《My brother's girlfriend》part 38
Advertisement
လီလီ ဟန်နီ၏အိမ်တွင်3ရက်လောက်သောင်တင်နေပြီဖြစ်သည်။ ဟန်နီကအစားေရွးတဲ့လီလီ့ကိုမငြိုငြင်သည့်အပြင်လိုအပ်တဲ့အသုံးဆောင်တွေလဲဝယ်လာပေးသည်။ ထို့ပြင်အခုတလောဟန်နီသည်အလုပ်ကိုခွင့်ရှည်ယူထားသည့်ပုံပါ။ 24နာရီလုံးလီလီ့အနား၌နေပေးပြီးမျက်စိအောက်အပျောက်မခံဆိုသလိုတကယ်အပျောက်မခံပါ။ မုန့်တွေအွန်လိုင်းကမှာထားတာတွေ delivery နဲ့ရောက်ပြီးဆိုသူပဲဆင်းယူသည်။ ဘာကြောင့်မှန်းမသိ1မိနစ်တောင်မပြည့်ခင်အမြန်ပြေးပကန်လာသည်။ အနောက်မှာတစ်ယောက်ယောက်လိုက်လာသလိုမျိုး..........
လီလီ : "ဘာဖြစ်လို့လဲ။ သူတို့တွေတွေ့သွားလို့လား။ "
လီလီကစိုးရိမ်တကြီးနဲ့မေးရင်လဲသူကရယ်ကျဲကျဲနဲ့ပဲ
ဟန်နီ : "သဲလေးကိုစိတ်မချလို့လေ။ အမသွားတဲ့တစ်စက္ကန့်လေးအတွင်းမှာတစ်ယောက်ယောက်ဝင်လာရင်ဘယ်လိုလုပ်မလဲ "
အဲ့လိုမျိုးပဲအမြဲပြန်ဖြေသည်။ ဟန်နီ လီလီ့အပေါ်ထားသည့်ခံစားချက်ကိုလီလီခံစားမိသော်လည်းခင်လေးနွယ်ဆိုသူကြောင့်မသိချင်ယောင်ဆောင်မှဖြစ်မည်။ ခင်ကတော့လီလီ့အစ်ကိုကိုမသိချင်ယောင်မဆောင်ခဲ့ပေမယ့်လို့ပေါ့။
ဟန်နီ : "လီလီ့ရဲ့ဖုန်းကသူတို့ယူသွားပြီထင်တယ်။ မတွေ့တော့ဘူး။ အဲ့ဒါကြောင့်တစ်ခုခုလုပ်ချင်တာရှိရင် မရဲ့ဖုန်းကိုသုံးနော်။ "
ဘာကြောင့်ဖုန်းအသစ်မဝယ်ပေးတာလဲလို့ဒီပါးစပ်ပုတ်ကပြောထွက်မိတော့မည်။ ဟန်နီ့ကဘာလို့ဖုန်းဝယ်ပေးရမည်နည်း။ ခင့်ကိုဖုန်းဆက်ချင်သော်လဲရက်နည်းနည်းလောက်ပဲသည်းခံပြီးနေယုံပင်။ ခင့်မှာကအလုပ်တစ်ဖက်မအားသည့်ကြားကလီလီ့ကိုလာတွေ့မှာကိုး.......
မလွမ်းဘူးဆိုလီလီမုသားကိုပြောဆိုခြင်းသာဖြစ်သည်။
သေမတတ်အောင်လွမ်းနေပေမယ့်၊
သူရဲ့ကလေးရေဆိုတဲ့အသံလေးကြားရင်အဆင်ပြေသွားပေမယ့်၊
သူရဲ့ရင်ခွင်မှာတိုးချင်ပေမယ့်
ဟန်နီပေးတဲ့ဂရုစိုက်မှုများကအဲ့ဒီလွမ်းနေသည့်စိတ်ကိုရှက်အောင်လုပ်လိုက်သည်။ ခင့်ကိုလွမ်းနေသည့်စိတ်များသည်ရှက်ပေမယ့်လို့ခေါင်းထဲကမထွက်နိုင်အတွင်းတစ်နေရာတွင်ပုန်းနေဆဲဖြစ်သည်။
ဟန်နီ : "သဲလေး မ ပြောတာကြားရဲ့လား။ ဘာတွေစဉ်းစားနေတာလဲ "
လီလီ : "ဟမ် အာ ....လီလီအိပ်ငိုက်နေလို့မကြားလိုက်ဘူး။ နောက်တစ်ခေါက်ထပ်ပြောပါလား "
ဟန်နီ : "ဪ လီလီ့ရဲ့အမေကပြန်လာရင်ကိုကြီးတို့ရဲ့မဂ်လာပွဲကိုအရင်လုပ်မယ်တဲ့။ တစ်ဖက်မိဘကမဂ်လာပွဲကိုအမြန်စီစဉ်နေကြတဲ့ပုံပဲ။ ဘာသာကွဲတွေဆိုတော့လဲမဂ်လာပွဲကနှစ်မျိုးတောင်လုပ်ရမှာပေါ့။ ကြည့်ရတာဒီကဘုန်းကြီးကျောင်းမှာမဂ်လာပွဲတစ်ခေါက်လုပ်ပြီးUKမှာလဲတစ်ခေါက်လုပ်မယ်နဲ့တူတယ်။ UKသွားရင်လီလီနဲ့မမကိုပါခေါ်သွားမယ်တဲ့ပြီးတော့...."
လီလီလက်ပြလိုက်ပြီးေခါင်းကမိုက်ကနဲဖြစ်သွားသဖြင့်လဲကျေတာ့မလိုဖြစ်ေနေသာကြောင့်ဟန်နီကစကားဆက်မပြောတော့ပဲစိုးရိမ်တကြီးဖြင့်သူမရဲ့လက်တစ်ဖက်ကလီလီ့ရဲ့ဘယ်ဘက်လက်မောင်းကိုတင်းကြပ်စွာနှင့်ကျန်တစ်ဖက်ကလီလီ့ရဲ့ညာဘက်လက်ဖမိုးကိုညင်ညင်သာသာနှင့်အုပ်မိုးထားသည်
ဟန်နီ : "သဲ အဆင်ပြေရဲ့လား"
လီလီအပြုံးဟုမမည်ေသာဟန်ေဆာင်အပြုံးကိုပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။
ဟန်နီ : "ဆေးသောက်ပြီးရင်ဒီညတော့စောစောအိပ်လိုက်တော့။ အခန်းထဲမှာချည်းနေနေရလို့မလန်းဆန်းတာဖြစ်မယ်။ "
လီလီ : "အင်းပါ။ ဒါနဲ့မ ပြောစရာကျန်သေးတယ်မလား"
ဟန်နီ : "မနက်ဖြန်ကျရင်လီလီ့ရဲ့အမေနဲ့ကိုကြီးတို့လင်မယားဘားအံကိုလာလိမ့်မယ်။ ဟိုကောင်တွေကတော့တရားရင်ဆိုင်နေရပြီလေ။ ပြီးတော့ကြီးကြီးကလဲေရာဂါပိုဆိုးလာလို့။ အဲ့တာ..သဲလေးသွားချင်လားလို့ "
လီလီ : "ကိုကြီးတို့ကလက်မထပ်ရသေးပါဘူး။ လင်မယားလို့မသုံးပါနဲ့ "
ဟန်နီ : "နောင်ကျရင်ဖြစ်လာမှာပဲဟာ"
လီလီ : "မသုံးနဲ့ဆိုမသုံးနဲ့လို့!!!"
လီလီအော်ပြောလိုက်မိတော့ဟန်နီကလွန်ခဲ့တဲ့နှစ်တွေကလီလီ့ကိုအော်ခဲ့မိတယ်ကိုယ့်ကိုကိုပြန်မြင်ယောင်လာသည်။ အနည်းငယ်တော့လန့်သွားသည်။ ဟန်နီထင်ခဲ့သည်ကလေးကနုနုနယ်နယ်လေးမို့လို့။ ဒေါသထွက်နေသည့်ကလေးကိုထိန်းချုပ်ရမှာကိုယ်ပဲရှိတာမို့လို့ဟန်နီကပါလိုက်အော်ပြီးစိတ်ဆိုးလို့မဖြစ်။ မျက်နှာအနေအထားကိုပြောင်းလိုက်ကာကလေးကိုမသိမသာချော့ရပါမည်။
ဟန်နီ : "ဟုတ်ပြီ ဟုတ်ပြီ။ မ အဲ့လိုမသုံးတော့ဘူးနော် မကိုစိတ်မဆိုးပါနဲ့"
ကုတင်ပေါ်မှာထိုင်နေသည့်သူ့ဘေးနားကဝင်ထိုင်ဖို့ပြင်လိုက်ပေမယ့်ချော့နေသည်မို့လို့သူရှေ့ကဒူးထောက်ထိုင်တာကပိုအဆင်ပြေလိမ့်မည်။ အစကတည်းကနေလက်တစ်ဖက်ဖြင့်လီလီ့ရဲ့လက်ကိုကိုင်ထားပေမယ့်အခုလက်နှစ်ဖက်စလုံးကိုလီလီ့ရဲ့ပေါင်ပေါ်မှာရှိနေတဲ့သူမရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။ သူမနဲ့မျက်လုံးချင်းဆိုင်လိုက်တော့လီလီ့မျက်ဝန်းကအနည်းငယ်မျက်ရည်ဝိုင်းလာသလိုပင်။
ဟန်နီ : "ချောကလက်marshmallowသောက်မလား။ "
လီလီ : "အင်းး"
ချက်ချင်းပြောင်းလဲသွားသည့်သူမရဲ့ပြုံးနေသည့်မျက်ဝန်းများကိုတွေ့လိုက်ပါသည်။ ဟန်နီ့ဘဝတွင်ပြုံးနေသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားသည့်သူဆိုလို့လီလီတစ်ယောက်ထဲသာရှိသည်။ ထိုမျက်ဝန်းများသည်အလင်းလိုပင်။
ဟန်နီတွင်ဘယ်လောက်ပင်ကြီးမားတဲ့ပြသာနာများရှိရင်တောင်၊
လီလီကတောင်ဖြေရှင်းပေးလို့မရတဲ့လီလီနဲ့မဆိုင်တဲ့ပြသာနာတွေဖြစ်နေရင်တောင်
လီလီ့ရဲ့ပြုံးနေသည့်မျက်ဝန်းကအရာအားလုံးကိုဖြေရှင်းပေးနိုင်သည်။ ရင်ဆိုင်ပေးနိုင်သည်။
ထိုပြုံးနေသည့်မျက်ဝန်းတွေသည်ဟန်နီ့ရဲ့အရာရာပင်ဖြစ်သည်။ အဲ့ဒီမျက်ဝန်းတွေသည်ဟန်နီရဲ့ဘဝ၊ ဟန်နီရဲ့အရှင်၊ ဟန်နီရဲ့ဘုရားသခင်၊ ဟန်နီရဲ့အလင်းရောင်၊ ဟန်နီရဲ့ချစ်ခြင်းမေတ္တာ၊ ဟန်နီရဲ့အချစ်ဦး အို ပြောလို့တောင်စုံမှာမဟုတ်ဘူး။ အဲ့လောက်ထိချစ်တာ။ အဲ့ဒီပြုံးနေတဲ့မျက်ဝန်းလေးတွေကို။ အဲ့ဒီအပြုံးမပျက်အောင်အမြဲကာကွယ်ပေးမယ်။ အဲ့ဒီပြုံးနေတဲ့မျက်ဝန်းလေးတွေကို...
-
-
-
-
-
-
-
-
-
" ဘာ! သမီးဘာပြောလိုက်လဲ "
ခင် : "ဟုတ်တယ်အမေ။ အမေကြားလိုက်တဲ့အတိုင်းပဲ။ သမီးအရင်တုန်းကတော့အမေတို့မသိအောင်ပဲနေမလို့ပဲ။ အမေတို့ကကိုစောနဲ့စတွဲတဲ့နေ့ကတည်းကနေအခုချိန်ထိသမီးသဘောမပါနဲ့လျှောက်လုပ်နေတုန်းပဲ။ အဲ့ဒီတုန်းကအမေ့ရဲ့သမီးလိမ္မာလေးဖြစ်ချင်လို့ငြိမ်နေခဲ့ပေမယ့်အခုတော့မရတော့ဘူးအမေ "
ခင့်စိတ်ကိုအခုေလာက်ထိစိတ်မထိန်းပဲအော်ဟစ်ပြီးပြောချင်သောလဲအိမ်မှာကိုစောတို့မိသားစုရှိလားမရှိလားမသိသဖြင့်မေမေတို့ကိုလဲအရှက်မရစေချင်သဖြင့်.........
အမှန်ဆိုခင်ကမိန်းကလေးတစ်ယောက်ကိုကြိုက်နှစ်သက်သည်ဆိုကတည်းကနေမိဘေတွကိုအရှက်ရစေပြီးဆိုသော်လဲအော်ဟစ်ရန်ဖြစ်တာကပိုပြီးအရှက်ရလိမ့်မည်လို့ထင်၍ဖေဖေတို့ရှေ့ထိုင်ပြီးပြောနေခြင်းသာ
ခင့်အမေ: "အခုမှပွဲလာမဖျက်စမ်းနဲ့။ ငါကမင်းအမေပဲ။ သိတာပေါ့ မင်းငယ်ငယ်လေးကတည်းကနေမိန်းကလေးတွေကိုပဲကြိုက်တယ်ဆိုတာ။ လူရည်လူမွန်လေးတွေနဲ့တွေ့ရင်မင်းပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်ထင်နေတာ။ လက်ထပ်ပွဲတွေလုပ်ငန်းတွေအကုန်ပူးေပါင်းပြင်ဆင်ပြီးမှအဲ့ရောဂါကထလာသတဲ့လား။ မဖြစ်ဘူး။ မနက်ဖြန်စိတ်ဆရာဝန်ဆီသွားရမယ်။ ဒင်းရဲ့ရောဂါကြောင့်နဲ့အမေတို့ဘက်ကနောက်မဆုတ်နိုင်ဘူး။ ယောကျား ရှင်လဲပြောဦးလေ"
အမေကမနားတမ်းပြောပြီးအဖေ့ကိုပါအဖော်လာစပ်နေတော့အဖေကလဲအသက်ကိုဝအောင်ရှုသွင်းကာရေတစ်ခွက်သောက်လိုက်သည်။ လာမယ့်အခြေအနေေတွဘယ်လောက်ဆိုးမလဲ ခင် ခန့်မှန်းလို့မရပေမယ့်ချစ်ရသူနဲ့အစ်ကိုနဲ့လက်ထပ်ပြီးချစ်ရသူနဲ့ယောင်းမတော်နေရမည့်အဖြစ်လောက်ဆိုးမှာမဟုတ်ပါ။
ကိုစောသည် I love you နှင့် I like you ကိုမခွဲခြားတတ်တဲ့တောသားကဲ့သို့ပင်။
သူသည်ခင့်ကိုတစ်ခါမှမချစ်ခဲ့ပါ။ ခင်ရဲ့အလှတွေကိုသာသဘောကျခဲ့တာဖြစ်သည်။ ထို့နောက်နေလာတဲ့4နှစ်သံယောဇဉ်ကိုထည့်ပေါင်းလိုက်တော့ ကိုစောအတွက်ထိုအရာသည်အချစ်ဖြစ်သွားသည်။ အမှန်ကိုပြောရလျှင်ထိုအရာသည်အချစ်ကိုဘာမှန်းမသိခဲ့သည်ခင့်အတွက်လဲဒါကဟာအချစ်ပါလားဟုထင်ခဲ့ဖူးသည်။ ခင့်ရဲ့ညီမလေးနွယ်နီ ေခါ် suzyကအဲ့ဒီနေ့ကညစာစားပွဲတွင်ပြန်လာသည့်အထိ....
နွယ်နီ : "ဟင့်အင်း သူကအစ်မကိိုချစ်တာမဟုတ်ဘူး။ အစ်မနွယ်နီ့ကိုအချိန်6လလောက်ပေး မဟုတ်ဘူး 3လလောက်ပဲပေး။ အဲ့ကောင်နွယ်နီ့ကိုတမ်းတမ်းစွဲနေလိမ့်မယ်။ အခုတောင်နွယ်နီ့ကသူ့ရဲ့စိတ်ထဲမှာတောင်နေရာယူနေပြီ "
ညသန်းခေါင်းချိန်နွယ်နီတစ်ေယာက်ထမင်းစားပွဲတွင်အဖေ့ဝိုင်ကိုခိုးသောက်ရင်း သေချာစွာဖြင့်ပြောနေသည်။ အဖေတို့ကအအိပ်ကြိုက်သူမို့လို့နှိုးလာလိမ့်မည်မဟုတ်။ မေမေကနှိုးလာကောင်းနှိုးလာနိုင်လို့တိုးတိုးတိတ်တိတ်သာစကားပြောနေရသည်။
ခင် : "အခုမှဘာသိလို့ပြောနေတာလဲ။ ဒီလောက်ပဲသောက်တော့။ ညစာစားတုန်းကကိုစောတို့အဖေကဈေးကြီးတဲ့နှစ်ချို့ဝိုင်တိုက်တယ်ဆို။ ငါ့ညီမလဲဒီရောက်မှအရက်သမားလုံးလုံးဖြစ်တာပဲ"
နွယ်နီ : "ဘယ်ကနေဘယ်လိုသောက်ရမှာလဲ။ တစ်ငုံပဲသောက်လိုက်ရတယ်။ အနှီကောင်လေးကဒီပျက်ရှင်ဝင်နေတဲ့ပုံပဲ။ စကားလဲအလိုက်သင့်ပဲပြောတာ။ သူ့ဝိုင်ကုန်သွားတော့လူကြီးေတွလဲဝိုင်ေတွေသာက်ေနတာနဲ့ထပ်ထည့်လို့မကောင်းဘူးလေ။ အဲ့တာနဲ့နွယ်နီ့ခွက်ကိုသူ့ဆီထိုးပေးလိုက်တာ။ အဲ့ဒီအနှီကောင်လေး falling in love ရော "
နွယ်နီ့၏စကားေကြာင့်နှစ်ယောက်စလုံးအသံထွက်ပြီးရီမိသွားကြောင့်ပါးစပ်ကိုပြန်ပိတ်ကာရီနေရသည်။ နွယ်နီသည်ခင့်နှင့်မတူပဲငယ်ငယ်ကတည်းကရန်ကုန်လိုမြို့ပြကြီးတွေမှာပဲနေလာပြီးအဖေကရာထူးတိုးသည့်နောက်ပိုင်းUKမှာပဲနေလာသောကြောင့်တောကလူတွေမြို့သူလို့ခေါ်ကြတဲ့အတိုင်းလူတွေအကြောင်းလဲသိပြီးမာယာများတဲ့သူပင်။ ခင့်ရဲ့သွေးရင်းချင်းချာလို့ပဲလားမသိ ခင်ကတော့အပြစ်မမြင်ပေ။ ပြီးတော့နွယ်နီ့သည်အသက်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်လွန်းသည်။
နွယ်နီ့ : "နွယ်နီပြောထားတယ်မလား။ အစ်မမှာလက်ထပ်ရမယ့်သူတို့၊ချစ်ရမယ့်သူတို့ရှိလာရင်နွယ်နီ့ကိုပြောပါဆို။ နွယ်နီကလူတစ်ယောက်ရဲ့အတွင်းစိတ်ကိုမြင်ရတယ်လေ "
ခင် : "ဟုတ်လား။ ဒါဆိုပြောစမ်းပါဦး။ အစ်မကကိုစောကိုချစ်လားမချစ်လား "
နွယ်နီ့ : "အစ်မ ကိုစောကိုမချစ်ဘူး။ အဲ့ဒီအစားသူ့ညီမလေးကိုချစ်တယ်။ အခုညီမနဲ့စကားပြောနေတုန်းမှာတောင်ကိုစောရဲ့ညီမကိုစိတ်ပူနေသေးတယ်"
ဝိုင်ခွက်ကိုလှုပ်နေသည့်ခင့်ရဲ့လက်များရပ်တန့်သွားသည်။ အလွန်အံ့ဩသွားသော်လည်းအနည်းငယ်သာအံ့ဩသွားချင်ယောင်ဆောင်ဖို့အတွက်မျက်ခုံးကိုအပေါ်မြင့်လိုက်သည်။ ဝိုင်ကိုဆက်သောက်သည်။ နွယ်နီ့ကိုပြန်ကြည့်တော့
သူကမရီအောင်ထိန်းနေပြီးနောက်မထိန်းနိုင်ပဲရယ်ပါတော့သည်။
နွယ်နီ : "အစ်မအရမ်းsurpriseဖြစ်သွားတယ်မလား။ ဘာလို့ဘာမှမေမးပဲနဲ့အေးဆေးဖြစ်နေသလိုနေနေတာလဲ။ "
ခင့် : "မဟုတ်သေးဘူးနင့်ဟာက....... နင်စိတ်တွေဖတ်တတ်တာမဟုတ်ဘူးလား။ "
နွယ်နီကသူ့စိတ်ကြိုက်ရယ်ပြီးတော့မှ
နွယ်နီ : "နွယ်နီကစိတ်ဖတ်တတ်တာမဟုတ်ပဲမှတ်ဉာဏ်အားကောင်းတာ။ ဖြစ်ပျက်ခဲ့သမျှဟာတွေကိုတစ်ခုချင်းတစ်ခုမှတ်မိတယ်လေ။ တကယ်ကိုအသေးစိတ်တစ်ခုချင်း "
ဟုတ်ပါသည်။ နွယ်နီကအရမ်းမှတ်ဉာဏ်ကောင်းသည်။ မျက်စိလဲလျင်သည်။ သူမသည်မျက်မှန်ကိုခဏခဏရှာရတဲ့မေမေအတွက်လဲအားကိုးရသလိုစာချုပ်လက်မှတ်ထိုးခါနီးကျရင်ဖေဖေ့ရဲ့အတွင်းရေးမှူးဖြစ်သွားတတ်သည်။ သူမရဲ့exပေါင်းများစွာကလဲသူမ၏စေ့စပ်သေချာမှုကိုသည်းမခံနိုင်ပဲထွက်သွားကြတဲ့သူချည်းပင်။ အင်း သူတို့ကမစစ်မှန်တာလဲပါတာပေါ့။
နွယ်နီ : "အစ်မဖွေးကလေအဲ့ဒီtoyလေးဖို့ညီမဆီကိုမှာဖူးတယ်။ high qualityဆိုပဲ။ အဲ့ဒီဘူးအဖုံးလေးကdonutနဲ့တူလို့အစ်မဖွေးကဘာလို့စားစရာမှာလဲဆိုပြီးဖွင့်ကြည့်ဖူးတယ်။ အဲ့ဒါကြောင့်အဲ့ဒီဗူးလေးကမှတ်မှတ်ရရပဲ။ ပြီးတော့အဲ့ဒီဗူးလေးကိုအစ်မနဲ့Video callခေါ်တုန်းကမှန်တင်ခုံမှာတွေ့လိုက်တယ်။ အင်း အဲ့ဒီတုန်းကအစ်မဖွေးကအစ်မကိုလက်ဆောင်ပေးတယ်လို့ပဲထင်ခဲ့တာ။ မိန်းကလေးတွေကလဲစားကောင်းတယ်ဆိုတော့အစ်မလဲအတွေ့အကြုံအသစ်တွေရှာချင်မှာပဲဆိုပြီးဒီတိုင်းထားထားတာ"
နွယ်နီသည်လူတွေကိုအဲ့လိုနားလည်ပေးသည်။ ဖြစ်တည်မှုအမျိုးမျိုးကိုနည်းအမျိုးမျိုးနဲ့နားလည်ပေးတတ်သည်။ သစ္စာဖောက်တဲ့လူတွေကလွဲ၍............
နွယ်နီ : "နောက်နေ့ မ မေမေနဲ့video callပြောပြီးတော့မေမေဘာပြောလဲသိလား။ ရန်ကုန်မှာနွေရာသီကြီးကိုနင့်အစ်မက လည်ပိတ်တစ်ထည်နဲ့ဟင်းချက်ေနတယ်တဲ့။ နွယ်နီတွေးလိုက်တာတော့ငါ့အစ်မအရသာအသစ်တွေကိုသိပြီးပြီးနဲ့တူတယ်ပေါ့။ အဲ့လိုတွေးနေတဲ့တစ်ချိန်တည်းမှာပဲနွယ်နီဖုန်းကနွယ်နီ့ရဲ့ခဲအိုရဲ့ညီမလေးmydayကိုကြည့်နေတာလေ။ ပြီးတော့သူဘာတင်ထားလဲလို့ထင်လဲ "
ခင် : "ကော်လက်စွပ်လား"
နွယ်နီ : "အင်း ကော်လက်စွပ်နှစ်ကွင်း။ တစ်ကွင်းကိုသူဝတ်ပြီးတော့တစ်ကွင်းကဒီတိုင်းကုတင်ပေါ်မှာလေ ပြီးတော့ captionက first timeကဗရုန်သုတ်ခတွေပဲတဲ့။ and I realized that u both are on the same time. "
Advertisement
ခင် : "ဒါဆိုသိနေတာကြာနေပြီပဲ။ ဘာလို့အစ်မကိုအပြစ်မတင်ခဲ့တာလဲ "
နွယ်နီ : "ခဲအို အာ မဟုတ်သေးပါဘူး။ အစ်မရဲ့exကိုမတွေ့သေးတာမို့လို့အဆုံးအဖြတ်မစောစေချင်ဘူးလေ။ ဖောက်ပြန်တယ်ဆိုတဲ့နောက်ကွက်မှာလဲတစ်ဖက်လူရဲ့အပြစ်တွေရှိသားပဲ။ ပြီးတော့အကြောင်းပြချက်တွေရောပဲရှိတယ်။ "
ကြည့်ပါလား။ အရင်ကသူမုန်းလှပါချည်းရဲ့ဆိုတဲ့ဖောက်ပြန်တဲ့သူတွေကိုတောင်အခုသူနားလည်ပေးနေတတ်ပြီလေ။ သေချာပေါက်ဖောက်ပြန်တဲ့သူကအပြစ်ရှိတယ်ဆိုပေမယ့်ပေါ့။
ခင် : "အောင်မယ်လေး ငါ့ညီမလေးကထင်ထားတာထက်တောင်ရင့်ကျက်နေတာပဲ။ ပြော ဘာတွေဖြစ်ခဲ့လဲ "
နွယ်နီ : "အကျဉ်းချုပ်ပြောရရင် မရိုးနိုင်တဲ့နည်းအမျိုးမျိုးတွေနဲ့ဖောက်ပြန်တာရော သစ္စာဖောက်တာရော ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာရော အလိမ်ခံရတာရော စုံနေတာပဲ။ အခုအစ်မမြင်နေရတဲ့နွယ်နီနဲ့ဆန့်ကျင်ဘက်ပဲ။ အရင်ကလူကsuzyဖြစ်ပြီးတော့အခုကနွယ်နီပဲ။ ထပ်အလိမ်ခံရရင်တော့suzyပေါ့ ဟားဟား "
လှေကားပေါ်ကနေဆင်းလာသောခြေသံတိုးတိုးလေးကိုကြားလိုက်ပါသည်။ သေချာပေါက်မေမေပင်ဖြစ်သည်။
ခင့်အမေ : "ညကြီးအချိန်မတော်ဘာလုပ်နေတာလဲကလေးတွေ"
ခင်နဲ့နွယ်နီတို့စကားဝိုင်းကဤတွင်ရပ်သွားပေမယ့်နေထွက်လာတဲ့အထိခင့်ရဲ့အတွေးကမရပ်ပေ။ ခင့်မိဘတွေကခင်တို့ကိုဒီမှာအရင်မဂ်လာဆောင်ပြီးမှမြန်မာပြည်သို့ပြန်စေချင်သည်။ မဂ်လာပွဲကိုလဲအမြန်ပြင်ဆင်မှာတဲ့အကြောင်းပြောတာမို့လို့လီလီ့ရဲ့မိဘတွေက သူတို့သမီးလေးကိုစိတ်မချတာတောင်ငြင်းရခက်ဖြစ်နေသည်။ ခင်သာအဓိက သတို့သမီးမို့လို့သူတို့အားလုံးခင့်ရဲ့ဆဒ္ဒကိုသာဦးစားပေးလိမ့်မည်။ အမေတို့ကိုအကြပ်ကိုင်လို့ရအောင်လီလီ့နှင့်ချစ်သူဖြစ်နေသည့်အကြောင်းကိုအရင်ပြောရင်ကောင်းမလား။ ဒါမှမဟုတ် အခုမြန်မာပြည်ကိုပြန်၍လီလီလက်ကိုကိုင်ပြီး သတ်လိုကသတ်နိုင်သည်။ လီလီ့ကိုသာလက်ထပ်ပါမည် ဟုကြွေးကြော်လိုက်ရင်ကောင်းမလား။ နှစ်ခုလုံးကအရှူံးမရှိသည့်နည်းလမ်းဖြစ်သည်။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့သာစဉ်းစားနေပေမယ့်ခင့်စိတ်ထဲတွင်လုပ်မယ့်အရာကိုအခိုင်အမာဆုံးဖြတ်ပြီးနှင့်ပြီးဖြစ်သည်။
ခင့်အမေ: " ယောကျား ရှင်လဲပြောဦးလေ"
ထပ်ပြီးအချိန်မဆွဲတော့ပဲနဲ့မျက်နှာတောင်မသစ်ရသေးသည့်မျက်ကွင်းညိုလေးနှင့်သာ မေမေတို့ကိုဖွင့်ပြောလိုက်သည်။ မေမေ့ဒီလိုတုံပြန်လာမယ်ဆိုတာခင်သိပါသည်။ သို့သော်အဖေ.........အဖေ၏ဆုံးဖြတ်ချက်သည်အမေ့ကိုမကျေနပ်စေစေသော်လဲအမေသည်အမြဲငြိမ်နေရစမြဲဖြစ်သည်။ ဘယ်မိဘကကိုယ့်သမီးလိင်တူကြိုက်သည်ကိုလက်ခံဖို့လွယ်ကူမည်နည်း။
အဖေသည်ခင့်ကိုစေ့စေ့ကြည့်ကာအသက်ကိုရှုသွင်းလိုက်သည်။ ထိုသိုဆိုလျှင်ဒီနေ့မနက်ကတော့ဆူဆူညံညံဖြစ်လိမ့်မည်မဟုတ်မှာသေချာသည်။ ခင်ရဲ့ရှိသမျှသတ္တိအကုန်ထုတ်သုံးကာဖေဖေ့ရဲ့မျက်လုံးကိုမျက်လွှာမချပဲပြန်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများ၏အဓိပ္ပာယ်ကိုခင်သိပါတယ်။ ခင်မေ့နေသည်။ အဖေကရှားပါးတဲ့အပြုအမူတစ်ခုခုလုပ်တော့မယ်ဆိုထိုမျက်ဝန်းများကိုတွေ့ရတတ်သည်။ ထိုမျက်ဝန်းများသည် လီလီရဲ့ပြုံးနေသည့်မျက်ဝန်းများနှင့်လဲတူသည်။ သူရဲ့အရှေ့မှာသူ့သမီးအရင်းကလိင်တူချစ်နှစ်သက်ကြောင်းပြောတာအဖေသည်ဘာကြောင့်ထိုမျက်ဝန်းများနှင့်ကြည့်နေသနည်း
ခင့်အဖေ : "ဟားဟားဟားဟား"
ခင် : "ဟားဟားဟား"
ခင်တို့သားအဖနှစ်ယောက်စလုံးတစ်ချိန်ထဲအားရပါရရယ်ကြသည်မို့လို့အမေကတော့ကြောင်သွားဟန်။ အမေသတိပြန်ဝင်လာပြီးမေးခွန်းထုတ်တဲ့အထိကိုဖေဖေနဲ့ခင်ဟာအရယ်မသတ်နိုင်သေး
ခင့်အမေ : "ရှင်တို့သားအဖနှစ်ယောက်လုံးဘယ်လိုဖြစ်နေကြတာလဲ။ ကျားကိုကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးပဲ။ ဒီနေ့ဘာနေ့ထူးနေ့မြတ်မှမဟုတ်တာကျွန်မသိတယ်။ နောက်မနေစမ်းနဲ့ ရှင်တို့ "
ဖေဖေသည်ခင့်ကိုခုနကမျက်ဝန်းအတိုင်းကြည့်ကာေြဖသည်။ ခင်ပြောပြခဲ့သည့်ဖေဖေ့ရဲ့မျက်ဝန်းများသည် ငယ်ငယ်ကခင်ဟာသများကိုပြောခဲ့တဲ့အချိန်တိုင်းအဲ့ဒီဟာသကိုစိတ်ဝင်တစားနှင့်နားထောင်ပေးပြီးခွက်ထိုးလန်အောင်မရယ်ခင် ဖေဖေရဲ့ထိုမျက်ဝန်းများကိုအရင်တွေ့ရတတ်သည်။ ခင်ပြောခဲ့တဲ့ထဲမှာရယ်စရာပါလားလို့တောင်အခုမှမေးခွန်းထုတ်မိသည်။
ခင့်အဖေ : " ဝမ်းသာသင့်တယ်လေမိန်းမရယ်။ သူရဲ့ကော်လက်စွပ်ပိုင်ရှင်ကိုရှာတွေ့ပြီးလေ။ ငါရယ်ချင်တာ သူ့ကော်လက်စွပ်ပိုင်ရှင်ကသူလက်ထပ်ရမယ့်သူရဲ့ညီမဖြစ်နေတာပဲ။ တကယ်ဇာတ်ကားထဲကအတိုင်းပဲ ဟားဟားဟား "
ခင့်အမေ: "ရှင်ကပါ ဒီလိုလုပ်နေလို့မဖြစ်ဘူးလေ။ အခုလက်ထပ်မယ့်ကိစ္စကိုအကုန်သိပြီးပြီး။ အခုမှရုတ်တရပ်ကြီးသတို့သားနေရာမှမိန်းကလေးတစ်ယောက်ပြောင်းသွားယုံတင်မကဘူး။ အဲ့ဒီမိန်းကလေးကသတို့သားရဲ့ညီမဖြစ်ရင်............ကျွန်မလူပုံအလယ်အရှက်မရချင်လို့ ရှင့်သမီးကိုဖြောင်းဖျစမ်းပါ။ "
ခင့်အဖေ : "မိန်းမရယ် ခင်လေးနွယ်ရဲ့ဘဝမှာငါတို့ခွင့်ပြုချက်ကိုတောင်းတယ်ဆိုတာမရှိဘူးမိန်းမရဲ့။ ငါတို့စကားကိုနားထောင်တယ်ဆိုတာကလဲအဲ့ဒါသူလက်ခံနိုင်တဲ့အရာဆိုမှလက်ခံတာ။ အခုလဲငါတို့ကိုအသိလာပေးတာပဲ။ ငါတို့ကတားလို့ရမှာမဟုတ်ပဲ "
အဖေရဲ့စကားကိုကြားမှ ခင်စိတ်ချလက်ချအသက်ရှုနိုင်တော့သည်။ အဖေသည်သူရဲ့ရာထူးအာဏာဖြင့်ခင့်ကိုအတင်းအကြပ်တားနိုင်စွမ်းရှိပါသည်။ ဒါကိုသူလဲသိသလို ခင်လဲသိသည်။ အခုချိန်တွင်အဖေသည်သူ့သမီး၏ဖြစ်တည်မှုကိုလက်ခံချင်တာလဲခင်သိလိုက်သလို ခင်ကလဲအနေဝေးနေတာေတာင်သူ့သမီးကိုအေဝးကေနဂရုစိုက်ပြီးချစ်ပေးတာကိုပါအဆစ်အနေနဲ့သိလိုက်သည်။
ခင်အဖေ : "အဆင်ပြေတာပဲမိန်းမရယ်။ မင်းလက်ခံလိုက်ရင်ဘာပွဲမှပျက်စရာမလိုဘူး။ အမှန်တိုင်းပြောရင်မင်းလက်မခံလဲ ပွဲကပျက်မှာမှာမဟုတ်ဘူး။ မင်းပဲသမီးနှစ်ယောက်မွေးထားတုန်းပဲသမက်ချည်းပဲရပြီးချွေးမရမှာမဟုတ်ဘူးဆို။ အခုချွေးမရပြီးလေ။ ငါလဲအမှန်တော့ချွေးမလိုချင်နေတာ "
ခင့်အမေ : "ရှင်တို့!!! ဒါနောက်စရာမဟုတ်ဘူး။ ကျွန်မသမီးရဲ့ဘဝတစ်ခုလုံးနဲ့ရင်းထားတဲ့ကိစ္စ"
ခင် : "သမီးရဲ့ဘဝတစ်ခုလုံးရင်းထားတဲ့ကိစ္စမို့လို့သမီးကိုယ်တိုင်ရွေးချယ်ချင်တယ်မေမေရယ်။ လီလီကမိန်းကလေးတစ်ယောက်ဖြစ်တာကလွဲပြီးတစ်ခြားအဆင်မပြေစရာမရှိပါဘူးမေမေရဲ့။ သူနဲ့လက်ထပ်ရင်မေတို့စီစဉ်ထားတဲ့လက်ထပ်ဖို့ကိစ္စတွေဘာမှဖျက်စရာမလိုဘူး။ ကိုစောနေရာမှာလီလီ့ကိုပြောင်းလိုက်ယုံပဲ။ ပြီးတော့.........."
ခင့်အမေ: "မရဘူး!!!! မိန်းမချင်းချင်းချစ်ကြတာကအချစ်မဟုတ်ဘူး။ ယောကျားလေးနဲ့မိန်းကလေးနဲ့ချစ်လို့ရတာ။ "
ခင် : "မေမေ့ကိုဒီအကြောင်းရှင်းပြချင်ပေမယ့်သမီးသွားတော့မယ်။ ကျန်ခဲ့တဲ့လီလီ့အကြောင်းလဲကြားတယ်မလား။ အသက်အန္တာရယ်ရှိနေလို့တစ်စက်မှစိတ်မချဘူး။ သူ့ကိုဒီကိုခေါ်လာမှာပါ။ အခုတော့သွားပြီ"
ခင့်အမေ : "ခင်လေးနွယ် နင်ကောင်မလေးတစ်ယောက်အတွက်နဲ့နင့်မွေးမိခင်ကိုပါထားခဲ့ရလောက်တဲ့အထိသွားချင်နေရင်ထွက်သွား။ ပြီးရင်ဘယ်တော့မှငါ့ကိုအမေလို့မခေါ်နဲ့ "
ခင် : "ဟုတ်ကဲ့ပါ ဆရာမေဒါ်ခင်ခင်နွယ်"
ခင် အဲ့လိုပြောပြီးထွက်လာခဲ့လိုက်သည်။ ကားထဲဝင်နေတုန်းအိမ်ထဲကိုလှမ်းကြည့်လိုက်တော့ဒေါသထွက်နေ၍အဖေ့လက်ေမာင်းကိုရိုက်နေသည့်အမေနှင့်ပြုံးပြုံးနှင့်အမေ့ကိုချော့နေသည့်အဖေကိုကြည့်ကာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်လာလိုက်သည်။ မနေ့ညကမေမေတို့ကိုပြောပြလိုက်မယ်လို့ဆုံးဖြတ်ပြီးတာနဲ့အိပ်မပျော်သဖြင့် လေယာဉ်လက်မှတ်ကို online ကနေ booking လုပ်နေခဲ့သည်။ UK ကbooking website ကရှုပ်ထွေးလှသည့်လေကြောင်းကြော်ငြာများ၊ Ukကေနဘားအံမြို့ကိုတိုက်ရိုက်ေရာက်တဲ့ေလေကြာင်းလိုင်းေတွရှိလားဆိုတဲ့ခင့်ရဲ့တုံးအေမးခွန်းအပြင်သူတို့ရဲ့လိုရင်းကိုမရောက်နိုင်တော့တဲ့အဖြေများ........
Google ခေါက်ကြည့်လိုက်မှကရက်ပြည်နယ်၏မြို့တော်ဖြစ်သောဘားအံမြို့တွင်လေဆိပ်မရှိကြောင်းသိလိုက်သည်။ ရန်ကုန်သို့ရောက်သည့်အစောဆုံးလက်မှတ်ကိုဖြတ်လိုက်ပြီးချိန်တွင်ခင့်ရဲ့ကွန်ပျူတာပေါ်တွင်နေရောင်ကျလာပြီးဖြစ်သည်။
"I was waiting for u so long.
မင်းကိုစောင့်မျှော်နေတဲ့တစ်မိုးအောက်
ရောက်လာတော့ဒီရင်ထဲမှာဝမ်းသာ
ဘာကြောင့်မို့အချစ်ရယ် ကြာနေသလား "
ဖုန်းလာနေသည့်အသံဆိုတာကိုမေ့ပြီးခင် လိုက်ညည်းလိုက်ပါသေးသည်။ အပျော်လွန်နေတဲ့ကိုယ့်အဖြစ်ကိုတွေးကာရယ်ရင်းဖုန်းကိုကြည့်လိုက်တော့ contact name က unknown ဖြစ်နေသော်လဲကိုင်လိုက်သည်။
" ဟယ်လို "
" ဟယ်လို သမီးခင်လား။ အခုသမီးလီလီ့ဆီပြန်နေတာဆို "
သတင်းတွေကအရမ်းမြန်လွန်းသည်။ အမေပြောလိုက်တာပဲဖြစ်ရမည်။ တစ်ဘက်ကဖုန်းပြောအသံကငိုထားပြီးတဲ့လူတစ်ယောက်လိုတုန်ခါနေသောကြောင့်အသံကိုမမှတ်မိပေမယ့်ခင့်ကိုသမီးခင်လို့ခေါ်တာလီလီ့အမေ့တစ်ယောက်ပဲရှိသည်။
ခင် : " ဟုတ် အန်တီ။ လီလီ့ကိုစိတ်မချတော့လို့လေ။ ဒါဆိုဖြစ်သမျှအကြောင်းတွေအန်တီကြားလိုက်ပြီးရောပေါ့။ သမီးလီလီ့ကိုဒီကိုခေါ်လာခဲ့မလို့ပါ။ ပြီးမှဆက်ရှင်းကြတာပေါ့ "
လီလီ့အမေ : "မဟုတ်ဘူးသမီးခင်။ မဟုတ်ဘူး"
ကြားရသောအသံများအရလီလီ့အမေသည်ချုံးပွဲချငိုလိုက်သည်ဟုထင်ရသည်။ လေဆိပ်ထဲကကားပါကင်တွင်ကားကိုထားခဲ့လိုက်ပြီးအဝတ်အစားတစ်ထည်နှစ်ထည်သာပါသောအိတ်ကိုလွယ်လိုက်ကာ ဖုန်းကိုကိုင်လိုက်ပေမယ့်ဖုန်းကနေထွက်လာသောအသံကြောင့်ခင်လှုပ်ရှားမှုများရပ်တန့်သွားကာခဏသေဆုံးသွားရသည်။
လီလီ့အမေ : "လီလီလေးပျောက်သွားပြီး သမီးရယ်"
____________________________
Zawgyi
လီလီလက်ပြလိုက်ပြီးခေါင်းကမိုက်ကနဲဖြစ်သွားသဖြင့်လဲကျတော့မလိုဖြစ်နေသောကြောင့်ဟန်နီကစကားဆက်မပြောတော့ပဲစိုးရိမ်တကြီးဖြင့်သူမရဲ့လက်တစ်ဖက်ကလီလီ့ရဲ့ဘယ်ဘက်လက်မောင်းကိုတင်းကြပ်စွာနှင့်ကျန်တစ်ဖက်ကလီလီ့ရဲ့ညာဘက်လက်ဖမိုးကိုညင်ညင်သာသာနှင့်အုပ်မိုးထားသည်
လီလီအပြုံးဟုမမည်သောဟန်ဆောင်အပြုံးကိုပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။
Advertisement
- In Serial21 Chapters
Ares' Witch
Ari is the talented princess of a peaceful kingdom. Arell is a cold, intimidating prince of the aggressive neighboring kingdom. Both are surprised with an unsolicited engagement to each other. Will they be able to get through their treacherous arranged marriage while keeping their own mythical secrets?
8 146 - In Serial78 Chapters
Rejected by Who Knows Who..
In a world where Soulmates exist, people are born with or without one.I, Aera Irene Whitfield a 20-year-old Actress who is studying business have been blessed by not one but SIX soulmates. But something happened.At the age of 16, I met one of them. I only saw their eyes through the pulled down window of a black Mercedes car. The eyes of those who found their soulmate glow of a blue color. I could feel my eyes changing color but then the car drove off. Not even a day later, my eyes turned into a pure silver color. That means I've been rejected, not by one but by all SIX soulmates.I'VE BEEN REJECTED BY WHO KNOW'S WHO!******************************I DO NOT OWN ANY OF THE PHOTOS USED, CREDITS TO THE ARTIST, IF YOU KNOW WHO THEY ARE PLEASE TELL ME SO I CAN GIVE THEM CREDITS, I ONLY FOUND THE PICTURES ON PINTERESTThe story is thought and created by yours truly 😉++++++++++++++++++++++++Upload schedule: Once a Week, Twice if I feel like it.Started: August 20, 2021Ended:The Third Book I made
8 280 - In Serial16 Chapters
the female lead is the real villian
"eloria? eloria~ elo..ri...ia..~" "stop it, stop it stop it stop it please just stop it!!" it felt so real...ah, xilver! and...whose tha- her world starts to change when one night a strange clone of herself appeared in her dreams, and one the night without a moon at that! the strange lady starts appearing in many sorts of dreams after that, but somewhat after drinking water that xilver always happen to keep at the table beside her bed, it seems like all the fear vanishes. until one day, one her day of work her head starts to ache to the point where she faints, and her memories start altering, making it difficult for eloria to differentiate between herself and that girl. after months, she consouls her brother and soon she appears in a completely different world where shes the imperial general of an entire magic empire? "what the hell, why so many students?!" staying there with her brother and getting the explanation she was joping for, she realizes that shes the female villian who is also the female lead, and has to control her own magic from going beserk or everything might repeat itself, so what will she do?
8 158 - In Serial34 Chapters
You are my medicine
She lost belief in love...He doesn't believe in love...She calms the storm inside him while he heals her wounded heart...She puts his insecurities to sleep while he lights up her dark world....Both finds solace in each other....
8 94 - In Serial37 Chapters
I DON'T LIKE U COZ U R TOO HANDSOME (Completed)✔
A story about multimillionaire and a girl who hates men completely.
8 148 - In Serial58 Chapters
Want To Be Loved (Himiko Toga x Female Reader Story)
Y/n hasn't had a happy life, she never got to be her true self. She's also in UA forced by her mother. This will change once Toga enters her life. This is a villain love story.⚠️Dni in the comments if you're under 15⚠️⚠️THERE ARE TW I INCLUDED IN THE BEGINNING PLEASE READ⚠️⚠️There's also smut in a few chapters!!!⚠️
8 134