《Three Bears - 곰세마리》Three Bears - 7
Advertisement
"ကိုယ်ဝန်ရှိနေတယ်!"
ဂျီမင်းသည် အလန့်တကြား အော်လိုက်မိကာ မျက်ဆံတို့ပင် အပြင်သို့ ထွက်ကျလုတတ် မျက်လုံးပြူးသွားရသည်။ အစ်ကိုကြီးကတော့ ဂဏှာမငြိမ်ဖြစ်နေသည့် သူ့ကို ကြည့်ကာ ဘာမှထပ်မပြော။
ဂျီမင်း ခေါင်းထဲ ပူခနဲဖြစ်သွားပြီး လောကကြီးပင် ချာချာလည်သွားသလို။ မဟုတ်သေးဘူး။ ဒါကတော့ မဟုတ်သေးဘူး။
"မဟုတ်ဘူး မဟုတ်ဘူး"
"ဘာကမဟုတ်တာလဲ"
"အစ်ကိုကြီး သေချာပြန်စစ်ကြည့်ပါဦး။ စစ်တာမှားတာလည်း ဖြစ်နိုင်တာပဲလေ"
"ပတ်ဂျီမင်း ငါ ဆရာဝန်လုပ်လာတာ ဘယ်နှနှစ်ရှိပြီလဲ"
"ဒါပေမဲ့...."
အရူးမီးဝိုင်းဆိုတာ ဒါမျိုးကို ပြောထာထင်ပါတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘယ်သူ့ကို သွားတိုင်တည်ရမယ်ဆိုတာလည်း မသိ။ အစ်ကိုကြီးကို ကြည့်လိုက်တော့လည်း ရှုတည်တည်နဲ့ သူ့ကို ပြန်ကြည့်နေပြီး ကဲ ရှင်းပါဦးဆိုတဲ့ မျက်နှာထား။
"အဲ့ဒါကလေ...."
စကားပြင်လိုက်ပေမဲ့ ဘယ်က စပြောရမယ်မသိ။ စိတ်လှုပ်ရှားလွန်းနေတာမို့ လက်ဖျားတွေပါ အေးစက်လာသည်။ အကုန်လုံး အိပ်မက်ဖြစ်လိုက်ရင် ကောင်းမယ်။
"တကယ်ပဲလား အစ်ကိုကြီး"
"ဘာကိုလဲ"
သူ့ဗိုက်သူ လက်ညှိုးနဲ့ထိုးကာ ထပ်မေးလိုက်တော့ အစ်ကိုကြီးက လက်ထဲ သူ နားမလည်သည့် ဖိုင်တစ်ထပ်ကို ထိုးပေးလာသည်။
"မဟုတ်ဘူးလေ အစ်ကိုကြီးကလည်း..."
"ပတ်ဂျီမင်း ဒါ ကလေးကစားနေသလိုကိစ္စမဟုတ်ဘူးနော်"
အဲ့ဒါတော့ သူလည်း သိတာပေါ့။ အခုချိန်မှာ သွေးအပျက်ရဆုံးက သူရယ်ပါ။ တကယ်သာ ဒီကလေးက ရှိနေတာမှန်ရင် ဂျွန်ဂျောင်ကု...ဂျွန်ဂျောင်ကုက ကလေးအဖေလေ။ ခံစားချက်တွေ၊ အတွေးတွေက ဆောက်တည်ရာမရဘဲ ရူးသွားတော့မလိုပဲ။
"ကလေးရတော့လည်း ဘာဖြစ်လဲ။ ဥက္ကဌဂျန်နဲ့ မြန်မြန်လက်ထပ်လိုက်ရုံပဲလေ"
မဟုတ်ဘူးလေ အစ်ကိုကြီးရယ်။ အစ်ကိုကြီး ထင်နေသလို ဒီကလေးက ဥက္ကဌဂျန်နဲ့ ရတာမှမဟုတ်တာ။ ဟိုကောင် ဂျွန်ဂျောင်ကုနဲ့ ရတာလေ။ ဒီလိုဆိုမှ ဥက္ကဌဂျန်ရဲ့ မျက်နှာကိုရော သူ ဘယ်လိုကြည့်ရတော့မလဲ။
ဒူးထောင်လိုက်၊ သက်ပြင်းချလိုက်၊ လက်သည်းကိုက်လိုက် လုပ်နေတဲ့ ကုတင်ပေါ်က လူနာအသစ်စက်စက်လေး။ ဒီကောင်လေး သူ့ကို အမှန်အတိုင်း ဝန်မခံသရွေ့ သူကလည်း မပြောပြောလာအောင် ကြပ်ပေးရမှာပဲ။
"အော ဂျောင်ကုတို့ လာနေပြီ"
ဒုတိယမ္ပိ ဂျီမင်းမျက်လုံးတွေ ပြူးခနဲ။
"ဂျောင်ကုသိရင် တော်တော်အံ့ဩသွားမယ်ထင်တယ်"
မဟုတ်သေးဘူးလေ အစ်ကိုကြီး။
ဂျီမင်းသည် ကုတင်ပေါ်မှ အူယားဖားယား ပြေးဆင်းလိုက်ပြီး ပြုံးတုံ့တုံ့မျက်နှာထားနဲ့ သူ့ကို ကြည့်ရင်း ဂျွန်ဂျောင်ကုကို တံခါးဖွင့်ပေးဖို့ ပြင်နေသော အစ်ကိုကြီးရဲ့ လက်ကို အမြန်လှမ်းတားလိုက်သည်။
"ဘာဖြစ်လို့လဲ"
"မဖြစ်ဘူး အစ်ကိုကြီး။ လုံးဝ တံခါးဖွင့်ပေးလိုက်လို့ မဖြစ်ဘူး လုံးဝ"
ဒေါက် ဒေါက်
ပြောနေတုန်းမှာပဲ တံခါးခေါက်သံက ထွက်ပေါ်လာသည်။ ဂျီမင်းသည် အမှန်တကယ် စိုးထိတ်နေသည့် မျက်လုံးများနဲ့ အစ်ကိုကြီးကို ကြည့်ကာ အသံတိတ် အသနားခံနေမိသည်။ ဘယ်နည်းပဲဖြစ်ဖြစ် ဂျွန်ဂျောင်ကုကို ပြောပြလို့မဖြစ်ဘူး။
တံခါးခေါက်လိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှမရှိ။ အခန်းများ မှားခေါက်နေမိသလားဆိုပြီး ပြန်စစ်ကြည့်လိုက်ပေမဲ့ ဒီအခန်း မှန်ပါတယ်။ ဒါဆို ဘာကြောင့် အထဲက ဘာအသံမှ မကြားရတာလဲ။
တွေးရင်းကပင် ဒုတိယအကြိမ် တံခါး ထပ်ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
သည်တစ်ကြိမ်မှာတော့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်ရသည်။ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ တံခါးဖွင့်ကာ အခန်းထဲ တန်းဝင်ခဲ့တော့သည်။ ဝင်ဝင်ချင်း မြင်လိုက်ရတာ မျက်နှာလွှဲကာ ကုတင်ပေါ် ထိုင်နေသည့် ဒေါသအိုး။
"ရောက်လာပြီပဲ"
"ဟုတ်ကဲ့"
ကုတင်ပေါ်ကလူကို ထပ်လှမ်းကြည့်လိုက်ပေမဲ့ ဆက်တိုက် မသိချင်ယောင်ဆောင်နေဆဲ။
"ဒါနဲ့ သူ့အခြေအနေ..."
ဝင်ကတည်းက လွှဲထားသည့် မျက်နှာက ဆတ်ခနဲ သူ့ဘက်ကို လှည့်လာသည်။ မဟုတ်ဘူး အတိအကျပြောရရင် အစ်ကိုကြီးကို လှမ်းကြည့်နေတာ။ ထိုအကြည့်က ဘာအဓိပ္ပါယ်လဲဆိုတာတော့ သူ နားမလည်။
"ဒီတိုင်း အားနည်းလို့ဖြစ်တာပါ။ ဆေးလည်း သွင်းထားပေးတာမို့ စိတ်ပူစရာမလိုတော့ဘူး"
သက်ပြင်းခိုးချသံတစ်ခုက အခန်းလေးထဲ တိုးသက်သက်။ တော်သေးတာပေါ့။
"နှစ်ယောက် စကားပြောနှင့်ကြဦး"
အစ်ကိုကြီးထွက်သွားတော့ သူတို့နှစ်ယောက်သာ အခန်းလေးထဲ ကျန်ရစ်ခဲ့သည်။ ဘယ်သူကမှ စကားစမပြောတာမို့ အတော်ကြာသည်အထိ တိတ်တိတ်ဆိတ်ဆိတ်။
"ထူးဆန်းနေတယ်"
"ဘာကိုလဲ"
ဂျောင်ကုက တစ်ခုခုကို သင်္ကာမကင်းဖြစ်နေသည့် အထာမျိုးနဲ့ မျက်မှောင်ကြုတ်ကာ ကုတင်ခြေရင်းနား တိုးလာသည်။ ပြီးနောက် ကုတင်ခြေရင်းက ဘောင်ကို လက်နှစ်ဖက်ထောက်ကာ သူ့မျက်နှာကို အနီးကပ်လာစူးစမ်းသည်။
"ဘာဖြစ်နေတာလဲ။ အဲ့ ကျက်သရေမရှိတဲ့မျက်နှာကြီးကို ဖယ်စမ်းပါ"
အပြောထက် အလုပ်က ပိုမြန်သည်။ ဒါပေမဲ့ ဂျွန်ဂျောင်ကုက ပိုမြန်သည်။ နီးကပ်နေသည့် မျက်နှာကို လှမ်းရိုက်လိုက်ပေမဲ့ အရှောင်အတိမ်းကောင်းတာမို့ ထိမသွား။ ဒါကို ကြံဖန် ဂုဏ်ယူနေပြန်တဲ့ မျက်နှာကြီးက နေရာမှာတင် လက်ညှိုးထိုးအန်ချင်စရာ။
"သေမလိုဖြစ်နေတဲ့မင်းကို ပွဲလယ်ခေါင်ထဲက ကယ်ထုတ်လာပေးတဲ့ ကျေးဇူးရှင်ဆိုတာ မမေ့နဲ့ဦး"
"သေ သေ ပစ်ထားလိုက်လေ။ မင်းကို ဘယ်သူက ကယ်ခိုင်းလို့လဲ။ အခုမှ လေလာကြီးမနေနဲ့"
ဂရုဏာသက်ဖွယ် ဆေးရုံဝတ်စုံလေးနဲ့မှ မလိုက် ပြန်ရန်လုပ်နေပုံက ကတ်ကတ်ကိုလန်လို့။ ကမှူးရှူးထိုးနဲ့ ပြေးထွက်ခဲ့ပြီး ဆေးရုံရောက်မှ သတိရတာက သူပြေးထွက်လာခဲ့တာ သူ့စေ့စပ်ပွဲဖြစ်နေတာကိုပဲ။
Advertisement
သွေးပူနေတုန်းဆိုတော့ အကုန်လုံးကို မေ့သွားခဲ့တာ။ ပွဲလည်း ဘယ်သူတွေ ဘယ်လို သိမ်းပေးလိုက်လဲ သူ မသိ။ ရိုအာ့ကိုလည်း အားနာမိလွန်းလို့ တောင်းပန်နေမိတာ ခဏခဏ။ ရိုအာက ဗွေမယူပေမဲ့ အများကြီးအားနာနေမိသည်။
တကယ်တမ်း သူ လိုက်မပို့လည်း ဥက္ကဌဂျန်ရှိနေတာပဲ။ ဥက္ကဌဂျန်ကမှ ပတ်ဂျီမင်းနဲ့ တရားဝင် ဒိတ်လုပ်နေတဲ့သူမလား။ ပြန်စဉ်းစားကြည့်ရင် အကုန်လုံးက အဘက်ဘက်က မျက်နှာပျက်စရာတွေ။ သို့သော် ဥက္ကဌဂျန်က သူ့ကို ဘာမှမပြောခဲ့။
ဒီလောက်အထိ ဂယက်တွေရိုက်ပြီး ဘယ်ကစရှင်းရမယ်မသိအောင် ဖြစ်ခဲ့တာတောင် လူနာပတ်ဂျီမင်းကတော့ ကျေးဇူးတင်ဖို့နေနေသာသာ ရန်ပြန်လုပ်ဖို့ကလွဲပြီး နည်းနည်းလေးမှတောင် မသိတတ်။
"ထွက်သွား"
"ဟ နှင်လှချည်လား"
မျက်စောင်းတစ်ချက်က ဒိုင်းခနဲ။ ထိုအချိန် ဥက္ကဌဂျန်လည်း အခန်းထဲ ဝင်လာတာမို့ စကားစပြတ်သွားရသည်။
"သက်သာရဲ့လား"
"ဟုတ်ကဲ့"
အမလေး အမလေး ကြည့်ဦး။ ဒေါသအိုးတို့ လေသံက ချက်ချင်း ပျော့ပျောင်းသွားလိုက်တာ။ အဲ့ဒါတွေ သူမုန်းတာပဲ။
"ဥက္ကဌဂျန်ကို အလုပ်ရှုပ်သွားစေမိပြီ"
အဲ့ဒါ ငါ့ကိုပြောရမှာမဟုတ်ဘူးလား။ စေ့စပ်ပွဲကိုတောင် ပစ်ပြီး ဆေးရုံအထိ ပွေ့ချီပြေးလာပေးတာ သူဆိုတဲ့ ဂျွန်ဂျောင်ကုပါနော်။
"အားနည်းနေပုံပဲ။ ကောင်းကောင်းအနားယူပါ"
"ဟုတ်ကဲ့"
"ဒုဥက္ကဌဂျွန်ကိုလည်း ကျေးဇူးတင်ပါတယ်"
"ဗျာ ကျွန်တော်က ဘာလို့...."
နားမလည်တာမို့ ဥက္ကဌဂျန်ကို ပြန်မေးခွန်းထုတ်လိုက်မိသည်။
"ဂျီမင်းကို ဆေးရုံအထိလိုက်ပို့ပေးလို့ပါ"
"မလိုတာပဲ။ နောက်ပြီး ကျွန်တော်တို့က..."
ဥက္ကဌဂျန်ရဲ့အနောက်ကနေ ပေါက်ကရ ပြောရဲ ပြောကြည့် သေမယ်ဟူသော မီးဝင်းဝင်းတောက်နေသည့် အကြည့်။
"သူငယ်ချင်းတွေမို့ပါ"
ပြောသာပြောလိုက်ရသည်။ သူ့စိတ်အထင် ဥက္ကဌဂျန်က ပါဝါပြနေသလို ခံစားနေရသည်။ ဒီလူက ငါနဲ့ဒိတ်လုပ်နေတဲ့သူမို့ တာဝန်ရှိတဲ့ငါက ကျေးဇူးတင်လိုက်မယ်ဆိုတဲ့ သဘောမျိုး။ အင်းပေါ့လေ လက်ထပ်မယ်လို့တောင် ပြောထားသေးတာပဲ ဒီလောက်တော့ မဏ္ဍပ်တိုင်တက်သင့်ပါတယ်။
"ဝင်ခဲ့လို့ရမလားမသိဘူး"
နောက်တစ်ယောက်။ ရိုအာက တံခါးဝမှာ ရပ်လျက် ခွင့်တောင်းလာသည်။
"ဝင်ခဲ့လေ"
လူနာဖြစ်တဲ့ ကိုယ့်ထက်အရင် ခွင့်ပြုနေတဲ့ အရူးကောင်ကို ပေစောင်းစောင်း တစ်ချက်ကြည့်လိုက်ပေမဲ့ နွားကြီးက သူ့ဆီမှာ အာရုံမရှိတော့။ မွန်ရိုအာကိုပဲကြည့်ပြီး သွားအဖြီးသားနဲ့။
"ဂျီမင်းရှီး သက်သာရဲ့လား"
"အခုတော့ အဆင်ပြေသွားပါပြီ"
"တော်သေးတာပေါ့"
မကောင်းတတ်တာမို့ ကျေးဇူးတင်သည့်အနေနှင့် ခပ်ဖွဖွ ပြုံးပြလိုက်ရသည်။ ဒါကရော ဘာလဲ။ စုံတွဲလိုက် သတင်းလာမေးနေတာလား။
"ဒီလိုဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
ဥက္ကဌဂျန်က ဖြေလိုက်ပြီမို့ ဂျီမင်းလည်း ဘာမှ ဝင်မပြောလိုက်တော့။ ဂျွန်ဂျောင်ကုလက်ကို ချိတ်ကာ ထွက်သွားသည့် မွန်ရိုအာကတော့ ပြုံးလို့ရွှင်လို့။ သတို့သားလောင်းတစ်ယောက်လုံး ပွဲထဲက ပြေးထွက်သွားတာတောင် ဘယ်လိုမှမနေပါလား။
စိတ်ထားပြည့်ဝပြီး အရမ်း သဘောကောင်းလွန်းနေတာပဲ။ ဂျွန်ဂျောင်ကုနဲ့ မတန်လိုက်ပုံများ။
___________________
"ပတ်ဂျီမင်း အပြင်ထွက်ခဲ့ဦး"
ဘယ်အချိန် ဒီလို ထခေါ်မလဲဆိုပြီး တွေးနေတာ။ ခုတော့ ထင်တဲ့အတိုင်းပဲ။ ကျန်တဲ့သူတွေကိုသာ ရှောင်လို့ရမယ်။ အစ်ကိုကြီးအိမ်မှာနေပြီး အစ်ကိုကြီးကိုတော့ ရှောင်လို့မရ။ နောက်ပြီး ဒီကိစ္စကို သိထားကြတာ သူတို့နှစ်ယောက်တည်း။
"အခုထိ ဘာမှရှင်းပြဖို့စိတ်ကူးမရှိဘူးလား"
တစ်ပတ်လုံးလုံး အိမ်ထဲက အိမ်ပြင်မထွက်။ အလုပ်ကိုလည်း ခွင့်ယူထားကာ ယုတ်စွအဆုံး ဥက္ကဌဂျန်နဲ့ပင် အဆက်အသွယ်မလုပ်ဖြစ်။ ဘာမှမသိတဲ့ ဟိုအရူးကောင်ကတော့ လေယာဉ်ခရီးစဉ်လိုက်သွားတယ်ပဲ မှတ်ယူနေသည်။
"ဥက္ကဌဂျန်ကို ကလေးရှိနေတယ်လို့ ပြောဖို့က အရမ်းခက်ခဲနေလို့လား"
အငယ်လေးရဲ့မျက်နှာက မဲ့ကျသွားသည်။ ဒီကလေးက ဥက္ကဌဂျန်နဲ့ ရတာမဟုတ်မှန်း သူ သိသားပဲ။ ဒါပေမဲ့ အငယ်လေးပါးစပ်က အမှန်အတိုင်း ဝန်ခံလာအောင်လို့ ဥက္ကဌဂျန်ကိုပဲ ခုတုံးလုပ်နေမိတာ။
"အငယ်လေးမပြောရဲရင် ငါ ပြောပေးမယ်"
"ပြောလို့မရဘူး အစ်ကိုကြီး"
"ဘာလို့လဲ"
"ဒီကလေးက ဥက္ကဌဂျန်နဲ့ရတာမဟုတ်ဘူး"
"ဒါဆို ဘယ်သူနဲ့လဲ"
ချက်ချင်းတော့ မဖြေ။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့
"အစ်ကိုကြီးယုံမလားမသိပေမဲ့ ဂျွန်ဂျောင်ကုနဲ့...."
"ဒါဆိုလည်း ဂျောင်ကုနဲ့လက်ထပ်လိုက်လေ"
မျက်အိမ်ကျဉ်းလေးတွေ ဝိုင်းခနဲ။ ခေါင်းကြောမာဦးမယ်ဆိုတဲ့ အငွေ့အသက်လေးတွေရဲ့ ရှေ့ပြေးနမိတ်ပေါ့။
"သူက မွန်ရိုအာနဲ့ လက်ထပ်တော့မှာ။ ကျွန်တော်ကလည်း ဥက္ကဌဂျန်နဲ့"
"ဒါဆို ဒီကလေးက ဘယ်လိုလုပ်မှာလဲ"
သူ ဖြစ်စေချင်တာက ရှင်းသည်။ နှစ်ဖက်မိဘတွေကို အမှန်အတိုင်း ဖွင့်ပြောပြပြီး လက်ထပ်လိုက်ကြဖို့ပဲ။ ကလေးတောင်ရနေပြီပဲ။ အခြေအနေတွေက ဘယ်နည်းနဲ့မှ နောက်ဆုတ်ဖို့မဖြစ်နိုင်။
"ကျွန်တော် စဉ်းစားနေပါတယ်"
ဘာကို စဉ်းစားနေသေးတာလဲဆိုပြီး ခေါင်းထခေါက်ချင်စိတ်ကို မနည်းမြိုသိပ်ထားရသည်။
"ကျွန်တော် ဥက္ကဌဂျန်နဲ့ လက်မထပ်တော့ဘူး"
"ဂျောင်ကုကိုရော မပြောပြတော့ဘူးလား။ သူက ဒီကလေးရဲ့အဖေဆိုတာကိုလေ"
သူ အစ်ကိုကြီးကို ကြည့်လိုက်တော့ အားမလို အားမရဖြစ်နေသည့် မျက်ဝန်းတွေကို တွေ့လိုက်သည်။ ဂျွန်ဂျောင်ကုက မွန်ရိုအာနဲ့ လက်ထပ်ချင်လွန်းလို့ ရူးခါနေတာလေ အစ်ကိုကြီးရယ်။
ဒီအချိန်ကြီးကျမှ ငါ့မှာ ကလေးရှိနေပြီ။ မွန်ရိုအာနဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းပြီး ငါနဲ့ လာလက်ထပ်လို့ သွားပြောရမှာလား။ စိတ်ကူးလေးနဲ့တောင် တွေးကြည့်လို့မရဘူး။
"ဘာပဲဖြစ်ဖြစ် ဒါက တစ်ယောက်တည်း ကြိတ်ဖြေရှင်းလို့ရတဲ့အရာမျိုးမဟုတ်ဘူး"
"အစ်ကိုကြီး ဂျွန်ဂျောင်ကုကို သွားပြောမယ်ဆိုရင် ကျွန်တော် ဒီက ထွက်သွားမှာ။ နောက်ပြီး ဒီကလေးကိုလည်း အာမ,မခံနိုင်ဘူး"
Advertisement
သူ့ကိုတောင် ပြန်ခြိမ်းခြောက်နေတဲ့ အငယ်လေး။ ရဲရဲတင်းတင်း စိုက်ကြည့်နေတဲ့ မျက်လုံးတွေက ကျွန်တော့်ကို မလုပ်ရဲဘူး မထင်နဲ့လို့ လှမ်းအသိပေးနေသလို။
"ဘယ်လိုနေနေ ဂျွန်ဂျောင်ကုနဲ့တော့ လုံးဝလက်မထပ်နိုင်ဘူး"
"ဒီလိုအခြေအနေမှာတောင် ခေါင်းမာဦးမယ်ပေါ့"
"ဒီအခြေအနေအထိ ဖြစ်သွားကြတာမှန်ပေမဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှပြီး ချစ်ကြိုက်နေတာမျိုး လုံးဝမဟုတ်ဘူး အစ်ကိုကြီး"
"ဒါဆို ဒီကောင် မင်းကို အနိုင်ကျင့်တာလား။ အဲ့လိုသာဆို အခုချက်ချင်း သူ့ကို သွားသတ်မယ်"
အင်္ကျီလက်မောင်းတွေကို ပင့်တင်ရင်း ဒေါသတကြီးပြောလိုက်တော့ ပတ်ဂျီမင်းတို့က ခေါင်းယမ်းပြပြန်ပါသည်။
"အဲ့လိုလည်းမဟုတ်ဘူး အစ်ကိုကြီး"
ကျွန်တော်တို့က Enemy with benefits တွေလေ။ ဟိုကောင်က အနိုင်ကျင့်တာမဟုတ်သလို သူကလည်း အနိုင်ကျင့်ခံမဲ့သူမျိုးမဟုတ်။ အစ်ကိုကြီးကို ဒဲ့တိုးပြောပြလိုက်ဖို့ကလည်း သူပြောချင်တာကို နားမလည်ဘဲ ထပ်အထင်လွဲမှာ စိုးရသည်။
"နှစ်ယောက်လုံး ကျေကျေနပ်နပ်ရှိခဲ့ကြတယ်ဆိုတဲ့ သဘောလား"
ငြိမ်နေပုံထောက်ရင် မှန်တဲ့သဘောပဲ။ ဒီခေတ်ကလေးတွေကို သူ လိုက်လို့ကိုမမှီတော့ဘူး။ သူကတော့ ရှေ့မှာမဟုတ်တောင် ကွယ်ရာမှာ အဆင်ပြေနေကြတယ်ထင်ပြီး ဝမ်းသာနေခဲ့တာ။ ခုကျ သူတို့ မချစ်ကြပါဘူးတဲ့။ 'မချစ်လို့သာပဲကွယ်' ဆိုတာကိုတော့ ပါးစပ်က ထုတ်မပြောဖြစ်ခဲ့။
တစ်ယောက်ကလည်း မပြောပြမချင်း သိမှာမဟုတ်သလို တစ်ယောက်ကလည်း သေတောင် ပြောပြမဲ့ပုံမပေါ်။ လောကကြီးထဲ ထွက်မလာသေးတဲ့ ကလေးငယ်ငယ်လေးကို တွေးကြည့်မိပြန်တော့ အစ်ကိုကြီးမှာ ရင်မောရသည်။
မလိုအပ်တဲ့နေရာတွေမှာ မာနကို ရှေ့တန်းမတင်စမ်းပါနဲ့လား အငယ်လေးရယ်ဟုသာ တိတ်တဆိတ် ရေရွတ်မိရင်း.....။
_________________
"တစ်ပတ်လုံးလုံး ပျောက်နေခဲ့ပြီး အခုမှ တွေ့ရတော့တယ်"
ဥက္ကဌဂျန်ကတော့ မပြောင်းမလဲ သူ့ကို နားလည်ပေးပြီး ကြည်ကြည်ဖြူဖြူရှိသည်။ ဘယ်လိုပဲ အသည်းမာတယ်ပြောပြော ဒီလိုလူကောင်းမျိုးနဲ့ ကွေကွင်းရတဲ့အတွက် အမှန်အတိုင်းပြောရရင် သူ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည်။
ရှေးထုံးကို မပယ်နဲ့ဆိုတဲ့စကားအတိုင်းပဲ၊ အပျော်ကနေ အပျက်ဖြစ်လာတတ်တယ်ဆိုတာ သူ လက်မခံချင်လည်း လက်ခံရတော့မယ်။ သူကိုယ်တိုင်ရဲ့ ပေါ့ဆမှုလည်းပါတာပေါ့။
"ဥက္ကဌဂျန်ကို ပြောပြစရာကိစ္စလေးရှိလို့ပါ"
"ပြောလေ"
အရင်ဆုံး အသက်ဝဝ တစ်ချက်ရှူလိုက်သည်။ ဒါပေမဲ့ ပတ်ဂျီမင်းဟာ ဒီလိုအချိန်မျိုးမှာတောင် တုန်လှုပ်နေတာမျိုးမရှိခဲ့ပါ။ မိနစ်အနည်းငယ် ကြာခဲ့ပြီးနောက်မှာတော့ သူ ပြောသမျှအကုန်လုံးကို နားထောင်ပေးခဲ့သည့် မျက်နှာချင်းဆိုင်က ဥက္ကဌဂျန်ဟာ ငြိမ်သက်လျက်။
"ဒါကြောင့် ဒီလက်ထပ်ပွဲကို ကျွန်တော် ဖျက်သိမ်းလိုပါတယ်"
ဥက္ကဌဂျန်က တစ်ခုခုကို အသေအချာ တွေးတောနေဟန်ရှိသည်။ စိတ်ဆိုး ဒေါသထွက်တာမျိုးတော့ မတွေ့ရ။ အတော်လေးကို တည်ငြိမ်လွန်းနေသည်။
မဆုံဖြစ်တဲ့ တစ်ပတ်အတွင်း အံ့အားသင့်စရာ အကြီးကြီးနဲ့ ပေါ်ထွက်လာသူ။ ကလေးရှိနေပြီတဲ့။ ဒီ့အတွက် လက်ထပ်ပွဲကို ရှေ့ဆက်လို့ မဖြစ်တော့တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြလာသူ။
ရဲတင်းသည်။ ဘာကိုမှ အကြောက်အလန့်မရှိ။ ကိုယ့်အမှားကိုယ် စကားတစ်ချက် အထစ်အငေါ့မရှိဘဲ ပြောပြနိုင်သည်။ ကြုံခဲ့ဖူးတဲ့ ဒိတ်တွေလို ဖေးမကူညီချင်အောင်၊ ကရုဏာသက်စရာ ကောင်းအောင်လည်း တကူးတက မနေပြ။ လွယ်လွယ်လေးနဲ့ မျက်ရည်လည်း မကျတတ်ပြန်ဘူး။
ပတ်ဂျီမင်းက သူ့အတွက်တော့ ရှားပါးမျိုးစိတ်လေးမို့ လက်ထပ်ဖို့အထိ ဥက္ကဌဂျန်က သဘောတကျ ရည်ရွယ်ခဲ့တာပါလေ။
"ဒီကလေးက ဘယ်သူ့ကလေးလဲဆိုတာအထိတော့ ကိုယ် မမေးလိုတော့ဘူး ဂျီမင်း"
မေးခဲ့လည်း ဂျီမင်းက ပြောပြမှာမဟုတ်တာ သေချာသည်။
"ဒါပေမဲ့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာတော့ သိချင်မိတယ်။ အဲ့လူနဲ့ လက်ထပ်မှာလား"
"ဟင့်အင်း လုံးဝလက်မထပ်ဘူး"
ပြတ်ပြတ်သားသားကိုမှ ခပ်ပြုံးပြုံးလေး ဖြေလာသူ။ သဘောကျမိဖို့အတွက် အကြောင်းပြချက်လိုအပ်မယ်ဆိုရင် ပတ်ဂျီမင်းရဲ့ ဒီလိုအပြုအမူတွေကပဲ အကြောင်းပြချက်ဖြစ်လိမ့်မယ်။ ဥက္ကဌဂျန် နောက်တစ်ကြိမ် ထပ်ပြီး သဘောကျသွားရသည်။
"ဒီလိုဆို ကိုယ့်ကိုလက်ထပ်ဖို့ ဘာကြောင့် ထပ်မစဉ်းစားကြည့်ရတာလဲ"
စားပွဲဝိုင်းလေး တိတ်ဆိတ်သွားခဲ့သည်။
_____________________
ငါ မင်းနဲ့
ဘယ်လိုညှိနှိုင်းရမလဲ
_PSYCHO
______________________
"ကိုယ္ဝန္ရွိေနတယ္!"
ဂ်ီမင္းသည္ အလန႔္တၾကား ေအာ္လိုက္မိကာ မ်က္ဆံတို႔ပင္ အျပင္သို႔ ထြက္က်လုတတ္ မ်က္လုံးျပဴးသြားရသည္။ အစ္ကိုႀကီးကေတာ့ ဂဏွာမၿငိမ္ျဖစ္ေနသည့္ သူ႔ကို ၾကည့္ကာ ဘာမွထပ္မေျပာ။
ဂ်ီမင္း ေခါင္းထဲ ပူခနဲျဖစ္သြားၿပီး ေလာကႀကီးပင္ ခ်ာခ်ာလည္သြားသလို။ မဟုတ္ေသးဘူး။ ဒါကေတာ့ မဟုတ္ေသးဘူး။
"မဟုတ္ဘူး မဟုတ္ဘူး"
"ဘာကမဟုတ္တာလဲ"
"အစ္ကိုႀကီး ေသခ်ာျပန္စစ္ၾကည့္ပါဦး။ စစ္တာမွားတာလည္း ျဖစ္ႏိုင္တာပဲေလ"
"ပတ္ဂ်ီမင္း ငါ ဆရာဝန္လုပ္လာတာ ဘယ္ႏွႏွစ္ရွိၿပီလဲ"
"ဒါေပမဲ့...."
အ႐ူးမီးဝိုင္းဆိုတာ ဒါမ်ိဳးကို ေျပာထာထင္ပါတယ္။ ေျခမကိုင္မိ၊ လက္မကိုင္မိ ဘယ္သူ႔ကို သြားတိုင္တည္ရမယ္ဆိုတာလည္း မသိ။ အစ္ကိုႀကီးကို ၾကည့္လိုက္ေတာ့လည္း ရႈတည္တည္နဲ႔ သူ႔ကို ျပန္ၾကည့္ေနၿပီး ကဲ ရွင္းပါဦးဆိုတဲ့ မ်က္ႏွာထား။
"အဲ့ဒါကေလ...."
စကားျပင္လိုက္ေပမဲ့ ဘယ္က စေျပာရမယ္မသိ။ စိတ္လႈပ္ရွားလြန္းေနတာမို႔ လက္ဖ်ားေတြပါ ေအးစက္လာသည္။ အကုန္လုံး အိပ္မက္ျဖစ္လိုက္ရင္ ေကာင္းမယ္။
"တကယ္ပဲလား အစ္ကိုႀကီး"
"ဘာကိုလဲ"
သူ႔ဗိုက္သူ လက္ညႇိဳးနဲ႔ထိုးကာ ထပ္ေမးလိုက္ေတာ့ အစ္ကိုႀကီးက လက္ထဲ သူ နားမလည္သည့္ ဖိုင္တစ္ထပ္ကို ထိုးေပးလာသည္။
"မဟုတ္ဘူးေလ အစ္ကိုႀကီးကလည္း..."
"ပတ္ဂ်ီမင္း ဒါ ကေလးကစားေနသလိုကိစၥမဟုတ္ဘူးေနာ္"
အဲ့ဒါေတာ့ သူလည္း သိတာေပါ့။ အခုခ်ိန္မွာ ေသြးအပ်က္ရဆုံးက သူရယ္ပါ။ တကယ္သာ ဒီကေလးက ရွိေနတာမွန္ရင္ ဂြၽန္ေဂ်ာင္ကု...ဂြၽန္ေဂ်ာင္ကုက ကေလးအေဖေလ။ ခံစားခ်က္ေတြ၊ အေတြးေတြက ေဆာက္တည္ရာမရဘဲ ႐ူးသြားေတာ့မလိုပဲ။
"ကေလးရေတာ့လည္း ဘာျဖစ္လဲ။ ဥကၠဌဂ်န္နဲ႔ ျမန္ျမန္လက္ထပ္လိုက္႐ုံပဲေလ"
မဟုတ္ဘူးေလ အစ္ကိုႀကီးရယ္။ အစ္ကိုႀကီး ထင္ေနသလို ဒီကေလးက ဥကၠဌဂ်န္နဲ႔ ရတာမွမဟုတ္တာ။ ဟိုေကာင္ ဂြၽန္ေဂ်ာင္ကုနဲ႔ ရတာေလ။ ဒီလိုဆိုမွ ဥကၠဌဂ်န္ရဲ႕ မ်က္ႏွာကိုေရာ သူ ဘယ္လိုၾကည့္ရေတာ့မလဲ။
ဒူးေထာင္လိုက္၊ သက္ျပင္းခ်လိုက္၊ လက္သည္းကိုက္လိုက္ လုပ္ေနတဲ့ ကုတင္ေပၚက လူနာအသစ္စက္စက္ေလး။ ဒီေကာင္ေလး သူ႔ကို အမွန္အတိုင္း ဝန္မခံသေ႐ြ႕ သူကလည္း မေျပာေျပာလာေအာင္ ၾကပ္ေပးရမွာပဲ။
"ေအာ ေဂ်ာင္ကုတို႔ လာေနၿပီ"
ဒုတိယမၸိ ဂ်ီမင္းမ်က္လုံးေတြ ျပဴးခနဲ။
"ေဂ်ာင္ကုသိရင္ ေတာ္ေတာ္အံ့ဩသြားမယ္ထင္တယ္"
မဟုတ္ေသးဘူးေလ အစ္ကိုႀကီး။
ဂ်ီမင္းသည္ ကုတင္ေပၚမွ အူယားဖားယား ေျပးဆင္းလိုက္ၿပီး ၿပဳံးတုံ႔တုံ႔မ်က္ႏွာထားနဲ႔ သူ႔ကို ၾကည့္ရင္း ဂြၽန္ေဂ်ာင္ကုကို တံခါးဖြင့္ေပးဖို႔ ျပင္ေနေသာ အစ္ကိုႀကီးရဲ႕ လက္ကို အျမန္လွမ္းတားလိုက္သည္။
"ဘာျဖစ္လို႔လဲ"
"မျဖစ္ဘူး အစ္ကိုႀကီး။ လုံးဝ တံခါးဖြင့္ေပးလိုက္လို႔ မျဖစ္ဘူး လုံးဝ"
ေဒါက္ ေဒါက္
ေျပာေနတုန္းမွာပဲ တံခါးေခါက္သံက ထြက္ေပၚလာသည္။ ဂ်ီမင္းသည္ အမွန္တကယ္ စိုးထိတ္ေနသည့္ မ်က္လုံးမ်ားနဲ႔ အစ္ကိုႀကီးကို ၾကည့္ကာ အသံတိတ္ အသနားခံေနမိသည္။ ဘယ္နည္းပဲျဖစ္ျဖစ္ ဂြၽန္ေဂ်ာင္ကုကို ေျပာျပလို႔မျဖစ္ဘူး။
တံခါးေခါက္လိုက္ေပမဲ့ ဘာတုံ႔ျပန္မႈမွမရွိ။ အခန္းမ်ား မွားေခါက္ေနမိသလားဆိုၿပီး ျပန္စစ္ၾကည့္လိုက္ေပမဲ့ ဒီအခန္း မွန္ပါတယ္။ ဒါဆို ဘာေၾကာင့္ အထဲက ဘာအသံမွ မၾကားရတာလဲ။
ေတြးရင္းကပင္ ဒုတိယအႀကိမ္ တံခါး ထပ္ေခါက္လိုက္သည္။
"ဝင္ခဲ့ပါ"
သည္တစ္ႀကိမ္မွာေတာ့ အစ္ကိုႀကီးရဲ႕အသံကို ၾကားလိုက္ရသည္။ ရွည္ရွည္ေဝးေဝး စဥ္းစားမေနေတာ့ဘဲ တံခါးဖြင့္ကာ အခန္းထဲ တန္းဝင္ခဲ့ေတာ့သည္။ ဝင္ဝင္ခ်င္း ျမင္လိုက္ရတာ မ်က္ႏွာလႊဲကာ ကုတင္ေပၚ ထိုင္ေနသည့္ ေဒါသအိုး။
"ေရာက္လာၿပီပဲ"
"ဟုတ္ကဲ့"
ကုတင္ေပၚကလူကို ထပ္လွမ္းၾကည့္လိုက္ေပမဲ့ ဆက္တိုက္ မသိခ်င္ေယာင္ေဆာင္ေနဆဲ။
"ဒါနဲ႔ သူ႔အေျခအေန..."
ဝင္ကတည္းက လႊဲထားသည့္ မ်က္ႏွာက ဆတ္ခနဲ သူ႔ဘက္ကို လွည့္လာသည္။ မဟုတ္ဘူး အတိအက်ေျပာရရင္ အစ္ကိုႀကီးကို လွမ္းၾကည့္ေနတာ။ ထိုအၾကည့္က ဘာအဓိပၸါယ္လဲဆိုတာေတာ့ သူ နားမလည္။
"ဒီတိုင္း အားနည္းလို႔ျဖစ္တာပါ။ ေဆးလည္း သြင္းထားေပးတာမို႔ စိတ္ပူစရာမလိုေတာ့ဘူး"
သက္ျပင္းခိုးခ်သံတစ္ခုက အခန္းေလးထဲ တိုးသက္သက္။ ေတာ္ေသးတာေပါ့။
"ႏွစ္ေယာက္ စကားေျပာႏွင့္ၾကဦး"
အစ္ကိုႀကီးထြက္သြားေတာ့ သူတို႔ႏွစ္ေယာက္သာ အခန္းေလးထဲ က်န္ရစ္ခဲ့သည္။ ဘယ္သူကမွ စကားစမေျပာတာမို႔ အေတာ္ၾကာသည္အထိ တိတ္တိတ္ဆိတ္ဆိတ္။
"ထူးဆန္းေနတယ္"
"ဘာကိုလဲ"
ေဂ်ာင္ကုက တစ္ခုခုကို သကၤာမကင္းျဖစ္ေနသည့္ အထာမ်ိဳးနဲ႔ မ်က္ေမွာင္ၾကဳတ္ကာ ကုတင္ေျခရင္းနား တိုးလာသည္။ ၿပီးေနာက္ ကုတင္ေျခရင္းက ေဘာင္ကို လက္ႏွစ္ဖက္ေထာက္ကာ သူ႔မ်က္ႏွာကို အနီးကပ္လာစူးစမ္းသည္။
"ဘာျဖစ္ေနတာလဲ။ အဲ့ က်က္သေရမရွိတဲ့မ်က္ႏွာႀကီးကို ဖယ္စမ္းပါ"
အေျပာထက္ အလုပ္က ပိုျမန္သည္။ ဒါေပမဲ့ ဂြၽန္ေဂ်ာင္ကုက ပိုျမန္သည္။ နီးကပ္ေနသည့္ မ်က္ႏွာကို လွမ္း႐ိုက္လိုက္ေပမဲ့ အေရွာင္အတိမ္းေကာင္းတာမို႔ ထိမသြား။ ဒါကို ႀကံဖန္ ဂုဏ္ယူေနျပန္တဲ့ မ်က္ႏွာႀကီးက ေနရာမွာတင္ လက္ညႇိဳးထိုးအန္ခ်င္စရာ။
"ေသမလိုျဖစ္ေနတဲ့မင္းကို ပြဲလယ္ေခါင္ထဲက ကယ္ထုတ္လာေပးတဲ့ ေက်းဇူးရွင္ဆိုတာ မေမ့နဲ႔ဦး"
"ေသ ေသ ပစ္ထားလိုက္ေလ။ မင္းကို ဘယ္သူက ကယ္ခိုင္းလို႔လဲ။ အခုမွ ေလလာႀကီးမေနနဲ႔"
ဂ႐ုဏာသက္ဖြယ္ ေဆး႐ုံဝတ္စုံေလးနဲ႔မွ မလိုက္ ျပန္ရန္လုပ္ေနပုံက ကတ္ကတ္ကိုလန္လို႔။ ကမႉးရႉးထိုးနဲ႔ ေျပးထြက္ခဲ့ၿပီး ေဆး႐ုံေရာက္မွ သတိရတာက သူေျပးထြက္လာခဲ့တာ သူ႔ေစ့စပ္ပြဲျဖစ္ေနတာကိုပဲ။
ေသြးပူေနတုန္းဆိုေတာ့ အကုန္လုံးကို ေမ့သြားခဲ့တာ။ ပြဲလည္း ဘယ္သူေတြ ဘယ္လို သိမ္းေပးလိုက္လဲ သူ မသိ။ ႐ိုအာ့ကိုလည္း အားနာမိလြန္းလို႔ ေတာင္းပန္ေနမိတာ ခဏခဏ။ ႐ိုအာက ေဗြမယူေပမဲ့ အမ်ားႀကီးအားနာေနမိသည္။
တကယ္တမ္း သူ လိုက္မပို႔လည္း ဥကၠဌဂ်န္ရွိေနတာပဲ။ ဥကၠဌဂ်န္ကမွ ပတ္ဂ်ီမင္းနဲ႔ တရားဝင္ ဒိတ္လုပ္ေနတဲ့သူမလား။ ျပန္စဥ္းစားၾကည့္ရင္ အကုန္လုံးက အဘက္ဘက္က မ်က္ႏွာပ်က္စရာေတြ။ သို႔ေသာ္ ဥကၠဌဂ်န္က သူ႔ကို ဘာမွမေျပာခဲ့။
ဒီေလာက္အထိ ဂယက္ေတြ႐ိုက္ၿပီး ဘယ္ကစရွင္းရမယ္မသိေအာင္ ျဖစ္ခဲ့တာေတာင္ လူနာပတ္ဂ်ီမင္းကေတာ့ ေက်းဇူးတင္ဖို႔ေနေနသာသာ ရန္ျပန္လုပ္ဖို႔ကလြဲၿပီး နည္းနည္းေလးမွေတာင္ မသိတတ္။
"ထြက္သြား"
"ဟ ႏွင္လွခ်ည္လား"
မ်က္ေစာင္းတစ္ခ်က္က ဒိုင္းခနဲ။ ထိုအခ်ိန္ ဥကၠဌဂ်န္လည္း အခန္းထဲ ဝင္လာတာမို႔ စကားစျပတ္သြားရသည္။
"သက္သာရဲ႕လား"
"ဟုတ္ကဲ့"
အမေလး အမေလး ၾကည့္ဦး။ ေဒါသအိုးတို႔ ေလသံက ခ်က္ခ်င္း ေပ်ာ့ေပ်ာင္းသြားလိုက္တာ။ အဲ့ဒါေတြ သူမုန္းတာပဲ။
"ဥကၠဌဂ်န္ကို အလုပ္ရႈပ္သြားေစမိၿပီ"
အဲ့ဒါ ငါ့ကိုေျပာရမွာမဟုတ္ဘူးလား။ ေစ့စပ္ပြဲကိုေတာင္ ပစ္ၿပီး ေဆး႐ုံအထိ ေပြ႕ခ်ီေျပးလာေပးတာ သူဆိုတဲ့ ဂြၽန္ေဂ်ာင္ကုပါေနာ္။
"အားနည္းေနပုံပဲ။ ေကာင္းေကာင္းအနားယူပါ"
"ဟုတ္ကဲ့"
"ဒုဥကၠဌဂြၽန္ကိုလည္း ေက်းဇူးတင္ပါတယ္"
"ဗ်ာ ကြၽန္ေတာ္က ဘာလို႔...."
နားမလည္တာမို႔ ဥကၠဌဂ်န္ကို ျပန္ေမးခြန္းထုတ္လိုက္မိသည္။
"ဂ်ီမင္းကို ေဆး႐ုံအထိလိုက္ပို႔ေပးလို႔ပါ"
"မလိုတာပဲ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔က..."
ဥကၠဌဂ်န္ရဲ႕အေနာက္ကေန ေပါက္ကရ ေျပာရဲ ေျပာၾကည့္ ေသမယ္ဟူေသာ မီးဝင္းဝင္းေတာက္ေနသည့္ အၾကည့္။
"သူငယ္ခ်င္းေတြမို႔ပါ"
ေျပာသာေျပာလိုက္ရသည္။ သူ႔စိတ္အထင္ ဥကၠဌဂ်န္က ပါဝါျပေနသလို ခံစားေနရသည္။ ဒီလူက ငါနဲ႔ဒိတ္လုပ္ေနတဲ့သူမို႔ တာဝန္ရွိတဲ့ငါက ေက်းဇူးတင္လိုက္မယ္ဆိုတဲ့ သေဘာမ်ိဳး။ အင္းေပါ့ေလ လက္ထပ္မယ္လို႔ေတာင္ ေျပာထားေသးတာပဲ ဒီေလာက္ေတာ့ မ႑ပ္တိုင္တက္သင့္ပါတယ္။
"ဝင္ခဲ့လို႔ရမလားမသိဘူး"
ေနာက္တစ္ေယာက္။ ႐ိုအာက တံခါးဝမွာ ရပ္လ်က္ ခြင့္ေတာင္းလာသည္။
"ဝင္ခဲ့ေလ"
လူနာျဖစ္တဲ့ ကိုယ့္ထက္အရင္ ခြင့္ျပဳေနတဲ့ အ႐ူးေကာင္ကို ေပေစာင္းေစာင္း တစ္ခ်က္ၾကည့္လိုက္ေပမဲ့ ႏြားႀကီးက သူ႔ဆီမွာ အာ႐ုံမရွိေတာ့။ မြန္႐ိုအာကိုပဲၾကည့္ၿပီး သြားအၿဖီးသားနဲ႔။
"ဂ်ီမင္းရွီး သက္သာရဲ႕လား"
"အခုေတာ့ အဆင္ေျပသြားပါၿပီ"
"ေတာ္ေသးတာေပါ့"
မေကာင္းတတ္တာမို႔ ေက်းဇူးတင္သည့္အေနႏွင့္ ခပ္ဖြဖြ ၿပဳံးျပလိုက္ရသည္။ ဒါကေရာ ဘာလဲ။ စုံတြဲလိုက္ သတင္းလာေမးေနတာလား။
"ဒီလိုဆို ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး"
"ဟုတ္ကဲ့"
ဥကၠဌဂ်န္က ေျဖလိုက္ၿပီမို႔ ဂ်ီမင္းလည္း ဘာမွ ဝင္မေျပာလိုက္ေတာ့။ ဂြၽန္ေဂ်ာင္ကုလက္ကို ခ်ိတ္ကာ ထြက္သြားသည့္ မြန္႐ိုအာကေတာ့ ၿပဳံးလို႔႐ႊင္လို႔။ သတို႔သားေလာင္းတစ္ေယာက္လုံး ပြဲထဲက ေျပးထြက္သြားတာေတာင္ ဘယ္လိုမွမေနပါလား။
စိတ္ထားျပည့္ဝၿပီး အရမ္း သေဘာေကာင္းလြန္းေနတာပဲ။ ဂြၽန္ေဂ်ာင္ကုနဲ႔ မတန္လိုက္ပုံမ်ား။
___________________
"ပတ္ဂ်ီမင္း အျပင္ထြက္ခဲ့ဦး"
Advertisement
- In Serial162 Chapters
My Unconventional Delivery System!
7 Chapters A Week or More~
8 236 - In Serial6 Chapters
A.I.
Artificial Intelligence in Cultivation World Discord: https://discord.gg/mXMRjzF
8 138 - In Serial9 Chapters
Tyny Tales
This is a story about a soldier and a druid, their relationship together and their adventures. I write this story up in bed before I go to sleep so it's something with very little editing. It is something I don't plan, I just write what comes to mind. I hope you enjoy regardless!
8 151 - In Serial14 Chapters
FERMI PARADOX
“Dead? Am I dead? Is this heaven or hell? Where am I right now?” I muttered to myself. When I was confused about the phenomenon happening right now, suddenly I heard someone calling me from behind my shoulders by saying “Dewa Candra Kumara, Dewa Candra Kumara it is great that you are finally here!”
8 80 - In Serial27 Chapters
Way of the World
In a world of martial arts and magic, where the strong do as they please, a young swordsman seeks revenge for his school's destruction and mentor's death, while trying to stay true to his own values. Arround him, the era shifts as immense powers struggle and scheme for the world's future. Join our protagonist as he travels through exotic lands, meets strange and funny creatures and learns to remain human amongst the carnage. Author's note: This is the first story I'm writting in a coherent manner (I have written a lot of DnD background stories in the past), so bear with me if I make boring or overdescriptive bits: I'll regularly come back to rewrite whichever parts feel unpolished, especially grammatical errors. I would also appreciate any corrections or suggestions.
8 79 - In Serial32 Chapters
Into You - Jennie Kim x Female Reader
[COMPLETED] Will love really find its way? And will it really conquer all?Read and find out. - - -This is a work of my imagination so everything in this book is UNREAL. This is GXG and SISTER RELATIONSHIP/INCEST. This also contains swearing and some mature stuff so READ AT YOUR OWN RISK.Highest ranking achieved:#20 Girlgroup - 112519#19 Girlgroup - 112619#11 Jenchulichaeng - 120919#8 Girlgroup - 122619#2 Kimjennie - 010820#2 Jenniekim - 020820#2 Parkchaeyoung - 021120 🎉#1 Parkchaeyoung - 032320
8 132

