《Me, Myself & Bad Romance •||• JINKOOK》【23】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
" (ဒေါက် .. ဒေါက်.. ဒေါက်) "
နားထဲ တိုးဝင်လာတဲ့ အသံထူထူကြောင့် သူလန့်ပြီး မျက်လုံးဖွင့်လိုက်မိသည်။ ဝန်းကျင်ကို သူကြည့်မိတော့ ညကအတိုင်း ထမင်းဝိုင်းမှာ ကိုကို့ကို စောင့်ရင်း အိပ်ပျော်သွားသည်ပင်။
" ဂျောင်ကု! အခန်းထဲ မအိပ်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ "
သူ့ဘေးနားကနေ ကိုကို့အသံထွက်လာတာမို့ သူမော်ကြည့်မိတော့ အမူးလွန်ပြီး အခုမှ အိပ်ယာထလာပုံရတဲ့ ကိုကို့ပုံစံဟာ ဖရိုဖရဲပင်။ ကြည့်ရတာ ညက အိမ်ပြန်မလာဘဲ တစ်နေရာရာမှာ။သွားအိပ်ခဲ့တာနဲ့တူသည်။ မဖြီးသပ်ထားတဲ့ဆံပင်ဖရိုဖရဲရယ်၊ ရှုပ်ပွနေတဲ့ရှပ်အဖြူရယ်၊ ကုတ်ကို ပခုံးပေါ်ဖြစ်သလို တင်လာပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ ခါးပတ်ရယ် .... ။
" ကိုကို! "
မနေ့ညက ပြန်မလာတာကို စိတ်မဆိုးနိုင်ဘဲ ကိုကို့အနားတိုးကပ်မိတော့ ကိုကိုက မျက်မှောင်ကြုတ်ကာ နောက်တစ်လှမ်းဆုတ်သည်။ ကိုကို့ကို ကြည့်ရတာ စိတ်မကြည်နေတဲ့ပုံပေါက်နေပြီး သူ့ကို အာရုံရနေတဲ့ပုံမပေါ်။
" အပြင်မှာ အိပ်မနေဘဲ အခန်းထဲဝင်အိပ်! လာ!"
သူ ပြောမယ့်စကားကိုတောင် နားမထောင်နိုင်ဘဲ ကျောခိုင်းကာ အပေါ်ထပ်ကို လှမ်းတော့ သူ ကြောင်တောင်တောင်လေး ကျန်နေခဲ့ပြန်သည်။ သို့ပေမယ့် သူ့ခြေလှမ်းတွေက ကိုကို့အနောက်ကို ထပ်ကြပ်မကွာလိုက်ရင်း အပေါ်ထပ်အခန်းထဲထိ လိုက်သွားပေမယ့် ကိုကိုကတော့ သူ့ကို အရေးမပါသလို ဘာစကားတစ်ခွန်းမှမပြော။ မနေ့က အလုပ်ခရီးကနေ ပြန်ရောက်လာတဲ့ပုံစံအတိုင်း အင်္ကျီတွေချွတ်ကာ ရေချိုးခန်းဆီ ဦးတည်သည်။ သူ့ဆီမှာ မေးခွန်းတွေက များနေပြီမို့ စိတ်မတိုနေပေမယ့် စိတ်ကောက်နေတဲ့ မျက်နှာနဲ့ ရေချိုးခန်းအရှေ့ထိ လိုက်သွားမိသည်။ ဒါတောင် လျစ်လျူရှုဖို့ ကြိုးစားနေတော့ ကိုကို ရေချိုးခန်းတံခါးမပိတ်ခင် သူ ဆွဲတားလိုက်မိသည်။
" ကိုကို ဘာတွေလုပ်နေတာလဲ! ဘာဖြစ်ချင်နေတာလဲ သားသား စိတ်ဆိုးမိတော့မှာနော်! "
သူ့စကားကြောင့် ကိုကိုက သူ့ကို အင်တင်တင်မျက်နှာထားနဲ့ စိုက်ကြည့်သည်။
" ... အေး! စိတ်ဆိုးချင်ဆိုးလိုက်! ငါရေချိုးရမယ် ငါ့ကိုတော့ လာမနှောင့်ယှက်နဲ့ အချိန်မရဘူး ..."
ပြောပြီးတာနဲ့ သူ့ကို တွန်းထုတ်ကာ ရေချိုးခန်းတံခါးကို ဆွဲပိတ်တော့ သူတကယ် စိတ်တိုသွားရသည်။
ဘယ်လောက်ပဲ အလုပ်မှာ အဆင်မပြေနေပါစေ သူ့ကို အဲ့လောက်ကြီးထိ ဆက်ဆံဖို့လိုလို့လား ... မတွေ့ရတဲ့တစ်ပတ်အတောအတွင်းမှာ ကိုကို့ကို ပြောင်းလဲသွားစေတာက ဘာကြောင့်လဲ ... သူ ဘာအမှားများလုပ်မိထားလို့လဲ ...
တွေးရင်း စိတ်တိုလာပေမယ့် ကိုကို့ကိုသာ စောင့်ဖို့ဆုံးဖြတ်မိသည်။ သိပ်မကြာတဲ့အချိန်မှာပဲ ရေချိုးခန်းထဲက ထွက်လာတဲ့ကိုကို ... သေချာဖြီးလိမ်းပြင်ဆင်ပြီး သူ့ကို လျစ်လျူရှုထားပြန်တော့ သူ ထပ်မစောင့်နိုင်တော့။ ထို့ကြောင့် မနေ့က ရောက်လာတဲ့စာအိတ်အညိုနဲ့ သူ့ကတ်တွေကို ကိုကို့ရှေ့ပို့ကာ မေးခွန်းထုတ်မိသည်။
" ဘာဖြစ်လို့လဲ ကိုကို! ကျွန်တော် အလုပ်လုပ်တာက ဘာများမှားသွားလို့လဲ "
" ... ငါမဟုတ်တဲ့ တခြားသူတွေနဲ့ အတူတူမမြင်ချင်ရုံပဲ ..."
ယုတ္တိမရှိတဲ့အဖြေအဆုံး သူ့ကို မကြည့်ဘဲ မှန်ကိုပဲ ကြည့်ကာ အပြင်ပြန်ထွက်ဖို့ ပြင်ဆင်နေတဲ့ ကိုကို့ကို သူ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်မိသည်။
" ကိုကို ရူးနေတာလား! ဘာတွေ ဖြစ်နေတာလဲ! ဘာတွေ မကျေနပ်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောလို့မရဘူးလား "
သူ့မေးခွန်းအဆုံး ကိုကို့လက်တွေက သူ့ပါးစောင်ကို ဖျစ်ညှစ်သည်။
" .... ငါ မင်းကို ဘာလို့လက်ထပ်ခဲ့လဲ သိတယ်မဟုတ်လား ... အဲ့ဒီ့နေ့က ငါနဲ့အဖေပြောနေတာအကုန်မင်းကြားခဲ့တာပဲမလား "
ကိုကို့စကားကြောင့် သူမေ့ထားမိတဲ့အမှန်တရားကို ဖျတ်ကနဲ့ သတိရလိုက်မိသည်။ သူ ကိုကို့ကိုလက်ထပ်တဲ့နေ့မှာပဲ သိခဲ့ရတဲ့အမှန်တရားလေ၊ ကိုကိုက သူ့ကို ကိုကို့အဖေသဘောအတိုင်း လက်ထပ်ပေးပြီး အင်တာတိန်းမန့်နဲ့ အပေးအယူလုပ်ထားတယ်ဆိုတဲ့အကြောင်းလေးလေ။
ဂျောင်ကု ဘာမှပြန်မပြောနိုင်ခင်မှာပဲ စိတ်တိုနေမိတဲ့ဒေါသတွေ ချုပ်ငြိမ်းပြီး ရုတ်တရက် ကိုကို့ကို အေးတိအေးစက် သူကြည့်မိတော့ နှုတ်ဖျားတွေက ဘာမှ ပြန်မပြောနိုင်လောက်တဲ့အထိ ဆွံ့အလျက် နှလုံးသားက မြေမြှုပ်ထားမိတဲ့ ဒဏ်ရာတစ်ချို့ကို ပြန်တူးဖော်မိသည်။
" .... ဘာလဲ ... ငါနဲ့ အိပ်ယာပေါ်က ဆက်ဆံရေးအဆင်ပြေတယ်ဆိုတိုင်း မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတာလား? ဂျွန်ဂျောင်ကု! ငါ အင်တာတိန်းမန့်ကို လိုချင်လို့ မင်းနဲ့လက်ထပ်လိုက်ရုံပဲ ... ဘာကိစ္စ မင်းရှေ့နေရုံးဖွင့်ချင်တဲ့ကိစ္စကို ငါ ကူညီပေးရမှာလဲ ... ငါ့လို စီအီးအိုတစ်ယောက်ရဲ့ ယောင်္ကျားအနေနဲ့ အိမ်မှာပဲနေ! လိုချင်တာရှိရင် အကုန်ဝယ်! ကြိုက်သလိုဖြုန်း! အချိန်တန်လို့ ငါလိုအပ်လာရင် မင်းက ဒီတိုင်း ကုတင်ပေါ်တက်ပေးရုံပဲ "
ထိုစကားအဆုံးမှာတော့ ကိုကို့ကော်လံကနေ ဆွဲယူကာ ကိုကို့မျက်နှာကို သူ တစ်ချက် ဆွဲထိုးလိုက်မိသည်။
" ( ခွပ် ) "
အားပါသွားတာမို့ ကိုကို့မျက်နှာ လည်ထွက်သွားပေမယ့် သူကတော့ ကိုကို့ကို မချေမငံ့ကြည့်မိသည်။ တကယ်တော့ သူ ကိုကို့ကို မထိုးချင်ပေမယ့် တဆတ်ဆတ်နာတဲ့နှလုံးသားရဲ့နာကျင်မှုကို ဖြေသိမ့်ဖို့ ထွက်ပေါက်လိုသည်လေ။
" ငါ မင်းကို ပြန်မထိုးနိုင်ဘူး ထင်လို့လား ဂျွန်ဂျောင်ကု! "
ဒီတစ်ခါ ကိုကိုက အရင်တစ်ခါနဲ့မတူစွာ သူ့ဘက်ကို ချက်ချင်းလှည့်ပြီး သူ့လည်တိုင်နားက အင်္ကျီစကို ဆွဲယူသည်။
" .... ကိုကို ကျွန်တော့်ကို ထိုးပြီးသားပါ အမြဲတမ်းစကားလုံးတွေနဲ့ ထိုးနှက်လွန်းလို့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် ရှာမတွေ့တော့တဲ့အထိ မှောင်မိုက်လွန်းတယ် .. ကျွန်တော်် သိချင်မိတယ် တစ်ပတ်လေးမတွေ့ရတာနဲ့ ဘာက ကိုကို့ကို ပြောင်းလဲ သွားစေရတာလဲ? ကိုကို ဘာဖြစ်ချင်နေတာလဲ! တကယ်ပဲ ပွင့်ပွင့်လင်းလင်းပြောချလိုက်လို့မရဘူးလား ... ကျွန်တော့်ကို အချစ်တွေပေးလိုက်! အမုန်းတွေပေးလိုက်နဲ့ ! ကျွန်တော် ကိုကို့ကို တကယ် လိုက်မမှီတော့ဘူး!! ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်ပါလား ဒီအတိုင်း မကျေနပ်တာတွေအကုန်လုံးကို "
Advertisement
" အေး! ငါလည်း အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်! မင်းကို နာကျင်စေချင်တာလို့! တစ်ယောက်တည်း ကူရာမဲ့ပြီး အထီးကျန်စေချင်တာလို့! ~~ ငါ မင်းနဲ့လမ်းခွဲပြီးကတည်းက ဘယ်လောက်ထိရုန်းကန်ခဲ့ရလဲသိလား! မင်း ရှင်းခူရိုနဲ့လက်ထပ်ပြီးလို့ ကလေးရတဲ့အချိန်အထိ ငါ့မှာ မင်းကြောင့်နဲ့ ရှေ့ဆက်ဖို့ မလုပ်နိုင်ဘူးဖြစ်နေတာ!!! ဂျွန် ဂျောင် ကု မင်းသိလား! မင်း ငါ့ကို လမ်းခွဲပြီး ပစ်ထားခဲ့တဲ့နေ့ကတည်းက ဒီနေ့ဒီအချိန်ထိ မင်းကို ပြုံးရယ်နေတာမျိုး နည်းနည်းလေးတောင် မမြင်ချင်ဘူး ~~ အချိန်တိုင်း ငိုကြွေးပြီး ပူလောင်နာကျင်နေတဲ့ပုံစံပဲမြင်ချင်ခဲ့တာ ... ကူရာမဲ့ပြီး တစ်ယောက်တည်း အထီးကျန်နေတဲ့မင်းပုံစံတွေကိုပဲ မြင်ချင်ခဲ့တာ ~~ ထပ်ပြီးရှင်းရှင်းပြောရင် သုံးစားလို့မရလောက်တဲ့အထိ စုတ်ပြတ်သပ်နေတဲ့ ဂျွန်ဂျောင်ကု ကိုပဲ မြင်ချင်ခဲ့တာ "
ကိုကို့စကားအဆုံး သူ့မျက်ဝန်းတွေဝိုင်းစက်ပြီး အမြင်အာရုံတွေ ဝေဝါးသွားမိသည်။ ဘယ်အချိန်ကတည်းက ထုတ်ပြောချင်နေခဲ့လဲ မသိတဲ့စကားလုံးတွေကို သူကြားလိုက်ရတော့ မယုံနိုင်။
သူ့ကို ခပ်ဖွဖွနမ်းပြီး သိပ်ချစ်ကြောင်းထုတ်မပြောရလောက်တဲ့အထိ နွေးထွေးမှုပေးခဲ့တာ ဒီလူသားမှ ဟုတ်ပါရဲ့လား ...။
သူ့ကို ကလေးလေးတစ်ယောက်လို ထွေးပိုက်ပြီး အပျော်တွေဖန်တီးပေးခဲ့တာ ဒီလူသားမှ ဟုတ်ပါရဲ့လား ...။
သူမယုံနိုင်စွာ ခေါင်းခါမိရင်း ကိုကို့ကို သူ တွန်းထုတ်မိသည်။
" မဟုတ်ဘူး~~ မဟုတ်ဘူးလေ ~~ "
ကိုကိုက ကိုကိုက သူ့ကို သိပ်ချစ်တာ မဟုတ်လား ~~ အသေးစိတ်ကအစ သဝန်တိုပြီး ရူးမတတ်ချစ်ခဲ့တာမလား ...
ဂျောင်ကုတွေးရင်း တွေးရင်း ရုတ်တရက် သူ ဘာကိုမှ စဉ်းစားလို့မရတော့တဲ့အထိ သူ့အတွေးတွေ မှောင်မိုက်သွားသည်။ နာကျင်နေပြီးသားရင်ဘတ်ကလည်း တဖြည်းဖြည်းစူးနင့်ဝင်ပြီး သူ နှိမ်ချထားမိခဲ့တဲ့ မာနတရားအတွက် ဒိုင်းကာ တစ်ခုတည်ဆောက်ပေးနေသလိုပင်။
" ဟုတ်တယ် အမှန်တရားပဲ ဂျောင်ကု! ငါ မင်းကို ဒီအိမ်ကြီးထဲမှာပဲ ပိတ်လှောင်ထားပစ်မှာ! လိုချင်တာတွေအကုန် ဒီကတ်နဲ့ ဝယ်ပြီး လောကကြီးရဲ့အရသာကို ခံစားလိုက်! ပြီးပြည့်စုံတဲ့ ဒီလောကကြီးမှာ တစ်ယောက်တည်း တောက်တောက်ပပ အထီးကျန်ရတာက ဘယ်လိုလဲ ဆိုတာ မင်းသေချာသိဖို့လိုတယ် !!! "
ကိုကို့စကားအဆုံး သူ့လက်ထဲထည့်ပေးလာတဲ့ ကိုကို့ကတ်။ သူ ထိုကတ်ကို ငုံ့ကြည့်မိရင်း ကိုကို့ကို ပြန်ကြည့်မိသည်။ နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ၊ ကိုကိုဟာ သူ့ကို ကိုကိုခံစားခဲ့ရသလို ပြန်ခံစားစေချင်ခဲ့တာဖြစ်သည်။
အင်တာတိန်းမန့်တွေ ဘာတွေကို လိုချင်လို့ သူ့ကိုလက်ထပ်တယ်ဆိုတာထက် သူ့ကို ရန်သူတစ်ယောက်လို သဘောထားပြီး ကိုကိုလက်ထပ်ခဲ့တာဖြစ်သည်။ ရှင်းရှင်းပြောရင် ကိုကို့အသည်းကို ခွဲမိခဲ့ဖူးတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ သူ့ကို လက်ထက်ပြီး အသည်းကွဲခြင်း သင်ခန်းစာကို ပြန်သင်ပေးနေတာဖြစ်သည်။
အရှင်းဆုံးပြောရရင် တစ်ချိန်က သူ ကိုကို့ကို လူပိုလို့ပြောဖူးတဲ့စကားအတိုင်း အခု သူ့ကို လောကကြီးမှာ အပိုလူ တစ်ယောက်ဖြစ်အောင် ကိုကိုဖန်တီးနေခဲ့တာဖြစ်သည်။
အခြားသူတွေအမြင်မှာ ကိုကိုက သူ့ကို သိပ်ချစ်လွန်းလို့ ဘာအလုပ်မှမလုပ်စေဘဲ .. လိုချင်တာ အကုန်ဖြည့်ပေးတဲ့အပြင် ပြီးပြည့်စုံတဲ့ဘဝကို ရထားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့မဟုတ်။ မနေ့ညကလို အိမ်ပြန်မလာတာမျိုးတွေ ... ညစာအတူတူစားဖို့ပြောထားတာတောင် အလေးမထားခံရတာတွေ ... ဒီနေ့လို လျစ်လျူရှုမှုတွေ ...
စုပေါင်းပြီးပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုကိုဟာ သူ့ကို တစ်ယောက်တည်း အထီးကျန်စေချင်တာဖြစ်သည်။
ဂျောင်ကု တွေးမိရင်း ကိုကို့စကားတွေ နားထဲ ကြားယောင်ကာ သူ နာနာကျင်ကျင်ရယ်လိုက်မိသည်။ စိတ်လွတ်သလိုမျိုး ရယ်ပစ်မိတဲ့သူ့ပုံစံကိုတော့ ကိုကိုက မျက်မှောင်ကြုတ်ကာကြည့်နေဆဲ ...။ သူ့ဘက်ကအမှားတွေရှိခဲ့တဲ့အတွက် ကိုကိုနဲ့အတတ်နိုင်ဆုံးညှိပြီးနေခဲ့မိပေမယ့် ဒီတစ်ခါတော့ မတူတော့။ နာကျင်မှုတွေက မာနတရားကို လာရောက်နှိုးဆော်ကာ ဒိုင်းတစ်ခု တည်ဆောက်ပေးလိုက်သလို မျက်ဝန်းတွေက မာကျောအေးစက်သွားမိသည်။
" ဆောရီးပဲ ကိုကို! ကျွန်တော်က ကိုကိုမျှော်လင့်နေသလို ဘယ်တော့မှ အထီးကျန်မှာမဟုတ်ဘူး ... ကိုကို့ကို ရူးမတတ် ချစ်တယ်ဆိုပေမဲ့လည်း ကျွန်တော်က ကိုကို မရှိရင်တောင် ဘယ်လို အသက်ရှင်ရမလဲ ကောင်းကောင်းသိတယ်!!! စောင့်ကြည့်နေလိုက်!! ဒီပွဲကို ကိုကို့ဘက်က အရင်စခဲ့တာ! .... ကိုကိုသိထားဖို့က ကျွန်တော်က ပျော့ညံ့တဲ့သူတစ်ယောက်မဟုတ်ဘူး! အနည်းဆုံး ဘယ်လိုရှင်သန်ရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့သူတစ်ယောက်ပဲ "
ပြောပြီးတာနဲ့ ကိုကို့ကတ်ကို တင်းကျပ်နေအောင်ဆုပ်ကိုင်ကာ ကိုကို့ရှေ့ကနေထွက်လာမိတော့ မကျေနပ်သလို စိတ်ရှုပ်သွားတဲ့ ကိုကို့မျက်နှာကိုတော့ သူ မြင်ဖြစ်အောင် မြင်ခဲ့ရပါသေးသည်။
အခန်းထဲ ကျန်နေခဲ့တဲ့ဆော့ဂျင်မှာတော့ ဂျောင်ကု ထွက်သွားတာနဲ့ ကုတင်ပေါ်ထိုင်ချရင်း ဖြီးသပ်ပြီးသား ဆံနွယ်တွေကြားလက်ထိုးထည့်ကာ ဆွဲဆောင့်မိသည်။
အဟားးး ကင်ဆော့ဂျင်! ရူးနေပြန်ပြီပဲ! မင်းနဲ့လမ်းခွဲခဲ့တဲ့ ၉ နှစ်လုံးလုံး သားသားက ကောင်းကောင်းမွန်မွန်ရှင်သန်ခဲ့တာပဲလေ ~~ ဘာတွေ သင်ခန်းစာပေးဖို့ကြိုးစားနေတာလဲ!! သားသားကို သင်ခန်းစာပေးတာနဲ့မတူဘဲ မင်းကိုယ်မင်း သင်ခန်းစာပေးတာနဲ့ မတူဘူးလား!!
မင်းမရှိလည်း သားသားက ကောင်းကောင်းရှင်သန်နိုင်တယ်ဆိုတာ မင်းအသိပဲလေ ....
မဟုတ်ဘူး .. ကင်ဆော့ဂျင်! ဒီအတိုင်းလေး တည့်တည့်ရှင်းပြီး တကယ်ထွက်သွားတော့မယ်ဆိုရင် လက်လွှတ်လိုက်ပါလား ...
ဟင်အင်း မလုပ်နိုင်ဘူး ... နာကျင်ရမယ်ဆိုရင်တောင် အဲ့ဒီ့ကလေးကို သိပ်ချစ်မိတာမို့ ဆုပ်ကိုင်ထားဦးမှာ ... ကောင်းတာတွေဖြစ်မလာဘူးဆိုရင်တောင် ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး ...
ကုတင်ထက် တစ်ယောက်တည်း ရူးသွပ်နေရင်း အဆုံးသတ်မှာတော့ ဂျောင်ကုကို လက်မလွှတ်ဖို့ သူရွေးချယ်ခဲ့မိပါတော့သည်။
💠💠💠
" ... Asia Star Jin!! ဘားတစ်ခုမှာ ပျော်ပါးနေတဲ့ပုံရိပ်! ... "
" ... လိင်တူတွေပဲ သဘောကျတယ်လို့ထင်ရတဲ့ အနုပညာရှင် ဂျင်! "
အစရှိတဲ့ စာတန်းတွေကို သူဖတ်ပြီး Fanတွေ ရိုက်ထားတဲ့ video အတိုအစလေးကို သူကြည့်နေမိသည်။
Advertisement
ညစာအတူတူစားမယ်လို့ပြောပြီး ကိုကိုပြန်မလာတဲ့ည! အဲ့ဒီ့ညမှာ အဲ့ဒီလို ပျော်ပါးနေခဲ့တာတဲ့လား ... ပထမဦးဆုံးအနေနဲ့ ကိုကို့အတွက် သူ့ခြေသူ့လက်နဲ့ညစာ စီမံနေတဲ့အချိန် ကိုကိုကတော့ သူ့ကို လုံးဝ ဥပေက္ခာပြုပြီး တခြားကောင်လေးတွေနဲ့ ပျော်နေတာတဲ့လား ...။
ဂျောင်ကု ဖုန်းစကရင်ပေါ်က ကိုကို့ပုံရိပ်တွေကို အလွတ်ရအောင် စိုက်ကြည့်ပြီး နာနာကျင်ကျင် ပြုံးလိုက်မိသည်။
တကယ်တော့ ပြောရရင် ကိုကိုနဲ့သူဟာ တစ်ဘဝတည်းဖြစ်ပြီလို့ထင်ခဲ့မိတာ ... ကိုကိုနဲ့သူဟာ တစ်သားတည်းကျပြီလို့ထင်ခဲ့မိတာ ... နောက်ဆုံး အဲ့ဒါတွေအကုန် သူ့တစ်ဖက်သတ်အတွေးတွေသာ ဖြစ်ပြီး ကိုကိုနဲ့သူဟာ အခုချိန်ထိ တစ်ယောက်တစ်လမ်း ရပ်နေကြတဲ့လူနှစ်ဦးဖြစ်နေတုန်းဖြစ်သည်။ မှောင်မိုက်နေတဲ့ကွင်းပြင်မှာ သူတစ်ယောက်သာ ကျန်နေသလိုမျိုး ကိုကိုကလည်း တောက်ပနေတဲ့အဲ့ဒီ့နေရာမှာ လွတ်လွတ်လပ်လပ်လေး လင်းလက်နေဆဲဖြစ်သည်။
" အခုတော့ ကျွန်တော့်ဘဝအတွက် ကျွန်တော်ပြန်ကြိုးစားရတော့မှာပေါ့နော် ကိုကို "
သူရေရွတ်မိရင်း ဖုန်းကို ပိတ်ချလိုက်သည်။ အဲ့ဒီ့နောက် သူ့လက်ထဲ ကိုကိုပေးတဲ့ကတ်ကို ဆုပ်ကိုင်ရင်း ရှုပ်ယှက်ခတ်နေတဲ့လမ်းလေးထက် ခပ်ဖြည်းဖြည်းလျှောက်ကာ အိမ်ပြန်ခဲ့မိတော့သည်။
💠💠💠
" ... ၆ နာရီအမှီ အသင့်ပြင်ထား!! "
တွီဗွီအစီစဉ်တွေရှေ့ အေးဆေးသက်သာ ထိုင်ကြည့်နေမိတဲ့သူ့ကို ကိုကိုပြောတဲ့စကား။ ကိုကို့အနောက်မှာတော့ ကိုကိုခေါ်ခဲ့ပုံရတဲ့ ဝန်ထမ်းတစ်ယောက်က အင်္ကျီအိတ်ကို ကိုင်လျက်သားပင်။ သူအချိန်ကြည့်မိတော့ ငါးနာရီခွဲနေပြီဖြစ်သည်။
" ... ဘာအတွက်လဲ ..."
" ... ဘာမှ လုပ်စရာမလိုဘူး မင်းက ဒီအတိုင်း အလှဆုံးပြုံးပြီး ငါ့ဘေးမှာနေရုံပဲ ... "
ထိုစကားအဆုံးသတ်မှာတော့ သူ ခပ်ဖျော့ဖျော့ရယ်မိသည်။ သို့ပေမယ့် ကိုကို့စကားကိုတော့ သူမငြင်းဆန်နိုင်ပါ။ ထို့ကြောင့် အလိုက်သင့်လေးနေပေးမိတော့ သူဟာ ကင်မရာပေါင်းများစွာကို ရင်ဆိုင်ရမယ်မှန်း နားလည်သွားမိတော့သည်။
" ကားပေါ်ကဆင်းတာနဲ့ မင်းနဲ့ငါက တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့စုံတွဲပဲ ... မင်းအကြည့်တွေ၊ မင်းအပြုအမူတွေ ဂရုစိုက်! ဂျွန်ဂျောင်ကု! "
ပါတီတစ်ခုအတွက် Red carpet ကို မဖြတ်ခင် ကားပေါ်မှာ ကိုကို မှာနေတဲ့စကား။ သူ မသိကျေးကျွံပြုပြီး ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ကင်မရာသမားတွေကိုသာ ကြည့်မိသည်။ အဲ့ဒီ့နောက် ကိုကို့မျက်နှာကို ကြည့်မိတော့ ဗလာဖြစ်နေတဲ့ခံစားချက်ကို သူခံစားလိုက်ရသည်။ ထို့ကြောင့် သူ့ရင်ထဲ နင့်ကနဲ့ စူးအောင့်သွားရသည်။
သူနဲ့ ကိုကို့ရဲ့ဆက်ဆံရေးဟာ တကယ်ပဲ ဘာတွေလည်းဆိုတာ သူမတွေးတတ်တော့ပါ။ သူ့ကို ရှင်းရှင်းလင်းလင်းပြောထားတဲ့နေ့ကစပြီး ကိုကိုဟာ အိမ်ပြန်မလာတော့တာမို့ ကိုကိုဖြစ်စေချင်ခဲ့သလို တစ်ယောက်တည်း အထီးကျန်နေခဲ့ပါသည်။ သို့ပေမယ့် သူ ဒါကို ထုတ်မပြချင်။ ကိုကို့ကို သူ အနိုင်ယူချင်သေးသည်။ သူ့အမှားတွေရှိခဲ့ပေမယ့် ဒီလောက်ထိ အပြစ်ပေးပြီး မုန်းတီးရလောက်တဲ့အထိ သူမမှားတာ သေချာတာမို့ သူ ကိုကို့ကို မာနတွေနဲ့ အနိုင်ယူချင်ပါသည်။
" ... ဒီအတွက် လုပ်အားခ ဘယ်လောက်ရနိုင်မလဲ ..."
ဂျောင်ကုဆီက ထွက်လာတဲ့မေးခွန်းအတွက် ဆော့ဂျင် ဆွံ့အမိသွားသည်။ ကြိုက်သလိုသုံးဖြုန်းနိုင်ဖို့ ကတ်တစ်ကတ်လုံးပေးထားပေမယ့် ဂျောင်ကုဟာ ဘာအတွက်မှမသုံးသလို အခုလို မေးခွန်းမျိုး ထွက်လာလေတော့ သူလက်ကိုင်ကို တင်းနေအောင် ဆုပ်ကိုင်လိုက်မိသည်။
" !! ဘာသဘောလဲ !! "
" ... တစ်ယောက်ကို တစ်ယောက် ချစ်လို့ လက်ထပ်ထားကြတာမှ မဟုတ်တာ ~~ အစ်ကိုက ကျွန်တော့်ကို အင်တာတိန်းမန့်နဲ့ အပေးအယူလုပ်ဖို့ လက်ထပ်ခဲ့တာလေ ... ကျွန်တော် အစ်ကို့ပိုက်ဆံကို အလကားမဖြုန်းချင်ပါဘူး ... ထိုက်တန်သလောက်အလုပ်လုပ်ပြီး ထိုက်တန်သလောက်ပြန်ယူမှာ ... "
ထပ်ထွက်လာတဲ့စကားကြောင့် ဆော့ဂျင် ဂျောင်ကုကို လှည့်ကြည့်မိသည်။ ဂျောင်ကုရဲ့ ခပ်အေးအေးမျက်နှာထားက သူ့ကို ရင်ပူနိုင်လောက်တဲ့အထိ အဆိပ်ပြင်းလွန်းသည်။
" .. ငါနဲ့ လက်ထပ်ထားတယ်ဆိုကတည်းက အဲ့ဒါ မင်းအလုပ်ပြီးနေပြီလေ ဘာအကြောင်းတွေ ထပ်ဖန်တီးပြန်ပြီလဲ ..."
" ... မဟုတ်ဘူးလေ အစ်ကိုပြောသလို ကျွန်တော့်အလုပ်က အစ်ကိုအလိုရှိတဲ့အချိန် အိပ်ယာပေါ်တက်ပေးရတာလေ ... အခု အစ်ကိုအိမ်ပြန်မလာတာ ရက်ဆက်နေပြီဆိုတော့ ကျွန်တော်လည်း ရှင်သန်ဖို့ ငွေတော့လိုတာပေါ့ ... အလကားတော့ မသုံးချင်ပါဘူး "
ရိုက်သတ်ပစ်စရာကောင်းလောက်တဲ့အဖြေမျိုးကို ဂျောင်ကုဆီက ရလေတော့ ဆော့ဂျင် လက်ဖျားခါမိသွားသည်။ဒီအသေးလေး ဒီလောက် စပ်မှန်း သူ တစ်ခါလေးတောင် မတွေးထားဖူးပါ။
" ငွေက အဲ့လောက်တောင် အရေးကြီးလား မင်းအတွက်! "
ဒီစကားကိုတော့ ဂျောင်ကုပြန်မဖြေဘဲ ကားမှန်ကနေတစ်ဆင့် အပြင်က လှုပ်ရှားနေတဲ့အရာတွေကို ငေးကြည့်သည်။
" ကောင်းပြီ ဂျောင်ကု! မင်းပြောသလိုပဲ ငါမင်းကို တစ်ခါအသုံးချမိတိုင်း တန်ရာတန်ကြေးပေးရတာပေါ့... "
ကိုကို့စကားအဆုံးမှာ ဂျောင်ကု လက်သီးကို တင်းနေအောင်ဆုပ်မိသည်။ စိတ်ဆိုးပြီး အနိုင်လိုချင်လို့သာ မာနထားနေပေမယ့် တကယ်တော့ ကိုကို့ဆီက အလျော့ပေးတာကို သူ မျှော်လင့်နေတာဖြစ်သည်။ ကိုကိုက သူနာကျင်တာကိုပဲ လိုချင်တာသိပေမယ့် သူနာကျင်နေတဲ့ပုံရိပ်တွေကို ကိုကို့ရှေ့ ထုတ်မပြနိုင်။ သူ တစ်ခါလေးလောက် ကိုကို့ကို အနိုင်လိုချင်ပါသည်။ သူ့မှာ ကိုကို့လောက် အင်အားမရှိဘူးဆိုရင်တောင် ကိုကို နောက်တစ်လှမ်းဆုတ်သွားတာမျိုး သူလိုချင်သည်။ သို့ပေမယ့် ကိုကိုကတော့ သူ့ကို အနိုင်ရပြီးရင် စွန့်ပစ်တော့မှာ မလား။ သူ ပြိုလဲနေတဲ့ပုံတွေကို အပြည့်အဝ ကျေနပ်အားရသွားရင် သူ့ကို စွန့်ပစ်မှာမလား။ အဲ့ဒါကြောင့် သူ ပြိုလဲနေတာတွေ ကိုကို့ကို ပြလို့မဖြစ်။
အဲ့ဒီ့နောက် Red Carpet အတွက် ကိုကို့လက်ကို သူတွဲကာ အပျော်ရွှင်ဆုံးမျက်နှာဘေးနဲ့ ပါတီထဲကို ဝင်ခွင့်ရခဲ့ပါသည်။ ပါတီထဲရောက်မှ သူသိရတာက ကိုကိုဟာ ကိုကို့ကောလဟလတွေကို ရှင်းထုတ်ဖို့အတွက် လက်ထပ်ပြီးသား ဆိုတဲ့ခေါင်းစဉ်နဲ့ ရုပ်ရှင်နယ်ပယ်ထဲကလူတွေကို ပါးစပ်ပိတ်စေခဲ့တာဖြစ်သည်။ အဲ့ဒီလိုပဲ ပါတီထဲမှာ သူဟာ ကိုကို့အပိုင်ဆိုတာ အားလုံးကို ချပြရင်း သူ့ကို သိပ်ချစ်ကြောင်း ကောင်းကောင်း သရုပ်ဆောင်ပြသွားခဲ့ပါသည်။
တကယ်ဆို ကိုကိုဟာ အဆိုတော် မဟုတ်ဘဲ သရုပ်ဆောင်လုပ်ခဲ့ရမှာပင်။ ပြီးပြည့်စုံတဲ့သရုပ်ဆောင်မှုမျိုးနဲ့ သူ့ကို သိပ်ချစ်ကြောင်း လူအများဆီမှာ ဖွင့်ချပြပြီးတဲ့နောက်မှာတော့ ကိုကို့နာမည်ဟာ အနုပညာနယ်ပယ်ထဲမှာ ပြန်ပြီး ရေပန်းစားခဲ့ပါသည်။ အဲ့ဒီလိုပဲ HYPE Labelရဲ့ ဆက်ခံသူအနေနဲ့ပါ တွဲသိကုန်ကြတော့ ကိုကို့ရဲ့ရှယ်ယာတွေဟာလည်း ထင်ထားတာထက် ထိုးတက်ကုန်သည်။ အမြတ်အစွန်းတွေအပြင် နာမည်ကောင်းနဲ့ ကျော်ကြားနေခဲ့တာမို့ ကိုကိုကတော့ အမြဲတမ်း ပြုံးပျော်နေနိုင်ခဲ့ပေမယ့် သူကတော့ ကိုကိုထားခဲ့တဲ့ အိမ်ကြီးအတွင်းမှာ တစ်လလုံးလုံး တစ်ယောက်တည်း တိတ်ဆိတ်စွာ ငြိမ်သက်ခဲ့ရပါသည်။
ဒါဟာ အထီးကျန်ခြင်းရဲ့အစဆိုရင် ကိုကို အနိုင်ရစေဖို့အတွက် သူ အရှုံးပေးတော့မှာဖြစ်သည်။ ရှေ့ဆက်ပြီး ဆက်သွားလို့မရတော့တဲ့လမ်းအဆုံးကို ကိုကို့ထက်အရင် သူရောက်နေခဲ့ပြီးပြီဖြစ်သည်လေ။
💠💠💠
Happy Valentine Day
ချစ်သူများနေ့မှာ ချစ်သူရှိရှိ မရှိရှိ ပျော်ရွှင်ကြပါစေ ... 🥂
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Me, Myself & Bad Romance
" (ေဒါက္ .. ေဒါက္.. ေဒါက္) "
နားထဲ တိုးဝင္လာတဲ့ အသံထူထူေၾကာင့္ သူလန႔္ၿပီး မ်က္လုံးဖြင့္လိုက္မိသည္။ ဝန္းက်င္ကို သူၾကည့္မိေတာ့ ညကအတိုင္း ထမင္းဝိုင္းမွာ ကိုကို႔ကို ေစာင့္ရင္း အိပ္ေပ်ာ္သြားသည္ပင္။
" ေဂ်ာင္ကု! အခန္းထဲ မအိပ္ဘဲ ဒီမွာ ဘာလုပ္ေနတာလဲ "
သူ႔ေဘးနားကေန ကိုကို႔အသံထြက္လာတာမို႔ သူေမာ္ၾကည့္မိေတာ့ အမူးလြန္ၿပီး အခုမွ အိပ္ယာထလာပုံရတဲ့ ကိုကို႔ပုံစံဟာ ဖ႐ိုဖရဲပင္။ ၾကည့္ရတာ ညက အိမ္ျပန္မလာဘဲ တစ္ေနရာရာမွာ။သြားအိပ္ခဲ့တာနဲ႔တူသည္။ မၿဖီးသပ္ထားတဲ့ဆံပင္ဖ႐ိုဖရဲရယ္၊ ရႈပ္ပြေနတဲ့ရွပ္အျဖဴရယ္၊ ကုတ္ကို ပခုံးေပၚျဖစ္သလို တင္လာၿပီး ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတဲ့ ခါးပတ္ရယ္ .... ။
" ကိုကို! "
မေန႔ညက ျပန္မလာတာကို စိတ္မဆိုးႏိုင္ဘဲ ကိုကို႔အနားတိုးကပ္မိေတာ့ ကိုကိုက မ်က္ေမွာင္ၾကဳတ္ကာ ေနာက္တစ္လွမ္းဆုတ္သည္။ ကိုကို႔ကို ၾကည့္ရတာ စိတ္မၾကည္ေနတဲ့ပုံေပါက္ေနၿပီး သူ႔ကို အာ႐ုံရေနတဲ့ပုံမေပၚ။
" အျပင္မွာ အိပ္မေနဘဲ အခန္းထဲဝင္အိပ္! လာ!"
သူ ေျပာမယ့္စကားကိုေတာင္ နားမေထာင္ႏိုင္ဘဲ ေက်ာခိုင္းကာ အေပၚထပ္ကို လွမ္းေတာ့ သူ ေၾကာင္ေတာင္ေတာင္ေလး က်န္ေနခဲ့ျပန္သည္။ သို႔ေပမယ့္ သူ႔ေျခလွမ္းေတြက ကိုကို႔အေနာက္ကို ထပ္ၾကပ္မကြာလိုက္ရင္း အေပၚထပ္အခန္းထဲထိ လိုက္သြားေပမယ့္ ကိုကိုကေတာ့ သူ႔ကို အေရးမပါသလို ဘာစကားတစ္ခြန္းမွမေျပာ။ မေန႔က အလုပ္ခရီးကေန ျပန္ေရာက္လာတဲ့ပုံစံအတိုင္း အက်ႌေတြခြၽတ္ကာ ေရခ်ိဳးခန္းဆီ ဦးတည္သည္။ သူ႔ဆီမွာ ေမးခြန္းေတြက မ်ားေနၿပီမို႔ စိတ္မတိုေနေပမယ့္ စိတ္ေကာက္ေနတဲ့ မ်က္ႏွာနဲ႔ ေရခ်ိဳးခန္းအေရွ႕ထိ လိုက္သြားမိသည္။ ဒါေတာင္ လ်စ္လ်ဴရႈဖို႔ ႀကိဳးစားေနေတာ့ ကိုကို ေရခ်ိဳးခန္းတံခါးမပိတ္ခင္ သူ ဆြဲတားလိုက္မိသည္။
" ကိုကို ဘာေတြလုပ္ေနတာလဲ! ဘာျဖစ္ခ်င္ေနတာလဲ သားသား စိတ္ဆိုးမိေတာ့မွာေနာ္! "
သူ႔စကားေၾကာင့္ ကိုကိုက သူ႔ကို အင္တင္တင္မ်က္ႏွာထားနဲ႔ စိုက္ၾကည့္သည္။
" ... ေအး! စိတ္ဆိုးခ်င္ဆိုးလိုက္! ငါေရခ်ိဳးရမယ္ ငါ့ကိုေတာ့ လာမေႏွာင့္ယွက္နဲ႔ အခ်ိန္မရဘူး ..."
ေျပာၿပီးတာနဲ႔ သူ႔ကို တြန္းထုတ္ကာ ေရခ်ိဳးခန္းတံခါးကို ဆြဲပိတ္ေတာ့ သူတကယ္ စိတ္တိုသြားရသည္။
ဘယ္ေလာက္ပဲ အလုပ္မွာ အဆင္မေျပေနပါေစ သူ႔ကို အဲ့ေလာက္ႀကီးထိ ဆက္ဆံဖို႔လိုလို႔လား ... မေတြ႕ရတဲ့တစ္ပတ္အေတာအတြင္းမွာ ကိုကို႔ကို ေျပာင္းလဲသြားေစတာက ဘာေၾကာင့္လဲ ... သူ ဘာအမွားမ်ားလုပ္မိထားလို႔လဲ ...
ေတြးရင္း စိတ္တိုလာေပမယ့္ ကိုကို႔ကိုသာ ေစာင့္ဖို႔ဆုံးျဖတ္မိသည္။ သိပ္မၾကာတဲ့အခ်ိန္မွာပဲ ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ကိုကို ... ေသခ်ာၿဖီးလိမ္းျပင္ဆင္ၿပီး သူ႔ကို လ်စ္လ်ဴရႈထားျပန္ေတာ့ သူ ထပ္မေစာင့္ႏိုင္ေတာ့။ ထို႔ေၾကာင့္ မေန႔က ေရာက္လာတဲ့စာအိတ္အညိဳနဲ႔ သူ႔ကတ္ေတြကို ကိုကို႔ေရွ႕ပို႔ကာ ေမးခြန္းထုတ္မိသည္။
" ဘာျဖစ္လို႔လဲ ကိုကို! ကြၽန္ေတာ္ အလုပ္လုပ္တာက ဘာမ်ားမွားသြားလို႔လဲ "
" ... ငါမဟုတ္တဲ့ တျခားသူေတြနဲ႔ အတူတူမျမင္ခ်င္႐ုံပဲ ..."
ယုတၱိမရွိတဲ့အေျဖအဆုံး သူ႔ကို မၾကည့္ဘဲ မွန္ကိုပဲ ၾကည့္ကာ အျပင္ျပန္ထြက္ဖို႔ ျပင္ဆင္ေနတဲ့ ကိုကို႔ကို သူ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ဆြဲလွည့္မိသည္။
" ကိုကို ႐ူးေနတာလား! ဘာေတြ ျဖစ္ေနတာလဲ! ဘာေတြ မေက်နပ္ေနတာလဲဆိုတာ ရွင္းရွင္းလင္းလင္းေျပာလို႔မရဘူးလား "
သူ႔ေမးခြန္းအဆုံး ကိုကို႔လက္ေတြက သူ႔ပါးေစာင္ကို ဖ်စ္ညႇစ္သည္။
" .... ငါ မင္းကို ဘာလို႔လက္ထပ္ခဲ့လဲ သိတယ္မဟုတ္လား ... အဲ့ဒီ့ေန႔က ငါနဲ႔အေဖေျပာေနတာအကုန္မင္းၾကားခဲ့တာပဲမလား "
ကိုကို႔စကားေၾကာင့္ သူေမ့ထားမိတဲ့အမွန္တရားကို ဖ်တ္ကနဲ႔ သတိရလိုက္မိသည္။ သူ ကိုကို႔ကိုလက္ထပ္တဲ့ေန႔မွာပဲ သိခဲ့ရတဲ့အမွန္တရားေလ၊ ကိုကိုက သူ႔ကို ကိုကို႔အေဖသေဘာအတိုင္း လက္ထပ္ေပးၿပီး အင္တာတိန္းမန႔္နဲ႔ အေပးအယူလုပ္ထားတယ္ဆိုတဲ့အေၾကာင္းေလးေလ။
ေဂ်ာင္ကု ဘာမွျပန္မေျပာႏိုင္ခင္မွာပဲ စိတ္တိုေနမိတဲ့ေဒါသေတြ ခ်ဳပ္ၿငိမ္းၿပီး ႐ုတ္တရက္ ကိုကို႔ကို ေအးတိေအးစက္ သူၾကည့္မိေတာ့ ႏႈတ္ဖ်ားေတြက ဘာမွ ျပန္မေျပာႏိုင္ေလာက္တဲ့အထိ ဆြံ႕အလ်က္ ႏွလုံးသားက ေျမျမႇဳပ္ထားမိတဲ့ ဒဏ္ရာတစ္ခ်ိဳ႕ကို ျပန္တူးေဖာ္မိသည္။
" .... ဘာလဲ ... ငါနဲ႔ အိပ္ယာေပၚက ဆက္ဆံေရးအဆင္ေျပတယ္ဆိုတိုင္း မင္းကိုယ္မင္း ဟုတ္လွၿပီထင္ေနတာလား? ဂြၽန္ေဂ်ာင္ကု! ငါ အင္တာတိန္းမန႔္ကို လိုခ်င္လို႔ မင္းနဲ႔လက္ထပ္လိုက္႐ုံပဲ ... ဘာကိစၥ မင္းေရွ႕ေန႐ုံးဖြင့္ခ်င္တဲ့ကိစၥကို ငါ ကူညီေပးရမွာလဲ ... ငါ့လို စီအီးအိုတစ္ေယာက္ရဲ႕ ေယာက်ၤားအေနနဲ႔ အိမ္မွာပဲေန! လိုခ်င္တာရွိရင္ အကုန္ဝယ္! ႀကိဳက္သလိုျဖဳန္း! အခ်ိန္တန္လို႔ ငါလိုအပ္လာရင္ မင္းက ဒီတိုင္း ကုတင္ေပၚတက္ေပး႐ုံပဲ "
ထိုစကားအဆုံးမွာေတာ့ ကိုကို႔ေကာ္လံကေန ဆြဲယူကာ ကိုကို႔မ်က္ႏွာကို သူ တစ္ခ်က္ ဆြဲထိုးလိုက္မိသည္။
" ( ခြပ္ ) "
အားပါသြားတာမို႔ ကိုကို႔မ်က္ႏွာ လည္ထြက္သြားေပမယ့္ သူကေတာ့ ကိုကို႔ကို မေခ်မငံ့ၾကည့္မိသည္။ တကယ္ေတာ့ သူ ကိုကို႔ကို မထိုးခ်င္ေပမယ့္ တဆတ္ဆတ္နာတဲ့ႏွလုံးသားရဲ႕နာက်င္မႈကို ေျဖသိမ့္ဖို႔ ထြက္ေပါက္လိုသည္ေလ။
" ငါ မင္းကို ျပန္မထိုးႏိုင္ဘူး ထင္လို႔လား ဂြၽန္ေဂ်ာင္ကု! "
ဒီတစ္ခါ ကိုကိုက အရင္တစ္ခါနဲ႔မတူစြာ သူ႔ဘက္ကို ခ်က္ခ်င္းလွည့္ၿပီး သူ႔လည္တိုင္နားက အက်ႌစကို ဆြဲယူသည္။
Advertisement
- In Serial63 Chapters
True Essence
'The world we live in is a world of essences.Everything has an essence, animals, plants, elements, concepts.And only those who can understand them,can see the world as it really is.'Gen ended up losing his essence, and after trying everything and not being able to get it back, a man advises him to go to the Dahji Desert.After three years living there, Gen finally leaves towards a ruin that could be the solution he was looking for.Follow Gen on his journey in this world of essences, making friends, finding unimaginable places and dominating the essences.
8 135 - In Serial17 Chapters
SAE: Black and White
After 209 years, only 0.1% of what humanity once was still survives. Since after the first incident of SAE, all creatures on the planet started evolving rapidly, taking down human supremacy and making nature a warfare for the perfect species to be created. Even so, people still build lives and fight, being for power, family, or to find the right path in a world where humans are forced to live in fortresses and never step in the forest outside the walls. While with the change of rules, a new metal called Black Cutter together with the new form of power, the Vis, are fundamental for the future actions for humanity to prevail. Can our platoon of sixteen young soldiers of the Academy survive in this world where only who adapt faster thrives? Average chapter's length: 2000 words (4000 per episode)
8 180 - In Serial19 Chapters
She Who Reigns the Stars [Vol. 1]
*Remastered version of She Who Reigns the Stars* Tell me, what will become of us? Presenting your Goddess… Asteria, Supreme Deity of Stalera, the nation of the Universe. She who rules the stars with steel eyes and an iron will, the glorious, the beautiful, the adored Goddess, has now fallen under the hands of her nemesis… The Archfiend, Emperor of Talonis, the nation of Vice and its Shadows, has now assumed reign over Stalera after the death of the Goddess. With the power of Vice, its Shadows, and the Universe, it is assumed that he would be satisfied now that Stalera was under his mercy, and the other two nations of Yelerna and Antalis would follow suit. But much to our surprise, he isn’t because he still lacks the… Ruby, The Goddess’ last attempt to save her empire and the entirety of the Universe. Before her death, the Goddess sealed a portion of her blood, which contained the remaining powers of the Universe the Archfiend hadn’t obtained, away from his grasp. She entrusted it to one of her Zodiac Warriors, a member of her elite service known as the Zodiac Warrior Circle, and instructed him to hide the precious jewel on Earth. The restoration of Stalera and the defeat of the Archfiend would lie in the hands of whoever inherited the ruby jewel. Those who inherited the ruby were known as the Goddess’ Successor, and the one next in line to inherit it is… Auriella Corentin. Life was never the same for Auriella the night her Grandmama gave her the ruby jewel and died, thrusting the poor girl into a world of magic. Now in possession of the Goddess’ blood, it wouldn’t be long until the Archfiend found her, killed her, and obtained her ruby inheritance. But Auriella never wanted this responsibility, not when she had her own past and inner demons to battle against. Nevertheless, she finds herself seeking an alliance with the Zodiac Warriors and a strange barista as she learns to wield the powers the Goddess bestowed to her. But as frequent demon attacks, a secret admirer (or stalker), strange notes, and a handsome, amber-eyed boy pile onto her plate, it is no longer clear whether the universe needed Auriella to be their savior or to be the Goddess’ (inferior) replacement. A Goddess in need of redemption. Four Nations at the brink of destruction. Our question still remains unanswered… What will become of us? [Updates Monday, Wednesday, Friday @8pm PST]
8 133 - In Serial10 Chapters
Violin [CPN]
Since I first play the violin,I become more happy.I loved violin.Until I joined his orchestra.***A cellphone novel.Cover by @-canaeris
8 180 - In Serial77 Chapters
Wings ↻ Zhong Chenle
↻ Mafia/Gang au↻"God you're the best thing that has happened to me I swear."
8 209 - In Serial144 Chapters
Real Love | Big Scarr
Kodi is just a normal girl who loves having a good time and making money. What will happen after having fun takes a turn for the worst, and she's saved by Scarr, a trapper. Will this turn out to be the best encounter that has ever happened or a wicked one?
8 145

