《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၅] သွားလိုက်၊ ရပ်လိုက်|သြားလိုက္၊ ရပ္လိုက္
Advertisement
!unicode!
လူငယ်ချက်ချင်းသေသွားတော့မည်ကိုမြင်လိုက်ရရင်း ကံကောင်းထောက်မစွာဖြင့် ရှုလင်ကျားကဒီအချိန်တွင်သူနှင့်သိပ်မဝေးသောနေရာတွင်ရှိနေပြီး ဓားကိုချက်ချင်းလက်နောက်ပြန်ဆွဲထုတ်လိုက်သည်။
ဓားသွားကားမိစ္ဆာ၏ကိုယ်ထည်ကိုထိုးဖောက်သွားကာ ၎င်းမှာရေကိုထိုးလိုက်သယောင်ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် ရှုလင်ကျားကအာရုံစိုက်ထားမိပြီး ကျင်းဖေးထုန်ပြောခဲ့သကဲ့သို့ ဒဏ်ရာထဲမှရေစိမ့်ထွက်လာသည်ကိုမြင်လိုက်ရပေသည်။
သူရုတ်ခြည်းလှုပ်ရှားမှုတစ်ကွက်ကိုသတိရသွားကာ သူ့ဘယ်လက်ကချိပ်စည်းတစ်ခုဖော်၍ တစ်ချိန်တည်းမှာပင်ရေခဲမန္တာန်ရွတ်လိုက်သည်။
အေးစိမ့်သောလေထုစီးဆင်းသွားကာ ရေအရိုးမိစ္ဆာမှာတမဟုတ်ချင်းအေးခဲသွားပြီး သူ့ကြောင့်ရေခဲရုပ်တုအဖြစ်ခဲသွားသဖြင့် ရေထဲသို့အရည်ပျော်သွားနိုင်ခြင်းမရှိတော့ပေ။
ဤနည်းလမ်းမှာအလွန်ကောင်းမွန်လှပြီး အလျင်စလိုလုပ်လိုက်ခြင်းဖြစ်သည်။ လူအများအပြားမှာဒါကိုမြင်လိုက်ရသော် မနေနိုင်ဘဲလက်ခုပ်တီးမိကြသည်။
ရှုလင်ကျားကဓားဆွဲထုတ်ခဲ့ပြီး သူ၏အဝေးတွင်ပစ်ထုတ်ခံထားရသည့်အေးခဲနေသောမျက်နှာတစ်ခုရှိနေသည်ကို လူငယ်မြင်လိုက်ရသည်။
ဤမျက်နှာကားပြားကပ်ကာ ရိုးစင်းသောမျက်နှာသွင်ပြလက္ခဏာတို့ရှိသည်။ ယင်းကားတစ်စုံတစ်ယောက်ကရေးဆွဲထားသည့်နှယ်။ ဤတစ်ကြိမ်တွင် ပါးစပ်တစ်ဝက်အဟမှာအေးခဲသွားပေရာ ၎င်းမှာပို၍ပင်တွန့်လိမ်ကာကြောက်မက်ဖွယ်ကောင်းလှပြီး သူ့မျက်နှာပေါ်လာကပ်လုနီးပါးပင်။
သူမျက်လုံးလှိမ့်မိကာ ကြောက်လန့်မှုကြောင့်သတိလစ်သွားတော့မည်ပင်။
မိစ္ဆာတို့ကလူထုရှေ့တွင်ပေါ်ထွက်လာသည်နှင့် တည်းခိုဆောင်တစ်ခုလုံးရှိလူများမှာဘန်းခနဲအဓိကရုဏ်းဖြစ်လာကြပြီး ယင်းကားပြက်လုံးတစ်ခုမဟုတ်မှန်းသဘောပေါက်သွားကြကာ ထိုမိစ္ဆာကတကယ်ပေါ်ထွက်လာခဲ့သည်။
တစ်ယောက်ကခက်ထန်စွာပြောလာသည်။
"ဆိုင်ရှင်၊ ခင်ဗျားရဲ့တည်းခိုဆောင်ကဘာဖြစ်နေတာလဲ?! တကယ်ကြီးအမဲလိုက်ခံနေရတာပဲ!"
ဆိုင်ရှင်ကခါးသက်သက်မျက်နှာဖြင့်ဆိုသည်။
"အရင်ကတစ်ခါမှမဖြစ်ဖူးတာမို့ ကျုပ်လည်းမသိပါဘူးဗျာ။"
ရှုလင်ကျားတို့ကသာသူတို့အသက်ကိုကယ်တင်နိုင်ကြောင်း အခြားသူများမှာသဘောပေါက်သွားကြသည်။ သူတို့ဟာသူတို့၏ပေါင်ကိုတင်းကြပ်စွာဖက်ထားခြင်းဖြင့်သာလျှင် အသက်ရှင်နိုင်သည်။ သူတို့ဒူးထောက်ကာတောင်းဆိုမိကြသည်။
"ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ရဲ့အသက်ကိုကယ်ပေးကြပါ၊ မသေမျိုးတို့ခင်ဗျ။ အနာဂတ်မှာ ကျွန်တော်တို့တွေမင်းတို့အတွက်အထိမ်းအမှတ်မော်ကွန်းနဲ့ ဘုရားကျောင်းတွေဆောက်ပေးပြီးတော့ နေ့တိုင်းကိုးကွယ်ပါ့မယ်!"
မင်ချီကဆိုသည်။
"ငါတို့မင်းတို့ကိုမထားခဲ့ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်ကသေချင်လို့ရှိရင်လည်း ငါတို့ထိန်းချုပ်လို့မရနိုင်ဘူး။ လူတိုင်းအလယ်မှာစုနေပြီးတော့ ဘာပဲဖြစ်လာပါစေ ဟိုဟိုဒီဒီလျှောက်ပြေးပြီးအော်ဟစ်မနေဘဲ အမိန့်အတိုင်းလုပ်ပြီးတော့ အသက်မသေအောင်နေရမယ်။"
သူတို့သည်အလျင်စလိုအတူစုကာ အလယ်တွင်တင်းကြပ်စွာစုရုံးနေကြ၏။ ရှုလင်ကျား၊ ကျင်းဖေးထုန်၊ အခြားသူတို့နှင့်ကျန်မြေခွေးမျိုးနွယ်စုမှာ လူဖြန့်ကာ လူအုပ်အပြင်ဘက်တွင်ရပ်လိုက်ကြသည်။
၎င်းတို့လူစုကာဗရုတ်သုတ်ခဖြစ်နေကြချိန်တွင် ရေအရိုးမိစ္ဆာနောက်တစ်ကောင်မှာနံရံကိုဖြတ်၍ဖောက်ဝင်လာပြီး ဤတစ်ကြိမ်၌မူ မင်ချီက၎င်းကိုအေးခဲပစ်လိုက်သည်။
ကျင်းဖေးထုန်ကဆိုသည်။
"ကြည့်ရတာ အဓိကအချက်က သူတို့ကိုယ်ပေါ်ကရေကိုမိုးရေထဲပြန်ဝင်ခွင့်မပြုဖို့ပဲ၊ ရေမစီးသွားသရွေ့ အဲ့ဒါကပြန်မရှင်လာနိုင်ဘူး၊ ဒီမိစ္ဆာတွေကိုတစ်ခါတည်းသတ်ပစ်ရမယ်၊ မဟုတ်ရင် တိုက်လို့ကုန်မှာမဟုတ်တော့ဘူး။"
သူကထိုသို့ပြောပြီး လက်ဝါးဖြင့်လွှဲခုတ်လိုက်ရာ လက်ဝါးလေပြင်းမှာမရေတွက်နိုင်သောခပ်ဖျော့ဖျော့မီးလျှံတို့ကိုဆောင်ကျဥ်းလာပြီး ပတ်ဝန်းကျင်ရှိအပူမှာမီးတောက်အဖြစ်ပေါက်ထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း၌ ရေခဲရုပ်တုနှစ်ရုပ်မှာအငွေ့ပျံသွားတော့သည်။
သို့သော် ၎င်းမှာမလုံလောက်သေး။
ဤမိစ္ဆာနှစ်ကောင်ပျောက်ဆုံးသွားမှုနှင့်ပတ်သတ်၍ လူတို့စိတ်မလှုပ်ရှားနိုင်သေးမီ နံရံများထက်တွင်အပြွတ်လိုက်ပေါက်ဖွားလာသောမရေတွက်နိုင်သည့်မျက်နှာများကိုမြင်လိုက်ရပေသည်။
ထို့နောက် ၎င်းတို့ကိုနံရံကိုဖောက်ထွင်းကာ တိုက်စစ်ဆင်လာသည်!
မင်ချီအနောက်လှည့်ကာ လက်ဝေ့ရမ်းလိုက်ရာ သူမကကြာပွတ်ထုတ်လိုက်ပြီးသားဖြစ်နေသည်။ ကြာပွတ်ရှည်ကားနံရံကိုရိုက်ခတ်သွားကာ အပြင်ဘက်တွင်ရေခဲအကာအရံတစ်ခုဖြစ်ပေါ်သွားစေပြီး အပြင်ဘက်ရှိမိစ္ဆာတို့ကိုယာယီချိပ်ပိတ်ထားလိုက်သည်။
ထိုမျက်နှာများမှာအရှေ့ကိုပြင်းထန်စွာတွန်းထိုးကာ ဤအရံအတားကိုဖောက်ဝင်ဖို့ရာကြိုးစားနေပြီး မျက်နှာသွင်ပြင်တို့ပင်အသွင်ပေါ်လာကာ ရေခဲအကာအရံပေါ်တွင်အက်ကွဲသံမြည်လာသဖြင့် အချို့လူများမှာမအော့အန်ဘဲမနေနိုင်ပေ။
မင်ချီကပြောလာသည်။
"ဒီလိုလုပ်လို့မရဘူး။ တည်းခိုဆောင်ပြိုသွားပြီး အပြင်ကရေတွေစီးဝင်လာလို့ရှိရင် ဘာမှမလုပ်တတ်တဲ့သာမန်လူတွေအဆုံးသတ်သွားကြလိမ့်မယ်!"
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့အပြန်အလှန်ကြည့်လိုက်ကြပြီး ကျင်းဖေးထုန်ကခေါင်းငြိမ့်လျက်ဆိုသည်။
"မျိုးနွယ်စုခေါင်မင်ကအထဲမှာနေခဲ့ပါ၊ ကျွန်တော်တို့တွေအပြင်ထွက်လိုက်မယ်။"
သူတို့နှစ်ဦးသည်ဓားများကိုယ်စီကိုယ်လျက်သားဖြင့် ပြတင်းပေါက်မှတစ်ဆင့်ခုန်ထွက်ကာ သူတို့ခေါင်းထက်တွင်လျှပ်စီးတစ်ချက်လက်သွားပြီး မိုးကောင်းကင်မှမိုးသည်းထန်စွာရွာသွန်းလို့နေသည်။ ဤအချိန်၌ မိုးရေမှာကလေးတစ်ယောက်၏အရွယ်တစ်ဝက်မျှတက်နေပြီး မြေပြင်ပေါ်ရှိရေမှာအမျှင်တို့အဖြစ်ပြောင်းသွားပြီး ၎င်းထဲမှလိပ်နှင့်ဆင်သောအရပ်ရှည်ရှည်မိစ္ဆာများဆက်လက်ထွက်ပေါ်လာသည်။
ရှုလင်ကျားလေထဲတွင်ရပ်ကာ အောက်ဘက်သို့လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး ရေထဲတွင်ဝဲကယက်ငယ်ပေါ်လာသည်ကိုကြည့်နေမိသော်လည်း ၎င်းမှာမျက်စိတစ်မှိတ်အတွင်းတွင်အရိပ်အယောင်အကျန်ဘဲပျောက်ကွယ်သွားလေရာ သူပြောမိသည်။
"ကျွန်တော်ဒီရေကိုခဲအောင်လုပ်ချင်ပေမဲ့ ခဏလောက်ပဲခံမယ်ထင်တယ်၊ ခင်ဗျားအဲ့ဒီ့အချိန်အတွင်းမှာသူတို့ကိုမီးလောင်တိုက်သွင်းနိုင်လား။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"အရင်လုပ်ကြည့်တာပေါ့၊ ကိုယ်အတတ်နိုင်ဆုံးလုပ်ပါ့မယ်။"
သူကိုယ်တိုင်ရင်ဘတ်ပုတ်ကာ ဘာမဆိုကတိပေးခဲ့သော်လည်း သူပြောသည့်အရာမှာလူတို့ကိုမဖော်ပြနိုင်လောက်အောင်စိတ်အေးချမ်းစေသည်။ ရှုလင်ကျားခေါင်းငြိမ့်ကာ ရေကိုလက်ညှိုးထိုးလိုက်သည်။
ရှုလင်ကျားလက်ထဲတွင်ဓားကိုင်ကာ ပင့်သက်ရှိုက်လိုက်မိသည်။
တကယ်တမ်း၌ သူဟာရေခဲသည့်နည်းလမ်းကိုစိတ်ဝိညာဥ်နှင့်စွမ်းအားနှင့်ဘယ်လိုပေါင်းစပ်ရမလဲဆိုသည်ကိုမလေ့လာခဲ့ပေ၊ သို့သော် လျို့ဝှက်ဂူထဲတွင်အိပ်မက်မှနိုးထလာပြီးနောက်ပိုင်းတွင် သူသဘာဝအလျောက်ထိုသို့လုပ်တတ်သွားခဲ့သည်။
ဤအချိန် သည်းထန်သောမိုးအောက်တွင် မြေပြင်ပေါ်ရှိရေမှာအဆုံးမရှိကျယ်ပြောကာနက်မှောင်နေပြီး အထဲတွင်အန္တရာယ်များလွန်းလှသည်။ သူ့ဓားထက်တွင်စွမ်းအားမည်မျှသုံးနိုင်မလဲသူတကယ်သေချာမသိပေ။
ကျင်းဖေးထုန်ပြောခဲ့သကဲ့သို့ပင်၊ မင်းကြိုးစားကြည့်ရမည်၊ မင်းအတတ်နိုင်ဆုံးကြိုးစားကြည့်လို့ရသည်။
ရှုလင်ကျားဓားဖျားကိုဆွဲကာ ဖျစ်ညှစ်လိုက်သည်။
လေပြင်းနှင့်မိုးကြား၌ ဓားသွားကား ညအမှောင်ယံထဲတွင် ကျောက်သလင်းပမာအပြာရောင်ဓားအလင်းတန်းကိုထုတ်လွှင့်လာပြီး ၎င်းမှာတဖြည်းဖြည်းချင်းနှင့်နှင်းခဲအဖြစ်ခဲသွားကာ အချိန်အတော်ကြာအောင်ရပ်တန့်နေပေသည်။
ရှုလင်ကျားမျက်စိမှိတ်ကာ တရားထိုင်ပြီး လက်ထဲတွင်ဓားပန်းဖွားကိုင်လျက် ပျော့ပြောင်းစွာအော်လိုက်သည်။
"စလိုက်တော့!"
တမဟုတ်ချင်းပင်၊ အေးစက်သောလေတို့တိုက်ခတ်သွားကာ နှင်းခဲမှာမိုင်ထောင်ချီပျံ့နှံ့သွားပြီး နှင်းမှာကောင်းကင်တစ်ခွင်မိုးရေမှာရပ်စဲသွားပြီး ၎င်းမှာအရောင်စုံကာ လှပပြီးအထိန်းအချုပ်ကင်းမဲ့လှသည်။
ရှုလင်ကျားလက်ကိုကွေးကာ ဓားသွားကိုပြောင်းပြန်လှန်၍ အောက်သို့တည့်တည့်ထိုးစိုက်ချလိုက်သည်။
မြေပြင်ပေါ်တွင်စုဝေးနေသည့်မိုးရေမှာ မီတာပေါင်းများစွာရုတ်ခြည်းမြင့်တက်လာပြီး ဓားချီစွမ်းအားနှင့်ယှဥ်ပြိုင်ရန်ကြိုးစားနေလေသည်။ ဓားတဝီဝီမြည်သံနှင့်အတူဓားချီစွမ်းအားမှာ ကောင်းကင်ယံထက်သို့မြင့်တက်သွားပြီဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကြားရှိဓားအလင်းတန်းမှာရုတ်ခြည်းတောက်ပလာပြီး ကောင်းကင်ထက်တွင်မျောလွင့်နေသည့်နှင်းမှုန်တို့ကိုရောင်ပြန်ဟပ်ကာ လေကိုခွင်း၍ဖြတ်စီးသွားသည်။ မြေပြင်ပေါ်ရှိမိုးရေပေါ်ကနှင်းခဲတို့မှာ စီးဆင်းလာသောဓားအလင်းရောင်နှင့်ရောယှက်သွားပုံမှာ အဆုံးမဲ့ကြီးမြတ်လှပပေသည်။
ရှုလင်ကျား၏ပုံရိပ်ကား ဤတောက်ပမှုထဲတွင်မနှိုင်းယှဥ်နိုင်လောက်အောင်သေးငယ်လှသော်လည်း သူ့ဓားမှကြီးမားသောစွမ်းအင်ပမာဏထွက်ပေါ်လာကာ ရုတ်ခြည်းနစ်မြုပ်သွားချေသည်!
"ဘွန်း---"
ကျယ်လောင်သောဆူညံသံထဲတွင် မြင့်တက်လာခဲ့သောရေမှာရုတ်ခြည်းပြိုကွဲသွားကာ မြေပြင်ပေါ်ပြန်ကျသွားပေသည်။ ၎င်းထွက်မပြေးသွားခင် မယှဥ်နိုင်လောက်အောင်စွမ်းအားကြီးသောဓားချီစွမ်းအားက၎င်းနောက်လိုက်ဖမ်းကာ နှင်းခဲတို့ကမိုင်ထောင်ပေါင်းများစွာဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးမှာရုတ်ခြည်းတိတ်ကျသွားတော့သည်။
မိုးရေတို့ရွာသွန်းမလာတော့ဘဲ ငှက်မွှေးပမာနှင်းစက်တို့သာလျှင် ကျယ်ပြောသောကောင်းကင်ယံထက်တွင်မျောလွင့်လျက်ရှိသည်။
တည်းခိုဆောင်ကိုထုရိုက်နေသည့်မိစ္ဆာတို့၏အသံမှာလည်းပျောက်ကွယ်သွားကာ မြေပြင်ပေါ်ရှိရေအလုံးစုံမှာရေခဲအဖြစ်ပျစ်ခဲသွားပြီး အန္တရာယ်နှင့်ပြစ်မှုအချို့ကိုပိတ်ပင်လိုက်ပေသည်။
နားထဲတွင် လေအေးတို့ဖြတ်တိုက်သွားသံနှင့်နှင်းကျနေသည့်အသံသာရှိတော့သည်။
ရှုလင်ကျားလက်အောက်ချထားကာ မသိမသာမောဟိုက်နေပြီး သူ့နှဖူးထက်မှချွေးတစ်စက်စီးကျသွားကာ မျက်စိတစ်မှိတ်အတွင်းတွင် ရေခဲလုံးအဖြစ်ပျစ်ခဲသွားပေသည်။
ဤအချိန်တွင် အလွန်အမင်းအားပြင်းသောအပူချိန်ဟာအနောက်မှထွက်ပေါ်လာပေမဲ့ သူ့ကိုအသာရှောင်သွားသည်။ ရွှေနီရောင်ဓားအရိပ်မှာကျင်းဖေးထုန်၏ဓားအတွင်းမှထွက်လာပြီ်း အောက်သို့လွှဲခုတ်သွားသည်။
ဤဓားအရိပ်ကျရောက်သွားသည်နှင့် ၎င်းမှာလျင်မြန်စွာပျံ့နှံ့သွားကာ တမဟုတ်ချင်းပင်ပေပေါင်းများစွာရှည်ထွက်သွားပြီး ရေခဲမျက်နှာပြင်ထံတည့်မတ်မတ်ထိုးဖောက်သွားတော့သည်။
ထို့နောက် မိုးကြိုးပမာ ရေခဲမျက်နှာပြင်မှာပေါက်ထွက်သွားပြီး ပျက်စီးသွားသောရေခဲအပိုင်းအစထောင်ပေါင်းများစွာဖြစ်ပေါ်လာကာ လေထုအလယ်တွင်အဖြူရောင်အငွေ့အဖြစ်ပြောင်းသွားသည်။
ပတ်ပတ်လည်တွင်မြူထူများဝန်းရံလျက်ရှိပြီး ရေမှာအောက်ပြန်ကျသွားကာ တိမ်လွှာတို့မှာပွင့်အာသွားသည်။
လရောင်ကား ကမ္ဘာမြေပေါ်ဖြည်းညှင်းစွာဖြာကျလာပေသည်။
ရှုလင်ကျားသက်မချကာ လက်ထဲရှိဓားကိုပြန်သိမ်း၍ ကျင်းဖေးထုန်ကိုပြန်ပြုံးပြလိုက်သည်။
ကျင်းဖေးထုန်ဟာလည်းပြန်ပြုံးပြကာ ဓားကိုဝှစ်ခနဲပြန်သိမ်းပြီး သူ့ထံလျှောက်လာကာ လက်မြှောက်၍ ရှုလင်ကျားဆံပင်ပေါ်ကရေခဲလုံးကိုဖယ်ပေးလိုက်သည်။
ရှုလင်ကျားကို၎င်းကိုတစ်ချက်စိုက်ကြည့်ကာ သူ့ဆံပင်သူထိလျက် ပြောမိသည်။
"ကျွန်တော့်ဆံပင်မှာရေခဲတွေအပြည့်ပဲလား။ ရှုပ်ပွနေသေးလား။"
"ဟင့်အင်း၊ ရေခဲနဲ့နှင်းမှာအပြစ်အနာအဆာကင်းတယ်၊ ရှောက်ချဲ့ကအလှစစ်ပဲ..."
ကျင်းဖေးထုန်ကထိုစကားကိုအသံနိမ့်ဖြင့်ပြောပြီးသော် သူ၏မျက်နှာထားမှာအနည်းငယ်ရူးသွပ်သွားပုံပေါ်ကာ ပြောလာသည်။
"ရုတ်တရက်ကြီး ခေါင်းဖြူသွားသလိုပဲ။"
ထိုစကားနှင့်အတူ နှစ်များမှာမျက်စိတစ်မှိတ်အတွင်း၌ထပ်လျက်ဖြစ်သွားပြီး အချိန်နှင့်နေရာမှာရောယှက်သွားကာ ရှုလင်ကျားမှာရုတ်တရက်ထူးဆန်းသောခံစားချက်တစ်ခုရှိလာသည်။ သူအခုဘာမှမမှတ်မိသော်လည်း ဓားရေးလေ့ကျင့်တုန်းက ကျင်းဖေးထုန်ကသူ့ဘေးတွင်ယခုကဲ့သို့ရပ်ကာ သူ့ကိုပြုံးပြနေခဲ့သည်ပင်။
ထိုအချိန်တုန်းကသာမန်ဖြစ်သော်လည်း ယခုမူ သူငယ်စဥ်အချိန်အခါတုန်းက နက်ရှိုင်းစွာချစ်ကျွမ်းဝင်ခဲ့သည်ကိုမှတ်မိရန်ခက်ခဲလှသည်။
ဤဘဝတွင်အခုအချိန်အထိတိုင်အောင် သူဟာတန်ဖိုးမထားသင့်သည့်အရာကိုတန်ဖိုးထားမိခဲ့သယောင်၊ မမေ့သင့်သောအရာများကိုမေ့ပျောက်သွားခဲ့ဟန်၊ ကြာမြင့်စွာပျောက်ဆုံးသွားခဲ့သည့်အရာကိုလွမ်းဆွေးနေမိပုံပေါ်သည်ကို ရှုလင်ကျားသိလိုက်ရသည်။
ဤအကြောင်းရင်းကြောင့် သူတို့ဟာနီးစပ်ရန်(သို့)ဝေးကွာဖို့ရာသင့်တော်ခြင်းမရှိဘဲ သူတို့၏ဆက်ဆံရေးမှာအလွန်ရှုပ်ထွေးလို့နေသည်။
ဤစကားကိုမည်သို့ဖြေရမည်မှန်း ရှုလင်ကျားမသိသဖြင့် ပြုံးကာပြောမိသည်။
"ရာသီဥတုကတော်တော်လေးပူတယ်၊ ဒါပေမဲ့အခုအေးလာပြီဆိုတော့ အထဲပြန်သွားကြရအောင်။"
တည်းခိုဆောင်ကားဗရုတ်သုတ်ခဖြစ်နေပြီး နံရံထဲတွင်ကြီးမားသောအပေါက်များစွာရှိနေပေမဲ့ ကံကောင်းထောက်မစွာဖြင့် ခုနကကျင်းဖေးထုန်၏လုပ်ဆောင်ချက်ကြောင့် အပြင်ဘက်ရှိမိုးရေအများစုမှာအငွေ့ပျံသွားပေရာ မိုးရေကအထဲစိမ့်ဝင်လာပြီး တည်းခိုဆောင်ထဲရေလွှမ်းသွားခြင်းမရှိပေ။
ဤဆိုင်ရှင်မှာကပ်ဘေးဟုယူဆမိလေရာ စိုးရိမ်သောကရောက်နေမိပြီး သူဟာတစ်အုပ်စုလုံးကိုကျေးဇူးတင်စကားပြောလာသည်၊ အထူးသဖြင့် သူဟာကျင်းဖေးထုန်နှင့်ရှုလင်ကျားကိုနတ်ဘုရားများအဖြစ်ကိုးကွယ်ချင်နေပေသည်။
Advertisement
သူ၏အမြင်တွင် လေနှင့်မိုးကိုဆင့်ခေါ်ပြီး ရာသီဥတုကိုထိန်းချုပ်နိုင်စွမ်းရှိဖို့ကား ကောင်းကင်ဘုံထက်ရှိနတ်ဘုရားများသာလုပ်နိုင်သည့်အရာမဟုတ်ပေလော။
ထို့အပြင် သေမျိုးလောကထဲရှိသာမန်လူတို့ကဘယ်လိုလုပ်ပြီးထိုကဲ့သို့လုပ်နိုင်ပါ့မလဲ။
သို့သော် ကပ်ဘေးအများစုမှာသူတို့ကိုဦးတည်လာမှန်း မင်ချီသိသည်။ တကယ်တော့ တည်းခိုဆောင်ထဲရှိဆိုင်ရှင်နှင့်အခြားသူတို့မှာဆွဲသွင်းလိုက်ခံရသည်မို့ မင်ချီကချန်နဥ်အား ဆိုင်ရှင်၏ပိုက်ဆံအိတ်ထဲတွင်သူ့အတွက်လျော်ကြေးအဖြစ် ရွှေချောင်းအနည်းငယ်ထည့်ပေးရန်တိတ်တခိုးညွှန်ကြားလိုက်သည်။
ချန်နဥ်ကားမင်ချီ၏အတွေးတို့နှင့်ပတ်သတ်၍ အနည်းငယ်သာနားလည်သည်။ သူမ၏မျက်နှာအမူအရာမှာ ပုံမှန်ကဲ့သို့ဖြစ်နေကြောင်းမြင်လိုက်ရသော် သူမေးမိသည်။
"ဒေါ်လေး၊ မိစ္ဆာမျိုးနွယ်မှာတစ်ခုခုဖြစ်သွားတယ်လို့ထင်နေတာလားဟင်။ တစ်ယောက်ယောက်ကိုသွားစုံစမ်းစေချင်လား။"
မင်ချီကပြောလာသည်။
"အပြင်ကလူတိုင်းပြောကြတာကတော့ မိစ္ဆာဧကရာဇ်ကဂူထဲဝင်ပြီး ကျင့်ကြံနေတယ်ဆိုပဲ။ တကယ်တော့ ငါအမြဲသံသယဝင်နေခဲ့တာ။ ငါနိုးလာတုန်းက ငါသူ့ဆီကိုလျို့ဝှက်နည်းလမ်းသုံးပြီး စာတစ်စောင်ပို့ခဲ့ပေမဲ့ သူရမရမသိတော့ ငါလုံးဝလျစ်လျူမရဲခဲ့ဘူး၊ အဲ့ဒီ့ကတည်းကငါသူ့ဆီကသတင်းကိုစောင့်နေတာ။ အခုဆိုရင်အိမ်ထဲကခွေးတွေတောင်လျှောက်ပြေးကုန်ကြပြီ။"
ချန်နဥ်ကဆိုသည်။
"ဒါဆိုကျွန်တော်တို့ဘာလုပ်ကြမလဲ။"
မင်ချီကပြောသည်။
"ဘာလုပ်ရမလဲ? ချင်းချိုးကိုမြန်မြန်ပြန်ကြမယ်။ ငါတို့မျိုးနွယ်စုထဲမှာဓားကိုင်တတ်တဲ့လူသိပ်မရှိဘူး။ ငါအစကဒီမြေခွေးပေါက်လေးတွေကိုဗဟုသုတရအောင်လို့အပြင်ခေါ်လာတာ၊ ဒီတော့ နန်ဇီတောင်ထွတ်ကိုလာပြီး သူတို့ကိုဝင်ပြိုင်ခိုင်းခဲ့တာ။ သူတို့နဲ့တိုက်ခိုက်နိုင်တဲ့လူနည်းနည်းလေးတောင်မရှိဘူးရယ်။ ငါတို့ကဝန်ထုပ်ဝန်ပိုးဖြစ်နေပြီ။ မိစ္ဆာတစ်ကောင်ကောင်နဲ့တွေ့ပြီး သူတို့ကိုခေါ်သွားလို့ရှိရင် ငါသူတို့မိဘကိုဘယ်လိုရှင်းပြရမလဲ။"
ထောင်ယွဲ့ယွဲ့ကပြောလာသည်။
"မျိုးနွယ်စုခေါင်၊ ဒါဆိုကျွန်မတို့ဒီမှာပဲနေကြရင်ရော?"
မင်ချီကဆိုသည်။
"ဒီနေရာကလူတွေကသာမန်လူတွေကြီးပဲ။ ငါတို့သာဒီမှာနေနေလို့ရှိရင် သူတို့ပါဆွဲသွင်းခံလိုက်ရနိုင်တယ်။ အဲ့လိုဆိုမကောင်းဘူးလေ။"
ထိုသို့ပြောကာ သူမကတိတ်တဆိတ်အပြင်ထွက်သွားသည်။
ရှုလင်ကျားတစ်အောင့်မျှတွေးကြည့်ပြီးနောက် ကျင်းဖေးထုန်ကိုပြောလိုက်သည်။
"ရှစ်ရှုန်း၊ ကျွန်တော်မြေခွေးမျိုးနွယ်စုကိုချင်းချိုးဆီပြန်လိုက်ပို့ပေးချင်တယ်။ မင်မျိုးနွယ်စုခေါင်နဲ့ချန်နဥ်ကလွဲရင် အခြားသူတွေကအစွမ်းသိပ်မရှိကြတော့ သူတို့တွေဒုက္ခရောက်ကုန်လိမ့်မယ်။"
ကျင်းဖေးထုန်ကပြောလာသည်။
"ဇုန်ဝူရှင်းကရော...?"
ရှုလင်ကျားပြောမိသည်။
"အဲ့ဒီ့ကိစ္စကနှေးဖင့်လို့မကောင်းဘူး။ နှစ်ပိုင်းခွဲလိုက်ရအောင်။ ခင်ဗျားကဇုန်ဝူရှင်းချိပ်ပိတ်ခံထားရတဲ့နေရာကိုသွား၊ ကျွန်တော်ကမြေခွေးမျိုးနွယ်စုကိုလိုက်ပို့ပေးပြီး ချင်းချိုးကပြန်လာခဲ့မယ်။ ကျွန်တော်ခင်ဗျားကိုလာရှာမယ်၊ နီးနီးလေးပါ၊ သိပ်မဝေးဘူးလေ။"
ကျင်းဖေးထုန်ကသူ့ကိုစိုက်ကြည့်နေသည်။
ရှုလင်ကျားအဆင်မပြေဖြစ်လာကာပြောမိသည်။
"ခင်ဗျားဘာကြည့်နေတာလဲ။ ပြဿနာတစ်ခုခုရှိလို့လား။"
"အင်း၊ ဒီအစီအစဥ်နဲ့ပတ်သတ်ပြီးတော့ ပြဿနာရှိတဲ့ပုံမပေါ်ပါဘူး။"
ကျင်းဖေးထုန်ကဆိုသည်။
"ဒါပေမဲ့ မင်းကိုယ့်ဆီကပုန်းရှောင်ဖို့ကြိုးစားနေတာလား။"
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်ကဘာလို့ခင်ဗျားဆီကပုန်းရှောင်နေရမှာလဲ။"
သူ၏မာထန်သောပါးစပ်ပေါက်ကိုကြားလိုက်ရသော် ကျင်းဖေးထုန်ရယ်မောကာ ပျော့ပြောင်းစွာဖြင့်ပြော်ိသည်။
"ရှောင်ကျား၊ တစ်ခါတလေကျရင်...ကိုယ်ရဲ့သဘောထားက မင်းကိုအဆင်မပြေဖြစ်စေလား။"
ရှုလင်ကျားပြောလိုက်သည်။
"မဖြစ်ပါဘူး၊ အဆင်ပြေပါတယ်...."
ကျင်းဖေးထုန်လက်မြှောက်ကာသူ့ကိုအသာထိ၍ပြောမိသည်။
"ဒါဆို ကိုယ်မင်းကိုသဘောကျတယ်ဆိုတာမင်းသိရဲ့လား။ မင်းသိသင့်ပါတယ်။"
ရှုလင်ကျားလည်ချောင်းထဲတွင်တစ်ဆို့သွားကာ ကျင်းဖေးထုန်အားဝိုင်းစက်သောမျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေမိသည်မှာ သူသာမြေခွေးလေးဖြစ်နေလို့ရှိရင် ဤအခိုက်အတန့်မှာလွင့်ထွက်သွားတော့မည့်အလား။
သူပြောမိသည်။ "ဘာ၊ ဘာရယ်?"
နေပါအုံး၊ ကိစ္စတွေကသိပ်မမှန်နေဘူးနော်။
ဤမျှတည့်တိုးဆန်ကာ အရှက်အကြောက်မရှိဘဲရဲတင်းလှပုံကား သူ့စကားပြောပုံမဟုတ်ဘူးလားလို့?
ကျင်းဖေးထုန်ကားစာအုပ်အများဆုံးလှန်ကာ စကားတစ်ခွန်းတွင်၈ခါမျှလှည့်ပတ်ပြီး ကြိုတင်ခန့်မှန်းမရသောဘုရင်တစ်ပါးကဲ့သို့ပြုမူနေသင့်သည်ပင်။
သူဘာဖြစ်သွားတာတုန်း၊ သူရောဂါကူးစက်ခံလိုက်ရတာလား?!
ရှုလင်ကျား၏တုံ့ပြန်မှုကိုမြင်လိုက်ရရင်း ကျင်းဖေးထုန်မပြုံးမိဘဲမနေနိုင်ပေ။ တစ်ဖက်လူကမျက်နှာလွှဲသွားမည်ကိုသူစိုးရွံ့မိသဖြင့် သူ့မျက်နှာကိုအလေးအနက်ပြုလုပ်ကာ နက်ရှိုင်းသောအတွေးဖြင့်ပြောမိသည်။
"အင်း၊ ဒါဖြင့်ရင်လည်း....မင်းသိသိမသိသိ ကိုယ်မင်းကိုအခုပြောမှရမယ်။ ထပ်ပြောမယ်၊ ကိုယ်မင်းကိုချစ်တယ်။"
ရှုလင်ကျား: "..."
"မိစ္ဆာအတွင်းစိတ်ကြောင့်မဟုတ်သလို မင်းနဲ့ကိုယ်နဲ့အချင်းချင်းသိပြီး အရင်ကဆက်ဆံရေးရှိဖူးတာကြောင့်လည်းမဟုတ်ဘူး။ ကိုယ်..."
ကျင်းဖေးထုန်တွေးတောကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"ကိုယ်မင်းကိုတွေ့တဲ့ညတုန်းက မင်းသွမ့်ဟောင်ရန်ကို ပြတ်သားတဲ့စိတ်ဓာတ်၊ ထူးချွန်တဲ့ဓားရေးနဲ့ဆုံးမခဲ့တာကို ကိုယ်ရပ်ကြည့်နေခဲ့တယ်၊ လူတိုင်းမလေးစားဘဲနေနိုင်မှာမဟုတ်ဘူး။ ကိုယ်မင်းကိုနှုတ်ဆက်လိုက်တော့ မင်းကခေါင်းလှည့်ပြီး မင်းမျက်ဝန်းထဲမှာအပြုံးတစ်ပွင့်နဲ့ ကိုယ့်ကိုတစ်ချက်ကြည့်လာခဲ့တာ။ အဲ့ဒါကမင်းပြုံးတာကို ကိုယ်ပထမဆုံးမြင်ဖူးတာပဲ။"
ရှုလင်ကျားတစ်အောင့်မျှတွေးကြည့်လိုက်သော်လည်း လုံးဝအထင်မကြီးမိပေ။
ကျင်းဖေးထုန်ဒါကိုပြောလာရာတွင် သူမျက်ဝန်းထဲ၌မဖော်ပြနိုင်သောအကြည့်ရှိလို့နေပြီး သူကဖြည်းညှင်းစွာပြောလာသည်။
"တစ်ခါတလေကျရင် လူတွေကမဖော်ပြနိုင်လောက်တဲ့အခိုက်အတန့်တချို့ကြောင့် စိတ်လှုပ်ခတ်သွားကြလေ့ရှိတယ်၊ ဖြစ်နိုင်တာကဒါဟာကံကြမ္မာပဲ။"
"မင်းရဲ့မျက်လုံးတွေကတလက်လက်တောက်ပနေပြီးတော့ အလင်းရောင်အပြည့်ပဲ။ မင်းကရယ်မနေပေမဲ့ နှလုံးသားကလာတဲ့ပျော်ရွှင်မှုတစ်မျိုးရှိနေတယ်၊ ကိုယ်အဲ့ဒီ့အကြည့်ကိုဘယ်တော့မှမမေ့ဘူး။ ကိုယ်မနေနိုင်ဘဲမင်းကိုစကားပြောချင်မိတာ၊ ဒါပေမဲ့မင်းကကိုယ့်ကိုစကားသိပ်မပြောချင်ခဲ့ဘူးလေ၊ မင်းကဓားတွေကိုသဘောကျတာမို့ အဲ့ဓားကအန္တရာယ်ရှိမှန်းသိနေပေမဲ့ မင်းကဖျက်ဆီးပစ်ရမှာတွန့်ဆုတ်နေခဲ့တယ်။ မင်းကမာနကြီးတော့ မင်းမှာအခွင့်အရေးရှိနေပေမဲ့လည်း လင်ရှောင်းဂိုဏ်းကိုပြန်သွားဖို့ဆန္ဒမရှိခဲ့ဘူး။"
ကျင်းဖေးထုန်ပြောမိသည်။
"မင်းကကိုယ့်ကိုဆွဲဆောင်သွားခဲ့တာ၊ ကိုယ်မင်းကိုမချစ်မိဘဲမနေနိုင်ဘူး။ အရာအားလုံးက ကိုယ့်ရှေ့မှာပေါ်လာခဲ့တဲ့မင်းကြောင့်ပဲ၊ ကိုယ့်အိပ်မက်ထဲကပုံရိပ်ယောင်ကြောင့်မဟုတ်ဘူး။"
"နောက်ပိုင်းကျတော့ ကိုယ်တို့ကြားမှာအရင်ကဆက်ဆံရေးတစ်ခုရှိခဲ့မှန်း ကိုယ်သိလိုက်ရတယ်၊ ကိုယ်ပြောနိုင်တာတစ်ခုက ကိုယ်မင်းကိုချစ်တယ်ဆိုတာပဲ။ မင်းဖြစ်နေလို့ ဘယ်နှကြိမ်ပဲဖြစ်ဖြစ် ကိုယ်မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ကိုယ်မင်းကိုချစ်တယ်။"
"ဒါကြောင့်မို့ ကိုယ်လျို့ဝှက်ဂူထဲမှာတုန်းက ကိုယ်မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ အတိတ်ကတကယ်ရှိရှိမရှိရှိ မင်းကရှုလင်ကျားဖြစ်တဲ့အပေါ်မသက်ရောက်ဘူးလို့ကိုယ်ပြောခဲ့တာ။"
ရှုလင်ကျားလွှတ်ခနဲပြောမိသည်။
"ဟုတ်တယ်၊ ကိစ္စမရှိဘူး၊ ဒါပေမဲ့ အတိတ်ကအဲ့ဒီ့အရာတွေကအရမ်းအဖိုးတန်တယ်။ မှတ်ထားရမှာက သူတို့ရဲ့အသုံးဝင်မှုကြောင့်မဟုတ်ဘဲ သူတို့ကနှလုံးသားထဲမှာတန်ဖိုးထားရမဲ့အရာဖြစ်နေတာမို့ပဲ။"
ကျင်းဖေးထုန်သည်ရှုလင်ကျားကိုကြည့်နေမိပြီး သူဟာယခုတွင်မြေခွေးလေးနှင့်မတူသော်လည်း အလွန့်အလွန်ချစ်ဖို့ကောင်းနေသေးသည်ဟု သူ့ကိုရုတ်ခြည်းပြောပြချင်မိ၏။
သူပြုံးကာပြောလိုက်သည်။
"ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ ဘဝရဲ့အခိုက်အတန့်တိုင်းကိုနောက်ပြန်လှည့်လို့မရပေမဲ့ ကိုယ်တို့အတူဖြုန်းခဲ့တဲ့အခိုက်အတန့်တုန်းကလည်းသိပ်ကိုအဖိုးတန်ပါတယ်။ ဒါပေမဲ့အခုတော့ ဒီအရာတွေကိုပြန်ယူလို့မရနိုင်တော့ဘူးလေ။"
ကျင်းဖေးထုန်ကသူ့ပုခုံးကိုပုတ်ကာဖြင့်-
"ကိုယ်မင်းကိုချစ်နေမှန်း ကိုယ်ဘယ်လိုသိသွားလဲမင်းသိလား။ မင်းကမင်းရဲ့ရှစ်စွင်းကြောင့်ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ်မင်းရဲ့စိုးရိမ်သောကတွေကိုမျှဝေယူပြီးတော့ မင်းနေ့တိုင်းပျော်ရွှင်နိုင်ပါစေလို့မျှော်လင့်မိတယ်။"
"ဒါကကိုယ့်ရဲ့ချစ်ပုံချစ်နည်းပဲ။ ကိုယ်မင်းအပေါ်ဖိအားမပေးချင်ဘူး။ မင်းအခုစိတ်ရှုပ်နေမယ်ဆိုတာကိုယ်သိတယ်။ မင်းအဲ့ဒီ့ကိစ္စတွေကိုမမှတ်မိနိုင်လို့ကိုယ့်အတွက်စိတ်မကောင်းဖြစ်မိလိမ့်မယ်၊ ဒါပေမဲ့ ကိုယ်နဲ့အတူဘယ်လိုဆက်သွားရမလဲမင်းတကယ်မသိဘူးဟုတ်။"
ရှုလင်ကျားသည်ခေါင်းမာခြင်းနှင့်နေသားကျနေပြီးဖြစ်ကာ ယခုအချိန်တွင်ကျင်းဖေးထုန်ပြောတာကိုသူခွန်းတုံ့ပြန်နိုင်ခြင်းမရှိဘဲ စကားတစ်ခွန်းစီတိုင်းဟာသူ့နှလုံးသားကိုရိုက်ခတ်လို့နေသည်။
ရှုလင်ကျားတိတ်ဆိတ်နေသည်ကိုမြင်လိုက်ရရင်း ကျင်းဖေးထုန်ရယ်မောလိုက်သည်။
"သွားတော့၊ ချင်းချိုးကိုသွားပြီးပြန်လာခဲ့ချည်! ကိုယ်မင်းကိုဇုန်ဝူရှင်းချိပ်ပိတ်ခံထားရတဲ့နေရာမှာစောင့်နေမယ်။"
သူကခါးရှိဓားကိုဆုပ်ကိုင်လျက် အနောက်လှည့်ကာခြေလှမ်းကျဲနှင့်ထွက်လာခဲ့ပြီး ခြေလှမ်းအနည်းငယ်မျှလျှောက်ပြီးနောက်တွင် အနောက်လှည့်ကာပြုံးပြ၍ပြောလာသည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ မင်းလာဖို့သတိရနေမယ်နော်။ မင်းမလာလို့ရှိရင်...."
ရှုလင်ကျား၏နှလုံးသားလှုပ်ခတ်သွားကာမေးမိသည်။
"မလာရင်?"
ကျင်းဖေးထုန်ကပြုံးကာဆိုလာသည်။
"ဒါဆို ကိုယ်မင်းကိုလာရှာမယ်။"
ထိုသို့ပြောလို့ပြီးသွားသော် သူဟာထူထဲသောမိုးနှင့်မြူတို့ကိုဖြတ်လျှောက်၍ အဝေးရှိအနက်ရောင်တောင်နက်များထံတစ်ယောက်တည်းလျှောက်သွားသည်။
ရှုလင်ကျားမှာကျင်းဖေးထုန်၏ကျောပြင်ကိုကြည့်ရင်း ရင်ထဲတွင်မဖော်ပြတတ်သောခံစားချက်ကိုခံစားလိုက်ရသည်။ အချိန်အတန်ကြာသော် သူသက်ပြင်းချကာတည်းခိုဆောင်ထဲပြန်လာလိုက်သည်။
သူတံခါးဝမှမဝင်မီ သူ့ဘေးရှိအသံပြောလာသည်ကိုကြားလိုက်ရပေသည်။
"ဘာလဲ၊ နှစ်ယောက်သားရန်ဖြစ်ကြတာလား။"
ရှုလင်ကျားလှည့်ကြည့်လိုက်ရာ တည်းခိုဆောင်၏အရှေ့အဝင်ဝတွင်ထိုင်နေရင်း ကောင်းကင်ကိုမော့ကြည့်နေသည့် မင်ချီကိုမြင်လိုက်ရသည်။
ရှုလင်ကျားပြောမိသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်ကကျွန်တော့်ရှစ်ရှုန်းနဲ့ဆွေးနွေးနေတာပါ။ သူကအရှေ့ကကြိုသွားပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကိုအရင်လုပ်ထားမှာ၊ ကျွန်တော်ကမျိုးနွယ်စုခေါင်တို့ကိုချင်းချိုးဆီပြန်လိုက်ပို့ပေးမယ်။ မဟုတ်ရင် ဒီခရီးစဥ်ကမအေးချမ်းတော့ နောက်ထပ်ခြုံခိုတိုက်ခိုက်သူရှိလာရင် ကိုင်တွယ်ရခက်နေလိမ့်မယ်။"
ထို့နောက် မင်ချီကသူ့ကိုကြည့်လာကာ သူ့ကိုတစ်အောင့်မျှပြုံးပြ၍ ပြောလာသည်။
"အဲ့လိုလား။ ဒါဖြင့်ရင် ငါတို့ကိုအာရုံစိုက်ပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်။"
သူမကသူမဘေးရှိသစ်သားပျဥ်ပြားကိုပုတ်ကာဆိုသည်။
"သူတို့တွေအကုန်လုံးအထဲမှာတည်းခိုဆောင်ပိုင်ရှင်ကိုကူညီပေးနေကြတယ်။ ဒီနေရာအန္တရာယ်ကင်းကြောင်းအတည်ပြုပြီးတာနဲ့ငါတို့ထွက်သွားကြမယ်။ အထဲမှာအလုပ်ရှုပ်နေကြတယ်၊ မဝင်သွားနဲ့၊ ငါနဲ့ခဏလောက်အတူထိုင်လေ။"
မင်ချီကားအနည်းငယ်စိတ်အပြောင်းအလဲမြန်သည်ဟု ရှုလင်ကျားတကယ်ခံစားမိလိုက်သည်၊ ထို့အပြင် သူ့ပင်ကိုယ်စရိုက်ဟာလည်းဆတ်ဆတ်ထိမခံလွန်းသဖြင့် ဤကဲ့သို့သောအမျိုးသမီးနှင့်မည်သို့ဆက်ဆံရမည်မှန်းမသိတော့ပေ။
သို့သော် သူမကဒီနေရာတွင်တစ်ယောက်တည်းထိုင်နေသည်ကိုမြင်လိုက်ရသော် သူမဟာအထီးကျန်ဆန်ကာသနားစရာကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ သူစိတ်ပြောင်းကာ မငြင်းဆန်မိတော့ပေ။ သူကမင်ချီ၏ဘေးတွင် လူတစ်ဦးစာခွာထိုင်၍ သူမနှင့်အတူကောင်းကင်ကိုမော့ကြည့်မိသည်။
မိုးကားစဲတော့မည်ဖြစ်ကာ မိုးရေမှာခပ်ကျဲကျဲသာရွာသွန်းနေပြီး ကောင်းကင်မှစီးကျလာလေရာ တိမ်နက်တို့မှာအနည်းငယ်ပျံ့ကြဲသွားသည်။ ဤအချိန်တွင် လမင်းကိုမြင်နိုင်လေသည်။
မင်ချီကရှုလင်ကျားကိုသာမန်ကာလျှံကာမေးလာသည်။
"မင်းတစ်ယောက်ယောက်ကိုစိတ်ဝင်စားနေပြီလား။"
Advertisement
- In Serial41 Chapters
Doctored Chance: The Unpleasant Preceding of "Pajama Boy" and What Drove Him to Murder
I, Mick Chadwick, regret to inform my readers that this memoir contains nothing but the truth, which in the case of Tobias MacClain, most ridiculed as Pajama Boy, is far from pleasant. If you seek to relate to a hero more than to aspire to them and have the stomach for unpleasant things such as a hero left for dead, villainous scars, bomb threats, and murderous intent, then look no further. All of these gruesome things and more await from my research, and though I do not wish them on any man or woman, I cannot bear this burden on my own much longer. In the words of Tobias MacClain himself, "Sometimes, a villainous act can cause the greatest good." I hope that all my villainous acts of sneaking, blackmailing, diary-reading, and grave-digging, among others, will be redeemed as I present this complete and truthful memoir to the world, and with any luck, open eyes to the truth of what we call "villainy". Doctored Chance: The Unpleasant Preceding of "Pajama Boy" and What Drove Him to Murder ********* MATURE FILTER IS FOR:- violence- graphic imagery (blood, burns, fairly dark headspaces)- cartoon depiction of burn scars for visual aid Despite graphics, Mick Chadwick's writing keeps Mr. MacClain's terrible tale light somehow. This is foremostly a comedy.
8 167 - In Serial8 Chapters
Zoomchard: The Battle of Dominance(Cancelled)
The planet "Metalet" was wrecked by an episode of a destructive war that is still ongoing and had its 1000th anniversary. It was a war of dominance that got out of hand and became a struggling battle for life as many nations with the appearance of a humanoid robot divided by the colour of their eyes join aside the two nations that began this endless war; Green-eyed robots named Province of Conaire and yellow-eyed robots named The Tretse Federation. On the other hand, a fearless shopkeeper named Zoomchard had an average life, besides the fact that he was born with "The Unchosen Illness." An illness where the melanin coding failed and gave the eyes an appearance of a grey colour. It was a rare illness that only affected the 1% quadrillionth inhabitant planet. The illness never stopped him from living a normal lonely life with only one friend that saved him from the death of his parents that were bombed in their home city while Zoomchard explored the southern borders of Conaire. Zoomchard one day had contact with a friend who is a medic and both were excited to see each other again, but that never lasted like three days after the reunion party - Zoomchard's friend's home city was bombed and they went missing. This affected Zoomcharrd and it changed his mindset entirely, he went from a peaceful guy that hated the idea of revenge because it will ruin his mind to a guy that needed the most revenge he can grab hold of. So he was recruited for The Conaire Army and had his first-ever mission, the mission to save all the soldiers imprisoned behind enemy lines. This is a journey of a Rookie Soldier exploring the war while searching for a way to revenge his family and locate his missing friend.
8 93 - In Serial13 Chapters
Path
Ancients exist. Gods battle. Relics are treasured. Races with different innate abilities.A world where options aren't bound by fate or destiny. Everyone can twist their road of life as long as they have power.People who have special abilities are called [Anomaly] that can be said to practice the gods techniques and can forge a body alike to the gods.But what do you call someone with abilities that exceeds an [Anomaly] ?Behold the story of Draenol as a being that exceeds an [Anomaly].-------------------------------------------------------------------------------------------------------------------------------------------------(I would highly appreciate it if you guys give me some reviews, even if it's not a constructive one or just something like a rant about how I write the story.)--------------------------------------------------------------------------------------------------------------------------------------------------I'll be doing chapters around 1k words each now because I think I've finished laying out the foundation of the story. However, if you guys think that it needs more dialogue, I'll be happy to input that. Although I say that, the following chapters that I'll be uploading will be more or less straight to the point to give a faster feeling for the plot. Don't worry though, I'm not going to abandon writing the intricate details, especially the ones that you guys need to know in order to have knowledge of the world that they're in, and the lore that I'm weaving.
8 66 - In Serial66 Chapters
Bug Bytes
When technolgy runs amok, who better to stop it than the Amish.
8 319 - In Serial6 Chapters
Barter System (or BS like BullSh*it)
a young dark elve finds himself confronted with a dark reality, but he finds salvation in a system and tried to carve his own legend in a world that is not forgiving, so will he succeed or fail, that is what we are about to find out
8 159 - In Serial27 Chapters
Chicos de Kof reaccionan a....
Son chats donde algunos chicos de Kof reaccionan a cualquier cosa.Ejemplo:Que no te bañaste o te tiraste un pedo jsjsj pueden pedir a lo que reaccionen jejejeLos personajes no me pertenecenLe pertenecen a SNKLas imágenes no son mías créditos a sus respectivos autores
8 425

