《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၆] ရွှေ့မြန်လန်ချင်း|ေ႐ႊ႕ျမန္လန္ခ်င္း
Advertisement
!unicode!
မင်ချီမှာအစကနောက်နေခြင်းဖြစ်သော်လည်း ရှုလင်ကျားကမျက်မှောင်ကြုတ်ထားကာ အလေးအနက်စဥ်းစားနေပုံပေါ်သည်ကိုသူမမြင်လိုက်ရသည်၊ မသိလျှင် ဤကိစ္စကားအလွန်တရာအရေးကြီးသည့်ကိစ္စဖြစ်သည့်အလား။
သူမသည်မြေခွေးမျိုးနွယ်စုတွင်ရှိနေခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ဤမျှဖြူစင်သောကောင်လေးကိုလုံးဝမတွေ့ဖူးခဲ့ပေ။ ရှုလင်ကျားဟာအလွန်ချစ်စရာကောင်းသည်ဟု သူမမနေနိုင်ဘဲတွေးမိသည်။ သူမပြုံးကာဆိုမိသည်။
"မဖြေလည်းရပါတယ်၊ ငါကဒီတိုင်းမေးလိုက်တာ၊ မင်းဒီလောက်လေးလေးနက်နက်ကြီးတွေးနေစရာမလိုပါဘူး။ မင်းရဲ့ချစ်သူလေးရဲ့သရုပ်မှန်နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေလို့လား၊ မင်းရဲ့မိဘနဲ့ဆရာတွေလက်မခံမှာကြောက်နေတာလား။"
ရှုလင်ကျားခေါင်းခါကာပြောမိသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်ဟိုးငယ်ငယ်လေးကတည်းက ကျွန်တော့်မိဘတွေနဲ့ကွဲသွားခဲ့တာ။ အဲ့ဒီ့နောက်မှာ ကျွန်တော်ဂိုဏ်းကထွက်လာတော့ ကျွန်တော့်ကိုဘယ်သူမှဂရုမစိုက်ကြတော့ဘူး။"
သူထိုသို့ပြောလာသည်ကိုမင်ချီကြားလိုက်ရသော် သူမမနောက်တော့ဘဲ ပြောလိုက်သည်။
"မင်းရဲ့မိဘတွေမင်းကိုအရမ်းသတိရနေမှာပဲ၊ သူတို့မင်းကိုနေရာအနှံ့လိုက်ရှာနေလောက်တယ်။ ငါကတော့ ငါ့သားကိုရှာမတွေ့တော့ဘူး၊ ငါသူ့ကိုနေ့တိုင်းသတိရတယ်၊ ကလေးဘယ်မှာရှိနေလဲလို့ ငါသူ့အဖေကိုမေးချင်ပေမဲ့ အခုမိစ္ဆာတွေကဒီလိုဖြစ်ကုန်တော့ အဲ့ဒီကောင်သေလားရှင်လားမသိရဘူးလေ။"
ရှုလင်ကျားတွေးမိသည်၊ သူမကသူမသားအကြောင်းပြောနေတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့မိစ္ဆာတွေကပါလာရတာတုန်း။
သူတစ်အောင့်မျှတွေးပြီးနောက် မင်ချီနှင့်ချန်နဥ်ပြောခဲ့သည်ကိုသတိရသွားကာ ရုတ်ခြည်းတုံ့ပြန်နိုင်သွားပြီး ပြောမိသည်။
"မင်မျိုးနွယ်စုခေါင်၊ ခင်ဗျားရဲ့ခင်ပွန်းက....မိစ္ဆာဧကရာဇ်လား။"
မင်ချီကပြုံးကာဆိုသည်။
"မင်းမသိဘူးလား။ ဒါပေမဲ့ သူကငါ့ခင်ပွန်းမဟုတ်ဘူး၊ ငါ့ရဲ့ချစ်သူဟောင်းပဲ။ ဇုန်ဝူရှင်းရဲ့ချစ်ဒုက္ခကပ်ဘေးကြောင့်မဟုတ်ရင် ငါဒီလိုဖြစ်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့နှစ်ယောက်မှာတူညီတဲ့ကပ်ဘေးရှိလာတော့ ငါတို့အသက်ကြောင့် နည်းလမ်းမရှိတဲ့အဆုံး ခဏလောက်လုပ်ဖြစ်ခဲ့ကြတယ်။"
"အချိန်ကြာပြီးတဲ့နောက်မှာ သူ့ရဲ့ပင်ကိုယ်စရိုက်ကငါတွေးထားသလိုမဟုတ်တာကိုသိလိုက်ရတယ်၊ ပြီးတော့ သူကကောင်းကောင်းမွန်မွန်မွေးဖွားလာတဲ့အချက်အပြင် ငါတို့ရဲ့ကလေးဟာလောကကြီးထဲမှာအလှဆုံးသောအလှတရားဖြစ်မယ်လို့ငါထင်တယ်...."
သူမသည်ထိုသို့ပြောရာတွင် သူမတစ်ကိုယ်လုံးမှာအနည်းငယ်မိန်းမောလာပြီး သူမအသံမှာတဖြည်းဖြည်းချင်းနိမ့်လာပေ၏။
"ဒီကပ်ဘေးမှာ ငါတို့တွေအချင်းချင်းအပြစ်တင်ခဲ့ကြတယ်။ စိတ်မကောင်းဖြစ်စရာအကောင်းဆုံးက ဒီကလေးပဲ။"
ရှုလင်ကျားပြောမိသည်။
"ဒါပေမဲ့ ခင်ဗျားကဇုန်ဝူရှင်းကိုချိပ်ပိတ်ဖို့ဆန္ဒရှိမှတော့ ခင်ဗျားရဲ့အသက်ကိုစတေးပစ်ရမှာပဲလေ။ မင်မျိုးနွယ်စုခေါင်ကလွတ်လွတ်လပ်လပ်ရှိပြီး ဂုဏ်ယူဝံ့ကြွားတတ်တဲ့လူစားမျိုးပဲကို၊ ခင်ဗျားအသက်ရှင်ချင်တာကြောင့်နဲ့တော့ ခင်ဗျားမကြိုက်တဲ့လူတစ်ယောက်နဲ့အတူမနေလောက်ဘူးလေ၊ 'ဟုတ်တယ်မလား'။ ခင်ဗျားကသူနဲ့အတူနေပြီး ကလေးတစ်ယောက်မွေးဖို့ဆန္ဒရှိနေမှတော့ ခင်ဗျားသူ့ကိုအရမ်းသဘောကျနေလို့ပေါ့ဗျာ။"
မင်ချီမှင်တက်သွားကာ မနေနိုင်ဘဲရှုလင်ကျားကိုတစ်ချက်ကြည့်မိလိုက်သော်လည်း သူ့နှုတ်ခမ်းထက်တွင်အပြုံးတစ်ပွင့်ရှိနေပုံမှာ အနည်းငယ်ဉာဏ်များမှုကိုထုတ်ပြလို့နေသည်။
သူမကူကယ်ရာမဲ့စွာရယ်မောမိသည်။
"အနိုင်ယူလိုစိတ်ကြီးတဲ့ကလေးပါလား၊ ငါမင်းကိုစလိုက်လို့ မင်းကငါ့ကိုကလဲ့စားပြန်ချေနေတာပေါ့လေ? မင်းရဲ့သင်ယူနိုင်စွမ်းကအရမ်းမြန်တာပဲ! ဒါပေမဲ့ ငါကမင်းလိုမျိုးမရှက်တတ်ဘူး။ ငါကြိုက်တဲ့ယောက်ျားတွေအများကြီးရှိပေမဲ့ အမှန်ပဲ၊ ငါ့တစ်ဘဝလုံးကိုသူနဲ့အတူဖြတ်သန်းဖို့ငါတွေးခဲ့မိတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်မဖြစ်ခဲ့ဘူး။"
သူမကားများသောအားဖြင့် ထိုသို့ပြောရသည်ကိုတွန့်ဆုတ်လေ့ရှိသော်လည်း ချဥ်စူးစူးအချစ်မှာတတွတ်တွတ်ဆိုနေသည်ဖြစ်ရာ မဟုတ်ရင်သူမထုတ်ပြောမိမည်မဟုတ်။
သို့သော် လူ့လောကအကြောင်းသိပ်မသိဘဲ သူနှင့်မရင်းနှီးသည့်အပြင် သူမထက်နှစ်ပေါင်းများစွာငယ်ရွယ်သော အငယ်လေးရှုလင်ကျားနှင့်အတူထိုင်နေရင်းဖြင့် အလွန်နက်ရှိုင်းသည့်တစ်စုံတစ်ရာကိုပြောဖို့ရာကြုံတောင့်ကြုံခဲဖြစ်ပေရာ မင်ချီအားကူကယ်ရာမဲ့စွာဖြင့်အတိတ်အကြောင်းစဥ်းစားမိသွားစေသည်။
အင်း၊ ဤအခိုက်အတန့်မှာ သူမ၏သားလေးကိုအလွန်သတိရမိကြောင်း ဝန်ခံရပေမည်၊ လက်ရှိမှာတော့ဖြင့်.... သူရှင်လား သေလားမသိရသေးပေ။
လောကတစ်ခွင်ကိုသိမြင်နိုင်သောမြေခွေးမတစ်ကောင်ပင်လျှင် အိမ်တစ်လုံးရှိကာ ငြိမ်းချမ်းစွာဖြင့်မိသားစုငယ်လေးတစ်ခုပိုင်ဆိုင်ချင်မိသည်ပင်။
ရှုလင်ကျားထပ်မေးမိသည်။
"ဇုန်ဝူရှင်းရဲ့ကပ်ဘေး... ခင်ဗျားမဖြေရှင်းနိုင်လို့ရှိရင် တကယ်ပဲအသက်အန္တရာယ်ရှိတာလား။ မင်မျိုးနွယ်စုခေါင်နဲ့ မိစ္ဆာဧကရာဇ်ပေါ်ကပ်ဘေးမှာကော အကျိုးသက်ရောက်မှုတစ်ခုခုရှိလားလို့ ကျွန်တော်မေးခွင့်ရှိမလား။"
မင်ချီကဆိုသည်။
"ငါလည်းသိချင်နေတာ။ မိစ္ဆာဧကရာဇ်ရဲ့သေရေးရှင်ရေးက ဒီအဖြေနဲ့တော်တော်လေးသက်ဆိုင်နေတယ်။"
သူမပြန်တွေးကြည့်လိုက်သည်။
"ဇုန်ဝူရှင်းကိုမချိပ်ပိတ်ခင်တုန်းက ငါသူ့ကိုတစ်ခါမှမမြင်ဖူးဘူး။ ငါတို့နေရာယူတော့ သူကငါ့ဘေးမှာပဲ။ နောက်တော့ ဇုန်ဝူရှင်းတိုက်ခိုက်လာတယ်။ သူကငါ့အတွက်အဲ့ဒီ့တိုက်ကွက်ကိုကာပေးချင်ပေမဲ့ လူတိုင်းထိမိသွားတော့ တကယ်ကံဆိုးသွားတယ်...."
မင်ချီကချစ်ဒုက္ခကပ်ဘေးနှင့်ပတ်သတ်၍ မိစ္ဆာဧကရာဇ်နှင့်သူမ၏အတွေ့အကြုံအကြောင်းပြောနေသည်ကိုကြားလိုက်ရရင်း ရှုလင်ကျားမဖြေပေမဲ့ သေချာဂရုတစိုက်နားထောင်ပေးမိသည်။
မင်ချီကပြောလာသည်။
"ချစ်ဒုက္ခကပ်ဘေးနဲ့ပတ်သတ်ပြီး ဘယ်သူမှဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ နောက်ဆုံးစမ်းစစ်ချက်ကတော့ အချစ်နဲ့အမုန်းကြားမှာပိတ်မိနေပြီး အချင်းချင်းပျက်စီးစေတာပဲ။ ဒီကိစ္စကိုဖြေရှင်းရမယ်လို့ငါတွေးမိတယ်၊ ငါမိစ္ဆာဧကရာဇ်ကိုစိတ်မဝင်စားတော့ ငါသူနဲ့စကားမပြောချင်ခဲ့ဘူး။ ငါအချိန်အကြာကြီးဆွဲနေမိခဲ့ပေမဲ့ ကပ်ဘေးကိုမတုံ့ပြန်တဲ့အတွက် ကောင်းကင်ဘုံကမိုးကြိုးပစ်ချတာကိုလည်းမခံချင်ဘူးလေ။"
"အဲ့ဒီ့အချိန်တုန်းက သူကငါ့ရှေ့မှာရပ်နေပြီး ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေကိုခံစားနေရတာမို့လို့ ငါအန္တရာယ်ကိုအခွင့်ကောင်းယူပြီးတော့ သူ့ကိုမေ့သွားအောင်လုပ်ပြီးကြိုးတုပ်ပြီးတော့ ချင်းချိုးဆီခေါ်လာခဲ့တယ်။"
ရှုလင်ကျား: "....အယ်?"
မင်ချီကရယ်သည်။
အခုပြန်ကြည့်မိရာ ထိုအချိန်တုန်းကသူမမှာဘယ်လိုလုပ်ပြီး ထိုကဲ့သို့"အံ့သြဖွယ်ရာ"အတွေးရှိခဲ့မှန်းမသိပေ။
မင်ချီကကျားရွှမ်ကိုခေါ်လာပြီး သူမအခန်းထဲတွင်ပိတ်လှောင်ထားကာ ရက်ပေါင်းများစွာဂရုစိုက်ပေးပြီး သူနိုးလာသည့်အခါ သူနှင့်ဆွေးနွေးခဲ့သည်။
"အရှင်မိစ္ဆာဧကရာဇ်၊ ရှင်မြင်တဲ့အတိုင်းပဲ- ကျွန်မတို့နှစ်ယောက်လုံးချစ်နေကြမှတော့ ကျွန်မတို့စဥ်းစားရတော့မယ်၊ ဖြေရှင်းလို့ရမဲ့နည်းလမ်းရှိတယ်မလား။"
ကျားရွှမ်ကချောင်းနှစ်ချက်ဆိုးကာ သူ့မျက်နှာမှာစက္ကုပမာဖြူဖျော့နေပြီး သူကားစိတ်အခြေအနေဆိုးဝါးနေသယောင်၊ သူကဆိုလာသည်။
"မင်မျိုးနွယ်စုခေါင်ကဘာလိုချင်တာလဲ။"
မင်ချီအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"မကြောက်ပါနဲ့ရှင်၊ သိပ်မခက်ပါဘူး။ အချစ်ရေးကိစ္စမှာ ကျွန်မရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံပေါ်အခြေခံရရင် ဒီချစ်ဒုက္ခကပ်ဘေးက လူနှစ်ယောက်ရဲ့ခံစားချက်တွေကြောင့် အပြန်အလှန်ပျက်စီးစေတာထက်မပိုဘူးရယ်။ ပျက်စီးခြင်းမရှိရင် ပျက်စီးခြင်းကအလိုလိုဖြစ်ပေါ်လာလိမ့်မယ်။ အဲ့တော့ တစ်ခုခုရှာလုပ်ရမယ်။"
"အခုကျွန်မကရှင့်ကိုချည်တုပ်ပြီးခေါ်လာပြီးတော့ ရှင်နဲ့ကျွန်မနှစ်ယောက်လုံးအတွက်ကောင်းဖို့ ရှင့်ကိုဖိအားပေးချင်တယ်။ ရှင်မလိုချင်ရင်တောင် ဒါကရှင့်အတွက်ကပ်ဘေးတစ်ခုဖြစ်နေတုန်းပဲလေ။ ကျွန်မအနေနဲ့ကတော့ ရှင့်ကိုဖြစ်နိုင်တဲ့နည်းလမ်းအကုန်သုံးပြီးမြှူဆွယ်မယ်၊ ဒါပေမဲ့ ကျွန်မကတစ်ဖက်သတ်အချစ်နဲ့ပဲချစ်နိုင်မယ်၊ အဆင်ပြေလား။"
ကျားရွှမ်သည်သူမအားအလွန်မဖော်ပြနိုင်သောအကြည့်ဖြင့်ကြည့်လာ၏။ သူဘာမှမပြောလာခင် အကြိမ်ပေါင်းများစွာတုံ့ဆိုင်းနေမိသည်။ မင်ချီ၏မျက်ခုံးများကိုမြင်လိုက်ရရင်း သူမကိုမတားမိတော့ဘဲနောက်ဆုံးတွင်ပြောမိသည်။
"မင်းဉာဏ်သိပ်ကောင်းလွန်းတယ်။"
"ရပါတယ်၊ အဓိကကြုံတွေ့ရမဲ့ဟာပဲကို။"
မင်ချီကခေါင်းငုံ့ကာ ကျားရွှမ်၏မျက်နှာပေါ်နမ်းရှိုက်လျက် သူ့မျက်နှာကိုတို့ထိကာပြောလိုက်သည်။
"ရှင့်ရဲ့အကျင့်စရိုက်ကသိပ်ပြီးချစ်ဖို့မကောင်းပေမဲ့ ရှင်ကကြည့်ကောင်းတော့ ကျွန်မအရှုံးမရှိဘူးရယ်။ ဟုတ်တာပေါ့၊ ကျွန်မကလည်းရုပ်ချောတော့ ရှင်လည်းအရှုံးမရှိဘူးမလား။"
ကျားရွှမ်မှာသူ့လက်ချောင်းများကိုလှုပ်ရှားရန်ရုန်းကန်နေပြီး နောက်ဆုံးတွင်လက်မောင်းမြှောက်နိုင်သွားကာ သူ့မျက်နှာသုတ်ပစ်လိုက်သည်။
မင်ချီကသူ့ကိုရယ်သည်။
"ရှင့်မှာသားတော်တွေအများကြီးရှိနေတာပဲကို ဘာကြောင့်များသန့်ရှင်းစင်ကြယ်တဲ့အမျိုးသားတစ်ယောက်ပုံစံဖမ်းချင်နေသေးတာတုန်း။"
ကျားရွှမ်ပြောမိသည်။
"ငါလိုချင်တာနဲ့ မလိုချင်တာ ကွာသေးတယ်။"
မင်ချီကစိတ်အားထက်သန်စွာဆိုလာသည်။
"ကျွန်မလိုချင်တာကရှင်မလိုချင်တဲ့ဟာပဲ။ အင်း၊ ရှင်သာဆန္ဒရှိလို့ရှိရင် ပြည့်တန်ဆာဖြစ်ရတဲ့နာကျင်မှုကိုခံစားရမှာတောင်မဟုတ်ဘူး။ ကိစ္စမရှိပါဘူး၊ ကျွန်မရှင့်ကိုနေ့တိုင်းစမယ်၊ ရှင်ငိုလို့ရတယ်၊ ပြဿနာရှာလို့ရတယ်၊ ဒါမှမဟုတ် ကျိန်ဆဲလို့ရတယ်၊ ရှင်သေခြင်းနဲ့ရှင်ခြင်းကိုရှာဖွေလို့ရတယ်။ ကျွန်မတို့အချင်းချင်းဖျက်ဆီးလုနီးပါးဖြစ်လာတဲ့အခါကျရင် ရှင်ကကျွန်မရှာမတွေ့နိုင်တဲ့နေရာကိုထွက်ပြေးသွားရမယ်။ ကျွန်မကကျွန်မလိုချင်တာကိုသည်းကြီးမဲကြီးလိုက်ရှာမယ်၊ အဆုံးမှာ ကျွန်မတို့အချင်းချင်းဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်ဘူး၊ ပြီးရင် ဒီကပ်ဘေးကြီးလည်းပြီးဆုံးသွားလိမ့်မယ်။"
ကျားရွှမ်မှာမျက်စိမှိတ်လျက်သားဖြင့် သူမ၏အစီအစဥ်အပေါ်စိတ်သောကရောက်နေသယောင်။
မင်ချီသည်သူစိတ်သောကရောက်သည်မရောက်သည်ကိုဂရုမစိုက်ဘဲ သူမထိုအကြောင်းတွေးလေလေ သူမပိုမိုစိတ်ဝင်စားမိလေလေပင်။
သူမသည်ယခင်တုန်းကထိုကဲ့သို့ကပ်ဘေးမျိုးကိုမြင်သာမြင်ဖူးခဲ့ပြီး ကိုယ်တိုင်တွေ့ကြုံခံစားဖူးခြင်းမရှိခဲ့ပေ။ အမြဲတစေအေးစက်၊ ခါးသက်ကာမုန်းတီးနေသော ကျားရွှမ်၏မျက်နှာလှလှလေးဟာ ရိုးစင်းစွာဖြင့် ဒီ့အတွက်ပြီးပြည့်စုံသည်!
သူမကကျားရွှမ်၏အေးစက်သောမျက်နှာကိုနေ့တိုင်းအချိန်မှန်လာကြည့်ကာ တာဝန်ကျေပွန်စွာဖြင့်သူ့ကိုစနောက်ကာ သူ့ဒဏ်ရာများကိုဂရုစိုက်ပေးခဲ့သည်။
ကျားရွှမ်ကအခြားသူတို့အားသူ့ကိုယ်ကိုထိခွင့်မပေးသောကြောင့် မင်ချီကိုယ်တိုင်လုပ်ပေးရသည်။
အဆုံးတွင် ဤဒဏ်ရာကား သူမ၏လှုပ်ရှားမှုများကိုပိတ်ပင်ဖို့ရာ ကျားရွှမ်ခံစားနေရသည့်အရာဖြစ်နေသေးသည်။ ဒဏ်ရာတစ်ခုမှာနောက်ထပ်ဒဏ်ရာတစ်ခုဖြစ်ကာ မင်ချီကသူမနှလုံးသားတစ်ခုလုံးဖြင့်ပေးဆပ်သင့်သည့်နေရာနှင့်ပတ်သတ်၍ ဇဝေဇဝါဖြစ်သွားမည်မဟုတ်ပေ။
ပထမဆုံးအကြည့်တစ်ချက်မျှဖြင့် ကျားရွှမ်မှာငယ်စဥ်ကတည်းကခစားခံခဲ့ရပြီး သူမပျော်လို့ရှိရင် တမင်သက်သက်အမှားရှာလေ့ရှိသည်။
တစ်ခါတရံတွင် မင်ချီဟာသူ့ကြောင့်စိတ်ပျက်လက်ပျက်ဖြစ်သွားရကာ မနေနိုင်ဘဲသူ့မျက်နှာပေါ်ရေစိုအဝတ်ပစ်ပေါက်၍ ဆူငေါက်မိသည်။
"ဒီလောကကြီးထဲမှာ ဘယ်လိုလုပ်ပြီးရှင့်လိုယောက်ျားမျိုးရှိနေရတာလဲ! သိပ်ကိုစိတ်ပျက်စရာကောင်းတယ်၊ စိတ်ပျက်စရာကောင်းတယ်! ရှင်! ကိုယ့်ကိုယ်ကိုထိခိုက်အောင်သာသွားလုပ်လိုက်တော့!"
ကျားရွှမ်ကအိပ်ရာပေါ်တွင်လှဲလျက်သားဖြင့် ရေစိုအဝတ်ကိုဖြည်းညှင်းစွာယူကာပြောလာသည်။
"ဒီလောကကြီးထဲမှာ ဘယ်လိုလုပ်ပြီးဒီလိုနှလုံးသားမရှိတဲ့မိန်းမမျိုးရှိနေရတာလဲနော်၊ ငါ့ကိုကျဒီနေရာကိုပြန်ပေးဆွဲလာပြီး ငါ့ဂုဏ်သတင်းကိုဖျက်ဆီးပစ်ပြီးတော့ ငါ့ကိုရိုက်ချပစ်ခဲ့ပေမဲ့ ရက်နည်းနည်းကြာပဲရှိသေးတယ်၊ ဒီလိုစိတ်မရှည်ဖြစ်လာပြီရော်။ မင်းကိုဘယ်လိုပဲကြည့်ကြည့် အချစ်ကြောင့်ပျက်စီးသွားတဲ့လူနဲ့လုံးဝမတူဘူးရယ်။"
Advertisement
မင်ချီပြောမိသည်။
"ရှင့်ရဲ့မျက်နှာသေကြီးကိုကြည့်လိုက်တဲ့ဘယ်သူမဆို စိတ်ထားကောင်းကောင်းထားနိုင်မှာတဲ့လား။ သူတို့ရဲ့ချစ်ခြင်းမေတ္တာအတွက်နေ့တိုင်းရေခဲတုံးနဲ့တုံ့ပြန်ခံနေရတာကိုဘယ်သူကပျော်နိုင်မှာလဲ။ ရှင်ကကျွန်မကိုအရင်ခံစားရအောင်လုပ်မှတော့ ကျွန်မလည်းရှင့်ကိုအချစ်ကြောင့်မုန်းတယ်!"
ကျားရွှမ်ကဆိုလာသည်။
"ငါတော့မင်းကိုဒီလိုမဖြစ်စေချင်ဘူး။ မင်းငါ့ကိုပျော်စေချင်ရင် အရင်ဆုံးသီချင်းဆိုကပြရမယ်၊ ပြီးရင် အိပ်ရာထောင့်လေးမှာထိုင်ပြီး ငါ့အတွက်အိတ်မှာပန်းထိုးပေးရမယ်၊ ယောက်ျားတစ်ယောက်ကိုအဲ့လိုလိုက်ပိုးရမှာလေ။"
သူကားသွေးအေးကာပျင်းရိဖွယ်ကောင်းသည်ဟု မင်ချီအစကထင်မိသဖြင့် ကျားရွှမ်အားမြင်ရသည်ကိုသိပ်သဘောမကျခဲ့ပေ။ နောက်ပိုင်းတွင် သူဟာတကယ်တော့အလွန်ရက်စက်ကာစိတ်ပုတ်သည်ကိုမြင်လိုက်ရသဖြင့် သူမပိုမိုသဘောမကျဖြစ်သွားရသည်။
သူမကကျားရွှမ်၏ဝတ်ရုံကော်လာဆုပ်ကိုင်ကာ ခါးကိုင်းလျက်ပြောမိသည်။
"အဲ့လိုတွေမလုပ်ဘူး! ကျွန်မမှာရွေးချယ်စရာမရှိလို့ ယောက်ျားတွေကိုလိုက်ပိုးနေရတာ!"
မဖော်ပြနိုင်စွာဖြင့် ကျားရွှမ်ဟာလည်းချင်းချိုးတွင်နေထိုင်လျက်ရှိပြီး အစပိုင်းမင်ချီအနားမှာမရှိချိန်တွင် အခန်းထဲခိုးဝင်လာပြီး မိစ္ဆာဧကရာဇ်မည်သို့ပုံစံရှိသည်ကိုလာရောက်စပ်စုလေ့ရှိသည့်မြေခွေးများရှိသည်။ သူ့ကိုမြင်သွားသော် အံ့သြသွားကြကာ "အဲ့တစ်ယောက်ပဲ။" ဟုပြောလာသည်ပင်။
သို့သော် အချိန်အတော်ကြာပြီးနောက်တွင် ကျားရွှမ်၏ခေါင်းစဥ်မှာတဖြည်းဖြည်းချင်းနှင့် အပူအပင်ကင်းသော"မိစ္ဆာဧကရာဇ်"(သို့) "မျိုးနွယ်စုခေါင်၏လူ"ဖြစ်လာခဲ့သည်။ သူကခြံဝန်းထဲရှိထိုင်ခုံပေါ်တွင်လှဲလျက်သားဖြင့် နေပူဆာလှုံနေပြီး သူ့ကိုမည်သူကမျှအကြည့်တစ်ချက်မပေးလေရာ မြေခွေးတစ်ကောင်ကခိုးဝင်လာပြီး ကစားဖို့ရာသူ့ဝတ်ရုံလက်ကိုကိုက်လာလိမ့်မည်ပင်။
ကျားရွှမ်၏ဒဏ်ရာမှာပြန်မကောင်းလာသေးဟုမင်ချီအမြဲထင်ခဲ့မိသည်။ သူမဂရုစိုက်ချင်လို့ရှိရင် ဂရုစိုက်လိမ့်မည်။ ဂရုမစိုက်ချင်သည့်အခါကျရင် ဆူငေါက်လိမ့်မည်ပင်။ ၎င်းနှင့်နေသားကျသွားပြီးနောက်ပိုင်းတွင် သူမစိတ်ပျက်လက်ပျက်မဖြစ်တော့ပေ။ မည်သို့ပင်ဖြစ်စေ ဆူငေါက်ခံရပြီးလဲကျသွားမည်မှာကျားရွှမ်ဖြစ်သည်။
ယင်းကားသူမကိစ္စတချို့လုပ်ရန်အပြင်ထွက်သွားသည့်တစ်ရက်မတိုင်ခင်အထိပင်၊ သူမပြန်လာသော် ချင်းချိုးမှာဆူညံပွက်လောရိုက်နေသည်ကိုမြင်လိုက်ရရာ သူမထိတ်လန့်သွားခဲ့သည်။ တစ်ယောက်ယောက်ကိုမေးလိုက်ရာ သူမထိုနေရာတွင်မရှိချိန် ချင်းချိုးမှာပြဿနာရှာချင်သည့်ရန်သူဟောင်းများထံမှတိုက်ခိုက်ခံခဲ့ရပြီး မိစ္ဆာဧကရာဇ်ကသူတို့ကိုတိုက်ရိုက်သတ်ပစ်ခဲ့ကြောင်းသိလိုက်ရသည်။
ဤကဲ့သို့ဆုံးမခံထားရသည့်ပတ်ဝန်းကျင်မှာ များသောအားဖြင့်ထိုအဘိုးကြီးရဲ့ကြီးမားသောလှုပ်ရှားမှုတိုက်ကွက်တို့၏ဂန္တဝင်လက်ရာများဖြစ်သည်ပင်။
မင်ချီသူ့ကိုသွားရှာရန် ချင်းချိုးထဲဝင်သွားပေမဲ့ ဓားတစ်လက်နှင့်ထွက်လာသည့်ကျားရွှမ်နှင့်တန်းဆုံသည်။ သူမကိုတွေ့သော် သူတန့်သွားသည်။
ဤသည်ကား ဇုန်ဝူရှင်းကိုချိပ်ပိတ်ပြီးနောက်ပိုင်းတွင် သူဓားကိုင်သည်ကိုမင်ချီမြင်ရသည့်ပထမဆုံးအကြိမ်ဖြစ်သည်၊ ထိုအခါမှသာလျှင် ဒီလူဟာတကယ်တမ်းမိစ္ဆာဧကရာဇ်ဖြစ်သည်ကို သူမရုတ်ခြည်းအမှတ်ရသွားသည်။
မင်ချီပြောမိသည်။
"အဆင်ပြေလား။ ရှင်မတ်တပ်ရပ်ပြီးလမ်းလျှောက်လို့ရပြီပေါ့?"
ကျားရွှမ်ကသူမကိုကြည့်ကာဆိုသည်။
"အင်း။"
မင်ချီပြုံးလျက်ပြောမိသည်။
"အခုကနောက်ဆုံးအဆင့်ကိုသွားရမဲ့အချိန်ရောက်ပြီပေါ့? -ကျွန်မမှန်တယ်။ ရှင်ကနှစ်ပေါင်းများစွာအကျဥ်းကျနေခဲ့ပြီးတော့ ကျွန်မကရှင့်ကိုဆွဲဆောင်ခဲ့ပေမဲ့ ရှင်ကမတုံ့ပြန်ခဲ့ဘူး။ ရှင်ပြန်ကောင်းသွားတော့ ချင်းချိုးကိုသတ်ဖြတ်ခဲ့တယ်၊ ကျွန်မတို့နှစ်ယောက်ဘယ်တော့မှထပ်မတွေ့ကြတော့ဘူး။"
ယင်းကားတကယ့်ကိုကပ်ဘေးပင်။
ကျားရွှမ်ကဖြည်းညှင်းစွာဓားမြှောက်ကာ စတိုက်မည့်ကိုယ်နေဟန်ထားဖြင့်ပြောလာသည်။
"မင်းတကယ်တိုက်တော့မှာလား။"
မင်ချီ၏မျက်နှာထက်ရှိပုံမှန်အပြုံးမှာ နောက်ဆုံးတွင်အေးခဲသွားရပေမဲ့ သူမ၏ပုံမှန်မဟုတ်သောအပြုအမူကိုဖုံးကွယ်ကာပြက်ရယ်ပြုလိုက်သည်။
"ရှင်ကအလွယ်လေးပြောလိုက်တာပဲ၊ ဒါကကျွန်မရဲ့ချင်းချိုးနယ်မြေနော်၊ ရှင်ဘာလုပ်ခဲ့လဲ။ ဒီနေရာကဘယ်သူ့ကိုမဆိုထိခိုက်အောင်လုပ်တာက ကျွန်မကိုထိခိုက်အောင်လုပ်တာပဲ။ ရှင်ပြန်ကောင်းသွားပြီဆိုတော့ ရှင့်ကိုဘယ်သူကတားနိုင်မှာတဲ့လဲ။ ဒီနှစ်တွေအများကြီးကြာပြီးနောက်မှာ အဆုံးသတ်ကိုရောက်ခါနီးပြီ၊ ထွက်သွား!"
ကျားရွှမ်ကဆိုသည်။
"ခုနကချင်းချိုးကိုကာကွယ်ခဲ့တာကငါပါ၊ မင်းလူတွေကိုဆူငေါက်တာတစ်ရက်လောက်ရပ်ပေးလို့ရမလား။"
မင်ချီပြောလိုက်သည်။
"ရှင်ဒီနှစ်တွေမှာစားသောက်တာတွေအတွက် ကျေးဇူးဆပ်တယ်လို့သဘောထားလိုက်ပေါ့၊ ခွေးတောင်ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲသိသေးတာပဲကို။"
ကျားရွှမ်ကသူမကိုနက်နဲသောအကြည့်တစ်ချက်ပေးကာ လှည့်ထွက်သွားသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်၌ သူအနောက်လှည့်ကာပြောမိသည်။
"မင်းရဲ့စရိုက်ကတကယ်ဆိုးဝါးလွန်းတယ်၊ မင်းနဲ့မကိုက်တာတစ်ခုခုရှိလို့ရှိရင် မင်းလိုချင်သလောက်ငါ့ကိုရိုက်နှက်တယ်၊ မဟုတ်ရင် ဆူငေါက်ပြန်ရော။ ငါ့ကိုဆူငေါက်တာကအဆင်ပြေပါတယ်။ မင်းအပြင်ထွက်တဲ့အခါကျရင် မင်းမှာအာဃာတမရှိဘူးလား။ မင်းကမကြောက်ပေမဲ့ တစ်နေ့ကျရင် အာဃာတတရားကိုကိုင်ဆွဲထားပြီး မင်းနောက်ကွယ်မှာလှည့်ကွက်သုံးမဲ့လူယုတ်မာနဲ့မတွေ့မိအောင်ဂရုစိုက်အုံး။"
မင်ချီကဆိုသည်။
"ရှင်အတွေးလွန်နေပြီ။ ဒီလောက်နှစ်တွေကြာပြီကို ကျွန်မကအဲ့လိုမြောင်းထဲမှောက်ရက်လဲကျမယ်တဲ့လား။ ကျွန်မကိုအထင်သေးမသေးနဲ့။"
ကျားရွှမ်ကခေါင်းငြိမ့်ကာ ထွက်သွားဖို့ပြင်လိုက်ပြန်သည်၊ သူကလမ်းလျှောက်သွားနေရင်း ပြောလာသည်။
"မလိုပါဘူး၊ မင်းရဲ့အမြင်ကသိပ်ဆိုးဝါးလွန်းတယ်၊ ဒီနှစ်တွေမှာ ငါမင်းရဲ့ချစ်သူဟောင်းတွေအသွားအပြန်လုပ်နေတာကိုမြင်ခဲ့ရတာပဲ၊ တစ်ယောက်ကနောက်တစ်ယောက်ထပ်ရုပ်ပိုဆိုးတယ်။ ကြည့်လိုက်ရင် တစ်ခုခုမှားနေသလိုပဲ၊ အနာဂတ်မှာသေချာကြည့်ရွေးဖို့မမေ့နဲ့အုံး။"
မင်ချီနောင်တရသွားသည်၊ အခုသူမတကယ်ပဲကျားရွှမ်နှင့်တိုက်ခိုက်ချင်မိသည်။
ကျားရွှမ်ပြောလို့ပြီးသွားသော် သူလှည့်ကာချင်းချိုးမှလျှောက်ထွက်သွားသည်။ တကယ်တမ်းတွင် သူဟာမိုင်ပေါင်းများစွာနေရာရွှေ့ပြောင်းသွားလို့ရသည်၊ မင်ချီကအေးစက်စက်ကြည့်နေပြီး ထိုလူပြန်လှည့်လာမည်ကိုစောင့်နေသည်။
ရလဒ်အနေဖြင့် ဤတစ်ခေါက်တွင် ကျားရွှမ်မှာဝေးသထက်ဝေးဝေးရောက်သွားသည်။
မင်ချီသူ့ကျောပြင်ကိုကြည့်ကာ ဘာတွေးမိမှန်းမသိပါဘဲလွှတ်ခနဲပြောမိသည်။
"ဝေ့၊ ခဏရပ်!"
တစ်ပြိုင်နက်တည်းပင်၊ ကျားရွှမ်ဟာလည်းလှည့်ကာပြောလာသည်။
"တကယ်တော့ ငါ့မှာမေးစရာတစ်ခုရှိနေသေးတယ်။"
နှစ်ဦးသား၏အသံမှာအတူရောထွေးသွားပြီး သူတို့နှစ်ဦးစလုံးတောင့်တင်းသွားကြသည်။
မင်ချီပြောမိသည်။
"ရှင်ဘာပြောမလို့လဲ။"
ကျားရွှမ်ကဆိုသည်။
"ချစ်ဒုက္ခကပ်ဘေးက...တစ်ဖက်သတ်အချစ်ဖြစ်မှရမှာလား၊ အဲ့လိုမဟုတ်ရင်ကော? တကယ်လို့ လူနှစ်ယောက်ကအပြန်အလှန်ချစ်ကျွမ်းဝင်ပြီး အဆုံးမှာအတူသေဆုံးသွားကြလို့ရှိရင် အဲ့ဒါဟာလည်းချစ်ဒုက္ခကပ်ဘေးပဲမလား။"
မင်ချီမှာသူ့ကိုမဆူငေါက်တော့ဘဲ ကျားရွှမ်ကိုမေးလာသည်။
"ဒါဆို ရှင်သေရမှာကြောက်လား။"
ကျားရွှမ်ပြောမိသည်။
"ကြောက်တယ်။ ဒါပေမဲ့မင်းတန်တယ်လို့ထင်ရင်တော့ သေရတာကဘာမှမဖြစ်ဘူး။"
သူကမင်ချီကိုကြည့်ကာဆိုသည်။
"ဒါပေမဲ့ ငါမင်းမသေအောင်ကြိုးစားမယ်။"
သူတို့နှစ်ဦးကြားရှိဆက်ဆံရေးကား အမြဲတစေဖြစ်နိုင်ချေမရှိခဲ့ပေ။ တစ်ဦးမှာကမ္ဘာ့နံပါတ်တစ်မြေခွေးမတစ်ကောင်ဖြစ်ပြီး အခြားတစ်ဦးမှာကမ္ဘာကသိသည့်ကြီးမြတ်သောမိစ္ဆာတစ်ကောင်ဖြစ်၏။ နှစ်ဦးသားတွင်ကောင်းမွန်သောအတိတ်နှင့်ကြိုတင်ခန့်မှန်းမရသောဆိုးဝါးသည့်အနာဂတ်တို့ရှိသည်။
အစပိုင်း၌ သူတို့သည်မည်သို့ပင်ဖြစ်စေဝေးဝေးနေသင့်သော်လည်း ဤအခိုက်တန့်တွင် ဉာဏ်ကောင်းသောလူနှစ်ဦးဟာအတူရှိဖို့ဆုံးဖြတ်ခဲ့ပြီး သူတို့သာတစ်ရက်ပို၍အတူရှိနိုင်လျှင် သူတို့တစ်ရက်ပိုနေနိုင်မည်ဖြစ်ကာ နောက်ဆုံးတွင်သေဆုံးသွားခဲ့သည်ရှိသော် သူတို့ဆန္ဒရှိပေ၏။
ရှုလင်ကျားမှာမသိလိုက်မသိဘာသာဖြင့်မှင်တက်နေမိပြီး မင်ချီ၏စကားထဲရှိအတိတ်အချိန်ကာလမှာ အိုဟောင်းသောအချိန်တို့၏ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများထင်ဟပ်နေခဲ့သည်။
မင်ချီ၏လေသံမှာအနည်းငယ်စိတ်ပျက်စရာကောင်းသော်လည်း အတိတ်ကိုလွမ်းဆွေးမှုနှင့်ပျော်ရွှင်မှုတို့ကိုသူကြားနိုင်သည်။
ကျားရွှမ်ကအနောက်လှည့်ကာမေးခွန်းမေးသည့်အချိန်ကိုပြောပြလာချိန်တွင် မင်ချီကမျက်နှာလှည့်လိုက်ရာ လရောင်မှာသူမမျက်ဝန်းပေါ်ဖြာကျလာပေသည်။
ထိုအကြည့်ကိုအရင်ကမြင်ဖူးသည်ဟု ရှုလင်ကျားတွေးမိသည်။ ထိုအကြောင်းတွေးမိရာ ခုနကကျင်းဖေးထုန်ကိုစကားပြောနေတုန်းကဖြစ်သည်ပင်။
သူ့အိပ်မက်ထဲတွင်မြင်ဖူးသည့်ကျားရွှမ်ကိုပြန်မြင်ယောင်ကြည့်မိရာ ထိုသူ့ထံတွင်ထိုကဲ့သို့ဘက်အခြမ်းရှိမည်ဟုသူမထင်ထားခဲ့မိပေ။
မင်ချီကဆက်မပြောလာသဖြင့် ရှုလင်ကျားမမေးတော့ပေ။ မင်ချီမေ့မြောသွားပြီး ကျားရွှမ်လည်းမေ့မြောသွားရာ သူတို့၏ကလေးမှာပျောက်ဆုံးသွားပြီး ယခုတွင်မိသားစုသုံးဦးမှာတစ်ဦးစီ၏အခြေအနေကိုပင်မသိကြပေ။ ၎င်းဟာလည်းကပ်ဘေးမှာဖြတ်သန်းဖို့ရာမလွယ်ကြောင်းနားလည်ရလွယ်သည်။
နှစ်ဦးမှာတစ်အောင့်ကြာနှုတ်ဆိတ်နေကြပြီး မင်ချီမှာအိပ်မက်ထဲမှနိုးလာသည့်အလား ရှုလင်ကျားကိုကြည့်မိသည်။
သူမသည်နှစ်ရာချီတိုင်အောင်စကားမပြောခဲ့ရပေရာ သူမအချိန်အတော်ကြာအောင်အောင့်အီးနေခဲ့ရ၏။ ဒီကနေ့တွင်မိစ္ဆာအချို့ကိုမြင်လိုက်ရသောကြောင့်ဖြစ်မည်၊ မဟုတ်ရင် မရင်းနှီးသောလူငယ်လေးနှင့်စကားအများကြီးပြောဖြစ်မည်မဟုတ်။
မင်ချီချောင်းအသာဟမ့်ကာ သာမန်ကာလျှံကာမေးလိုက်သည်။
"မင်းကော၊ မင်းမိဘတွေကိုလွမ်းလား။ မင်းတို့ဘယ်လိုကွဲသွားတာလဲ။"
ရှုလင်ကျားမှာသူ၏ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းပြောခြင်းနှင့်နေသားမကျလေရာ ပြောမိသည်။
"ကျွန်တော်သူတို့ကိုကောင်းကောင်းမမှတ်မိဘူးဗျ။ တစ်နေ့မှာကျွန်တော့်အမေကကျွန်တော့်အဖေကိုသွားရှာရမှာမို့ သူမကိုစောင့်နေဖို့ကျွန်တော့်ကိုပြောသွားခဲ့တယ်၊ ဒါပေမဲ့ သူမပြန်မလာခဲ့ဘူးလေ။ နောက်ကျတော့ ရှစ်စွင်းကကျွန်တော့်ကိုခေါ်သွားခဲ့တာပဲ။"
ဤ"ရှစ်စွင်း"ကတော့ဖြင့် သူနှင့်ကျင်းဖေးထုန်ကိုသင်ပေးခဲ့သည့်ရှစ်စွင်းလား၊ (သို့) ဟယ်ဇီကျိုးလားဆိုသည်ကို ရှုလင်ကျားမသိနိုင်ပေ။
မင်ချီမိန်းမောသွားရသည်။ သူမမနေနိုင်ဘဲသူ့ကိုအပေါ်အောက်ကြည့်ကာ ရုတ်ခြည်းမေးမိသည်။
"မင်းအသက်ဘယ်လောက်ရှိပြီလဲ။"
ရှုလင်ကျားဒီမေးခွန်းကိုဖြေနိုင်ပေမဲ့ ယခုမူသူဟာလည်းမသေမချာဖြစ်မိရာ လှောင်ပြုံးတစ်ပွင့်ဖြင့်ခေါင်းခါလျက်ပြောမိသည်။
"ကျွန်တော်လည်းမေ့သွားပြီ။"
မင်ချီမှာတစ်ခုခုပြောချင်ပေမဲ့ ချန်နဥ်ကတည်းခိုဆောင်ထဲမှထွက်လာပြီးဖြစ်ကာ ပြောလာသည်။
"ဒေါ်လေး၊ ကျွန်တော်တို့အခုသွားလို့ရပြီ။"
ရှုလင်ကျားပြန်လာပြီမှန်းသူမသိပေမဲ့ ထိုစကားပြောပြီးနောက် နှစ်ဦးသားအတူထိုင်နေသည်ကိုမြင်သွားကာ အနည်းငယ်အံ့အားသင့်သွားပြီးပြောမိသည်။
"လင်ကျား၊ မင်းမပြန်ဘူးလား။"
ရှုလင်ကျားထရပ်ကာပြောလိုက်သည်။
"ငါမင်းတို့ကိုချင်းချိုးကိုပြန်လိုက်ပို့မှာ၊ ဘာပဲဖြစ်ဖြစ် သိပ်မဝေးဘူးဆိုတော့လေ။ သွားကြရအောင်။"
သူထွက်သွားသည်အထိစောင့်နေပြီး သူထွက်သွားပြီးနောက် မင်ချီကချန်နဥ်ကိုမေးပြန်သည်။
"သူကအရင်တစ်ခေါက်တုန်းကမင်ရှောင်းယောင်ဆောင်တဲ့ကလေးမလား။"
ချန်နဥ်ကပြောသည်။
"ဟုတ်တယ်၊ သူ့နဂိုခန္ဓာကိုယ်ကမင်ရှောင်းနဲ့ပိုဆင်တယ်ထင်လို့လေ။"
မင်ချီပြောမိသည်။
"သူအသက်တစ်ရာပဲရှိသေးတယ်လို့ မင်းငါ့ကိုပြောခဲ့တာကိုငါမှတ်မိပါသေးတယ်၊ မင်းဘယ်လိုသိတာလဲ။...ငါဆိုလိုတာက သူကအသက်တစ်ရာလောက်ပဲရှိသေးပေမဲ့ သူ့ဓားရေးကအရမ်းကောင်းနေလို့လေ။"
ချန်နဥ်ပြောလိုက်သည်။
"သူ့ကိုသူ့ရှစ်စွင်းကခေါ်လာတာ။ သူတောင်ပေါ်တက်သွားတုန်းက လူသားအသွင်မပြောင်းရသေးဘူး။ အချိန်တွက်ကြည့်လို့ရှိရင်သိလိမ့်မယ်။ ကြည့်ရတာတော့ လင်ကျားကိုယ်တိုင်ပြောခဲ့တဲ့ပုံပဲ။"
သူပြောလို့ပြီးသွားသော် မင်ချီနှုတ်ဆိတ်နေသည်ကိုမြင်လိုက်ရပြီး သူဘေးကိုတစ်ချက်ကြည့်လိုက်ရာ သူမမိန်းမောနေသည်ကိုတွေ့လိုက်ရတော့သည်။
ဤရှုထောင့်မှနေ၍ လရောင်မှာသူမ၏မျက်နှာထက်တွင် မျက်ရည်စီးကြောင်းပမာဖြာကျလို့နေသည်။
ချန်နဥ်ကူကယ်ရာမဲ့စွာဖြင့်အနည်းငယ်အဆင်မပြေဖြစ်သွားကာမေးမိသည်။
"ဒေါ်လေး၊ အဆင်ပြေရဲ့လား။ ဒေါ်လေးညတိုင်းငိုနေတာကိုကျွန်တော်မြင်တယ်၊ ဒေါ်လေးရင်ထဲမှာအဆင်မပြေဖြစ်နေတာလား။ မိစ္ဆာတွေကြောင့်များလား။"
မင်ချီကသူ့နားရွက်ကိုထိကာ ခပ်ပြင်းပြင်းလိမ်ဆွဲ၍ အမူအရာမဲ့စွာပြောလာသည်။
"ငါနေ့တိုင်းအရမ်းပျော်ပါတယ်နော်၊ မင်းကသာကန်းနေတာ။"
သူမပြောလို့ပြီးသွားသည်နှင့် ထွက်သွားလေတော့သည်။
_____________________________________
ကျားရွှမ်ကတကယ့်အလှလေး..မင်ချီကတော့ကိုယ်တို့လိုကျားကျားယားယားမိန်းမသားပေါ့~
______________________________________
!zawgyi!
Advertisement
- In Serial8 Chapters
Cymurai
In a dark future, something ancient and immeasurably powerful walks the mutant wastelands...Kensuke is a lowly ashigaru footsoldier in the Tachiyama Clan, one of the few remaining human settlements in a dark, post-apocalyptic future. Thousands of years in the past, deadly nanomutagens were released across Asia, killing hundreds of millions and transforming billions more over subsequent generations. Those who remained immune soon moved into enclaves. In Japan, the feudal system revolving around the samurai class was revived, and resource wars became common.In the present, the Tachiyama Clan is under attack by the brutal Sasagawa Clan whose goal is nothing less than the total subjegation of all remaining human enclaves. Both sides take to the battlefield with human soldiers, robots, and the powerful Augmented Samurai -- cyborg warriors who do battle by plugging into six-meter-tall mecha.Hard sci-fi samuraipunk action!Posting schedule will be slightly faster in the early chapters as I have most of them ready to go. Later chapters will take more time. That said, the outline is written and finished. I imagine the full work will top 50,000 words.Please note: The first 9000 words of this work were posted recently on Patreon (free) as part of a 30-day writing challenge. The work that will appear here will be complete and may differ in editing and chapter order. IMAGE SOURCE: Illustration 171244302 © Grandfailure | Dreamstime.com (Paid)
8 213 - In Serial10 Chapters
Power Fighters
The world is filled with people who have powers. They are called 'Power Fighters'. They compete with each other in friendly fights and tournaments and 'Power Fighting' has become an international sport. Join a band of power fighters as they navigate their way through the world of strong fighters to reach to the top.
8 178 - In Serial37 Chapters
Dampgate Senior Academy - Semesters of Lust
At Dampgate Senior Academy, a boarding school just on the edge of nowhere, no temptations are off-limits and nothing is hidden behind closed doors. Vic, the Academy's newest student, must quickly learn that attachments here are fleeting, but what if his heart wants something other than what his body is getting? Will VIc find a satisfying place for himself in the strangest school for senior boys and girls, or will a mysterious transfer student upend everything, and make him question not only himself, but the very nature of the Academy?
8 149 - In Serial29 Chapters
TRX's Adventures
Set during the 1980s, it narrates the daily life of Mathias, a boy with "psychic powers", and his friends, which ends when something happens that changes the course of our protagonist's life. ... This is titled this way because some letters of the characters' names form the TRX of the title... Although there is one character who literally has that name, it is also named after her. Ah, and if some parts sounds a bit weird because of some words, tell me. This also contains some simple drawings made by me. This is going to have a lot of edits, apparently.... And maybe I'll add a couple of stuff. I'll try to make this be good... Or, at least, fun. ... Also, the older version will stay, but it kind of spoils the plot (although it changed in many ways), so if you want to read it before this... Do it at your own risk.
8 126 - In Serial16 Chapters
One Life
With everything in tatters, Jason jumps on the bandwagon of One Life: Virtual Vacations and Adventures. Giving up everything he knows, he logs in to the game, hoping to find a purpose beyond the rut he had found himself in, in the real world. Lucking out early, Jason discovers a questline no one had managed to find, the now Deran finds himself in a sticky situation, relying on his new friends to help him stay alive. Especially since in this game, you only get one life.
8 153 - In Serial20 Chapters
Panická ataka
(čti [paňická])
8 160

