《My brother's girlfriend》part 40
Advertisement
အောင်မင်းမြတ်ရဲ့ကားအရှေ့ခန်းဆီဆောင့်ဆောင့်အောင့်အောင့်တက်ထိုင်ပြီးလျှာထိုးအုပ်ထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ ဒီခရီးစဉ်တွင်တစ်ခုခုဖြစ်လိမ့်မည်ဟုခံစားမိသော်လည်းအောင်မင်းမြတ်ကိုအလိုမကျ၍ဟုသာထင်၍ ငြိမ်ငြိမ်သာနေလိုက်သည်။ ခဏနေတော့ ခရမ်းသီးမီးဖုတ်ရုပ်နှင့်ကိုအောင်းမင်းမြတ်ကားမောင်းသူနေရာကိုဝင်ထိုင်သည်။ သူနဲ့စစတွေ့ကတည်းနေပြုံးနေတတ်တဲ့စိတ္တဇလူမျိုးလိုအောင်မြင့်မြတ်သည်ဒီရုပ်ဖြစ်နေသည်မှာအကြောင်းတစ်ခုခုရှိပါလိမ့်မည်။
လီလီ : "တစ်ခုခုဖြစ်လို့လား "
အောင်မင်းမြတ် : ရုံးကကိုယ့်အတွက်နှုတ်ဆက်ပွဲလုပ်မယ်ဆိုပြီးဖုန်းဆက်လို့။ ကိုယ်ကအတင်းပြန်မယ်ဆိုတာချည်းဖြစ်နေတော့သူတို့လဲစိတ်ဆိုးသွားတဲ့ပုံပဲ "
လီလီ : " ရှင်ကဒီကလူတွေကိုသံယောဇဉ်တွယ်နေတဲ့ပုံပဲ"
အောင်းမင်းမြတ် : "ဟားဟား လီလီလေးကဒါတွေသိဖို့အရမ်းငယ်သေးတယ်။ ကဲပါ။ ကိုယ်ပြောချင်တာက အခုမန္တလေးကိုသွားမယ့်ခရီးကနည်းနည်းကြမ်တမ်းမယ်လို့ပြောတာ။ သူတို့ကိုမလိုက်လျောပေးခဲ့ဘူးဆိုတော့ဆိုးတာတစ်ခုခုတော့ဖြစ်လိမ့်မယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ ကိုယ်ကာကွယ်ပေးမှာပါ။ "
သူရဲ့နောက်ဆုံးစကားကိုနားထောင်ပြီးလီလီရယ်ချင်သည့်စိတ်ကိုထိန်းလိုက်ရသည်။ ကာကွယ်ပေးမည်ဟုအများကပြောလာတာကိုကြားဖူးပေမယ့်တစ်ခါမှလုံခြုံတယ်လို့မခံစားရ။ သို့သော်ကာကွယ်ေပးမယ်ဟုစကားနဲ့မပြောသည့်မမနှင့်အတူရှိလျှင်လီလီလုံခြုံသည်ဟုခံစားရသည်။ အောင်မင်းမြတ်ရဲ့စကားသည်လီလီ့ကိုမလုံခြုံစေပဲကြောက်စိတ်သာပိုတိုးလာေစပါသည်။
လီလီ : "ကျွန်မအတွက်ပါစဉ်းစားပြီးလုပ်ဖို့မမေ့ပါနဲ့။ ရှင့်ဘာသာရှင်သေတာအရေးမကြီးဘူး။ ကျွန်မပါပါသွားလို့မဖြစ်ဘူး "
အောင်မင်းမြတ် : "ဟုတ်ပါပြီ။ ဟိုရောက်ရင်ကြိုက်တဲ့သတို့သမီးဝတ်စုံရွေးဖို့ပဲပြင်ထား။ ကိုယ်ရှိရင်မင်းဘာမှမဖြစ်စေရဘူး။ "
ထိုသို့ပြောရင်းအောင်မင်းမြတ်ရဲ့ကားသည်မနက်4နာရီဈေးသည်တစ်ချို့သာရှိသည့်လမ်းကိုမောင်းနှင်ပြီးသူစိမ်းတစ်ယောက်နှင့်လက်ထပ်ရမည့်ခရီးစပါတော့သည်။ လမ်းတစ်လျှောက်လုံးအောင်းမင်းမြတ်ရဲ့ဖုန်းတွင်ဖုန်းကောများဝင်လာပြီးဖုန်းကိုင်လိုက်ေဖြလိုက်ဖုန်းချလိုက်ဖြင့်အလုပ်ရှုပ်နေသဖြင့်ယာဉ်တိုက်မှုဖြစ်သွားမလားတောင်စိုးရိမ်နေရသည်။ သူတို့ဘာအကြောင်းပြောနေသလဲဆိုတာနားမထောင်ရင်တောင်ကြားရပေမယ့်လီလီသူ့ကိုအာရုံစိုက်နေတာမဟုတ်လို့အရေးကြီးတဲ့ကိစ္စဖြစ်မှန်း၊ မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်မှန်းသာသိပါသည်။ ကျန်တာတော့ကောင်းကောင်းမသိ။ လမ်းပေါ်ရှိသစ်ပင်များ၊ အိမ်များ၊ လယ်ကွင်းများကိုသာကြည့်ပြီး မမနှင့်တစ်ခေါက်ဘားအံအနှံ့ကိုလျှောက်လည်ရမည်ဟုတွေးမိသည်။ ချစ်ကြည်နူးရတာကိုသာကြိုက်ပြီးသဘာဝတရားတွေနဲ့မထိမတွေ့ဖြစ်တာချင်းတော့လီလီနှင့်မမကတူပါသည်။ မမနှင့်လီလီသည်ပု့မှန်အားဖြင့်စိမ်းလန်းစိုပြေသောရှုခင်းများကိုသဘောကျသောအကြောင်းကိုမမနှင့်စတွေ့သည့်အရွယ်က ဘောလုံးကွင်းကနေမြင်ရတဲ့တောင်တန်းများကိုကြည့်ခြင်းဖြင့်သိနိုင်ပါသည်။
နောက်ပိုင်းတွေလီလီကမမနှင့်အတူခရီးသွားဖို့တောင်းဆိုသော်လည်း မမအတွက်အလှဆုံးရှုခင်းကလီလီရဲ့တောင်တန်းနှင့်လယ်ကွယ်များဖြစ်ကြောင်းသာပြောဆိုတတ်ပြီးတစ်ခါတစ်လေမမကစိတ်မထိန်းနိုင်သောအခါထိုတောင်တန်းနှင့်လယ်ကွက်များကိုစားသုံးတတ်သောကြောင့်မမနှင့်အတူခရီးမထွက်ဖြစ်ပေ။ ထိုသို့သေချာစဉ်းစားကြည့်မှ မမနှင့်အတူမလုပ်ဖူးသေးသောအရာများစွာကျန်သေးသည်ကိုသိရပြီးဒီတေန
စ်ခေါက်မမနှင့်ထပ်တွေ့လျှင်အရင်ကလိုမဆိုးတော့ပဲ မမနဲ့ပဲအတူနေတော့မည်ဟုစဉ်းစားထားသည်။ ထိုစဉ်အောင်မင်းမြတ်ကဘရိတ်ကိုဆောင့်နှင်းလိုက်သောကြောင့်အတွေးများချက်ချင်းဆိုသလိုပျက်ပျယ်သွားပြီး ခါးပတ်တပ်ထားသောကြောင့်သာအနည်းငယ်သာယိုင်သွားသည်။
အောင်မင်းမြတ် : "ငါ့လူတွေငါ့ကိုသစ္စာဖောက်ကြတာပဲ။ လီးပဲကွာ"
အောင်မင်းမြတ်ပြောမှလီလီအရှေ့ကိုပြန်ကြည့်တော့စစ်တိုက်တော့မယ်လိုလိုစစ်သားများမြောက်များစွာတန်းစီနေပြီးကား၊ဆိုင်ကယ်၊ သုံးဘီးပါမကျန်စစ်ဆေးနေသောစစ်သားများကိုတွေ့ရပြီးကားအတွင်းပိုင်းရှိနေရာအနှံ့အပြင် မျက်နှာကိုပါသေချာကြည့်ကာစစ်ဆေးနေပြန်သည်။ ဒီလိုအစစ်အဆေးနှင့်ဟယ်ရီပေါ်တာရဲ့ကိုယ်ပျောက်ဝတ်စုံဝတ်သွားမှသာလွတ်မြောက်မည်ဖြစ်သည်။ အောက်မင်းမြတ်သည်ကားကိုဂငယ်ကွေ့ကာလာရာလမ်းကိုပြန်မောင်းလေသည်။
လီလီ : "ပြောတော့ထွက်လို့ရပါတယ်ဆို။ ဒါကိုဘယ်လိုလုပ်မှာလဲ "
အောင်မင်းမြတ် : "မင်းငါနဲ့လက်ထပ်ဖို့ပဲပြင်ထား။ ငါေဖြရှင်းတတ်တယ်"
လီလီဘာမှပြန်မပြောနေတော့ပဲငြိမ်ငြိမ်သာနေလိုပ်သည်။ အနောက်ကိုလှမ်းကြည့်လိုက်တော့ကားတစ်စီးနှစ်စီမျှသာရှိပြီးစစ်ကားများအနောက်မလိုက်လာသဖြင့်သက်ပြင်းချလိုက်သည်။ အောင်မင်းမြတ်သည်လာရာလမ်းအတိုင်းသွားနေတယ်ဆိုပေမယ့်လို့ရဲစခန်းသို့သွားလမ်းမဟုတ်တော့တာကိုလီလီသတိထားမိသည်။ လူနေအိမ်များမရှိသည့်၊ အရင်တုန်းကဓားပြများနေခဲ့သည်ဟုပြောကြသည့် တောင်ကြား ဟုခေါ်သောနေရာတွင်လမ်းဘေးတွေင်ခဏရပ်ကာအောက်မင်းမြတ်တစ်ယောက်ယောက်ကိုဖုန်းခေါ်လေသည်။ ဘားအံရဲ့နေရာအနှံတွင်လိုင်းကောင်းစွာရသော်လည်းဒီတောင်ကြားတွင်လိုင်းရမည်မဟုတ်ကြောင်းကိုတော့လူတိုင်းသိသည်။ သူ့ရဲ့တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ခြင်းကမအောင်မြင်သည့်ပုံပင်။ သို့သော် လီလီကိုပင်ဘာမှမပြော။ ကားရပ်ထားစဉ်၌လီလီတောင်သတိမထားမိသည့်ချောင်ဂျိုချောင်ကြားလမ်းထဲကိုဝင်သွားသည်။ ထူထဲလှသောအပင်နွယ်ပင်အကျများကြားတွင် လမ်းဟုဆိုနိုင်သည့်လမ်းသေးသေးကိုမောင်းလာပြီးလမ်းမရှိေတာ့သည့်တောင်ခြေဟုထင်ရသည့်နေရာတွင်ကားကိုရပ်လိုက်ကာအောင်မင်းမြတ်ဆင်းလာသည်။ လီလီသည်မဆင်းလာသော်လဲအောက်မင်းမြတ်ရဲ့တစ်ခုခုကိုရှာဖွေနေတဲ့သဏ္ဍာန်ကြောင့်ကားတံခါးကိုဖွင့်ကာခြေတစ်ဖက်ချရုံမျှသာထွက်ပြီး
လီလီ : "ရှင်ဘာလုပ်နေတာလဲ"
အောင်မင်းမြတ် : "ဒီတောင်ကြားကအစိုးရပိုင်တယ်ဆိုပေမယ့်ဒီမြေကကိုယ်ဒီကိုစေရာက်တုန်းက ပြည်နယ်မှုးကလက်ဆောင်ပေးတာ။ အဲ့တာကြောင့်ကိုယ်ဒီမှာလိုလိုမယ်မယ်အိမ်တစ်လုံးဆောက်ခဲ့သေးတယ်။ ဒါပေမယ့်နောက်ပိုင်းကိုယ်လာမကြည့်ရဘူး။ သေချာပေါက်ကိုအိမ်ဆောက်ထားခဲ့တာကို "
လီလီ : "ကျွန်မရှင့်ကိုနားမလည်နိုင်တော့ဘူး။ ဒီမြေကလဲတောင်ကြားအပိုင်ပဲကို။ အစိုးရပိုင်ပစ္စည်းကရှင့်ကိုလက်ဆောင်ဆိုပြီးလျှောက်ပေးလို့မှမရတာ။ ရှင်ကလဲဘယ်လိုလူပါလိမ့်။ ကိုယ်အိမ်ဆောက်ထားတဲ့မြေကိုတောင်လာမကြည့်ဘူး"
အောင်မင်းမြတ် : "ကရင်ပြည်နယ်ကအစိုးရကBGFလေလီလီရဲ့။ သူတို့ကိုကပ်ဖားရင်အစုံရတယ်။ ဒိခြံကိုတော့လာကြည့်ဖူးပါတယ်။ အိမ်ဆောက်ပြီးနောက်ပိုင်းပဲမလာကြည့်ဖြစ်တာ။ အလုပ်တွေမအားဘူးလေ "
လီလီအခုပဲထထွက်ပြေးလိုက်ရက်ကောင်းမလားဟုတောင်အတွေးဝင်မိသည်။ ပုစွန်ဦးနှောက်နှင့်ကောင်သည်ဘယ်လိုမှလီလီရဲ့အိမ်ထောင်ဦးစီးကောင်းမဖြစ်နိုင်။ စိတ်ပျက်စွာဖြင့်ကားပေါ်ကထွက်လာပြီးတစ်ခုခုနှင့်မျက်လုံးချင်းစုံသွားသည်။ နွယ်များခြုံရံနေသောအရာတစ်ခုခုကြားတွင်လီလီကိုကြည့်နေသောအရာသည်အဆုံးထိမထုရသည့်သံနှစ်ချောင်းဖြစ်သည်။
လီလီ : "ရှင့်အိမ်ကနှစ်ထပ်အိမ်လား"
အောင်မင်းမြတ် : "အင်း။ ကိုယ်နေချင်တဲ့အိမ်ဒီဇိုင်းလေးဆောက်ထားတာအသိအင်ဂျင်နီယာနဲ့လေ။ အခုသူ့ကိုဖုန်းဆက်တာမကိုင်ဘူး "
လီလီ : "ရှင်ဒီအိမ်ကိုဆောက်ထားတာဘယ်နှနှစ်ရှိပြီလဲ။ "
အောင်မင်းမြတ် : "နှစ်နစ်သုံးနှစ်လောက်ဖြစ်မယ်ထင်တယ်။ ကိုယ်ဒီမြေကိုရပြီးတစ်နှစ်လောက်ကြာမှအိမ်တစ်လုံးဆောက်ရင်လဲကောင်းတာပဲဆိုပြီးအတွေးဝင်လာတာ။ "
လီလီသူ့အပြောကိုလျစ်လှူရှုပြီးလမ်းရဲ့အဆုံးဟုထင်ရသည့်လမ်းကိုပိတ်ထားသည့်ခြုံနွယ်ထူထပ်နေသောနေရာကိုနီးကပ်စွာကြည့်လိုက်သည်။ သေချာမမြင်ရသဖြင့်အပင်များကိုလက်ဖြင့်ဆွဲခွာလိုက်တော့လက်ဖဝါးမှာနီရဲလာသည်။ အာက်မင်းမြတ်ကလီလီ့ကိုသတိထားမိသွားပြီးလက်ကိုတယုတယလာကိုင်သောေကြာင့်သူ့လက်ကိုဖယ်ကာခြုံနွယ်တွေကိုထပ်ဆွဲလိုက်သည်။ သေချာလုပ်ထားပုံရသည့်အဝင်ပေါက်သည်ရေညှိတွေမကပ်ပဲအပင်တွေမရှိပဲဖြစ်နေမယ်ဆိုပိုပြီးလှပါလိမ့်မယ်။ တဖြည်းဖြည်းပေါ်လာသောအုတ်တံတိုင်းဝင်ေပါက်ကိုကြည့်ပြီးအောင်မင်းမြတ်နဲ့အတူခြုံနွယ်တွေရှင်းလိုက်တော့ေတာင်ရှိေသာေကြာင့်ဝင်ဝင်ခြင်းဘယ်ဘက်ကိုေဖာက်ထားသည့်လမ်းတွေ့ရသည်။
အောင်မင်းမြတ် : "ဘယ်ခွေးသားကဝင်ပေါက်ကိုဒီလိုလုပ်ထားတာလဲ"
သေချာကြည့်လျှင်ဝင်ပေါက်မှန်းအစကတည်းသိသာပါသည်။ အပင်များကိုဥမင်လိုဏ်းခေါင် သဏ္ဍာန်လုပ်ထားပြီးအထဲကလမ်းကိုဝင်သွားလျှင်ထူေသာေသာအပင်များေကြာင့်အထဲကိုမြင်ရမည်မဟုတ်ေပ။ ခြံခတ်ထားေသာအုတ်တံတိုင်းများသည်ရှင်းလင်းမည့်သူမရှိပဲအချိန်ကြာမြင့်ေသာေကြာင့်ထိုဥမင်လိုဏ်းခေါင်နှင့်နည်းတူခြုံနွယ်များထူထပ်လာပြီးလမ်းပိတ်သလိုဖြစ်သွားခြင်းဖြစ်သည်။
ကားထဲကိုပြန်ဝင်လာပြီးအောင်မင်းမြတ်သည်ထိုလမ်းလေးအတိုင်းမောင်းတော့သည်။ ဥမင်လိုဏ်ဂူလိုပုံစံေကြာင့်လမ်းကျဥ်းသည်ဟုထင်ထားေပမယ့်အောင်မင်းမြတ်ရဲ့ ဟွန်တာဖစ်လွတ်လွတ်လပ်လပ်မောင်းလို့ရသည့်အထိကျယ်ပါသည်။ ခရီးမှာမရောက်သေးလဲလမ်းကလဲရှည်သည်မို့တောင်ရဲ့တစ်ခြားတစ်ဖက်ခြမ်းကိုပတ်သွားနေမှန်းလီလီသိလိုက်ပါသည်။ သိပ်မကြာမီပင်ထိုလမ်းဆုံးတော့မည်ဟုတွေ့လိုက်ပြီးတစ်ဆက်ထဲအိမ်တစ်အိမ်၏အနောက်ဘက်ခြမ်းကိုတွေ့လိုက်ပါသည်။ နောက်ဆုံးတော့ထိုလမ်းလဲဆုံပြီးအောင်မင်းမြတ်လဲအိမ်နားမှာပင်ကားကိုဖြစ်သလိုထိုးရပ်လိုက်သည်။ သူကသော့အတွဲလိုက်ပါသော့ကွင်းကိုယူလာပြီးတစ်ခုပြီးတစ်ခုစမ်းနေသောကြောင့်လီလီအနားပတ်ဝန်းကျင်လျှောက်သွားနေလိုက်သည်။ ဝင်ပေါက်ကအုတ်တံတိုင်းေတွလိုပင်အိမ်ကိုခြံရံထားသောအုတ်တံတိုင်းသည်လည်းလီလီအရပ်ထက်1ပေကျော်မျှမြင့်သည်။ အပြင်ကိုကြည့်ချင်၍ခုန်ကြည့်လိုက်တော့ရာဘာပင်နှင့်လယ်ကွင်းများသာတွေ့သည်။ အနီးဆုံးကအိမ်နောက်နှင့်ကပ်လျက်မြင့်မားသည့်တောင်ဖြစ်သည့်အတွက်တောင်ပြိုကျရင်ပြေးမည့်အချိန်တောင်မရှိပေ။ ထို့ပြင်အိမ်နီးနားချင်းလဲမရှိပေ။ ခပ်လှမ်းလှမ်းမှာတဲထိုးသောအိမ်တစ်လုံးတွေ့ပေမယ့်ရာဘာပင်ကိုစောင့်ကြည့်ဖို့လူနေမယ့်တဲသာဖြစ်လိမ့်မည်။ အိမ်ရဲ့အရှေ့ဘက်ကိုရောက်သွားတော့ဆွဲဖွင့်ရသည့်ေသာ့ခတ်ထားသည့်တံခါးကြီးကြီးကိုတွေ့သည်။ သံချေးတက်နေသည့်သော့ခလောက်ကိုကိုင်ကြည့်ေနတုန်းအောင်မင်းမြတ်ရဲ့ ခေါ်သံကိုကြားလိုက်သည်။
အောင်မင်းမြတ်: "ကလေးရေ လာခဲ့တော့။ အိမ်ကနည်းနည်းတော့သန့်ရှင်းရဦးမယ်။ ကိုယ်စိတ်ချရတဲ့လူနည်းနည်းခေါ်ပြီးရှင်းလိုက်ဦးမယ်။ ကလေးကခဏလောက်စောင့်"
လီလီ : "ကျွန်မကိုရှင့်ရဲ့ဖုန်းခဏငှားလို့မရဘူးလား။ "
အောင်မင်းမြတ် : "ဖုန်းဆက်ချင်နေတာချည်းပဲ။ အလကားတော့မရဘူး။ အာဘွားပေး"
မချစ်သော်လည်းအောင့်ကာနမ်းဆိုသည်မှာလီလီမှလီလီအစစ်ပင်ဖြစ်သည်။ သူ့ဘက်ကစိတ်ကြည်အောင်လို့ဘာမှပြန်မပြောတော့ပဲအသက်အောင့်ကာသူပါးကိုထိရုံမျှနမ်းလိုက်သည်။ နောက်တစ်ခါများအခွင့်ကြုံလာရင်ထိုနေရာကိုပင်ပါးရိုက်ဖြစ်အောင်ရိုက်ပါမည်။
အောင်မင်းမြတ် : "ကိုယ့်ကိုကလေးလေးလို့များထင်နေလားကွာ။ လီလီ့ရဲ့အမျိုးသားပဲဖြစ်လာတော့မှာကိုနှုတ်ခမ်းလေးကိုလဲနမ်းလေ "
လီလီ : "ဖုန်းအရင်ပေးဆက်ပါ။ ပြီးရင်ရှင်လိုချင်တာပေးမယ်"
ထိုသို့ပြောလိုက်မှ သူ့မျက်နှာကပြုံးဖြီးပြီးဖုန်းကိုထုတ်ပေးလာသည်။ ဖုန်းကိုလက်ထဲရောက်သည်နှင့်ချက်ချင်းအလွတ်ရနေသည့်ေမေမရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။ သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ရော မမရဲ့ဖုန်းနံပါတ်ကိုပါအလွတ်မရသည့်အတွက်မေမေဖုန်းနံပါတ်သည်သာကယ်တင်ရှင်ဖြစ်လိမ့်မည်။ ဖုန်းခေါ်လိုက်သော်အခါ ဖုန်းဝင်သော်လဲမကိုင်။ ဒုတိယအကြိမ်ခေါ်မှသာ ဖုန်းကိုင်လာသည်။
လီလီ့ရဲ့အမေ : "ဟယ်လို"
အမေ့ရဲ့ချိုသာတဲ့အသံကိုတစ်ကြိမ်ထဲနှင့်ပင်လီလီမှတ်မိပါသည်။
လီလီ : "အမေ သမီးလေ။ သမီးလီလီ"
လီလီပြောနေတုန်းအနားမှာဘယ်သူရှိသလဲဆိုတာစိတ်မချ၍ဘေးဘီကိုကြည့်ရသေးသည်။
လီလီရဲ့အမေ : "ဟယ် သမီးလေး။ ခုနကတင်ဟန်နီဖုန်းဆက်တာ။ သမီးပျောက်သွားတယ်ဆို။။ခဏ....ခဏလေး။ ယောကျားရေ သားကြီးး လာကြစမ်း မင်းညီမဖုန်းဆက်နေတယ်။ သမီးလေးအဆင်ပြေရဲ့လားသမီးရယ်။ ကိုကြီးမနက်ဖြန်ပဲပြန်လာဖို့စီစဉ်နေပြီကွယ်။ သမီးရဲ့မရီးဆိုအခုတောင်လေဆိပ်မှာရောက်နေတယ်ဆိုလို့သမီးပျောက်သွားပြီးလို့တောင်ပြောလိုက်တယ်။ သူလဲရောက်လာတော့မှာပဲ။ ကြီးကြီးဆီမှာပဲပြန်သွားသမီး။ ဖေဖေ့ရဲ့လူယုံတွေကရှင်းပေးလိမ့်မယ်။ သမီး ကြားရဲ့လား "
လီလီ : "မေမေရယ် သမီးလဲအဲ့ဒီကိုသွားဖို့ဟန်နီဆီကေနထွက်ေပြးလာတာပဲ။ အခုလမ်းမှာအစစ်ခံရပြီးအဲ့ဒီကထူးဆန်းတဲ့ရဲမှုးကြီးကလက်ထပ်ဖို့တောင်စီစဉ်နေပြီး။ အရှည်ကြီးတွေပြောဖို့အချိန်မရှိဘူးအမေရယ်။ မြန်မြန်ပြန်လာပေးနော်။ သမီးကြောက်........."
လီလီရဲ့လက်ထဲကဖုန်းကိုတစ်ယောက်ယောက်ဆွဲလုလိုက်သော်ကြောင့်လီလီအနောက်လှည့်လိုက်သည်။
လီလီ : "ရှင်ဘာလုပ်တာလဲ။ ဒီမှာပြောမပြီးသေးဘူးလေ။ "
အောင်မင်းမြတ်ကေမေမ့ဖုန်းကိုချလိုက်ပြီး
အောင်မင်းမြတ် : "ဟုတ်လား ဘာအကြောင်းပြောနေကြပါလိမ့် "
လီလီ : "ဘာအကြောင်းပြောပြောပေါ့။ ပြန်ပေးစမ်းပါ။ "
အောင်မင်းမြတ် : " မင်းကိုယ်ကားပေါ်တက်ထိုင်ကတည်းကကိုယ့်မင်းကိုယုံကြည်ဖို့ဆုံးဖြတ်ခဲ့တယ်လီလီ။ ဘယ်လောက်မှတောင်မကြာသေးဘူး။ မင်းကအလွဲသုံးစားလုပ်လိုက်တာပဲ။ ခဏနေသန့်ရှင်းရေးလုပ့်သူအပြင်ရှေ့နေ့တွေပါလာလိမ့်မယ်။ လီလီကိုယ့်ကိုလက်မထပ်နိုင်ဘူးဆိုဖြစ်လာမည့်အရာတွေအတွက်ကိုယ်အာမမခံနိုင်ဘူးနော်။ "
အောင်မင်းမြတ်ရဲ့မျက်လုံးထဲတွင်ဒေါသထွက်နေသည်ကိုအတိုင်းတိုင်းသိရသော်ကြောင့်လီလီခေါင်းငြိမ့်လိုက်သည်။ သူလဲလီလီရဲ့ငြိုးသွားသောမျက်နှာကိုတွေ့ပြီးစိတ်ပျော့သွားသည့်ပုံပင်
။ တွန့်ချိုးနေသောမျက်ခုံးများသည်ပြေဆန့်လာကြသည်။
အောင်မင်းမြတ် : "အိမ်မှာအိမ်သာနဲ့ရေချိုးခန်းကလွဲပြီးအကုန်cctvတပ်ထားမယ်။ ကိုယ်အလုပ်သွားရင်လီလီတစ်ခုခုဖြစ်မှာစိုးလို့။ ပြီးတော့ကိုယ်လီလီ့ကိုယုံကြည်နိုင်မှလီလီကိုဖုန်းပေးသုံးနိုင်မယ်။ "
လီလီ : "ရှင်ကျွန်မကိုလှောင်ပိတ်ထားပြီးအသေသတ်နေတာလား။ ကျွန်မအိမ်ရှင်မတော့မလုပ်နိုင်ဘူးနော် "
အောင်မင်းမြတ် : "မလုပ်ရပါဘူး။ ကိုယ်ကလဲမင်းထိခိုက်မှာစိုးတာပေါ့။ အိမ်မှုကိစ္စတွေအတွက်လူငှားမှာပါ။ မင်းတွေ့ခဲ့အတိုင်းကိုယ်အခုနယ်ပြောင်းလို့မရသေးဘူး။ ကရင်အစိုးရကချမှတ်လိုက်တဲ့အရေးပေါ်စည်းကမ်းပဲ။ ကရင်ပြည်နယ်ကထွက်သွားတဲ့လူတွေကိုဘယ်သူမဆိုသေချာစစ်တယ်။ ကိုယ့်လိုရာထူးရှိတဲ့သူတွေကအလုပ်ထွက်လို့မရဘူး။ နယ်ပြောင်းလို့မရဘူး။ အဲ့တာကြောင့်မင်းခဏလောက်သည်းခံပေးဖို့လိုမယ် "
လီလီ : "ရှင်ကျွန်မကိုအချိန်ခဏလောက်ပေးလို့ရမလား "
သူဆီကအဖြေတောင်မစောင့်ပဲထွက်လာပြီးခြံနားကထွက်လာပြီးလမ်းလျှောက်နေလိုက်သည်။ လီလီသေချာတွေးဖို့လိုပြီးဖြစ်သည်။ အောင်မင်းမြတ်ပြောတဲ့အတိုင်းဆိုတကယ်ဒီမြီု့ကထွက်လို့မရတော့ပါ။ အကယ်၍လီလီ့ကိုထွက်မပြေးစေချင်လို့အောင်မင်းမြတ်လိမ်နေသည်ဆိုရင်ကော။ လီလီအတွက်အတည်ပြုပေးမည်သူတစ်ယောက်မှမရှိသလိုဆက်သွယ်လို့လဲရမည်မဟုတ်ချေ။ မကြာမီလီလီအတင်းအဓ္မသူနဲ့လက်ထပ်ရတော့မည်ဖြစ်သည်။ မမနဲ့ပြန်တွေ့လို့သူနဲ့စာချုပ်အရလက်ထပ်ထားတာတွေ့လျှင်မမကိုရှင်းပြလို့တောင်ရပါ့မလား။ မမကလူကြီးဆန်သူမို့လို့ပြောစရာမလိုပေ။ နားလည်ပေးမည်သူဖြစ်သည်။ မမနဲ့တွေ့လျှင်ချက်ချင်းအောင်မင်းမြတ်နှင့်ကွာရှင်းရမည်။ သူကမကွာရှင်းနိုင်လျှင်အတင်းအဓမ္မလက်ထပ်ထားတာပါဆိုပြီးတရားစွဲမည်။ ဒါတင်မကလီလီတို့ကလဲကလေးတွေမရအောင်နေရမည်။ သူ့ဘက်ကလီလီကိုလိင်ကိစ္စနဲ့ပက်သက်ပြီးဖိအားမပေးလျှင်လက်ထပ်မည်ဟုပြောရမည်။ လီလီအချိန်တစ်ခုထိဟန်ဆောင်နေယုံသာဖြစ်သည်။ လီလီတို့မိသားစုတင်မကမမတို့ကလဲမခေတဲ့သူမို့လို့ရှာတွေ့မှာအအနှေးနှင့်အမြန်ပင်။
လီလီစိတ်ကိုဒုံးဒုံးချကာပြန်လှည့်လာပြီးသူမကိုတစ်ချိန်လုံကြည့်နေတဲ့အောင်မင်းမြတ်ကိုေစ့ေစ့ကြည့်ကာ ပြောလိုက်သည်။
လီလီ : "ကျွန်မရှင့်ကိုလက်ထပ်မယ်ဒါပေမယ့်လိင်ကိစ္စမပါကြေး။ ရှင်ကျွန်မကိုအလိုမတူပဲမုဒိန်းကျင့်ရင်ကျွန်မကိုကျွန်မသတ်သေပစ်မယ်"
-
-
-
-
-
-
-
-
-
Advertisement
လီလီ့ကိုနေရာတိုင်းတွင်လိုက်ရှာသော်လည်းအသိတွေရဲ့အပြောအရသူတို့လဲအေသအချာမသိေသာ်လည်းအစစ်အဆေးဘားအံမြို့နှင့်အနီးတစ်ဝိုက်တွင်အစစ်အဆေးများပိုများလာပြီးမြို့ပြင်ကိုထွက်ဖို့ဆိုတာမဖြစ်နိုင်တော့သည်အထိခက်ခဲနေသည်ဟုဆိုသည်။ ဖြစ်နိုင်ချေရှိတာကလီလီ့ကိုသူတို့ဖမ်းထားပြီးအနိုင်ကျင့်ကျရင်ကောဆိုပြီးအတွေးနဲ့ေစာက်သုံးမကျတဲ့ကိုယ့်ကိုကိုပါးတစ််ချက်ပြန်ရိုက်လိုက်ပါသည်။ လီလီ့ရဲ့အမေကိုရောဖုန်းဆက်ထားပေမယ့်အနောက်တိုင်းကနေအာရှတိုင်းကိုပြန်လာဖို့က လေကြောင်းလိုင်းနဲ့တောင်16နာရီလောက်ကြာချေရှိသည်။ ကြားထဲကေလဆိပ်မရှိတဲ့ဘားအံကိုတန်းမရောက်သောကြောင့်ရောက်တဲ့မြို့ကနေဘားအံကိုလာဖို့အချိန်ထပ်ပေးရမည်မို့လို့အနည်းဆုံး၂ရက်လောက်ကြာမှရောက်နိုင်မည်။ ၂ရက်အတွင်းလီလီလေးဘာတွေဖြစ်နေမလဲမခန့်မှန်းနိုင်။
သူမရုတ်တရပ်အကြံတစ်ခုဝင်လာကာဆုံးဖြတ်ချက်ချလိုက်ပြီးကားကိုစက်နှိုးပြီးမိုင်ကုန်မောင်းတော့သည်။ သူမလိုကုန်တိုက်တစ်ခုရဲ့မန်နေဂျာကဘာမှမလုပ်နိုင်။ သူမရဲ့အဖေသစ္စာဖောက်လောက်ကောင်တွေ၏ခေါင်းဆောင်ကတော့တစ်ခုခုလုပ်နိုင်ပါလိမ့်မည်။ လီလီသည်သူ့အိမ်မဟုတ်သည့်ဘားအံမြို့တွင်းတစ်ေနရာတွင်ရှိလိမ့်မည်ဆိုတာသေချာသည်။ လုံလုံခြုံခြုံပုန်းနေသည်လား အဖမ်းခံရပြီးတစ်ခုခုလုပ်လိုက်ကြပြီးလားဆိုတာသာမသိရခြင်းဖြစ်သည်။ ကရင်ပြည်နယ်၏တစ်ခြားမြို့တွေကိုတော့မသေချာပေမယ့်ဘားအံမြို့သည်BGF၏လက်အောက်တွင်အသေအချာကိုရှိသည်။ ဘားအံကအစိုးရဝန်ထမ်းများကတောင်သူတို့အကြီးအကဲထက်BGFကခေါင်းဆောင်ရဲ့စကားနာခံကြသည်။ ထို့ကြောင့်သေချာပေါက်ပင် တပ်တစ်တပ်တွင်ခေါင်းဆောင်ဖြစ်နေသောဟန်နီ့အဖေသည်လီလီ့အကြောင်းကိုသိကိုသိရမည်။ မိစိုးကိုယ်တိုင်အဖေကိုဖမ်းဖို့ပြောလိုက်တဲ့သူကိုမသိစရာအကြောင်းမရှိပေ
" သမီးလေး "
စခန်းထဲဝင်လာတာနှင့်သူ့ကိုသိနှင့်နေသည့်ပုံဖြင့်စစ်သားများသည်လမ်းဖယ်ပေးကြ၏။ အဖေ့ရဲ့ရုံခန်းမရောက်ခင်အလိုမှာပင်ခေါ်သံကိုကြားလိုက်သောကြောင့်လှည့်ကြည့်လိုက်တော့မတွေ့ရတာနှစ်နဲ့ချီနေပြီဖြစ်သည့်သူ့အဖေကိုဖြစ်သည်။ နောက်ဆုံးတွေ့တုန်းကအချိန်ထက်ပိုမိုအိုမင်းလာပုံပေါက်သောလည်းထူထဲသောစစ်အကျီတွေနဲ့ကျည်ကာဝတ်စုံများကြောင့်ခန္ဓာကိုယ်ကသန်စွမ်းသည့်ပုံပေါက်သည်။ ကိုယ့်လူမျိုးကိုပြန်သတ်နေသည့်စစ်တပ်တွေအလုပ်လုပ်နေသည့်သူ့အဖေကြောင့်တစ်သက်လုံးအရှက်ရခဲ့သည်။ သူကိုယ်တိုင်လဲသူ့အဖေကိုနားမလည်ပေ။ နားလည်ဖို့လဲမကြိုးစားချင်တော့။ သူ့အဖေသည်မိသားစုတစ်စုရဲ့အုတ်တံတိုင်းဖြစ်သည့်တစ်စုံတစ်ယောက်၏အမေအဖေတွေကိုသတ်ဖူးလိမ့်မည်။ တစ်ယောက်မှအရှင်မထားနဲ့ဆိုသောအမိန့်ဖြင့်ရိက္ခာပြတ်လတ်ေနသည့်စစ်ဘေးဒုက္ခသည်တွေကိုလဲသတ်ဖူးလိမ့်မည်။ ယုတ်စွအဆုံး သမီးနှစ်ယောက်ရှိတာတောင်မှသူများသမီးကိုမုဒိန်းကျင့်ဖူးလိမ့်မည်။
" သမီးလေး "
ထိုသို့သောလုပ်ရပ်များကိုသိပြီးအဖေရဲ့လုပ်စာကိုမစားပဲကလေးတစ်ယောက်ကိုနို့တိုက်တန်းလန်းနှင့်တစ်ယောက်လက်ဆွဲကာထွက်လာသည့်အမေကိုတော့ဟန်နီအရမ်းလေးစားသည်။ " ငါ့ရဲ့သမီးလေး "ဟုအမေခေါ်တိုင်းဟန်နီ့မသိစိတ်ကကိုယ့်ကိုကိုဂုဏ်ယူတတ်သည်။ သို့သော်အခုအဖေခေါ်တဲ့သမီးလေးသည် ဟန်နီ့၏ခန္ဓာကိုယ်ကိုကြက်သီးများထစေသည်။ မဟုတ်ပါ။ သူသည်ဟန်နီ့အဖေမဟုတ်ပါဘူး။
ဟန်နီ : "လီလီဘယ်နားမှာလဲ "
" ဟင် "
ဟန်နီ : "လီလီဘယ်နားမှာလဲလို့။ ဦီးလေးသမီးအငယ်မ
ဖမ်းခိုင်းတဲ့သူ့သူငယ်ချင်း "
"အဲ့တာတော့အဖေလဲမသိဘူး။ မိစိုးလေးကတစ်မြို့လုံးရဲ့အထွက်လမ်းတွေမှာပဲဒီေကာင်မေလးပါမပါစစ်ခိုင်းတာ "
ဟန်နီ : "ကိုယ့်ကိုကိုယ်အဖေလို့မသုံးပါနဲ့။ ရွံ့တယ် "
တစ်ခုခုပြန်ပြောတော့မယ့်ဟန်ပြင်နေတဲ့သူ့ကြောင့်အမြန်လှည့်ထွက်လာလိုက်သည်။ ထိုသို့ပြောပုံထောက်ရင် သူတို့ဆီမှာလီလီမရှိနေတာသေချာသည်။ ဤသို့ဆိုလျှင် အခုလီလီဘယ်နားမှာရှိမည်နည်း။
၂ရက်ခန့်ကြာသောအခါ
" ကျွီ ခလောက် "
" တစ်ယောက်ယောက်ရှိတယ်ထင်တယ်မမလေး။ ကျွန်တော်တို့အရင်သွားကြည့်လိုက်ပါမယ်။ နောက်မှဝင်လာလိုက်ပါ "
သူတို့ပြောတာကိုပြန်တောင်မဖြေနိုင်တော့သော်ကြောင့်ခေါင်းပဲငြိမ့်လိုက်သည်။ ခရီးပန်းလာသော်လဲ လီလီတို့နှင့်ထည့်ပေးလိုက်သည့် bodyguard နှစ်ယောက်ကပြန်ဆက်သွယ်လာတဲ့အတွက်ကြောင့်ဘားအံတောင်မရောက်သေးပဲလမ်းခုလတ်ကဆေးရုံထံပြေးရပြန်သည်။ သူတို့အချိန်ဆွဲထားတဲ့အတွက်ကြောင့်လီလီနှင့်သူငယ်ချင်းများ လွတ်သွားမှန်းသိလိုက်ရသည့်အပြင် cctvပျက်နေသော်လည်း သူတို့က၏လက်မောင်းကတံဆိပ်ကိုမြင်လိုက်သောကြောင့် လီလီ့ကိုအလိုရှိသူတွေကအကောင်ကြီးကြီးတွေထဲကပဲဖြစ်လိမ့်မည်ဆိုတာကိုပါသိခဲ့သည်။
ကိုစောခိုင်းထားတဲ့လူများကိုလဲလီလီကိုရှာဖို့ဖြန့်ကျက်ထားပြီး၇ေယာက်ကိုချန်ထားကာ ဖူးပွင့်ပြောသည့်လီလီရောက်ခဲ့သည်ဟုထင်ရသည့်အိမ်ကိုအတူလာခဲ့သည်။
ခင် : "ပတ်ဝန်းကျင်သာပြောင်းသွားတယ် ဒီအိမ်ကတော့မပြောင်းဘူး "
" ငါ့ကိုမထိနဲ့ ငါကိုယ့်ဘာသာကိုသွားမယ် "
အသံကြားရာကိုလှမ်းကြည့်လိုက်တော့စစ်ယူနီဖောင်းကိုဝတ်ထားသည့်စစ်သား4ယောက်ကိုတွေ့လိုက်သည်။ လက်မောင်းကအမှတ်အသားကိုကြည့်ချင်အားဖြင့်မြန်မာစစ်တပ်ကမဟုတ်မှန်းသိသာ၏။ ထိုစစ်သားများတွင်လက်နက်များပါသော်လဲ ခင့်ရဲ့လူများကပိုသာ၍လက်နက်ချလိုက်ရသည့်ပုံပင်
"မမလေး အန္တရာယ်ရှိပါတယ်။ အရင်ဆုံး hotelကိုပဲပြန်ရအောင် "
ခင် : " လက်မောင်းကတံဆိပ်ကိုကြည့်။ ငါ့လူတွေပြောတဲ့တံဆိပ်တွေမလား။ သူတို့ကဘာလို့ဒီမှာရောက်နေတာလဲ "
" ကျွန်တော်တို့အခုစစ်ဆေးမေးမြန်းမှာပါ။ ဒါပေမယ့်သူတို့ကလူကြီးပိုင်းတွေနဲ့ဆက်နွယ်လို့လုပ်ချင်တိုင်းလုပ်လို့မရတဲ့အတွက်မမလေးစိတ်ရှည်ရပါမယ်။ "
ခင် : "အိမ်ထဲမှာဘယ်သူမှမရှိဘူးလား။ လီလီမရှိရင်လီလီရဲ့ကြီးကြီးကျန်ခဲ့မှာ "
ပြောရင်းအိမ်ထဲကိုခပ်သွက်သွက်လေးဝင်ဖို့လုပ်တော့သူကသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုကွယ်ကာတားသည်။
"တစ်အိမ်လုံးလိုက်စစ်ပြီးပါပြီ။ အပေါ်ထပ်မှာlockချထားတဲ့အခန်းတစ်ခန်းရှိပါတယ်။ ဒါပေမယ့်စိတ်မချရလို့ကျွန်တော်တို့ကိုယ်တိုင်သွားစစ်မှာပါ။ ကျေးဇူးပြုပြီး hotelမပြန်ရင်တောင်ကားပေါ်မှာလုံလုံခြုံခြုံနဲ့နေပေးပါ "
ခင် : " တောက် " (တောက်ခေါက်သံ)
ကိုစောရဲ့မိသားစုရဲ့ bodyguards တွေကစောရဲ့အမျိုးသမီးဟုသတ်မှတ်ထားသောကြောင့်ခင့်ကိုသည်းသည်းလှုပ်စောင့်ရှောက်နေကြသည်။ သို့သော်ခင့်အတွက်ထိုအရာများသည်အရေးမကြီး။ ခင့်ရဲ့ကလေးငယ်လေးလီလီတစ်ယောက်ထဲကသာအရေးကြီးပါသည်။
📳 တီ........တီ📳
Massageဝင်လာ၍ထွက်လာေသာဖုန်းရဲ့ vibrator ကိုခံစားမိသော်လည်းစာမကြည့်ချင်သေး။ ကိုစော မဟုတ်ရင်ကိုစောဖုန်းဆက်ခိုင်းလို့စာတွေတတီတီပို့နေသည့်ခင့်ရဲ့ညီမလေးဖြစ်လိမ့်မည်။
📳တီ..........တီ 📳
ကိုစောသည်ခင်ကိုစိတ်ပူသော်လည်းတစ်ချိန်တည်းမှာပဲခင့်ကိုအနှောင့်အယှက်မပေးချင်သည့်လူမျိုးဖြစ်သည်။ သူသည်ရန်ကုန်တောင်မရောက်သေးတဲ့ခင့်ညီမကိုအကူအညီတောင်း......... ခနနေပါဦး။ နွယ်နီနှင့်ခင့်ရဲ့အမေသည်မနက်6နာရီလေယာဉ်နှင့်လာခဲ့မည်ဖြစ်ကြောင်း၊ အဖေကကိုကျော်ရဲ့ကိစ္စမပြီးပြတ်သေး၍မလိုက်လာခဲ့ကြောင်းပြောပြထားသည်။ အမေရိကန်ကနေရန်ကုန်လေဆိပ်ကိုရောက်ဖို့15နာရီကြာသောကြောင့်ကိုစောကဖုန်းဆက်ရင်တောင်ကိုင်လို့ရမှာမဟုတ်ပေ။ ခင်အလောတကြီးကိုယ့်ဖုန်းကိုရှာမိသည်။
ဖုန်းရဲ့massageကိုကြည့်လိုက်တော့ ခင်မသိတဲ့ဖုန်းနံပါတ်ကစာပို့ထားသည်။ စဉ်းစားမနေပဲပို့လာသောစာကိုဖတ်ဖို့ထိုနံပါတ်လေးကိုနိပ်လိုက်သည်။
💬 လီလီပျောက်သွားတဲ့ကိစ္စမှာသံသယအရှိဆုံးသူဖြစ်တဲ့မိစိုးရဲ့အစ်မ ဟန်နီပါ။ လွန်ခဲ့တဲ့နှစ်ရက်ကလီလီနဲ့အတူရှိခဲ့ပါတယ်။ ဘားအံရောက်နေတယ်လို့ကြားလို့အဆင်ပြေမယ်ဆိုစကားနည်းနည်းလောက်ပြောကြမလား။
ဟန်နီ ဟန်နီ။ နာမည်ကိုခင်သေချာပေါက်တစ်နေရာရာမှာကကြားဖူးပါသည်။
ခင် : " အားး "
စာပြန်ဖို့ပြင်နေတဲ့လက်တစ်ဖက်ကိုနားသယ်နားကိုဖိနှိပ်မိလိုက်သည်။ ရုတ်တရပ်ခေါင်းထိုးကိုက်လာကာမျက်လုံးများကလဲဝေဝါးလာသည်။ ထိုနာကျင်မှုသည်အရင်ကလိုခဏနှင့်မပျောက်သွားပဲပိုဆိုးလာသဖြင့်အံကြိတ်ထားသည်ကိုအသံထွက်လာသည်။
" ဒေါက် ဒေါက် ဒေါက် "
" မမလေး အဆင်ပြေရဲ့လား "
ကားမှန်ကိုခေါက်နေသည့်အသံရယ် စကားသံများလုံးလုံးထွေထွေကို သာကြားရသည်။ သေတော့မှာလားဟုအတွေးဝင်လာသော်အခါအလွန်ကြောက်လန့်ပြီးတော့မရရအောင်ခေါင်းမော့ဖို့ကြိုးစားလိုက်သည်။ လီလီ့ကိုပြန်မတွေ့ရမချင်းမသေနိုင်ပါ။ လီလီနှင့်အတူကော်လက်စွပ်လေးစွပ်ပေးနိုင်တဲ့အထိသူသေလို့မဖြစ်ပါ။ စကားပြန်ပြောဖို့အားကုန်သုံးလိုက်သော်လည်းအရာအားလုံးကအမှောင်ကျသွားပြီးနောက်ဆုံးကြားလိုက်သည်က
လီလီ : "ကလေး မကိုအရမ်းလွမ်းနေတာ"
Advertisement
- In Serial99 Chapters
His Heat
Damon Blackwell is a regular omega in the Ganymede Pack. He is, in his opinion, totally, irrevocably, amazingly - average. Well, except for his not-so-secret admirer, Jun Harper, who happens to be an alpha and also openly in love with him - he's just not really sure why.He declared his love freely, to anyone who would listen. Which is great, except, Damon is pretty sure they've never spoken to each other, let alone spent enough time together for either of them to fall in love. Damon is content to ignore Jun's many love confessions - until the Season comes. See, in the Ganymede Pack, there's a mating season. Totally normal. The only catch?Well...it's the alphas who go into heat.*this story is MATURE. If you think you're not old enough to read such content, you probably aren't and should NOT read this. Thank you.*
8 304 - In Serial46 Chapters
✔His Hijabi (Gangster Au)✔
"You Have to marry me & if you say 'no' then I'll kill everyone & forcefully marry you..I'll claim you either by hook or crook. Am I clear?" John said , while his men were holding gun with straight faceElma:you cant do this to me.what Have I ever done to you?John: You've stole my heart & now You're asking me what have you done? No more rubbish I've told you everything Now start to prepare & adjust with everything Then he left the house with his menIts a story about a successful businessman who is a gang leader.His name is John..He is billionaire,handsome,cold hearted.But, his nature changes after he meets Elma..Who is a middle class Muslim hijabi girl..Read the story to know how their future turns out🤗This is my first story ever.sorry for my mistakes and errors .lemme know your opinions❤Thanks to @SalwaElrahmany for making the cover🥰Give it a try in shaa allah it wont disappoint you. Happy reading 😊This story's idea is totally mine do not copy 😶 🥇out of 4.6k stories #jerk [12-11-2021]🥇out of 2.65k stories #hijab [08-06-2022]🥇out of 2.17k stories #muslimah [12-10-2020]🥇Out of 1.15k stories #feisty (21-08-2022)🥇Out of 917 stories #hijabi [10-01-2022]🥇 out of 818 stories #islamiclovestory[20-11-2021]🥇out of 661 stories #conversion [27-09-2022) 🥈out of 30.2k stories #spiritual [24-08-2022]🥉out of 67.2k stories #pakistani. [18-07-2021]🥉out of 31k stories #randomthoughts [20-09-2021]35 out of 241k stories #story [27-09-2022]78 out of 2.26m stories #love [22-09-2021]
8 169 - In Serial68 Chapters
The Mafia Bride ♡
Catalaiya Snyder, a 23 years old businesswoman was obligated to have an arranged marriage to a guy named Mason Mcbelt. She hated the idea of arranged marriage and always dream about a love marriage but unfortunately, she didn't have the best luck in love. She tried dating but it didn't work out for her. She eventually gave up and accepted her parents request to get an arranged marriage.Little did she know that she will be known as the Mafia Bride.Aziel Alvaro, a 26 years old Mafia Leader and a businessman was forced to commit to a deal that he thought he avoided. Aziel was known for his cold, intimidating and fearful aura. Angry and pissed, he made sure that she knows that it was just a deal. Misunderstanding and poor communication can make things worst.Follow their journey to see how they cop when they each found out that they were both stuck in this together.WARNING ⚠️: Grammatical Error; Read at your own risk. ⚠: Family-Friendly
8 411 - In Serial13 Chapters
a letter for him · bokuaka
❝i've been in love with you for three years, bokuto, and i never risked myself for telling you the truth. instead, i only uttered denial statements. i might be stupid, a coward, or might be smart, i don't know.❞ ― lowercase intended
8 217 - In Serial64 Chapters
Want you Back
Highest rankings:Ex-boyfriend: #1 (6th Feb 2020)Follow my instagram for any updates and if you wanna ask me anything-@nikki_k123Mia Stewart is dealing with heartbreak after her now, ex-boyfriend, broke up with her after being together for 3 years. She's hiding the fact that she still likes him and is doing great, keeping in mind that she has to hang out with him every single day since all their friends are common. At the end of the summer party, she ends up kissing him for a dare and learning that he wants her back... How will he get her back and how will they survive the whole reason for the break-up?....."God, Ryder! Why did you kiss me? You can't just do things whenever you feel like it! I-" she was shouting but I cut her off. "I want you back, Mia."ALL RIGHTS RESERVED
8 194 - In Serial102 Chapters
His Flower
❝Admit it, Flower. You just can't stay away from me, can you?❞•••••Rose Adams lives a life constantly on the move. Every person, every friendship, every place: it's all been temporary.Though, life shocks her when she moves to a small town and actually grows... attached. She suddenly finds herself wanting to stay. Specifically, for the egoistic and charming boy who can't seem to stay away from her.
8 215

