《Sour Candy》part 32💔
Advertisement
*Unicode*
လုံခြုံသွားသလိုခံစားလိုက်ရတဲ့ နွေးထွေးလွန်းတဲ့အငွေ့အသက်...ပြင်းရှရှယောက်ျားဆန်လွန်းသော ကိုယ်သင်းနံ့အား အနံ့နဲ့ပတ်သက်ရင် Sensitive ဖြစ်တတ်လွန်းတဲ့ဂျေက သဘောတကျနှင့် နေသားကျနေသည်မှာ အချစ်ဆိုတာကြောင့်လား။ တန်ပြန်ဖက်ထားပေးတဲ့ ဒီလူကြီးကိုဂျေအပိုင်လိုချင်၏။
ခဏကမြင်နေမိတဲ့မြင်ကွင်းအား ဂျေမနှစ်မြို့သည်အမှန်။ ရင်တွေကွဲအက်လာသလို နှလုံးသားကိုတင်းကြပ်ကြပ်ဆုတ်နယ်ပစ်လိုက်သလို စို့တက်လာတဲ့ဝမ်းနည်းမှု အရှုံးသမားတစ်ယောက်လို့ခံစားစေလိုက်ရတဲ့ အခိုက်အတန့်မှာ ဂျေမျက်နှာမပျက်စွာနေရင်း လက်သီးဆုတ်ကာအံ့ကြိတ်တင်းခံထားတာ လွယ်တယ်မထင်လိုက်နဲ့။ အဲ့အမျိုးသမီး လှသည်ချောသည် ထက်မြက်တယ်သွက်လက်တယ် စီးပွားရေးမှာလည်းထူးထူးချွန်ချွန် ကင်မ်ထယ်ယောင်းဂီးနဲ့ဆို သင့်တော်စရာအိမ်ထောင်ဖက်...ဒါမဲ့ နည်းနည်းမှမလိုက်ဖက်ဘူး!
ဂျေကဆိုးတယ် စီးပွားရေးလုပ်ဖို့ထက် လက်ဝါးဖြန့်ငွေအထပ်လိုက်ရတဲ့ဘဝမှာနေတယ်။ ပွေမယ်ရှုပ်မယ် လောင်းကစားဆို တရားဝင်ရောတရားမဝင်ရော ဂျေထိပ်ဆုံး အရာရာအဘက်ဘက်ကအဆိုးတွေချည်းပဲဆိုရင်တောင် ကင်မ်ထယ်ယောင်းအချစ်ရထားသူမို့ ဂျွန်ဂျောင်ဂုတို့မော်ကြွားကြွားပါပဲ။ တစ်ပါးသူနဲ့ယဥ်ပြီးသိမ်ငယ်စိတ်ဝင်ရအောင် ဂျေဟာ အရင်က ဂျွန်ဂျောင်ဂု ဟုတ်မနေတော့ခက်သား။ သိပ်သည်းတဲ့ မင်ညီအစ်ကိုရယ် မျက်နှာလေးမမြင်ရရင်ရူးမလိုဖြစ်တဲ့ ကင်မ်ထယ်ယောင်းရယ် မလိုချင်တောင်အချစ်တွေသိပ်ပေးတဲ့ Grayson ရယ်...အင်း...ဂျေတို့ ဆိုးချင်တိုင်းဆိုး တစ်ကမ္ဘာလုံးမီးပတ်ရှို့တောင် ရှင်းပေးမဲ့သူတွေအသင့်။
"ကင်မ်ထယ်ယောင်းဂီး..."
"အဲ့လိုပဲဆက်ခေါ်နေမှာလား"
"ဟင်..."
"နာမည်ပဲခေါ်နေတော့မှာလားလို့...တခြားလိုပြောင်းခေါ်ကြည့်ပါလား ကူး"
နာမည်အပြည့်အစုံခေါ်နေခြင်းက သူစိမ်းဆန်နေသလိုခံစားရ၍ တောင်းဆိုကြည့်ပေမဲ့ ပြူးပြူးလေးကြည့်နေသူက နေရခက်သွားသည်ထင်
"ကိုယ်ကဒီအတိုင်း တောင်းဆိုကြည့်တာ...ကူး အဆင်မပြေရင်..."
"ယောဘော.."
"ဘယ် ဘယ်လို...ကူး."
မယုံနိုင်ခြင်းတွေနဲ့ ယောက်ျားတစ်ယောက်အံ့ဩပျော်ရွှင်သွားခြင်းမှာ မျက်ရည်တွေဟာထိန်းမရနိုင်အောင်...ကူးကတော့လေ ရူးအောင် ဒီကောင်ရူးပြီးသာကောင် ထပ်ရူးအောင်။ ကိုယ်နားကိုယ်မယုံနိုင်၍ ပုခုံးသားတို့အားကိုင်ရင်း မေးကြည့်သည့်အခါ ပြုံးစစမျက်နှာထားလှလှကကျီစယ်ပြန်သည်။
"ထပ်ကြားချင်တာလား"
"အွန်း...ဒီကောင်ကြားချင်တာပေါ့"
"ဘယ်လိုလုပ်မလဲ...ကိုရီးယားလိုမှကျုပ်မကျွမ်းတာ"
"ဟာ ကူးနော်...ခဏကတောင်ခေါ်လိုက်တယ်လေ"
"ဟုတ်လို့လား"
"အွန်း...ဟုတ်တယ်။ ဒီနှုတ်ခမ်းကနေခေါ်လိုက်တာ"
"ရာ့ ရားးခင်ဗျား ဘာလုပ် အွန်း...အွတ့်!"
ထိစပ်လိုက်သောနှုတ်ခမ်းသားတွေ မြတ်နိုးစွာဖိကပ်မှုတွေနောက် ဂျေမရုန်းခဲ့...။ လိုလိုလားလားဖလှယ်ကြသော အနမ်းတွေသည် New York ရဲ့တစ်နေရာ Kim Group CEO ရုံးခန်းအတွင်း အချစ်ပန်းသက်ဝင်လာစေသည်။ ခါးထက်တင်းကြပ်သွားသောလက်သန်သန်တွေ လည်တိုင်ထက်ခိုတွဲလာသော တက်တူးဖြင့်လက်တွေ တဖြည်းဖြည်းတရိပ်ရိပ် စုပ်ချက်တွေအောက် မျက်ဝန်းတို့မှေးဆင်းသည်အထိ ယစ်မူးပြစ်ကြသည်မှာ မိုက်မိုက်ကန်းကန်း။ နီထွေးနေသော အောက်နှုတ်ခမ်းအား ကိုက်ဆွဲရင် မှဲ့နက်လေးကိုပါရန်ရှာသည်အခါ ဂျေ့နှုတ်ခမ်းကွေးညွတ်မှုတွေဟာ သိသိသာသာဖြင့်။
မြတ်နိုးစွာ တရစ်ခြင်းထိတွေ့နေတဲ့ ကကြီးသဏ္ဌာန်နှုတ်ခမ်းတွေသို့ အဆိုးလေး၏ယုန်သွားတွေ တိခနဲတိခနဲကျရောက်၍ ဖိကိုက်ခြင်း ခံရသည်အထိ ကင်မ်ထယ်ယောင်းမှာသဘောတကျကျ။ နာလားမေး...မနာရပါဘူး။နာရင်တောင် အဲ့ဒီဝေဒနာကိုထုတ်ပိုးပြီး သံသရာစက်ဝန်းတွေ အဖန်တလဲလဲလည်တဲ့အထိ သယ်ဆောင်သွားမှာ...အဲ့လောက်အထိကို မြတ်နိုးရလွန်းလို့။
အသက်ရှူဖို့လေအလုံအလောက်မရလာသည့်အခါ နဖူးခြင်းတေ့ နှာတံခြင်းထိစပ်ကာ မှိတ်ချထားသည့် မျက်တောင်နက်နက်တချို့ဖြင့် မျက်ခွံ့လေးအား ထယ်ယောင်းတစ်ယောက် ရီဝေစွာကြည့်ရင်း
"ကူး...ချစ်တယ်။ ချစ်နိုင်တဲ့အတိုင်းအတာအထိ ကျော်လွန်ပြီး မြတ်နိုးရလွန်းလို့ မင်းကိုအပိုင်လိုချင်လိုက်တာ"
"ဟဟ...ကျုပ်ကဆိုးတယ်"
"ဆိုးလည်းချစ်တယ်ပိုင်ချင်တယ်"
"ဆုံးမရင်လည်း နားမထောင်ဘူး"
"အတူတူဆိုးပေးမှာ"
"ပြဿနာလည်း မီးခွက်ထွန်းရှာတဲ့ကောင်နော်"
"မင်းရှာသမျှပြဿနာ ရှင်းပေးဖို့တာဝန်ယူတယ်"
"ခင်ဗျား...ခင်ဗျားဟာလေ"
"ဒီကောင်တော်တော်ဖြစ်နေတာ ရောဂါကျွမ်းနေပြီ တာဝန်ယူပါတော့အဆိုးလေးရာ...နော်"
မေးရိုးတွေအောက်မှအုပ်ကိုင်လာသည့် လက်နှစ်ဖက်ကြား ခပ်ရဲရဲမျက်နှာဖောင်းဖောင်းလေးအား မထိရက်မကိုင်ရက်။ မျက်ဝန်းခြင်းမစုံ စုံအောင်ကြည့်၍ နှလုံးသားအရည်ပျော်မှုတွေဖြစ်ပေါ်ကုန်နိုင်စေသော ခခယယတောင်းဆိုမှုကို ဆိုနေတာ။ ဒီအမျိုးသားအား ပျော်သွားစေချင်သည့် စိတ်ဆန္ဒသည်အသွေးအသားထဲမှ လိုလားစွာ။
သူမည်သို့မည်ဖုံအဖြေပေးရမည်နည်း။ နှလုံးသားရဲ့မရေမရာခုန်မင်မှုနောက် လိုက်ရမည်လား။ ဦးနှောက်ရဲ့ဝေဝေဝါဝါစကားသံတွေနောက် လိုက်ရမည်လား။ မသေချာမှုကြား ဂျေတိတိကျကျလိုက်ချင်တာ ကင်မ်ထယ်ယောင်းရဲ့ဦးဆောင်မှုနောက်...!
"ကိုယ်မင်းကိုလက်ထက်ချင်တယ်..."
"ယုံကြည်မှုရှိရဲ့လား...."
ဂျေ့လက်တွေ ထိုအမျိုးသားခါးသို့ရစ်ပတ်ကာ ရင်ခွင်ထက်ပိုတိုးဝင်ရင်း မပြုမလုပ်ဖူးတဲ့အမှုတွေအား လုပ်နေမိ၏။ အသံတွေတိုးညင်းနေခဲ့ကာ ကူးငယ်ဆိုသောစိတ်အတွင်း ဝိညာဉ်ငယ်လေးအသက်ဝင်၍လာခဲ့သည်။
"ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရဲ့လား။ ကျွန်တော်ကဆိုးလွန်းတယ်...ထိန်းချုပ်မခံတဲ့စရိုက်တွေနဲ့ ကောင်မို့ ခင်ဗျားချုပ်ကိုင်နိုင်ပါ့မလား။ ပြီးမှ စိတ်ပျက်စရာဆိုပြီးပစ်ထား..."
"ရှူးး...စိတ်မပျက်ဘူး။ မင်းကိုအားရပါးရတောင်မချစ်ရသေးတာ စိတ်ပျက်မှုဆိုတာမရှိဘူး။ ကူးသာ ကိုယ့်ကိုစိတ်မပျက်ရင်ရပြီ။ မင်းဆိုးသမျှအကုန်ရှင်းမှာ...ဆိုးပစ်စမ်းပါ ဒီကောင်ကမင်းဆိုးတာကိုလဲ သေအောင်ချစ်တာမို့"
"ခင်ဗျားဟာလေ လူကိုရင်ခုန်အောင်..."
"မုသားမပါ ခံစားချက်စစ်စစ်တွေမို့ အချစ်တွေလက်ခံပေးပါလား။ ချစ်ပေးဖို့မတောင်းဆိုဘူး...ဒီကင်မ်ထယ်ယောင်းကပေးမဲ့ တနင့်တပိုးအချစ်တွေလက်ခံပေးဖို့ပဲ တောင်းဆိုတာ"
"အွန်း...လက်ခံဖို့ကြိုးစားပေးမယ်။ ကျုပ်လက်ခံနိုင်အောင်လည်းခင်ဗျားကြိုးစား"
ရူးအောင်ထပ်ပြီး ပြုစားခြင်းမှာ ခြေဖျားထောက်၍ မေးရိုးသို့နှုတ်ခမ်းသားနီထွေးထွေးအိအိလေးက ခပ်ဖွဖွကအနမ်းခြွေလာသည်။ ရင်တွေဝုန်းခနဲဒိုင်းခနဲ ပေါက်ထွက်တော့လို...တစ်ကမ္ဘာလုံးပတ်ပြေးပြီး ကူးစီကအနမ်းနုနုလေးရကြောင်း အော်ဟစ်ကြွေးကြော်ချင်ပါဘိ။ လိပ်ပြာတွေပျံဝဲသွားတာအကောင်ပေါင်း သောင်းသိန်းချီ...ကင်မ်ထယ်ယောင်းဒီနေ့တော့မျက်နှာသစ်ရမှာတောင် တွန့်ဆုတ်မိပြီ။
"ငါတစ်ယောက်တည်းကိုပဲချစ်မှာမဟုတ်လား"
"သေချာတာပေါ့...ကူးတစ်ယောက်ကိုပဲချစ်မှာ"
အဖြေအားကျေနပ်သည့်ကောင်လေးက မျက်ဝန်းတွေမှေးသွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ
"ဒါဆို ပြန်တော့မယ်"
"ဟင်း...လွမ်းနေရတော့မှာပဲ"
"ဟဟ...ညကြရင် Movie Date ကြမယ်လေ"
"တကယ်! နေရာရွေးလိုက် ကိုယ့်ကောင်လေး"
"အွန်း...ခင်ဗျားတိုက်ခန်းမှာပဲ။ သေချာပြင်ဆင်ထားနော်...My Man"
ပင်လယ်ပြာမျက်ဝန်းတွေ ရီဝေစွာညို့ရင်း ပြင်းရှရှဆွဲဆောင်လွန်းသော အသံရှည်သုံးကာ လူကိုကလိသွားတဲ့ အသဲတစ်ခြမ်း...'My Man' တဲ့ ကင်မ်ထယ်ယောင်းတော့အသက်မရှိတော့ဘူး။ ကြိုက်လွန်းလို့ ကလေးတွေလို့ခုန်ပေါက်သာနေလိုက်ချင်တော့သည်။ ပြေးထွက်သွားတဲ့ကျောပြင်လေး ပြေးဖက်ပစ်ချင်စိတ်တွေအဆိုးမရအောင် လူကိုသိပ်ကစားတတ်လွန်းတယ်။ ယဥ်ယဥ်လေးနဲ့ရူး လေတိုက်တိုင်းပြုံး သတိရတိုင်းပြုံး....ဒီနေ့တစ်နေလုံး မျက်နှာဟာတည်မရအောင် ကင်မ်ထယ်ယောင်းမှာတိမ်တွေပေါ် အလွင့်။
Advertisement
မူးယစ်ဆေးမသုံးပဲ ယစ်ယစ်မူးမူးဘဝဟာ နွေဦးဟာ အရက်မူးသလို ခပ်ပြင်းပြင်းလေး။ အနမ်းတွေပြန်ခံစားလိုက် ဖျားသွားစေတဲ့နာမ်စားတွေကို အသံချိုချိုလေးနဲ့တွဲဖက် ကြားယောင်ရင်း အလှဆုံးသောအပြုံးတွေအား ပုံဖော်ပြန်ကြည့်ရင်း ရူးတယ်ပြောလည်း မှန်ကြောင်းပြောပြလိုက်မည်။
အော် အချစ်တဲ့...ဇာတ်လမ်းအစအလယ် ကျောက်ကြမ်းခင်းတဲ့လမ်း ဆူးငြောင့်တွေနဲ့ နှလုံးသားကသွေးစိမ်းရှင်ရှင် မထွက်ရုံတမယ် အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးပူဆွေး၍ ဘေးလူတွေအထိပါ ရင်ကွဲနာကျစေအထိ သေလုနီးပါးဝေသနာအရိုးရာဆွဲရအောင် ခံစားကြရတာဟာလည်း အချစ်ကြောင့်။ ပန်းမိုးတွေရွာ မြင်သမျှပန်းနုရောင်သမ်းနေသလို လေပြည်တိုးဝေ့ခြင်းတွေ အနုအရွအထိအတွေ့လေးတွေအစ နာမ်စားလေးတစ်ခုအဆုံး တလောကလုံးကိုယ်ကံအကောင်းဆုံးလူသားတစ်ယောက်လို ကြည်ကြည်နူးနူးခံစားရစေတာတွေဟာလည်း အချစ်ကြောင့်ပါပဲတဲ့။ အချစ်..အချစ် မျက်နှာများလိုက်ပါရန်ကောလား။
//////////////
"ဂျေ...ကိုယ့်ကိုစိတ်ကောက်နေတာလား။ မင်းကိုမဆုံးရှုံးချင်လို့ လက်ထက်ချင်တာ ကိုယ်စိတ်ကိုနားလည်စမ်းပါကွာ"
"အင်း ငါ့စိတ်ကိုရော...ငါ့စိတ်ကိုရောနားလည်လေ Grayson !"
တစ်ဖက်သတ်စီစဉ်မဲ့လက်ထက်ပွဲအတွက် လက်စွပ်ရွေးရန် Mall အကြီးစားတစ်ခုအတွင်းမှ လက်၀တ်ရတနာဆိုင်သို့ Grayson ၏အတင်းဆွဲခေါ်မှုနဲ့ဂျေလိုက်လာခြင်း။ လူကြီးလူကောင်းဆန်ဆန်ဝတ်စားထားသော Grayson နဲ့ ရှုပ်ရှပ်ခက်ကာကြောက်စရာကောင်းသော အရုပ်တစ်ချို့ပါသည့် တီရှပ်အနက်အပေါ် အနက်ရောင်ဂျာကင်ထပ်ဝတ်၍ ဂျင်းနက်အပြဲပြဲနှင့် တွဲဝတ်ကာ ခရမ်းရောင်မျက်မှန်တစ်လက်နဲ့ဂျေဟာ အစွမ်းကုန်အရွဲ့တိုက်လျက်။ နားပေါက်တစ်ခုမကျန်အောင် တွဲလီတွဲလောင်းတွေ တပ်ထားခြင်းဖြင့်ပိုရှုပ်ရှပ်ခပ်စေကာ တကယ့်လူဆိုးလေးလုပ်နေ၏။
ချစ်စရာကောင်းအောင် နှုတ်ခမ်းထော်ကာစကားပြောတာလေး ချွဲတာတွေ ကလေးဆန်တာတွေ လှလှလေးပြုံးတာတွေ ပါးလေးတွေရဲကာအရှက်သည်းပါတာတွေက Only one for Kim Taehyung။
မဲ့ပြုံးတွေ လှောင်ပြုံးတွေ မိုက်မိုက်ကန်းကန်းအကြည့်တွေ ပါးစောင်လျှာနဲ့ထိုးတာတွေ Deep voice အသံတွေ ကြောက်စရာကောင်းအောင်အကျင့်စရိုက်တွေသာ လောကကြီးအားဖွင့်ပြထားသည့် ဂျေဟာ မနိုင်စိန်။ အခုဂျစ်တိုက်နေတာပဲကြည့်...
"လက်ထက်နိုင်ဘူး! ငါမင်းကိုလက်မထပ်ချင်ဘူး Grayson !"
"ဘာလို့များလဲ...ကိုယ်ချစ်တယ်လေ ကိုယ်ဂျေ့ကိုချစ်တယ်။ ဂျေလည်းကိုယ့်ကိုချစ်တယ် ဘာလိုသေးလို့လည်း !"
"မဟုတ်ဘူး! ငါမင်းကိုမချစ်ဘူး ငါ့ညီလေးတစ်ယောက်လိုပဲချစ်ခဲ့တာ!"
အော်ကြီးဟစ်ကျယ်မဟုတ်ပဲ ခပ်ကြိတ်ကြိတ်စကားသံတွေဖြင့် မျက်ဝန်းချင်းစေ့စေ့ကြည့်ကာပြောဆိုနေသော သူတို့နှစ်ယောက်သည် နာမည်ကြီး brand တွေထဲမှCeline jewelry သီးသန့်ရောင်းသည့်ဆိုင်နှင့်မလှမ်းမကမ်း၌။ ပုခုံးနှစ်ဖက်မှလက်တွေပိုတင်းကြပ်သွားသလို မယုံနိုင်ခြင်းတွေနဲ့ Grayson တစ်ယောက်ပါးစပ်အဟောင်းသား။ ယောက်ျားတန်မဲ့ မျက်အိမ်တို့နီဆွေးကာ မျက်ရည်ဝဲစေတဲ့အထိ စကားတွေဟာထိထိမိမိ။
"Wha..What! Jay! "
"စဥ်းစားကြည့်။ တွဲနေစဥ်တစ်လျောက်လုံး မင်းကိုချစ်တယ်ပြောဖူးသလား...မင်းနဲ့နီးနီးကပ်ကပ်ချစ်သူတစ်ယောက်လို ငါနေပေးဖူးသလား။ စဥ်းစား ဒီအတောအတွင်းငါဆက်ဆံပေးခဲ့တာစည်းနဲ့!"
"Are you kidding? right?! "
"မဟုတ်ဘူးလို့ သေချာမြင်အောင်ကြည့်စမ်းပါ ငါဘက်ကအရောင်တွေမပါခဲ့ဘူး"
ပြတ်သားမှုတွေဟာ မလိမ်တတ်သောမျက်ဝန်းပြာတွေ၌ ထင်းထင်းလင်းလင်း။
"သူ့ကြောင့်လား!..ကင်မ်ထယ်ယောင်း! ကင်မ်ထယ်ယောင်းကြောင့်မဟုတ်လား။ မချစ်ရင်တောင်အဆင်ပြေပြေရှိနေတာကို သူရောက်လာမှ!"
"မဆိုင်ဘူး Grayson! မင်းပတ်မရမ်းနဲ့..မင်းမချစ်တာကအစကတည်းကမချစ်တာပဲ အဲ့တာကြောင့်ရပ်ကြရအောင်...ငါတို့ဒီမှာပဲအဆုံးသတ်ကြမယ်လေနော်"
"ဂျေ..."
"ငါကိုပျော်စေချင်တယ်မဟုတ်လား..."
မျက်အိမ်သားတွေရဲကာ မျက်ရည်စီးကြောင်းတွေယိုဖိတ်နေသော New York သား၏ခပ်ချောချောမျက်နှာထက် ရောက်သွားသည့်လက်ဝါးပြင်လေးအနွေးဓာတ်ပေးအား လိုချင်တာအား ထိုသို့လည်းချော့ယူတတ်ပြန်သည့် ဂျေဟာပညာစုံစုံအရောင်စုံစုံ။
"အင်း...ဒါမဲ့ ဒါမဲ့ ကိုယ်ကရော ကျွန်တော်ကရောဂျေ...ခင်ဗျားကိုချစ်မိသွားတဲ့နှလုံးသားကရော ဘယ်လိုလုပ်မှာလဲ"
"Grayson..."
"ငြိုငြင်သွားမှာစိုးလို့ ဆိုးသမျှရှုပ်သမျှကိုမတားရက်ခဲ့တာ ချစ်လို့လေ...အနမ်းလေးရတိုင်းအရူးလိုပျော်တာလေ။ အလုပ်တွေတောင်လိုယာလိုပုံနေတဲ့ကြား နိုင်ငံတွေခြားနေတဲ့ကြား အပြေးလာပြီး ဒီမျက်နှာလေးကိုလာလာတွေ့နေရတာတွေ ချစ်လွန်းလို့လေဗျာ"
"ငါသိတယ်...သိပ်ချစ်တာငါသိတာပေါ့"
"တစ်ခုခုလိုချင်လို့ လာချွဲတိုင်း..ဒီလူ...ဒီလူကြိတ်ပျော်နေရတာဗျ..."
အသံတွေတိတ်ဝင်လာသည့်အခါ ဂျေတစ်ယောက်ငိုနေတဲ့ကလေးကြီးကို ရင်ခွင်ထဲထည့်ကာ ကျေပြင်အားအသာပုတ်ပေးရသည်။ ဘာကြောင့်မှန်းမသိစာနာတတ်နေသော စိတ်တွေ ဂရုဏာသက်မိနေသောစိတ်တွေဟာ ထူးထူးဆန်းဆန်း။
ငိုပါစေ။ စိတ်တွေပေါ့သွားအောင် ပြီးရင်တော့သူ့ဘဝလေးကိုချစ်ပေးနိုင်မဲ့သူ သူ့ကိုယ်တိုင်လည်းတကယ်ချစ်မဲ့သူရှာတွေ့ဖို့ ဂျေကသူ့ကိုစွန့်လွတ်ပေးတာ။ ဂျေလူယုတ်မာတော့မဖြစ်ချင်ပါဘူး ဟဟ...တစ်ခါတစ်လေတော့ သူတော်ကောင်းလုပ်သင့်တာပေါ့။
"Grayson..."
"....."
"နောက်ဆုံးအနေနဲ့ နမ်းချင်လား!"
မေးနေသောဂျေ့မျက်နှာအနည်းငယ် တင်းမာနေသယောင်။ မျက်ဆံပြာလေးဟာလှုပ်ခတ်၍နေသည်ကိုသတိထားမိသည်။ 2ခါမရနိုင်တဲ့အခွင့်အရေးပေမို့ လက်ခံမိသည့်အခါ မွတ်သိပ်စွာ။
ဂျေ...ဘာဖြစ်သွားတာလဲ။
ဂျေ Grayson ကိုနှစ်သိမ့်ရင် မျက်ဝန်းတွေဝေ့ဝဲကြည့်စဥ် လက်ဝတ်ရတနာဆိုင်ထဲမှ ကင်မ်ထယ်ယောင်းနဲ့ဒေစီယာဆိုသောအမျိုးသမီးဟာ ပြုံးရယ်လျက်။ ထိုအမျိုးသမီးကလည်တိုင်ထက်ဆွဲကြိုးအား ကင်မ်ထယ်ယောင်းဟာပြနေဟန် ကင်မ်ထယ်ယောင်းသည်လည်း ပြုံးကာခေါင်းတညိမ့်ညိမ့်။ အများအမြင်သိပ်ကြည်နူးစရာ အတွဲပေါ့လေ ဟက်...တငွေ့ငွေ့ထွက်နေသောဒေါသတရားသည် ဂျေအားထယ်ယောင်းမြင်သွားသည့်အခါ အရွဲ့တိုက်စွာထွက်ပေါ်လာ၏။ ဂျေဟာ စောက်ချဥ်မဟုတ်ဘူး သူတစ်ပြန်ဆိုကိုယ်ကနှစ်ပြန်။ ကိုယ်နာရင်သူနာကိုနာရမယ်! ဒါဟာဂျေ့စိတ်!!
1k အတွက်ကျေးဇူးပါဗျာ😭
Love you all❤
*************
*Zawgyi*
Advertisement
"ကင်မ်ထယ်ယောင်းဂီး..."
"ဟင်..."
"ယောဘော.."
"ဘယ် ဘယ်လို...ကူး."
"ထပ်ကြားချင်တာလား"
"ဟုတ်လို့လား"
"ဟဟ...ကျုပ်ကဆိုးတယ်"
"အတူတူဆိုးပေးမှာ"
"ခင်ဗျား...ခင်ဗျားဟာလေ"
"ယုံကြည်မှုရှိရဲ့လား...."
"ဒါဆို ပြန်တော့မယ်"
//////////////
"Wha..What! Jay! "
"Are you kidding? right?! "
Advertisement
- In Serial13 Chapters
The Traveling Technomancer: A Westward LitRPG
When Owen Westward dies in a bank robbery, he is given a second chance at life in a new world filled with magic, adventure, and mystery. Although he is out of his element, he will use his knowledge of the old world in combination with the magic of this new world to become The Traveling Technomancer. Story is aiming for PG-13 levels of content. Tagged with Profanity & Gore just to be safe.
8 157 - In Serial53 Chapters
Diary Of A Lost Soldier In Another World
Onaga Katsuro, a seventeen-year-old soldier in the JSDF finds himself fighting in the second Russo-Japanese war in the year 2045. Due to manpower shortages, the Japanese government starts using child soldiers, even using girls as young as fourteen. Onaga Katsuro and his platoon of child soldiers are taken by surprise and he thinks he dies from a grenade but he finds himself in a dark world with one of the eight gods of creation. The god of Darkness, Sin, Madness, and War has need of a champion. Katsuro shall be his champion in the new world. This a story of the greatest triumphs and deepest despairs, of gentle love and corrosive cruelty. Katsuro knows not what the god wants or what he is meant to do in the new world. But he knows this, the prize offered by that god is impossible to resist. He will obtain that prize no matter how many bodies he needs to put into the ground. After all... He has nothing left to lose.
8 604 - In Serial28 Chapters
The Black Phone X Reader.
(no description.) wallpaper is not mine ‼️
8 257 - In Serial17 Chapters
Deathwatch Team Fluff: A Warhammer 40k Story
The 41st Millennium, a time of darkness and war. The Imperium of Man stands alone against a tide of enemies, not all of them human.To combat these alien threats an organisation was formed, made of the best Space Marines known to humankind. This organisation is known as the Deathwatch. This is the story of one Space Marine in particular and the squad he led into battle.
8 93 - In Serial9 Chapters
Callie and Arizona, simple love story.
hi(: So, this story is just about Callie and Arizona, and how they fall in love with each other. Arizona gets into a car accident and thats how Callie meets her. Will they admit their feelings for each other? Will they end up together? I don't know, read and find out. Please let me know if you like it, if you want me to write more, etc
8 168 - In Serial12 Chapters
Bts oneshots
sweet and smut one shots of bts. Boy×boyRecommendations are allowed.
8 210