《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၁] အန်းကျယ်ချန်းလု|အန္းက်ယ္ခ်န္းလု
Advertisement
!unicode!
ယခုလေးတင်စကားစမြည်ပြောနေကြသေးသည့်မင်းသားများမှာခပ်မြန်မြန်လူစုခွဲသွားကြသည်။ မိစ္ဆာများမှာဘယ်ဘက်တွင်ရပ်လိုက်ကြပြီး ရှုလင်ကျားနှင့်ယွဲ့ထောင်ဟာဘယ်နှင့်ညာတွင်ရပ်ကာ သူတို့ကနှစ်ဖက်စလုံးတွင်ရှေ့ဆုံးနေရာယူထားကြသည်။
ဒီအတိုင်းရပ်နေရင်းဖြင့် မိစ္ဆာဧကရာဇ်ကလည်းဟောခန်းမထဲဝင်လာကာ ပုလ္လင်ထံလျှောက်လာသည်။
ဤနာမည်ကိုကြားလိုက်ရပြီးနောက် အထင်နှင့်လုံးဝကွဲလွဲစွာပင် ဒီမိစ္ဆာဧကရာဇ်ဟာတကယ်တမ်းတွင်အင်မတန်ချောမောသောလူရွယ်တစ်ဦးဖြစ်ပြီး ခရမ်းရောင်ဝတ်ရုံနှင့်ရွှေရောင်သရဖူကိုဝတ်ဆင်ထားသည်။ ဘေးတိုက်ကြည့်ခြင်းအားဖြင့် သူ၏နှာတံမှာဖြောင့်စင်းကာ မျက်တောင်မွှေးများမှာထူထဲသည်။ နှုတ်ခမ်းတစ်စုံမှာမသိမသာပါးလျကာ မျက်နှာကောက်ကြောင်းမှာပြီးပြည့်စုံလှပေသည်။
သူသာအသေးစိတ်ရှင်းမပြလို့ရှိရင် သူဟာဒီမင်းသားတို့၏အစ်ကိုတော်ဟုပြောလို့အဆင်ပြေလိမ့်မည်။
ယင်းကားမိစ္ဆာတို့၏ရှည်ကြာသောအရွယ်ရောက်မှုကာလနှင့်တစ်ခုခုသက်ဆိုင်နေလောက်သည်။ သူတို့မွေးဖွားလာပြီးနောက်တွင် နှစ်စမှာဆယ်ကျော်သက်အဖြစ်ကြီးပျင်းဖို့ရာနှစ်ရာချီကြာမြင့်ပြီး လူရွယ်တစ်ယောက်ဖြစ်ရန်နှစ်ရာချီကြာမြင့်လှပေသည်။
အရွယ်ရောက်စဥ်ကာလတွင် တော်ဝင်မိသားစု၏အသွေးအသားမှာ မှော်အဖြစ်စတင်ဖြစ်တည်လာပြီး ပုံပန်းသွင်ပြင်မှာပြောင်းလဲမသွားပေ။
သူထိုင်ခုံတွင်ထိုင်၍ အောက်ငုံ့ကြည့်လာသော် ရှုလင်ကျားသိလိုက်ရသည်ကား ဤလူမှာမတူညီသောမျက်လုံးအရောင်များရှိပြီး တစ်ဖက်ကမျက်ဆံအနက်၊ အခြားတစ်ဖက်မှာရေခဲပြာရောင်ရှိနေပုံမှာ သူ၏ရုပ်ရည်အားအနည်းငယ်ညှို့ငင်မှုတို့ထပ်ပေါင်းဖြည့်လျက်ရှိသည်။
လူအုပ်မှာမိစ္ဆာဧကရာဇ်ကိုနှုတ်ခွန်းဆက်ကြသည်။ သူကားတသီးတသန့်ဆန်ကာချောမောခန့်ညားသော်လည်း သူ့ခန္ဓာကိုယ်မှထုတ်လွှတ်လျက်ရှိသည့်မမြင်နိုင်သောဖိအားများစွာရှိနေပုံပင်။ သူ၏အသိစိတ်ကဟောခန်းမထဲရှိလူတိုင်းအပေါ်လွှမ်းခြုံသွားပုံမှာ စကားလုံး၊ အပြုအမူနှင့် လှုပ်ရှားမှုတိုင်းဟာသူ၏ထိန်းချုပ်ခြင်းခံလိုက်ရသည့်နှယ်။
ဤသည်ကား မိစ္ဆာဧကရာဇ်ကျားရွှမ်ပင်။
မိစ္ဆာတို့တွင်မျိုးရိုးနာမည်မရှိပေ၊ သူတို့၏နာမည်များမှာရှေးဟောင်းစာအုပ်များမှာအဓိပ္ပါယ်ယူထားခြင်းဖြစ်သည်။ မတိုင်ခင်တုန်းက ဤမိစ္ဆာဧကရာဇ်နာမည်၏အဓိပ္ပါယ်မှာ "မီးကြောင့်လောင်ကျွမ်းသွားခဲ့သည့်ပြာမှုန့်များထက်တွင် လရောင်ကထိန်ထိန်သာနေပေသည်"ဟုဖြစ်ကြောင်း ဟယ်ဇီကျိုးပြောပြခဲ့ဖူးသည်ကိုရှုလင်ကျားမှတ်မိသည်။
"ကောင်းပြီ၊ အားလုံးပဲထကြပါ။"
ကျားရွှမ်၏အသံကားခက်ထန်ပုံမပေါ်ဘဲပြောလာသည်။
"မိစ္ဆာကပ်ဘေးကပိုပိုဆိုးလာပြီ၊ ဒါပေမဲ့အဲ့ဒါကို'မိစ္ဆာ'ဆိုတဲ့စကားလုံးနဲ့ခေါ်တာမို့ မသိတဲ့လူတွေကမကြာမကြာနားလည်မှုလွဲသွားကြတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကြောင့် လူတွေကကိုယ်တော်တို့ကိုအထင်လွဲနေကြတာပဲ။ ကပ်ဘေးကိုမဖယ်ရှားပစ်လို့ရှိရင် ငြိမ်းချမ်းရေးလည်းလုံးဝရှိလာမှာမဟုတ်ဘူး။ မသေမျိုး၊ မြေခွေးနဲ့အခြားသူတွေကိုလည်းမိစ္ဆာကိုပူးပေါင်းနှိမ်နင်းဖို့ကိုယ်တော်ကတိပေးပြီးသွားပြီ၊ ကိုယ်တော်တို့ဒီညပဲထွက်ကြမယ်။"
ကြည့်ရသည်မှာ ဤကာလအတွင်း၌ ဇုန်ဝူရှင်းဟာကျင့်ကြံရေးလောကတစ်ခွင်တွင်လူတိုင်း၏ရန်သူဖြစ်လာပြီး ၎င်းတို့ထဲရှိတသီးတသန့်အနေတတ်ဆုံးနှင့်အထူးခြားဆုံးမိစ္ဆာများပင်သူ့ဘက်မှာမရပ်တည်ချင်သည့်ပုံပင်။
ကျားရွှမ်ကထိုသို့ပြောလာသော် မျက်မှောက်ရှိလူတိုင်းထံတွင်ကန့်ကွက်မှုလုံးဝမရှိဘဲ လူပေါင်းများစွာကကိုယ့်စိတ်နှင့်ကိုယ်ရှေ့တိုးလာပြီး သူတို့အတူသွား၍ အိပ်မက်ဆိုးကပ်ဘေးကိုအနိုင်ယူချင်သည့်သူတို့၏မျှော်လင့်ချက်ကိုဖော်ပြလို့နေသည်။
ရှုလင်ကျားဟာလည်းယခုအချိန်ထိပေါ်မလာသေးသောတတိယမင်းသားကိုရှာချင်မိသည်။ သဘာဝကျကျပင်၊ သူဟာမိစ္ဆာဧကရာဇ်နောက်လိုက်ပြီး အခြားနေရာများထံသွားဖို့ရာမလိုလားပေမဲ့ သူ့ဘေးရှိမင်းသားအကုန်လုံးနီးပါးကကူညီရန်ရှေ့ထွက်သွားကြသဖြင့် သူလည်းတစ်ခုခုလုပ်ဖို့လိုမလိုသိချင်မိသည်။
ထိုအကြောင်းစဥ်းစားနေရင်းဖြင့် ကျားရွှမ်ကခေါင်းလှည့်ကာသူ့ကိုကြည့်၍ပြောလာသည်။
"ချန်အာ။"
ထိုသူဟာသူ့ကိုခေါ်နေမှန်းရှုလင်ကျားသဘောပေါက်သွားသည်မို့ လူတန်းထဲမှရှေ့ထွက်ကာဂါရဝပြုလိုက်သည်။
"ဖခမည်းတော်၊ သားတော်ရှိပါတယ်။"
ကျားရွှမ်ကဆိုသည်။
"ဒီရက်တွေမှာ သားတော်ရဲ့ခန္ဓာကိုယ်ဘယ်လိုနေလဲ။"
သူသည်သူ့သား၏ရုပ်ပိုင်းဆိုင်ရာအခြေအနေအကြောင်းမေးမြန်းနေသော်လည်း သူ၏မျက်နှာထားမှာစိတ်ခံစားချက်စိုးစဥ်းမျှသာပါရှိသဖြင့် သူသာမန်ကာလျှံကာမေးနေခြင်းလား(သို့) တကယ်ဂရုစိုက်လို့ပေလားသူမသိပေ။
ရှုလင်ကျားပြောလိုက်သည်။
"ပိုကောင်းလာပါပြီ၊ ခမည်းတော်ရဲ့စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်ဘုရား။"
ကျားရွှမ်ကပြောလာသည်။
"ပိုကောင်းလာရင်ကောင်းတယ်။ သားတော်ကအမြဲသတိရှိပြီးစိတ်ငြိမ်တယ်ဆိုတော့ ဒီတစ်ခေါက်စောင့်ကြပ်ဖို့နန်းတော်ထဲမှာဘဲနေခဲ့ချည်။"
သူထိုသို့ပြောသည်ကိုကြားလိုက်ရရာ သူ့ရင်ထဲတွင် တစ်ချိန်တည်း၌ဆန္ဒမရှိမှုနှင့်အရှက်ရမှုတို့အလား အဆင်မပြေဖြစ်မှုကိုရှုလင်ကျားခံစားလိုက်ရသည်။
ယင်းကားသူ့ခံစားချက်မဟုတ်ဘဲ "အကြီးဆုံးမင်းသား"၏စိတ်ခံစားချက်များဖြစ်သည်ပင်။ အကြီးဆုံးသားတော်တစ်ပါးအနေဖြင့် သူဟာလည်းသူ့နောက်လိုက်ကာချီးကျူးထိုက်သောလုပ်ရပ်တို့ကိုလုပ်ချင်လောက်သည်။
ထို့နောက်ကျားရွှမ်ကလူအများစုကိုသူ့နောက်လိုက်ရာအမိန့်ပေးလိုက်သဖြင့် သူတို့လူစုခွဲလိုက်ကြသည်။
ကျုံးကျိခန်းမထဲမှထွက်လာပြီးနောက် ရှုလင်ကျားသူ့အိပ်ဆောင်ထံမပြန်မီ အပြင်ဘက်တွင်အချိန်အတန်ကြာတမင်သက်သက်လမ်းလျှောက်နေခဲ့ပေမဲ့ ကျင်းဖေးထုန်ကိုမတွေ့ရပေ။
မထင်မှတ်ထားစွာဖြင့် သူတို့ဟာအချိန်အတော်ကြာအောင်ငြင်းခုံနေခဲ့ကြပြီး "အချင်းချင်းအပြန်အလှန်ဂရုစိုက်ရန်"အလို့ငှာ သူတို့နောက်ဆုံးတွင်ညှိုနှိုင်းကာ ဒီထူးခြားဆန်းကြယ်သောကမ္ဘာထဲကိုအတူဝင်လာခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့အထဲဝင်လာပြီးနောက်တွင် သီးခြားဆောင်ရွက်ရပြန်သည်။
ရှုလင်ကျားတစ်အောင့်မျှတွေးပြီးသော် နန်းတွင်းအစေခံအနည်းငယ်ကိုလှမ်းခေါ်ကာပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
"တတိယမင်းသားဘယ်မှာလဲ။ သူဘာလို့ကျုံးကျိဟောခန်းမထဲမှာမပေါ်လာတာလဲ။"
နန်းတွင်းအစေခံအများအပြားမှာသူထိုသို့မေးသည်ကိုကြားလိုက်ရသော် အနည်းငယ်အံ့အားသင့်သွားကြသည်။ သူတို့ကအချင်းချင်းကြည့်မိပေမဲ့ ဘာကိုမျှမေးခွန်းပြန်မထုတ်ဝံ့ကြပေ။ သူတို့သည်ပဟေဠိအပြည့်ဖြစ်နေသော်လည်း ရှုလင်ကျား၏မေးခွန်းကိုရိုးသားစွာပြန်ဖြေလာသည်။
"တတိယမင်းသားကအရှင်မင်းကြီးရဲ့သားမဟုတ်တာမို့ တွေ့ဆုံပွဲသွားလို့မကောင်းပါဘူးရှင့်။"
ရှုလင်ကျားမသိမသာတောင့်တင်းသွားရသည်။
သူတစ်အောင့်မျှမေးမြန်းပြီးနောက်တွင် တတိယမင်းသား၏သရုပ်မှန်ကိုအကြမ်းဖျင်းသိလိုက်ရသည်။
သူ၏နာမည်ကားယန်ယွီဖြစ်ကာ မိစ္ဆာဧကရာဇ်၏ဆုံးပါးသွားသောအစ်ကိုတော်၏သားတော်ဖြစ်ရာ ကျားရွှမ်၏တူတော်ဖြစ်သည်။
ကျားရွှမ်၏အစ်ကိုတော်မည်သို့သေသွားမှန်းရှုလင်ကျားအတိအကျမသိပေ၊ သူမေးလိုက်သည့်နန်းတွင်းအခြွေအရံများဟာလည်းထိုအကြောင်းဘာမှမသိကြ။ ယင်းကားမိစ္ဆာတော်ဝင်မိသားစု၏လျို့ဝှက်ချက်တစ်ခုဖြစ်သည်ပင်။ သူဆုံးပါးသွားချိန်တွင် ကျားရွှမ်ကနန်းမတက်သေးဘူးဆိုသည်ကိုသာလူတိုင်းသိကြသည်။
ယန်ယွီမွေးလာပြီးသိပ်မကြာခင်တွင် ကျန်းရွှမ်ကသူ့ကိုခေါ်လာကာ သူ့သားအရင်းတို့နှင့်အတူပြုစုပျိုးထောင်ပေးခဲ့သည်။
မိစ္ဆာမျိုးနွယ်စုတွင်ပွင့်လင်းသောရိုးရာဓလေ့ထုံးတမ်းများရှိပြီး အမျိုးမျိုးသောစည်းမျဥ်းနှင့်ကျင့်ဝတ်တို့မှာလူသားမျိုးနွယ်ကဲ့သို့မတင်းကြပ်ပေ။ ဤနေရာရှိအမျိုးသမီးတို့၏အဆင့်အတန်းမှာလည်းအလွန်မြင့်မားကာ လက်ထပ်ပြီးနောက်ပိုင်းတွင်ပင် သူတို့ဟာအချိန်မရွေးထွက်သွားဖို့ရွေးချယ်နိုင်သည်။
ဥပမာအနေဖြင့် မိစ္ဆာဧကရာဇ်ကျားရွှမ်သည်တော်ဝင်မိသားစုနှင့်အခြားမျိုးနွယ်များကြားရှိသွေးသားအမွေဆက်ခံမှုကြောင့် ကိုယ်လုပ်တော်အများအပြားကိုလက်ထပ်ထားသော်လည်း သူ၏သွေးအေးသောပင်ကိုယ်စရိုက်နှင့်တသီးတသန့်ဆန်မှုတို့ကြောင့် ထိုကိုယ်လုပ်တော်များမှာကလေးမွေးဖွားပြီးသည်နှင့် အကုန်လုံးနီးပါးထွက်သွားဖို့ခွင့်တောင်းပြီးသားဖြစ်ကာ ထွက်ပြေးသွားကြ၏။
သို့သော်လည်း ယန်ယွီ၏မိခင်ယာကျိမှာမြင့်မားသောနောက်ခံအသိုင်းအဝိုင်းမှာလာခဲ့ခြင်းမဟုတ်ပေမဲ့ သူမကထွက်သွားဖို့မရွေးချယ်ခဲ့ပေ။ သူမ၏သားမှာပြုစုပျိုးထောင်ရန်နှင့်ပညာသင်ယူလေ့လာရန်အတွက်အရှင်မင်းကြီးကခေါ်သွားပြီးနောက်ပိုင်းတွင် သူမကနောက်နန်းဆောင်တစ်ခုမှာနေကာ ဧကရီတစ်ပါး၏စည်းစိမ်ကိုခံစားနေခဲ့သည်။
မိစ္ဆာဧကရာဇ်အသစ်နန်းတက်လာပြီး ယန်ယွီ့ကိုသူ၏မွေးစားသားအဖြစ်တရားဝင်မွေးစားလိုက်သောအခါ ယာကျိ၏အဆင့်အတန်းမှာပို၍ပင်မြင့်မားသွားချေသည်။
ယင်းကားကိစ္စတစ်ခုမဖြစ်ပွားခင်အထိပင်။
---ယာကျိကမိစ္ဆာအစောင့်တစ်ဦးနှင့်ဖြစ်ကာ သားတစ်ယောက်ထပ်မံမွေးဖွားလာခဲ့သည်။
မတိုင်ခင်ကရေခဲမှန်ကိုကြည့်ခဲ့တုန်းက တတိယမင်းသားက"ဒုတိယညီလေး"ဟုခေါ်ခဲ့သည်ကို ရှုလင်ကျားသတိရသွားသည်။ ကျင်းဖေးထုန်ဟာလည်းဒါကိုမေးခွန်းထုတ်ခဲ့သည်။ အခုတော့အဖြေသိရလေပြီ။ သူ့စကားထဲရှိဒုတိယညီလေးဟာ ဤတရားမဝင်ကလေးကိုပြောခြင်းဖြစ်လိမ့်မည်။
ယာကျိကမထွက်သွားပေမဲ့ သူမနှင့်သူမခင်ပွန်းတို့အတူနေခဲ့သည့်နန်းဆောင်ထဲတွင်အခြားတစ်ယောက်နှင့်ဖောက်ပြားခဲ့သည်။ မိစ္ဆာမျိုးနွယ်၏ဓလေ့များမှာမတင်းကြပ်လျှင်ပင် ၎င်းမှာသည်းညည်းမခံလောက်စရာပင်။
ထိုသတင်းပျံ့သွားသော် မိစ္ဆာဧကရာဇ်ဒေါသထွက်သွားကာ အစောင့်ကိုဖမ်းဆီးရန်တစ်ယောက်လွှတ်ခဲ့သည်။ အစောင့်မှာအထိတ်တလန့်ထွက်ပြေးလွတ်မြောက်သွားသော်လည်း ချောက်ကမ်းပါးထဲမတော်တဆပြုတ်ကျကာသေဆုံးသွားခဲ့သည်။ ကလေးမှာပြုစုပျိုးထောင်ရန်နန်းတော်အပြင်ဘက်သို့အပို့ခံလိုက်ရပြီး ယာကျိဟာအအေးနန်းဆောင်ကဲ့သို့သော အပယ်ခံနန်းဆောင်တွင်နေထိုင်ရန်ရွှေ့ပြောင်းခံခဲ့ရသည်။
ဤအဖြစ်အပျက်ကြောင့် ယန်ယွီမှာအခြသူတို့ထံမှလှောင်ပြောင်ဟားတိုက်ခံခဲ့ရသည်မို့ အမေနှင့်သားကြားရှိဆက်ဆံရေးမှာနှစ်ပေါင်းများစွာကြာအောင်သိပ်မကောင်းခဲ့ပေ။
ဤဖြစ်ရပ်တို့ကိုသိလိုက်ရကာ မတိုင်ခင်ကမြင်ခဲ့ရသောမြင်ကွင်းကိုတွေးမိပြီးနောက် ကိစ္စများစွာမှာအဖြေရသွားပေသည်။
သူတို့သည်ပုံမှန်အားဖြင့်အနည်းငယ်သာပြောဆိုဆက်ဆံခဲ့သည်မို့ မိစ္ဆာအိပ်မက်ဆိုးတိုက်ခိုက်လာချိန်တွင် သူ့မိခင်ကသူလွတ်မြောက်သွားဖို့ရာသူ့အတွက်တစ်ခုခုပြင်ဆင်ပေးခဲ့ကြောင်း တတိယမင်းသားသိလိုက်ရရာ သူအလွန်ဝမ်းနည်းကာစိတ်လှုပ်ရှားသွားမိပြီး နန်းတော်ထံတစ်ဖန်ပြန်လာခဲ့သည်။
သူနောင်တရသွားပေမဲ့ ကံမကောင်းစွာဖြင့်အလွန်နောက်ကျသွားခဲ့ပေရာ သူ့စိတ်အစွဲမှာအလွန်နက်ရှိုင်းသွားချေသည်။
တတိယမင်းသားကိုအခုရှာမတွေ့ပေရာ ရေခဲနန်းဆောင်ကိုသွားပြီး ယာကျိကိုတိုက်ရိုက်သွားရှာသည်ကပိုကောင်းပေလိမ့်မည်။ မိစ္ဆာအိပ်မက်ဆိုးစတိုက်လာသ၍ ယန်ယွီသေချာပေါက်ပေါ်လာလိမ့်မည်ပင်။
သူတို့သည်အမေနှင့်သားကြားရှိအထုံးကိုဖြည်ပေးချင်သော်လည်း သိပ်အများကြီးဝင်မပါဖို့မလိုဘဲ ယန်ယွီနောင်တရကာပြန်မလာခင်အထိ ယာကျိဘာမှမဖြစ်အောင်သေချာလုပ်ပေးထားလိုက်ရုံသာ။
သူထိုသို့တွေးပြီးသော် ရှုလင်ကျားကနန်းတွင်းအစေခံအားလုံးကိုအပြင်ထွက်ခိုင်းကာ နံရံပေါ်တွယ်တက်၍ ဒီနေရာမှထွက်သွားဖို့ပြင်ဆင်လိုက်သည်။
သို့သော် ၎င်းမှာတတိယမင်းသား၏ခန္ဓာကိုယ်ကအလွန်အားနည်းကြောင်း သူသဘောမပေါက်သွားခင်အထိပင်။ ရှုလင်ကျားနံရံပေါ်တက်ရန်ကြိုးစားသော်လည်း သူ့ခြေဖဝါးကိုမြေပြင်ပေါ်ကမမနိုင်ခင် သူအားနည်းနည်းစိုက်ထုတ်လိုက်သည်နှင့် သူ့ရင်ဘတ်မှာမျက်ရည်လွယ်လာသည်ကိုခံစားလိုက်ရသည်။ နာကျင်မှုမှာသည်းမခံနိုင်ဖွယ်ရာ။
မိစ္ဆာဧကရာဇ်ကသူ၏အကြီးဆုံးသားတော်အားဇုန်ဝူရှင်းကိုတိုက်ခိုက်ဖို့မခေါ်သွားသည်မှာအံ့သြစရာမရှိ၊ ဒီခန္ဓာကိုယ်မှာသေချာပေါက်ကိုတိုက်ခိုက်ဖို့ရာမဖြစ်နိုင်။
သို့သော် ဤအခိုက်အတန့်တွင် ရှုလင်ကျား၏ကိစ္စမှာနှောင့်နှေး၍မရပေ။ သူသည်နံရံအောက်တွင်စက်ဝန်းသဏ္ဍန်လှည့်ပတ်နေမိပြီး အကယ်၍သူသာမြေခွေးဖြစ်လာနိုင်ရင် သူ့စွမ်းရည်မှာပိုကောင်းလာလိမ့်မည်ဟုရုတ်ခြည်းတွေးမိသွားပေမဲ့ ဤအခြေအနေတွင် သူ၏မြေခွေးအသွင်ကိုထိန်းနိုင်မထိန်းနိုင်မသိရပေ။
ရှုလင်ကျားပြောင်းလဲရန်ကြိုးစားလိုက်ပြီးမကြာမီတွင် အကြီးဆုံးမင်းသား၏ခန္ဓာကိုယ်မှာပျော့ခွေသွားကာ သတိမရှိစွာလဲကျသွားစဥ်၊ မြေခွေးလေးကသူ့ရင်ဘတ်ပေါ်တွင်ရှိနေပြီး သူ့ခေါင်းကိုမိန်းမောစွာငုံ့ထားကာ သူ့မျက်နှာကိုလက်ဖဝါးဖြင့်ပုတ်လိုက်သည်။
ဒီလူရဲ့ခန္ဓာကိုယ်ထဲကထွက်လို့ရတယ်!
သူချက်ချင်းပြန်ပြောင်းလိုက်ပေမဲ့ လူသားအသွင်ပြောင်းလိုက်ပြီးနောက်တွင် သူဟာအကြီးဆုံးမင်းသား၏ကိုယ်ထဲပြန်ရောက်သွားပြန်သည်။
ကြည့်ရသည်မှာ တစ်ဖက်လူတွင်မြေခွေးမျိုးနွယ်စုသွေးမရှိသည်မို့ သူဖောက်ထွက်နိုင်ခြင်းဖြစ်ရာ မြေခွေးအသွင်ထိန်းထားခြင်းကသာလျှင် ဒီကမ္ဘာထဲတွင်လွတ်လပ်စွာသွားလာလို့ရနိုင်သည်။
ရှုလင်ကျားရွေးချယ်စရာမရှိပါဘဲ အိပ်ဆောင်ထဲပြန်သွားကာ အိပ်ရာပေါ်လှဲလိုက်ပြီးနောက် မြေခွေးအသွင်ပြောင်းသည့်မှော်ကိုတိတ်တိတ်လေးသုံးလိုက်သည်။
အကြီးဆုံးမင်းသားကအိပ်ရာထက်တွင်တိတ်တဆိတ်လဲလျောင်းကာအိပ်မောကျနေစဥ်၊ မြေခွေးလေးကအိပ်ဆောင်ထဲမှပြေးထွက်ကာ တံစက်မြိတ်ထက်ပျံလွှား၍ နံရံပေါ်လမ်းလျှောက်ကာ နန်းဆောင်ထဲမှအလွယ်လေးခုန်ထွက်သွားလိုက်သည်။
ခုနကလေးတင်ရှုလင်ကျားသည်အအေးနန်းဆောင်၏တည်နေရာကိုမေးလာခဲ့သော်လည်း ဒီတစ်ခေါက်တံခါးအပြင်ထွက်လာချိန်တွင် သူဟာလည်းနည်းနည်းလည်သွားခဲ့သည်။
သူသစ်ပင်ပေါ်ခုန်တက်ကာ အမြင့်ဆုံးသစ်ကိုင်းပေါ်တွင်ရပ်၍ ဟိုဟိုဒီဒီဝေ့ဝဲကြည့်လိုက်သည်။ ဤမှော်မြို့တော်ထဲရှိလမ်းများမှာအကွေ့အကောက်များဖြစ်ကြောင်းသူမြင်လိုက်ရသည်။ မြို့တော်မှာတောင်တန်းနှင့်မြစ်များအပြည့်ဖြစ်ကာ မြေပြင်အနေအထားမှာလည်းအလွန်ရှုပ်ထွေးလွန်းလှသည်။
သူသည်မြေခွေးဖြစ်လာပေရာ လမ်းပင်မမေးနိုင်တော့ပေ။
ရှုလင်ကျား၏ခန္ဓာကိုယ်မှာသစ်ကိုင်းသစ်ခက်တို့နှင့်အတူဇောက်ထိုးမိုးမျှော်ယိမ်းထိုးသွားပြီး သူ့ကိုယ်ထက်ရှိအမွှေးနုလေးများမှာလည်းတုန်ရီလို့နေကာ သူဘာဆက်လုပ်ရမလဲဆိုသည့်အကြောင်းအလေးအနက်တွေးမိသည်။
ထိုစဥ် စိတ်ဝိညာဥ်စွမ်းအားလှိုင်းတစ်လှိုင်းကိုသူရုတ်ခြည်းခံစားမိလိုက်သည်။
ရှုလင်ကျားချက်ချင်းခေါင်းလှည့်ကြည့်လိုက်ရာ သိပ်မဝေးသောသစ်ပင်အောက်တွင် ဒီဘက်ကိုလျှောက်လာနေသည့်ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။
ထိုပုံရိပ်ကိုမြင်လိုက်ရရင်း သူ့မျက်လုံးများရုတ်ခြည်းတောက်ပသွားကာ သစ်ပင်ပေါ်မှတိုက်ရိုက်ခုန်ဆင်းပြီးနောက် တစ်ဖက်လူ၏လက်မောင်းကြားထဲတည်ငြိမ်စွာခုန်ဝင်လိုက်သည်။
"ရှောင်ကျား?"
ရောက်လာသည့်လူမှာသူအချိန်အတန်ကြာအောင်ရှာနေခဲ့ရသည့်ကျင်းဖေးထုန်ပင်။
ရှုလင်ကျားဘယ်ရောက်သွားမှန်းကျင်းဖေးထုန်မသိသဖြင့် သဘာဝအလျောက်အလွန်စိတ်ပူသွားမိသည်။ ဤအချိန်တွင် သူ့လက်မောင်းကြားထဲတွင်အိစက်စက်ဘောလုံးလေးကိုဖက်ထားပြီး ငုံ့ကြည့်မိရာ အလွန်အံ့အားသင့်သွားမိသည်။
သူကရှုလင်ကျား၏အမြှီးပေါ်ရှိသစ်ရွက်ကိုဖယ်ပေးကာ အပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"ကောင်းတယ်၊ မင်းကဒီမှာပဲ! မင်းဘယ်လိုလုပ်ပြီးမြေခွေးဖြစ်လာတာတုန်း။"
ရှုလင်ကျားဟာလည်းပဟေဠိဖြစ်သွားကာမေးမိသည်။
"ခင်ဗျားဒီရောက်လာတုန်းက ခင်ဗျားကိုယ်တိုင်ပဲလား။ သူများတွေရဲ့ခန္ဓာကိုယ်ထဲမရောက်သွားဘူးပေါ့?"
ကျင်းဖေးထုန်ကခေါင်းခါသည်။
"ဟင့်အင်း။ ကိုယ်ဒီရောက်လာတော့မင်းကိုမတွေ့ဘူး၊ ဒါပေမဲ့ အဲ့ဒီ့လူက'မင်းသား'ဆိုတော့ သတင်းတွေအားလုံးကနန်းတော်ကလာတာအမြန်ဆုံးပဲဆိုတော့အဆင်ပြေတယ်လေ။ ဒီတော့ကိုယ်အထဲဝင်ပြီးသတင်းယူဖို့တစ်ယောက်ယောက်ကိုရှာမလို့လုပ်နေတာ။ ဖြစ်ချင်တော့ဒါက..."
ရှုလင်ကျားပြောလိုက်သည်။
"မိစ္ဆာမျိုးနွယ်။"
ကျင်းဖေးထုန်ကပြုံးသည်။
"ဟုတ်တယ်။ ကြည့်ရတာမင်းယာကျိအကြောင်းသိနှင့်ပြီးသားဖြစ်ပုံရတယ်၊ အအေးနန်းဆောင်ဆီအရင်သွားပြီးတော့ ကိုယ်တို့လမ်းလျှောက်ရင်းအဲ့အကြောင်းပြောကြတာပေါ့။"
ကျင်းဖေးထုန်ကားလမ်းသိရုံတင်မကဘဲ လျင်မြန်စွာပြေးသွားသည်မို့ ရှုလင်ကျားသူ့ပုခုံးပေါ်တွင်တက်ထိုင်ကာ လူနှစ်ဦးမှာအပြန်အလှန်သတင်းဖလှယ်လိုက်ပြီး သူတို့သိခဲ့ရသည့်ကိစ္စများမှာဆင်တူကြောင်းသိလိုက်ရကာ မကြာမီတွင်အအေးနန်းဆောင်ကိုရောက်လာသည်။
မိစ္ဆာတို့တွင်ထူးခြားသောပတ်ဝန်းကျင်ရှိကာ ရှားပါးသောရတနာများတွင်ချမ်းသာကြွယ်ဝပြီး တိုင်းတပါးသားများမှာဒီကိုလာခဲသဖြင့် သူတို့ဟာအလွန်ပေါကြွယ်ဝလျက်ရှိသည်။
ဤအအေးနန်းဆောင်ကားအချိန်အတော်ကြာစွန့်ပစ်ခံထားရသော်လည်း အပြင်ကကြည့်လျှင်ယိုယွင်းနေသောနန်းဆောင်ပုံပေါက်သည်။ သို့သော် အထဲဝင်လိုက်သည်နှင့် အစိမ်းရောင်အမိုး၊ အနီရောင်နံရံနှင့် ကျောက်စိမ်းအုတ်စင်္ကြန်တို့ကိုတွေ့ရမည်ဖြစ်ကာ ၎င်းမှာယခင်ကချမ်းသာကြွယ်ဝမှု၏အရိပ်အယောင်ရှိနေသေးသည်။
ယာကျိကဒီနန်းဆောင်ထဲမှာအထီးကျန်နေသော်လည်း ထွက်သွားဖို့တွန့်ဆုတ်နေသည်မှာမဆန်း။
ရှုလင်ကျားကမိစ္ဆာဧကရာဇ်၏သရုပ်မှန်ကိုကြားခဲ့သော်လည်း သူပဟေဠိဖြစ်နေမိဆဲပင်။ မိစ္ဆာမျိုးနွယ်ကားသိသိသာသာကိုစွမ်းအားကြီးလှသည်။
ကျားရွှမ်ကဇုန်ဝူရှင်းကိုတိုက်ခိုက်ရန်ထွက်သွားရသည့်အကြောင်းရင်းကို သူအခုနားလည်သွားသည်။ ကပ်ဘေးကအပြင်မှာဟုလူတို့ကထင်နေသဖြင့် လုံးဝခုခံမှုမရှိကြပေ။ ထို့အပြင် အအေးနန်းဆောင်မှာအစောင့်အနည်းငယ်ရှိပြီး မိစ္ဆာအိပ်မက်ဆိုးကယုတ်ညံ့ကာဉာဏ်နီဉာဏ်နက်များသည်မို့ သူကဒီနေရာမှစတင်ရန်ရွေးချယ်ခဲ့သည်။
ဤအချိန်တွင် အနည်းငယ်နောက်ကျသွားပြီဖြစ်ကာ နန်းဆောင်အများစုတွင်လူမနေကြတော့သော်လည်း မီးအိမ်ထွန်းထားဆဲဖြစ်ရာ နန်းဆောင်များကိုတောက်ပသောအလင်းတို့ဖြင့်လင်းထိန်သွားစေပြီး ငြိမ်းချမ်းမှုနှင့်တိတ်ဆိတ်မှုစိုးစဥ်းမျှရှိမနေပေ။
ကျင်းဖေးထုန်၏ပုခုံးမှာအလွန်ကျယ်ပြီး အစကထိုင်ရသည်မှာအတော်လေးအဆင်ပြေသော်လည်း အချိန်ကြာလာသည်နှင့် သူ့အရိုးများမှာအလွန်မာတောင့်လွန်းလှသည်ဟုခံစားရလိမ့်မည်ပင်၊ ထို့ကြောင့်ရှုလင်ကျားခန္ဓာကိုယ်ရွှေ့ထိုင်ကာ ကျင်းဖေးထုန်၏လည်တိုင်တဝိုက်ရှိအမြှီးကိုပြန်ရုတ်၍ သူ့တင်ပါးအောက်တွင်ကူရှင်ပမာခုထားလိုက်ချင်မိတော့သည်။
ကျင်းဖေးထုန်ကရယ်မောကာ လက်ဖြန့်၍ပြောလာသည်။
"ဒီကိုလာ။"
ရှုလင်ကျားသူ့ပုခုံးပေါ်မှခုန်ဆင်းကာ ကျင်းဖေးထုန်၏လက်နှစ်ဖက်ပေါ်တွင်ထိုင်၍ သူ့အမွှေးကိုခါလိုက်မိသည်။
သူပြောလိုက်သည်။
"ကျွန်တော်အချိန်အတိအကျမသိဘူး။ ကျွန်တော်တို့ဘယ်အချိန်ကိုစောင့်ရမှာလဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"သိပ်မကြာခင်။ ပုံရိပ်တစ်ခုလုံးကသိပ်မကြာတာမို့ ကိုယ်တို့ဝင်လာတဲ့အချိန်ကအဲ့ဒီ့အဖြစ်အပျက်ဖြစ်သွားတဲ့အချိန်နားလောက်မှာပဲဖြစ်ရမယ်။"
နှစ်ဦးသားစကားပြောနေရင်းဖြင့် ခပ်နိမ့်နိမ့်ငိုရှိုက်သံအနည်းငယ်နှင့်အတူ တစ်စုံတစ်ယောက်၏လျင်မြန်စွာစကားပြောသံကိုရုတ်တရက်ကြားလိုက်ရသည်။
သူတို့သည်တိုးလျလျပြောနေခြင်းဖြစ်သော်လည်း ဤအချိန်တွင်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်ပင်။ အသံမှာလေတိုက်သံနှင့်အတူရောယှက်သွားကာ သူတို့နှစ်ဦး၏နားထဲဝင်လာချိန်တွင် အေးစက်မှုနှင့်ထူးဆန်းမှုစိုးစဥ်းမျှမရှိတော့ပေ။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့အပြန်အလှန်ကြည့်ကာ ရှုလင်ကျားပြောလိုက်သည်။
"အတိတ်မှာခိုးနားထောင်ကြမလား။"
---ဤသည်ကားကျင်းဖေးထုန်အကျွမ်းကျင်ဆုံးအရာပင်။
သူအနောက်လှည့်ကာ သူ့ပုံရိပ်ကဖျတ်ခနဲလက်သွားပြီး ပန်းသစ်ပင်အနောက်တွင်ပေါ်လာသည်။ အရှေ့ခပ်လှမ်းလှမ်းတွင် နန်းတွင်းအစေခံအမျိုးသမီးကအနက်ရောင်ဝတ်ရုံနှင့်အမျိုးသားတစ်ဦးကိုစကားပြောနေသည်။
"ဒါကရှင်ကျွန်မကိုပိုက်ဆံတောင်းတဲ့ပထမဆုံးအကြိမ်မဟုတ်ဘူးနော်! ကျွန်မသိပြီးသား၊ ရှင်ကျွန်မကိုလိမ်နေခဲ့တာပဲ!"
နန်းတွင်းအစေခံအမျိုးသမီးကဒေါပွကာဆိုလာသည်။
"ရှင်ကျွန်မကိုအရင်ကပြောတော့ ကျွန်မတို့ပိုက်ဆံတွေကိုတစ်ခါတည်းစုပြီး မြို့တော်အရှေ့ဘက်အိမ်တစ်လုံးကိုဝယ်ပြီးတော့ ကျွန်မနန်းတော်ကထွက်လာတာနဲ့ကျွန်မကိုလက်ထပ်မယ်ဆို၊ ဒါပေမဲ့ ကျွန်မရှင့်ကိုကျွန်မရဲ့စုငွေတွေပေးနေရတာအကြိမ်ပေါင်းများပြီ။ ဘယ်မှာလဲ၊ အိမ်? ကျွန်မကြည့်ချင်တယ်!"
အမျိုးသားကဆိုသည်။
"ကိုယ်မင်းကိုမပြောခဲ့ဘူးလား။ ကိုယ်အချိန်မီမပေးလိုက်နိုင်လို့ အိမ်စျေးကနည်းနည်းပိုတက်သွားပါတယ်ဆို။ ကိုယ့်အမှားပါ၊ ဒါပေမဲ့အဲ့ဒါကလည်း အိမ်ကဝယ်လိုအားမြင့်တာကိုပြနေတာပဲ။ အခုနည်းနည်းလေးပဲလိုတော့တာ၊ အဲ့ဒါဝယ်ဖို့ပိုက်ဆံနည်းနည်းပေး၊ ကိုယ်ပြန်ပေးမှာပါကွာ။ မင်းနန်းတော်ထဲမှာရှိနေတုန်းကိုယ်သွားဝယ်လိုက်မယ်! ဟုတ်ပြီလား။"
နန်းတွင်းအစေခံအမျိုးသမီးကပြောလိုက်သည်။
"အိမ်စျေးတက်သွားတာအမှန်ပဲလား။"
အမျိုးသားကစိတ်မရှည်စွာပြောလာသည်။
"မင်းဘယ်နှခါထပ်တလဲလဲမေးနေအုံးမှာလဲကွာ!"
သူ၏စိုးရိမ်ပူပင်မှုနှင့်အတူ သူ့အသံမှာပိုကျယ်လာလေရာ နန်းတွင်းအစေခံအမျိုးသမီးမှာပို၍ပင်ဒေါသထွက်သွားပြီး သူ့မျက်နှာပေါ်စာရွက်အနည်းငယ်ပစ်ပေါက်ကာ သူမဟာလည်းခပ်ကျယ်ကျယ်ဆိုလာသည်။
"ရှင်ကလူလိမ်တစ်ယောက်လို့ ကျွန်မလည်းပြောလိုက်မယ်! မကြားဘူးလား။ ဒီငွေချေးစာရွက်စာတမ်းတွေကိုကြည့်လိုက်စမ်းပါ! လောင်းကစားရုံကငါ့ကိုပို့လိုက်တာဟဲ့!"
အိမ်ဝယ်ပြီးလက်ထပ်မယ်ဆိုသည်ကဆင်ခြေဆင်လက်များဖြစ်သည်ပင်။
သူမစုထားသည့်ငွေအားလုံးမှာဒီလူ၏လောင်းကစားလုပ်ခြင်းခံလိုက်ရပြီး သူမအရာအားလုံးဆုံးရှုံးသွားပြီးနောက်တွင်ပင် သူကသူမထံပိုက်ဆံလာတောင်းပြန်သည်။
သူဖော်ထုတ်ခံလိုက်ရမည်ဟုအမျိုးသားကမထင်ထားမိဘဲ သူ့မျက်နှာမှာအရှက်ရသွားကာ ပြောလာသည်။
"ဒီလူတွေ တကယ် သူတို့မင်းကိုဘာလို့လိုက်ရှာနေသေးတာလဲ။"
နန်းတွင်းအစေခံအမျိုးသမီးကဒေါသတကြီးဆိုသည်။
"ရှင်မေးရဲသေးတယ်လား။ ဟုတ်တာပေါ့၊ ရှင်ကအရှက်မှမရှိပဲကို။ ကျွန်မရှင့်လိုလူမျိုးကိုလက်မထပ်နိုင်ဘူး။ အခုကစပြီး ကျွန်မရှင့်ကိုတစ်ပြားတစ်ချပ်မှပေးမှာမဟုတ်ဘူး။ အရင်ကရှင်ဖြုန်းခဲ့တဲ့ဟာတွေကတော့ ရှင့်ဘာသာတောင်းပဲစားစား၊ လောင်းကစားပဲလုပ်လုပ်၊ ကျွန်မဂရုမစိုက်ဘူး၊ တစ်လအတွင်း ကျွန်မကိုပြန်ပေးရမယ်!"
ထိုသို့ပြောပြီးနောက် သူမလှည့်ထွက်သွားသည်။
ရှုလင်ကျားပြောမိသည်။
"ဒီမိန်းကလေးမှာသန်မာတဲ့စိတ်ထားရှိတာပဲ၊ မဆိုးဘူး။"
ကျင်းဖေးထုန်ကသူ့ကိုဖက်ထားပြီး ရှုလင်ကျားထိုသို့ပြောသည်ကိုကြားလိုက်ရသော် သူ့လက်မောင်းကြားထဲရှိမြေခွေးလေးကိုငုံ့ကြည့်ကာ "ပြတ်ဖို့လွယ်တယ်"ဆိုသောစကားကိုမျိုချလိုက်ရပြီး သူ့ခေါင်းလေးကိုပုတ်ပေးလိုက်သည်။
နန်းတွင်းအစေခံအမျိုးသမီးကပြောလို့ပြီးသွားသော် သူမထွက်သွားဖို့ဆုံးဖြတ်လိုက်သည်ကိုမြင်လိုက်ရသည်။ ဒါကိုမြင်လိုက်ရသော် အမျိုးသားမှာထိတ်လန့်သွားပြီး သူမကိုလှမ်းဆွဲကာချော့ပေမဲ့သူမကလက်မခံပေ။ အမျိုးသားမှာနောက်ဆုံးတွင်သည်းမခံနိုင်တော့ဘဲပြောလာသည်။
"အဲ့ဒီလူတွေက ဒီနေ့ပိုက်ဆံမမြင်ရလို့ရှိရင် ကိုယ့်ခြေလက်တွေကိုဖြတ်ပစ်မယ်တဲ့။ ကိုယ်တို့စကားများခဲ့ပေမဲ့ မင်းကဒါကိုရပ်ကြည့်နေနိုင်တယ်လား။"
နန်းတွင်းအစေခံကဒေါသတကြီးဆိုသည်။
"ကျွန်မရှင့်ကိုလောင်းကစားလုပ်ခိုင်းလို့လား။ သူတို့ကပိုက်ဆံပြန်ဆပ်ခိုင်းနေတာ၊ ဒီဟာကကျွန်မကြိုးစားပမ်းစားအလုပ်လုပ်လို့ရလာတဲ့ကျွန်မပိုက်ဆံတွေမဟုတ်ဘူးလား။"
ထိုလူ၏မျက်လုံးထဲတွင်ခက်ထန်သောအကြည့်ရှိနေပြီး သူမပေါ်ခုန်အုပ်ကာ သူမ၏လည်မျိုကိုဆုပ်ကိုင်၍
ခက်ထန်စွာလှုပ်ခါကာဟိန်းဟောက်လာသည်။
"ပိုက်ဆံပေး! ငါ့ကိုပိုက်ဆံပေး!"
ရှုလင်ကျားသည်လက်ဖဝါးလေးဖြင့်ကျောက်ခဲတစ်လုံးကိုရိုက်ချကာ သူ့လက်ကောက်ဝတ်ပေါ်ပစ်လိုက်သော်လည်း ကျောက်ခဲကအမျိုးသား၏ကိုယ်ကိုဖြတ်၍ မြေကြီးပေါ်လိမ့်ကျသွားသည်။
ကျင်းဖေးထုန်ကဆိုသည်။
"ဒါကသူတို့ရဲ့စိတ်အစွဲမဟုတ်ဘူး။ ပုတီးစေ့ထဲကနာကျည်းချက်အငြိုးတွေကလွဲရင် ကိုယ်တို့ကျန်တဲ့ဟာတွေကိုပြောင်းလဲလို့မရနိုင်ဘူး။ ဒီနန်းတွင်းအစေခံအမျိုးသမီးကလွန်ခဲ့တဲ့နှစ်ရာချီတုန်းကသေဆုံးသွားခဲ့ပြီးပြီ။"
သူ့စကားအတိုင်း နန်းတွင်းအစေခံအမျိုးသမီး၏ခန္ဓာကိုယ်ကပျော့ခွေသွားကာ ခေါင်းမော့လျက်သားဖြင့်မြေပြင်ပေါ်လဲကျသွားပြီး သူမထပ်လှုပ်လာခြင်းမရှိတော့ဘဲ သူမလည်တိုင်ထက်တွင်ခရမ်းပြာရောင်လက်ငါးချောင်းရာကြီးနှစ်ခုရှိနေပေသည်။
ရှုလင်ကျားတိတ်ဆိတ်သွားကာတီးတိုးပြောမိသည်။
"မကောင်းဆိုးဝါးမိစ္ဆာတွေက လောင်းကစားလုပ်တာတို့လိုပိုက်ဆံနဲ့ပတ်သတ်တဲ့အရာတွေကြောင့်သေဆုံးသွားခဲ့ကြတာ၊ သူတို့ကဒီလိုမျိုးသေသွားကြလိမ့်မယ်။"
ကျင်းဖေးထုန်ကပြောလာသည်။
"မင်းအသက်ရှင်နေသရွေ့ ဘာပဲဖြစ်နေပါစေ ဒုက္ခအခက်အခဲတွေရှိနေမယ်ဆိုတာကိုမြင်နိုင်တယ်။ လူသားဖြစ်ဖြစ် မိစ္ဆာမကောင်းဆိုးဝါးဖြစ်ဖြစ် ရှောင်လွဲလို့မရနိုင်ဘူး။ ဒီအမျိုးသားရဲ့လုပ်ရပ်ကသိပ်ကိုစက်ဆုပ်စရာကောင်းတော့ အနှေးနဲ့အမြန်အပြစ်ဒဏ်ခံရမှာစိုးတယ်...."
ဤအမျိုးသား၏မူလရည်ရွယ်ချက်မှာ သူ့ကိုပိုက်ဆံပေးရန်သူ့ချစ်သူ့ကိုပြောဖို့ဖြစ်သော်လည်း ဒီနန်းတော်ထဲတွင်လူသတ်မိလိမ့်မည်ဟုမထင်ထားခဲ့ပေ။ နှစ်ဦးသားသူ့ကိုတစ်အောင့်မျှစိုက်ကြည်နေရင်း ထိုသူကနန်းတွင်းအစေခံအမျိုးသမီး၏အသက်ရှုနှုန်းကိုလှမ်းစမ်းလိုက်ပြီး ထို့နောက်သူ့မျက်နှာထားမှာအင်မတန်ကြောက်လန့်သွားခဲ့သည်။
သူသည်ဘယ်ညာကြည့်ကာ အလောင်းကိုရေတွင်းထံတရွတ်တိုက်ဆွဲ၍ အမျိုးစမီးကိုအထဲပစ်ချလိုက်ပြီးနောက် ခပ်သုတ်သုတ်ပြေးသွားတော့သည်။
ရှုလင်ကျားရုတ်တရက်ပြောမိသည်။
"ကြည့်!"
Advertisement
- In Serial13 Chapters
The Survivor
Trillion Biggs was your average 26 year old, she couldn't afford college, and when her grandmother passed away, she was denied any of the inheritance; worse, she was legally disowned and required to change her name to not be associated with the affluent family that refused to help her. when told that her accounts would be frozen the next day, she decided to board a week long cruise to give herself the much needed break from all the stress. Little did she know; events were already taking place to ensure the ship never reentered port. ~Image of Elisabeth Fern Image found using Google Images, original Copyright unkown.
8 101 - In Serial12 Chapters
NARUKO LA REENCARNACION DE KAGUYA
El día del nacimiento de los trillizos uzumaki minato namikaze decide salir de la aldea con sus hijos menores que contienen al Kyubi dejando a Naruko la mayor como una contenedora falsa, pero los planes siempre tienen un factor inesperado, el factor humano o en este caso el divino debido a que Kaguya Otsutsuki decide entregar su poder a su reencarnación debido a que recapacito y para reunirse con sus seres amados debe dejar una reencarnación, ella al final por su gran corazón eligió a Naruko, como cambiara eso los planes de minato.Notas importantes:1. Consejo de ancianos buenos por ende no masacre Uchiha.2. Akatsukis en el paso de la historia se une a konoha por voluntad y protección de Kaguya.3. Se recrea el clan Otsutsuki por medio de los bienes uzumakis los cuales le fueron entregados por la traición hecha por su madre tanto por lo de konoha por lo de la isla de uzu al ser la líder del clan.4. Y muchos más, solo espero que les guste.
8 184 - In Serial13 Chapters
THE NIGHTMARE | l.s.
Продолжение не очень краткого руководства по жизни в особняках с привидениями и серьёзным отношениям с медиумами-историками. Эта книга научит вас не спускаться в тёмные подвалы, не верить учителям, не шутить о том, о чём шутить не положено, и ни в коем случае не читать личные переписки Гарри Стайлса и Лу Томлинсон. Данная повесть - сиквел фанфика "HALLUCINATIONS"!ПРЕДУПРЕЖДЕНИЯ: Найл и Лиам - бойфренды (так ничего и не изменилось), то есть присутствуют элементы слэша; Луи Томлинсон - в образе всё той же несносной девчонки; фигурирует насилие над животными; повествование ведётся и от первого, и от третьего лица одновременно; нецензурная лексика.*Nightmare - кошмар, дурной сон.
8 210 - In Serial7 Chapters
The Death Eater with a Choice
Draco has finally gotten what he always wanted. He is one of them. He is a Death Eater. But is it truly what he wants or is it just what Potter said: Because of his wish to make his father proud? Draco has to choose a side.This is the follow up to my other story "Love Revealed by Fear".and yes, it is Drarry, now your warned.
8 106 - In Serial72 Chapters
Destroy Me (Book 1) A Supernatural Story
"You're destroying me Winchester!""That's good!"Meeting those boys was either her biggest mistake or something she need the most in her life.A Book based on the TV show Supernatural Set between Season 3-5I do not own any characters from Supernatural.I only own my main character Calliope.
8 625 - In Serial6 Chapters
Relentless
Pennywise x ReaderIt all started on a Friday night..
8 202

