《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[93]
Advertisement
[Unicode]
093 - ဟယ်ညီအစ်ကိုသုံးယောက်
ချင်မျန်သည် အခွံခွာထားတဲ့ ပုစွန်တွေ၊ ထောင်းထားတဲ့ မြေပဲတွေ၊ ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာတို့နှင့်အတူ လတ်ဆတ်ပြီး အရသာရှိတဲ့ ပဲငံပြာရည် ခေါက်ဆွဲနှစ်ပွဲကို ချက်လုပ်ခဲ့သည်။ သူ တံခါးကို သော့ခတ်ပြီး ခေါက်ဆွဲပွဲတွေကို ကိုင်ကာ နေရာလွတ်ထဲသို့ တက်ကြွစွာ ဝင်သွားသော်လည်း လဲ့ယ်ထျဲက ထိုနေရာတွင် မရှိနေသည်ကို တွေ့လိုက်ရတော့ စိတ်ပျက်သွားသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးသော်ငြား ထိုသူကား ပေါ်မလာသေးပေ။ ချင်မျန် ခေါက်ဆွဲနှစ်ပန်းကန်လုံးကို စားပြီး ပန်းရောင်အဖူးလေးကို ရေအနည်းငယ်လောင်းပြီးနောက် နေရာလွတ်မှ ထွက်သွားလေသည်။
'လီ'ရာနှင့်ချီအကွာအဝေးရှိ လေးထောင့်သဏ္ဌာန်ဇရပ်တွင် လူလေးဦး၊ အုပ်စုနှစ်စုနှုန်းဖြင့် တစ်ဖက်စီတွင် နေရာယူထားသည်။ လဲ့ယ်ထျဲကတော့ ကျောက်ခုံတန်းလျားပေါ်တွင် မျက်စိမှိတ်ထားကာ မလှုပ်မယှက် ရှိနေသည်။ မျက်နှာကြမ်းအမျိုးသား၊ ဆံရှည်အမျိုးသားနှင့် လူငယ်လေးတို့သည် လဲ့ယ်ထျဲ အိပ်စက်နေသည်ကို အနှောက်အယှက် ဖြစ်သွားစေမည့်အလား ကြောက်ရွံ့သောကြောင့် ဆိတ်ငြိမ်စွာ စားသောက်နေကြသည်။
လေးထောင့်သဏ္ဌာန်ဇရပ်၏အပြင်ဘက်မှာတော့ မြင်းလေးကောင်က မြက်ခင်းစိမ်းစိမ်းတွေကို တိတ်တဆိတ်စားနေပြီး သူတို့ရဲ့ အမြီးတွေကို ရံဖန်ရံခါ ဝှေ့ရမ်းနေ၏။ သူတို့ကို ကြည့်ရသည်မှာ အလွန်သာယာပြီး သက်တောင့်သက်သာရှိနေပုံရသည်။
နေဝင်ပြီးဖြစ်သော်ငြား အနောက်ဘက်ကောင်းကင်ယံတွင် အဝါရောင်ဖျော့ဖျော့ အရိပ်အယောင်များ ကျန်ရစ်နေဆဲပင်။
"ခွပ်....ခွပ်....ခွပ်...”
နောက်ထပ်မြင်းခွာသံမှာ အရေးတကြီးနှင့်ပြေးလာသည့်အလား မြန်သထက်မြန်လာသည်။
ဆံရှည်အမျိုးသားက မျက်မှောင်ကြုတ်ပြီး မျက်နှာကြမ်းအမျိုးသားနဲ့ လူငယ်လေးကို သတိပေးဖို့ တိုးတိုးလေးပြောလိုက်သည်။ "အသံကိုကြည့်ရတာ လူတော်တော်များပုံရတယ်။သတိနဲ့နေ။"
ခရီးထွက်တဲ့အခါ အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ရတတ်၏။ သူတို့အတွက် အချိန်တိုင်း သတိရှိဖို့က အရမ်းအရေးကြီးသည်။
လူငယ်လေးက မတ်တပ်ထရပ်လိုက်ပြီး အဝေးကို စူးစူးစိုက်စိုက်ကြည့်ရင်း ရှေ့နှစ်လှမ်းတိုးလိုက်သည်။
"ကျား...ကျား...!" မြင်းစီးသူရဲ့တိုက်တွန်းသံသည် တဟုန်းဟုန်းတောက်လောင်နေ၏။ ခဏအကြာတွင် မြင်းကောင်ရေ ဒါဇင်နှင့်ချီ၍ နီးကပ်လာသည်။ မြင်းစီးသူတိုင်းသည် အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်မှာ ထွားကြိုင်းလေသည်။ ဦးဆောင်သူမှလွဲ၍ ကျန်သူအားလုံးက ဓားရှည်များ ကိုင်ဆောင်ထားကြသည်။
“......."
မြင်းပေါ်ထိုင်နေသော ခေါင်းဆောင်၏မျက်နှာကို လူငယ်လေးက မြင်သွားသောအခါ သူ့မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ သူသည် မကုန်သေးတဲ့ ပန်ကိတ်ကို မြေပြင်ပေါ်ပစ်ချပြီး မြင်းဆီ ပြေးသွား၏။ တစ်ချိန်တည်းတွင်လည်း မျက်နှာကြမ်းအမျိုးသားနှင့် ဆံရှည်အမျိုးသားကို အော်ပြောလိုက်သေးသည်။
"သေစမ်း! ပန်နာစီးယားခန်းမကပဲ! သွားကြစို့! တာ့ကော..အာ့ကော!"
မျက်နှာကြမ်းအမျိုးသားနှင့် ဆံရှည်အမျိုးသားတို့၏မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့သည် မဆိုင်းမတွပင် သူတို့၏မြင်းများဆီသို့ ပြေးသွားကြသည်။ သို့သော် ဇက်ကြိုးကို မဖြေမီတွင် မြင်းစီးသူများက သူတို့ကို မှတ်မိပြီး လှောင်ရယ်ကာ အလျင်အမြန် ဝိုင်းရံခဲ့ကြသည်။
မြင်းကျောပေါ်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်နှာကြမ်းအမျိုးသားနှင့် ဆံရှည်အမျိုးသားတို့ကို မထီမဲ့မြင်ဟန်ပန်ပြုကာ လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "ငါ့အတွက် သူတို့အကုန်လုံးကို ဖမ်းလိုက်ကြစမ်း!"
နောက်လိုက်တွေက သူ့အမိန့်ကို နာခံကြပြီး မျက်နှာကြမ်းအမျိုးသားနဲ့ ဆံရှည်အမျိုးသားတို့ကို ဝိုင်းထားလိုက်ကြသည်။
မြင်းရသွားသော လူငယ်လေးသည် 'ကျန်း'ပေါင်းများစွာအထိ ထွက်ပြေးသွားခဲ့သည်။ အခြားနောက်လိုက်နှစ်ယောက်ကလည်း သူ့နောက်ကို လိုက်သွားကြသည်။
မျက်နှာကြမ်းအမျိုးသားနှင့် ဆံရှည်အမျိုးသားတို့သည် မကြောက်မရွံ့ တွန်းလှန်ခဲ့ကြသည်။သူတို့ရဲ့ အရည်အချင်းမှာ မဆိုးပေ။သို့သော် အရေအတွက်က သာလွန်နေတာမို့ ရှုံးနိမ့်သွားခဲ့သည်။
သူ့အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုတို့ ပိတ်မိနေတာကို လူငယ်လေးက မြင်လိုက်သည်မို့ သူ အော်ပြီး ကဆုန်ပေါက် ပြန်ပြေးလာခဲ့သည်။
"ရှောင်စန်း...မင်း လူအလား?ဘာအတွက်နဲ့ ပြန်ပြေးလာရတာလဲ?" ဆံရှည်အမျိုးသားက ဒေါသတကြီးဖြင့် စိုက်ကြည့်နေ၏။
စကားပြန်မပြောနိုင်ခင် လူငယ်လေး၏ရင်ဘတ်မှာ လက်သီးနဲ့ထိုးခံလိုက်ရသည်။မျက်နှာကြမ်းအမျိုးသားက သူ့ကို ကူညီရန် ပြေးလာသော်ငြား ကံမကောင်းစွာဖြင့် ရန်သူများ၏လက်လေးချောင်းကို လက်သီးနှစ်ဖက်ဖြင့် အနိုင်ယူရန် ခက်ခဲလှသည်။ ညီအကိုသုံးယောက်သား ရိုက်နှက်တာ ခံလိုက်ရ၏။
"သူဌေး....နောက်တစ်ယောက်ရှိသေးတယ်” လဲ့ယ်ထျဲကိုမြင်သည့်လက်အောက်ငယ်သားတစ်ဦးက သတင်းပို့လာသည်။
မျက်နှာကြမ်းအမျိုးသားက အော်ပြောလိုက်သည်။ "မာရန်ကျဲ သွားမရှုပ်နဲ့!အဲဒီလူက ငါတို့လူ မဟုတ်ဘူး!”
လဲ့ယ်ထျဲ သူ့မျက်လုံးများကိုဖွင့်ကာ လေးထောင့်သဏ္ဌာန်ဇရပ်၏ထုပ်တန်းပေါ်၌ တွားသွားနေသည့် ပင့်ကူတစ်ကောင်ကို ကြည့်လိုက်သည်။
မြင်းပေါ်မှ ဆင်းလာသည့်လူလတ်ပိုင်းအရွယ် အမျိုးသားက ကဲ့ရဲ့ပြီး မထီမဲ့မြင်ပြုကာ "သူ့ကိုပါ အတူတူရိုက်စမ်း!”
လက်အောက်ငယ်သားနှစ်ယောက်က ရယ်ရင်း လဲ့ယ်ထျဲဆီသို့ ပြေးသွားကြသည်။
လဲ့ယ်ထျဲ ငြိမ်နေလိုက်သည်။ ရုတ်တရက် သူဘယ်ဘက်ခြေထောက်ကို မြှောက်လိုက်ပြီး အနှီနှစ်ယောက်ကို ဖြတ်ကန်လိုက်သည်။
လက်အောက်ငယ်သား နှစ်ယောက်မှာ လေးထောင့်သဏ္ဌာန်ဇရပ်ထဲကနေ အော်ဟစ် ပြေးထွက်လာပြီး မြေပြင်ပေါ် လဲကျသွားသည်။ သူတို့ထဲက တစ်ယောက်မှာ အကြိမ်အနည်းငယ် လှိမ့်သွားပြီး မြင်းနက်ရှေ့၌ ရပ်သွား၏။
ရှေ့ကမြက်နုနုတွေ ကြေမွသွားတာကိုမြင်တော့ မြင်းနက်ကြီးသည် အောက်ကိုငုံ့ကြည့်လိုက်သည်။ နှာခေါင်းမှ လေများ ထွက်လာပြီး ဘယ်ဘက်ရှေ့ခွာကို မြှောက်ကာ ကန်ထုတ်လိုက်သည်။
သနားစရာ ငယ်သားလေးမှာ အော်ဟစ်ကာ ထပ်မံ ကန်ထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် မလှုပ်မရှား လဲလျောင်းနေရတော့သည်။မြင်းနက်ကြီးကတော့ အမြီးတွန့်ကာ ဘာမှမဖြစ်သကဲ့သို့ ဆက်လက်စားနေလေသည်။
Advertisement
လူငယ်လေးက လဲ့ယ်ထျဲကို သဘောကျစွာ ကြည့်နေမိသည်။
ဒီယောက်ျားမှာ ပင်ကိုယ်စရိုက်ရှိပြီး သူ့မြင်းမှာတောင် ရှိတယ်ဟ!
မာရန်ကျဲ၏မျက်နှာမှာ မည်းမှောင်သွားပြီး သူ အော်ပြောလိုက်၏။ "မင်းတို့က ဘာအတွက်နဲ့ ကြောင်နေတာလဲ။ သွားချကြစမ်း!”
ချက်ချင်းဆိုသလိုပင် လက်အောက်ငယ်သား တစ်ဝက်ကျော်က လဲ့ယ်ထျဲထံ တိုးဝင်လာကြသည်။
လဲ့ယ်ထျဲ ထထိုင်လိုက်သည်။ သူ့တင်ပါးက ခုံတန်းလျားကနေ မထဘဲ သူ့လက်သီးနှစ်ဖက်ဖြင့် ဖြတ်ထိုးလိုက်သည်။ လက်အောက်ငယ်သားလေးဦးမှာ လူသားပိရမစ်တစ်ခုအဖြစ် မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။
ငမိုက်သား နောက်လိုက်နှစ်ယောက်က သူ့နောက်ကနေ တိတ်တဆိတ် တိုးဝင်လာသော်ငြား လဲယ်ထျဲက သူ့နောက်ကျောကနေ စိုက်ကြည့်နေသလိုမျိုး အချိန်ကိုက် လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး အလိုအလျောက် လိမ်ပစ်လိုက်၏။
"အား.....”
သနားစရာကောင်းတဲ့ အော်ဟစ်သံက ကြားရသူတွေရဲ့ နှလုံးသားထဲအထိ ထိတ်လန့်သွားစေခဲ့သည်။
ကျန်နောက်လိုက် သုံးယောက်မှာ တိုက်ခိုက်သည့် အနေအထားဖြင့် လဲ့ယ်ထျဲကို ရဲရဲကြီးစိုက်ကြည့်သော်လည်း ရှေ့မတိုးရဲကြပေ။
မာရန်ကျဲ၏မျက်နှာသည် ရေထဲသို့နစ်မြုပ်သွား သကဲ့သို့ပင်။ ယနေ့တွင် ခက်ခဲတဲ့အတားအဆီးတစ်ခုကို ကြုံတွေ့လိုက်ရပြီ ဖြစ်ကြောင်း သူသိလိုက်ရပြီ။ သူ့ပျက်စီးမှုအတွက် တရားမစွဲရဲပေ။ သူ လဲ့ယ်ထျဲကို အမုန်းတရားများဖြင့်သာ စိုက်ကြည့်နိုင်ပြီး အံကြိတ်ကာ ထို တစ်ခွန်းသာ ပြောလိုက်နိုင်သည်။
"သွားမယ်---”
လွတ်ငြိမ်းချမ်းသာခွင့်ကို ခံယူလိုက်ရသလိုပါပဲ။ လက်အောက်ငယ်သားတွေက မြင်းတွေကို အမြန်စီးပြီး ထွက်ပြေးကြ၏။ မြင်းခွာသံတွေက မကြာမီ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားလေသည်။
သက်ပြင်းချရင်း သုံးယောက်သား အကြည့်ချင်းဖလှယ်ကာ လေးထောင့်သဏ္ဌာန်ဇရပ်ထဲသို့ ဝင်သွားကြပြီး လဲ့ယ်ထျဲဆီသို့ လက်ဝိုက်ကာ ဦးညွှတ်ကြလေသည်။
"နောင်တော်ရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်!" မျက်နှာကြမ်းအမျိုးသားက လက်သီးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ “ကျုပ်နာမည်က ဟယ်စန်းကျိုး"
ဆံပင်ရှည်ယောက်ျားက သူ့လက်ခုပ်ကိုအုပ်ကာ နှုတ်ဆက်လိုက်သည်။ “ကျွန်တော်က ဟယ်စစ်ဟိုက်”
"ကျွန်တော်ကတော့ ဟယ်ဝူဟူလို့ခေါ်ပါတယ်" လူငယ်လေးကလည်း တက်ကြွစွာပြောလိုက်သည်။
မျက်နှာကြမ်းအမျိုးသားက မေးလိုက်သည်။ "ဒီက နောင်တော်ရဲ့နာမည်ကို မေးလို့ရမလား?”
"လဲ့ယ်ထျဲ”
"နောင်တော်လဲ့ယ်ပေါ့။ တွေ့ရတာဝမ်းသာပါတယ်။" ဟယ်စန်းကျိုးက ပြောလိုက်သည်။ "အဲဒီလူနဲ့ ကျုပ်တို့က တူညီတဲ့ ကောင်းကင်အောက်မှာ မနေထိုင်နိုင်တဲ့ ရန်သူတွေပါ။နောင်တော်လဲ့ယ်သာ ဒီနေ့မှာ မရှိရင် ကျုပ်တို့ညီအကိုသုံးယောက်သေမှာ အသေချာပဲ။ အနာဂတ်မှာ အခွင့်ကောင်းရရင် နောင်တော်လဲ့ယ်ရဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်မှာပါ!”
ဟယ်စစ်ဟိုက်နှင့် ဟယ်ဝူဟူတို့က တပြိုင်နက်တည်းပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော်တို့ညီအစ်ကိုတွေရဲ့ အရိုအသေပေးတာကို လက်ခံပါ”
လဲ့ယ်ထျဲကတော့ ပေါ့ပေါ့ပါးပါးသာ။ "မလိုပါဘူး။ဒါ သာမာန် အကူအညီပါပဲ။”
ထို့နောက် သူ ထ၍ တောထဲသို့ ဝင်သွားလေ၏။
"အဲ...အင့်...နောင်တော်လဲ့ယ် စိတ်ဆိုးသွားတာလား?" စန်းကျိုးနှင့် ဝူဟူတို့သည် စစ်ဟိုက်ကို အတူတူတပြိုင်နက်တည်း ကြည့်လိုက်ကြသည်။စစ်ဟိုက်က ပေါ့ပေါ့ပါးပါးပင်။ "သူ့ဘာသာသူ စိတ်အေးသက်သာစွာ နေပါစေ"
စန်းကျိုးကတော့ ဘာမှ မပြောတော့ပေ။
ဝူဟူသည် မြင်းနက်ကို စိုက်ကြည့်ရင်း စစ်ဟိုက်ကို ဆွဲမေးလိုက်သည်။ "အာ့ကော...အာ့ကော...ဒီမြင်းက ရှားပါးမျိုးစိတ်လို့ ထင်လား? ဒီမြင်းက အရမ်း ညဏ်ကောင်းတာပဲ။ အခုပဲ မာရန်ကျဲရဲ့ လက်အောက်ငယ်သားတွေကို ချလိုက်တာ တွေ့လိုက်တယ်။”
စစ်ဟိုက်သည် မြင်းနက်ကို စိတ်နှစ်ပြီး စိုက်ကြည့်လိုက်သည်။ "မဟုတ်ဘူး။ ဒါက သာမန်ပြည်တွင်းမြင်းတစ်ကောင်ပဲ။”
"ပြည်တွင်းမြင်း” သည် ယေဘုယျဆန်ဆန် အညိုရောင်အမွှေး၊ ကိုယ်ထည်ပုံသဏ္ဍာန်၊ အရှိန်နှင့် မျိုးရိုးတို့၌ အလွန်တွေ့ရပါများသော မြင်းတစ်မျိုးဖြစ်ကြောင်း ဝူဟူ သိသည်။
"မဖြစ်နိုင်ဘူး။ ဟုတ်ပါ့မလား?" သူမယုံပေ။
"အာ့ကော...နောက်တစ်ခေါက် ထပ်ကြည့်ပါဦး။ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ သူ့ရဲ့စိတ်နေစိတ်ထား၊ အထူးသဖြင့် သူ့ရဲ့အရောင်ကိုကြည့်။ အနက်ရောင်ပိုးသားနဲ့ ပတ်ထားသလိုပဲ အရမ်းလှတယ်။ ဘယ်လိုလုပ်ပြီး သာမာန်မြင်းတစ်ကောင် ဖြစ်မလဲ?"
"ငါ!သေချာ!တယ်!" စစ်ဟိုက်သည် မြင်းနက်ကို ဂရုတစိုက်ကြည့်ရင်း သူ့ရဲ့ မေးစေ့ကို ထိလိုက်ကာ ပြောလိုက်သည်။ "ပိုင်ရှင်က သူ့ကို ကောင်းကောင်းမွေးမြူထားတာကြောင့် ညဏ်ကောင်းတဲ့မြင်း ဖြစ်နေတာနေမယ်”
စန်းကျိုးက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ "မင်းတို့နှစ်ယောက် ခန္ဓာကိုယ်တွေက မနာဘူးလား?ဆေးယူဦးမလား?"
"ယူမယ်။” ဝူဟူသည် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး စန်းကျိုး၏လက်ထဲရှိ ဆီမွှေးကို အမြန်ဆွဲယူလိုက်သည်။
"ဒုတိယညီ....နောင်တော်လဲ့ယ်ကို အသက်ကယ်ပေးတဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်။ နောင်တော်လဲ့ယ်ကို ပြန်ပြီးကျေးဇူးဆပ်နိုင်ဖို့ ငါတို့ဘာလုပ်ပေးနိုင်မယ်ထင်လဲ။" စန်းကျိုးက မေးလိုက်သည်။
စစ်ဟိုက်က ခေါင်းခါလိုက်ပြီး "အခွင့်အရေးကို စောင့်ပါဦး"
လဲ့ယ်ထျဲ တောအုပ်ထဲသို့ ဝင်ကာ နေရာလွတ်ထဲသို့ တိတ်တဆိတ် ဝင်သွားခဲ့သည်။သူ လှည့်ပတ်ကြည့်လိုက်တော့ ချင်မျန်ကို မတွေ့ပေ။ ပန်းခင်းထဲက မြေဆီလွှာတွေ စိုနေတာကို သတိထားမိတော့ သူ့ဇနီးလေးနဲ့ လွဲသွားမှန်း သူသိလိုက်သည်။ သူ ရေတစ်ခွက်ကို ခပ်ပြီး နေရာလွတ်ထဲကနေ မထွက်ခင် ပန်းရောင်အဖူးလေးကို ရေလောင်းပေးခဲ့လိုက်သည်။
ဟယ်ညီအစ်ကိုသုံးယောက်သည် လဲ့ယ်ထျဲ ပြန်လာသည်ကို ကြည့်နေကြသည်။ သူတို့ တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း လဲယ်ထျဲက ခုံတန်းလျားပေါ်တွင် အိပ်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
Advertisement
ညီအစ်ကိုသုံးယောက်သား ပါးစပ်လေးတွေကိုပိတ်ပြီး အိပ်ရာနိုးတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
တစ်ညလုံး တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
အရုဏ်ဦးနှင့် နှင်းမှုန်တွေကြား လဲ့ယ်ထျဲ သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ မြင်းပေါ်သို့ ခုန်တက်ကာ ခရီးဆက်ခဲ့၏။
ညီအကိုသုံးယောက်ကတော့ အိပ်ပျော်နေတုန်းပင်။
နေထွက်လာသည်နှင့်အမျှ ဆံရှည်အမျိုးသားသည် သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ထိုလူပျောက်ကွယ်သွားသည်ကို ပထမဆုံးတွေ့လိုက်ရသည်။ထို့နောက် စန်းကျိုးနှင့် ဝူဟူတို့ကို အမြန်နှိုးလိုက်သည်။
"တာ့ကော...ရှောင်စန်း...မြန်မြန်ထ။နောင်တော်လဲ့ယ်ထွက်သွားပြီ!"
"ဘာ?" စန်းကျိုးက ထထိုင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ တကယ့်ကို စိတ်ပျက်သွားမိသည်။ "သူ ဘယ်လိုများ ထွက်သွားရတာလဲ?အိုက်ယား... သူ ဘယ်က လာမှန်းတောင် မသိလိုက်ရဘူး။"
ဝူဟူက ဝမ်းနည်းစွာ ခေါင်းကုတ်လိုက်ပြီး "ဒီလိုမှန်းသာသိရင် ကျွန်တော် အိပ်မှာမဟုတ်ဘူး"
"ထားလိုက်ပါ။" စစ်ဟိုက် အကြောဆန့်လိုက်သည်။ "ကံကြမ္မာရှိသေးရင် ငါတို့ ပြန်ဆုံကြမှာပဲ"
……
လဲ့ယ်ထျဲ လမ်းတစ်လျှောက်လုံး အပြေးနှင်သွားပြီး မြို့တံခါးမပိတ်မီ ချင်းထျန်းစီရင်စုဆီသို့ အရောက်သွားခဲ့သည်။ နောက်ဆုံးအကြိမ် တည်းခိုခဲ့သည့်တည်းခိုခန်းမှာပဲ သူ တည်းခိုခဲ့သည်။
တည်းခိုခန်းထဲတွင် ကိုယ်ခံပညာစွမ်းရည်မြင့်မားသူများ ရှိကောင်းရှိနိုင်သည်မို့ သူ့အခန်းထဲတွင် အသက်ရှုသံ ပျောက်သွားတယ်လို့ ရိပ်မိသွားရင် သံသယဖြစ်ဖွယ် ဖြစ်လာလိမ့်မယ်။ ထို့ကြောင့် လဲ့ယ်ထျဲ နေရာလွတ်ထဲသို့ ဝင်ခွင့်ရခဲ့သော်လည်း သူ မဝင်ခဲ့ပေ။
မိုးလင်းလာသောအခါ သူ ငွေချည်အသားပန်ကိတ်ငါးဆယ်ကိုဝယ်ပြီး နံနက်စာစားပြီးနောက် ချင်းထျန်းစီရင်စုရှိ အကြီးဆုံးပွဲစားထံ သွားခဲ့သည်။ ရှန်းရှန်းခန်းမဆောင်၏စားဖိုမှူးလေးယောက်ကိုလည်း ယင်းထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အနှီပိုင်ရှင်မှာ အလွန်လိမ္မာပါးနပ်သော အဘိုးကြီးပင်ဖြစ်သည်။ မျက်နှာမှာ အမာရွတ်ထင်ကျန်နေတဲ့အပြင် ဟောင်းနွမ်းနေသည့်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်လေးကိုပင် ခန်းမထဲကို နွေးထွေးစွာ ဖိတ်ခေါ်ထားဆဲပင်။
"သခင်လေး....လက်ဖက်ရည်သုံးဆောင်ပါဦး" ပိုင်ရှင်က မေးလိုက်သည်။ "ဒီတစ်ခေါက်ရော ဘယ်လိုလူမျိုးကို ဝယ်မှာလဲ? သခင်လေးက တစ်ကြိမ်ရောက်ဖူးပြီးပြီမို့ ကျုပ်တို့ရဲ့လုပ်ငန်းက ချင်းထျန်းစီရင်စုမှာ အကြီးဆုံးဖြစ်တာကို သိနိုင်ပါတယ်။ ကျုပ်တို့ဆီမှာ လူမျိုးစုံနီးပါးရှိတယ်။ ဒီမှာ မဝယ်ဘူးဆိုရင် ချင်းထျန်းစီရင်စုရဲ့ တခြားပွဲစားတွေမှာ ဝယ်ဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး။"
လဲ့ယ်ထျဲက ပြောလိုက်သည်။ "အသက် 12 နှစ်ကနေ 14 နှစ်အထိ ကျန်းမာသန်စွမ်းတဲ့ ဆယ်ကျော်သက်အားလုံးကို ခေါ်လိုက်ပါ”
"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ခဏလေးပါ" ပိုင်ရှင်က ဝန်ထမ်းကို ညွှန်ကြားပြီးနောက် လဲ့ယ်ထျဲကို ဖိတ်ခေါ်လိုက်သည်။ “လက်ဖက်ရည်သောက်ပါဦး”
သိပ်မကြာခင်မှာပဲ ဝန်ထမ်းတွေက ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ဆယ်ကျော်သက် လေးဆယ်ကျော်လောက် တန်းစီပြီး ခေါ်လာခဲ့သည်။ တချို့က အရပ်ရှည်တယ်၊ အရပ်ပုတယ်၊ ဝတယ်၊ ပိန်တယ်။ ဆယ်ကျော်သက်များသည် လဲ့ယ်ထျဲကို ကြောက်လန့်တကြား ကြည့်နေကြပြီး ဤလူက သူတို့ကို ဝယ်ပြီး ဘာလုပ်ခိုင်းမယ်မှန်းမသိပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ငြင်းဆန်ရန် မလုပ်ဝံ့ကြပေ။
"ကျေနပ်ရဲ့လား?" ပိုင်ရှင်က မေးလိုက်သည်။ "စိတ်မပူပါနဲ့။ ဒီကလေးတွေက ကျန်းမာရေးကောင်းတယ်။ မယုံရင် သမားတော်ကို စစ်ဆေးခိုင်းလို့ရတယ်။”
လဲ့ယ်ထျဲကတော့ သူ့ကို အဖက်မလုပ်ပေ။သူ့ရဲ့ စူးရှထက်မြက်သည့် မျက်လုံးများက ဆယ်ကျော်သက်လူငယ်လေးများကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးသည်။ "အစေခံတစ်ယောက်အတွက် အရေးကြီးတာက ဘာလဲ?”
ပိုင်ရှင်က ပါးနပ်စွာ စကားရပ်ပေးလိုက်သည်။
ဆယ်ကျော်သက်လေးများသည် အံ့သြတကြီးနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ အချို့က နှုတ်ဆိတ်နေပြီး အချို့က “လိမ္မာပါးနပ်မှု” ဟု ဖြေကြပြီး အချို့က “နာခံမှု” ဟု ဖြေကြကာ အချို့က “အရည်အချင်း” ဟု ဖြေကြပြီး အချို့က “သစ္စာစောင့်သိမှု” ဟု ဖြေကြသည်။
--------------------------------------------------------
[Zawgyi]
093 - ဟယ္ညီအစ္ကိုသုံးေယာက္
ခ်င္မ်န္သည္ အခြံခြာထားတဲ့ ပုစြန္ေတြ၊ ေထာင္းထားတဲ့ ေျမပဲေတြ၊ ဟင္းသီးဟင္း႐ြက္ လက္တစ္ဆုပ္စာတို႔ႏွင့္အတူ လတ္ဆတ္ၿပီး အရသာ႐ွိတဲ့ ပဲငံျပာရည္ ေခါက္ဆြဲႏွစ္ပြဲကို ခ်က္လုပ္ခဲ့သည္။ သူ တံခါးကို ေသာ့ခတ္ၿပီး ေခါက္ဆြဲပြဲေတြကို ကိုင္ကာ ေနရာလြတ္ထဲသို႔ တက္ႂကြစြာ ဝင္သြားေသာ္လည္း လဲ့ယ္ထ်ဲက ထိုေနရာတြင္ မ႐ွိေနသည္ကို ေတြ႕လိုက္ရေတာ့ စိတ္ပ်က္သြားသည္။ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ၿပီးေသာ္ျငား ထိုသူကား ေပၚမလာေသးေပ။ ခ်င္မ်န္ ေခါက္ဆြဲႏွစ္ပန္းကန္လုံးကို စားၿပီး ပန္းေရာင္အဖူးေလးကို ေရအနည္းငယ္ေလာင္းၿပီးေနာက္ ေနရာလြတ္မွ ထြက္သြားေလသည္။
'လီ'ရာႏွင့္ခ်ီအကြာအေဝး႐ွိ ေလးေထာင့္သဏၭာန္ဇရပ္တြင္ လူေလးဦး၊ အုပ္စုႏွစ္စုႏႈန္းျဖင့္ တစ္ဖက္စီတြင္ ေနရာယူထားသည္။ လဲ့ယ္ထ်ဲကေတာ့ ေက်ာက္ခုံတန္းလ်ားေပၚတြင္ မ်က္စိမွိတ္ထားကာ မလႈပ္မယွက္ ႐ွိေနသည္။ မ်က္ႏွာၾကမ္းအမ်ိဳးသား၊ ဆံ႐ွည္အမ်ိဳးသားႏွင့္ လူငယ္ေလးတို႔သည္ လဲ့ယ္ထ်ဲ အိပ္စက္ေနသည္ကို အေႏွာက္အယွက္ ျဖစ္သြားေစမည့္အလား ေၾကာက္႐ြံ႕ေသာေၾကာင့္ ဆိတ္ၿငိမ္စြာ စားေသာက္ေနၾကသည္။
ေလးေထာင့္သဏၭာန္ဇရပ္၏အျပင္ဘက္မွာေတာ့ ျမင္းေလးေကာင္က ျမက္ခင္းစိမ္းစိမ္းေတြကို တိတ္တဆိတ္စားေနၿပီး သူတို႔ရဲ႕ အၿမီးေတြကို ရံဖန္ရံခါ ေဝွ႔ရမ္းေန၏။ သူတို႔ကို ၾကည့္ရသည္မွာ အလြန္သာယာၿပီး သက္ေတာင့္သက္သာ႐ွိေနပုံရသည္။
ေနဝင္ၿပီးျဖစ္ေသာ္ျငား အေနာက္ဘက္ေကာင္းကင္ယံတြင္ အဝါေရာင္ေဖ်ာ့ေဖ်ာ့ အရိပ္အေယာင္မ်ား က်န္ရစ္ေနဆဲပင္။
"ခြပ္....ခြပ္....ခြပ္...”
ေနာက္ထပ္ျမင္းခြာသံမွာ အေရးတႀကီးႏွင့္ေျပးလာသည့္အလား ျမန္သထက္ျမန္လာသည္။
ဆံ႐ွည္အမ်ိဳးသားက မ်က္ေမွာင္ၾကဳတ္ၿပီး မ်က္ႏွာၾကမ္းအမ်ိဳးသားနဲ႔ လူငယ္ေလးကို သတိေပးဖို႔ တိုးတိုးေလးေျပာလိုက္သည္။ "အသံကိုၾကည့္ရတာ လူေတာ္ေတာ္မ်ားပုံရတယ္။သတိနဲ႔ေန။"
ခရီးထြက္တဲ့အခါ အႏၲရာယ္အမ်ိဳးမ်ိဳးကို ၾကဳံေတြ႕ရတတ္၏။ သူတို႔အတြက္ အခ်ိန္တိုင္း သတိ႐ွိဖို႔က အရမ္းအေရးႀကီးသည္။
လူငယ္ေလးက မတ္တပ္ထရပ္လိုက္ၿပီး အေဝးကို စူးစူးစိုက္စိုက္ၾကည့္ရင္း ေ႐ွ႕ႏွစ္လွမ္းတိုးလိုက္သည္။
"က်ား...က်ား...!" ျမင္းစီးသူရဲ႕တိုက္တြန္းသံသည္ တဟုန္းဟုန္းေတာက္ေလာင္ေန၏။ ခဏအၾကာတြင္ ျမင္းေကာင္ေရ ဒါဇင္ႏွင့္ခ်ီ၍ နီးကပ္လာသည္။ ျမင္းစီးသူတိုင္းသည္ အရပ္႐ွည္႐ွည္ႏွင့္ ခႏၶာကိုယ္မွာ ထြားႀကိဳင္းေလသည္။ ဦးေဆာင္သူမွလြဲ၍ က်န္သူအားလုံးက ဓား႐ွည္မ်ား ကိုင္ေဆာင္ထားၾကသည္။
“......."
ျမင္းေပၚထိုင္ေနေသာ ေခါင္းေဆာင္၏မ်က္ႏွာကို လူငယ္ေလးက ျမင္သြားေသာအခါ သူ႕မ်က္ႏွာမွာ သိသိသာသာ ေျပာင္းလဲသြား၏။ သူသည္ မကုန္ေသးတဲ့ ပန္ကိတ္ကို ေျမျပင္ေပၚပစ္ခ်ၿပီး ျမင္းဆီ ေျပးသြား၏။ တစ္ခ်ိန္တည္းတြင္လည္း မ်က္ႏွာၾကမ္းအမ်ိဳးသားႏွင့္ ဆံ႐ွည္အမ်ိဳးသားကို ေအာ္ေျပာလိုက္ေသးသည္။
"ေသစမ္း! ပန္နာစီးယားခန္းမကပဲ! သြားၾကစို႔! တာ့ေကာ..အာ့ေကာ!"
မ်က္ႏွာၾကမ္းအမ်ိဳးသားႏွင့္ ဆံ႐ွည္အမ်ိဳးသားတို႔၏မ်က္ႏွာမ်ားသည္ ႐ုတ္တရက္ ေျပာင္းလဲသြားသည္။ သူတို႔သည္ မဆိုင္းမတြပင္ သူတို႔၏ျမင္းမ်ားဆီသို႔ ေျပးသြားၾကသည္။ သို႔ေသာ္ ဇက္ႀကိဳးကို မေျဖမီတြင္ ျမင္းစီးသူမ်ားက သူတို႔ကို မွတ္မိၿပီး ေလွာင္ရယ္ကာ အလ်င္အျမန္ ဝိုင္းရံခဲ့ၾကသည္။
ျမင္းေက်ာေပၚ႐ွိ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ မ်က္ႏွာၾကမ္းအမ်ိဳးသားႏွင့္ ဆံ႐ွည္အမ်ိဳးသားတို႔ကို မထီမဲ့ျမင္ဟန္ပန္ျပဳကာ လူငယ္ေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးစက္စက္ အသံျဖင့္ ေျပာလိုက္သည္။ "ငါ့အတြက္ သူတို႔အကုန္လုံးကို ဖမ္းလိုက္ၾကစမ္း!"
ေနာက္လိုက္ေတြက သူ႕အမိန္႔ကို နာခံၾကၿပီး မ်က္ႏွာၾကမ္းအမ်ိဳးသားနဲ႔ ဆံ႐ွည္အမ်ိဳးသားတို႔ကို ဝိုင္းထားလိုက္ၾကသည္။
ျမင္းရသြားေသာ လူငယ္ေလးသည္ 'က်န္း'ေပါင္းမ်ားစြာအထိ ထြက္ေျပးသြားခဲ့သည္။ အျခားေနာက္လိုက္ႏွစ္ေယာက္ကလည္း သူ႕ေနာက္ကို လိုက္သြားၾကသည္။
မ်က္ႏွာၾကမ္းအမ်ိဳးသားႏွင့္ ဆံ႐ွည္အမ်ိဳးသားတို႔သည္ မေၾကာက္မ႐ြံ႕ တြန္းလွန္ခဲ့ၾကသည္။သူတို႔ရဲ႕ အရည္အခ်င္းမွာ မဆိုးေပ။သို႔ေသာ္ အေရအတြက္က သာလြန္ေနတာမို႔ ႐ႈံးနိမ့္သြားခဲ့သည္။
သူ႕အစ္ကိုအႀကီးဆုံးနဲ႔ ဒုတိယအစ္ကိုတို႔ ပိတ္မိေနတာကို လူငယ္ေလးက ျမင္လိုက္သည္မို႔ သူ ေအာ္ၿပီး ကဆုန္ေပါက္ ျပန္ေျပးလာခဲ့သည္။
"ေ႐ွာင္စန္း...မင္း လူအလား?ဘာအတြက္နဲ႔ ျပန္ေျပးလာရတာလဲ?" ဆံ႐ွည္အမ်ိဳးသားက ေဒါသတႀကီးျဖင့္ စိုက္ၾကည့္ေန၏။
စကားျပန္မေျပာႏိုင္ခင္ လူငယ္ေလး၏ရင္ဘတ္မွာ လက္သီးနဲ႔ထိုးခံလိုက္ရသည္။မ်က္ႏွာၾကမ္းအမ်ိဳးသားက သူ႕ကို ကူညီရန္ ေျပးလာေသာ္ျငား ကံမေကာင္းစြာျဖင့္ ရန္သူမ်ား၏လက္ေလးေခ်ာင္းကို လက္သီးႏွစ္ဖက္ျဖင့္ အႏိုင္ယူရန္ ခက္ခဲလွသည္။ ညီအကိုသုံးေယာက္သား ႐ိုက္ႏွက္တာ ခံလိုက္ရ၏။
"သူေဌး....ေနာက္တစ္ေယာက္႐ွိေသးတယ္” လဲ့ယ္ထ်ဲကိုျမင္သည့္လက္ေအာက္ငယ္သားတစ္ဦးက သတင္းပို႔လာသည္။
မ်က္ႏွာၾကမ္းအမ်ိဳးသားက ေအာ္ေျပာလိုက္သည္။ "မာရန္က်ဲ သြားမ႐ႈပ္နဲ႔!အဲဒီလူက ငါတို႔လူ မဟုတ္ဘူး!”
လဲ့ယ္ထ်ဲ သူ႕မ်က္လုံးမ်ားကိုဖြင့္ကာ ေလးေထာင့္သဏၭာန္ဇရပ္၏ထုပ္တန္းေပၚ၌ တြားသြားေနသည့္ ပင့္ကူတစ္ေကာင္ကို ၾကည့္လိုက္သည္။
ျမင္းေပၚမွ ဆင္းလာသည့္လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ကဲ့ရဲ႕ၿပီး မထီမဲ့ျမင္ျပဳကာ "သူ႕ကိုပါ အတူတူ႐ိုက္စမ္း!”
လက္ေအာက္ငယ္သားႏွစ္ေယာက္က ရယ္ရင္း လဲ့ယ္ထ်ဲဆီသို႔ ေျပးသြားၾကသည္။
လဲ့ယ္ထ်ဲ ၿငိမ္ေနလိုက္သည္။ ႐ုတ္တရက္ သူဘယ္ဘက္ေျခေထာက္ကို ေျမႇာက္လိုက္ၿပီး အႏွီႏွစ္ေယာက္ကို ျဖတ္ကန္လိုက္သည္။
လက္ေအာက္ငယ္သား ႏွစ္ေယာက္မွာ ေလးေထာင့္သဏၭာန္ဇရပ္ထဲကေန ေအာ္ဟစ္ ေျပးထြက္လာၿပီး ေျမျပင္ေပၚ လဲက်သြားသည္။ သူတို႔ထဲက တစ္ေယာက္မွာ အႀကိမ္အနည္းငယ္ လွိမ့္သြားၿပီး ျမင္းနက္ေ႐ွ႕၌ ရပ္သြား၏။
ေ႐ွ႕ကျမက္ႏုႏုေတြ ေၾကမြသြားတာကိုျမင္ေတာ့ ျမင္းနက္ႀကီးသည္ ေအာက္ကိုငုံ႔ၾကည့္လိုက္သည္။ ႏွာေခါင္းမွ ေလမ်ား ထြက္လာၿပီး ဘယ္ဘက္ေ႐ွ႕ခြာကို ေျမႇာက္ကာ ကန္ထုတ္လိုက္သည္။
သနားစရာ ငယ္သားေလးမွာ ေအာ္ဟစ္ကာ ထပ္မံ ကန္ထုတ္ခံလိုက္ရၿပီး ေျမျပင္ေပၚတြင္ မလႈပ္မ႐ွား လဲေလ်ာင္းေနရေတာ့သည္။ျမင္းနက္ႀကီးကေတာ့ အၿမီးတြန္႔ကာ ဘာမွမျဖစ္သကဲ့သို႔ ဆက္လက္စားေနေလသည္။
လူငယ္ေလးက လဲ့ယ္ထ်ဲကို သေဘာက်စြာ ၾကည့္ေနမိသည္။
ဒီေယာက်္ားမွာ ပင္ကိုယ္စ႐ိုက္႐ွိၿပီး သူ႕ျမင္းမွာေတာင္ ႐ွိတယ္ဟ!
မာရန္က်ဲ၏မ်က္ႏွာမွာ မည္းေမွာင္သြားၿပီး သူ ေအာ္ေျပာလိုက္၏။ "မင္းတို႔က ဘာအတြက္နဲ႔ ေၾကာင္ေနတာလဲ။ သြားခ်ၾကစမ္း!”
ခ်က္ခ်င္းဆိုသလိုပင္ လက္ေအာက္ငယ္သား တစ္ဝက္ေက်ာ္က လဲ့ယ္ထ်ဲထံ တိုးဝင္လာၾကသည္။
လဲ့ယ္ထ်ဲ ထထိုင္လိုက္သည္။ သူ႕တင္ပါးက ခုံတန္းလ်ားကေန မထဘဲ သူ႕လက္သီးႏွစ္ဖက္ျဖင့္ ျဖတ္ထိုးလိုက္သည္။ လက္ေအာက္ငယ္သားေလးဦးမွာ လူသားပိရမစ္တစ္ခုအျဖစ္ ေျမျပင္ေပၚသို႔ ပုံက်သြားေလသည္။
ငမိုက္သား ေနာက္လိုက္ႏွစ္ေယာက္က သူ႕ေနာက္ကေန တိတ္တဆိတ္ တိုးဝင္လာေသာ္ျငား လဲယ္ထ်ဲက သူ႕ေနာက္ေက်ာကေန စိုက္ၾကည့္ေနသလိုမ်ိဳး အခ်ိန္ကိုက္ လက္ႏွစ္ဖက္ကို ဆြဲကိုင္လိုက္ၿပီး အလိုအေလ်ာက္ လိမ္ပစ္လိုက္၏။
"အား.....”
သနားစရာေကာင္းတဲ့ ေအာ္ဟစ္သံက ၾကားရသူေတြရဲ႕ ႏွလုံးသားထဲအထိ ထိတ္လန္႔သြားေစခဲ့သည္။
က်န္ေနာက္လိုက္ သုံးေယာက္မွာ တိုက္ခိုက္သည့္ အေနအထားျဖင့္ လဲ့ယ္ထ်ဲကို ရဲရဲႀကီးစိုက္ၾကည့္ေသာ္လည္း ေ႐ွ႕မတိုးရဲၾကေပ။
မာရန္က်ဲ၏မ်က္ႏွာသည္ ေရထဲသို႔နစ္ျမဳပ္သြား သကဲ့သို႔ပင္။ ယေန႔တြင္ ခက္ခဲတဲ့အတားအဆီးတစ္ခုကို ၾကဳံေတြ႕လိုက္ရၿပီ ျဖစ္ေၾကာင္း သူသိလိုက္ရၿပီ။ သူ႕ပ်က္စီးမႈအတြက္ တရားမစြဲရဲေပ။ သူ လဲ့ယ္ထ်ဲကို အမုန္းတရားမ်ားျဖင့္သာ စိုက္ၾကည့္ႏိုင္ၿပီး အံႀကိတ္ကာ ထို တစ္ခြန္းသာ ေျပာလိုက္ႏိုင္သည္။
"သြားမယ္---”
လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ခံယူလိုက္ရသလိုပါပဲ။ လက္ေအာက္ငယ္သားေတြက ျမင္းေတြကို အျမန္စီးၿပီး ထြက္ေျပးၾက၏။ ျမင္းခြာသံေတြက မၾကာမီ အေဝးတစ္ေနရာ၌ ေပ်ာက္ကြယ္သြားေလသည္။
သက္ျပင္းခ်ရင္း သုံးေယာက္သား အၾကည့္ခ်င္းဖလွယ္ကာ ေလးေထာင့္သဏၭာန္ဇရပ္ထဲသို႔ ဝင္သြားၾကၿပီး လဲ့ယ္ထ်ဲဆီသို႔ လက္ဝိုက္ကာ ဦးၫႊတ္ၾကေလသည္။
"ေနာင္ေတာ္ရဲ႕အကူအညီအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္!" မ်က္ႏွာၾကမ္းအမ်ိဳးသားက လက္သီးတစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။ “က်ဳပ္နာမည္က ဟယ္စန္းက်ိဳး"
ဆံပင္႐ွည္ေယာက်္ားက သူ႕လက္ခုပ္ကိုအုပ္ကာ ႏႈတ္ဆက္လိုက္သည္။ “ကြၽန္ေတာ္က ဟယ္စစ္ဟိုက္”
"ကြၽန္ေတာ္ကေတာ့ ဟယ္ဝူဟူလို႔ေခၚပါတယ္" လူငယ္ေလးကလည္း တက္ႂကြစြာေျပာလိုက္သည္။
မ်က္ႏွာၾကမ္းအမ်ိဳးသားက ေမးလိုက္သည္။ "ဒီက ေနာင္ေတာ္ရဲ႕နာမည္ကို ေမးလို႔ရမလား?”
"လဲ့ယ္ထ်ဲ”
Advertisement
- In Serial25 Chapters
Filters
In March of 1954, Earth is covered in a month-long fog. This is what follows. (Updates Fridays)
8 325 - In Serial8 Chapters
WELSH MAGIC
A barely literate pyromancer struggles to avoid expulsion from the prestigious Crymych School of Druidic Sorcery; but when a murderer begins hunting her more talented classmates, exams become the least of her worries. (Especially when her friends are the next to go missing.) A Mythological Whodunnit. (completed)
8 170 - In Serial19 Chapters
Gederah
The rise of a dark plague leaves the fate of mankind on thin ice. In this world filled with violence and uncertainty, soldiers and outlaws must come together and challenge the unknown if they are to stand a chance at taking their world back from a fate that makes death look like child's play. *Story also available on Tapas, Quotev, and Fictionpress
8 194 - In Serial53 Chapters
Dragon Ball: Terror of the Gods
Zero, a criminal organzation test subject escapes only to die from his cells failing due to years of expermintal drugs inject into him. Afterwards he meet Lucifer the Third, who grants him three wishes and reincarnate him into dragon ball for a petty reason. Now, trying to finish his goal once he makes it to earth and becoming strong enough, the gods will tremble at the mention of his name.
8 194 - In Serial24 Chapters
Tear You Apart
Judd BirchxOC story. Devi is numb to the world. But her new friend's older brother makes her feel lots of things
8 204 - In Serial56 Chapters
fear street imagines
1994- Deena- Josh - Simon- Kate- Sam- Heather1978- Young Nick- Ziggy- Cindy- Alice- Joan- Tommy1666- Sarah- Hannah- Lizzie- Issac- Abigail- Constance - Henry
8 206

