《Amiss Prayer (Zawgyi&Unicode) [Completed]》Part-39(ချုပ်နှောင်မှု)
Advertisement
For Unicode
ချုပ်နှောင်မှု
ခုတင်ထက်တွင်ထိုင်နေသော ရုပ်သေးရုပ်...။ ပန်းချီကားနှင့် ဓားကိုသာ ငေးကြည့်နေလျက် အတွေးနယ်တို့၌ အဆမတန် ခြေလွန်နေသည်။
ဆုံးဖြတ်ချက်တို့ ခိုင်မာခဲ့ပြီ...။ ထိုဆုံးဖြတ်ချက်တို့ခိုင်မာရန် နာကျင်နေသောနှလုံးသားကို လျစ်လျူရှုရသည်မှာ သိပ်တော့မလွယ်ကူလှ။ အတိတ်ဘဝမှ ဆုတောင်းခဲ့သည်ကိုသာ မျှော်ကိုးမိလျက် ယခုတွင်သူ့အား စွန့်လွှတ်ရမည်။
ကျွန်တော့်ရဲ့ အတိတ်ဘဝကဆုတောင်းတွေ ပြည့်မယ်မဟုတ်လား။ ဘဝဆက်တိုင်း ပေါင်းဖက်ရဖို့ ကျွန်တော်ဆုတောင်းခဲ့တယ်လေ ပြည့်မယ်မဟုတ်ဟင်။ ပြန်ဆုံဖို့ အခွင့်အရေးလေး ရှိဦးမယ်မဟုတ်လား။ အခုကျွန်တော့်ရဲ့တောင်းဆိုချက်တွေကို သူလက်ခံပါ့မလား..။ လက်မခံလည်း လုပ်သင့်တာတော့ လုပ်ရမှာပဲလေ..။
မြတ်သူ၏အတွေးလွန်ပုံကို အခန်းထောင့်လေးတွင်ရပ်နေသော စိုင်းထွဋ်ခေါင်မြင်ပါသည်။ စိုင်းထွဋ်ခေါင်ကိုသာ မြတ်သူမမြင်ခဲ့။
ကောင်လေး၏အတွေးနယ်တို့ ကျယ်ပြောနေသည်ကိုရိပ်မိပါသည်။ သို့သော်မည်သည့် အကြောင်းကိစ္စတို့ကြောင့် အတွေးနယ်ကျွံနေရကြောင်း မိမိမသိခဲ့။ ကောင်လေးအား အတွေးနယ်တို့မှရုန်းထွက်စေရန် သူ၏နောက်ကျောမှ ဖက်ထားလိုက်သည်။ သူသည် မိမိအားနွေးထွေးမှုပေးသည်။ သူ၏နွေးထွေးမှုကိုလည်း မိမိသည်က သဘောကျမြဲပင်။ မတရားသည်က မိမိသည်သာ သူ့ကိုအေးစက်မှုများ ပေးနေမိသည်။
“ ကောင်လေးက ကိုယ်ဖက်လိုက်တဲ့အချိန်တိုင်း ကိုယ်ကိုနွေးထွေးမှုတွေပေးတယ်နော်..။ သဘောကျလိုက်တာ "
“ အင်း... ကျွန်တော်လည်း ခင်ဗျားရဲ့အေးစက်မှုတွေကိုသဘောကျပါတယ်... "
“ ဟုတ်ပါပြီ.. အခုလိုနားလည်ပေးလို့ အရမ်းချစ်တယ်နော် "
“ ကျွန်တော်လည်း ချစ်ပါတယ်... ဒါပေမဲ့.. ဒီအတိုင်းကြီးဆက်သွားနေလို့.. နှစ်ယောက်လုံးအတွက် အဆင်ပြေပါ့မလား "
“ ချစ်ခြင်းတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင် ပြီးပြီမဟုတ်လား။ ကျန်တာတွေက အရေးပါလို့လား။ အရေးမပါတာတွေကို မေ့ထားလိုက်ပါလား "
“ ဘဝတွေဆိုတာ မေ့ထားလို့ကောင်းတဲ့အရာမှ မဟုတ်တာ..။ ဘဝချင်းမတူတော့ ပေါင်းဖက်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ "
“ အခုလောလောဆယ်တော့ အဆင်ပြေနေတာပဲလေ "
“ ခင်ဗျားထင်လို့ပါ... ကျွန်တော်တကယ်အဆင်မပြေခဲ့ဘူး။ ခင်ဗျားကိုဒီလိုဘဝနဲ့မြင်နေရတာက ကျွန်တော့်အတွက် အဆင်မပြေဘူး။ မေမေတို့စိတ်ဆင်းရဲနေတာကို ကြည့်နေရတာက ကျွန်တော့်အတွက် အဆင်မပြေခဲ့ဘူး "
“ ကိုယ့်အတွက် စိတ်မပူပါနဲ့။ ဘယ်ဘဝပဲရောက်ရောက် ကောင်လေးဘေးနားမှာနေနေရရင် အဆင်ပြေတယ် "
“ ခင်ဗျားရဲ့အခုလက်ရှိဘဝက နေလို့ကောင်းတဲ့အရာမဟုတ်မှန်း ခင်ဗျားကိုယ်တိုင်အသိဆုံးပါ။ ဘာလို့ခေါင်းမာရတာလဲဗျာ... "
“ ကိုယ်အဆင်ပြေတယ်လို့ပြောပြီးပြီပဲ..။ ဒီလိုစောင့်နေရင်း ကောင်လေးရှိရာအရပ်ကိုလာဖို့က လွယ်တယ်လေ။ မသေချာတဲ့အနာဂတ်ကြီးက ကိုယ်တို့ကိုပြန်ဆုံဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး။ အချိန်တွေဘယ်လောက်ပဲ စောင့်ရစောင့်ရ ကိုယ်စောင့်နေချင်သေးတယ် "
“ နောက်ဘဝဆိုတာ ကြိုမြင်လို့မရမှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကိုဒီဘဝကြီးနဲ့ ဆက်မမြင်ချင်တော့ဘူး "
“ အင်းပြောပါဦး.. အခုလိုပုံစံကိုမမြင်ချင်တော့ ကိုယ်က ဘာလုပ်ပေးရမှာလဲ "
“ ခင်ဗျားကို ဒီဘဝက ကျွတ်စေချင်ပြီ။ ဒီဘဝကြီးက ပူလောင်တာ ကာယကံရှင်ဖြစ်တဲ့ခင်ဗျားက အသိဆုံးပါ။ အစွဲအလမ်းမကြီးပါနဲ့တော့လား။ ခင်ဗျားအတွက် ပြောနေတာလေ "
“ ဒီဘဝရဲ့ပူလောင်မှုတွေ၊ အစွဲအလမ်းတွေကိုနားလည်ခဲ့ရင် အခုအချိန်မှာ ကိုယ်.. ကောင်လေးဘေးနားမှာ ရှိနေမှာမဟုတ်မှန်း ကောင်လေးသိပါစေ။ ဆက်ပြီးတော့လည်း နားမလည်အောင် မမြင်ချင်ယောင်ဆောင်ထားဦးမယ်။ ဘာမှနှောင့်ယှက်လိုခြင်းမရှိဘဲ ကောင်လေးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ စောင့်နေခဲ့တာကို ကောင်လေးသိပါစေ "
ထိုစကားပြောပြီးနောက် မိမိဘေးမှ ပျောက်ကွယ်သွားသည့် ချစ်ရသူ...။ အချစ်တို့ကိုအတ္တတို့ဖြင့် ခြယ်မှုန်းထားသည့် ထိုစကားသည် ကြည်နူးခြင်းအတိနှင့်မဟုတ်.. ပူလောင်မှုတို့ပါ ရောယှက်နေသည်။ ခက်ရလေသည်...။ သူ့အား ခရစ်တော်၏အရိပ်အာဝါသကို ပြောပြသော်လည်း နားလည်မည်မဟုတ်။ သူ့အားတရားပြရန်လည်း မိမိမှာ ဘုရားရှင်၏တရားတော်များကိုနှုတ်အာဂုံဆောင်ထားသည့် သံဃာတော်လည်းမဟုတ်..။ အယူအဆတို့နှင့် ကိုးကွယ်ရာတို့ခြားနားလျက်ရှိနေသည်။
မိမိ၏စေတနာကိုလက်မခံကာ ပျောက်သွားသည့်သူကို အော်၍ခေါ်သော်လည်း ပြန်ပေါ်လာခြင်းမရှိ။ မကြား၍မဟုတ်...။ သူကြားနိုင်ပါသည်။ တမင်သာ ပေါ်မလာခြင်းဖြစ်သည်။
မိုက်ရူးရဲဆန်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်လို့မရတော့ဘူးလားဟင်..။ ခင်ဗျားမပြင်ရင်တောင် ကျွန်တော်က ရအောင်ပြင်ပေးမယ်။ ခင်ဗျားအတွက်ပေါ့။
ဆုံးဖြတ်ချက်တို့ခိုင်မာပြီးနောက် အခန်းတွင်း၌ အိပ်ရာပေါ်သို့ လှဲချလိုက်သည်ကမြတ်သူ...။ မြတ်သူ၏စကားတို့ကို အခန်းအပြင်မှ အလုံးစုံနားထောင်ကာ ရင်လေးနေသူက ဒေါ်မြတ်ကေသီ..။
သားငယ်ရယ်..။ မင်းနှယ်... ရူးလှချီလားကလေးငယ်ရယ်..။
မိသားစုဝင်သုံးဦးလုံးပင် အတွေးကိုယ်စီနှင့်.. သောကကိုယ်စီနှင့် ထိုနေ့ညတွင် အိပ်မပျော်ခဲ့..။ နံနက်မိုးလင်းသောအခါတွင်လည်း ဒေါ်မြတ်ကေသီသည် ဆိုင်မသွားခဲ့။ ဝန်ထမ်းတစ်ဦးနှင့်သာလွှဲထားခဲ့သည်။ သားဖြစ်သူအတွက် အားရှိစေရန် အစားအစာတချို့ကို ချက်ပြုတ်နေသည်။
သားလေး ပိန်သွားသည်မှာ တစ်နေ့တခြားပိုပို၍ ဆိုးလာသည်။ ယခင်နေ့များတွင်က ညမအိပ်သော်လည်း မနက်ခင်းတွင်အိပ်နေတတ်သည်။ ယခုရက်များတွင် ညရောမနက်ပါ အိပ်ခြင်းမရှိ။ စားအသောက်လည်းမမှန်ခဲ့..။ ထို့ကြောင့် သားငယ်လေးအား ယခင်ကကဲ့သို့ပြန်လည်ပျော်ရွှင်ကျန်းမာလာစေရန် အနီးကပ်စောင့်ရှောက်ရမည်။ ထိုမျှသာမက စွဲကပ်နေသည့် မကောင်းဆိုးဝါးကိုနှင်ထုတ်ရန်လည်း ဆရာကောင်းသမားကောင် သို့မဟုတ် ဖာသာတို့ကိုရှာရဦးမည်..။
အချိန်အားဖြင့်နံနက်ခုနှစ်နာရီရှိသောအခါ သားငယ်လေးအခန်းသို့သွားခဲ့သည်။
“ သားငယ်လေး.. နိုးနေပြီလား.. မေမေဝင်လာခဲ့မယ်နော် "
“ ဟုတ်မေမေ "
ဝင်သွားခဲ့မိသည့် သားငယ်၏အခန်းသည် ယခင်ကကဲ့သို့မဟုတ်။ အမည်းရောင်ပိတ်စနှင့် ဖုံးကွယ်ထားသော မှန်တစ်ချက်.. ခြောက်သွေ့နေသော အလှပန်းအိုး.. နံရံထက်တွင် ချိတ်ဆွဲထားသည့် ဓား... သူဆွဲနေသည့် လူပုံတူပန်းချီကား.. ထိုအရာအားလုံးသည် မိမိအား စိတ်အလိုမကျမှုများကို ဖြစ်ပေါ်စေသည်။ ထိုအရာများအား အဘယ့်ကြောင့်ထားရကြောင်းကို ဒေါသနှင့်မေးလျှင်လည်း သားငယ်ဖြေမည်မဟုတ်။ ဖြည်းဖြည်းချင်းသာ ချော့၍မေးရမည်။
Advertisement
“ သား မနက်စာစားရအောင်လေ.."
“ ဟုတ်မေမေ "
ပန်းချီဆွဲနေရင်း မေမေလာခေါ်သည်မို့ ထမင်းစားခန်းသို့သွားရသည်။ မေမေချက်ပြုတ်ပေးထားသည့် ကြက်သားကြော်နှင့် ဆန်ပြုတ်လေးသည် သိပ်အရသာရှိသည်။ ထိုအရသာမျိုးအား ရှေ့ဆက်ရမည့် အချိန်ကာလများစွာအထိ စားသုံးချင်ပါသေးသည်။ သို့သော်.. မသေချာတော့သည့် မနက်ဖြန်အတွက် ယနေ့မေမေပြင်ဆင်ပေးမျှအစားအစာတို့ကို ပို၍စားသုံးထားဦးမည်..။
“ သားလေး စာကောင်းရဲ့လား "
“ ဟုတ်မေမေ.. အရမ်းကောင်းတယ် "
“ ကောင်းရင်များများစားနော်သား "
“ ဟုတ်မေမေ "
“ ဒါနဲ့.. သားဆွဲနေတဲ့ ပန်းချီကားက ဘယ်သူ့ပုံလဲ "
“ သား... ပြီးရင်ပြောပြပါမယ်.. အကြောင်းစုံကိုပေါ့ "
“ အေးပါကွယ်... သား ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ မေမေတို့အကောင်းဆုံးစဉ်းစားပေးမယ်.. နားလည်ပေးမယ်နော် "
“ ဟုတ်မေမေ "
ထိုစကားဆုံးပြီးနောက် တိတ်ဆိတ်သွားသည့် ထမင်းစားဝိုင်းလေးတစ်ခု..။ ပျော်ရွှင်မှုတို့အစား စိုးရိမ်ပူပန်မှုတို့ စုဝေးနေသည့် မနက်စာသည် ထိုလူသားတို့အတွက် အမှန်ပင်အရသာရှိနေမည်လော..။
မနက်စာစားပြီးနောက် ဧည့်ခန်းထဲမှ ကျွန်းသားဖြင့်ပြုလုပ်ထားသောထိုင်ခုံပေါ်တွင် ထိုင်နေသာမေမေ၏အနားသို့သွားခဲ့သည်။ လဲကျတော့မည့် ခြေလှမ်းတို့အား ထိန်းရင်သာ..။
မေမေ့အနားသို့ရောက်သောအခါ ကြမ်းပြင်ပေါ်တွင်ထိုင်လိုက်ပြီး မေမေ့ပေါင်ပေါ်တွင် ခေါင်းတင်ကာ ပြောရမည့်စကားလုံးတို့အား အစအနရှာနေမိသည်။
“ သားငယ်.. ကြမ်းပြင်ကမအေးဘူးလားသားရဲ့။ ခုံပေါ်တက်ထိုင်ပါလား "
“ ဒီအတိုင်းလေးနေချင်လို့ပါမေမေ။ မေမေမှတ်မိလား။ အရင်က သားလေ.. မေမေမကြိုက်တာတွေလုပ်မိရင် ဒီလိုချွဲပြီးချော့နေကျလေ "
“ ဒီကလေးလေး.. အခုလည်း မေမေမကြိုက်တာ ဘာတွေလုပ်ထားပြန်ပြီလဲ "
သားငယ် အမှားလုပ်မိသည့်အခါမျိုးတွင် ဤသို့ချွဲနေကျပင်။ ထိုသို့လာချွဲသည့်အခါတိုင်းတွင် သားငယ်၏ဦးခေါင်းကို အသာအယာပွတ်ပေးကာ သားငယ်၏အမှားတို့ကို ခွင့်လွှတ်ရမြဲ..။ ယခင်က သားငယ်ဤသို့ပြုမူတိုင်း မိမိသည်လည်း ကျေနပ်ရမြဲ။ အမှားကို အမှားမှန်းသိသည့် ဖြူစင်သောကလေးငယ်ကိုကြည့်ကာ သားလိမ္မာလေးတစ်ဦးပိုင်ဆိုင်ထားရသည်ဟူ၍ ပျော်ရွှင်ရမြဲ...။ ယနေ့တွင်မူ ယခင်ကလောက် ပျော်ရွှင်ဖွယ်မကောင်း။ လေးပင်နေသည့်စိတ်တို့သည် အစိုးမရခဲ့...။
“ အရင်တုန်းက သားဒီလိုချွဲလိုက်တိုင်း မေမေခွင့်လွှတ်နေကျနော် "
“ အင်းလေ "
“ အခုအမှားကိုရော မေမေခွင့်လွှတ်နိုင်ပါ့မလား။ သား.. တော်တော်ဆိုးခဲ့တာ..”
“ ဘယ်သားသမီး ဘယ်လိုပဲဆိုးဆိုး မိဘဆိုတာ ပစ်ရိုးထုံးစံမရှိပါဘူးသားငယ်ရယ်..။ မေမေလည်း နည်းနည်းရိပ်မိနေတာမို့လို့ သားငယ်.. ဘာကိုမှမချန်ထားပဲ ပြောပြနော် "
မေမေ၏မေတ္တာ၊ ခွင့်လွှတ်မှု၊ နားလည်ပေးမှုတို့ကို သိရသောအခါ မှားမိခဲ့သောအမှားများအတွက် ပို၍နောင်တရမိသည်။ မေမေကိုသိပ်အားနာမိသည်။
“ သား အရမ်းရူးခဲ့တယ်မေမေ..။ ဘဝချင်းမတူတဲ့သူကို ချစ်မိတဲ့အထိ.. သားရူးခဲ့တယ်။ ဒီအိမ်မှာက သားရယ် မေမေရယ် ဘွားဘွားရယ်အပြင်ကို တခြားသူတစ်ယောက်ရှိနေခဲ့တယ်..။ သားတို့ထက်အရင်ရောက်နေတဲ့သူလို့ပြောရမလား ဟိုးအရင်ကတည်းက ဒီအိမ်ကြီးရဲ့ ပိုင်ရှင်လို့ပြောရမလား။ သူက.. သူက သားကိုစောင့်နေတာတဲ့လေ.."
ထိန်းမရသည့်ဝမ်းနည်းမှု၏ သက်သေဖြစ်သော မျက်ရည်ချောင်းလေးသည် ပါးပြင်ပေါ်တွင် ဖြစ်တည်လာသည်။ နာကျင်လွန်းသည့် ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက်.. အတိတ်တို့ကိုအလည်သွားရဦးမည်။
“ သူက ဘာလို့စောင့်နေတာတဲ့လဲ "
“ သားကိုချစ်ခဲ့လို့ .. သူ့အမှားတွေကို တောင်းပန်ချင်လို့တဲ့ "
“ ဘယ်လောက်တောင်မှားခဲ့လို့လဲ "
“ အရင်ဘဝက သားကို သူ့လက်နဲ့သတ်ခဲ့တယ်မေမေ။ တခြား အပြစ်မရှိတဲ့သူတွေရဲ့အသက်ကိုလည်း ထိခိုက်ခဲ့တယ်။ သားကိုသူချစ်ပေမဲ့ သူ.. စဉ်းစားဉာဏ်တွေမဲ့ခဲ့တယ် "
“ ဪ... မေမေထင်တာကတော့ အချစ်ကိုခုတုံးလုပ်ပြီး အတ္တနဲ့အစွဲအလမ်းတွေကြီးတယ်လို့ထင်တယ်။ သူသာ.. တကယ်မေတ္တာရှိခဲ့ရင် သားကိုသူ အခုလို မကောင်းမှုတွေကို လုပ်ခိုင်းပါ့မလား "
“ အစွဲအလမ်းကတော့ တကယ်ကြီးတယ်။ အခုသားပြောနေတာကို သူလက်မခံဘူးမေမေ။ နောက်ဘဝဆိုတာ မသေချာလို့ အခုလိုစောင့်နေဦးမယ်တဲ့ "
“ မပူလောင်ဘူးလားသားရယ်.. "
“ ပူလောင်လွန်းလို့ ရုန်းထွက်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီမေမေ။ သူ့အတွက် သူ့ကိုစွန့်လွှတ်ရမယ်လေ။ မေမေတို့ကိုလည်း ထိခိုက်မှာမလိုလားသလို သူ့ကိုလည်း ဒီလိုမပူလောင်စေချင်တော့ဘူး "
“ မေမေကြားတဲ့အထဲမှာ တစ်ခုခုများလိုနေသလား "
ဒေါ်မြတ်ကေသီ၏ စကားကြောင့် ငိုနေသည့်မျက်ဝန်းများဖြင့် မော့ကြည့်လာသည့် မြတ်သူ..။
“ သားအတွက်ကျန်သေးသလားလို့ပါ "
‘ သားအတွက်လား.. ထွက်သွားရမယ့်လူတစ်ယောက်က ဘာတွေမက်မောရဦးမှာလဲမေမေ ' ဟုပြောလိုက်ချင်ပါသည်။ သို့သော် မထွက်သွားခင်ကာလလေး၌ မိမိ၏ချစ်ရသူတို့အား စိတ်ဆင်းရဲမှုများထပ်၍မပေးလိုသည်မို့ မပြောဖြစ်ခဲ့..။
“ မနက်ဖြန် သားကိုကိုပြန်ရောက်မယ်။ အဲဒီတော့မှ မေမေတို့ အကောင်းဆုံးလုပ်တာပေါ့။ သားအတွက်ရော မေမေမမြင်ရတဲ့သူအတွက်ရောပေါ့ "
“ သားကို အခုလိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်မေမေ။ ကိုကိုကတော့ သားကို ဘယ်လောက်တောင် ဆူဦးမလဲ မသိဘူး "
ထိုသားအမိနှစ်ဦး၏ စကားဝိုင်းကို စိုင်းထွဋ်ခေါင်ကြားပါသည်။
ကောင်လေးက ကိုယ့်ကို နှင်လွှတ်တော့မှာလား..။ ကိုယ်က.. ထွက်မသွားဘူးဆိုရင်ရော.. ။ တကယ်ပါပဲ.. ကောင်လေးက အပင်ပန်းခံနိုင်လွန်းတယ်ကွာ...။
Advertisement
ခေတ္တမျှအကြာတွင် ထမင်းစားခန်းမှ ကျကွဲသံတစ်ခုထွက်ပေါ်လာသည်။ မြတ်သူ၏ အားမရှိသည့်မျက်နှာထက်တွင်လည်း အပြုံးလေးတစ်ခုဖြစ်ပေါ်လာသည်။
“ သူလက်မခံကြောင်း ဆန္ဒပြနေပြီမေမေ။ တကယ်.. ကလေးဆန်လိုက်တာ..."
အတိတ်၌ပိတ်မိနေသည့် အကျဉ်းသားနှစ်ဦးသည် လွတ်မြောက်နိုင်မည်လော..။ တစ်ယောက်သည်က လွတ်မြောက်ရန် မှန်ကန်မေတ္တာတို့နှင့် ရုန်းထွက်ကြိုးစားနေပြီ..။ တစ်ယောက်သည်က အတ္တတို့နှင့် ချုပ်နှောင်ထားဆဲပင်...။
__________________________________
For Zawgyi (ခ်ဳပ္ေႏွာင္မႈ)
ခုတင္ထက္တြင္ထိုင္ေနေသာ ႐ုပ္ေသး႐ုပ္...။ ပန္းခ်ီကားႏွင့္ ဓားကိုသာ ေငးၾကည့္ေနလ်က္ အေတြးနယ္တို႔၌ အဆမတန္ ေျခလြန္ေနသည္။
ဆုံးျဖတ္ခ်က္တို႔ ခိုင္မာခဲ့ၿပီ...။ ထိုဆုံးျဖတ္ခ်က္တို႔ခိုင္မာရန္ နာက်င္ေနေသာႏွလုံးသားကို လ်စ္လ်ဴရႈရသည္မွာ သိပ္ေတာ့မလြယ္ကူလွ။ အတိတ္ဘဝမွ ဆုေတာင္းခဲ့သည္ကိုသာ ေမွ်ာ္ကိုးမိလ်က္ ယခုတြင္သူ႕အား စြန႔္လႊတ္ရမည္။
ကြၽန္ေတာ့္ရဲ႕ အတိတ္ဘဝကဆုေတာင္းေတြ ျပည့္မယ္မဟုတ္လား။ ဘဝဆက္တိုင္း ေပါင္းဖက္ရဖို႔ ကြၽန္ေတာ္ဆုေတာင္းခဲ့တယ္ေလ ျပည့္မယ္မဟုတ္ဟင္။ ျပန္ဆုံဖို႔ အခြင့္အေရးေလး ရွိဦးမယ္မဟုတ္လား။ အခုကြၽန္ေတာ့္ရဲ႕ေတာင္းဆိုခ်က္ေတြကို သူလက္ခံပါ့မလား..။ လက္မခံလည္း လုပ္သင့္တာေတာ့ လုပ္ရမွာပဲေလ..။
ျမတ္သူ၏အေတြးလြန္ပုံကို အခန္းေထာင့္ေလးတြင္ရပ္ေနေသာ စိုင္းထြဋ္ေခါင္ျမင္ပါသည္။ စိုင္းထြဋ္ေခါင္ကိုသာ ျမတ္သူမျမင္ခဲ့။
ေကာင္ေလး၏အေတြးနယ္တို႔ က်ယ္ေျပာေနသည္ကိုရိပ္မိပါသည္။ သို႔ေသာ္မည္သည့္ အေၾကာင္းကိစၥတို႔ေၾကာင့္ အေတြးနယ္ကြၽံေနရေၾကာင္း မိမိမသိခဲ့။ ေကာင္ေလးအား အေတြးနယ္တို႔မွ႐ုန္းထြက္ေစရန္ သူ၏ေနာက္ေက်ာမွ ဖက္ထားလိုက္သည္။ သူသည္ မိမိအားေႏြးေထြးမႈေပးသည္။ သူ၏ေႏြးေထြးမႈကိုလည္း မိမိသည္က သေဘာက်ၿမဲပင္။ မတရားသည္က မိမိသည္သာ သူ႕ကိုေအးစက္မႈမ်ား ေပးေနမိသည္။
“ ေကာင္ေလးက ကိုယ္ဖက္လိုက္တဲ့အခ်ိန္တိုင္း ကိုယ္ကိုေႏြးေထြးမႈေတြေပးတယ္ေနာ္..။ သေဘာက်လိဳက္တာ "
“ အင္း... ကြၽန္ေတာ္လည္း ခင္ဗ်ားရဲ႕ေအးစက္မႈေတြကိုသေဘာက်ပါတယ္... "
“ ဟုတ္ပါၿပီ.. အခုလိုနားလည္ေပးလို႔ အရမ္းခ်စ္တယ္ေနာ္ "
“ ကြၽန္ေတာ္လည္း ခ်စ္ပါတယ္... ဒါေပမဲ့.. ဒီအတိုင္းႀကီးဆက္သြားေနလို႔.. ႏွစ္ေယာက္လုံးအတြက္ အဆင္ေျပပါ့မလား "
“ ခ်စ္ျခင္းတစ္ခုမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ေနရင္ ၿပီးၿပီမဟုတ္လား။ က်န္တာေတြက အေရးပါလို႔လား။ အေရးမပါတာေတြကို ေမ့ထားလိုက္ပါလား "
“ ဘဝေတြဆိုတာ ေမ့ထားလို႔ေကာင္းတဲ့အရာမွ မဟုတ္တာ..။ ဘဝခ်င္းမတူေတာ့ ေပါင္းဖက္ဖို႔ကလည္း မျဖစ္နိုင္ဘူးေလ "
“ အခုေလာေလာဆယ္ေတာ့ အဆင္ေျပေနတာပဲေလ "
“ ခင္ဗ်ားထင္လို႔ပါ... ကြၽန္ေတာ္တကယ္အဆင္မေျပခဲ့ဘူး။ ခင္ဗ်ားကိုဒီလိုဘဝနဲ႕ျမင္ေနရတာက ကြၽန္ေတာ့္အတြက္ အဆင္မေျပဘူး။ ေမေမတို႔စိတ္ဆင္းရဲေနတာကို ၾကည့္ေနရတာက ကြၽန္ေတာ့္အတြက္ အဆင္မေျပခဲ့ဘူး "
“ ကိုယ့္အတြက္ စိတ္မပူပါနဲ႕။ ဘယ္ဘဝပဲေရာက္ေရာက္ ေကာင္ေလးေဘးနားမွာေနေနရရင္ အဆင္ေျပတယ္ "
“ ခင္ဗ်ားရဲ႕အခုလက္ရွိဘဝက ေနလို႔ေကာင္းတဲ့အရာမဟုတ္မွန္း ခင္ဗ်ားကိုယ္တိုင္အသိဆုံးပါ။ ဘာလို႔ေခါင္းမာရတာလဲဗ်ာ... "
“ ကိုယ္အဆင္ေျပတယ္လို႔ေျပာၿပီးၿပီပဲ..။ ဒီလိုေစာင့္ေနရင္း ေကာင္ေလးရွိရာအရပ္ကိုလာဖို႔က လြယ္တယ္ေလ။ မေသခ်ာတဲ့အနာဂတ္ႀကီးက ကိုယ္တို႔ကိုျပန္ဆုံဖို႔ အခြင့္အေရးေပးမွာမဟုတ္ဘူး။ အခ်ိန္ေတြဘယ္ေလာက္ပဲ ေစာင့္ရေစာင့္ရ ကိုယ္ေစာင့္ေနခ်င္ေသးတယ္ "
“ ေနာက္ဘဝဆိုတာ ႀကိဳျမင္လို႔မရမွန္း ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က ခင္ဗ်ားကိုဒီဘဝႀကီးနဲ႕ ဆက္မျမင္ခ်င္ေတာ့ဘူး "
“ အင္းေျပာပါဦး.. အခုလိုပုံစံကိုမျမင္ခ်င္ေတာ့ ကိုယ္က ဘာလုပ္ေပးရမွာလဲ "
“ ခင္ဗ်ားကို ဒီဘဝက ကြၽတ္ေစခ်င္ၿပီ။ ဒီဘဝႀကီးက ပူေလာင္တာ ကာယကံရွင္ျဖစ္တဲ့ခင္ဗ်ားက အသိဆုံးပါ။ အစြဲအလမ္းမႀကီးပါနဲ႕ေတာ့လား။ ခင္ဗ်ားအတြက္ ေျပာေနတာေလ "
“ ဒီဘဝရဲ႕ပူေလာင္မႈေတြ၊ အစြဲအလမ္းေတြကိုနားလည္ခဲ့ရင္ အခုအခ်ိန္မွာ ကိုယ္.. ေကာင္ေလးေဘးနားမွာ ရွိေနမွာမဟုတ္မွန္း ေကာင္ေလးသိပါေစ။ ဆက္ၿပီးေတာ့လည္း နားမလည္ေအာင္ မျမင္ခ်င္ေယာင္ေဆာင္ထားဦးမယ္။ ဘာမွေႏွာင့္ယွက္လိုျခင္းမရွိဘဲ ေကာင္ေလးကိုခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႕ ေစာင့္ေနခဲ့တာကို ေကာင္ေလးသိပါေစ "
ထိုစကားေျပာၿပီးေနာက္ မိမိေဘးမွ ေပ်ာက္ကြယ္သြားသည့္ ခ်စ္ရသူ...။ အခ်စ္တို႔ကိုအတၱတို႔ျဖင့္ ျခယ္မႈန္းထားသည့္ ထိုစကားသည္ ၾကည္ႏူးျခင္းအတိႏွင့္မဟုတ္.. ပူေလာင္မႈတို႔ပါ ေရာယွက္ေနသည္။ ခက္ရေလသည္...။ သူ႕အား ခရစ္ေတာ္၏အရိပ္အာဝါသကို ေျပာျပေသာ္လည္း နားလည္မည္မဟုတ္။ သူ႕အားတရားျပရန္လည္း မိမိမွာ ဘုရားရွင္၏တရားေတာ္မ်ားကိုႏႈတ္အာဂုံေဆာင္ထားသည့္ သံဃာေတာ္လည္းမဟုတ္..။ အယူအဆတို႔ႏွင့္ ကိုးကြယ္ရာတို႔ျခားနားလ်က္ရွိေနသည္။
မိမိ၏ေစတနာကိုလက္မခံကာ ေပ်ာက္သြားသည့္သူကို ေအာ္၍ေခၚေသာ္လည္း ျပန္ေပၚလာျခင္းမရွိ။ မၾကား၍မဟုတ္...။ သူၾကားနိုင္ပါသည္။ တမင္သာ ေပၚမလာျခင္းျဖစ္သည္။
မိုက္႐ူးရဲဆန္ခဲ့တဲ့ အမွားေတြကို ျပန္ျပင္လို႔မရေတာ့ဘူးလားဟင္..။ ခင္ဗ်ားမျပင္ရင္ေတာင္ ကြၽန္ေတာ္က ရေအာင္ျပင္ေပးမယ္။ ခင္ဗ်ားအတြက္ေပါ့။
ဆုံးျဖတ္ခ်က္တို႔ခိုင္မာၿပီးေနာက္ အခန္းတြင္း၌ အိပ္ရာေပၚသို႔ လွဲခ်လိဳက္သည္ကျမတ္သူ...။ ျမတ္သူ၏စကားတို႔ကို အခန္းအျပင္မွ အလုံးစုံနားေထာင္ကာ ရင္ေလးေနသူက ေဒၚျမတ္ေကသီ..။
သားငယ္ရယ္..။ မင္းႏွယ္... ႐ူးလွခ်ီလားကေလးငယ္ရယ္..။
မိသားစုဝင္သုံးဦးလုံးပင္ အေတြးကိုယ္စီႏွင့္.. ေသာကကိုယ္စီႏွင့္ ထိုေန႕ညတြင္ အိပ္မေပ်ာ္ခဲ့..။ နံနက္မိုးလင္းေသာအခါတြင္လည္း ေဒၚျမတ္ေကသီသည္ ဆိုင္မသြားခဲ့။ ဝန္ထမ္းတစ္ဦးႏွင့္သာလႊဲထားခဲ့သည္။ သားျဖစ္သူအတြက္ အားရွိေစရန္ အစားအစာတခ်ိဳ႕ကို ခ်က္ျပဳတ္ေနသည္။
သားေလး ပိန္သြားသည္မွာ တစ္ေန႕တျခားပိုပို၍ ဆိုးလာသည္။ ယခင္ေန႕မ်ားတြင္က ညမအိပ္ေသာ္လည္း မနက္ခင္းတြင္အိပ္ေနတတ္သည္။ ယခုရက္မ်ားတြင္ ညေရာမနက္ပါ အိပ္ျခင္းမရွိ။ စားအေသာက္လည္းမမွန္ခဲ့..။ ထို႔ေၾကာင့္ သားငယ္ေလးအား ယခင္ကကဲ့သို႔ျပန္လည္ေပ်ာ္႐ႊင္က်န္းမာလာေစရန္ အနီးကပ္ေစာင့္ေရွာက္ရမည္။ ထိုမွ်သာမက စြဲကပ္ေနသည့္ မေကာင္းဆိုးဝါးကိုႏွင္ထုတ္ရန္လည္း ဆရာေကာင္းသမားေကာင္ သို႔မဟုတ္ ဖာသာတို႔ကိုရွာရဦးမည္..။
အခ်ိန္အားျဖင့္နံနက္ခုႏွစ္နာရီရွိေသာအခါ သားငယ္ေလးအခန္းသို႔သြားခဲ့သည္။
“ သားငယ္ေလး.. နိုးေနၿပီလား.. ေမေမဝင္လာခဲ့မယ္ေနာ္ "
“ ဟုတ္ေမေမ "
ဝင္သြားခဲ့မိသည့္ သားငယ္၏အခန္းသည္ ယခင္ကကဲ့သို႔မဟုတ္။ အမည္းေရာင္ပိတ္စႏွင့္ ဖုံးကြယ္ထားေသာ မွန္တစ္ခ်က္.. ေျခာက္ေသြ႕ေနေသာ အလွပန္းအိုး.. နံရံထက္တြင္ ခ်ိတ္ဆြဲထားသည့္ ဓား... သူဆြဲေနသည့္ လူပုံတူပန္းခ်ီကား.. ထိုအရာအားလုံးသည္ မိမိအား စိတ္အလိုမက်မႈမ်ားကို ျဖစ္ေပၚေစသည္။ ထိုအရာမ်ားအား အဘယ့္ေၾကာင့္ထားရေၾကာင္းကို ေဒါသႏွင့္ေမးလွ်င္လည္း သားငယ္ေျဖမည္မဟုတ္။ ျဖည္းျဖည္းခ်င္းသာ ေခ်ာ့၍ေမးရမည္။
“ သား မနက္စာစားရေအာင္ေလ.."
“ ဟုတ္ေမေမ "
ပန္းခ်ီဆြဲေနရင္း ေမေမလာေခၚသည္မို႔ ထမင္းစားခန္းသို႔သြားရသည္။ ေမေမခ်က္ျပဳတ္ေပးထားသည့္ ၾကက္သားေၾကာ္ႏွင့္ ဆန္ျပဳတ္ေလးသည္ သိပ္အရသာရွိသည္။ ထိုအရသာမ်ိဳးအား ေရွ႕ဆက္ရမည့္ အခ်ိန္ကာလမ်ားစြာအထိ စားသုံးခ်င္ပါေသးသည္။ သို႔ေသာ္.. မေသခ်ာေတာ့သည့္ မနက္ျဖန္အတြက္ ယေန႕ေမေမျပင္ဆင္ေပးမွ်အစားအစာတို႔ကို ပို၍စားသုံးထားဦးမည္..။
“ သားေလး စာေကာင္းရဲ႕လား "
“ ဟုတ္ေမေမ.. အရမ္းေကာင္းတယ္ "
“ ေကာင္းရင္မ်ားမ်ားစားေနာ္သား "
“ ဟုတ္ေမေမ "
“ ဒါနဲ႕.. သားဆြဲေနတဲ့ ပန္းခ်ီကားက ဘယ္သူ႕ပုံလဲ "
“ သား... ၿပီးရင္ေျပာျပပါမယ္.. အေၾကာင္းစုံကိုေပါ့ "
“ ေအးပါကြယ္... သား ဘာႀကီးပဲျဖစ္ခဲ့ျဖစ္ခဲ့ ေမေမတို႔အေကာင္းဆုံးစဥ္းစားေပးမယ္.. နားလည္ေပးမယ္ေနာ္ "
“ ဟုတ္ေမေမ "
ထိုစကားဆုံးၿပီးေနာက္ တိတ္ဆိတ္သြားသည့္ ထမင္းစားဝိုင္းေလးတစ္ခု..။ ေပ်ာ္႐ႊင္မႈတို႔အစား စိုးရိမ္ပူပန္မႈတို႔ စုေဝးေနသည့္ မနက္စာသည္ ထိုလူသားတို႔အတြက္ အမွန္ပင္အရသာရွိေနမည္ေလာ..။
မနက္စာစားၿပီးေနာက္ ဧည့္ခန္းထဲမွ ကြၽန္းသားျဖင့္ျပဳလုပ္ထားေသာထိုင္ခုံေပၚတြင္ ထိုင္ေနသာေမေမ၏အနားသို႔သြားခဲ့သည္။ လဲက်ေတာ့မည့္ ေျခလွမ္းတို႔အား ထိန္းရင္သာ..။
ေမေမ့အနားသို႔ေရာက္ေသာအခါ ၾကမ္းျပင္ေပၚတြင္ထိုင္လိုက္ၿပီး ေမေမ့ေပါင္ေပၚတြင္ ေခါင္းတင္ကာ ေျပာရမည့္စကားလုံးတို႔အား အစအနရွာေနမိသည္။
“ သားငယ္.. ၾကမ္းျပင္ကမေအးဘူးလားသားရဲ႕။ ခုံေပၚတက္ထိုင္ပါလား "
“ ဒီအတိုင္းေလးေနခ်င္လို႔ပါေမေမ။ ေမေမမွတ္မိလား။ အရင္က သားေလ.. ေမေမမႀကိဳက္တာေတြလုပ္မိရင္ ဒီလိုခြၽဲၿပီးေခ်ာ့ေနက်ေလ "
“ ဒီကေလးေလး.. အခုလည္း ေမေမမႀကိဳက္တာ ဘာေတြလုပ္ထားျပန္ၿပီလဲ "
သားငယ္ အမွားလုပ္မိသည့္အခါမ်ိဳးတြင္ ဤသို႔ခြၽဲေနက်ပင္။ ထိုသို႔လာခြၽဲသည့္အခါတိုင္းတြင္ သားငယ္၏ဦးေခါင္းကို အသာအယာပြတ္ေပးကာ သားငယ္၏အမွားတို႔ကို ခြင့္လႊတ္ရၿမဲ..။ ယခင္က သားငယ္ဤသို႔ျပဳမူတိုင္း မိမိသည္လည္း ေက်နပ္ရၿမဲ။ အမွားကို အမွားမွန္းသိသည့္ ျဖဴစင္ေသာကေလးငယ္ကိုၾကည့္ကာ သားလိမၼာေလးတစ္ဦးပိုင္ဆိုင္ထားရသည္ဟူ၍ ေပ်ာ္႐ႊင္ရၿမဲ...။ ယေန႕တြင္မူ ယခင္ကေလာက္ ေပ်ာ္႐ႊင္ဖြယ္မေကာင္း။ ေလးပင္ေနသည့္စိတ္တို႔သည္ အစိုးမရခဲ့...။
“ အရင္တုန္းက သားဒီလိုခြၽဲလိုက္တိုင္း ေမေမခြင့္လႊတ္ေနက်ေနာ္ "
“ အင္းေလ "
“ အခုအမွားကိုေရာ ေမေမခြင့္လႊတ္နိုင္ပါ့မလား။ သား.. ေတာ္ေတာ္ဆိုးခဲ့တာ..”
“ ဘယ္သားသမီး ဘယ္လိုပဲဆိုးဆိုး မိဘဆိုတာ ပစ္ရိုးထုံးစံမရွိပါဘူးသားငယ္ရယ္..။ ေမေမလည္း နည္းနည္းရိပ္မိေနတာမို႔လို႔ သားငယ္.. ဘာကိုမွမခ်န္ထားပဲ ေျပာျပေနာ္ "
ေမေမ၏ေမတၱာ၊ ခြင့္လႊတ္မႈ၊ နားလည္ေပးမႈတို႔ကို သိရေသာအခါ မွားမိခဲ့ေသာအမွားမ်ားအတြက္ ပို၍ေနာင္တရမိသည္။ ေမေမကိုသိပ္အားနာမိသည္။
“ သား အရမ္း႐ူးခဲ့တယ္ေမေမ..။ ဘဝခ်င္းမတူတဲ့သူကို ခ်စ္မိတဲ့အထိ.. သား႐ူးခဲ့တယ္။ ဒီအိမ္မွာက သားရယ္ ေမေမရယ္ ဘြားဘြားရယ္အျပင္ကို တျခားသူတစ္ေယာက္ရွိေနခဲ့တယ္..။ သားတို႔ထက္အရင္ေရာက္ေနတဲ့သူလို႔ေျပာရမလား ဟိုးအရင္ကတည္းက ဒီအိမ္ႀကီးရဲ႕ ပိုင္ရွင္လို႔ေျပာရမလား။ သူက.. သူက သားကိုေစာင့္ေနတာတဲ့ေလ.."
ထိန္းမရသည့္ဝမ္းနည္းမႈ၏ သက္ေသျဖစ္ေသာ မ်က္ရည္ေခ်ာင္းေလးသည္ ပါးျပင္ေပၚတြင္ ျဖစ္တည္လာသည္။ နာက်င္လြန္းသည့္ ရင္ဘတ္ကို ဆုပ္ကိုင္ထားလ်က္.. အတိတ္တို႔ကိုအလည္သြားရဦးမည္။
“ သူက ဘာလို႔ေစာင့္ေနတာတဲ့လဲ "
“ သားကိုခ်စ္ခဲ့လို႔ .. သူ႕အမွားေတြကို ေတာင္းပန္ခ်င္လို႔တဲ့ "
“ ဘယ္ေလာက္ေတာင္မွားခဲ့လို႔လဲ "
“ အရင္ဘဝက သားကို သူ႕လက္နဲ႕သတ္ခဲ့တယ္ေမေမ။ တျခား အျပစ္မရွိတဲ့သူေတြရဲ႕အသက္ကိုလည္း ထိခိုက္ခဲ့တယ္။ သားကိုသူခ်စ္ေပမဲ့ သူ.. စဥ္းစားဉာဏ္ေတြမဲ့ခဲ့တယ္ "
“ ဪ... ေမေမထင္တာကေတာ့ အခ်စ္ကိုခုတုံးလုပ္ၿပီး အတၱနဲ႕အစြဲအလမ္းေတြႀကီးတယ္လို႔ထင္တယ္။ သူသာ.. တကယ္ေမတၱာရွိခဲ့ရင္ သားကိုသူ အခုလို မေကာင္းမႈေတြကို လုပ္ခိုင္းပါ့မလား "
“ အစြဲအလမ္းကေတာ့ တကယ္ႀကီးတယ္။ အခုသားေျပာေနတာကို သူလက္မခံဘူးေမေမ။ ေနာက္ဘဝဆိုတာ မေသခ်ာလို႔ အခုလိုေစာင့္ေနဦးမယ္တဲ့ "
“ မပူေလာင္ဘူးလားသားရယ္.. "
“ ပူေလာင္လြန္းလို႔ ႐ုန္းထြက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီေမေမ။ သူ႕အတြက္ သူ႕ကိုစြန႔္လႊတ္ရမယ္ေလ။ ေမေမတို႔ကိုလည္း ထိခိုက္မွာမလိုလားသလို သူ႕ကိုလည္း ဒီလိုမပူေလာင္ေစခ်င္ေတာ့ဘူး "
“ ေမေမၾကားတဲ့အထဲမွာ တစ္ခုခုမ်ားလိုေနသလား "
ေဒၚျမတ္ေကသီ၏ စကားေၾကာင့္ ငိုေနသည့္မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္လာသည့္ ျမတ္သူ..။
“ သားအတြက္က်န္ေသးသလားလို႔ပါ "
‘ သားအတြက္လား.. ထြက္သြားရမယ့္လူတစ္ေယာက္က ဘာေတြမက္ေမာရဦးမွာလဲေမေမ ' ဟုေျပာလိုက္ခ်င္ပါသည္။ သို႔ေသာ္ မထြက္သြားခင္ကာလေလး၌ မိမိ၏ခ်စ္ရသူတို႔အား စိတ္ဆင္းရဲမႈမ်ားထပ္၍မေပးလိုသည္မို႔ မေျပာျဖစ္ခဲ့..။
“ မနက္ျဖန္ သားကိုကိုျပန္ေရာက္မယ္။ အဲဒီေတာ့မွ ေမေမတို႔ အေကာင္းဆုံးလုပ္တာေပါ့။ သားအတြက္ေရာ ေမေမမျမင္ရတဲ့သူအတြက္ေရာေပါ့ "
“ သားကို အခုလိုနားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္ေမေမ။ ကိုကိုကေတာ့ သားကို ဘယ္ေလာက္ေတာင္ ဆူဦးမလဲ မသိဘူး "
ထိုသားအမိႏွစ္ဦး၏ စကားဝိုင္းကို စိုင္းထြဋ္ေခါင္ၾကားပါသည္။
ေကာင္ေလးက ကိုယ့္ကို ႏွင္လႊတ္ေတာ့မွာလား..။ ကိုယ္က.. ထြက္မသြားဘူးဆိုရင္ေရာ.. ။ တကယ္ပါပဲ.. ေကာင္ေလးက အပင္ပန္းခံနိုင္လြန္းတယ္ကြာ...။
ေခတၱမွ်အၾကာတြင္ ထမင္းစားခန္းမွ က်ကြဲသံတစ္ခုထြက္ေပၚလာသည္။ ျမတ္သူ၏ အားမရွိသည့္မ်က္ႏွာထက္တြင္လည္း အၿပဳံးေလးတစ္ခုျဖစ္ေပၚလာသည္။
“ သူလက္မခံေၾကာင္း ဆႏၵျပေနၿပီေမေမ။ တကယ္.. ကေလးဆန္လိုက္တာ..."
အတိတ္၌ပိတ္မိေနသည့္ အက်ဥ္းသားႏွစ္ဦးသည္ လြတ္ေျမာက္နိုင္မည္ေလာ..။ တစ္ေယာက္သည္က လြတ္ေျမာက္ရန္ မွန္ကန္ေမတၱာတို႔ႏွင့္ ႐ုန္းထြက္ႀကိဳးစားေနၿပီ..။ တစ္ေယာက္သည္က အတၱတို႔ႏွင့္ ခ်ဳပ္ေႏွာင္ထားဆဲပင္...။
Advertisement
- In Serial326 Chapters
Married to his secret crush
She was a princess; rich, spoiled, and beautiful, she had a life that one could only dream of.
8 4350 - In Serial95 Chapters
Spending The Villain's Money To Extend My Life -CHEAT SYSTEM- (1) (1 - 199)
#For Offline Purpose#Credits belong to the AuthorGu Shishi, a master of traditional Chinese painting, transmigrated into the role of a cannon fodder in a cliché novel.The cannon fodder female supporting character was switched at birth. She had barely spent a few days with her biological parents before she was tossed into the wolf's den by those same parents. Her parents, having no heart to send their fake daughter with a heart disease to live a hard life, forced the real daughter into becoming the replacement. Gu Shishi was sent away to marry the big villain - the rumored evil, cruel, and wife-cursing first young master of the Huo's.On the very first day that she had transmigrated, she had to face her fated tragic death....Luckily, she had also inadvertently discovered the path to altering her fate!- The more gifts she received from the big villain, the longer she could live and the more cheats she would gain!System:(Wealthy Housewife System, Initiated!)(Remaining Life: 8 minutes and 56 seconds)(Recharge to extend your life.)(Method of Recharging: Receive Money or Valuables from Wealthy Husband.)(Received DIOR Bobbin Net Smock x 1, recharge value: $15,000!)(Received FENDI Black Hooded Sweater x 1, recharge value: $10,160!)(Received Givenchy Single Strap Mini Floral Print Pleated Skirt x 1, recharge value $180,695!)(Recharge Successful!)(Note: 24 hours additional life for every $1,000.)
8 107 - In Serial13 Chapters
1001 Masalah
Kumpulan cerpen ini, mewakili berbagai cerita yang mengesalkan menjadi mengesankan. Di ambil dari berbagai permasalahan yang ada di keseharian kita.
8 102 - In Serial5 Chapters
Dil Diyan Gallan
With a broken heart, Aalyan tries to survive his life however, Noushaba, comes in and mends his heart, helping him to live and not just exist.+ SaHad Fanfiction© 2021 AYA
8 100 - In Serial66 Chapters
Princess on the Loose [Completed]
Clarissa Marie Valdez, a daughter of a con man, was chosen by King and Queen Academy, a prestigious school full of princes, princesses', heirs, and heiresses. Why was she chosen? Who chose her? How could she get out? And most of all what are they hiding from her?
8 171 - In Serial4 Chapters
Big Shots
MATURE THEMES || SHORT STORYThis book was previously entitled 'His Nude Model' in HIGH SCHOOL SMUT. Everyone knows Ross Vasiliev- famous photographer, known not only for his astonishingly gorgeous body and handsome face, but also for his world-recognised photography skills. His interest in photography took him a step further: he decides that there should be more than just taking pictures of places and backgrounds... and taking nude photos might just help him gain even more popularity.Nobody's never heard of Selena Ashworth. Her five million Instagram followers aren't worth mentioning when she's a beautiful award-winning vogue model, well-known for her perfect bust and fleshy ass. What ensues when the two big-shots meet and find they need more than the other party asks for?[NOTE: This is a quick read, therefore things may get fast paced. It is intended to be a short story.][Achievements]#1 photographer - 30/1/19 #1 photography - 6/2/19 #19 model #22 naked#31 famous#125 sexy #223 short chapters
8 115

