《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 12 ]
Advertisement
Unicode
-12- ( ပြင်ဆင်ပြီး)
"ငါ့မှာ ပိုင်ရှင်ရှိတယ်…
သူ တစ်ယောက်ပဲ ငါ့ကို ပိုင်တယ်။ငါက သူ့ ရဲ့အပိုင်။
ငါ သူ့ ကို ချစ်တယ်။သူလည်း ငါ့ကို………ချစ်တယ်။
ဒါ့ကြောင့် မင်းပြောတာတွေ တစ်ခုမှ ငါ လက်မခံနိုင်ဘူး စုန့်လန်!!!"
ယောက်ျားလေးပေမဲ့ လှပသော မျက်လုံးအိမ်ဖွဲ့ စည်းမှုနှင့် အရည်ကြည်တွေ တောက်ပနေသော မျက်စံတွေကြောင့် စုန့်လန် အနည်းငယ် ငေးငိုင်သွားသည်။
ငယ်ငယ်ကတည်းက မိဘတွေရဲ့ ပစ်ပယ်ထားမှု့ ကြောင့် နေရာအိမ်တောင် မရှိခဲ့သော သူ့ ဘဝ။သူများပစ္စည်းများကို ခိုးတာက တစ်မျိုး လုယက်တာက တစ်ဖုံဖြင့် နေထိုင်စားသောက်လာသည်မှာ ဘဝရဲ့ သုံးပုံ ပုံ တစ်ပုံပင် ရောက်လာနေပြီ။
သို့ပေသိ မိန်းကလေးအလှလေးများစွာနှင့် မည်မျှပင် ဆက်ဆံစဉ်ကာမူ တစ်စုံတစ်ဦးကိုမျှ မနှစ်သက်ဖူးပါ။မစွဲလန်းခဲ့ဖူးပါ။မတောင်းတခဲ့ဖူးပါ။
ဒီအလှလေးကိုတော့ မြင်မြင်ကတည်းက ယောကျာ်းလေးမှန်း သိနေခဲ့ရက်နှင့်ပင် သူ့ ရဲ့ ဘယ်ဘက်ရင်အုံက လျှင်မြန်စွာ ခုန်ပေါက်လာသည်။သူ့ စိတ်ကလည်း အဲ့ဒီလူသားလေးကို အပိုင်လိုချင်လာသည်။
ကိုယ့်ရန်သူမှန်း သိနေပြီး သတ်ပစ်လိုက်ရင် ရရဲ့သားနဲ့ မေ့အောင် ရိုက်ကာ ခေါ်လာခဲ့တဲ့ သူ့ စိတ်က အဲ့အချိန်တုန်းက တအားပျော်နေမှန်း သိသာနေခဲ့သည်။
လုယက်နေကျ ခိုးဖွက်နေကျ ပစ္စည်းတွေလိုမျိုး ကိုယ့်လက်ထဲ ရောက်လာရင် ကိုယ့်အပိုင်ဖြစ်သွားမယ်လို့ သူပုန်စုန့်လန်က ထင်ခဲ့သည်။ဒါပေမဲ့ သက်ရှိလူသားဖြစ်တဲ့ ထိုအလှလေးက သူ့ အပိုင်မဟုတ်ကြောင်းရော သူ့ မှာပိုင်ရှင်ရှိတယ် ဆိုတဲ့အကြောင်းရောကို အနက်ရောင်အစက်ပေါ်ရှိသော နှုတ်ခမ်းနီနီလေးက အဆက်မပြတ်စကားဆိုလာသည်။
"မင်းမှာ ပိုင်ရှင်ရှိတိုင်း ငါ့အပိုင်လုပ်လို့မရဘူးလို့ ထင်နေလား!"
သူရဲ့အော်ပြောမှု့ မှာ ထိုအလှလေးက မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေပြန်သည်။သူ ဒီတစ်သက် အဲ့ဒီ့အပြုအမူတွေကြားက ရုန်းမထွက်နိုင်တော့ဘူး ထင်ပါ့။
"မရဘူး…"
"ဟားဟား ရတာပေါ့"
ခနဲ့တဲ့တဲ့ရယ်ကာ ပြောနေသည့် စုန့်လန်ကို ရှောင်းကျန့် စိတ်တိုစွာပဲ ထပ်ကြည့်နေလိုက်သည်။
"ဒါနဲ့ မေးပါဦးမယ်။
အလှလေးရဲ့ ပိုင်ရှင်က ယောကျာ်းလေးလား မိန်းကလေးလား!"
"ဘာလုပ်မလို့လဲ"
စုန့်လန်က ရှောင်းကျန့်မျက်နှာနား ကပ်လာပြီး ဟိုကြည့်ဒီကြည့်ဖြစ်နေသည့် အကြည့်တွေကို သူ့ ဆီ၌ မြဲမြံစေလိုက်သည်။
"သတ်မလို့ပေါ့။အလှလေးကို ကိုယ်တစ်ယောက်တည်းပဲ ပိုင်တော့အောင်လေ…"
"ခင်ဗျား လူယုတ်မာ!"
"ကိုယ်က အစကတည်းက လူယုတ်မာပဲကို"
တောက်ခ်!
"အိုး…ဒေါသထွက်နေတာလေးက ဘယ်လိုဖြစ်လို့ ယုန်လေးနဲ့ ပိုတူလာနေရတာတုန်း"
"……"
"ကဲပါ ဒေါသထွက်မနေတော့နဲ့။
ကိုယ်တို့သွားဖို့ အချိန်ကျပြီ…လာ သွားရအောင်"
စုန့်လန်က ရှောင်းကျန့်လက်ကို ကိုင်ပြီး ဆွဲခေါ်သည်။
ဒါပေမဲ့ ရှောင်းကျန့်က ထိုင်နေရာမှတင် နည်းနည်းလေးတောင် တုပ်တုပ်မလှုပ်ဘဲ ထိုင်နေလေသည်။
"ငါ မလိုက်နိုင်ဘူး"
"ဘာလို့လဲ"
"ငါ နေခဲ့မယ်"
"ဒီဂူကို ပိတ်ခဲ့မှာ အလှလေးရဲ့"
"သိတယ်…ငါ မင်းနဲ့လုံးဝမလိုက်နိုင်ဘူး"
စုန့်လန်က ရှောင်းကျန့်လက်ကို လွှတ်ပြီး ဘေးနားလာထိုင်သည်။
"ဒီမှာ ကျန်ခဲ့တဲ့ ဟိုအမဲကောင်နဲ့ အလှလေးက အတူတူသေမလို့လား။ဒါမှမဟုတ် အဲ့အမဲကောင်က အလှလေး ပိုင်ရှင်မို့လို့ စိတ်ကူးယဉ်ဆန်ဆန် ချစ်သူနှစ်ယောက် ဖက်သေမလို့လား"
ရှောင်းကျန့်က စုန့်လန်ရဲ့ စကားတွေကို နားထောင်ရင်း စုန့်လန်နဲ့ မျက်နှာချင်းဆိုင် လှည့်လာသည်။
"မင်းကို မဖမ်းနိုင်မှတော့ ငါတို့က ဘာလို့အသက်ရှင်စရာလိုတော့မှာလဲ။ငါတို့ မင်းကြီးအမိန့်ကို မဆောင်ရွက်နိုင်မှတော့ ပြန်သွားလည်း ဒီပြစ်ဒဏ်က လွတ်နိုင်မှာ မဟုတ်ဘူး။ဒါ့ကြောင့် ဘယ်သူ့ မှနှိပ်စက်ခြင်း မခံရသော ဒီနည်းလမ်းကို ငါရွေးချယ်ခြင်းပဲ။မင်းပြောတာတွေက တစ်ခုမှမဟုတ်ဘူး…"
"ငါက အခုအခြားတစ်နိုင်ငံပြောင်းတော့မှာပါ။မင်းတို့ နိုင်ငံမှာ မလုပ်ချင်တော့ဘူး။ဒါ့ကြောင့် ငါ့ကို လိုက်ဖမ်းမနေနဲ့တော့။မင်းပြောတဲ့အပြစ်က လွတ်ဖို့ ငါ ကူညီလို့ရနိုင်တာပဲ။
မင်းသာလက်ခံပြီး ငါနဲ့လိုက်ရင် ဒါတွေက အေးဆေးပါ"
"ငါက တစ်ကိုယ်ကောင်းဆန်သလို ဖြစ်တာပေါ့"
"ဟေးအလှလေး…လောကမှာ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ရပ်တည်နေတဲ့သူချည်းပဲ။သူများအကြောင်းကို လိုက်တွေးပြီး ဘာမှစိတ်ပူနေစရာမလိုဘူး…"
စုန့်လန်က ရှောင်းကျန့်ကို ငေးကြည့်စဉ်မှာပဲ နောက်က တစ်စုံတစ်ယောက်ရိုက်ခြင်းခံလိုက်ရသည်။နောက်မှာ အရှင့်သားရောက်နေတာကို ရှောင်းကျန့်က သိတာကြောင့် စုန့်လန် အခြားကို အာရုံမရောက်အောင် သူ ဖန်တီးလိုက်ခြင်းဖြစ်သည်။
အရှင့်သား ဘယ်လိုထွက်လာလဲတော့ သူမသိ။အခု စုန့်လန်ရဲ့ လူတွေက ခရီးသွားဖို့ အပြင်သို့ထွက်မလာသေးသော သူတို့ခေါင်းဆောင်နှင့် ရှောင်းကျန့်ကို စောင့်နေတာကြောင့် အထဲမှာ တစ်ဦးတစ်ယောက်ပင် မရှိ။
အရှင့်သားက စုန့်လန်ကို ထမ်းပြီး ရှောင်းကျန့်လက်ကို ဆွဲကာ တစ်နေရာဆီသို့ ဦးတည်သွားနေလေသည်။
"ငါ သိထားတဲ့ ထွက်ပေါက်တစ်ခုရှိတယ်"
ရှောင်းကျန့်က ခေါင်းငြိမ့်ပြပြီး စုန့်လန်ကိုယ်ကို ကူထမ်းပေးသည်။
--------------------------
ဂူအပြင်ဘက်ကို ရောက်တော့ နှစ်ယောက်သားမောနေတာကြောင့် အနည်းငယ် အမောဖြေလိုက်သည်။
"ဒီနေရာက မြန်မြန်သွားမှ ဖြစ်မယ်။
တော်ကြာ သူ့ လူတွေ လိုက်လာလိမ့်မယ်"
အရှင့်သားက ပြောလည်းပြောသည်။အိတ်ကပ်ထဲက အထုပ်တစ်ထုပ်ကိုလည်း စုန့်လန်ပါးစပ်ထဲသို့ အတင်းသွပ်သွင်းနေသည်။
"နောက်ထပ် သုံးနာရီလောက် သူ အိပ်နေဦးမယ်။
အဲ့အတောအတွင်း ကျိရန်တို့နဲ့ တွေ့ မှဖြစ်မယ်"
Advertisement
အရှင့်သားက စုန့်လန်ကို ထမ်းတင်လျက် ရှေ့က ဦးဆောင်သွားသည်။သူကတော့ နောက်ကနေ ထက်မြတ်သော အရှင့်သားရဲ့ကျောပြင်ကို ငေးကြည့်ရင်း လိုက်ပါသွားတော့သည်။
.
.
.
.
.
နန်းတော်ဝတွင် ထွက်ကြိုနေသော မင်းကြီး သို့မဟုတ် ဖခမည်းတော်နှင့်အတူ မယ်မယ်ရယ် ရှင်းယန်ရယ်။မျက်နှာချိုကို အတုလုပ်ပြီး ပြုံးနေသော ဝမ်ဟန့်မယ်တော်ရယ် ရှောင်းကျန့်ကိုသာ ပြူးပြဲရှာပြီး စိုးရိမ်နေသော မျက်ဝန်းတို့ ဖြင့်စိုက်ကြည့်နေသော ဝမ်ဟန်ရယ်။
"သားတော် ရိပေါ်…
ဂုဏ်ယူပါတယ်"
ခမည်းတော်က ဝမ်ရိပေါ်ကို ပြုံးကာ လှမ်းဖက်သည်။
"ကဲ…ပင်ပန်းနေကြပြီပေါ့။
ဒီညတော့ မင်းတို့အားလုံးအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးမယ်ကွာ…ဖမ်းလာတဲ့ လူတွေကိုတော့ အကျဉ်းထောင်ထဲ ပို့လိုက်ကြ"
မင်းကြီးက တကယ့်ကို အားရပါးရဖြင့် အော်ပြောနေတာ ဖြစ်သည်။အိမ်ရှေ့စံမင်းသားအတွက် အတော့်ပင်လည်း ဂုဏ်ယူနေပုံပေါ်သည်။
အိမ်ရှေ့ကို အဓိကထားပြီး ဂုဏ်ပြုပေးတဲ့ စားသောက်ပွဲမှာတော့ အိမ်ရှေ့စံမင်းသားက တစ်စုံတစ်ယောက်ကို မတွေ့ တာကြောင့် မျက်စိတင်သာမက မျက်နှာပါ ပျက်နေလေသည်။တစ်ယောက်တည်း ကွက်ပျောက်နေတာ မဟုတ်ဘဲ အကိုတော်ဖြစ်သူ ဝမ်ဟန်ပါ ပါနေခြင်းကြောင့် စိတ်အလိုမကျနိုင်တော့ပေ။
ဒီလိုအဖြစ်အပျက်လည်း ရှေးဘဝမှာ မပါခဲ့။တကယ်လို့ ပါခဲ့ရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေသေးသည်။ဘေးနားက ကျိရန်ကို ခေါ်ပြီး ခပ်တိုးတိုးဖြင့် ဝမ်ရိပေါ် မေးလိုက်သည်။
"ရှောင်းကျန့်ရော"
"ပင်ပန်းလို့ အနားယူနေတယ်လို့ သိရပါတယ် အရှင့်သား"
"ဘယ်မှာ နားနေတာလဲ"
"အရှင့်သားအဆောင်နောက်က သူ့ နေရာလေးမှာပဲ အရှင့်သား"
"ဝမ်ဟန်ကရော"
ဝမ်ရိပေါ်က မျက်ခုံးတွန့်ပြီး ထပ်မေးသည်။
"မင်းသားဝမ်ဟန် ဘယ်ရောက်နေတာလဲ ဆိုတော့ ကျွန်တော်မျိုး မသိကြောင်းပါ အရှင့်သား"
"ကောင်းပြီ။ ငါ ခဏ အပြင်ထွက်မှာမို့ ဒီမှာကြည့်ထားပေးဦး"
"အမိန့်အတိုင်းပါ အရှင့်သား"
ပွဲတော်တည်သော နေရာမှ ထွက်ကာ အဆောင်သို့သာ အမြန်ပြန်လာမိသည်။ဘာကြောင့် ပြန်လာချင်လည်းဆိုတာတော့ သူ့ ကိုယ်သူ ဝမ်ရိပေါ် မသိပါ။
ညိုးနေသော မျက်နှာကို တွေးချင်နေတာလား။
ပင်ပန်းနေတာဆိုတော့ နေများမကောင်းသေးတာလား။
နေမကောင်းရင် တွယ်ကယ်တတ်တဲ့ တစ်စုံတစ်ယောက်ကို
စိတ်ပူလို့များလား။
ကျေးဇူးပြု၍ ထိုသို့ဖြစ်နေသော စိတ်တွေကို မေ့ပျောက်ထားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ထားရအောင်။အိမ်ရှေ့စံဆိုတဲ့ သိက္ခာလေးအတွက် နည်းနည်းသက်ညှာသော အနေဖြင့်…
လမ်းသွားနေတုန်း အရင်ဘဝက သူ့ နှလုံးကြေမွခဲ့ရသော အဖြစ်အပျက်တစ်ခု ခေါင်းထဲ အလျှင်အမြန် တိုးဝင်လာသည်။
ဥယျာဉ်တော်ထဲမှာ ချစ်သလင်းခင်းနေကြသော သူ့ ကြင်ယာတော်နှင့် သူ့ အကိုတော် ပုံရိပ်တွေ။အဲ့အချိန်တုန်းက
ထိုနှစ်ဦးရဲ့ကျေနပ်သော အသံတွေအကြား လူမသိ သူမသိ
မြေပြင်ပေါ်သို့ ကျဆင်းခဲ့သော သူ့ မျက်ရည်တွေ။မပေါက်ကွဲမပြဘဲ ကြိတ်ခံစားရတာ အဆင်ပြေမယ် ထင်ခဲ့တာတွေ။ချစ်လွန်းလို့…အဲ့ဒီသူကို ချစ်လွန်းလို့ သူ ခံစားခဲ့ရတာတွေ။
စိတ်ထဲထင့်နေတာကြောင့် အဆောင်သို့ မပြန်ဘဲ ဥယျာဉ်တော်ဘက် လှည့်လာလိုက်သည်။အခုကလည်း နှစ်ယောက်စလုံး ပျောက်နေတာကြောင့် အရင်ဘဝလိုများ…
အခုက အရင်ရှောင်းကျန့်နဲ့ မတူတော့ပါဘူး။အဲ့လို မလုပ်ဘူးလို့ ငါထင်တယ်။ငါ မင်းကို တစ်ခါလောက် ယုံကြည်ကြည့်ရင် ကောင်းမလား ရှောင်းကျန့်။
လရောင်ကြောင့် လင်းနေသော ဥယျာဉ်ရဲ့ အလယ်လောက်ထိ လျှောက်လာပြီး ဘေးဘီကို ဝဲကြည့်လိုက်သည်။တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် ဒီထဲမှာ လူမရှိမှန်း ဖြစ်နိုင်ပါသည်။
ဒါပေမဲ့ မျက်လုံးက ဖျက်ခနဲပါပဲ။ပန်းပင်တွေကြားထဲမှာ လင်းနေသော အရာလေးတစ်ခုကြောင့်။ထိုနေရာကို ခြေသံခပ်ဖွဖွဖြင့် အပြေးသွားပြီး အလင်းရောင်လေးကို စူးစမ်းကြည့်လိုက်သည်။
လူနှစ်ယောက်က ထပ်လျက်သား။။သူ့ ကိုရှိမှန်းတောင် သိမယ်မထင်။ဒါက နန်းတော်ထဲက တစ်ဦးနဲ့တစ်ဦး မေတ္တာမျှနေကြသော သမီးရည်းစားတွေ ဖြစ်နိုင်သည်ဟု ထင်လိုက်မိသည်။
ထပ်မံပြီး ဖျက်ခနဲပါပဲ။နှစ်ဘဝဆက်တိုက် သူ့ ကို အကြိမ်တစ်ရာမက ဆွဲဆောင်လွန်းသော နှုတ်ခမ်းအောက်က မှဲ့နက်။ သေချာကြည့်မိတော့မှ အပေါ်ကလူရဲ့ အဆောင်အယောင်ကို သတိထားမိသွားတော့သည်။
ဒီတစ်ခါလည်း ဒီလိုပဲလား။
ငါ မင်းကို ယုံကြည်လို့ တကယ်ပဲ မရနိုင်တော့ဘူး ရှောင်းကျန့်။ငါ မင်းကို မချစ်သင့်တော့ဘူး။
"အဟက်!"
သူ့ အသံကြားမှ ထပ်လျက်သားလူနှစ်ယောက်က ထကာ
မတ်တပ်ရပ်လာသည်။
"ဂုဏ်ပြုပွဲကိုတောင် မလာနိုင်အောင် ပင်ပန်းနေတော့ ဒီအထဲမှာ အပန်းလာဖြေနေတာပေါ့ ရှောင်းကျန့် ဟုတ်လား!"
အရှင့်သား ဝမ်ရိပေါ်က ခပ်ဖွဖွရယ်လိုက်သည်။မီးရောင်ဖြင့် ကြည့်လျှင် သူ့ မျက်လုံးတွေ နီရဲနေမှာ ဖြစ်ပြီး ထပ်မံစိုက်ကြည့်လျှင် အရည်တွေ ရစ်သိုင်းနေတာ မြင်ရမည် ဖြစ်သည်။
**************************************
ငါ သူ့ ကို ချစ်တယ်။သူလည်း ငါ့ကိုချစ်တယ်။
Advertisement
"မရဘူး"
"ဟားဟား ရတာပေါ့"
"ဒါနဲ့ မေးပါဦးမယ်။
"ဘာလုပ်မလို့လဲ"
"ခင်ဗျား လူယုတ်မာ!"
တောက်ခ်!
""
"ငါ မလိုက်နိုင်ဘူး"
"ဘာလို့လဲ"
"ငါ နေခဲ့မယ်"
--------------------------
.
.
.
.
.
"သားတော် ရိပေါ်
ဂုဏ်ယူပါတယ်"
"ရှောင်းကျန့်ရော"
"ဘယ်မှာ နားနေတာလဲ"
"ဝမ်ဟန်ကရော"
စိတ်ပူလို့များလား။
"အဟက်!"
မတ်တပ်ရပ်လာသည်။
**************************************
Advertisement
- In Serial363 Chapters
Crazy Duke And Fallen Queen
She's the Queen who lost a war. And he's the man who won.
8 6446 - In Serial60 Chapters
Remember Self-Control: Bossy Husband Loves Me Deep to Soul
Having been married for two years, he only takes her as an enemy. He never touches her, and even insult her in front of other women, "Si Wan, you are the most disgusting woman in the world." Facing his ruthlessness, she decides to leave, "Gong Siming, if you don't love, just let me go." But he replied dominantly, "Si Wan, of course I love you." Si Wan is caught in a trance. And he goes on, "I want to love you tenderly every night."
8 408 - In Serial43 Chapters
Her smile His favourite sight ✔️
"Isn't it beautiful?Two people who didn't even Know each other once,Now pray for each other's happiness Even before their own."......."What did you say?" Ayaan growls with his dangerously low voice scaring the shit out of the poor girl whose heart is trembling in fear but also excitement at the thought of annoying her husband."You heard it but still if you want to hear it again then I repeat" she holds her pyjamas up "You are a jerk!! A freaking jerk!!" She yells and quickly takes a u-turn to run for her dear life while holding her pyjamas up so she does not trip and fall as she is laughing out loudly feeling amused and happy after annoying his arrogant yet sweet Husband who is shooting dagger through her soul but he couldn't hide the fact that his heart is smiling looking at his wife who is being all scared yet is a brat.@the_vampgal Thanks for the lovely cover.
8 205 - In Serial18 Chapters
Finding My Luna (Sequel to ICBTAM)
Today was supposed to be one of the happiest days of my life. The day when I say 'I do' and join myself to my mate for the rest of our lives. However that's drowned out by what's still missing. Myself.I stare at my reflection in the mirror and it's almost like I can see the part of me that's missing. Rafe has claimed that he doesn't care that I can't reach my wolf, that it's a problem that we will solve, that everything will be alright. He can't help me with this though. The Moon Goddess told me it was up to me and me alone, she's given me clues, only I still have no idea what to do.I feel like my soul has been lost along with my wolf, and even though Rafe smiles and kisses me and tells me it's alright, I can't help but think that he's somehow disappointed in me. Disappointed that I can't be what he needs. He needs a Luna, and right now, that's not who I am. And I'm worried that the pack sees that too.I won't give up hope though. I won't stop trying until I've found Kali, until I've found my Luna.********************The dust has settled following Rafe and Katarina's recovery. However, neither one of them have been able to relax. Rafe is still on edge about Nolan and the other rogues still running free, and Katarina is consumed with the dread of her missing wolf.She's scared of the unknown and at the moment, the unknown surrounds her. Her child, her wolf, what she and her mate are. All of it is new to her and none of it is normal. Whatever that's supposed to be.Katarina has decided that she won't rest until she finds her wolf again. She will search for her no matter the cost, but when that cost could be her child or mate, will she truly do whatever it takes?Maybe the Moon Goddess has a twisted sense in fate. Or maybe it's other forces working against her.Find out in Finding My LunaCover inspired by @_iiiinfinity_
8 242 - In Serial31 Chapters
My Homophobic Best Friend (Lesbian Stories)
Cliche title? Yeah I know... When you accidentally fall for your 'straight'? best friend and to make it even more worse, that said best friend is quite homophobic type..! A light fluffy teen story I promise. Nothing too angsty here..! Peace yaw!
8 99 - In Serial26 Chapters
Angel Academy
Emma Rose is happy with her normal life. Until two hot older guys kidnap her!! Shes taken to a school called Angel Academy, where she is told she has the ability to control an element, just like everyone else at the school. Can she survive this crazy school, where gym teachers shoot fire at her and she has to pass survival tests? Nothing seems normal anymore, but with the threat of a new and powerful enemy, it's up to Emma and her friends to save their school.
8 240