《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၄] လောကကြီးထဲရှိအနန္တအပေါက်|ေလာကႀကီးထဲရွိအနႏၱအေပါက္
Advertisement
!unicode!
ချင်းချိုးနှင့်ပြင်ပလောကတို့၏လမ်းဆုံတွင် မဖြစ်ထွန်းသောနယ်မြေတစ်ခုရှိသည်။ ထိုနေရာတွင်ပုံမှန်အားဖြင့်နေထိုင်သူအနည်းစုသာရှိသည်မို့ စီးပွားရေးသမားများသိပ်မရှိကြပေ။ မိုင်၅၀အကွာအဝေးအတွင်းတွင် တည်းခိုဆောင်တစ်ခုသာလျှင်ရှိ၏။
သို့သော်ဤအချိန်တွင် ဆိုးဝါးသောရာသီဥတုကြောင့် နေ့ဘက်တွင်မိုးသည်းထန်စွာရွာသွန်းကာ ညဘက်တွင်ရပ်တန့်သွားခြင်းမရှိဘဲ မြေပြင်ပေါ်ရှိရေမှာခြေသလုံးထိရောက်တော့မည်ပင်၊ ထို့ကြောင့် ကြုံတောင့်ကြုံခဲဖြစ်စွာဖြင့် လမ်းသွားလမ်းလာအများစုဟာဤတည်းခိုဆောင်ရှေ့တွင်ရပ်မိကြသည်။
နန်ဇီတောင်ထွတ်မှပြန်လာသည့်မြေခွေးမျိုးနွယ်စုဟာလည်းဒီရောက်လာသည်။
မင်ချီ၏ပင်ကိုယ်စရိုက်နှင့်ဆိုလျှင် သူမဟာသဘာဝကျကျပင်မိုးရေထဲတွင်ခရီးထွက်ဖို့ရာငြင်းဆန်လိမ့်မည်ပင်။ ချန်နဥ်ကတည်းခိုဆောင်ထဲဝင်သွားပြီးနောက် သူဟာကောင်တာပေါ်သို့ရွှေချောင်းတစ်ချောင်းတင်ကာပြောလိုက်သည်။
"သူဌေး၊ ကျွန်တော်တို့အကုန်လုံးအတွက်စီစဥ်ပေးပါအုံး။"
သူတို့အုပ်စုသည်မိုးရေထဲမှလာခဲ့သော်လည်း လုံးဝရေစိုခြင်းမရှိပေ၊ သူတို့ဟာသာမန်ထက်ထူးကဲပုံပေါ်ပြီး ပထမဆုံးအကြည့်တစ်ချက်တည်းဖြင့်သူတို့ဟာသာမန်လူတို့မဟုတ်မှန်းသိနိုင်သည်။
ဆိုင်ရှင်မှာချင်းချိုးအနီးတွင်နေထိုင်ပြီး ဗဟုသုတအချို့ရှိပေရာ သူတို့ကိုအတိုက်အခံမလုပ်ရဲဘဲ ဂရုစိုက်သောလေသံဖြင့်ပြောမိသည်။
"ဧည့်သည်၊ ကျုပ်အားနာပါတယ်၊ ဒီနေ့ရာသီဥတုကတော်တော်လေးဆိုးဝါးနေတော့ ဧည့်သည်တွေအရမ်းများနေတာမို့ အခန်းလွတ်နှစ်ခန်းပဲကျန်ပါတော့တယ်။ နေရာတချို့ရှိသေးပေမဲ့ မင်းတို့နေနိုင်ပါ့မလား။"
ချန်နဥ်အနည်းငယ်တုံ့ဆိုင်းသွားမိပေမဲ့ မင်ချီကပြောလိုက်ပြီးဖြစ်သည်။
"မင်းဘာလုပ်မလို့လဲ၊ ဧည့်သည့်ခန်းကိုမသွားနဲ့၊ အခန်းလွတ်နှစ်ခန်းကလုံလောက်ပြီ၊ မြန်မြန်သွားသန့်ရှင်းရေးလုပ်ချည်၊ ရေပူနဲ့အိပ်ရာခင်းအသစ်ပြင်ဆင်ပြီး အခန်းထဲမှာအနံ့ကောင်းတဲ့အမွှေးနံ့သာထွန်းပေးပြီးတော့ ချိုးရေထဲကိုပွင့်ဖတ်တွေထည့်ပေးဖို့မမေ့နဲ့။ ဒါနဲ့စကားမစပ်....ထိုင်စရာအခင်းလည်းကျွန်မဝယ်မယ်။"
ဆိုင်ရှင်ကခပ်သွက်သွက်သဘောတူကာ သူ့ဝန်ထမ်းကိုပြင်ဆင်ပေးဖို့ပြောပြီးနောက် လူအယောက်၂၀ကိုကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။ သူတို့အကုန်လုံးဟာအခန်းတစ်ခန်းတည်းကိုတူတူဝင်သွားကြပြီး ရပ်စရာနေရာလွတ်ပင်မရှိလောက်နီးပါးပင်။
လူငယ်လေးကချိုးရေယူကာ အထဲကိုတွန့်ဆုတ်စွာတိုးဝင်သွားပြီး တံခါးဝတွင်ထားပေးပြီးနောက် တံခါးပိတ်ကာအပြင်ထွက်လာခဲ့သည်။ အောက်ထပ်ကိုဆင်းလာရင်းဖြင့် သူမနေနိုင်ဘဲအနောက်ကိုတစ်ချက်ပြန်ကြည့်ကာ ရင်ထဲတွင်အဆက်မပြတ်တီးတိုးပြောမိသည်။
-ခင်ဗျားတို့ဒီမှာဘယ်လိုအိပ်မှာလဲ။ လေပေါ်မှာတွဲလောင်းချိတ်ပြီးအိပ်ကြမှာလား။
သူထွက်သွားပြီးမကြာမီတွင် မင်ချီကလက်ခုပ်တီးကာပြောလိုက်သည်။
"ကောင်းပြီ၊ မိန်းကလေးတွေအကုန်လုံးမြေခွေးအဖြစ်ပြောင်းလိုက်ကြတော့။"
သူမမှတစ်ပါး၊ မျက်မှောက်ရှိမိန်းကလေးများမှာချက်ချင်းပင်မတူညီသောအရောင်နှင့်မြေခွေးများအဖြစ်ပြောင်းသွားလေရာ အခန်းမှာရုတ်ခြည်းနေရာပိုကျယ်သွားချေသည်။
မင်ချီကဆိုသည်။
"ယောက်ျားလေးတွေက ငါတို့အတွက်ကြမ်းပြင်ပေါ်မှာထိုင်စရာအခင်းဖြန့်ပေးပြီးရင်ရေချိုးကန်လုပ်ပေးချည်၊ ပြီးရင်နောက်အခန်းတစ်ခန်းမှာသွားနား၊ စကားပြောလို့ရအောင်လူသားပုံရိပ်တစ်ခုချန်ခဲ့အုံး၊ ကျန်တဲ့လူတွေကမြေခွေးအဖြစ်ပြောင်းလိုက်လို့ရှိရင် ကောင်းကောင်းမွန်မွန်အိပ်လို့ရပြီ။ ငါရှိနေတာကို ဧည့်သည်ဆောင်ထဲသွားပြီး အဲ့ဒီ့လူတွေနဲ့သွားနေဖို့မလိုဘူးလေ။"
ချန်နဥ်ပြုံးကာပြောမိသည်။
"ဒေါ်လေးဘယ်တုန်းက ဒီလောက်စည်းကမ်းရှိသွားတာလဲ။ ကျွန်တော်တို့မြေခွေးတွေကယောက်ျား၊ မိန်းမခွဲအိပ်ရမယ်ပေါ့လေ။"
မင်ချီကပြောလာသည်။
"မင်းဘာသိလို့လဲ။ ယုန်တွေကအသိုက်အစွန်ကမြက်ကိုမစားဘူး၊ ပြီးတော့သူတို့ရဲ့ချစ်သူကိုသူတို့ရဲ့မျိုးနွယ်စုထဲမှာမရှာကြဘူး၊ မဟုတ်ရင်သူတို့ဆော့ကစားရင်းလူစုကွဲနေတာနဲ့တင်ပင်ပန်းနေလိမ့်မယ်၊ အဲ့လိုဆိုရင်ပေါင်းစည်းမှုကိုမထိခိုက်စေဘူးလား။ ဟိုဘက်သွားတော့!"
ချန်နဥ်ဟာလည်းစနောက်ကာဖြင့် အခြားသူတို့နှင့်အတူထွက်သွားသည်။
လူတိုင်းမှာရေပူချိုးရင်းသက်တောင့်သက်တာဖြစ်သွားကြပြီးနောက် မင်ချီကအိပ်ရာပေါ်တွင်လှဲကာ သူမလက်ကိုပျင်းရိပျင်းတွဲဝေ့ရမ်းကာဖြင့် အခြားမြေခွေးများကိုညွှန်ကြားလာသည်။
"ဒီကိုလာ၊ မင်းတို့တွေဒီမှာထိုင်ပြီးတန်းစီကြ....ဒီလိုမလုပ်နဲ့၊ အရောင်ကရောလွယ်တော့ ရှုပ်ပွတဲ့ပုံပေါက်နေတယ်၊ အရောင်အလိုက်စီ၊ အနုကနေအရင့်။"
မြေခွေးလေးများနေရာယူပြီးသွားသော် မင်ချီကကျေနပ်စွာခေါင်းငြိမ့်၍ပြောလာသည်။
"ငါမင်းတို့နဲ့အတူမရှိခဲ့တာနှစ်တွေအများကြီးကြာခဲ့ပြီ၊ မင်းတို့ကအဲ့ဒီ့အရိုင်းကောင်ချန်နဥ်အလိုလိုက်တာခံခဲ့ရတာပဲ။ ဒီမျိုးနွယ်စုခေါင်ကမင်းတို့ကိုအမွှေးဆီဘယ်လိုလိမ်းရလဲသင်ပေးမယ်၊ နည်းလမ်းမှန်က အသာလေးပွတ်ရမှာ၊ အမွှေးတောက်လျှောက် နည်းနည်းချင်းစီ စိတ်ရှည်ရှည်ထားပြီးတော့....ဝေ့၊ ဟိုဘက်ကကောင်တွေကိုခေါ်လာပြီးသင်ယူခိုင်းလိုက်ချည်။"
အမွှေးဖွာဖွာမြေခွေးအတန်းလိုက်ကသူမနောက်လိုက်၍ ညဘက်တွင်အမွှေးဆီလိမ်းခြင်းကိုသင်ယူနေကြသည်။ အခန်းတစ်ခန်းလုံးမှာမွှေးပျံ့သောရနံ့အပြည့်ပင်။ ဖယောင်းတိုင်အလင်းကားမြေခွေးများပေါ်ကျရောက်နေသဖြင့် အရောင်မှာမျက်စိကျိန်းလောက်ဖွယ်ရာ။
မင်ချီတစ်အောင့်ကြာသင်ပေးနေပြီး မြေခွေးများအနက်ခေါင်းသေးသေးလေးရှိသည့်တစ်ကောင်ဟာ လက်ဖဝါးနှစ်ဖက်ဖြင့်အမွှေးဆီကျောက်စိမ်းပုလင်းကိုကိုင်ထားရင်း အနည်းငယ်သာပွတ်ကာ အိပ်ပျော်တော့မည်ကိုမြင်လိုက်ရပေသည်။
သူမကအမွှေးဆီကိုနှိုက်ကာ လက်ဖျောက်တီး၍ မြေခွေးမလေး၏ခေါင်းပေါ်ရိုက်ချလိုက်သည်။
"ထစမ်း!"
မြေခွေးမလေးမှာအလွန်ကြောက်ရွံ့သွားသဖြင့် ချက်ချင်းမျက်စိဖွင့်ကာဟိုဟိုဒီဒီကြည့်လာသည်။
သူမမြင်လိုက်ရသည့်ပထမဆုံးအရာမှာ သူမ၏တောက်ပနေသောအပေါင်းအဖော်တစ်အုပ်ဖြစ်ပြီး သူမမနေနိုင်ဘဲလွှတ်ခနဲပြောမိသည်။
"ဝိုး၊ နင်တို့တွေကဒယ်အိုးထဲကထွက်လာတဲ့ရွှေရောင်သန်းတဲ့အဆီရွှဲရွှဲကြက်ကင်နဲ့တူလိုက်တာ။"
ချန်နဥ်ကလက်ဖဝါးတစ်ဖက်ဖြင့်ပါးစပ်အုပ်ကာ ခေါင်းငုံ့၍ တခစ်ခစ်ရယ်မောလိုက်မိသည်။
မင်ချီကခေါင်းခါကာဆိုသည်။
"ဘယ်လိုစားရမလဲဆိုတာကျသိတယ်၊ စားနေတုန်းအိပ်ချင်တယ်လို့မခံစားရဘူးလား။ ကလေးတစ်ယောက်ကိုသင်ပေးရတာတကယ်ခက်တာပဲ၊ မင်းကိုယ်မင်းကြည့်အုံး၊ ဝလာတော့မယ်!"
မြေခွေးမလေးကလှဲချကာ ပက်လက်လှန်လျက် မင်ချီအားသူမ၏ဝမ်းဗိုက်ကိုပြသလာသည်။
"ကံဆိုးချင်တော့ မျိုးနွယ်စုခေါင်ရယ်၊ ကျွန်မရဲ့ဝမ်းဗိုက်ကချပ်နေတုန်းပဲ၊ တကယ်ဗိုက်ဆာတယ်။"
ချန်နဥ်ပြောမိသည်။
"အဲ့လိုလှဲလိုက်တဲ့သူတိုင်းဗိုက်ချပ်သွားမှာပဲလေ။"
မြေခွေးမလေးကချန်နဥ်ကိုဒေါသတကြီးသွားဖြဲပြသည်။
မင်ချီကပြောလာသည်။
"အေးပါ၊ ထားလိုက်တော့၊ ဟင်း။ အဆုံးမှာတော့ မင်းတို့တွေမှာငါ့သွေးသားမပါတော့ ငါ့ရဲ့ပုံစံကိုလုံးဝနားမလည်ကြပါဘူး။"
မြေခွေးများမှာသူတို့ကိုယ်ပေါ်အမွှေးဆီသုတ်ထားရသဖြင့်စိတ်ပျက်နေကြသည်။ မင်ချီကထိုသို့ပြောလာသော် သူတို့အကုန်လုံးပျော်ရွှင်သွားကာချက်ချင်းလူစုခွဲလိုက်ကြသည်။
မင်ချီသူတို့ကိုကြည့်ကာခေါင်းရမ်း၍တီးတိုးဆိုမိသည်။
"ငါ့သားပြန်လာတဲ့အခါကျရင် သူကငါ့ကိုအကောင်းဆုံးနားလည်ပေးနိုင်မှာပဲ၊ ငါသူ့ကိုအကုန်သင်ပေးမယ်။"
ငိုက်မြည်းလျက် ကြက်ကင်စားချင်နေသည့်မြေခွေးမလေးမှာထောင်ယွဲ့ယွဲ့ဟုခေါ်သည်။ သူမဟာမြေခွေးထီးများအခန်းပြန်သွားစဥ် အပြင်ခိုးထွက်လာခဲ့သည်။ သူမလှည့်လာသော် သူမဟာမျက်နှာဝိုင်းဝိုင်းနှင့်ချစ်စရာမိန်းကလေးအဖြစ်ပြောင်းသွားကာ တည်းခိုဆောင်ရှိအနောက်မီးဖိုချောင်ထံပျော်ပျော်ကြီးပြေးသွားသည်။
ခုနကထိုမြေခွေးမျိုးကိုကြည့်နေရင်းဖြင့် သူမတကယ်ကြက်ကင်စားချင်လာခဲ့သည်။ ဤတည်းခိုဆောင်တွင်ဟင်းပွဲများမရှိတော့သော်လည်း မီးဖိုချောင်မှာပါဝင်ပစ္စည်းများရှိလောက်သဖြင့် သူမဘာသာသူမလုပ်စားလို့ရနိုင်သည်။
အပြင်မှာမိုးရွာနေဆဲဖြစ်ပြီး အရှေ့ဧည့်သည်ဆောင်တွင်လင်းထိန်လျက်ရှိသည်။ နေစရာအခန်းမရှိသည့်ခရီးသည်များမှာထိုနေရာတွင်စုဝေးနေကြပြီး တချို့ကငိုက်မြည်းရင်း အချို့မှာအသံနိမ့်ဖြင့်စကားပြောရင်း မိုးတိတ်သွားမည်ကိုစောင့်နေကြသည်။
ထောင်ယွဲ့ယွဲ့ကသူတို့ကိုရှောင်ကာ အနောက်မီးဖိုချောင်ထံတည့်တည့်မတ်မတ်သွားခဲ့သည်။ တစ်အောင့်ကြာရှာဖွေလိုက်ပြီးနောက် အချဥ်ရည်နှင့်ရောထားသောကြက်ကင်အနည်းငယ်ရှိနေသေးသည်ကိုတွေ့ရှိသွားသည်။
သူမမျက်လုံးတောက်သွားကာ မီးဖိုဘေးတွင်ငွေပြားတစ်ပြားတင်၍ ကြက်ခြေထောက်ကြီးကိုအသာဖဲ့ကာ တစ်ကိုက်ကိုက်လိုက်သည်။
တကယ်အရသာရှိတယ်!
အရသာတွင်ယစ်မူးနေရင်းဖြင့် သူမဘေးတွင်တကျွီကျွီမြည်သံတစ်ခုကို ထောင်ယွဲ့ယွဲ့ရုတ်တရက်ကြားလိုက်ရသည်။
သူမဟာကြွက်ဟုထင်မိသဖြင့် ခြေဆောင့်ကာ ကြက်ခြေထောက်ကိုက်လျက်သားဖြင့် ထိုနေရာကိုလှမ်းကြည့်မိသည်။
ဘာဆိုဘာမှရှိမနေ။
ထောင်ယွဲ့ယွဲ့စိတ်သက်သာရာရသွားကာ ကြက်ခြေထောက်ဆက်ကိုက်ရန်ပြင်လိုက်သော်လည်း ဤအခိုက်အတန့်တွင်သူမကျောပြင်မှာရုတ်ခြည်းအေးစိမ့်သွားပေသည်။
၎င်းမှာသိမ်မွေ့သောအာရုံခြောက်ပါးပင်။
ထောင်ယွဲ့ယွဲ့ရုတ်ခြည်းမတ်တပ်ထရပ်ကာ အနောက်လှည့်ကြည့်မိသည်!
သူမအနောက်ရှိနံရံပေါ်မှထွက်ပေါ်လာသည့်ဖြူဖတ်ဖတ်မျက်နှာတစ်ခုကိုမြင်လိုက်ရသည်။
ထိုမျက်နှာမှာပြားကပ်နေပုံမှာ နံရံပေါ်ကပ်ထားသောပန်းချီကားပမာ။
သူမကိုစိုက်ကြည့်လျက် အသာပြုံးပြနေပေသည်။
ထိုအခိုက်အတန့်၌ ထောင်ယွဲ့ယွဲ့ခြောက်ခြားသွားရကာ သူမကျောပြင်ပေါ်ကပ်မှီနေသည့်ထိုအရေပြားကိုခွာပစ်လိုက်ချင်မိသည်။
သူမကြောက်လန့်တကြားအော်ကာ လက်ထဲရှိကြက်ခြေထောက်ကို ထိုမျက်နှာထံပစ်ပေါက်လိုက်မိသည်။
ကြက်ခြေထောက်ပစ်လိုက်စဥ် ထောင်ယွဲ့ယွဲ့ဟာလည်းအနောက်ဆုတ်ကာ လက်ဝါးနှစ်ဖက်ကိုအသင့်ပြင်ကာ ရန်သူကိုသတိရှိရှိကြည့်နေမိသည်။
ကြက်ခြေထောက်ကထိုအရာကိုထိတော့မည့်အချိန်တွင် ၎င်းကမရှောင်ဘဲ ရုတ်ခြည်းပါးစပ်ဟကာ ကြက်ခြေထောက်ကိုတစ်ကိုက်တည်းဖြင့်ဝါးမျိုလိုက်ပြီး အရိုးနှင့်အသားများပင်တဂျွတ်ဂျွတ်ဝါးစားခံလိုက်ရကာ ၎င်းမှာနှစ်ခြိုက်နေပုံပေါက်သည်။
ပြားကပ်သောပန်းချီကားပမာမျက်နှာမှာ နံရံနှင့်မြဲမြံစွာကပ်ထားပြီး ပါးစပ်တစ်ခုသာလျှင်လှုပ်ရှားလျက်ရှိသည်။ ဤပုံစံကားထူးဆန်းကာ အနည်းငယ်ရွံစရာကောင်းလှသဖြင့် ကြက်ခြေထောက်ပင်မမွှေးတော့သယောင်။
စျေးပေါလိုက်တာ၊ ငါတစ်ကိုက်ပဲကိုက်ရသေးတာလေဟာ-
ယွဲ့ထောင်တွေးမိသည်။
သူမကူကယ်ရာမဲ့စွာလျှာသပ်မိပေမဲ့ သူမရင်ထဲရှိအကြောက်တရားမှာအနည်းငယ်လျော့ပါးသွားပြီး တစ်ဖက်လူကိုရိုက်ချလိုက်သည်။
သို့သော် သူမလက်ထဲမှလေပြင်းလွှတ်လိုက်သည့်တစ်ခဏတွင် သူမရှေ့ရှိမျက်နှာမှာရုတ်ခြည်းပျောက်ကွယ်သွားတော့သည်။
ထောင်ယွဲ့ယွဲ့တစ်အောင့်မျှမိန်းမောသွားရကာ သူမအနောက်တွင်လေကိုချက်ချင်းခံစားမိလိုက်သည်။ သူမခပ်သွက်သွက်ညာဘက်လှည့်လိုက်ရာ နံရံမှာဘန်းခနဲအက်ကွဲသွားသည်ကိုသာလျှင်ကြားလိုက်ရပြီး ပုံရိပ်ကထောင်ယွဲ့ယွဲ့ထံသို့လေပြင်းတိုက်ခတ်သံနှင့်အတူပြေးဝင်လာပေသည်။
ဤအချိန်တွင် သူမပုန်းဖို့ရာမဖြစ်သဖြင့် ထောင်ယွဲ့ယွဲ့မသိလိုက်မသိဘာသာဖြင့်မျက်စိမှိတ်ကာ သူမ၏နောက်ဆုံးမျှော်လင့်ချက်အဖြစ် သူမ၏မူရင်းမြေခွေးအသွင်ကိုပြောင်းလဲရန် မန္တာန်တိတ်တိတ်လေးရွတ်လိုက်မိသည်။
သို့သော် ထိုစဥ် ဘေးရှိပြတင်းပေါက်မှာလည်းဘန်းခနဲတွန်းဖွင့်ခံလိုက်ရသည်။
လူတစ်ယောက်ကပြတင်းပေါက်မှတစ်ဆင့်ခုန်ဝင်လာကာ ပြတင်းပေါက်ဘောင်ပေါ်တွင်ခြေဖျားထောက်လျက် လေထဲတွင်လှည့်လာပြီး အောက်ဆင်းလာချိန်တွင် သူဟာထောင်ယွဲ့ယွဲ့ကိုညာလက်နှင့်ကောက်မပြီးဖြစ်ကာ တစ်စုံတစ်ခုမှာဖြတ်တောက်ခံလိုက်ရသည်။
ထိုလူကထောင်ယွဲ့ယွဲ့ကိုဂုတ်ပိုးမှဆွဲကိုင်ထားပြီး သူမ၏ခြေလေးချောင်းနှင့်အမြီးမှာလေထဲတွင်တွဲလောင်းကျလို့နေကာ သူမကတစ်အောင့်မျှမှင်တက်သွားကာ ထိတ်လန့်အံ့အားသင့်သွားမိသည်။
သူမခေါင်းလှည့်ကာ သူမ၏ကယ်တင်ရှင်ကိုမော့ကြည့်လိုက်ရာ ဖြူဖျော့သောအလှတရားနှင့်အေးစက်ကာဆွဲဆောင်မှုရှိသောမျက်နှာကိုမြင်လိုက်ရပေသည်။
ထိုအခိုက်အတန့်တွင် ပင်လယ်သမုဒ္ဒရာအောက်ခြေ၌ပန်းတို့ပွင့်လန်းနေပြီး အမှောင်ထုထဲတွင်လရောင်ကိုမြင်လိုက်ရသည့်နှယ်။
ထောင်ယွဲ့ယွဲ့တွေးမိသည်။
"အလိုလေးလေး၊ အရမ်းချောတာပဲဟယ်။"
သူမကိုကိုင်ထားသည့်ထိုအမျိုးသားသည်ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ သွယ်လျသောလက်မှာနံရံထဲရှိအပေါက်ကိုသတိရှိရှိလက်ညှိုးထိုးလျက် အနောက်လှည့်၍မေးလိုက်၏။
"အဲ့ဒါဘာလဲမြင်လိုက်လား။"
သူ့အသံနောက်လိုက်၍ နောက်လူတစ်ဦးကပြတင်းပေါက်မှတဆင့်ခုန်ဝင်လာပြန်ကာ သူ့လက်ထဲရှိတစ်စုံတစ်ရာကိုကြမ်းပြင်ပေါ်ပစ်ချ၍ ပြောလာသည်။
"ဒီအရေပြားပဲကျန်ခဲ့တယ်၊ ကျန်တာကတော့မိုးရေအဖြစ်ပြောင်းပြီး ထွက်ပြေးသွားပြီ။"
နောက်ဝင်လာသည့်ပုဂ္ဂိုလ်ဟာလည်းအင်မတန်ချောမောသောအမျိုးသားဖြစ်ကာ လျင်မြန်ဖျတ်လတ်ပြီး တင့်တယ်ကာညင်သာသိမ်မွေ့သာကိုယ်ကျင့်စရိုက်ရှိသည်၊ ၎င်းမှာကျင်းဖေးထုန်ဖြစ်၏။
ထောင်ယွဲ့ယွဲ့ကိုကယ်တင်ခဲ့သည့်အမျိုးသားဟာလည်း သဘာဝကျကျပင်ရှုလင်ကျားဖြစ်ချေသည်။
နှစ်ဦးသားလမ်းတစ်လျှောက်ရှိမိစ္ဆာလမ်းကြောင်းအတိုင်းလိုက်လာကာ တည်းခိုဆောင်မှဖြတ်သွားရာတွင် ထောင်ယွဲ့ယွဲ့၏အော်သံကိုပြတင်းပေါက်အပြင်မှကြားလိုက်ရသဖြင့် ရှုလင်ကျားကလူကယ်ဖို့ရာအထဲဝင်လာပြီး ကျင်းဖေးထုန်ကရန်သူကိုအပြင်မှပိတ်ပင်ထားခဲ့သည်။
Advertisement
ထောင်ယွဲ့ယွဲ့မှာလူနှစ်ယောက်ကိုတစ်လှည့်စီကြည့်လိုက်ပြီးနောက် တော်တော်လေးကျေနပ်သွားသယောင်ခံစားလိုက်ရကာ ခုနကမကောင်းဆိုးဝါးမိစ္ဆာနှင့်ကြုံခဲ့ရသည့်အကြောက်တရားပင်မြောက်မြားစွာပျောက်ကွယ်သွားပေသည်။
မျိုးနွယ်စုခေါင်ဟာလည်းသူမကိုအမွှေးဆီလိမ်းခိုင်းကာ သူမကစားနိုင်သေးသည့်အတွက်အပြစ်တင်ခဲ့သည်။ သူမသာဒီအချိန်ကြီးကြက်ခြေထောက်ခိုးစားဖို့ရာအနောက်မီးဖိုချောင်ထဲထွက်လာခဲ့လို့ရှိရင် ဒီလောက်ချောတဲ့အမျိုးသားကိုတွေ့ရမှာတဲ့လား။
နှစ်ယောက်တောင်နော်!
၎င်းမှာသူမ၏လည်ပင်းအနောက်ကအနည်းငယ်ထုံကျင်လာသည်ကိုမခံစားမိခင်အထိပင်ဖြစ်ကာ ထောင်ယွဲ့ယွဲ့ပြောမိသည်။
"ဟို...ကျွန်မကိုကယ်ပေးတဲ့အတွက်သူရဲကောင်းတို့ကိုကျေးဇူးတင်ပါတယ်။ အဆင်ပြေလို့ရှိရင် ကျွန်မကိုအရင်အောက်ချပေးလို့ရမလားဟင်။"
ထိုအခါမှသာလျှင် သူ့လက်ထဲတွင်မြေခွေးတစ်ကောင်ကိုင်ထားမိမှန်း ရှုလင်ကျားသတိရသွားသည်။ ၎င်းမှာမြေခွေးမလေးဖြစ်ပုံရသည်။ သူသည်ထောင်ယွဲ့ယွဲ့အားသန့်ရှင်းသောပြတင်းပေါက်ဘောင်ပေါ်တွင်ခပ်မြန်မြန်တင်ကာ လက်တစ်ချောင်းဆန့်ထုတ်၍ သူ့ကြောင့်ရှုပ်ပွသွားသောသူမ၏လည်ပင်းအနောက်ရှိအမွှေးတို့ကိုသပ်ချပေးကာပြောမိသည်။
"ကျွန်တော်မေ့သွားတယ်၊ အားနာပါတယ်ဗျာ။"
သူတို့စကားပြောနေစဥ် ထောင်ယွဲ့ယွဲ့အော်သံကိုကြားသွားကြသည့်အခြားမြေခွေးလူသားများနှင့်ဆိုင်ဝန်ထမ်းများမှာလည်းအောက်ထပ်ဆင်းကာ အထဲဝင်လာကြသည်။ အနောက်မီးဖိုချောင်ထဲတွင် သူတို့ရှေ့ရှိအရှုပ်ပုံကိုကြည့်ကာလူတိုင်းတောင့်ခဲသွားကြသည်။
"ယွဲ့ယွဲ့၊ မင်းအဆင်ပြေရဲ့လား!"
ထောင်ယွဲ့ယွဲ့၏အော်သံကိုကြားလိုက်ရပြီးနောက် ချန်နဥ်ပြေးဆင်းလာမိသည်။ သူအထဲဝင်လာသော် သူမဟာပြတင်းပေါက်နားတွင်ရပ်နေသည်ကိုမြင်လိုက်ပေရာ သူမကိုနံဘေးဆွဲခေါ်လိုက်မိသည်။
ထောင်ယွဲ့ယွဲ့ကအလျင်စလိုဆိုသည်။
"အကြီးအကဲ၊ ကျွန်မအဆင်ပြေပါတယ်၊ ကျွန်မအကယ်ခံလိုက်ရတာ၊ ရှင်သူတို့ကိုကျေးဇူးမြန်မြန်တင်သင့်တယ်နော်။"
ရှုလင်ကျားချင်းချိုးကိုလာတုန်းက သူမသာထိုနေရာတွင်မရှိသဖြင့် ရှုလင်ကျားကချန်နဥ်နှင့်သိတာကြာပြီဖြစ်ကြောင်းနှင့် သူတို့၏သခင်လေးအဖြစ်ဟန်ဆောင်ပေးခဲ့ကြောင်းမသိခဲ့ပေ။
ရှုလင်ကျားချောင်းဟမ့်လိုက်သည်။ ချန်နဥ်ကသူ့ကိုကြည့်ကာ အံ့သြတကြီးပြောလာသည်။
"လင်ကျား? မင်းအမွေဆက်ခံဖို့လျို့ဝှက်ဂူထဲဝင်သွားတာမဟုတ်ဘူးလား။ ဘာလို့ဒီလောက်မြန်ရတာလဲ။"
ရှုလင်ကျားပြောမိသည်။
"နန်ဇီတောင်ထွတ်ကပြန်သွားတဲ့ဂိုဏ်းအချို့လမ်းပေါ်မှာတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုငါကြားခဲ့ရတယ်လေ။ လမ်းပေါ်မှာမကောင်းဆိုးဝါးမိစ္ဆာတွေရဲ့ခြေရာလက်ရာရှာတွေ့ခဲ့လို့ လမ်းတစ်လျှောက်လုံးသူတို့ကိုလိုက်ရှာနေခဲ့တာ။ မင်းနဲ့တွေ့မယ်မထင်မိဘူး။ မြေခွေးမျိုးနွယ်စုကလည်းဒီမှာအနားယူနေကြတာလား။"
ချန်နဥ်ကဆိုသည်။
"ဟုတ်တယ်၊ မျိုးနွယ်စုခေါင်ကအပေါ်ထပ်မှာ။"
ရှုလင်ကျားနှင့်ကျင်းဖေးထုန်အချင်းချင်းကြည့်လိုက်ကြသည်။ ဂိုဏ်းအချို့ဟာမိစ္ဆာတို့၏တိုက်ခိုက်ခြင်းခံခဲ့ရသည်ဆိုသောသတင်းကိုကြားလိုက်ရကတည်းက သူတို့သံသယဝင်နေခဲ့ခြင်းပင်။ ယခုတွင်မြေခွေးများပင်မိစ္ဆာတို့၏နှောင့်ယှက်ခြင်းခံရသည်ကိုမရှောင်လွဲနိုင်ကြောင်းမြင်လိုက်ရရာ တစ်ခုခုမှားနေမှန်းပို၍ပင်ခံစားမိလိုက်သည်။
အစတုန်းက ယွဲ့ထောင်၏ဖခင်မိစ္ဆာဧကရာဇ်ဟာမြေခွေးမျိုးနွယ်စုပေါ်အကြွေးတင်နေသဖြင့် သူ့အားမြေခွေးမျမျိုးနွယ်စုကိုပိုဂရုစိုက်ပေးရန်တောင်းဆိုခဲ့သည်ဟု ယွဲ့ထောင်ကပြောခဲ့သည်။ သို့ဖြစ်ရာ မိစ္ဆာမျိုးနွယ်စုကမြေခွေးမျိုးနွယ်စုကိုအဘယ်ကြောင့်တိုက်ခိုက်လိမ့်မည်နည်း။
တစ်ယောက်ယောက်ဟန်ဆောင်နေခြင်းဖြစ်စေ၊ မိစ္ဆာမျိုးနွယ်စုတွင်အဓိကရုဏ်းဖြစ်နေသည်ဖြစ်စေ၊ မိစ္ဆာဧကရာဇ်ဟာသူ၏ကောင်းမွန်သောဂုဏ်သိက္ခာကိုဆုံးရှုံးသွားခဲ့သည်။
အရှေ့ကဟာဆိုရင်ပိုကောင်းမည်၊ အနောက်ကတစ်ခုသာဆိုရင်...မိစ္ဆာမျိုးနွယ်စုကကြီးမားသဖြင့် အတွင်းရေးပြဿနာတို့သာရှိနေလို့ရှိရင် ကျင့်ကြံရေးလောကတစ်ခုလုံးအဓိကရုဏ်းဖြစ်သွားလိမ့်ဖြစ်ကာ ၎င်းမှာကောင်းသောအရာမဟုတ်ပေ။
မိစ္ဆာဧကရာဇ်ကျားရွှမ်ကားရိုးစင်းသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံမပေါ်။ သူကထိုသို့ဖြစ်ခွင့်ပေးလိမ့်မည်လား။
သူတို့နှစ်ဦးမှာရင်ထဲတွင်သံသယကိုယ်စီရှိနေပြီး ကျင်းဖေးထုန်ကပြောလာသည်။
"အန္တရာယ်ကမပြီးသေးဘူး၊ ချန်နဥ်အကြီးအကဲ၊ ဒီတည်းခိုဆောင်ထဲမှာသာမန်လူတွေများလား။ ဒီမကောင်းဆိုးဝါးကတစ်ကောင်တည်းဟုတ်မယ်မထင်ဘူး။"
ချန်နဥ်ဝင်လာပြီးနောက်မကြာမီတွင် သူဟာကြမ်းပြင်ပေါ်ရှိ ပါးလွှာသောစိုစိစိသားရေတစ်ခုကိုမြင်သွားခဲ့ပြီး ၎င်းမှာငါးညှီနံ့နှင့်ရေများစွာရှိနေသည်။ ယင်းကားကိုင်တွယ်ရမလွယ်ကူလောက်မှန်းသူသိပြီးသားဖြစ်သော်လည်း မေးမြန်းဖို့ရာအချိန်မရှိပေ။
ဤအချိန်ထိုစကားများကိုကြားလိုက်ရသော် သူပြောမိသည်။
"ယွဲ့ယွဲ့၊ မင်းခုနကအော်လိုက်တုန်းကဘာဖြစ်သွားခဲ့တာလဲ။ ကိုယ်တို့ကိုပြော။"
ထောင်ယွဲ့ယွဲ့ကမျက်နှာအကြောင်းပြောပြလာရာ နားထောင်နေသည့်လူတိုင်းမှာကျောချမ်းသွားကြသည်။
ချန်နဥ်ကမျက်မှောင်ကြုတ်ကာဆိုသည်။
"ညလယ်ခေါင်ကြီးကြက်သားခိုးစားဖို့မီးဖိုချောင်ထဲမသွားပါနဲ့လို့ ကိုယ်မင်းကိုပြောထားတယ်လေ၊ မကောင်းဆိုးဝါးတွေကမင်းကိုကြက်သားလိုဆက်ဆံသွားမှာ။"
ထောင်ယွဲ့ယွဲ့ကပြောလာသည်။
"အဲ့ကောင်မှာမျက်နှာတစ်ခုပဲရှိမှန်းသိလိုက်ရလို့ ကျွန်မသတိနည်းနည်းလျှော့လိုက်မိတာ။"
ချန်နဥ်ကမေးသည်။
"ကျင်းအရှင်၊ အဲ့ဒီ့မကောင်းဆိုးဝါးရဲ့ပုံစံကိုမြင်နိုင်လား။"
ကျင်းဖေးထုန်ကခေါင်းငြိမ့်ကာ ရှုလင်ကျားကိုအရင်မေးလာသည်။
"အဲ့ဒီ့အချိန်တုန်းက မင်းဓားနဲ့ခုတ်လိုက်တယ်မလား။"
ရှုလင်ကျားပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော်ခုတ်လိုက်တုန်းကဘာမှန်းသေချာမမြင်လိုက်ရဘူး၊ အရိပ်တစ်ခုဖြတ်သွားပြီးတော့ ဓားသွားကအခွံလိုမျိုးတစ်ခုခုထဲမှာညှပ်သွားတဲ့ပုံပဲ။"
ကျင်းဖေးထုန်ကပြောလာသည်။
"ကိုယ်အပြင်မှာရှိနေတုန်းက ကိုယ်မြင်လိုက်ရတာက ရေထဲကထွက်လာတဲ့သားရဲကြီးပဲ၊ လိပ်နဲ့တူပေမဲ့ နွားတစ်ကောင်အရွယ်ရှိတယ်၊ လည်ပင်းကဆန့်ထွက်နိုင်တယ်။ ပြီးတော့တိုက်ခိုက်တဲ့ပုံစံကထောင်မိန်းကလေးမြင်ခဲ့တဲ့အတိုင်းပဲ။"
"ကိုယ်သူ့ကိုဓားနဲ့ထိုးလိုက်တော့ ဒဏ်ရာထဲကရေတွေအများကြီးထွက်လာတယ်၊ ပြီးတော့ မကောင်းဆိုးဝါးကလဲကျသွားပြီးမိုးရေအဖြစ်အရည်ပျော်သွားတာပဲ။ ကိုယ်မြန်မြန်လက်လှမ်းပြီးတော့ ဒီအရေပြားကိုကိုယ့်ဓားနဲ့ကောက်ခဲ့တယ်။"
ကျင်းဖေးထုန်ကားလက်မြန်ပြီး ဤအရာကိုရေအဖြစ်လုံးဝအရည်ပျော်သွားခွင့်ပေးလိုက်လို့ရှိရင် သူဟာ၎င်းကိုဘယ်နေရာကမှရနိုင်လိမ့်မည်မဟုတ်။
ချန်နဥ်ပြောမိသည်။
"အဲ့လိုဆိုတော့ ဒီအရာကတကယ်တော့ရေထဲမှာနှစ်ထားတဲ့သားရေဖတ်ပေါ့? တကယ်ထူးဆန်းတယ်၊ ငါတစ်ခါမှမကြားဖူးဘူး။"
ရှုလင်ကျားကကျင်းဖေးထုန်ကိုတစ်ချက်ကြည့်ကာ သံသယဖြင့်မျက်ခုံးပင့်လိုက်သော်လည်း ကျင်းဖေးထုန်ကခေါင်းရမ်းကာပြောလာသည်။
"ကိုယ်လည်းပထမဆုံးမြင်ဖူးတာ။"
"ဒီအရာကိုရေအရိုးမိစ္ဆာလို့ခေါ်တယ်၊ မိစ္ဆာမျိုးနွယ်စုရဲ့ချောက်နက်ထဲကဆင်းသက်လာတဲ့မိစ္ဆာမျိုးနွယ်စုရဲ့ရှေးဟောင်းမကောင်းဆိုးဝါးပဲ။ မင်းတို့ကငယ်သေးတော့ ဒီအကြောင်းမကြားဖူးလောက်ဘူး။"
ဤအခိုက်အတန့်တွင် အသံကတံခါးဝမှထွက်ပေါ်လာသည်။
ချန်နဥ်အနောက်လှည့်ကာပြောမိသည်။
"ဒေါ်လေး။"
မင်ချီကားဤနေရာရှိလှုပ်ရှားမှုများကိုကြားသွားကာ အောက်ထပ်လိုက်ဆင်းလာခြင်းပင်။ ခုနကစကားမှာသူမပြောလိုက်ခြင်းဖြစ်သည်။
သူမသည်ဤအချိန်တွင်အနည်းငယ်လေးနက်နေပုံရကာ သူမ၏ပုံမှန်အပြုံးမှာရှိမနေဘဲ ခေါင်းငြိမ့်ကာဖြင့် ရှုလင်ကျားနှင့်ကျင်းဖေးထုန်ကိုကျေးဇူးတင်လာသည်။
"ခုနကအရူးမလေးယွဲ့ယွဲ့ကို အချိန်မီကယ်တင်ပေးခဲ့ကြတဲ့အတွက်မင်းတို့ကိုကျေးဇူးတင်ပါတယ်။ ရေအရိုးမိစ္ဆာကအရမ်းစွမ်းအားကြီးလွန်းတော့ ဒီတစ်ခေါက်သူမအသက်ကိုသူမကယ်တင်နိုင်မှာမဟုတ်ဘူး။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ကျွန်တော်တို့ချင်းအပြန်အလှန်ကူညီဖေးမပေးဖို့က အစကတည်းကကျွန်တော်တို့မျိုးဆက်ရဲ့တာဝန်ပါ၊ ဒါကြောင့်မို့ မင်မျိုးနွယ်စုခေါင်ယဥ်ကျေးနေဖို့မလိုပါဘူး။ ဒီရေအရိုးမိစ္ဆာက...အခြားမိစ္ဆာတွေနဲ့မတူဘူးနော်။ မိစ္ဆာသားရဲများလား။"
မင်ချီ၏မျက်နှာမှာရှုပ်ထွေးသောအရောင်တို့ဖျတ်ခနဲလက်သွားကာ ပြောလာသည်။
"ဟုတ်တယ်။ ဒီကောင်ကမိစ္ဆာမျိုးနွယ်စုရဲ့ချောက်နက်ထဲမှာကြီးပျင်းလာတာ။ တစ်ယောက်ယောက်မလွှတ်ပေးလို့ရှိရင် ဒီနေရာမှာလုံးဝပေါ်လာမှာမဟုတ်ဘူး။ ရေရှိနေသ၍ ဒီကောင်တွေကဆက်တိုက်သွားနိုင်တယ်၊ တိုက်ခိုက်နိုင်စွမ်းကလည်းအရမ်းသန်မာတာမို့ ရှင်းပစ်ရခက်တယ်။"
ရှုလင်ကျားမှာအဓိကအချက်ကိုဖမ်းဆုပ်မိလိုက်သည်။
"တခြားနည်းနဲ့ပြောရရင် အခြားရေအရိုးမိစ္ဆာတွေကအချိန်မရွေးတိုက်ခိုက်လာနိုင်တယ်ပေါ့။"
မင်ချီကဆိုသည်။
"တကယ်ကံဆိုးမိုးမှောင်ကျတာပဲ၊ အဲ့လိုဖြစ်နိုင်တယ်။"
ချန်နဥ်ပြောမိသည်။
"ဒါပေမဲ့မိစ္ဆာတွေကိုကျွန်တော်တို့ကိုဘာလို့ဒီလိုဆက်ဆံ...အာ၊ ဒီမိစ္ဆာကကျွန်တော်တို့အတွက်ရောက်လာတာလား။ မဟုတ်ရင် ဒီတည်းခိုဆောင်ထဲကအခြားလူတွေကိုများပစ်မှတ်ထားနေတာလား။"
မင်ချီကပြောလာသည်။
"ငါတို့ကလွဲရင် လူတိုင်းကသာမန်လူတွေကြီးပဲ၊ ဒီလိုတိုက်ခိုက်နေစရာတောင်မလိုဘူး။ ငါရှောင်ယွဲ့နဲ့အခြားသူတွေကို ဧည့်သည်ဆောင်ကိုသွားပြီးတော့ အဲ့ဒီ့လူတွေကိုဂရုစိုက်ဖို့မှာခိုင်းလိုက်တယ်၊ ဒါပေမဲ့ဂရုစိုက်တာကအသုံးမဝင်ဘူး။ ဒီလူတွေအားလုံးဖမ်းပြီးအသတ်ခံလိုက်ရလိမ့်မယ်။"
သူမကလက်ဝေ့ရမ်းပြသည်။
"ဧည့်သည်ဆောင်ထဲမှာအရင်စုရအောင်၊ လူစုမကွဲစေနဲ့။"
လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး အပြင်မှာမည်းမှောင်လျက်ရှိသဖြင့် ထိုမိစ္ဆာမှာအချိန်မရွေးရေထဲသို့ပျော်ဝင်သွားနိုင်သည်။ ဘယ်လိုလုပ်ဖမ်းရလွယ်မှာလဲ။
လူတိုင်းသည်ဧည့်သည်ဆောင်ကိုရောက်ရှိလာပြီး အခြားဧည့်သည်များမှာအသိပေးချက်များရရှိခဲ့သော်လည်း ဒီကိစ္စ၏လေးနက်မှုကိုသဘောမပေါက်ကြကြောင်းတွေ့ရှိသွား၏။
လူငယ်အနည်းငယ်ကစားပွဲတွင်ဝိုင်းထိုင်ကာမြူးကြွစွာပြောနေပေသည်။
"....အဲ့ဒီ့ကောင်မလေးကကြက်ကင်စားဖို့သွားတော့ တစ္ဆေနဲ့သွားတွေ့တာလို့ငါကြားမိတယ်၊ ကြည့်ရတာကြက်သေတစ္ဆေဖြစ်ဖို့များတယ်၊ အဲ့လိုကြီး နံရံပေါ်မှာပေါ်လာတာတဲ့ဟ...."
ထောင်ယွဲ့ယွဲ့: "...."
သူမ၏ဖြစ်ရပ်ကို အနာဂတ်မျိုးဆက်သစ်များထံလက်ဆင့်ကမ်းပေမည်မဟုတ်။
တစ်ယောက်ကအပြုံးတစ်ပွင့်ဖြင့်မေးလာသည်။
"ဆိုင်ရှင်ရေ၊ ဒီဟာကခင်ဗျားလုပ်တဲ့လှည့်ကွက်မလား။ အပြင်မှာရေတစ္ဆေရှိတယ်လို့ခင်ဗျားပြောလို့ရှိရင် လူတွေကထွက်မစစ်ဆေးဘဲအပြင်ထွက်သွားရဲကြမှာတဲ့လား။ စိတ်မပူပါနဲ့၊ မိုးမတိတ်မချင်းဘယ်သူမှထွက်မသွားချင်ကြဘူးဗျ။"
ဆိုင်ရှင်မှာခုနကဖြစ်ရပ်ကိုကြည့်ရန် အနောက်မီးဖိုချောင်ကိုသွားခဲ့သည်၊ ၎င်းမှာအန္တရာယ်ရှိမှန်းသိသော်လည်း သူ့မျက်နှာမှာဖြူဖျော့နေဆဲဖြစ်ကာ ကောင်ငယ်လေးအားနံရံထဲရှိအပေါက်ကိုပိတ်ဆို့ခိုင်းလိုက်သည်။
ထိုလူတို့စနောက်နေသည်ကိုသူကြားရသဖြင့် ခါးသက်သက်သာပြုံးကာပြောမိသည်။
"ဧည့်သည်တို့၊ ဒီမှာလူပြည့်နေတာကို ကျုပ်ဘာလုပ်နိုင်မှာတဲ့လဲ၊ ဒီမှာလူပြည့်နေတော့ ကျုပ်ဘာမှလုပ်စရာမလိုတော့ဘူးမလား။"
ထိုစဥ်၊ တစ်စုံတစ်ယောက်ကရုတ်ခြည်းကြောက်လန့်တကြားအော်ဟစ်ကာ သူ့ရှေ့ရှိနံရံကိုတည့်တည့်စိုက်ကြည့်ရင်း ပြောလာသည်။
"မျက်နှာ! မျက်နှာကြီး!"
သူနှင့်ကန့်လန့်ဖြတ်ထိုင်နေသူကား ခုနက"ကြက်ကင်တစ္ဆေ"အကြောင်းပြောနေသည့်လူငယ်ဖြစ်သည်။ သူကစကားပြောနေရင်းဖြင့် "ဘာမျက်နှာလဲ။"ဟုသာမန်ကာလျှံကာမေးကာအနောက်လှည့်လာသည်။
ထိုစဥ် နံရံထဲတွင်အပေါက်တစ်ခုဖြစ်သွားကာ လေပြင်းနှင့်မိုးရေတို့ရောယှက်နေသည့်ပုံရိပ်ယောင်ကသူ့ကိုရိုက်ခတ်သွားသည်။
Advertisement
- In Serial11 Chapters
Neither Snow Nor Rain
Humanity is impotent, no magic can be found in their blood. The hordes of Beasts lack no such problem and wields magic as one would breath. Fortunately for Humanity, though they lack in the spirit, they are adaptable and resilient, because of course... magic isnt the only way to kill a man. This will be a story of betrayal and love. A tale of the most pious kings and of rightous revolution. The world isnt as it seems and the old order is collapsing. What was once buried, will come to the top for the whole world to see.
8 208 - In Serial13 Chapters
The Choice
‘Should we be loyal to an unjust ruler?’ This is the dilemma before the citizens of Magadha . They ask themselves - ‘Is it safe to be a fence sitter?’ ‘Is it prudent to emigrate?’ ‘Is it time to rise in revolt?’ No citizen is immune, each must make a choice! Disclaimer: All events, people and some places in this novel are fictitious. Though the novel is set in 5th Century AD , India, the life presented is an amalgamation of different eras and imagination. Infact , much of the understanding of the society at that point of time has been gained from Kautilya’s Arthashastra which was first written seven centuries earlier.
8 83 - In Serial26 Chapters
Chronicles Of The Godkin
Chronicles Of The Godkin is a new fantasy world, focusing on men and women of tremendous strength known as 'Godkin'. Raderius, The Undying King is the focus of the first volume and one of the major antagonists of the setting. Witness Raderius's rise to power and the birth of the nation of Nozokath.
8 123 - In Serial38 Chapters
life after surviving a disaster
What started out as a prank voting game led to a series of tragedies, with students in the class dying one by one. And as the voting continued, I knew that maybe I would be the next one to die.
8 92 - In Serial25 Chapters
David The Gray Mage
The story of a reincarnated man named David who found himself in a world of magic in the middle of a industrial revolution and a opportunity to learn from the most presitigious academy in his kingdom. The world is very different from what David is used to which makes him question his common sense at almost every turn.
8 63 - In Serial7 Chapters
Villain rehab
Deku,bakugou and todoroki are villains in rehab and they hate hero's especially all night and endeavour but one of their childhood friends is in the hero course, will she convince them to become hero's? Or will the convince her to become a villain?
8 173

