《ကံကြမ္မာစေရာ [OC] (Completed)》Ep_32
Advertisement
Uni
ငိုရလွန်းလို့ မျက်ရည်များပင် ခမ်းခြောက်သွားပြီလားမသိ မျက်ရည်တောင်ထပ်မထွက်လာနိုင်တော့ပါ။ထိုင်ငိုနေရာမှ ထလိုက်တော့ ခေါင်းထဲမိုက်ခနဲ မူးသွားတာကြောင့် ဘေးနားရှိရပ်ထားသောကားတစ်စီးကို လက်ဖြင့် ထိန်းပြီးကိုင်ထားရသည်။ဒီအတိုင်းအိမ်ပြန်ရင် လမ်းမှာတင်မူးလဲသွားနိုင်တာကြောင့် ယွန်းမီဆီဖုန်းလှမ်းဆက်လိုက်သည်။
"Ring Ring Ring "
အခန်းထဲမှာ ပန်းချီထိုင်ဆွဲနေရင်း ဖုန်းမြည်လာတာကြောင့် ကောက်ကိုင်လိုက်သည်။
"ဟယ်လို "
".......အင့်.....ဟင့်....."
"ဟယ်လို မြမှူး နင်ဘာဖြစ်နေတာလဲ.....အခုငိုနေတာလား"
"ယွန်းမီ.......နင်အခုငါ့ဆီလာခဲ့လို့ရမလား"
"အေး....ငါအခုလာခဲ့မယ်......နင်အခုဘယ်မှာလဲ"
"ရွှန်းလဲ့ယမုံရဲ့ အိမ်နားမှာ"
"ဘာ!!နင်အဲ့နေရာကနေ လုံး၀မရွေ့ပဲစောင့်နေနော်....ငါအခုလာခဲ့မယ်"
"သေစမ်း.....ဘာတွေဖြစ်ကုန်ပြီလဲမသိဘူး"
ယွန်းမီ အင်္ကျီတောင်မလဲန်ိုင်ပဲ ပိုက်ဆံအိတ်လွယ်ပြီး မြမှူးရှိရာကို အမြန်သွားတော့သည်။
×××××××××××
"နားလိုက်ဦး.....ကိုယ်ဆေးရုံကိုပြန်တော့မယ်"
"ခဏ......ခဏလောက် ယမုံဘေးမှာနေပေးလို့မရဘူးလားဟင်"
ပြန်မလို့ တံခါး၀ရောက်တော့မှ အနောက်ကနေ ခါးကိုလက်နှစ်ဖက်နဲ့ တင်းကြပ်စွာလာဖက်သော ယမုံ့ကြောင့် ဘုန်းမြတ် မျက်လုံးပြူးသွားရသည်။
"ယမုံ ဒါဘာလုပ်တာလဲ "
"ဒုံး.....ဒုံး.....ဒုံး..."
လက်နှစ်ဖက်ကို အတင်းဖယ်နေချိန်မှာ အိမ်တံခါး ကိုထုရိုက်သံကြောင့် လန့်သွားရသည်။
ဒီအိမ်ကိုဘယ်သူမှ လာစရာအကြောင်းမရှိပါဘူးဆိုပြီးတွေးနေရင်း ယမုံ တံခါးသွားဖွင့်လိုက်သည်။တံခါးပွင့်ပြီးတာနဲ့ ရင်ဘက်ကို ဆောင့်တွန်းခံလိုက်ရတာကြောင့် အရင်ကထဲက ယိုင်ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ခန္ဓာကိုယ်က နောက်ပြန်လဲကျသွားရသည်။
ရုတ်တရက်ဖြစ်သွားသော အခြေအနေကြောင့် ကြောင်တောင်တောင်ဖြစ်နေချိန်မှာပဲ အိမ်ထဲကိုဒုန်းစိုင်း၀င်ရောက်လာသူက မှူးရဲ့သူငယ်ချင်း ယွန်းမီ။ယွန်းမီကို ကြည့်နေစဥ်အတွင်းမှာပဲ အိမ်ထဲကို တုံ့နှေးသောခြေလှမ်းများနဲ့ ၀င်ရောက်လာသူက မှူး.....။မှူးရဲ့မျက်နှာက ငိုထားရ၍ နီရဲနေသော မျက်လုံးများနဲ့ အတူ ဒေါသနဲ့ ၀မ်းနည်းမှုပုံရိပ်များ ဖြတ်သန်းနေသည်။မှူးက နာကျည်းချက်အပြည့်ဖြင့်တစ်ခါမှမမြင်ဖူးသော မျက်လုံးစိမ်းများဖြင့်ကြည့်နေလေသည်။
"မှူး......ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
"ဖယ်!!!.....အဲ့မိန်းမကိုင်ထားတဲ့လက်နဲ့ မှူးရဲ့အသားကိုလာမထိနဲ့"
ဘုန်းမြတ် ဘာလုပ်လုပ် ငြင်းဆန်ခြင်းမရှိဘဲ အကုန်လိုက်လျောပေးသော မှူးကအခု လက်ကိုသွားကိုင်မိတာတောင် ခါးခါးသီးသီးနဲ့ ရုန်းလိုက်တာမို့ ရင်ထဲနာကျင်သွားရသည်။
"ရှင် ကျွန်မသူငယ်ချင်းနားကို မကပ်နဲ့"
ယွန်းမီက ဘုန်းမြတ်ကို မြမှူးအနားကနေ တွန်းထုတ်ပြီး မှူးအရှေ့ကနေ ပိတ်ပြီးရပ်နေသည်။
"အရှက်မရှိတဲ့ မိန်းမ.....ငါနင့်ကို အရင်ကထဲ ရွံလောက်အောင်မုန်းတီးနေတာ......နင်က လောကကြီးထဲကို သူများမိသားစုတွေကို ဖျက်ဆီးဖို့ရောက်လာတာ......နင့်မှာ ကြိုက်စရာယောကျာ်းတော်တော်ရှားနေလား.......သူများ ယောကျာ်းတွေကလွဲရင် နင်လိုက်မြူဆွယ်၀ရာလူမရှိတော့ဘူးလား....ဟမ်.....ဟဲ့ ငါမေးနေတာဖြေလေ......အခုမှစောက်ပေါက်ပိတ်မနေနဲ့......ငါ့အဖေတုန်းက ငါ့အဖေမို့လို့ အခုလဲ ငါ့သူငယ်ချင်းယောကျာ်းကို ကြောင်တောင်နိုက်နေပါလား......နင်ရှက်ရကောင်းမှန်းရော ကိုယ့်ကိုယ်ကိုသိရဲ့လား"
ယွန်းမီက အရင်ကထဲက မြိုသိပ်ထားသော စကားတွေကို အကုန်ထုတ်ပြောတော့သည်။
"ဟဲ့ ငါမေးနေတာဖြေလေ....နင့်မှာ စောက်ရှက်ရောရှိရဲ့လား"
ဘာမှ ပြန်မပြောပဲ ဘုန်းမြတ်ရဲ့အနောက်မှာ ကွယ်ပြီးနေနေတာကြောင့် ယွန်းမီဒေါသငယ်ထိပ်ကိုရောက်ကာ ဆံပင်သွားဆွဲတော့သည်။ခေါင်းက ဆံပင်ကို လက်နဲ့ တစ်ပတ်လိမ်ပြီး ဆွဲတာကြောင့် ယမုံ အော်ဟစ်ပြီး ငိုနေတော့သည်။
"ကိုဘုန်း....ယမုံ့ကို ကယ်ပါဦး"
ယမုံအော်ပြီး အကူအညီတောင်းနေပေမဲ့လဲ ဘုန်းမြတ်မကြားနိုင်။အခုလောလောဆယ် မှူးကိုစကားပြောဖို့ကပိုအရေးကြီးနေသည်။
"မှူး.......မှူး ကို့ယ်ကို တစ်မျိုးမထင်နဲ့နော်...ကိုယ်ရှင်းပြပါ့မယ်.....မှူး အရင်ဆုံးစိတ်ကိုအေးအေးခထားနော်"
မှူးဘာမှ ပြန်မပြောပဲ အံကြိတ်ပြီး မျက်ထောင့်နီနဲ့ အကို့ကိုစိုက်ကြည့်နေလိုက်သည်။
"ယမုံ့ ကိုဘုန်းနဲ့က ဘာမှ မဟုတ်တာမလုပ်ရပါဘူး.........အားးးးးးးး....ကိုဘုန်း ယမုံကို ကူညီပါဦး"
တစ်ခွန်းထွက်လေ ဆံပင်ကို ဆောင့်ဆောင့်ပြီးဆွဲနေတာကြောင့် ခေါင်းတစ်ခုလုံးပြုတ်ထွက်မတက်ခံစားနေရသည်။
"ယွန်းမီ ယမုံကိုလွှတ်ပေးလိုက်ပါ သူအခုအရမ်းနေမကောင်းဖြစ်နေတာ"
ဘုန်းမြတ်၀င်မဆွဲတော့လျှင် ယမုံသေတော့မဲ့ အရေးမြင်နေသဖြင့် ယွန်းမီကို ဆွဲရတော့သည်။
"ကျွန်မကို လာမတားနဲ့ အဲ့ကောင်မကို ဒီနေ့သတ်ပစ်မယ်......ဒီလိုမိန်းမက လောကကြီးကနေ ပျောက်ကွယ်သွားမှအေးမှာ"
ဘုန်းမြတ်ချုပ်ထားတဲ့ကြားထဲကနေအတင်း ရုန်းကန်နေတာကြောင့် မနည်းထိန်းနေရသည်။
"ဟုတ်တယ် အကုန်လုံးငါ့ရဲ့အမှားတွေကြီးပဲ
ကျေနပ်ပြီလား နင်ပြောတဲ့ နင့်အဖေနဲ့ပတ်သက်မိခဲ့လို့ ငါ့ဘ၀ကြီးကအခုလိုစုတ်ပြတ်သက်သွားရတာ......မဟုတ်ရင် ငါလဲအခုလို ဆင်းဆင်းရဲရဲနေရမှာမဟုတ်တော့သလို......နင့်သူငယ်ချင်းဆိုတာကလဲ ကိုဘုန်းရဲ့မိန်းမဖြစ်လာမှမဟုတ်ဘူး....
ငါကလဲ အခုချိန်ဆို ဆရာ၀န်ကတော်ဖြစ်နေလောက်ပြီ...ဟားးးဟားးဟားး"
ချက်ချင်းကြီး အရူးတစ်ယောက်လို ပြောင်းလဲသွားပြီး တဟားဟားနဲ့ပြောနေပုံကြောင့် မြမှူးလန့်နေရသည်။မျက်လုံးတွေက မူမမှန်တော့သလို
တစ်ခုခုကို ကြံစည်နေတဲ့ မျက်နှာထားမျိုးဖြစ်နေသည်။
"အဲ့ဒါ နင်တို့ကြောင့်.......နင့်အမေကြောင့်.....ပြီးတော့........ အဲ့ကိစ္စမှာနင်လဲအလိုတူအလိုပါပဲမလား...ဟမ်"
အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဒီမိန်းမက မှူးကို အရူးမျက်လုံးတွေနဲ့ ကြည့်နေကာ အနောက်ကို တစ်ချက်တွန်းလိုက်ပြီးစွပ်စွဲနေသည်။နဂိုကတည်းက ယိုင်နဲ့နေသောမှူးသည် နံရံထောင့်ကို ကပ်သွားရသည်။
"ယမုံ....မင်းအခုဘာလုပ်လိုက်တာလဲ......အခုရပ်လိုက်တော့နော်.....မှူးကို ပြောစရာအကြောင်းမရှိဘူး........မင်း လုပ်တဲ့ကိစ္စတွေက မှူးနဲ့ဘာဆိုင်လို့လဲ.....တခြားသူတွေကို လိုက်ပြီးအပြစ်ပုံချမနေနဲ့
ကိုယ့်လုပ်ရပ်တွေကိုပြန်စဥ်းစားကြည့်ဦး....မင်း ငါ့အပေါ်မှာ ဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့လဲဆိုတာ....ငါအခုမင်းကို မင်းရဲ့ရောဂါအခြေအနေကြောင့် သည်းခံပြီး ပြောဆိုဆက်ဆံပေးနေတာအဲ့ဒါကို ရောင့်တက်မနေနဲ့......မင်းအပေါ်မှာ ဘာခံစားချက်မှမရှိတော့ဘူး......ပြီးတော့ ငါ့မိန်းမကို စွပ်စွဲခွင့် မင်းမှာမရှိဘူး"
တစ်ယောက်ထဲ သမားမို့သနားပြီး ကူညီပေးတာကို တလွဲအတွေးတွေတွေးနေတဲ့အပြင် မှူးကိုပါ မဟုတ်တာတွေပြောလာတော့ သည်းမခံနိုင်တော့ပါ။
"ကိုဘုန်း ယမုံ့ကို ဘယ်လိုတောင်ပြောရက်ရတာလဲ....... သူ့ကို အဲ့လောက်ထိချစ်တာလား.....ဟင်.....ယမုံ့ကိုချစ်ခဲ့တာထက် ပိုချစ်တာလား"
Advertisement
ယမုံ အရူးတစ်ယောက်လိုပင် ဘုန်းမြတ်လက်ကကို ဆွဲလှုပ်ပြီးမေးနေသည်။
"ဟုတ်တယ်ကွာ.....မင်းကိုချစ်ခဲ့တာထက် အဆတစ်ရာပိုချစ်တယ်....အဲ့ဒါကြောင့် ငါ့အပေါ်ခံစားချက်တွေ ထပ်ထားမနေနဲ့.....နောက်ဆုံးအချိန်ထိ မင်းကို ခွင့်လွှတ်ပြီး ကူညီပေးခဲ့တယ်...
ဒါကိုမင်းက ငါ့ကိုကျေးဇူးမတင်တဲ့အပြင် မှူးကို ကိုယ်ထိလက်ရောက်လုပ်သေးတယ်....အခုတော့ လုံး၀ပဲ.... ငါတို့ရေစက်ကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်"
"မှူး.....ကိုယ်တို့ အိမ်ပြန်ကြမယ်"
မှူးကို တွဲပြီး အိမ်ထဲကပြန်ထွက်လာတော့သည်။
"မဟုတ်ဘူး......မဟုတ်ဘူး.....ကိုဘုန်းက ငါကိုချစ်သေးတယ်......သူလိမ်နေတာ.....မဟုတ်ဘူး......အားးးး"
ရွှန်းလဲ့ယမုံ လုံး၀ ရူးသွပ်သွားလေပြီ။
"ဟင့်.......ကောင်းပြီလေ.......ယမုံနဲ့ ကိုဘုန်းရဲ့ရေစက်ကို ဒီမှာအဆုံးသတ်လိုက်ကြတာပေါ့.....ဒါပေမဲ့ငါတစ်ယောက်ထဲတော့မဟုတ်ဘူး
ဟင်းးးးးဟင်းးး"
အိမ်ထဲကနေ အပြေးတစ်ပိုင်းပြေးထွက်သွားပြီး ကိုဘုန်း ဖက်ပြီး တွဲထားသောထိုမိန်းကလေးကို ဆောင့်ဆွဲပြီး ကားလမ်းမပေါ်ပြေးထွက်သွားတော့သည်။
"ရွှန်းလဲ့ယမုံ!!"
ဘုန်းမြတ်ရော ယွန်းမီရော မြမှူးနောက်ကိုပြေးလိုက်သွားတော့သည်။
မှူး မှာတစ်နေကုန် ငိုထားရ၍ ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်သည် ရွှန်းလဲ့ယမုံခေါ်ဆောင်ရာနောက်ကို တရွတ်တိုက်ပါသွားတော့သည်။
"အ့.....လွှတ် ..... အခုလွှတ်"
"မလွှတ်ဘူး.....ငါနဲ့အတူတူ ငရဲကိုသွားကြမယ်"
ထိုစဥ်အကိုရောက်လာပြီး ရွှန်းလဲ့ယမုံကို ဖမ်းချုပ်ကာ မေ့ကြောကိုနှိပ်လိုက်တာကြောင့် သတိလစ်သွားတော့သည်။
"မှူး....အဆင်ပြေရဲ့လား"
"အင်း"
မှူး အကိုလက်လှမ်းပေးတာကို လှမ်းဆွဲပြီးထမလို့ လုပ်လိုက်သည်။
"အ.......အကို........မှူး.......မှူး.......ဘာ.....ဘာဖြစ်တာလဲမသိဘူး"
"ဟမ်"
မှူး ရဲ့တုန်ရီနေသော အသံကြောင့် ဘုန်းမြတ်ကြည့်လိုက်တော့ မှူး၀တ်ထားသော ပန်းနုရောင်ဂါ၀န်အောက်ကနေ စီးကျနေသော သွေးများ.....။ဘုန်းမြတ် ခေါင်းနပန်းကြီးသွားရတော့သည်။ရွှန်းလဲ့ယမုံကို လမ်းဘေးချပြီး မှူးဆီပြေးသွားလိုက်သည်။
"မှူးလေး......ငြိမ်ငြိမ်လေးနေနော်.......ကိုယ့်ကိုသေချာကြည့်......အောက်ကိုမကြည့်နဲ့"
ဘုန်းမြတ်ပြောနေရင်းနဲ့ကို ခေါင်းတစ်ခုလုံးထူပူကာ မျက်ရည်၀ဲတက်လာရပြီး အသံပင်တုန်လာရသည်။သူထင်တာသာမမှားဘူးဆိုရင် ဒါဟာ ကိုယ်၀န်ပျက်ကျခြင်းဖြစ်သည်........။
×××××××××××××××××××××××××××××××××××
အစောကထဲက စီစဥ်ထားတဲ့ plotအတိုင်းပဲ ဆက်ရေးနေတာမို့လို့ ခါးသွားရင် ဆောရီးပါရှင်🥺
Zawgyi
ငိုရလြန္းလို႔ မ်က္ရည္မ်ားပင္ ခမ္းေျခာက္သြားၿပီလားမသိ မ်က္ရည္ေတာင္ထပ္မထြက္လာႏိုင္ေတာ့ပါ။ထိုင္ငိုေနရာမွ ထလိုက္ေတာ့ ေခါင္းထဲမိုက္ခနဲ မူးသြားတာေၾကာင့္ ေဘးနားရိွရပ္ထားေသာကားတစ္စီးကို လက္ျဖင့္ ထိန္းၿပီးကိုင္ထားရသည္။ဒီအတိုင္းအိမ္ျပန္ရင္ လမ္းမွာတင္မူးလဲသြားႏိုင္တာေၾကာင့္ ယြန္းမီဆီဖုန္းလွမ္းဆက္လိုက္သည္။
"Ring Ring Ring "
အခန္းထဲမွာ ပန္းခ်ီထိုင္ဆြဲေနရင္း ဖုန္းျမည္လာတာေၾကာင့္ ေကာက္ကိုင္လိုက္သည္။
"ဟယ္လို "
".......အင့္.....ဟင့္....."
"ဟယ္လို ျမမွဴး နင္ဘာျဖစ္ေနတာလဲ.....အခုငိုေနတာလား"
"ယြန္းမီ.......နင္အခုငါ့ဆီလာခဲ့လို႔ရမလား"
"ေအး....ငါအခုလာခဲ့မယ္......နင္အခုဘယ္မွာလဲ"
"ရႊန္းလဲ့ယမံုရဲ့ အိမ္နားမွာ"
"ဘာ!!နင္အဲ့ေနရာကေန လံုး၀မေရြ့ပဲေစာင့္ေနေနာ္....ငါအခုလာခဲ့မယ္"
"ေသစမ္း.....ဘာေတျြဖစ္ကုန္ၿပီလဲမသိဘူး"
ယြန္းမီ အက်ႌေတာင္မလဲန္ိုင္ပဲ ပိုက္ဆံအိတ္လြယ္ၿပီး ျမမွဴးရိွရာကို အျမန္သြားေတာ့သည္။
×××××××××××
"နားလိုက္ၪီး.....ကိုယ္ေဆးရံုကိုျပန္ေတာ့မယ္"
"ခဏ......ခဏေလာက္ ယမံုေဘးမွာေနေပးလို႔မရဘူးလားဟင္"
ျပန္မလို႔ တံခါး၀ေရာက္ေတာ့မွ အေနာက္ကေန ခါးကိုလက္ႏွစ္ဖက္နဲ႔ တင္းၾကပ္စြာလာဖက္ေသာ ယမံု႔ေၾကာင့္ ဘုန္းျမတ္ မ်က္လံုးျပဴးသြားရသည္။
"ယမံု ဒါဘာလုပ္တာလဲ "
"ဒံုး.....ဒံုး.....ဒံုး..."
လက္ႏွစ္ဖက္ကို အတင္းဖယ္ေနခ်ိန္မွာ အိမ္တံခါး ကိုထုရိုက္သံေၾကာင့္ လန္႔သြားရသည္။
ဒီအိမ္ကိုဘယ္သူမွ လာစရာအေၾကာင္းမရိွပါဘူးဆိုၿပီးေတြးေနရင္း ယမံု တံခါးသြားဖြင့္လိုက္သည္။တံခါးပြင့္ၿပီးတာနဲ႔ ရင္ဘက္ကို ေဆာင့္တြန္းခံလိုက္ရတာေၾကာင့္ အရင္ကထဲက ယိုင္ယိုင္နဲ႔နဲ႔ျဖစ္ေနတဲ့ ခႏၶာကိုယ္က ေနာက္ျပန္လဲက်သြားရသည္။
ရုတ္တရက္ျဖစ္သြားေသာ အေျခအေနေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနခ်ိန္မွာပဲ အိမ္ထဲကိုဒုန္းစိုင္း၀င္ေရာက္လာသူက မွဴးရဲ့သူငယ္ခ်င္း ယြန္းမီ။ယြန္းမီကို ၾကည့္ေနစဥ္အတြင္းမွာပဲ အိမ္ထဲကို တံု႔ေနွးေသာေျခလွမ္းမ်ားနဲ႔ ၀င္ေရာက္လာသူက မွဴး.....။မွဴးရဲ့မ်က္ႏွာက ငိုထားရ၍ နီရဲေနေသာ မ်က္လံုးမ်ားနဲ႔ အတူ ေဒါသနဲ႔ ၀မ္းနည္းမႈပံုရိပ္မ်ား ျဖတ္သန္းေနသည္။မွဴးက နာက်ည္းခ်က္အျပည့္ျဖင့္တစ္ခါမွမျမင္ဖူးေသာ မ်က္လံုးစိမ္းမ်ားျဖင့္ၾကည့္ေနေလသည္။
"မွဴး......ဘယ္လိုျဖစ္လို႔ေရာက္လာတာလဲ"
"ဖယ္!!!.....အဲ့မိန္းမကိုင္ထားတဲ့လက္နဲ႔ မွဴးရဲ့အသားကိုလာမထိနဲ႔"
ဘုန္းျမတ္ ဘာလုပ္လုပ္ ျငင္းဆန္ျခင္းမရိွဘဲ အကုန္လိုက္ေလ်ာေပးေသာ မွဴးကအခု လက္ကိုသြားကိုင္မိတာေတာင္ ခါးခါးသီးသီးနဲ႔ ရုန္းလိုက္တာမို႔ ရင္ထဲနာက်င္သြားရသည္။
"ရွင္ ကြၽန္မသူငယ္ခ်င္းနားကို မကပ္နဲ႔"
ယြန္းမီက ဘုန္းျမတ္ကို ျမမွဴးအနားကေန တြန္းထုတ္ၿပီး မွဴးအေရ႔ွကေန ပိတ္ၿပီးရပ္ေနသည္။
"အရွက္မရိွတဲ့ မိန္းမ.....ငါနင့္ကို အရင္ကထဲ ရြံေလာက္ေအာင္မုန္းတီးေနတာ......နင္က ေလာကႀကီးထဲကို သူမ်ားမိသားစုေတြကို ဖ်က္ဆီးဖို႔ေရာက္လာတာ......နင့္မွာ ႀကိဳက္စရာေယာက်ာ္းေတာ္ေတာ္ရွားေနလား.......သူမ်ား ေယာက်ာ္းေတြကလြဲရင္ နင္လိုက္ျမဴဆြယ္၀ရာလူမရိွေတာ့ဘူးလား....ဟမ္.....ဟဲ့ ငါေမးေနတာေျဖေလ......အခုမွေစာက္ေပါက္ပိတ္မေနနဲ႔......ငါ့အေဖတုန္းက ငါ့အေဖမို႔လို႔ အခုလဲ ငါ့သူငယ္ခ်င္းေယာက်ာ္းကို ေၾကာင္ေတာင္ႏိုက္ေနပါလား......နင္ရွက္ရေကာင္းမွန္းေရာ ကိုယ့္ကိုယ္ကိုသိရဲ့လား"
ယြန္းမီက အရင္ကထဲက ၿမိဳသိပ္ထားေသာ စကားေတြကို အကုန္ထုတ္ေျပာေတာ့သည္။
"ဟဲ့ ငါေမးေနတာေျဖေလ....နင့္မွာ ေစာက္ရွက္ေရာရိွရဲ့လား"
ဘာမွ ျပန္မေျပာပဲ ဘုန္းျမတ္ရဲ့အေနာက္မွာ ကြယ္ၿပီးေနေနတာေၾကာင့္ ယြန္းမီေဒါသငယ္ထိပ္ကိုေရာက္ကာ ဆံပင္သြားဆြဲေတာ့သည္။ေခါင္းက ဆံပင္ကို လက္နဲ႔ တစ္ပတ္လိမ္ၿပီး ဆြဲတာေၾကာင့္ ယမံု ေအာ္ဟစ္ၿပီး ငိုေနေတာ့သည္။
"ကိုဘုန္း....ယမံု႔ကို ကယ္ပါၪီး"
ယမံုေအာ္ၿပီး အကူအညီေတာင္းေနေပမဲ့လဲ ဘုန္းျမတ္မၾကားႏိုင္။အခုေလာေလာဆယ္ မွဴးကိုစကားေျပာဖို႔ကပိုအေရးႀကီးေနသည္။
"မွဴး.......မွဴး ကို႔ယ္ကို တစ္မ်ိဳးမထင္နဲ႔ေနာ္...ကိုယ္ရွင္းျပပါ့မယ္.....မွဴး အရင္ဆံုးစိတ္ကိုေအးေအးခထားေနာ္"
မွဴးဘာမွ ျပန္မေျပာပဲ အံႀကိတ္ၿပီး မ်က္ေထာင့္နီနဲ႔ အကို႔ကိုစိုက္ၾကည့္ေနလိုက္သည္။
"ယမံု႔ ကိုဘုန္းနဲ႔က ဘာမွ မဟုတ္တာမလုပ္ရပါဘူး.........အားးးးးးးး....ကိုဘုန္း ယမံုကို ကူညီပါၪီး"
တစ္ခြန္းထြက္ေလ ဆံပင္ကို ေဆာင့္ေဆာင့္ၿပီးဆြဲေနတာေၾကာင့္ ေခါင္းတစ္ခုလံုးျပဳတ္ထြက္မတက္ခံစားေနရသည္။
"ယြန္းမီ ယမံုကိုလႊတ္ေပးလိုက္ပါ သူအခုအရမ္းေနမေကာင္းျဖစ္ေနတာ"
ဘုန္းျမတ္၀င္မဆြဲေတာ့လ်ွင္ ယမံုေသေတာ့မဲ့ အေရးျမင္ေနသျဖင့္ ယြန္းမီကို ဆြဲရေတာ့သည္။
"ကြၽန္မကို လာမတားနဲ႔ အဲ့ေကာင္မကို ဒီေန့သတ္ပစ္မယ္......ဒီလိုမိန္းမက ေလာကႀကီးကေန ေပ်ာက္ကြယ္သြားမွေအးမွာ"
ဘုန္းျမတ္ခ်ဳပ္ထားတဲ့ၾကားထဲကေနအတင္း ရုန္းကန္ေနတာေၾကာင့္ မနည္းထိန္းေနရသည္။
"ဟုတ္တယ္ အကုန္လံုးငါ့ရဲ့အမွားေတြႀကီးပဲ
ေက်နပ္ၿပီလား နင္ေျပာတဲ့ နင့္အေဖနဲ႔ပတ္သက္မိခဲ့လို႔ ငါ့ဘ၀ႀကီးကအခုလိုစုတ္ျပတ္သက္သြားရတာ......မဟုတ္ရင္ ငါလဲအခုလို ဆင္းဆင္းရဲရဲေနရမွာမဟုတ္ေတာ့သလို......နင့္သူငယ္ခ်င္းဆိုတာကလဲ ကိုဘုန္းရဲ့မိန္းမျဖစ္လာမွမဟုတ္ဘူး....
ငါကလဲ အခုခ်ိန္ဆို ဆရာ၀န္ကေတာ္ျဖစ္ေနေလာက္ၿပီ...ဟားးးဟားးဟားး"
ခ်က္ခ်င္းႀကီး အရူးတစ္ေယာက္လို ေျပာင္းလဲသြားၿပီး တဟားဟားနဲ႔ေျပာေနပံုေၾကာင့္ ျမမွဴးလန္႔ေနရသည္။မ်က္လံုးေတြက မူမမွန္ေတာ့သလို
တစ္ခုခုကို ႀကံစည္ေနတဲ့ မ်က္ႏွာထားမ်ိဳးျဖစ္ေနသည္။
"အဲ့ဒါ နင္တို႔ေၾကာင့္.......နင့္အေမေၾကာင့္.....ၿပီးေတာ့........ အဲ့ကိစၥမွာနင္လဲအလိုတူအလိုပါပဲမလား...ဟမ္"
အေျခအေနက ေျပာင္းျပန္ျဖစ္သြားၿပီး ဒီမိန္းမက မွဴးကို အရူးမ်က္လံုးေတြနဲ႔ ၾကည့္ေနကာ အေနာက္ကို တစ္ခ်က္တြန္းလိုက္ၿပီးစြပ္စြဲေနသည္။နဂိုကတည္းက ယိုင္နဲ႔ေနေသာမွဴးသည္ နံရံေထာင့္ကို ကပ္သြားရသည္။
"ယမံု....မင္းအခုဘာလုပ္လိုက္တာလဲ......အခုရပ္လိုက္ေတာ့ေနာ္.....မွဴးကို ေျပာစရာအေၾကာင္းမရိွဘူး........မင္း လုပ္တဲ့ကိစၥေတြက မွဴးနဲ႔ဘာဆိုင္လို႔လဲ.....တျခားသူေတြကို လိုက္ၿပီးအျပစ္ပံုခ်မေနနဲ႔
ကိုယ့္လုပ္ရပ္ေတြကိုျပန္စဥ္းစားၾကည့္ၪီး....မင္း ငါ့အေပၚမွာ ဘယ္လိုလုပ္ရပ္ေတြလုပ္ခဲ့လဲဆိုတာ....ငါအခုမင္းကို မင္းရဲ့ေရာဂါအေျခအေနေၾကာင့္ သည္းခံၿပီး ေျပာဆိုဆက္ဆံေပးေနတာအဲ့ဒါကို ေရာင့္တက္မေနနဲ႔......မင္းအေပၚမွာ ဘာခံစားခ်က္မွမရိွေတာ့ဘူး......ၿပီးေတာ့ ငါ့မိန္းမကို စြပ္စြဲခြင့္ မင္းမွာမရိွဘူး"
တစ္ေယာက္ထဲ သမားမို႔သနားၿပီး ကူညီေပးတာကို တလြဲအေတြးေတြေတြးေနတဲ့အျပင္ မွဴးကိုပါ မဟုတ္တာေတြေျပာလာေတာ့ သည္းမခံႏိုင္ေတာ့ပါ။
"ကိုဘုန္း ယမံု႔ကို ဘယ္လိုေတာင္ေျပာရက္ရတာလဲ....... သူ႔ကို အဲ့ေလာက္ထိခ်စ္တာလား.....ဟင္.....ယမံု႔ကိုခ်စ္ခဲ့တာထက္ ပိုခ်စ္တာလား"
ယမံု အရူးတစ္ေယာက္လိုပင္ ဘုန္းျမတ္လက္ကကို ဆြဲလႈပ္ၿပီးေမးေနသည္။
"ဟုတ္တယ္ကြာ.....မင္းကိုခ်စ္ခဲ့တာထက္ အဆတစ္ရာပိုခ်စ္တယ္....အဲ့ဒါေၾကာင့္ ငါ့အေပၚခံစားခ်က္ေတြ ထပ္ထားမေနနဲ႔.....ေနာက္ဆံုးအခ်ိန္ထိ မင္းကို ခြင့္လႊတ္ၿပီး ကူညီေပးခဲ့တယ္...
ဒါကိုမင္းက ငါ့ကိုေက်းဇူးမတင္တဲ့အျပင္ မွဴးကို ကိုယ္ထိလက္ေရာက္လုပ္ေသးတယ္....အခုေတာ့ လံုး၀ပဲ.... ငါတို႔ေရစက္ကို ဒီမွာပဲ အဆံုးသတ္လိုက္ၾကရေအာင္"
"မွဴး.....ကိုယ္တို႔ အိမ္ျပန္ၾကမယ္"
မွဴးကို တြဲၿပီး အိမ္ထဲကျပန္ထြက္လာေတာ့သည္။
"မဟုတ္ဘူး......မဟုတ္ဘူး.....ကိုဘုန္းက ငါကိုခ်စ္ေသးတယ္......သူလိမ္ေနတာ.....မဟုတ္ဘူး......အားးးး"
ရႊန္းလဲ့ယမံု လံုး၀ ရူးသြပ္သြားေလၿပီ။
"ဟင့္.......ေကာင္းၿပီေလ.......ယမံုနဲ႔ ကိုဘုန္းရဲ့ေရစက္ကို ဒီမွာအဆံုးသတ္လိုက္ၾကတာေပါ့.....ဒါေပမဲ့ငါတစ္ေယာက္ထဲေတာ့မဟုတ္ဘူး
ဟင္းးးးးဟင္းးး"
အိမ္ထဲကေန အေျပးတစ္ပိုင္းေျပးထြက္သြားၿပီး ကိုဘုန္း ဖက္ၿပီး တြဲထားေသာထိုမိန္းကေလးကို ေဆာင့္ဆြဲၿပီး ကားလမ္းမေပၚေျပးထြက္သြားေတာ့သည္။
"ရႊန္းလဲ့ယမံု!!"
ဘုန္းျမတ္ေရာ ယြန္းမီေရာ ျမမွဴးေနာက္ကိုေျပးလိုက္သြားေတာ့သည္။
မွဴး မွာတစ္ေနကုန္ ငိုထားရ၍ ပင္ပန္းႏြမ္းလ်ေနေသာ ခႏၶာကိုယ္သည္ ရႊန္းလဲ့ယမံုေခၚေဆာင္ရာေနာက္ကို တရြတ္တိုက္ပါသြားေတာ့သည္။
"အ့.....လႊတ္ ..... အခုလႊတ္"
"မလႊတ္ဘူး.....ငါနဲ႔အတူတူ ငရဲကိုသြားၾကမယ္"
ထိုစဥ္အကိုေရာက္လာၿပီး ရႊန္းလဲ့ယမံုကို ဖမ္းခ်ဳပ္ကာ ေမ့ေၾကာကိုႏိွပ္လိုက္တာေၾကာင့္ သတိလစ္သြားေတာ့သည္။
"မွဴး....အဆင္ေျပရဲ့လား"
"အင္း"
မွဴး အကိုလက္လွမ္းေပးတာကို လွမ္းဆြဲၿပီးထမလို႔ လုပ္လိုက္သည္။
"အ.......အကို........မွဴး.......မွဴး.......ဘာ.....ဘာျဖစ္တာလဲမသိဘူး"
"ဟမ္"
မွဴး ရဲ့တုန္ရီေနေသာ အသံေၾကာင့္ ဘုန္းျမတ္ၾကည့္လိုက္ေတာ့ မွဴး၀တ္ထားေသာ ပန္းႏုေရာင္ဂါ၀န္ေအာက္ကေန စီးက်ေနေသာ ေသြးမ်ား.....။ဘုန္းျမတ္ ေခါင္းနပန္းႀကီးသြားရေတာ့သည္။ရႊန္းလဲ့ယမံုကို လမ္းေဘးခ်ၿပီး မွဴးဆီေျပးသြားလိုက္သည္။
"မွဴးေလး......ၿငိမ္ၿငိမ္ေလးေနေနာ္.......ကိုယ့္ကိုေသခ်ာၾကည့္......ေအာက္ကိုမၾကည့္နဲ႔"
ဘုန္းျမတ္ေျပာေနရင္းနဲ႔ကို ေခါင္းတစ္ခုလံုးထူပူကာ မ်က္ရည္ဝဲတက္လာရၿပီး အသံပင္တုန္လာရသည္။သူထင္တာသာမမွားဘူးဆိုရင္ ဒါဟာ ကိုယ္၀န္ပ်က္က်ျခင္းျဖစ္သည္........။
×××××××××××××××××××××××××××××××××××
အေစာကထဲက စီစဥ္ထားတဲ့ plotအတိုင္းပဲ ဆက္ေရးေနတာမို႔လို႔ ခါးသြားရင္ ေဆာရီးပါရွင္🥺
Advertisement
- In Serial225 Chapters
The World Seems Realistic But Why Do I Have A Leveling System?
Sheila is an average girl who likes to play video games and watch animes in her free time. If there’s anything that stood out from her, that would be her beautiful appearance. Due to spending too much time playing video games till late at night, she would usually forget to do her homework which she would, later on, asked her best friend, Ria, for help. A total average gamer-otaku girl.
8 663 - In Serial172 Chapters
Loving The Naughty Empress
“Why are you here, My Emperor?” Ni Qing put her hand on her waist to salute her emperor.
8 322 - In Serial7 Chapters
The Official Douche Bag Travel Guide of Chad Barrington
After having a tantrum in court that lands him in contempt, Chad Barrington is forced to seek counseling and take two months off. Unable to work, this top notch lawyer decides to go on vacation and sooth his battered ego. Chad quickly learns that it's possible to be a total Douche in paradise as well...
8 178 - In Serial41 Chapters
Pregnant with the italian's baby ✔
DISCLAIMER!!!!!!This book is probably very bad! Who am I kidding? there's no probably, it's very bad. There are probably some things that don't make sense or don't add up, and the writing in the first chapters (or all) is bad.I know I have improved but this was just a warning, so I don't get cussed out in the comments. Lol, jk. I wrote this when I was younger (I hated editing) so there are a lot of mistakes with capitalizing, punctuation, sentence structure etc.Read at your own risk. You were warned.************Excerpt. The pounding of my head could be heard from a mile away. I closed my eyes tightly and tried not to focus on the pain. I was becoming irritated by both the headache and the stupid chains. I opened my eyes and looked over at my sister, she was sleeping with her head hanging low. I looked away from her and pulled on the chains, ignoring the migraine I'm pretty sure I have. This is just pure cruelty, I really prefered staying in the room. I looked around the room, for what felt like the millionth time within this hour.I took a deep and long breath before I just let my hands hang to the sides of my head in the chains. My breathing slowed and I closed my eyes.When I opened my eyes a while after I noticed that someone was in the room. "What are you doing in here?" I asked.~~~~~~~~Highest Rank #1 in General Fiction.New cover made by @lexusloveangels. Thanks again, I love it.
8 204 - In Serial22 Chapters
This Is Me
George loved dresses, they loved how they flowed so elegantly in the slightest of breezes, how beautiful dresses looked when George stood admiring them in front of a mirror for hours, looking at every stitch and every sequin. Clay on the other hand, despite having two dads was homophobic, he despised his dads and how they held one another in each other's arms. But that was all a mask only he didn't dare to admit it. After all the rough times he had gone through, he was not longer the one who was bullied. He was the bully. It was for sure that George wasn't going to be able to keep wearing dresses in secret forever, it was only a matter of time until people found out, but how would everyone respond? More importantly, how would Clay their best friend respond?TW's:-Homo(trans)phobia (F-slur)-Panic attack (just one)-Bullying-Abuse
8 209 - In Serial7 Chapters
why don't we dirty imagines/ smuts
a lil something for the limelights to fantasise about ;)all chapters are over 1000 words longs, my fave one is 2224 words long! there really graphic and turn a lot of the readers on ;)
8 182

