《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[92]
Advertisement
[Unicode]
092 - ဇနီးလေးက ပြောထားတယ်.....
ချင်မျန်ကတော့ ခြင်းအသေးက ဘယ်သူ့အတွက်လဲဆိုတာ မပြောပေ။
"ကျွန်တော် နားလည်ပါပြီ။ စိတ်ချပါ သခင်လေး။” ရှီလသည် ဇလုံထဲတွင် သူ့လက်ကိုဆေးပြီး တောင်းနှစ်တောင်းကို ယူကာ အမြန်ထွက်သွားသည်။
နေဝင်ချိန်မှာတော့ ချယ်ရီသီးတွေ အားလုံးခူးပြီးသွားချေပြီ။ ချင်မျန်သည် ကူညီလုပ်ကိုင်ပေးသူများအတွက် လုပ်အားခကို ပေးချေလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ကျန်ရှိနေသော ချယ်ရီသီးတောင်းကို ယူပြီး ချယ်ရီသီး သုံးလေးကျင်းခန့်ကို ညွှန်ပြလိုက်သည်။ "အဒေါ်ဖု ဒါက ဦးလေးဖုနဲ့ ရှီလတို့ အတွက်ပါ”
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး" အန်တီဖူမှာ သခင်လေးရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်ခဲ့ပြီး ချင်မျန်ကို ယခင်အတိုင်း အရိုအသေပေးခဲ့သည်။
ချင်မျန်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး ခြင်းတောင်းနဲ့အတူ ထွက်ခွာသွားခဲ့သည်။ ခြံဝင်းတံခါးကနေ အထွက် အဝေးတစ်နေရာက စိမ်းညှို့နေတဲ့ တောအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
နွေဦးရာသီ၏ညနေခင်းတွင် ရွာသားများသည် နေအိမ်များမှ ထွက်လာကြပြီး အေးမြလတ်ဆက်တဲ့လေကို ရှုရှိုက်ရင်း ညစာကို စောင့်ဆိုင်းနေကြပြီး စကားစမြည်ပြောရန် နှစ်ယောက်၊ သုံးယောက် စုရုံးနေကြသည်။
ချင်မျန်ကိုတွေ့သောအခါ အားလုံးက သူ့ကို ဖော်ရွေစွာ နှုတ်ဆက်ကြသည်။
"လဲ့ယ်ထျဲရဲ့ဇနီး.....ဒီလောက် နောက်ကျနေတာကို ဘယ်များသွားမလို့လဲ?"
ချင်မျန်က အပြုံးလေးနဲ့ ပြန်ပြောလိုက်သည်။ "ကျွန်တော့်မိဘတွေဆီကို ချယ်ရီသီးတွေ သွားပို့ပေးမလို့ပါ"
"ဒီလောက် အများကြီး။" ရွာသားတွေက ချီးမွမ်းကြလေသည်။ "မင်းနဲ့လဲ့ယ်ထျဲက မိဘတွေအပေါ်ကို တကယ်သိတတ်ကြတာပဲ"
"ဟားဟား....” ချင်မျန်ကတော့ ရယ်သာရယ်လိုက်သည်။
"မင်းရဲ့ ချယ်ရီသီးတွေက ကြီးရုံတင်မကဘဲ ချိုတယ်လို့ ကြားတယ်။ မရောင်းပေးတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် တစ်ချို့ကို ဝယ်ချင်တယ်။ ဟားဟား...လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကလေးတွေက နေ့တိုင်း ပူဆာနေကြတာ” အဒေါ်တစ်ဦးက စိတ်မကောင်းဖြစ်ဟန် ပြောသည်။
ချင်မျန်ကတော့ တောင်းပန်စကားသာဆိုလိုက်သည်။ "ဒါ အားထျဲနဲ့ ကျွန်တော့်အတွက် ပထမဆုံးအကြိမ် သီးပင်စားပင်တွေ စိုက်ဖူးတာပဲ။ ကံကောင်းထောက်မစွာနဲ့ အဲ့ဒီအသီးတွေက အခြားသူတွေထက် ပိုကောင်းသွားလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့မိဘူး။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ အဲ့အသီးတွေကို ဝိုင်အိမ်မှာ ရောင်းပြီး ပိုက်ဆံပိုရှာချင်တယ်။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ အဲ့လိုမလုပ်ဖြစ်တော့ပါဘူး။ လာမယ့်နှစ်မှာ ချယ်ရီဖျော်ရည်နဲ့ ချယ်ရီယိုအတွက် တစ်ဝက်ကိုသာ သိမ်းထားပြီး ကျန်တာကို ရောင်းချပေးမှာပါ။ အဲ့အခါကျရင် အဒေါ်တို့ ဦးလေးတို့ လိုချင်ရင် လာဝယ်လို့ရပါပြီ။”
ရွာသူရွာသားအနည်းငယ်က အလွန်ဝမ်းသာသွားကြသည်။
"ကောင်းပြီ....ဒါဆို သဘောတူလိုက်ပြီနော်"
ကျိုးရှီသည် ခြံထဲမှာ အဝတ်တွေကို လျှော်နေရင်း ချင်မျန်တစ်ယောက် ချယ်ရီသီးတောင်းတစ်လုံးနဲ့ ဝင်လာတာကို တွေ့လိုက်ရသည်။ အဝတ်လျှော်နေတာကိုပင် သူမ ဂရုမစိုက်နိုင်တော့ဘဲ အပြုံးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာနဲ့အတူ သူ့ကို အပြေးအလွှား သွားကြိုလိုက်သည်။ သူ့လေသံက ရင်းရင်းနှီးနှီးဖြင့် ။ "လောင်တာ့ရဲ့ဇနီး ဒီကို လာတာလား။သယ်ရတာ လေးနေတယ်မဟုတ်လား? ကျွန်မ သယ်လိုက်မယ်နော်။"
အနှီချယ်ရီသီးတောင်း၏အလေးချိန်မှာ အနည်းဆုံး ၈ ကျင်းမှ ၉ ကျင်း ရှိလေသည်။ ပေါ့သည်မဟုတ်။ ချင်မျန် သူမအား ခြင်းတောင်းကို ကိုင်ခွင့်ပေးလိုက်၏။
"အဖေ အမေ! လောင်တာ့ရဲ့ဇနီး ဒီကို လာတယ်!”
ကျိုးရှီက အိမ်ဘက်ဆီသို့ လှမ်းအော်လိုက်သည်။
ဒီကြားထဲ သူမက ချယ်ရီသီး သုံးလုံးလေးလုံးကို ယူပြီး ပါးစပ်ထဲသို့ ထည့်ကာ တက်ကြွစွာ ဆက်အော်ခေါ်နေသေးသည်။ "တာ့ပေါင်း...ရှောင်ပေါင်း...!မင်းတို့ ဘယ်မှာလဲ?"
ချင်မျန် ခေါင်းခါပြီး ပင်မခန်းထဲကို လျှောက်သွားလိုက်သည်။
လဲ့ယ်တာချန်နှင့် တုရှီတို့သည် ကျိုးရှီ၏လက်ထဲတွင်ပါလာသောတောင်းကိုတွေ့သောအခါ ချင်မျန်ကို ပြုံးပြလိုက်ကြသည်။လဲ့ယ်တာချန်က ပြောလိုက်သည်။ "လောင်တာ့ရဲ့ဇနီး....ဝင်ထိုင်လေ"
"မရီး....." လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ချွမ်းထောင်တို့ တယောက်ပြီးတယောက် ပေါ်လာသည်။
လဲ့ယ်ရှန်းရန်သည်လည်း ကျိုးရှီ၏နံဘေးသို့ ပြေးသွားပြီး တုရှီတစ်ယောက် ခြင်းတောင်းကို ဆွဲမကိုင်မီ ချယ်ရီသီးလက်တစ်ဆုပ်စာကို လှမ်းယူထားလိုက်သည်။ ထို့နောက် သူ ချင်မျန်ကို နှုတ်ဆက်လိုက်သည်။
ချင်မျန်ကတော့ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။
"ဖေဖေ...စားချင်တယ်" လဲ့ယ်တာပေါင်းသည် ခြေဖျားလေးထောက်လိုက်ပြီး လဲ့ယ်ရှန်းရန်၏လက်ထဲမှ ချယ်ရီသီးများကို ဆွဲယူလိုက်သည်။ သူ့နှာရည်တွေ ပါးစပ်ထဲ စီးကျနေတာကိုတောင် သတိမထားမိပေ။ချင်မျန် သူ့မျက်လုံးတွေကို အမြန်လွှဲလိုက်ရသည်။ လဲ့ယ်တာပေါင်းက အမြဲနှာရည်ယိုတတ်တဲ့သူဟုပင် သူ ထင်မြင်မိတော့သည်။
“မေမေ....မေမေ သားလည်း စားချင်တယ်" လဲ့ယ်အာပေါင်းသည် လဲ့ယ်ရှန်းရန်၏လက်ကို မှီရန် ငယ်လွန်းသဖြင့် ကျိုးရှီ၏၀တ်စုံကိုသာ ဖမ်းဆုပ်ထားလိုက်သည်။
ဝေရှီကတော့ ချင်မျန်အား သင့်လျော်တဲ့ ခပ်ဖျော့ဖျော့အပြုံးသာ ပြုံးပြလိုက်ပြီး "လောင်တာ့ရဲ့ဇနီး...ငါတို့ကို သတိရတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဒါ လုပ်သင့်တာပါ” ချင်မျန်ကတော့ ယဉ်ကျေးစွာပြန်ပြောလိုက်သည်။
"ချိုလိုက်တာ....” လဲ့ယ်တာချန်က စားနေရင်း ခေါင်းညိတ်လိုက်ပြီး အစေ့အချို့ကို ထွေးထုတ်လိုက်သည်။
တုရှီက တစ်ချို့ကို နှိုက်ယူထားလိုက်ပြီး ပန်းကန်တစ်ချပ်ပေါ် ထည့်ထားလိုက်သည်။ ဒါ လဲ့ယ်ရှန်းကျစ်အတွက် ချန်ထားပေးမှန်း လူတိုင်းသိကြ၏။
"ဒါတွေက ငါတို့မိသားစုကြီးအတွက် မလုံလောက်ဘူး။လောင်တာ့ရဲ့ဇနီး.....ထပ်ပြီးယူဖို့ မင်းနဲ့အတူပြန်လိုက်ခဲ့မယ်" တုရှီက သူ စားနေရင်း ပြောလိုက်သည်။
Advertisement
ချင်မျန် ပြောလိုက်၏။ "အမေ...အပင်ပေါ်က ချယ်ရီသီးတွေက အကုန်ခူးပြီးပြီ။ပြီးတော့လည်း ချယ်ရီဖျော်ရည်နဲ့ ချယ်ရီယိုအတွက် ရောင်းဖို့ ဝိုင်အိမ်ကို ပို့ပေးလိုက်ပြီ"
လဲ့ယ်တာချန် မျက်မှောင်ကြုတ်ကာ "မင်း...."
ချင်မျန် မတ်တပ်ထရပ်ပြီး "အဖေနဲ့အမေ.....နောက်ကျနေပြီ။ ထမင်းချက်ဖို့ ပြန်သွားရမှာမို့ ပြန်လိုက်ပါတော့မယ်။"
တုရှီသည် ကျန်သေးတဲ့ချယ်ရီတွေကို ကြည့်ရင်း ဘာမှ မပြောတော့ဘဲ နှာသာ မှုတ်လိုက်သည်။ ချင်းရှီနှင့် လဲ့ယ်ရှင်းရှင်းတို့ရဲ့အရိပ်ကို သူမ မမြင်ရသောအခါ ပြုံးလိုက်ပြီး လဲ့ယ်ရှန်းရီကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။ "တတိယချွေးမက နေမကောင်းဖြစ်လို့ အနားယူပါစေ။ကျန်တဲ့လူတွေ ဒီကိုလာစားကြ။ ဒါက ကြာရှည်မခံဘူး။”
လဲ့ယ်ရှန်းရန်က ချယ်ရီသီးကို ပါးစပ်ထဲထည့်လိုက်ပြီး လဲ့ယ်ရှန်းရီကို အားရပါးရ ကြည့်နေသည်။
လဲ့ယ်ရှန်းရီကတော့ ဘာမှပြန်မပြောပေ။ သူ မိသားစုနှင့်ခွဲထွက်ရန် တောင်းဆိုပြီးကတည်းက တုရှီနှင့် လဲ့ယ်တာချန်တို့က သူ့အပေါ် ပို၍အေးစက်လာခဲ့ပြီး ချင်းရှီကို ပို၍ပင် မကျေမနပ်ဖြစ်လာခဲ့သည်။ သို့ပေမယ့် သူနောင်တမရ။ ဤသည်မှာ မိသားစုနှင့် ခွဲခွာနိုင်ရေးအတွက် ပေးရမည့်အဖိုးအခပင် ဖြစ်သည်။
ချင်မျန်ကတော့ လမ်းတစ်ဝက်ရောက်ကာမှ ယနေ့ ချင်းရှီနှင့် လဲ့ယ်ရှင်းရှင်းတို့ကို မတွေ့ခဲ့ရကြောင်း ရုတ်တရက် သတိရမိသည်။ သူ့မှာ သံသယတွေရှိနေပေမယ့် အိမ်ကို အပြေးအလွှား ပြန်သွားနေရတာမို့ သူတို့အကြောင်း သိပ်မစဉ်းစားမိတော့ပေ။ လဲ့ယ်ထျဲတစ်ယောက် အခုချိန် ဘယ်နေရာရောက်နေပြီမှန်းလည်း သူမသိ။ သူနဲ့ လဲ့ယ်ထျဲတို့ တရားဝင်လက်တွဲပြီးကတည်းက ခွဲခွာရတာ ဒါပထမဆုံးအကြိမ်ပင်။ လဲ့ယ်ထျဲထံ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ သူသိပေမယ့် သူ့အတွက် စိုးရိမ်နေမိတုန်းပါပဲ။
'လီ' ရာနှင့်ချီ [1လီ = 500m] ဝေးကွာနေပြီ ဖြစ်တဲ့
လဲ့ယ်ထျဲကတော့ တောအုပ်တစ်ခုကို ဖြတ်သွားနေခဲ့သည်။ တောစပ်အနီးတွင် လေးထောင့်သဏ္ဌာန် ရှေးဟောင်းဇရပ်တစ်ခုရှိနေပြီး ယင်းနှင့် မဝေးသောနေရာတွင်လည်း ရေကန်တစ်ခုရှိသည်။
လေးထောင့်သဏ္ဌာန်ဇရပ်ကို သစ်သားထိုင်ခုံရှည်တန်းများဖြင့် ဝန်းရံထားပြီး အလယ်တွင် ဟောင်းနွမ်းနေသော ကျောက်စားပွဲနှင့် ကျောက်ခုံတန်းလေးခု ထားရှိသည်။ ဇရပ်က တော်တော်လေးကိုပင် ဟောင်းနေပြီ။ ကျောက်စားပွဲပေါ်တွင် လက်ချောင်းရှည်အရွယ် အက်ကွဲကြောင်းကို တွေ့ခဲ့ပြီး သစ်သားထိုင်ခုံရှည်တန်းတစ်ခု၏အဆုံးတစ်ဖက်တွင် ထောက်တစ်ခုလည်း မရှိတော့ပေ။
လဲ့ယ်ထျဲကတော့ ဆက်တိုက်ဆိုသလို ခရီးသာနှင်နေခဲ့ပြီး စောစောပြန်ချင်သောကြောင့် တည်းခိုခန်းမရတော့မည်ကိုလည်း လုံးဝဂရုမစိုက်ပေ။ နေဝင်ခါနီးအချိန် အလင်းရောင်တောက်တောက်တွေဖြင့် ပြည့်နှက်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မြင်းကို ရပ်လိုက်ကာ မြေပြင်ပေါ် ဆင်းလိုက်သည်။ မြင်းကို ရေသောက်ခိုင်းပြီးနောက် သစ်ပင်မှာ ကြိုးချည်ခဲ့ပြီး ဇရပ်အိုဟောင်းထဲကို ဝင်သွားလိုက်သည်။
သူ့အဝတ်အစားအသစ်တွေကို ကြည့်လိုက်တော့ လက်နဲ့မထိဘဲ မနေနိုင်တော့ပေ။ဒါ သူ့ဇနီးလေးက သူ့အတွက် လက်လုပ် အပ်ချုပ်စက်နဲ့ ချုပ်ပေးထားတာပင်။ အပေါ်ပိုင်းသည် ခါးစောင်းအထိ ရှည်လျားသော အဖြူရောင် ၀တ်ရုံရှည်တစ်ထည်ဖြစ်ပြီး အင်္ကျီလက်များသည် မတင်းကျပ်ဘဲ လျော့ရဲနေသဖြင့် အေးမြပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကို ပေးစွမ်းနေသည်။ အောက်ပိုင်းကိုတော့ သူ့ခန္ဓာကိုယ်ကို သွယ်လျစေသည့် အရောင်တူ ဘောင်းဘီအပွရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အထည်ကတော့ သာမန်ချည်ထည်မျှသာဖြစ်သည်။ သူ့ခြေထောက်ပေါ်ရှိ အနက်ရောင် ဘွတ်ဖိနပ်များသည် အထည်ဖိနပ်များ ဖြစ်ကြသော်လည်း ကောင်းစွာ လိုက်ဖက်နေသည်။
သူတို့နှစ်ဦးသား အပြင်ထွက် လျှောက်လည်ချိန်တုန်းက သူဇနီးလေးက ဓားပြတွေနှင့် သူခိုးတွေ သတိမထားမိရအောင် ဝတ်စားသင့်တယ်လို့ ပြောဖူးသည်။ သူခိုးနှင့် ဓါးပြတွေကို မကြောက်သော်လည်း ရှုပ်ထွေးမှုနည်းလေလေ ပိုကောင်းလေဖြစ်သည်။
သူ အဖြူရောင် အပြင်ထည်၀တ်စုံကို ဒါ ပထမဆုံးအကြိမ် ၀တ်ဆင်ဖူးခြင်းသာ။သူ မဝတ်ဖြစ်လောက်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ သူအရမ်းကြိုက်သည်။
ထို့နောက် သူ့လက်က သူ့လည်ပင်းဆီသို့ ရောက်ရှိလာသည်။ လည်ပင်းမှ အနက်ရောင်ကြိုးတစ်ချောင်း တွဲလောင်းကျနေသည်။ ကြိုးပေါ်တွင် ချိတ်ဆွဲထားတဲ့ အဖြူရောင် ကွမ်းရင်ကျောက်စိမ်းကိုလည်း သူ့ဇနီးလေးက သူ့အတွက် ဝယ်ပေးထားခြင်း ဖြစ်၏။
အနည်းငယ်ဆာလောင်နေသဖြင့် လဲ့ယ်ထျဲသည် စားကျက်၌ အေးအေးဆေးဆေး အစာစားနေသော မြင်းနက်ဆီသို့သွားကာ မြင်း၏ခါးစည်းပေါ်ရှိ အိတ်ကို ချွတ်ယူလိုက်သည်။ အိတ်အတွင်းတွင် နွားသားပေါက်လောက်ရှည်တဲ့ ဝါးပြွန်တစ်ခုရှိနေကာ ထိုထဲ၌ သေးငယ်ပြီး အနည်းငယ်ပိုတိုသော ဝါးပြွန်နှစ်ခုပါရှိပြီး ရေအိတ်၊ မက်မွန်သီးခြောက်လုံးနှင့် ဝိုင်တစ်ကျိုက်လည်း ပါရှိလေသည်။ သူတို့အားလုံးကို ကျောက်တုံးကြီးပေါ်မှာ တင်ထားလေသည်။
သူ ကျောက်ခုံတန်းလျားပေါ်တွင်ထိုင်ကာ ဝါးပြွန်ကြီးကိုဖွင့်ပြီး သူ့လက်ဖဝါးလောက်နီးပါးထူသည့် ပန်ကိတ်တစ်လုံးကို ယူလိုက်သည်။ သူ ကိုက်လိုက်သည်နှင့် ပန်ကိတ်တွင် ညှပ်ထားသည့် အရသာရှိတဲ့ နုတ်နုတ်စင်းထားသော အသားအလွှာများစွာကို အရသာခံနိုင်သည်။ သူ ဖြည်းညှင်းစွာ စားသောက်နေလိုက်သည်။ ပန်ကိတ်ကို ဝါးပြီးသွားတဲ့အခါ ဝါးပြွန်သေးသေးလေးထဲက တစ်ခုကိုဖွင့်ပြီး ဟင်းချိုကို ငုံ့ကြည့်လိုက်၏။ ချင်မျန်တစ်ယောက် သူ့အတွက် အိတ်တွေကို ထုပ်ပိုးပေးနေသည့်မြင်ကွင်းကို အမှတ်ရလာမိသည်။
ဒီအချိန် သူ့ဇနီးလေးက နေရာလွတ်ထဲမှာများ ရှိနေမလား?
“ခွပ်...ခွပ်...-”
မြင်းခွာသံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာသည်။ ခရီးအိတ်တွေကို တင်ဆောင်ထားသည့် အမြန်မြင်းသုံးကောင်မှာ နီးကပ်သထက် နီးကပ်လာ၏။
မြင်းတစ်ကောင်ပေါ်မှ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးတစ်ဦးက တခြားမြင်းနှစ်ကောင်ပေါ်ရှိ လူနှစ်ယောက်ကို အော်ပြောလိုက်သည်။ "တာ့ကော...အာ့ကော....ရှေ့မှာ လေးထောင့်ဇရပ်တစ်ခုရှိတယ်။ ဒီည အဲ့ဒီမှာ ညအိပ်ရအောင်!"
သူ့နောက်ကနေ အနီးကပ် လိုက်လာသည့် မျက်နှာကြမ်းလူကြီးတစ်ယောက်က သူ့ရဲ့ ကြာပွတ်ကို ဝှေ့ယမ်းပြီး အော်ပြောလိုက်သည်။ "ကောင်းပြီ....ကျား—”
Advertisement
နောက်ဆုံးလူက အသက် ၂၅ နှစ်၊ ၂၆ နှစ်လောက်သာ ရှိပြီး ငယ်ရွယ်သည့်ပုံပေါ်သည်။ သူ့ဆံပင်က အလွန်ရှည်လျားပြီး တစ်ဝက်ကို စည်းနှောင်ထား၏။ သူ မျက်လုံးကို မှေးကျဥ်းကြည့်လိုက်ပြီး "အဲဒီမှာ တစ်ယောက်ယောက် ရှိနေပုံရတယ်"
"လူတစ်ယောက်ရှိရင်တောင် ကျွန်တော်တို့က ဘာကြောက်စရာရှိလို့လဲ?"လူငယ်လေးက လျစ်လျူရှုကာ မြင်းကို ရှေ့သို့ဆက်သွားရန် တွန်းအားပေးလိုက်သည်။ "ဇရပ်က သူ့အိမ်မှ မဟုတ်တာ"
ခဏအကြာတွင် မြင်းသုံးကောင်သည် လေးထောင့်သဏ္ဌာန်ဇရပ်သို့ ရောက်လာတော့သည်။
"ရွီး---”
လဲ့ယ်ထျဲကတော့ ပန်ကိတ်၏ဒုတိယမြောက်အလုပ်ကို စားနေပြီး မျက်ခွံတောင် လှန်မကြည့်လာခဲ့ပေ။
လဲ့ယ်ထျဲရဲ့ လျစ်လျူရှုမှုနှင့် အသံတိတ်နေသည့် အသွင်အပြင်ကို တွေ့လိုက်ရသောအခါ လူသုံးယောက်သား ချက်ခြင်းမဝင်ရဲကြတော့ပေ။
ခုံတန်းလျားပေါ်တွင် မက်မွန်သီးအနီ၊ ဝါးပြွန်အတွင်းမှ ကြက်သွန်မြိတ်ဟင်းရည်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားသည့်လူက ကိုက်ထားသည့် ပန်ကိတ်မုန့်ကို မြင်သောအခါ တံတွေးကို မျိုမချဘဲ မနေနိုင်ဖြစ်နေကြတော့သည်။လူငယ်လေးက ဆံပင်ရှည်နဲ့ယောကျ်ားကို တိုးတိုးပြောလိုက်သည်။ "အာ့ကော...အဲဒီလူလည်း ခရီးထွက်လာတာ ထင်တယ်။ ဒါပေမယ့် သူ့ရိက္ခာတွေက ဘယ်လောက်ကောင်းလဲ ကြည့်စမ်းပါဦး။ ကျွန်တော်တို့က သူ့ဆီက ဝယ်လိုက်ရမလား?"
"ထားလိုက်ပါ။” ဆံပင်ရှည်နဲ့အမျိုးသားက အလွန်ကူကယ်ရာမဲ့စွာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တာ့ကော... သူ့အဝတ်အစားတွေကို ကြည့်လိုက်။ ချည်သားနဲ့ ချုပ်ထားတယ် ဆိုပေမယ့်လည်း ပိတ်စက ကောင်းတယ်။ ပုံစံက အသစ်အဆန်းဖြစ်နေပြီး ချုပ်ရိုးချုပ်သားကလည်း ကောင်းတယ်။ လည်ပင်းပေါ်က ကွမ်းရင်ကျောက်စိမ်းက သိုးဖြူရောင် ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာ။ သူ့ပန်ကိတ်ကလည်း ထူးထူးခြားခြားပဲ။ နိုင်ငံအနှံ့ ခရီးထွက်ကတည်းက ဒီလိုမျိုး ပန်ကိတ်ကို တစ်ခါမှ မတွေ့ဖူးဘူး။ နောက်ဆုံးအနေနဲ့ ချင်းထျန်းစီရင်စုက ထွက်တဲ့ မက်မွန်သီးတွေက မမှည့်သေးဘူးလေ။ သူ့လက်ထဲက ပျားရည်မက်မွန်သီးတွေကို ကြည့်ကြည့်လိုက်။ ဟုတ်တယ်နော်။ဖြစ်နိုင်တာက သူ့ရဲ့မက်မွန်သီးတွေက တောင်ဘက်ကနေ လာတာဖြစ်နိုင်တယ်။ အရမ်းစျေးကြီးတယ်။ သာမန်လူတွေ တတ်နိုင်ပါ့မလား။ အဲဒီလူက ချမ်းသာပြီး လေးစားထိုက်သူလို့ ထင်တယ်။ သူနဲ့ ပြဿနာမရှာတာ ပိုကောင်းမယ်။”
လူငယ်လေးက သူတို့အနားကို လာပြီး သံသယနဲ့ တိုးတိုးပြောလိုက်သည်။ "ချမ်းသာပြီး လေးစားထိုက်သူလား။မဖြစ်နိုင်ဘူး။ ချမ်းသာတဲ့သူဆို ဝါးပြွန်ကို ခွက်အနေနဲ့သုံးပါ့မလား?”
လဲ့ယ်ထျဲရဲ့မျက်လုံးတွေက ဝါးပြွန်ပေါ် ကျသွားသည်။ ဝါးပြွန်က အဖိုးမထိုက်တန်ပေမယ့် ဝါးကို သုံးရင် ရေငတ်ပြေတယ်၊ အဆုတ်ကိုလည်း ရှင်းပေးတယ်၊ ဆီးကျိတ်ရောဂါတွေကို ဖယ်ရှားပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါရှိတယ်လို့ သူ့ဇနီးလေးက ပြောဖူးသည်။ ဝါးထည်တွေကို ပုံမှန်အသုံးပြုပါက ကျန်းမာရေးအတွက် ကောင်းမွန်စေ၏။
"မင်းဘာသိလို့လဲ?" ဆံပင်ရှည်နဲ့အမျိုးသားက သူ့ခေါင်းကို ရိုက်ချလိုက်သည်။ "ဝါးက ဆေးဖက်ဝင်တယ်။ ဝါးထည်တွေက ကျန်းမာရေးအတွက် ကောင်းမွန်တယ်။ ဒါကို 'နှိမ့်ချတတ်ပြီး ဇီဇာကြောင်တယ်' လို့ ခေါ်တယ် နားလည်လား?"
မျက်နှာကြမ်း အမျိုးသားက စိတ်ပျက်လက်ပျက်နဲ့ သူ့ဗိုက်ကို ထိလိုက်သည်။ "တော်တော့...ငါလည်း ဗိုက်ဆာလာပြီ။ ရှောင်စန်း ရိက္ခာကို မြန်မြန်ထုတ်လာခဲ့တော့။”
လူသုံးယောက်သား မြင်းတွေကို နေရာချပြီး ဇရပ်ထဲသို့ဝင်ကာ လဲ့ယ်ထျဲနှင့် မျက်နှာချင်းဆိုင် ကျောက်ခုံတန်းပေါ်တွင် ထိုင်လိုက်လေသည်။
လူငယ်လေးက သူ့အိတ်ထဲက အထည်အိတ်သေးသေးလေးကို ထုတ်လိုက်ပြီး ပန်ကိတ်ခြောက်အနည်းငယ်ကို လူသုံးယောက်စာ ထုတ်လိုက်သည်။
မျက်လုံးသုံးစုံသည် အသားပန်ကိတ်နှင့် လဲ့ယ်ထျဲလက်ထဲရှိ ဝါးပြွန်ထဲက ဟင်းရည်ဆီသို့ ထိန်းမနိုင်သိမ်းမရ ဖြတ်ပြေးသွားကြသည်။
အနံ့လေးက အရမ်းကောင်းတာပဲ!
လဲ့ယ်ထျဲ ပန်ကိတ်ရဲ့နောက်ဆုံးအလုပ်ကို စားပြီး ဟင်းချိုကို ကုန်အောင် သောက်လိုက်လေသည်။ မဖွင့်ရသေးသော ဝါးဘူးမှလွဲ၍ ကျန်သည့်အရာအားလုံးကို အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် ဝါးပြွန်သေးသေးလေးမှ ပဲပန်ကိတ်ကို ထုတ်ယူပြီး မြင်းကို ကျွေးရန် မြင်းနက်ဆီသို့ သွားလိုက်သည်။
လူငယ်လေးရဲ့ နှုတ်ခမ်းက ပွင့်ဟသွားပြီး ဆံပင်ရှည်အမျိုးသားရဲ့နား နားသို့ချဉ်းကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "အာ့ကော...'နှိမ့်ချတတ်ပြီး ဇီဇာကြောင်တယ်' လို့ ဘာလို့ခေါ်တာကို နားလည်သွားပြီ ထင်တယ်။ သူ့မြင်းက ကျွန်တော်တို့ပန်ကိတ်တွေထက် ပိုအရသာရှိတဲ့ ပဲပန်ကိတ်ကိုတောင် စားရတယ်။"
ဆံပင်ရှည်နဲ့ယောက်ျားက ရယ်မောပြီး "မင်း စားစရာရှိတာသာ စားပါ။ ခရီးထွက်တုန်း ဒီလိုကိစ္စတွေအတွက် လိုက်ပြီး စိတ်ပူမနေပါနဲ့။ ငါတို့သွားမယ့်နေရာကို ရောက်တဲ့အခါ တာ့ကောက မင်းကို အရသာရှိတဲ့ အစားအစာတွေကျွေးလိမ့်မယ်။”
မျက်နှာကြမ်းလူကြီးက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်”
လဲ့ယ်ထျဲ မြင်းကို အစာကျွေးပြီးနောက် လှည့်ကြည့်လိုက်သောအခါတွင် လူသုံးယောက်သား သူ့ရဲ့ပါးပြင်ရှိ အမာရွတ်ကို တွေ့လိုက်ရသည်။ သူတို့ စူးစူးစိုက်စိုက် ကြည့်နေကြပြီး ယခုမှ သူ့ကို မနှောင့်ယှက်မိတာ မှန်သွားမှန်း ကြိတ်ဝမ်းသာသွားကြလေသည်။ မျက်နှာမှာ ရှည်လျားတဲ့ အမာရွတ်ရှိတဲ့ လူတစ်ယောက်ဟာ အန္တရာယ်ရှိတဲ့ အတွေ့အကြုံမျိုး ရှိထားမှာပဲ။
လဲ့ယ်ထျဲ သူ့လက်ကို ဆေးကြောပြီး ဇရပ်ပတ်ပတ်လည်ကို လျှောက်သွားလိုက်သည်။ အစာစားပြီး လမ်းလျှောက်တာက ကိုးဆယ့်ကိုးနှစ်အထိ အသက်ရှည်နိုင်တယ်လို့ သူ့ဇနီးလေးက ပြောထားတယ်လေ။
သူတို့ သုံးယောက်သား လဲ့ယ်ထျဲက ဇရပ်ပတ်ပတ်လည် လျှောက်နေသည်ကို ကြည့်နေကြသည်။ သူတို့ရဲ့ အာရုံကြောတွေက တင်းကြပ်သွားကြ၏။
သူဘာလုပ်နေတာလဲ? သူတို့ကို ရိုက်နှက်ဖို့ လမ်းကြောင်း ရှာနေတာလား?
လဲ့ယ်ထျဲကတော့ ဒုတိယအကြိမ် ပတ်ပြီးသည်အထိ သူတို့ကို တစ်ချက်လှည့်မကြည့်သေးပေ။ သုံးယောက်သား သူ လမ်းလျှောက်နေတယ်ဆိုတာ ရုတ်တရက် သိလိုက်ရ၏။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် လဲ့ယ်ထျဲသည် လေးထောင့်သဏ္ဌာန်ဇရပ်သို့ ပြန်လာခဲ့သည်။ သူ အရင်ထိုင်တဲ့ ကျောက်ခုံတန်းပေါ်မှာ လှဲချပြီး မျက်လုံးမှိတ်ထားလိုက်၏။ စောစောအိပ်ယာဝင်တာက ခန္ဓာကိုယ်ကို နှစ်ဆတိုးကျန်းမာစေတယ်လို့ သူ့ဇနီးလေးက ပြောထားတယ်။
--------------------------------------------------------
[Zawgyi]
092 - ဇနီးေလးက ေျပာထားတယ္.....
ခ်င္မ်န္ကေတာ့ ျခင္းအေသးက ဘယ္သူ႕အတြက္လဲဆိုတာ မေျပာေပ။
"ကြၽန္ေတာ္ နားလည္ပါၿပီ။ စိတ္ခ်ပါ သခင္ေလး။” ႐ွီလသည္ ဇလုံထဲတြင္ သူ႕လက္ကိုေဆးၿပီး ေတာင္းႏွစ္ေတာင္းကို ယူကာ အျမန္ထြက္သြားသည္။
ေနဝင္ခ်ိန္မွာေတာ့ ခ်ယ္ရီသီးေတြ အားလုံးခူးၿပီးသြားေခ်ၿပီ။ ခ်င္မ်န္သည္ ကူညီလုပ္ကိုင္ေပးသူမ်ားအတြက္ လုပ္အားခကို ေပးေခ်လိုက္သည္။ သူတို႔ထြက္သြားၿပီးေနာက္ က်န္႐ွိေနေသာ ခ်ယ္ရီသီးေတာင္းကို ယူၿပီး ခ်ယ္ရီသီး သုံးေလးက်င္းခန္႔ကို ၫႊန္ျပလိုက္သည္။ "အေဒၚဖု ဒါက ဦးေလးဖုနဲ႔ ႐ွီလတို႔ အတြက္ပါ”
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သခင္ေလး" အန္တီဖူမွာ သခင္ေလးရဲ႕ရက္ေရာမႈအတြက္ ေက်းဇူးတင္ခဲ့ၿပီး ခ်င္မ်န္ကို ယခင္အတိုင္း အ႐ိုအေသေပးခဲ့သည္။
ခ်င္မ်န္လည္း သူ႕လက္ကို ေဝွ႔ယမ္းၿပီး ျခင္းေတာင္းနဲ႔အတူ ထြက္ခြာသြားခဲ့သည္။ ျခံဝင္းတံခါးကေန အထြက္ အေဝးတစ္ေနရာက စိမ္းညိႇဳ႕ေနတဲ့ ေတာအုပ္ကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။
ေႏြဦးရာသီ၏ညေနခင္းတြင္ ႐ြာသားမ်ားသည္ ေနအိမ္မ်ားမွ ထြက္လာၾကၿပီး ေအးျမလတ္ဆက္တဲ့ေလကို ႐ႈ႐ိႈက္ရင္း ညစာကို ေစာင့္ဆိုင္းေနၾကၿပီး စကားစျမည္ေျပာရန္ ႏွစ္ေယာက္၊ သုံးေယာက္ စု႐ုံးေနၾကသည္။
ခ်င္မ်န္ကိုေတြ႕ေသာအခါ အားလုံးက သူ႕ကို ေဖာ္ေ႐ြစြာ ႏႈတ္ဆက္ၾကသည္။
"လဲ့ယ္ထ်ဲရဲ႕ဇနီး.....ဒီေလာက္ ေနာက္က်ေနတာကို ဘယ္မ်ားသြားမလို႔လဲ?"
ခ်င္မ်န္က အျပဳံးေလးနဲ႔ ျပန္ေျပာလိုက္သည္။ "ကြၽန္ေတာ္႕မိဘေတြဆီကို ခ်ယ္ရီသီးေတြ သြားပို႔ေပးမလို႔ပါ"
"ဒီေလာက္ အမ်ားႀကီး။" ႐ြာသားေတြက ခ်ီးမြမ္းၾကေလသည္။ "မင္းနဲ႔လဲ့ယ္ထ်ဲက မိဘေတြအေပၚကို တကယ္သိတတ္ၾကတာပဲ"
"ဟားဟား....” ခ်င္မ်န္ကေတာ့ ရယ္သာရယ္လိုက္သည္။
"မင္းရဲ႕ ခ်ယ္ရီသီးေတြက ႀကီး႐ုံတင္မကဘဲ ခ်ိဳတယ္လို႔ ၾကားတယ္။ မေရာင္းေပးတာ ဝမ္းနည္းစရာပဲ။ မဟုတ္ရင္ တစ္ခ်ိဳ႕ကို ဝယ္ခ်င္တယ္။ ဟားဟား...လြန္ခဲ့တဲ့ ရက္အနည္းငယ္ကတည္းက ကေလးေတြက ေန႔တိုင္း ပူဆာေနၾကတာ” အေဒၚတစ္ဦးက စိတ္မေကာင္းျဖစ္ဟန္ ေျပာသည္။
ခ်င္မ်န္ကေတာ့ ေတာင္းပန္စကားသာဆိုလိုက္သည္။ "ဒါ အားထ်ဲနဲ႔ ကြၽန္ေတာ္႕အတြက္ ပထမဆုံးအႀကိမ္ သီးပင္စားပင္ေတြ စိုက္ဖူးတာပဲ။ ကံေကာင္းေထာက္မစြာနဲ႔ အဲ့ဒီအသီးေတြက အျခားသူေတြထက္ ပိုေကာင္းသြားလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ မေမွ်ာ္လင့္ခဲ့မိဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ အဲ့အသီးေတြကို ဝိုင္အိမ္မွာ ေရာင္းၿပီး ပိုက္ဆံပို႐ွာခ်င္တယ္။ ဒါေပမယ့္ လာမယ့္ႏွစ္မွာေတာ့ အဲ့လိုမလုပ္ျဖစ္ေတာ့ပါဘူး။ လာမယ့္ႏွစ္မွာ ခ်ယ္ရီေဖ်ာ္ရည္နဲ႔ ခ်ယ္ရီယိုအတြက္ တစ္ဝက္ကိုသာ သိမ္းထားၿပီး က်န္တာကို ေရာင္းခ်ေပးမွာပါ။ အဲ့အခါက်ရင္ အေဒၚတို႔ ဦးေလးတို႔ လိုခ်င္ရင္ လာဝယ္လို႔ရပါၿပီ။”
႐ြာသူ႐ြာသားအနည္းငယ္က အလြန္ဝမ္းသာသြားၾကသည္။
"ေကာင္းၿပီ....ဒါဆို သေဘာတူလိုက္ၿပီေနာ္"
က်ိဳး႐ွီသည္ ျခံထဲမွာ အဝတ္ေတြကို ေလွ်ာ္ေနရင္း ခ်င္မ်န္တစ္ေယာက္ ခ်ယ္ရီသီးေတာင္းတစ္လုံးနဲ႔ ဝင္လာတာကို ေတြ႕လိုက္ရသည္။ အဝတ္ေလွ်ာ္ေနတာကိုပင္ သူမ ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ အျပဳံးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မ်က္ႏွာနဲ႔အတူ သူ႕ကို အေျပးအလႊား သြားႀကိဳလိုက္သည္။ သူ႕ေလသံက ရင္းရင္းႏွီးႏွီးျဖင့္ ။ "ေလာင္တာ့ရဲ႕ဇနီး ဒီကို လာတာလား။သယ္ရတာ ေလးေနတယ္မဟုတ္လား? ကြၽန္မ သယ္လိုက္မယ္ေနာ္။"
အႏွီခ်ယ္ရီသီးေတာင္း၏အေလးခ်ိန္မွာ အနည္းဆုံး ၈ က်င္းမွ ၉ က်င္း ႐ွိေလသည္။ ေပါ့သည္မဟုတ္။ ခ်င္မ်န္ သူမအား ျခင္းေတာင္းကို ကိုင္ခြင့္ေပးလိုက္၏။
"အေဖ အေမ! ေလာင္တာ့ရဲ႕ဇနီး ဒီကို လာတယ္!”
က်ိဳး႐ွီက အိမ္ဘက္ဆီသို႔ လွမ္းေအာ္လိုက္သည္။
ဒီၾကားထဲ သူမက ခ်ယ္ရီသီး သုံးလုံးေလးလုံးကို ယူၿပီး ပါးစပ္ထဲသို႔ ထည့္ကာ တက္ႂကြစြာ ဆက္ေအာ္ေခၚေနေသးသည္။ "တာ့ေပါင္း...ေ႐ွာင္ေပါင္း...!မင္းတို႔ ဘယ္မွာလဲ?"
ခ်င္မ်န္ ေခါင္းခါၿပီး ပင္မခန္းထဲကို ေလွ်ာက္သြားလိုက္သည္။
လဲ့ယ္တာခ်န္ႏွင့္ တု႐ွီတို႔သည္ က်ိဳး႐ွီ၏လက္ထဲတြင္ပါလာေသာေတာင္းကိုေတြ႕ေသာအခါ ခ်င္မ်န္ကို ျပဳံးျပလိုက္ၾကသည္။လဲ့ယ္တာခ်န္က ေျပာလိုက္သည္။ "ေလာင္တာ့ရဲ႕ဇနီး....ဝင္ထိုင္ေလ"
"မရီး....." လဲ့ယ္႐ွန္းရီ၊ လဲ့ယ္႐ွန္းလီႏွင့္ လဲ့ယ္ခြၽမ္းေထာင္တို႔ တေယာက္ၿပီးတေယာက္ ေပၚလာသည္။
လဲ့ယ္႐ွန္းရန္သည္လည္း က်ိဳး႐ွီ၏နံေဘးသို႔ ေျပးသြားၿပီး တု႐ွီတစ္ေယာက္ ျခင္းေတာင္းကို ဆြဲမကိုင္မီ ခ်ယ္ရီသီးလက္တစ္ဆုပ္စာကို လွမ္းယူထားလိုက္သည္။ ထို႔ေနာက္ သူ ခ်င္မ်န္ကို ႏႈတ္ဆက္လိုက္သည္။
ခ်င္မ်န္ကေတာ့ စကားတစ္ခြန္းမွ မေျပာဘဲ ေခါင္းညိတ္ျပလိုက္၏။
"ေဖေဖ...စားခ်င္တယ္" လဲ့ယ္တာေပါင္းသည္ ေျခဖ်ားေလးေထာက္လိုက္ၿပီး လဲ့ယ္႐ွန္းရန္၏လက္ထဲမွ ခ်ယ္ရီသီးမ်ားကို ဆြဲယူလိုက္သည္။ သူ႕ႏွာရည္ေတြ ပါးစပ္ထဲ စီးက်ေနတာကိုေတာင္ သတိမထားမိေပ။ခ်င္မ်န္ သူ႕မ်က္လုံးေတြကို အျမန္လႊဲလိုက္ရသည္။ လဲ့ယ္တာေပါင္းက အၿမဲႏွာရည္ယိုတတ္တဲ့သူဟုပင္ သူ ထင္ျမင္မိေတာ့သည္။
“ေမေမ....ေမေမ သားလည္း စားခ်င္တယ္" လဲ့ယ္အာေပါင္းသည္ လဲ့ယ္႐ွန္းရန္၏လက္ကို မွီရန္ ငယ္လြန္းသျဖင့္ က်ိဳး႐ွီ၏၀တ္စုံကိုသာ ဖမ္းဆုပ္ထားလိုက္သည္။
ေဝ႐ွီကေတာ့ ခ်င္မ်န္အား သင့္ေလ်ာ္တဲ့ ခပ္ေဖ်ာ့ေဖ်ာ့အျပဳံးသာ ျပဳံးျပလိုက္ၿပီး "ေလာင္တာ့ရဲ႕ဇနီး...ငါတို႔ကို သတိရတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
"ဒါ လုပ္သင့္တာပါ” ခ်င္မ်န္ကေတာ့ ယဥ္ေက်းစြာျပန္ေျပာလိုက္သည္။
"ခ်ိဳလိုက္တာ....” လဲ့ယ္တာခ်န္က စားေနရင္း ေခါင္းညိတ္လိုက္ၿပီး အေစ့အခ်ိဳ႕ကို ေထြးထုတ္လိုက္သည္။
တု႐ွီက တစ္ခ်ိဳ႕ကို ႏိႈက္ယူထားလိုက္ၿပီး ပန္းကန္တစ္ခ်ပ္ေပၚ ထည့္ထားလိုက္သည္။ ဒါ လဲ့ယ္႐ွန္းက်စ္အတြက္ ခ်န္ထားေပးမွန္း လူတိုင္းသိၾက၏။
"ဒါေတြက ငါတို႔မိသားစုႀကီးအတြက္ မလုံေလာက္ဘူး။ေလာင္တာ့ရဲ႕ဇနီး.....ထပ္ၿပီးယူဖို႔ မင္းနဲ႔အတူျပန္လိုက္ခဲ့မယ္" တု႐ွီက သူ စားေနရင္း ေျပာလိုက္သည္။
ခ်င္မ်န္ ေျပာလိုက္၏။ "အေမ...အပင္ေပၚက ခ်ယ္ရီသီးေတြက အကုန္ခူးၿပီးၿပီ။ၿပီးေတာ့လည္း ခ်ယ္ရီေဖ်ာ္ရည္နဲ႔ ခ်ယ္ရီယိုအတြက္ ေရာင္းဖို႔ ဝိုင္အိမ္ကို ပို႔ေပးလိုက္ၿပီ"
လဲ့ယ္တာခ်န္ မ်က္ေမွာင္ၾကဳတ္ကာ "မင္း...."
ခ်င္မ်န္ မတ္တပ္ထရပ္ၿပီး "အေဖနဲ႔အေမ.....ေနာက္က်ေနၿပီ။ ထမင္းခ်က္ဖို႔ ျပန္သြားရမွာမို႔ ျပန္လိုက္ပါေတာ့မယ္။"
တု႐ွီသည္ က်န္ေသးတဲ့ခ်ယ္ရီေတြကို ၾကည့္ရင္း ဘာမွ မေျပာေတာ့ဘဲ ႏွာသာ မႈတ္လိုက္သည္။ ခ်င္း႐ွီႏွင့္ လဲ့ယ္႐ွင္း႐ွင္းတို႔ရဲ႕အရိပ္ကို သူမ မျမင္ရေသာအခါ ျပဳံးလိုက္ၿပီး လဲ့ယ္႐ွန္းရီကို ေအးစက္စြာ စိုက္ၾကည့္ကာ ေျပာလိုက္သည္။ "တတိယေခြၽးမက ေနမေကာင္းျဖစ္လို႔ အနားယူပါေစ။က်န္တဲ့လူေတြ ဒီကိုလာစားၾက။ ဒါက ၾကာ႐ွည္မခံဘူး။”
လဲ့ယ္႐ွန္းရန္က ခ်ယ္ရီသီးကို ပါးစပ္ထဲထည့္လိုက္ၿပီး လဲ့ယ္႐ွန္းရီကို အားရပါးရ ၾကည့္ေနသည္။
Advertisement
- In Serial570 Chapters
Tsuki ga Michibiku Isekai Douchuu
High school student Misumi Makoto is called into a fantasy world by the god Tsukuyomi, in order to be a hero. However, the Goddess ruling the world isn’t as thrilled to have him there, and kicks him to the edge of the world. Tsukuyomi declares that Makoto is free to find his own way after Makoto is abandoned by the other Goddess.
8 232 - In Serial23 Chapters
Wood and Iron
A great tyrannical empire has fallen, its dark empress defeated. But peace remains elusive. The hero that had brought down the empire has vanished not long after their victory and what is left of the free western kingdoms reel from what they lost. They are left with empty thrones and eager claimants. The once mighty empire has shattered into pieces. It is a time of change, it is a time of political chaos. Not that Elise could care. All this eccentric wand maker cares about is her craft. In a world where everyone has magic, hers is perhaps the weakest of anyone alive. Yet despite this, she will end up dragged into the political struggles created in the aftermath of the Undying Empress's fall. Though weak in magic, she is among the best at making wands and staves. Strange and sometimes belligerent she holds many secrets. This is a story about the shape the world took when the empress fell, this is a story about the proprietor of a small magic focus shop called 'Wood and Iron'.
8 136 - In Serial8 Chapters
Evera: Mourner's Isle [HIATUS]
In the world Evera, on an island called Mourner's Isle, a strange and dark cult has slowly begun to come out of the shadows. Callum Clark, a young man who is the recently abandoned second son of a low noble family, is entirely to blame. Shortly after accepting an invitation to the cult, he was wrongfully kidnapped by members of the cult. In light of the fact that he would surely not join after seeing the dark side of the group, the cult makes the decision to sacrifice him to the otherworldly beings that they worship. In a strange twist of fate, he and a horrific being known as a Dark One are merged in mind and body, resulting in him gaining immense powers and the worship of the cult, but also the consequences of absorbing an entire personality. As the new leader of the very people who killed him, Callum must deal with his issues of identity and newfound abilities, as he leads a cult hellbent on making the world a living hell. New chapters on Fridays. Constructive criticism, advice, suggestions, and comments are more than welcome. Some profanity, some gore, and some questionable morality.
8 122 - In Serial40 Chapters
Beyond The Needle
"Explosions are my specialty, I can and will be your doom,Now get down on your knees, baby, I'll make your world go boom."• • •Unconventional poems of a conformed man. I voice all my inner chaotic turmoils in rhyming words so they sound less pathetic. And also, I spice it up with dirty poetry, in good ol' me style, so I don't ruin the esthetics.
8 106 - In Serial108 Chapters
The Toys of the Fool
Sequel to 'The Unfortunate Fool', 25 years; a century has passed in the world of Royal Road and things have changed quite a bit. The game now even more popular than before having several billions of users online at a time is at it's peak, the continent united as one as the Ahreupen Kingdom under the rule of Emperor Weed. In the mist of this, six new players have joined this game under the request of an old man to find his granddaughter who is hiding in this game with no return. Soon enough they catch the attention of a certain Independent Guild under the leadership of a certain person.
8 545 - In Serial68 Chapters
Wolves of Roma
All Evelyn wanted was a quiet and simple life that she had been working towards and finally it is in her grasp. But fate as usual has a different idea. Now, Evelyn finds herself in the middle of a conflict she had nothing to do with and no idea how to make out of it alive in one piece
8 191

