးတွေအောက်မှာ ပူနွေးစွတ်စိုတဲ့ နှုတ်ခမ်းအစုံဟာ အချိုမြိန်ဆုံးအနမ်းတွေဖန်တီးရင်း ကျွန်တော်တို့နှစ်ယောက်ကို ရစ်မူးပျော်ဝင်စေတယ်။
အနမ်းတွေအောက်မှာ လဲပြိုကျမသွားစေဖို့ အစ်ကို့လက်တွေက ကျွန်တော့်ကို တင်းကျပ်စွာဖက်တွယ်ထားရင်း အနမ်းတွေကို အလိုက်သင့်တုန့်ပြန်နေခဲ့တယ်။ အနမ်းကြာရှည်ပြီး အောက်ဆီဂျင်လိုအပ်လာတော့ အစ်ကိုက ကျွန်တော်ရင်ဘတ်ကို ခပ်ကြမ်းကြမ်းထုရိုက်လာတယ်။
အနမ်းတွေရပ်တန့်သွားတော့ နှုတ်ခမ်းနှစ်လွှာကြားက ငွေရောင်အမျှင်တန်းတွေဟာ မိုးရေတွေနဲ့ရောပြီး ရေစက်လေးတွေ တွဲလွဲခိုနေခဲ့ပြီ။ ရှက်စိတ်ပိုပြီး ပန်းနုရောင်သန်းနေတဲ့ ပါးပြင်နှစ်ဖက်ကိုပါ ထပ်နမ်းလိုက်မိပြန်တော့ ခေါင်းလေးငုံ့ပြီး ရှက်နေပြန်တယ်။
ဘောင်းဘီအိတ်ထဲဖွက်ယူလာတဲ့ လက်စွပ်ဘူးလေးကိုထုတ်ပြီး ငွေရောင်လက်စွပ်လေးတွေကို ဖွင့်ဟပြလိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ ခေါင်းပြန်မော့လာတဲ့ အစ်ကို။ခံစားချက်မျိုးစုံ ဖြစ်တည်နေပုံရတဲ့ အစ်ကို့မျက်ဝန်းတွေကို ဒီတစ်ကြိမ်တော့ ဘာသာမပြန်နိုင်ခဲ့ဘူး။
ွ" ကျွန်တော်နဲ့ စေ့စပ်ပေးနိုင်မလား အစ်ကို။ ကျွန်တော့်ကို ဆုံးရှုံးရမှာကြောက်ပြီး အိပ်မက်ဆိုးတွေ ထပ်မမက်ရအောင် ကျွန်တော့်ဘက်က ခိုင်မာတဲ့ အာမခံချက်ပေးထားပါရစေ။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ စေ့စပ်ပေးပါလား "
အပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးတွေက ကျွန်တော့်ကို တွေတွေကြီး ငေးကြည့်နေတယ်။ ရုတ်တရက်ကြီးမို့ အဖြေတစ်ခုကို ရေရေရာရာထုတ်ပြောဖို့ အချိန်ယူစဥ်းစားနေပုံပဲ။
" ဒါပေမယ့် ငါတို့က အရမ်းငယ်သေးတယ် မဟုတ်ဘူးလား။ မင်းဆိုလည်း အသက်ပြည့်ပြီးတာ သိပ်မကြာသေးဘူးလေ "
အစ်ကို့စကားကြောင့် ကျွန်တော် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ စေ့စပ်တာနဲ့ လက်ထပ်တာနဲ့က မတူဘူးဆိုတာ အစ်ကို့ကို ဘယ်လိုရှင်းပြရမလဲ။ သိနေပြီးသားကိုပဲ ရှက်ရှက်နဲ့ မသိချင်ယောင်ဆောင်နေလေသလား။
" စေ့စပ်တယ်ဆိုတာ ကျွန်တော်တို့ ကျိန်းသေပေါက် လက်ထပ်ကြမယ်ဆိုတဲ့ ကတိတစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်လိုက်ရုံပဲလေ။ စေ့စပ်ပြီးရင် ချက်ချင်း လက်ထပ်ကြရတာမှ မဟုတ်ဘဲ။ လောလောဆယ် ကျွန်တော်တို့စေ့စပ်ထားကြမယ်။ အစ်ကို အဆင်သင့်ဖြစ်ပြီဆိုမှ လက်ထပ်တာကို ဆက်ပြီး စီစဥ်ကြမယ်လေ။ အစ်ကို့ဘက်က လက်ထပ်ဖို့ အဆင်သင့်ဖြစ်တဲ့အထိ နှစ်ဘယ်လောက်ကြာကြာ ကျွန်တော် စောင့်ပေးပါ့မယ် "
ခေါင်းမာတဲ့ ကလေးကြီးကို စိတ်ရှည်လက်ရှည် ချော့မော့ပြောအပြီးမှာတော့ 'အင်း'ဆိုတဲ့ အသံလေးနဲ့အတူ ခေါင်းညိမ့်အဖြေပေးလာခဲ့တယ်။ ဒါတောင် ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကို အစ်ကို့မျက်ဝန်းတွေမှာ မြင်နေရတယ်။
ရုတ်တရက် သူ့ဆုံးဖြတ်ချက်ကို ပြန်မပြင်ရသေးခင် လက်စွပ်လေးကို အမြန်ဝတ်ပေးလိုက်ပြီး လက်ကလေးကို ခပ်ဖွဖွနမ်းလိုက်တော့ ကြောင်စီစီဖြစ်နေတဲ့ မျက်နှာလေးက ရှက်သွေးဖြာပြီး ပန်းနုရောင်သမ်းလို့။
" ကျွန်တော့်ကိုလည်း ပြန်ဝတ်ပေးဦးလေ။ အစ်ကို့ရဲ့ သတို့သားလောင်းလေးအဖြစ် ဒီလက်စွပ်လေးနဲ့ တရားဝင် အသိအမှတ်ပြုပေးပါဦး "
စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေတဲ့ သူ့လက်တွေဟာ လက်စွပ်လေးကို ကြိုးစားယူလိုက်ပြီး ကျွန်တော့်လက်သူကြွယ်ပေါ် ခက်ခက်ခဲခဲ ဝတ်ပေးရှာတယ်။ လက်စွပ်ဝတ်ပေးနေချိန် ရှက်ပြီး ခေါင်းလေးငုံ့နေတဲ့ သူ့ပုံစံလေးက ကျွန်တော့်ကို ထပ်ပြီး အသည်းယားလာစေခဲ့ပြီ။
ွ" ငါတို့ ပြန်သင့်ပြီထင်တယ်။ မိုးလည်း တိတ်သွားပြီဆိုတော့လေ "
ကိုယ့်ချစ်သူကိုယ်ပြန်ရှက်နေပြီး အငွေ့ပျံသွားချင်စိတ်ပေါက်နေတဲ့ အစ်ကိုဟာ ကျွန်တော့်ရှေ့က ခပ်မြန်မြန်သွားဖို့ပြင်တယ်။ ဒါပေမယ့် ကျွန်တော် သူ့လက်ကိုလှမ်းဆွဲထားတာကြောင့် သူဆက်သွားလို့မရဘဲ ကျွန်တော့်ကို နားမလည်စွာ ပြန်လှည့်ကြည့်လာတယ်။
အစ်ကိုပြန်လှည့်ကြည့်လာတော့ ကျွန်တော့်လက်နှစ်ဖက်က အစ်ကိုပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း သူနဲ့အနီးဆုံးထိ တိုးကပ်သွားခဲ့တယ်။ ကျွန်တော် နမ်းတော့မယ်အထင်နဲ့ မျက်လုံးကိုစုံမှိတ်လိုက်ချိန် ကျွန်တော့်နှုတ်ခမ်းတွေက အစ်ကို့နှုတ်ခမ်းတွေဆီ ဖိကပ်နမ်းလိုက်ပြန်တယ်။
အရမ်းချစ်တယ် ကျွန်တော့်ရဲ့ ေဘဘီလေး။ မိုးစက်တွေကြား ဆုံတွေ့ခွင့်ရခဲ့တဲ့ ကျွန်တော့်ရဲ့ သက်ရှိနတ်ဘုရားလေးကို ကျွန်တော်ဂျွန်ဂျောင်ဂုက သက်ဆုံးတိုင်အထိ သစ္စာရှိရှိ လက်တွဲသွားပါ့မယ်လို့ ကတိပေးပါတယ်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နွေးထွေးလုံခြုံမှုအပြည့်ပေးနိုင်တဲ့ ကျွန်တော့်ရဲ့ရင်ခွင်အိမ်လေးကနေ အစ်ကိုတစ်ယောက်တည်းအတွက် အမြဲထာဝရ တံခါးဖွင့်ကြိုဆိုနေပါ့မယ်...။
Advertisement
ေကာ္ဖီဆိုင္ေလးနဲ႔ပတ္သက္ေနတဲ့ အတိတ္မွတ္ညဏ္ေတြကို ျပန္လည္ဖန္တီးအၿပီးမွာေတာ့ ကြၽန္ေတာ္႕ Hyungေလးက အေပ်ာ္ႀကီးေပ်ာ္ေနခဲ့တယ္။ ခဏတာစိတ္ေကာက္သြားေပမယ့္ သူေျပာသလို ငါးမိနစ္ပဲ စိတ္ေကာက္ခဲ့တာ။
" ငါတို႔အတြက္ အခ်ိန္သိပ္မ႐ွိဘူးဆိုေတာ့ မိုးမတိတ္ေသးခင္ ေနာက္တစ္ေနရာကို သြားၾကရေအာင္လား။ ေကာ္ဖီဆိုင္ေ႐ွ႕ ကားလမ္းတစ္ဖက္ျခမ္းက ပန္းျခံေလးဆီကိုေလ "
အစ္ကို႔စကားဆုံးေတာ့ ကြၽန္ေတာ္႕မ်က္ႏွာက ပီတိေတြျဖာၿပီး ျပဳံးၿဖီးသြားခဲ့တယ္။ အစ္ကိုေျပာျပခဲ့တဲ့အတိုင္းဆို ဒီပန္းျခံေလးထဲမွာ ရင္ခုန္စရာ အခိုက္အတန္႔ေတြအမ်ားႀကီး ႐ွိခဲ့ၾကတာေလ။
" ၿပီးေတာ့ အဲ့ဒီပန္းျခံထဲမွာ ဘာဆက္လုပ္ၾကမလဲ။ အစ္ကိုေျပာၾကည့္ "
ကြၽန္ေတာ္႕ရဲ႕ပီတိျဖာေနတဲ့ မ်က္ႏွာႀကီးက Overေတြျဖစ္ေနခဲ့သလား မသိ။ အစ္ကို႔ႏႈတ္ခမ္းရဲရဲေတြဟာ မလိုမက်သလို စူပုတ္ပုတ္ေလးျဖစ္သြားခဲ့တယ္။ ပန္းႏုေရာင္သန္းသြားတဲ့ ပါးျပင္ေလးေတြနဲ႔ ရဲရဲနီလာတဲ့ နား႐ြက္ဖ်ားေလးေတြကေတာ့ သူ႐ွက္ေနေၾကာင္း သက္ေသပဲေပါ့။
" မင္းသိၿပီးသားဟာကို ဘာလို႔ လာျပန္ေမးေနတာလဲ။ သြားမယ္ ထ "
အစ္ကိုေပါက္စေလး ကြၽန္ေတာ္႕ကို အတင္းဆြဲေခၚျပန္ေတာ့ စပ္ၿဖီးၿဖီးမ်က္ႏွာနဲ႔ ထိုင္ရာထမဘဲ ထပ္စေနမိျပန္တဲ့ ကြၽန္ေတာ္။ စိတ္မ႐ွည္ေတာ့သလို ကြၽန္ေတာ္႕ကို လက္သီးဆုပ္ေတြနဲ႔ ထု႐ိုက္လာျပန္တဲ့ အစ္ကိုဟာ ကြၽန္ေတာ္ေခၚေနက်နာမည္ေလးအတိုင္း တကယ့္ေဘဘီေလးပါပဲ။
" ငါ့ကို စိတ္တိုေအာင္ မလုပ္နဲ႔ေတာ့ေနာ္ ေဂ်ာင္ဂုရာ။ ဆိုင္ထဲကလူေတြေတာင္ ဝိုင္းၾကည့္ေနတာကို မင္းမ႐ွက္ေတာ့ဘူးလား "
မ႐ွက္ပါဘူး...အစ္ကိုက ကြၽန္ေတာ္႕အပိုင္ေလးဆိုတာ သူတို႔ပါ သိသြားတာေပါ့။ ဒါေပမယ့္ ပါးစပ္ကေတာ့ ထုတ္မေျပာရဲခဲ့ဘူး။ ထပ္ၿပီးစိတ္ေကာက္သြားရင္ ခက္ရခ်ည္ရဲ႕။
" လာ သြားမယ္လို႔။ မင္းဘာလို႔ ေပကပ္ၿပီးထိုင္ေနတာလဲ။ ငါ့ကို မခ်စ္ေတာ့လို႔လား။ ငါမင္းအေပၚ အရမ္းဆိုးမိသြားလို႔လား။ ဟုတ္ေနတာပဲ...မင္းမ်က္ႏွာကိုၾကည့္ရတာ ငါ့ကို ေလွာင္ေနသလိုပဲ "
အစ္ကို႔မ်က္ႏွာက ႐ုတ္တရက္ဆိုသလို ငိုမဲ့မဲ့ေလးျဖစ္လာေတာ့ ကြၽန္ေတာ္႕ရင္ထဲ ဗေလာင္ဆူသြားခဲ့တယ္။ အစ္ကိုက သာမန္လူတစ္ေယာက္လိုမဟုတ္ဘဲ စိတ္ဒဏ္ရာရဖူးထားတဲ့ သူတစ္ေယာက္ဆိုတာ ကြၽန္ေတာ္ ေမ့သြားတယ္။ တစ္ခုခုဆို အေတြးလြန္ၿပီး စိတ္ထိခိုက္လြယ္တတ္တဲ့သူမို႔ ကြၽန္ေတာ္႕အျပဳအမူက သူ႕ကို ဝမ္းနည္းသြားေစခဲ့တာ။
" မဟုတ္ဘူး အစ္ကို။ ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္လို႔စေနတာပါ။ အခုထိ ကြၽန္ေတာ္႕အခ်စ္ကို မယုံေသးဘူးလားဗ်ာ။ အိပ္မက္ဆိုးေတြထပ္မမက္ဖို႔ဆို အစ္ကို႔မသိစိတ္မွာ အေတြးလြန္ေနတာေတြကိုလည္း ေလွ်ာ့ဖို႔လိုဦးမယ္ "
အစ္ကိုက ကြၽန္ေတာ္႕စကားကိုေတာင္ ဆုံးေအာင္နားမေထာင္ဘဲ သူ႕ထီးကိုယူၿပီး ဆိုင္ထဲကထြက္သြားဖို႔ျပင္တယ္။ ကြၽန္ေတာ္လည္း သူ႕ကိုစိတ္ပူေနတာေၾကာင့္ ထီးေတာင္မယူႏိုင္ဘဲ သူ႕ေနာက္ကို အမွီေျပးလိုက္လာခဲ့တယ္။
" သြားပါ ငါ့အသားကို လာမထိနဲ႔။ ငါမင္းကို မခ်စ္ေတာ့ဘူးေနာ္ "
သူ႕ထီးေအာက္ကိုေျပးဝင္ၿပီး သူ႕ခါးေလးကိုလွမ္းဖက္လာတဲ့ ကြၽန္ေတာ္႕ကို ပါးစပ္ကသာ ပြစိပြစိေျပာေနခဲ့ေပမယ့္ ထီးမကိုင္ထားတဲ့ သူ႕လက္တစ္ဖက္က ကြၽန္ေတာ္႕ကို တြန္းထုတ္လို႔ရပါလွ်က္ မတြန္းထုတ္ပစ္တာကိုၾကည့္ရင္း သူ႕စကားက အမွန္မဟုတ္ဘူးဆိုတာ သိသာပါတယ္။
" အစ္ကိုမခ်စ္လည္း ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္တယ္ေလ။ အဲ့ဒီေတာ့ အစ္ကို႔အသားကိုလည္း ထိခ်င္သလို ထိမယ္။ ဒီပါးေလးေတြကိုလည္း နမ္းခ်င္သလို နမ္းမယ္ "
႐ုတ္တရက္ သူ႕ပါးေလးအနမ္းခံလိုက္ရလို႔ ႐ႈံ႕မဲ့သြားတဲ့ မ်က္ႏွာေလးက ကြၽန္ေတာ္႕ႏွလုံးသားကို တျဖဳတ္ျဖဳတ္ေႂကြေအာင္ ျပဳစားေနခဲ့တယ္။ ႏႈတ္ခမ္းေလးေထာ္ၿပီး စိတ္ေကာက္ေနတဲ့ ဘဲ႐ုပ္ဆိုးေလးက တကယ္အူယားစရာေလးပါပဲ။
" ေဂ်ာင္ဂုက အခြင့္အေရး အရမ္းယူတတ္တာပဲ။ ဒီအတိုင္းဆို ပန္းျခံထဲေခၚသြားလို႔ ျဖစ္ပါ့မလား "
ၾကံဖန္ေတြးတတ္တဲ့ ကြၽန္ေတာ္႕ေကာင္ေလးဦးေႏွာက္ကို ကြၽန္ေတာ္ လိုက္မမွီႏိုင္ေတာ့ဘူး။ ပန္းျခံထဲမွာ သူ႕ကိုထပ္နမ္းမွာ စိုးရိမ္ေနတာမ်ားလား။ ဒါဆိုလည္း ဆက္ၿပီး စိုးရိမ္ေနေပေတာ့ ေဘဘီ hyungေလးေရ။
" ပါးေလးနမ္းတာေလာက္ကို အခြင့္အေရးယူတယ္ ထင္ေနတယ္ေပါ့။ ဒါဆို ကြၽန္ေတာ္႕ကို အခုပဲ လက္ထပ္လိုက္ေတာ့။ ဒါမွ စိတ္ႀကိဳက္ အခြင့္အေရးယူလို႔ရမွာ "
လက္ထပ္မယ္ေျပာမွ အသနားခံသလို ၾကည့္လာျပန္တဲ့ အစ္ကို႔မ်က္ဝန္းေလးေတြ။ အမူအရာမ်ိဳးစုံေျပာင္းၿပီး လူကို အမ်ိဳးမ်ိဳးျပဳစားေနတာ ဘယ္လိုေတာင္ အတင့္ရဲေနမႈႀကီးလဲ။
" အဲ့ဒီကိစၥကို ေနာက္မွေအးေဆးေျပာရေအာင္လား။ ေလာေလာဆယ္ ပန္းျခံဘက္အရင္သြားၾကရေအာင္ေလ "
စကားလမ္းေၾကာင္းေျပာင္းၿပီး ကားလမ္းျဖတ္ကူးဖို႔ ျပင္ဆင္ေနတဲ့ အစ္ကို႔ေၾကာင့္ ကြၽန္ေတာ္လည္း သေဘာေတြက်ၿပီး ျပဳံးေနမိတယ္။ ကြၽန္ေတာ္နဲ႔အတူ႐ွိေနရင္ သူ႕ကိုယ္သူ ကေလးတစ္ေယာက္လို႔ထင္ေနတဲ့ အစ္ကိုက လက္ထပ္ဖို႔အထိ ေက်ာ္မေတြးထားေလာက္တာကို ကြၽန္ေတာ္ နားလည္ေပးရမယ္။
အစ္ကို႔ခါးေပၚက ကြၽန္ေတာ္႕လက္က အစ္ကို႔လက္ဖဝါးေလးကို ေျပာင္းလဲဆုပ္ကိုင္ရင္း လူကူးမ်ဥ္းၾကားကေန ႏွစ္ေယာက္အတူ လမ္းျဖတ္ကူးခဲ့ၾကတယ္။ မိုးသိပ္မသည္းေပမယ့္ ထီးတစ္ေခ်ာင္းတည္း အတူေဆာင္းရတာေၾကာင့္ မိုးစက္ကေလးက ခႏၶာကိုယ္ေပၚ လာစင္ေနခဲ့တယ္။
ပန္းျခံထဲ ေျခခ်လိုက္တာနဲ႔ ႏွာေခါင္းထဲတိုးဝင္လာတဲ့ ေျမသင္းနံ႔နဲ႔ Cosmos ပန္းနံ႔ေတြ...။ အေရာင္စုံသလို အဓိပၸါယ္လည္းစုံတဲ့ ဒီပန္းေတြဟာ ဒီပန္းျခံေလးရဲ႕ ေလွ်ာက္လမ္း တစ္ဖက္တစ္ခ်က္ဆီမွာ ေနရာယူထားတယ္။
႐ြက္ေဟာင္းေႂကြခ်ိန္နီးလာတဲ့ သစ္ပင္ႀကီးအခ်ိဳ႕မွာေတာ့ အဝါေရာင္၊ လိေမၼာ္ေရာင္၊ အနီေရာင္ စသျဖင့္ အဆင့္ဆင့္အေရာင္ေျပာင္းေနတဲ့ သစ္႐ြက္ေတြေၾကာင့္ ေရာင္စုံတဲ့အလွတရားေတြ ႐ွိေနခဲ့တယ္။
အေရာင္အေသြးစုံၿပီး ၾကည္ႏူးစရာေကာင္းတဲ့ ဒီဝန္းက်င္ငယ္ေလးက အစ္ကို႔စိတ္ကူးယဥ္ကမ႓ာထဲက Romanticအဆန္ဆုံးေနရာေလး ျဖစ္ခဲ့လိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရတယ္။
" ေဂ်ာင္ဂု ထီးေလးကို တစ္လွည့္ေျပာင္းကိုင္ေပးပါလား "
လက္တြဲျဖဳတ္လိုက္ၿပီး ကြၽန္ေတာ္႕လက္ထဲ ထီးေလးထည့္ေပးလာတဲ့ အစ္ကို။ သူ႕လက္ထဲကထီးကို လက္ေျပာင္းယူလိုက္ေတာ့ ကြၽန္ေတာ္႕လက္ေမာင္းကို တြဲခ်ိတ္လာတဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြက ျမတ္ႏိုးဖြယ္ရာအတိနဲ႔။
ေ႐ႊလိုအဖိုးတန္တဲ့ ဒီအခိုက္အတန္႔ေလးမွာပဲ ကြၽန္ေတာ္ အျမတ္ႏိုးရဆုံး သက္႐ွိနတ္ဘုရားေလးဟာ လြတ္လပ္သြားတဲ့ သူ႕လက္တစ္ဖက္ကို မိုးေရထဲဆန္႔ထုတ္ရင္း မိုးေရစက္ေတြကို လက္ဖဝါးနဲ႔ခံယူၿပီး ကေလးတစ္ေယာက္လို ေပ်ာ္႐ႊင္ရယ္ေမာေနခဲ့တာ။
မိုးေရစင္ထားတာေၾကာင့္ တျဖည္းျဖည္း ခ်မ္းလာပုံရတဲ့ အစ္ကိုဟာ ႏွာေခါင္းထိပ္ေလးေတြေတာင္ နီရဲလာခဲ့ၿပီ။ ဒါေပမယ့္ မိုးစက္ကေလးေတြနဲ႔ ေဆာ့ကစားေနတဲ့ ဒီလူသားေလးကေတာ့ သတိမျပဳမိေသးပုံပါပဲ။
အစ္ကိုေျပာျပခဲ့ဖူးတဲ့ အတိတ္က စိတ္ကူးယဥ္ဇာတ္လမ္းထဲမွာ ကြၽန္ေတာ္က သူ႕ႏွာေခါင္းထိပ္ေလး နီရဲေနတဲ့အခ်ိန္ အာေငြ႕ေလးေပးၿပီး ေႏြးေထြးေစခဲ့တယ္တဲ့။ အခုက အဲ့ဒီအတိုင္း တစ္ထပ္တည္းတူေအာင္ ျပန္ၿပီးဖန္တီးရမယ့္အခ်ိန္ပဲ။
ကြၽန္ေတာ္႕ေျခလွမ္းေတြကို ရပ္တန္႔လိုက္တယ္။ ဒီေနရာမွာ သူ႕ႏွာေခါင္းထိပ္ေလးကို ကြၽန္ေတာ္ အာေငြ႕ေပးရမယ္ဆိုတာ သိေနၿပီးသားျဖစ္လို႔ အစ္ကိုကလည္း ကြၽန္ေတာ္နဲ႔အတူ ေျခလွမ္းေတြရပ္တန္႔ရင္း ကြၽန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။
သိပ္လွတဲ့ သူ႕မ်က္ဝန္းညိဳေတြဟာ အၾကည့္ခ်င္းဆုံလိုက္တိုင္း ကြၽန္ေတာ္႕ရင္ခုန္သံကို ထိန္းမရသိမ္းမရ ျဖစ္ေစတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ သူ႕ႏွာေခါင္းထိပ္ေလးကို အာေငြ႕ေပး႐ုံေလာက္ေလးနဲ႔ ေက်နပ္ႏိုင္ဖို႔ဆိုတာ မလြယ္ကူႏိုင္ေတာ့ပါ။
ႀကိဳးစားၾကည့္ဦးမယ္ဆိုတဲ့ အေတြးနဲ႔ ပန္းႏုေရာင္ႏွာေခါင္းထိပ္ေလးကို အာေငြ႕ေလးေပးလိုက္ေတာ့ မ်က္လုံးစုံမွိတ္ၿပီး ခံယူေနတဲ့ အစ္ကိုဟာ တကယ့္ကို ေႂကြ႐ုပ္ကေလးပဲ။ ကြၽန္ေတာ္႕ ႏႈတ္ခမ္းေတြကို တစ္လက္မေလာက္ ေနရာေ႐ႊ႕လိုက္႐ုံနဲ႔ အစ္ကို႔ႏႈတ္ခမ္းဆီေရာက္႐ွိမယ္ဆိုတာ သိေနခဲ့ေတာ့ ရင္ခုန္သံစည္းခ်က္ေတြေတာင္ သိပ္မမွန္ခ်င္ေတာ့ဘူး။
ရည္းစားသက္တမ္း တစ္ႏွစ္အတြင္း ကြၽန္ေတာ္တို႔ၾကား အနမ္းေတြ႐ွိခဲ့ဖူးေပမယ့္ ဒီတစ္ႀကိမ္မွာ ပိုၿပီးစိတ္လႈပ္႐ွားေနမိတယ္။ အခြင့္အေရးယူတယ္ပဲေျပာေျပာ ကြၽန္ေတာ္႕ ႏႈတ္ခမ္းေတြဟာ သူ႕ႏႈတ္ခမ္းသားေတြဆီ က်ဴးေက်ာ္သိမ္းပိုက္ေနခဲ့ၿပီ။
ကြၽန္ေတာ္တို႔ၾကား ဝင္႐ႈပ္သလိုျဖစ္ေနတဲ့ ထီးေလးတစ္ေခ်ာင္းကေတာ့ အနမ္းစတင္ဖို႔ အစပ်ိဳးခ်ိန္ကတည္းက လႊင့္ပစ္ခံလိုက္ရၿပီးၿပီ။ က်ဲပါးသြားတဲ့ မိုးဖြဲဖြဲေလးေတြေအာက္မွာ ပူေႏြးစြတ္စိုတဲ့ ႏႈတ္ခမ္းအစုံဟာ အခ်ိဳၿမိန္ဆုံးအနမ္းေတြဖန္တီးရင္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ရစ္မူးေပ်ာ္ဝင္ေစတယ္။
အနမ္းေတြေအာက္မွာ လဲၿပိဳက်မသြားေစဖို႔ အစ္ကို႔လက္ေတြက ကြၽန္ေတာ္႕ကို တင္းက်ပ္စြာဖက္တြယ္ထားရင္း အနမ္းေတြကို အလိုက္သင့္တုန္႔ျပန္ေနခဲ့တယ္။ အနမ္းၾကာ႐ွည္ၿပီး ေအာက္ဆီဂ်င္လိုအပ္လာေတာ့ အစ္ကိုက ကြၽန္ေတာ္ရင္ဘတ္ကို ခပ္ၾကမ္းၾကမ္းထု႐ိုက္လာတယ္။
အနမ္းေတြရပ္တန္႔သြားေတာ့ ႏႈတ္ခမ္းႏွစ္လႊာၾကားက ေငြေရာင္အမွ်င္တန္းေတြဟာ မိုးေရေတြနဲ႔ေရာၿပီး ေရစက္ေလးေတြ တြဲလြဲခိုေနခဲ့ၿပီ။ ႐ွက္စိတ္ပိုၿပီး ပန္းႏုေရာင္သန္းေနတဲ့ ပါးျပင္ႏွစ္ဖက္ကိုပါ ထပ္နမ္းလိုက္မိျပန္ေတာ့ ေခါင္းေလးငုံ႔ၿပီး ႐ွက္ေနျပန္တယ္။
ေဘာင္းဘီအိတ္ထဲဖြက္ယူလာတဲ့ လက္စြပ္ဘူးေလးကိုထုတ္ၿပီး ေငြေရာင္လက္စြပ္ေလးေတြကို ဖြင့္ဟျပလိုက္ေတာ့ မ်က္လုံးအဝိုင္းသားနဲ႔ ေခါင္းျပန္ေမာ့လာတဲ့ အစ္ကို။ခံစားခ်က္မ်ိဳးစုံ ျဖစ္တည္ေနပုံရတဲ့ အစ္ကို႔မ်က္ဝန္းေတြကို ဒီတစ္ႀကိမ္ေတာ့ ဘာသာမျပန္ႏိုင္ခဲ့ဘူး။
ြ" ကြၽန္ေတာ္နဲ႔ ေစ့စပ္ေပးႏိုင္မလား အစ္ကို။ ကြၽန္ေတာ္႕ကို ဆုံး႐ႈံးရမွာေၾကာက္ၿပီး အိပ္မက္ဆိုးေတြ ထပ္မမက္ရေအာင္ ကြၽန္ေတာ္႕ဘက္က ခိုင္မာတဲ့ အာမခံခ်က္ေပးထားပါရေစ။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္နဲ႔ ေစ့စပ္ေပးပါလား "
အျပစ္ကင္းစင္တဲ့ မ်က္ဝန္းေလးေတြက ကြၽန္ေတာ္႕ကို ေတြေတြႀကီး ေငးၾကည့္ေနတယ္။ ႐ုတ္တရက္ႀကီးမို႔ အေျဖတစ္ခုကို ေရေရရာရာထုတ္ေျပာဖို႔ အခ်ိန္ယူစဥ္းစားေနပုံပဲ။
" ဒါေပမယ့္ ငါတို႔က အရမ္းငယ္ေသးတယ္ မဟုတ္ဘူးလား။ မင္းဆိုလည္း အသက္ျပည့္ၿပီးတာ သိပ္မၾကာေသးဘူးေလ "
အစ္ကို႔စကားေၾကာင့္ ကြၽန္ေတာ္ ခပ္ယဲ့ယဲ့ျပဳံးလိုက္မိတယ္။ ေစ့စပ္တာနဲ႔ လက္ထပ္တာနဲ႔က မတူဘူးဆိုတာ အစ္ကို႔ကို ဘယ္လို႐ွင္းျပရမလဲ။ သိေနၿပီးသားကိုပဲ ႐ွက္႐ွက္နဲ႔ မသိခ်င္ေယာင္ေဆာင္ေနေလသလား။
" ေစ့စပ္တယ္ဆိုတာ ကြၽန္ေတာ္တို႔ က်ိန္းေသေပါက္ လက္ထပ္ၾကမယ္ဆိုတဲ့ ကတိတစ္ခုကို ခိုင္ခိုင္မာမာတည္ေဆာက္လိုက္႐ုံပဲေလ။ ေစ့စပ္ၿပီးရင္ ခ်က္ခ်င္း လက္ထပ္ၾကရတာမွ မဟုတ္ဘဲ။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔ေစ့စပ္ထားၾကမယ္။ အစ္ကို အဆင္သင့္ျဖစ္ၿပီဆိုမွ လက္ထပ္တာကို ဆက္ၿပီး စီစဥ္ၾကမယ္ေလ။ အစ္ကို႔ဘက္က လက္ထပ္ဖို႔ အဆင္သင့္ျဖစ္တဲ့အထိ ႏွစ္ဘယ္ေလာက္ၾကာၾကာ ကြၽန္ေတာ္ ေစာင့္ေပးပါ့မယ္ "
ေခါင္းမာတဲ့ ကေလးႀကီးကို စိတ္႐ွည္လက္႐ွည္ ေခ်ာ့ေမာ့ေျပာအၿပီးမွာေတာ့ 'အင္း'ဆိုတဲ့ အသံေလးနဲ႔အတူ ေခါင္းညိမ့္အေျဖေပးလာခဲ့တယ္။ ဒါေတာင္ ျဖစ္ပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြကို အစ္ကို႔မ်က္ဝန္းေတြမွာ ျမင္ေနရတယ္။
႐ုတ္တရက္ သူ႕ဆုံးျဖတ္ခ်က္ကို ျပန္မျပင္ရေသးခင္ လက္စြပ္ေလးကို အျမန္ဝတ္ေပးလိုက္ၿပီး လက္ကေလးကို ခပ္ဖြဖြနမ္းလိုက္ေတာ့ ေၾကာင္စီစီျဖစ္ေနတဲ့ မ်က္ႏွာေလးက ႐ွက္ေသြးျဖာၿပီး ပန္းႏုေရာင္သမ္းလို႔။
" ကြၽန္ေတာ္႕ကိုလည္း ျပန္ဝတ္ေပးဦးေလ။ အစ္ကို႔ရဲ႕ သတို႔သားေလာင္းေလးအျဖစ္ ဒီလက္စြပ္ေလးနဲ႔ တရားဝင္ အသိအမွတ္ျပဳေပးပါဦး "
စိတ္လႈပ္႐ွားမႈေၾကာင့္ တုန္ရီေနတဲ့ သူ႕လက္ေတြဟာ လက္စြပ္ေလးကို ႀကိဳးစားယူလိုက္ၿပီး ကြၽန္ေတာ္႕လက္သူႂကြယ္ေပၚ ခက္ခက္ခဲခဲ ဝတ္ေပး႐ွာတယ္။ လက္စြပ္ဝတ္ေပးေနခ်ိန္ ႐ွက္ၿပီး ေခါင္းေလးငုံ႔ေနတဲ့ သူ႕ပုံစံေလးက ကြၽန္ေတာ္႕ကို ထပ္ၿပီး အသည္းယားလာေစခဲ့ၿပီ။
ြ" ငါတို႔ ျပန္သင့္ၿပီထင္တယ္။ မိုးလည္း တိတ္သြားၿပီဆိုေတာ့ေလ "
ကိုယ့္ခ်စ္သူကိုယ္ျပန္႐ွက္ေနၿပီး အေငြ႕ပ်ံသြားခ်င္စိတ္ေပါက္ေနတဲ့ အစ္ကိုဟာ ကြၽန္ေတာ္႕ေ႐ွ႕က ခပ္ျမန္ျမန္သြားဖို႔ျပင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႕လက္ကိုလွမ္းဆြဲထားတာေၾကာင့္ သူဆက္သြားလို႔မရဘဲ ကြၽန္ေတာ္႕ကို နားမလည္စြာ ျပန္လွည့္ၾကည့္လာတယ္။
အစ္ကိုျပန္လွည့္ၾကည့္လာေတာ့ ကြၽန္ေတာ္႕လက္ႏွစ္ဖက္က အစ္ကိုပခုံးႏွစ္ဖက္ကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္ရင္း သူနဲ႔အနီးဆုံးထိ တိုးကပ္သြားခဲ့တယ္။ ကြၽန္ေတာ္ နမ္းေတာ့မယ္အထင္နဲ႔ မ်က္လုံးကိုစုံမွိတ္လိုက္ခ်ိန္ ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြက အစ္ကို႔ႏႈတ္ခမ္းေတြဆီ ဖိကပ္နမ္းလိုက္ျပန္တယ္။
Advertisement
- In Serial80 Chapters
Living a Long Life as a Legend
Reincarnating into a game-like version of a medieval magical world was fine and all. A good blend of two enjoyable tropes. Lock wished he'd been born with a bunch of cheats sometimes, sure, but he could settle with being functionally immortal by abusing the system as well. All rights to the art belong to Stefan Koidl, you can find his works here
8 194 - In Serial19 Chapters
Mine from the Abyss
A dungeon core awakens into its new life. With barely any time to understand its own existence, a group of goblins appears, seeking to settle in the dungeon. In the name of self preservation the dungeon core begins creating abominations that will terrify the world. By breaking all the conventional rules of creating a dungeon, this core develops into an unwitting monster, seeking to undo the status-quo of the world it finds itself in. Join us on Discord for updates. https://discord.gg/zUbMjnh
8 183 - In Serial19 Chapters
(Anti)Hero Chronicles
Sorli Grimmarson is your average street-level superhero; angsty, violent, and brooding. When he finally confronts the villains that orphaned him... that killed his parents, he discovers the true bane of society. The Superheroes. Aided by the mysterious "Supplier," Sorli registers with GSO, the Global Superhero Organization. Before long, he learns that to be the change he wants to see in the world, he must become the change. Under the Hero alias "Grimm Raven," Sorli rapidly ascends the ranks of Super Society, his powers seem to evolve rapidly as he pursues his vendetta with no semblance of where it will end... or what it will cost...
8 141 - In Serial345 Chapters
YLTESCIA: A Reincarnator's Tale in the Lands of Merusia
At the meager age of 27, a young man lost his life in an unfortunate accident but by the mischievous tides of fate, he was a given a second chance at life in a world of swords and magic. With the goal to conquer the great labyrinths and explore the vast world, a legendary adventurer will be born in the lands of Merusia. This is the story of the man who was once named Matteo Alcantara, as he enjoys his new life in a world of fantasy and adventures as Grey Silverdrake. Disclaimer: This work is a reboot of my previous work titled "Gokaiku", so don't report it or something because of the similarities.
8 189 - In Serial7 Chapters
birthday present | bakudeku
birthday present/birth·day pres·ent/(n.) a special something that you give to someone in celebration to the anniversary of the day on which a person was born. © kōhei horikoshi, bnha.© yooreii, plot/writing.
8 175 - In Serial33 Chapters
The Search for Cinderella
Annabelle Kennedy is a normal sixteen year old unaffected by the craze of internationally famous Xavier Matthews. Annabelle won't let an eighteen year old pop star distract her for her ambitions of being a musician.Xavier Matthews doesn't know who he is anymore. His management has taken control of his very soul, so much so he doesn't like the music he makes.Organised by his management (AKA. His dad), Xavier Matthews is the star of 'his' reality TV; The Search for Cinderella.100 completely random school girls will come to sunny California to the mansion where the games will begin. The aim; to be Xavier's date to the grand ball.He thought it's going to be just another crappy TV show, until Annabelle Kennedy gives him a rude awakening.'(JUST A FRIENDLY REMINDER that i wrote this however many years ago when I was 14 years old lol. Prepare yourself for a cliche filled, poorly edited book). I
8 204

