《မင္းကို ခ်စ္မဝေသးလို႔(BL Novel,Myanmar tran)》Ch-32
Advertisement
Unicode
...
အခန်း-၃၂
ညနေပိုင်းတွင်တော့ ရွှမ်းရန်ဟန်ချန်သည်လဲ ဂျာပေါင်အားခေါ်ပြီး ချန်ဟယ်နန်းခန်မဆောင်သို့ရောက်လာခဲ့သလို ဆုန်ရိယွင်နှင့် ယုချင်းတို့သည်လဲ သူတို့ရဲ့သမီးတွေကိုခေါ်၍ ချန်းဟယ်နန်းခန်းမဆောင်သို့ရောက်လာကြလေသည်။
ယုချင်းတို့လဲ အိမ်ရှေ့စံမင်းသားကိုတွေ့သည်နှင့် အလေးမြတ်ပြုအရိုသေပေးနှုတ်ဆက်လေသည်။
''အိမ်ရှေ့စံအရှင်မင်းသား......''
"ထိုင်ကြ..."ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်အား ထိုင်မယ့်ထိုင်ခုံဆီသို့ ခေါ်သွားပေးလေသည်။''ဒီနေ့က အရှေ့နန်းဆောင်ရဲ့သီးသန့်တွေ့ဆုံပွဲပါ။အများကြီးယဉ်ကျေးနေဖို့ မလိုပါဘူး။''
ထို့နောက် ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်အား သမီးကြီးဖြစ်တဲ့ ဆုန်ရိယွင်၏သမီး-ခန်းအာနှင့်လည်ကောင်း သမီးငယ်ဖြစ်တဲ့ ယုချင်း၏သမီး-ခန်းအော် နှင့်လည်းကောင်းမိတ်ဆက်ပေးလေသည်။
ခန်းအာသည် အရင်ကတတ်တတ်ကြွကြွလေးရှိနေခဲ့တယ်ပေမယ့် ဂျာပေါင်အားကြည့်မိတဲ့အချိန်မှာတော့ တွန့်ဆုတ်တွန့်ဆုတ်လေးဖြစ်နေခဲ့လေသည်။ သူ့စိတ်ထဲတွင်တော့ ကြောက်ရွံ့တုန်လှုပ်စိတ်သာလျင် ကြီးစိုး၍နေ၏။
ရွှမ်းရန်ဟန်ချန်သည် အရင်ဆုံး ဆုန်ရိယွင် နှင့် ယုချင်းတို့ သမီး၂ယောက်ရဲ့ကျန်းမာရေးအခြေနေများကိုမေးမြန်းပြီးနောက်တွင်တော့ ထမင်းစားပွဲပြင်ရန်ရံရွေတော်များအား အမိန့်ပေး လိုက်လေသည်။
နန်းတော်မှအစေခံများသည်လဲ မွှေးကြိုင်ပြီး အနံ့အရသာပြည့်ဝသည့် ငါးဟင်းလျာများကိုသယ်ဆောင်၍ လာ၏။ရွှမ်းရန်ဟန်ချန်သည်လဲ အနည်းငယ်စိတ်လှုပ်ရှားပြီးကြောက်
လန့် နေပုံရသော သူ့ခလေးငယ်လေး၏မျက်နှာကိုတွေ့လုက်တာကြောင့် စားပွဲအောက်မှနေ၍ အကောင်ပေါက်လေး၏လက်သေးသေးလေးကို ဆုတ်ကိုင်ဖြစ်ညစ်ထားလိုက်လေသည်။
ဂျာပေါင်သည် ရွှမ်းရန်ဟန်ချန်၏ အားပေးမှုကို ခံစားလိုက်ရတာကြောင့် သူ့ရဲ့မတည်မငြိမ်ဖြစ်နေတဲ့စိတ်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်နိုင်လေသည်။ဂျာပေါင်သည် နန်းတော်၏စားသောက်ပုံအမူအကျင့်ကောင်းတွေနှင့် ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်လေရာ သူ့ရဲ့စားသောက်ပုံမှာလဲ လွန်စွာမှသေသပ်ညှင်သာ၍ ကြည့်နေသူကို မျက်စိမလွှဲအောင်ပင်ဖြစ်စေလေသည်။
ဒီနေ့အတွက်ဟင်းအမယ်အားလုံးကို ဂျာပေါင် တစ်ယောက်ရွေးချယ်ထားတာဖြစ်လေသည်။ဟုတ်ပါတယ်!အကုန်လုံးက ရွှမ်းရန်ဟန်ချန်ရဲ့အကြိုက်တွေကို ပဲရွေးချယ်ထားတာပါ။
ဂျာပေါင်က အစားဂျီးများတတ်သူမဟုတ်တာကြောင့် အရသာရှိမဲ့ပုံလေးမြင်တာနှင့် သူ့ရဲ့အစားစားချင်စိတ်ဟာဖြစ်ပေါ်၍လာသည်။ရွှမ်းရန်ဟန်ချန် တစ်ယောက်ကတော့ ခလေးငယ်လေးအားတစိမ့်စိမ့်ကြည့်နေရင်းဖြင့် သူ့ရဲ့အစားစားချင်စိတ်ဟာ တဖြည်းဖြည်းတိုးပွား၍လာနေတာကို ခံစားမိနေခဲ့လေသည်။
ယုချင်းကတော့ လင်ရှောင်ဇူ၏နားလည်ရခက်တဲ့ ပမာမခန့်အပြုမူကို သူမရဲ့စိတ်နှလုံးသားထဲတွင်စွဲထင်ကျန်နေသည်အထိ ကြည့်နေခဲ့လေသည်။သူမဘယ်တုန်းကမှလက်လှမ်းလို့မရနိုင်ခဲ့တဲ့ ကမ္ဘာတစ်ခုအကြောင်းတွေးကြည့်မိနေတာလဲပါတာပေါ့!ယုချင်း ဟင်းအချို့ကိုယူကာ ကိုက်ဝါးလိုက်ပြီးနောက် တူကိုခပ်တင်းတင်းသာ ဆုတ်ကိုင်ထားမိလေတော့သည်။
ဒီနေ့ရဲ့ ငါးခူပေါင်းကအရမ်းအရသာရှိတာကြောင့် ဂျာပေါင် သည်လဲ ကောင်းကောင်းစားနေခဲ့လေသည်။ ရွှမ်းရန်ဟန်ချန်သည် ယုချင်းအားသူမရဲ့ခလေးကို လက်သုတ်ပုဝါပေးရန်အချက်ပြလိုက်၏။ထို့နောက်ယုချင်းသည် လင်ရှောင်ဇူကျေနပ်စေဖို့အတွက် ငါးအသားပိုင်းတစ်ခုကိုဂရုတစိုက်နဲ့ကျောရိုးဖယ်ပြီး ဂျာပေါင် ရဲ့ပန်ကန်ထဲသို့ထည့်ပေးလိုက် ၏။
ငါးဟင်းရဲ့အရသာက အရမ်းနူးညံ့ပြီးကောင်းလွန်းတာကြောင့်ဂျာပေါင်သည်လဲ ငါးဖတ်အားယူ၍ ပါးစပ်ထဲသို့ထည့်၍မြည်းကြည့်လေသည်။
ကိုယ်လုပ်တော်ယုက ဂျာပေါင်ရဲ့အနည်းငယ်အလျင်လိုနေတဲ့ဟန်ကိုသဘောတကျကြည့်လိုက်ပြီးနောက် ပြုံးစိစိဖြစ်ချင်နေတဲ့သူ့နှုတ်ခမ်းတွေကို ဟန်ပါပါလက်ဖြင့်ကွယ်ရင်း
''လင်ရှောင်ဇူ.... အရင်က ငါးခူမစားဖူးမှာကိုစိုးရိမ်မိပါတယ် အဟင်း....!''
"ဟုတ်ကဲ့.."ဂျာပေါင်ကတော့ သူ,မစားဖူးခဲ့ကြောင်းကို အမှန်အတိုင်းသာခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။ရှောင်ဇူတို့ရဲ့ဒေသက အလယ်ပိုင်းဒေသဖြစ်တာကြောင့် ငါးဈေးကအတော်လေးမြောက်တယ်လို့ဆိုနိုင်သည်။ဒါကြောင့် လယ်ယာလုပ်ငန်းကိုသာအဓိကထားလုပ်ကိုင်တဲ့ သူတို့လင်မိသားစုသည်လဲ အများအားဖြင့် ကြက်၊ ဘဲ၊ ဝက်၊ အခြားငါး၊ ပုဇွန်၊ ကဏန်းတို့ကိုသာ စားဖူးလေသည်။
ဒါတောင်မှ မကြာမကြာစားနေတာမျိုးမဟုတ်ချေ။ နန်းတော်ထဲရောက်ပြီး အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ငယ်လေးဖြစ်လာခဲ့ပြီးမှသာ အရင်ကတစ်ခါမှပင်မကြားဖူးခဲ့သည့် အရသာရှိတဲ့အစားအစာအများကြီးကို စားဖူးခဲ့တာဖြစ်လေသည်။သူ ကံကောင်းလို့သာ ဒီလိုအစားကောင်းတွေကိုစားဖူးခြင်းပင်!
ဂျာပေါင်ရဲ့ပြန်ဖြေသံကိုကြားပြီးနောက် ယုချင်းသည်အမှုမဲ့ အမှတ်မဲ့ ရယ်မောမိလေသည်။ယုချင်းနောက်ထပ်တစ်ခုခု ထပ်ပြောဖို့ပြင်လိုက်ပါသော်လည်း သူမဆီသို့ရောက်လာတဲ့ အိမ့်ရှေ့စံမင်းသား၏ အေးအေးစက်စက်အကြည့်ကိုမြင်တွေ့လိုက်ရတာကြောင့် သူမရဲ့စကားတွေဟာ လည်ချောင်းဝမှာတင်ပျောက်ရှ၍သွားလေတော့သည်။
ကိုယ်လုပ်တော်ဆုန်ကတော့ လင်ရှောင်ဇူကိုအရိပ်တကြည့်ကြည့်ဖြင့် အပြည့်အဝကာကွယ်ပေးချင်နေသည့် အိမ်ရှေ့စံမင်းသားကိုကော၊ ယုချင်း၏မျက်ကန်းတစ်ယောက်လို မသိနားမလည်စွာ ရန်စနေမှုကိုကော.....ဟိုးအစကနေအဆုံးထိ ဖြစ်ပျက်သမျှအရာအားလုံးကို အပြင်လူတစ်ယောက်လို ခပ်အေးအေးသာ အရိပ်ခြေကြည့်နေခဲ့လေသည်။
.
.
ညစာ,စားပြီးနောက်ယုချင်းသည် အိမ်ရှေ့စံမင်းသား၏အလေးပေးမှုကိုရရှိရန်ကြိုးပမ်းရာတွင် ကုန်ဆုံးသွားမည့်သူ့ရဲ့အားအင်တို့ကိုတွန့်ဆုတ်မနေပဲ
''အရှင်မင်းသားကျွန်တော်မျိုးမဆီကို ရောက်မလာတာ တော်တော်လေးကြာနေပြီလေ ဒါကြောင့်ချင်းချင်း အရှင်မင်းသားကို အရမ်းလွမ်းနေခဲ့တာ....''
ရွှမ်းရန်ဟန်ချန်ကတော့ ယုချင်းရဲ့ဖျော်ဖြေနေမှုကို စိတ်ဝင်စားဟန်မပြပဲ
"ဒီနေ့လုပ်စရာတွေအကုန်ပြီးပြီ အားလုံး နားကျတော့...''
ထို့နောက် ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားခေါ်၍ ဖျင်အော်နန်းဆောင်သို့ ပြန်လာခဲ့လေတော့သည်။ အဲ့ဒီ့နောက် နှစ်ယောက်သားရေချိုးအဝတ်စားလဲလှယ်ကျပြီး အိပ်ယာထဲတွင်လှဲလျောင်းနေကြလေ၏။
''အင်း!တွေ့ရမယ့်သူတွေနဲ့လဲ တွေ့ပြီးပြီဆိုတော့ ကိုယ့်ရဲ့လိမ္မာတဲ့ခလေးလေး ဒီနေ့အများကြီးပင်ပန်းနေမှာပဲ...!''ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အား သူ့လက်မောင်းတွေကြားထဲသို့ ဆွဲသွင်းထားရင်း ပြောလေသည်။
"မပင်ပန်းပါဘူး..."ဂျာပေါင်ကတိုးတိုးလေးထပ်ပြောလိုက်၏။''နောက်ကျရင် သူတို့နဲ့မကြာမကြာတွေ့ရတာမျိုးကို မလုပ်လို့ရလား?'' သူ ယုချင်းကိုသဘောမကျဘူး... ပြီးတော့ သူ့ရဲ့ရှန်ကုန်းကိုကြည့်နေတဲ့ ယုချင်းရဲ့အကြည့်တွေကိုလဲ မကြိုက်ဘူး။
"ရတာပေါ့ ခလေးရဲ့!နောင်ဘယ်တော့မှ မင်း သူတို့ကိုတွေ့စရာအကြောင်းမရှိစေရဘူး...ဟုတ်ပြီလား'' သူ့ရဲ့ခလေးလေးအနေနဲ့ ဒီလိုကိစ္စတွေကိုရင်ဆိုင်နိုင်ဖို့အတွက် တကယ်ခက်ခဲနေမည်ကိုလဲ ရွှမ်းရန်ဟန်ချန်တစ်ယောက် တပ်အပ်သိနေခဲ့လေသည်။
"သူတို့ကို ထပ်မတွေ့ချင်ဘူးလို့ပြောလိုက်တာ.... ဂျာပေါင် အရမ်းဆိုးနေပြီလား? ဟင်!''ဂျာပေါင် က ခပ်တိုးတိုးပြောလိုက်၏။
"ကိုယ့်ရဲ့လိမ္မာတဲ့ ရတနာလုံးလေးရယ်..... မင်းဆိုးတာလေးကိုလဲ ကိုယ်ကချစ်ပါတယ်ကွာ..."ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အား ဝမ်းသာအားရဖြင့် ကြည်နူးစွာနမ်းရှိုက်မိလေသည်
။နောက်ဆုံးတော့ ခလေးငယ်လေးက သူ့ကို အပိုင်သိမ်းထားချင်နေပြီပဲ.....!
⭐⭐⭐⭐⭐
Paid gpဝင်မယ်ဆို 'Han May´ accကိုလာပြောပေးနော် ရတာနဲ့linkချပြီးဆွဲထည့်ပေးချင်လို့
.
.
Zawgyi
....
အခန္း-၃၂
ညေနပိုင္းတြင္ေတာ့ ရႊမ္းရန္ဟန္ခ်န္သည္လဲ ဂ်ာေပါင္အားေခၚၿပီး ခ်န္ဟယ္နန္းခန္မေဆာင္သို့ေရာက္လာခဲ့သလို ဆုန္ရိယြင္ႏွင့္ ယုခ်င္းတို့သည္လဲ သူတို့ရဲ့သမီးေတြကိုေခၚ၍ ခ်န္းဟယ္နန္းခန္းမေဆာင္သို့ေရာက္လာၾကေလသည္။
ယုခ်င္းတို့လဲ အိမ္ေရွ႕စံမင္းသားကိုေတြ႕သည္ႏွင့္ အေလးျမတ္ျပဳအရိုေသေပးႏွုတ္ဆက္ေလသည္။
''အိမ္ေရွ႕စံအရွင္မင္းသား......''
"ထိုင္ၾက..."ရႊမ္းရန္ဟန္ခ်န္သည္ဂ်ာေပါင္အား ထိုင္မယ႔္ထိုင္ခုံဆီသို့ ေခၚသြားေပးေလသည္။''ဒီေန႔က အေရွ႕နန္းေဆာင္ရဲ့သီးသန္႔ေတြ႕ဆုံပြဲပါ။အမ်ားႀကီးယဥ္ေက်းေနဖို့ မလိုပါဘူး။''
ထို့ေနာက္ ရႊမ္းရန္ဟန္ခ်န္သည္ဂ်ာေပါင္အား သမီးႀကီးျဖစ္တဲ့ ဆုန္ရိယြင္၏သမီး-ခန္းအာႏွင့္လည္ေကာင္း သမီးငယ္ျဖစ္တဲ့ ယုခ်င္း၏သမီး-ခန္းေအာ္ ႏွင့္လည္းေကာင္းမိတ္ဆက္ေပးေလသည္။
ခန္းအာသည္ အရင္ကတတ္တတ္ႂကြႂကြေလးရွိေနခဲ့တယ္ေပမယ့္ ဂ်ာေပါင္အားၾကည့္မိတဲ့အခ်ိန္မွာေတာ့ တြန္႔ဆုတ္တြန္႔ဆုတ္ေလးျဖစ္ေနခဲ့ေလသည္။ သူ႔စိတ္ထဲတြင္ေတာ့ ေၾကာက္ရြံ့တုန္လွုပ္စိတ္သာလ်င္ ႀကီးစိုး၍ေန၏။
ရႊမ္းရန္ဟန္ခ်န္သည္ အရင္ဆုံး ဆုန္ရိယြင္ ႏွင့္ ယုခ်င္းတို့ သမီး၂ေယာက္ရဲ့က်န္းမာေရးအေျခေနမ်ားကိုေမးျမန္းၿပီးေနာက္တြင္ေတာ့ ထမင္းစားပြဲျပင္ရန္ရံေရြေတာ္မ်ားအား အမိန္႔ေပး လိုက္ေလသည္။
နန္းေတာ္မွအေစခံမ်ားသည္လဲ ေမႊးႀကိဳင္ၿပီး အနံ့အရသာျပည့္ဝသည့္ ငါးဟင္းလ်ာမ်ားကိုသယ္ေဆာင္၍ လာ၏။ရႊမ္းရန္ဟန္ခ်န္သည္လဲ အနည္းငယ္စိတ္လွုပ္ရွားၿပီးေၾကာက္
Advertisement
လန္႔ ေနပုံရေသာ သူ႔ခေလးငယ္ေလး၏မ်က္ႏွာကိုေတြ႕လုက္တာေၾကာင့္ စားပြဲေအာက္မွေန၍ အေကာင္ေပါက္ေလး၏လက္ေသးေသးေလးကို ဆုတ္ကိုင္ျဖစ္ညစ္ထားလိုက္ေလသည္။
ဂ်ာေပါင္သည္ ရႊမ္းရန္ဟန္ခ်န္၏ အားေပးမွုကို ခံစားလိုက္ရတာေၾကာင့္ သူ႔ရဲ့မတည္မၿငိမ္ျဖစ္ေနတဲ့စိတ္ကို ျဖည္းညႇင္းစြာ ေျဖေလၽွာ့လိုက္နိုင္ေလသည္။ဂ်ာေပါင္သည္ နန္းေတာ္၏စားေသာက္ပုံအမူအက်င့္ေကာင္းေတြႏွင့္ ရင္းႏွီးကၽြမ္းဝင္ေနၿပီးျဖစ္ေလရာ သူ႔ရဲ့စားေသာက္ပုံမွာလဲ လြန္စြာမွေသသပ္ညႇင္သာ၍ ၾကည့္ေနသူကို မ်က္စိမလႊဲေအာင္ပင္ျဖစ္ေစေလသည္။
ဒီေန႔အတြက္ဟင္းအမယ္အားလုံးကို ဂ်ာေပါင္ တစ္ေယာက္ေရြးခ်ယ္ထားတာျဖစ္ေလသည္။ဟုတ္ပါတယ္!အကုန္လုံးက ရႊမ္းရန္ဟန္ခ်န္ရဲ့အႀကိဳက္ေတြကို ပဲေရြးခ်ယ္ထားတာပါ။
ဂ်ာေပါင္က အစားဂ်ီးမ်ားတတ္သူမဟုတ္တာေၾကာင့္ အရသာရွိမဲ့ပုံေလးျမင္တာႏွင့္ သူ႔ရဲ့အစားစားခ်င္စိတ္ဟာျဖစ္ေပၚ၍လာသည္။ရႊမ္းရန္ဟန္ခ်န္ တစ္ေယာက္ကေတာ့ ခေလးငယ္ေလးအားတစိမ့္စိမ့္ၾကည့္ေနရင္းျဖင့္ သူ႔ရဲ့အစားစားခ်င္စိတ္ဟာ တျဖည္းျဖည္းတိုးပြား၍လာေနတာကို ခံစားမိေနခဲ့ေလသည္။
ယုခ်င္းကေတာ့ လင္ေရွာင္ဇူ၏နားလည္ရခက္တဲ့ ပမာမခန္႔အျပဳမူကို သူမရဲ့စိတ္ႏွလုံးသားထဲတြင္စြဲထင္က်န္ေနသည္အထိ ၾကည့္ေနခဲ့ေလသည္။သူမဘယ္တုန္းကမွလက္လွမ္းလို့မရနိုင္ခဲ့တဲ့ ကမၻာတစ္ခုအေၾကာင္းေတြးၾကည့္မိေနတာလဲပါတာေပါ့!ယုခ်င္း ဟင္းအခ်ိဳ့ကိုယူကာ ကိုက္ဝါးလိုက္ၿပီးေနာက္ တူကိုခပ္တင္းတင္းသာ ဆုတ္ကိုင္ထားမိေလေတာ့သည္။
ဒီေန႔ရဲ့ ငါးခူေပါင္းကအရမ္းအရသာရွိတာေၾကာင့္ ဂ်ာေပါင္ သည္လဲ ေကာင္းေကာင္းစားေနခဲ့ေလသည္။ ရႊမ္းရန္ဟန္ခ်န္သည္ ယုခ်င္းအားသူမရဲ့ခေလးကို လက္သုတ္ပုဝါေပးရန္အခ်က္ျပလိုက္၏။ထို့ေနာက္ယုခ်င္းသည္ လင္ေရွာင္ဇူေက်နပ္ေစဖို့အတြက္ ငါးအသားပိုင္းတစ္ခုကိုဂ႐ုတစိုက္နဲ႔ေက်ာရိုးဖယ္ၿပီး ဂ်ာေပါင္ ရဲ့ပန္ကန္ထဲသို့ထည့္ေပးလိုက္ ၏။
ငါးဟင္းရဲ့အရသာက အရမ္းႏူးညံ့ၿပီးေကာင္းလြန္းတာေၾကာင့္ဂ်ာေပါင္သည္လဲ ငါးဖတ္အားယူ၍ ပါးစပ္ထဲသို့ထည့္၍ျမည္းၾကည့္ေလသည္။
ကိုယ္လုပ္ေတာ္ယုက ဂ်ာေပါင္ရဲ့အနည္းငယ္အလ်င္လိုေနတဲ့ဟန္ကိုသေဘာတက်ၾကည့္လိုက္ၿပီးေနာက္ ျပဳံးစိစိျဖစ္ခ်င္ေနတဲ့သူ႔ႏွုတ္ခမ္းေတြကို ဟန္ပါပါလက္ျဖင့္ကြယ္ရင္း
''လင္ေရွာင္ဇူ.... အရင္က ငါးခူမစားဖူးမွာကိုစိုးရိမ္မိပါတယ္ အဟင္း....!''
"ဟုတ္ကဲ့.."ဂ်ာေပါင္ကေတာ့ သူ,မစားဖူးခဲ့ေၾကာင္းကို အမွန္အတိုင္းသာေခါင္းညိတ္၍ ေထာက္ခံလိုက္ေလသည္။ေရွာင္ဇူတို့ရဲ့ေဒသက အလယ္ပိုင္းေဒသျဖစ္တာေၾကာင့္ ငါးေစ်းကအေတာ္ေလးေျမာက္တယ္လို့ဆိုနိုင္သည္။ဒါေၾကာင့္ လယ္ယာလုပ္ငန္းကိုသာအဓိကထားလုပ္ကိုင္တဲ့ သူတို့လင္မိသားစုသည္လဲ အမ်ားအားျဖင့္ ၾကက္၊ ဘဲ၊ ဝက္၊ အျခားငါး၊ ပုဇြန္၊ ကဏန္းတို့ကိုသာ စားဖူးေလသည္။
ဒါေတာင္မွ မၾကာမၾကာစားေနတာမ်ိဳးမဟုတ္ေခ်။ နန္းေတာ္ထဲေရာက္ၿပီး အိမ္ေရွ႕စံမင္းသားရဲ့ကိုယ္လုပ္ေတာ္ငယ္ေလးျဖစ္လာခဲ့ၿပီးမွသာ အရင္ကတစ္ခါမွပင္မၾကားဖူးခဲ့သည့္ အရသာရွိတဲ့အစားအစာအမ်ားႀကီးကို စားဖူးခဲ့တာျဖစ္ေလသည္။သူ ကံေကာင္းလို့သာ ဒီလိုအစားေကာင္းေတြကိုစားဖူးျခင္းပင္!
ဂ်ာေပါင္ရဲ့ျပန္ေျဖသံကိုၾကားၿပီးေနာက္ ယုခ်င္းသည္အမွုမဲ့ အမွတ္မဲ့ ရယ္ေမာမိေလသည္။ယုခ်င္းေနာက္ထပ္တစ္ခုခု ထပ္ေျပာဖို့ျပင္လိုက္ပါေသာ္လည္း သူမဆီသို့ေရာက္လာတဲ့ အိမ့္ေရွ႕စံမင္းသား၏ ေအးေအးစက္စက္အၾကည့္ကိုျမင္ေတြ႕လိုက္ရတာေၾကာင့္ သူမရဲ့စကားေတြဟာ လည္ေခ်ာင္းဝမွာတင္ေပ်ာက္ရွ၍သြားေလေတာ့သည္။
ကိုယ္လုပ္ေတာ္ဆုန္ကေတာ့ လင္ေရွာင္ဇူကိုအရိပ္တၾကည့္ၾကည့္ျဖင့္ အျပည့္အဝကာကြယ္ေပးခ်င္ေနသည့္ အိမ္ေရွ႕စံမင္းသားကိုေကာ၊ ယုခ်င္း၏မ်က္ကန္းတစ္ေယာက္လို မသိနားမလည္စြာ ရန္စေနမွုကိုေကာ.....ဟိုးအစကေနအဆုံးထိ ျဖစ္ပ်က္သမၽွအရာအားလုံးကို အျပင္လူတစ္ေယာက္လို ခပ္ေအးေအးသာ အရိပ္ေျခၾကည့္ေနခဲ့ေလသည္။
.
.
ညစာ,စားၿပီးေနာက္ယုခ်င္းသည္ အိမ္ေရွ႕စံမင္းသား၏အေလးေပးမွုကိုရရွိရန္ႀကိဳးပမ္းရာတြင္ ကုန္ဆုံးသြားမည့္သူ႔ရဲ့အားအင္တို့ကိုတြန္႔ဆုတ္မေနပဲ
''အရွင္မင္းသားကၽြန္ေတာ္မ်ိဳးမဆီကို ေရာက္မလာတာ ေတာ္ေတာ္ေလးၾကာေနၿပီေလ ဒါေၾကာင့္ခ်င္းခ်င္း အရွင္မင္းသားကို အရမ္းလြမ္းေနခဲ့တာ....''
ရႊမ္းရန္ဟန္ခ်န္ကေတာ့ ယုခ်င္းရဲ့ေဖ်ာ္ေျဖေနမွုကို စိတ္ဝင္စားဟန္မျပပဲ
"ဒီေန႔လုပ္စရာေတြအကုန္ၿပီးၿပီ အားလုံး နားက်ေတာ့...''
ထို့ေနာက္ ရႊမ္းရန္ဟန္ခ်န္သည္ ဂ်ာေပါင္အားေခၚ၍ ဖ်င္ေအာ္နန္းေဆာင္သို့ ျပန္လာခဲ့ေလေတာ့သည္။ အဲ့ဒီ့ေနာက္ ႏွစ္ေယာက္သားေရခ်ိဳးအဝတ္စားလဲလွယ္က်ၿပီး အိပ္ယာထဲတြင္လွဲေလ်ာင္းေနၾကေလ၏။
''အင္း!ေတြ႕ရမယ့္သူေတြနဲ႔လဲ ေတြ႕ၿပီးၿပီဆိုေတာ့ ကိုယ့္ရဲ့လိမၼာတဲ့ခေလးေလး ဒီေန႔အမ်ားႀကီးပင္ပန္းေနမွာပဲ...!''ရႊမ္းရန္ဟန္ခ်န္သည္ ဂ်ာေပါင္အား သူ႔လက္ေမာင္းေတြၾကားထဲသို့ ဆြဲသြင္းထားရင္း ေျပာေလသည္။
"မပင္ပန္းပါဘူး..."ဂ်ာေပါင္ကတိုးတိုးေလးထပ္ေျပာလိုက္၏။''ေနာက္က်ရင္ သူတို့နဲ႔မၾကာမၾကာေတြ႕ရတာမ်ိဳးကို မလုပ္လို့ရလား?'' သူ ယုခ်င္းကိုသေဘာမက်ဘူး... ၿပီးေတာ့ သူ႔ရဲ့ရွန္ကုန္းကိုၾကည့္ေနတဲ့ ယုခ်င္းရဲ့အၾကည့္ေတြကိုလဲ မႀကိဳက္ဘူး။
"ရတာေပါ့ ခေလးရဲ့!ေနာင္ဘယ္ေတာ့မွ မင္း သူတို့ကိုေတြ႕စရာအေၾကာင္းမရွိေစရဘူး...ဟုတ္ၿပီလား'' သူ႔ရဲ့ခေလးေလးအေနနဲ႔ ဒီလိုကိစၥေတြကိုရင္ဆိုင္နိုင္ဖို့အတြက္ တကယ္ခက္ခဲေနမည္ကိုလဲ ရႊမ္းရန္ဟန္ခ်န္တစ္ေယာက္ တပ္အပ္သိေနခဲ့ေလသည္။
"သူတို့ကို ထပ္မေတြ႕ခ်င္ဘူးလို့ေျပာလိုက္တာ.... ဂ်ာေပါင္ အရမ္းဆိုးေနၿပီလား? ဟင္!''ဂ်ာေပါင္ က ခပ္တိုးတိုးေျပာလိုက္၏။
"ကိုယ့္ရဲ့လိမၼာတဲ့ ရတနာလုံးေလးရယ္..... မင္းဆိုးတာေလးကိုလဲ ကိုယ္ကခ်စ္ပါတယ္ကြာ..."ရႊမ္းရန္ဟန္ခ်န္သည္ ဂ်ာေပါင္အား ဝမ္းသာအားရျဖင့္ ၾကည္ႏူးစြာနမ္းရွိုက္မိေလသည္
။ေနာက္ဆုံးေတာ့ ခေလးငယ္ေလးက သူ႔ကို အပိုင္သိမ္းထားခ်င္ေနၿပီပဲ.....!
⭐⭐⭐⭐⭐
Paid gpဝင္မယ္ဆို 'Han May´ accကိုလာေျပာေပးေနာ္ ရတာနဲ႔linkခ်ၿပီးဆြဲထည့္ေပးခ်င္လို႔
Advertisement
- In Serial322 Chapters
I Quit Being The Male Lead's Rival
THIS IS NOT MY STORY NOR DID I TRANSLATE THIS. CREDITS TO THE RIGHTFUL OWNER.-One day, as usual, Annabelle remembered the memories of her previous life. It was revealed that she has been reincarnated as the second most popular character in a novel. She also did all kinds of bad things to the male lead, and in the end, she is the person who will end up in prison! Anabelle begins to save Ian from danger by intercepting the conspiracies that were laid out one by one to prevent her impending doom.
8 258 - In Serial22 Chapters
Darker Things »» Avengers Au
"Promises, were made and broken, promises, were made when you hold them, when will I see you."
8 225 - In Serial48 Chapters
The Claim ✔️ *Editing*
Brinn has known Alpha Titus as a close family friend since she was ten years old. He was like a big brother to her. Right before her first shift, her parents decide to ship her off to live with Alpha Titus and his pack due to her reckless behavior. Brinn soon finds out the secrets that have been kept from her since she was a little girl. Causing her life to go spiraling out of control. As we all know, fate has a funny way of doing things. Cover by: icedcoffe The spinoff is "His Alpha Female"**If you do not like the book, don't read it. There's no need to leave a negative comment.**Started 11/12/2016Completed 3/8/18
8 255 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial62 Chapters
Night Moves ° JENSEN ACKLES
it's funny how the night moves[jensen ackles x marissa butler][social media/real life][completed][cover by samwnchesters]
8 220 - In Serial30 Chapters
Doe In The Meadow | Peeta Mellark
𝑫𝒚𝒊𝒏𝒈 𝒊𝒔 𝒆𝒂𝒔𝒚, 𝒍𝒊𝒗𝒊𝒏𝒈 𝒊𝒔 𝒉𝒂𝒓𝒅𝒆𝒓"I never knew what dying would feel like, but I had always wondered. And now I know. Some deaths were slow while others lasted a lifetime."BOOK ONE | HUNGER GAMES AND CATCHING FIRE
8 154

