《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》Yes, it's love.(ᴊᴀʏʜᴏᴏɴ)
Advertisement
Unicode....
အချစ်ဆိုတာ ငယ်ငယ်ကခိုးခိုးစားရတဲ့ သကြားလုံးတွေလောက်တောင်ချိုမယ်မထင်ဘူး။ ချိုရင်လည်းချိုမှာပေါ့ ဒါပေမယ့် စားမှမစားဖူး အဲ ချစ်မှမချစ်ဖူးတာ သူကဘယ်သိမှာလဲ။ လောလောဆယ် ဟိုးငယ်ငယ်တည်းက စားလာတဲ့ သကြားလုံးအချိုကိုဘဲ စိတ်ဝင်စားတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုချစ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်နေတဲ့ သူ့ဘဝမှာ အဲ့အချစ်ဆိုတာရောက်လာမယ်လည်းမထင်ပါဘူး။ ယုံလည်းမယုံဘူး။ လူတွေက ခံစားချက်တွေကိုအလေးပေးခံရဖို့၊ အကြင်နာတွေဖုံးလွှမ်းနေတဲ့မျက်ဝန်းလေးတွေနဲ့အကြည့်ခံရဖို့၊ လိုချင်တာရဖို့ အချစ်ဆိုတဲ့တံဆိပ်တုံးကိုပြီးစလွယ်ထုနှိပ်လိုက်ကြတာလေ။ လောကကြီးမှာ အချစ်ဆိုတာရှိမယ်လည်းမထင်ဘူး။ ရှိရင်လည်းရှိမှာပေါ့ မသိဘူး။ လောလောဆယ်သူ့မှာတော့ မရှိဘူး။ သူကရှည်ရှည်ဝေးဝေးတွေတွေးရတာမကြိုက်တဲ့သူမို့ ဒီလောက်နဲ့ဘဲတော်လိုက်တာပေါ့။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
"ဒီလိုဘဲဆက်လုပ်နေမယ်ဆို မင်းဦးလေးတာဝန်ကျနေတဲ့ရွာကိုပို့ပစ်မှာနော် ပတ်ခ်ဂျုံဆောင်း!!"
လေအေးပေးစက်ကလေတွေက အသံကျယ်ကျယ်နဲ့ထွက်ထွက်လာသည်။ အဖေ့အလုပ်ခန်းထဲက ထိုင်ခုံပေါ်ဒူးနှံ့နေတဲ့ဂျုံဆောင်းကတော့ ပါးစပ်ထဲက lollipopကိုအရသာခံမပျက်။ သူ့ဘေးမှာတော့ မျက်စိတောင်မဖွင့်နိုင်အောင်ယိမ်းထိုးပြီး မနက်စောစောအရက်နာကျနေတဲ့ သူ့ညီအကိုဝမ်းကွဲအီဟီဆွန်း။
မနေ့ညကကလပ်မှာ ရန်ဖြစ်ကြပြီး မနက်ကျအချုပ်ထဲကထုတ်လာလာချင်း ရေတောင်မချိုးကြရသေးခင် ဆုံးမဩဝါဒခံယူနေရသဖြင့် နှစ်ယောက်သားအီလည်လည်နှင့် ကြက်ဖကြီးတွေလည်လိမ်ခံရသလို ရှုံ့မဲ့နေကြသည်။
ဟီဆွန်းက တအီအီနှင့်ဂျုံဆောင်းပုခုံးပေါ်ခေါင်းကြီးမှီလာပြီး ဥဩဆွဲဖို့ဟန်ပြင်နေသည်မို့ ဂျုံဆောင်းခမျာကျောတွေရင်တွေထုပြီး နှာနှပ်ပေးနေရသည်။ ခဏခဏဆူနေရလည်း အဖေကမငြီးငွေ့၊ အဆူခံရတဲ့သူကတော့ ငြီးငွေ့လွန်းလို့ထတောင်ပြေးချင်သည်။အခုလည်း အန်ဖတ်စော်မနံခင်ထွက်ပြေးဖို့ ဂျုံဆောင်းကဖင်တကြွကြွ။
"ပြောလေကဲလေကြည့်စမ်း အခုလည်းကုန်းကုန်းကွကွနဲ့ အဲ့ဒါဘာဖြစ်နေတာလဲ။ တကတည်း မျောက်နဲ့စပ်မွေးသလားမှတ်ရတယ် ငြိမ်ငြိမ်ကိုမနေနိုင်ဘူး မင်း"
အဖေကထိုသို့ပြောလာတော့ သူတို့ဘေးကစာအုပ်စင်ကိုမှီပြီး လက်ပိုက်ကြည့်နေတဲ့ အမေ့ရဲ့မျက်စောင်းက အဖေ့ထံဒိုင်းကနဲရောက်သည်။ ထိုအခါအဖေက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး necktieကိုလက်နဲ့ဆွဲချကာ အကြည့်လွှဲသွားလေသည်။ ဂျုံဆောင်းအဖေနဲ့အမေရဲ့နောက်တစ်ပွဲကို ထိုင်ကြည့်ရဦးမလားမသိ။ ဖြစ်ချင်ရင်လည်း သူ့ကိုအရင်သွားခိုင်းပြီးမှ ဖြစ်ကြရင်ကောင်းမယ်။
ပတ်ခ်ဂျုံဆောင်း.......
အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား။ အထက်တန်းစာမေးပွဲကို ဝတ်ကြေတန်းကြေရုံဖြေထားပြီး အောင်မအောင်လည်းမပြောတတ်ပါ။ အခုတော့မနေ့တနေ့ကစာမေးပွဲပြီးသွားတာကိုဗန်းပြပြီး စာမေးပွဲဖြေပြီးနောက်နေ့ကို အချုပ်ထဲမှာကုန်ဆုံးလိုက်သည့် တစ်ဦးတည်းသောသားအဆိုးအဆာလေး။
ကျောင်းတုန်းကလည်း ရွယ်တူတန်းတူတွေထဲမှာ သူနဲ့ရန်မဖြစ်ဖူးတဲ့သူမရှိ၊ မသွားဖူးတဲ့ကလပ်တွေဘားတွေမရှိ၊ မရောက်ဖူးတဲ့ရဲစခန်းမရှိ။ ဒီအတိုင်းသူက ဒီတစ်မြို့လုံးမှာ နေရာစုံအောင်ပြဿနာရှာဖို့ သံဓိဌာန်ချထားပုံပေါ်သည်။ ဒီလိုအကဲလေးဂျုံဆောင်းအားကဲသည်ထက်ကဲအောင် မီးလောင်ရာလေပင့်တဲ့သူက နှစ်ယောက်မရှိသည့်အီဟီဆွန်း။
သူကဂျုံဆောင်းထက်တစ်နှစ်မပြည့်တပြည့်ကြီးသော်လည်း အထက်တန်းတစ်နှစ်ကျပြီးပြီ။လက်ရှိ ဒုတိယနှစ်ကို ဂျုံဆောင်းနဲ့တူတူဖြေထားပြီး အောင်အောင်ကျကျကိစ္စမရှိ။ဒုတိယနှစ်ဆိုသည်မှာ တက္ကသိုလ်ဒုတိယနှစ်မဟုတ်သည့် အထက်တန်းစာမေးပွဲကိုဒုတိယအကြိမ်ဖြေထားသောနှစ်ကိုဆိုလိုပါသည်။
ဒီတခါကျရင်လည်း ဂျုံဆောင်းနဲ့ပြန်ဖြေလိုက်ရုံပင်။ သူတို့မှာ တူတာကကြိုးစားချင်စိတ်သာမရှိကြတာ မလျှော့သောဇွဲလုံ့လတော့ရှိပါသည်။ ဝီရိယကျတော့ မရှိကြပြန်။ခုထိတော့နှစ်ယောက်လုံးဘာအစီအစဉ်မှမရှိသေး အိပ်လိုက်၊စားလိုက်၊မူးလိုက်၊ကဲလိုက်၊အချုပ်ထဲသွားလိုက်နှင့်။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
တရိပ်ရိပ်ပြေးနေသော ဖွတ်ချပ်ဖွတ်ချပ်လိုင်းကားစုတ်လေးပေါ်တွင် အဝတ်ထုတ်ကြီးပိုက်ကာငိုက်နေသည့်ဂျုံဆောင်းက မှတ်တိုင်ကျော်သွားမည်ကိုလည်းစိတ်ပူမနေ။ ခုနေရောက်ချင်ရာရောက်သွားလည်း နေချင်သလိုနေလိုက်မည်သာ။
ဘယ့်နှယ် တစ်ဦးတည်းသောသားလေးမို့ မထိရက်မကိုင်ရက်မဆူရက်ကြဘူးလို့ ထင်မနေကြပါနှင့်။
လွန်ခဲ့တဲ့နှစ်ရက်တုန်းက အဖေ့ကျောင်းနေဖက်၊ ယခုစီးပွားဖက်သူငယ်ချင်း၏သားနှင့်ရန်ဖြစ်ပြီး နှာရိုးကျိုးအောင်ထိုးခဲ့သည်။ ထိုညမှာပဲမူးမူးနှင့် ဧည့်ခန်းထဲက အဖေမရမကလေလံဆွဲထားသည့် လူတစ်ရပ်စာပန်းအိုးကြီးအား golfရိုက်တံနှင့်ရိုက်ခွဲပြီး အိပ်ရာထဲဗွက်ဆိုင်းအောင်အန်ရုံလေးအန်မိတာကို အဖေက သူ့အားကုတင်ပေါ်မှကန်ချပြီး နေ့ချင်းညချင်း ကားလက်မှတ်ဖြတ်ကာ သူ့ယောက်ဖအမေ့မောင် အထက်တန်းပြအဖြစ်တာဝန်ကျသည့် ခေါင်ခေါင်ဖျားဖျား တောကြို့အုံ့ကြားကို ပို့ပစ်လိုက်သည်လေ။
သူ့ကားနှင့်တောင်လိုက်မပို့ဘဲ အဝေးပြေးကားနှင့်ထည့်ပေးလိုက်သည့် အဖေ့ကြောင့် ဒီသားလေးမှာရင်နာရသည်။အမေကလည်း ကူမတားသည့်အပြင် လက်ခံခေါ်ထားပေးပါက ဦးလေးအားတစ်လလျှင် ဂျုံဆောင်းမုန့်ဖိုးထက်နှစ်ဆမကများသောပမာဏအား ဘဏ်အကောင့်ထဲထည့်ပေးမည်ဟု အားရပါးရဖုန်းဆက်ပြောသည်။
ကြည့်ရတာအသက်ကြီးမှအိမ်ထောင်ကျသည်မို့ ကလေးမယူနိုင်ကြတော့ဘဲ သူ့ကိုမွေးစားထားတာဖြစ်ရမည်။ သူအိမ်ကထွက်လာမည့်နေ့မှာလည်း အခါကြီးရက်ကြီးတွေလို မုန့်တွေလုပ်စား ချစ်ကြည်နူးတစ်တီတူးနေသည့် ထိုလင်မယားအား ဂျုံဆောင်း ငါးကြိမ်လောက်မျက်စောင်းတွေပစ်ထိုးပြီးမှ ထွက်လာခဲ့ပါသည်။
အမွေဖြတ်ချင်လည်းဖြတ်တော့ သူမပြန်တော့ဘူး။ ဖြတ်မှာလည်းမဟုတ်ပါဘူး အဖေဦးကပ်စီးက ကုန်းရုန်းရှာထားသည့်ပိုင်ဆိုင်မှုတွေအား ဆက်ထိမ်းသိမ်းဖို့ သူ့ကိုလိုကိုလိုဦးမည်။
ဂျုံဆောင်းကတော့မာနရှိပါသည်။ ပါလာသလောက်ငွေလေးကိုရင်းနှီးပြီး ရွာထဲကကလေးတွေနဲ့ ဂေါ်လီရိုက်၊ဘောလုံးကန်ရင်း ဘဝနာနာနှင့်ကြိုးစားရုန်းကန်ဖို့ဆုံးဖြတ်ထားတာမို့ အဖေ့ဥစ္စာတွေလည်း မမက်မောတော့ပါ။
ခုတော့ကြည့်ပါဦး အဝေးပြေးကားကြီးကားဂိတ်ရောက်တော့ ကားဂိတ်မှာဦးလေးအားလိုက်ရှာနေတုန်း ရွာရောက်ဖို့ကားထပ်စီးရမည်ဟု ဖုန်းဆက်လာသဖြင့် ဂျုံဆောင်းခမျာကားဂိတ်မှာ ခုန်ဆွခုန်ဆွနှင့်ရင်ထုမနာဖြစ်ရပြီး အခု မညီမညာဖုန်တထောင်းထောင်းလမ်းလေးတစ်လျှောက် ဂျုံးဂျုံးကျကားလေးပေါ်မှာ သူ့ဖင်တွေလည်းနာလှပါပြီ။
အမေ့မောင်ကလည်းရွှေပေါ်မြတင်သူဌေးသားလေးဖြစ်လျက် ဒီလိုနေရာမှာကျောင်းဆရာလာလုပ်နေတာတကယ်နားမလည်နိုင်။ ပြီးတော့တော်ရုံလူမဟုတ် အသက်သုံးဆယ်ကိုကျော်ရုံရှိသေးသည့် ထိုဦးလေးမှာ စည်းကမ်းကြီးပြီးအဆူအဟောက်ကြမ်းသည့် မဟုတ်မခံလူစားမို့ ကျောင်းအုပ်ကြီးနဲ့ ရပ်ရွာအုပ်ချုပ်ရေးရုံးကလူကြီးများပင်ကြောက်ရသည်။
ထို ဦးလေးမှာ ဟီဆွန်းနှင့်ဂျုံဆောင်းငယ်စဉ်တည်းက ထမင်းစားရင်ထမင်းလုံးမဖိတ်ရ၊ရေမသောက်ရ၊ အင်္ကျီတွေမစွန်းစေရဆိုပြီး သူဟာသူအားယားနေတိုင်း အေးဆေးမနေပါပဲ ကြိမ်လုံးတစ်လုံးနှင့်ထိုင်ကြည့်တတ်သလို တကယ်လည်းဆော်ပါသည်။ သူတို့လူပျိုပေါက်အရွယ်မှ အိမ်ထောင်ကျပြီး အစိုးရဝန်ထမ်းမို့ ဟိုပြောင်းဒီပြောင်းဖြစ်နေရသဖြင့် ဂျုံဆောင်းနဲ့ဟီဆွန်းလည်းခုလိုဆိုးပေလေးတွေဖြစ်လို့ရတာပင်။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
***ရွာ ဆိုသော ဆိုင်းဘုတ်ကြီးဘေးမှာ ဂျုံဆောင်းမနိုင်မနင်းအထုတ်ကြီးပိုက်ပြီး ရပ်နေရတာညောင်းလွန်းလို့ ဒူးတောင်တုန်တယ်။ ကျွန်တော်ရွာထိပ်ရောက်နေတာကြာပြီး ဦးငယ်လေးကဘယ်နားမှာစောင့်နေတာလဲဟုဖုန်းဆက်မေးတော့မှ ငါအိမ်ကထွက်လာပြီစောင့်နေဆိုလို့ ဂျုံဆောင်းခမျာ အနားကလေတွေကို လက်သီးနဲ့ပစ်ထိုးရင်း သူ့ဦးလေးကို အသည်းတွေယားနေရှာသည်။
ဒါပေမယ့်ခဏနေလို့ ဦးငယ်လေးရောက်လာရင် စောင့်နေတာမကြာသေးပါဘူး ရပါတယ်အေးဆေးပါ ဆိုပြီး မျက်နှာချိုသွေးရမည်ကိုတွေးမိတော့ ငိုမဲ့မဲ့ရယ်။ မဟုတ်လည်းမခံ၊ဟုတ်လည်းမခံတဲ့ ဖင်ခေါင်းကျယ်ကျယ်ဂျုံဆောင်းက နေ့ချင်းညချင်း မျက်နှာငယ်လေးနှင့် ဟန်ဆောင်ပြုံးရတော့မည့်နေ့များအကြောင်းတွေးမိလေတော့ စောစောကဖင်နာသလိုရင်ပါထပ်နာရသည်။
မိဘအရိပ်ကအေးချမ်းတယ်ဆိုတာ ဒါမျိုးဖြစ်မှသိရတာနေမှာ အဟင့် ဟင့်။
အခု ပစ်ပစ်ခါခါနဲ့ဒီကိုပို့လိုက်တဲ့အဖေနဲ့အမေကို တ,နေတာလား? ရပ်စမ်း။ စိတ်နာနာနဲ့ ဂေါ်လီရိုက်ပြီးဘဝသစ်ပြန်စဖို့တောင်တွေးထားတာကို သူတို့မရှိလည်းမငတ်ဖူးဆိုတာ ပြရမှာပေါ့ ဟွင်း။သတိရစရာမလိုဘူး။
နွေနေပူပူမှာ ဖုန်ထရတဲ့အထဲ ဖုန်လူးပြီးအော်ကျယ်အော်ကျယ်ကစားနေကြတဲ့ ကလေးတစ်သိုက်ကိုကြည့်ပြီး ဂျုံဆောင်းနှာခေါင်းရှုံ့လိုက်သည်။ လူကဘူနေရတဲ့အထဲ တချက်တချက်ကြားရတဲ့အသံဆာဆာတွေက အရမ်းအာရုံနောက်တယ်။ ကလေးဆိုလို့ ပိစိလေးကတစ်ယောက်နှစ်ယောက်သာ ဆယ်နှစ်ကျော်အရွယ်များနှင့် အရပ်ကြီးတွေမိုးထိနေအောင်ရှည်တဲ့ဟာလေးတွေကလည်း သုံးလေးယောက်။
ဂျုံဆောင်းသူတို့အရွယ်မှာကစားတာဆိုလို့ ဖေဖေဝယ်ပေးတဲ့ဂိမ်းစက်နဲ့ အခန်းထဲထိုင်ကစားတာပဲရှိတော့တာ။ ဒီလိုကလေးကလားတွေမဆော့ပါဘူး။ အေးပေါ့ တောကဟာလေးတွေက ဒါပဲကစားစရာရှိတာလေ။
"ဟာ ဟေ့အသေးလေး မညစ်နဲ့ ငါနိုင်သွားပြီလေ ပိုက်ဆံပေးသွားဦး မင်းမပြေးနဲ့"
အတွေးမဆုံးခင်မှာဘဲ သူ့ရှေ့ကနေ ကိုးနှစ်ဆယ်နှစ်အရွယ်ကောင်လေးက လက်ထဲမှာအကြွေလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးပြေးသွားသည်။ အနောက်မှာတော့ အရပ်ကလန်ကလားကြီးနဲ့ ဘာသံလေးမှန်းမသိ ကလေးသံတဆာဆာဖြင့် ပင်ဂွင်းလိုကားယားကားယားပြေးလိုက်လာတဲ့ကောင်လေး။
Advertisement
ဘုန်း!!
"အာ့"
ကြည့် မကြီးမငယ်နဲ့ပြေးလွှားနေရင်း ချော်လဲသွားပြီ။
"ထ ထ မြန်မြန် ဟိုမှာအဝေးကြီးရောက်နေပြီ မင်းပိုက်ဆံပါသွားတော့မယ်"
ငယ်ငယ်တည်းက သူ့ကိုလာကြောရင် ကြီးကြီးငယ်ငယ်မရှောင် နပန်းတက်လုံးတဲ့ပတ်ခ်ဂျုံဆောင်းက အခုလည်းအလကားနေရင်းသူနဲ့မဆိုင်ပါဘဲ မခံချင်စိတ်တို့ဖြင့် ထိုကားယားကောင်လေးအား အားမလိုအားမရနှင့် နှိုးဆော်နေသည်မှာ အဝတ်ထုပ်ကြီးပိုက်ရင်းလက်ညှိုးကြီးထိုးပြီး ခုန်ဆွခုန်ဆွ။
"အင်း အင်း ထမယ် ဟိုအသေးလေး ငါလာပြီနော် အယ်!"
ထိုကားယားလေးက ဖုတ်ဖပ်ခါထလာပြီး သူ့ကိုမြင်တော့ ပါသွားသည့်အကြွေတွေကိုလည်း အာရုံထဲပင်မရှိတော့သလို တောင့်တောင့်ကြီးရပ်ကြည့်နေသည်။ ပြီးတော့ ပါးစပ်လေးဟလျက်နှင့် ခေါင်းလေးကိုဖြည်းဖြည်းချင်း ပုခုံးဘက်သို့စောင်းကာ အယ်!!ဟု အာမေဋိတ်သံပြုလေသည်။
"ဟေ့ကောင် သွားလေကွာ ဟိုမှာပါသွားပြီလို့ ကျစ် "
ကိုယ့်ပိုက်ဆံတပြားသားမှမပါဘဲ နှမျောတသခုန်ဆွဆွဖြစ်နေသောဂျုံဆောင်းအား ထိုကောင်လေးက ပြုံးပြုံးကြီးကြည့်လျက်ရှိသည်။
"အလှလေးက ဘယ်ကလဲဟင် နာမည်ဘယ်လိုခေါ်တာလဲ ချစ်စရာလေးနော်"
"ဘာ ဘာကြီး ဘယ်လိုကြီးခေါ်လိုက်တယ်?"
အံ့ဩစိတ်ကြောင့်အနည်းငယ်လေးအသံကျယ်သွားတာကို ဟိုးနောက်က ဘုစုခရုကလေးတစ်အုပ်ကပါ လာရပ်ကြည့်နေကြသည်။ ဂျုံဆောင်းမှာ ရောက်ရောက်ချင်းဗရမ်းဗတာ တပြုံတခေါင်းနဲ့ငိုချင်လာပြီ။ သို့သော်လည်း အနှီကောင်လေးမှာသူ့ဆီသာအာရုံရှိပြီး ပြုံးပြုံးကြီးနှင့်သူ့နာမည်ကိုပြောလာဖို့မျှော်လင့်နေသည်။
"သေတောင်မပြောနိုင်ဘူး ဟျောင့်"
"ဟာဗျာ အဲ့ဒါဆိုအလှလေးလို့ပဲလိုက်ခေါ်မှာနော်"
"ဘာ ဒီကလေးကောင်!!"
"ကလေးကောင်မဟုတ်ပါဘူး ကျွန်တော့်နာမည် ပတ်ခ်ဆောင်ဟွန်းပါခင်ဗျ"
ဂျုံဆောင်းမှာ ထစ်ခနဲရှိရင်မီးပွင့်တတ်သည့် ကလေးကလားလူမိုက်လေးပီပီ အခုလည်း အမြီးတက်အနင်းခံရသောကြောင်ပေါက်လေးလို ခြေကားယားလက်ကားယားရှူးရှူးရှဲရှဲနှင့် ခုန်ဆွဆွမာန်ဖီနေသည်မှာ အသံကိုဆာလို့။
ရန်တွေ့ရင်းနဲ့ ဂျုံဆောင်းမှာအပေါ်ထပ်အင်္ကျီကိုဆွဲချွတ်၊ လက်ပြတ်အောက်က ရှိန်ချင်စရာကောင်းလောက်သော (သူ့အထင်) ကြွက်သားအပြည့်နှင့်ဗလများကိုပြပြီး ရန်ထောင်နေတာတောင် ထိုပေတလူးကသူ့ကို နည်းနည်းမှကြောက်ဟန်မပေါ်ဘဲ သူ့နာမည်ကိုပါပြန်မိတ်ဆက်လာသေးသည်။ ဒါတွေထွက်လာဖို့ သူ့မှာ မအားတဲ့ကြားက အချိန်မှန်မှန်gymဆော့ထားရတာလေ။ အလကားဖြစ်လို့မရ။
ယုတ်စွအဆုံး လက်ထဲပိုက်ထားသော တန်ဖိုးကြီးခရီးဆောင်အိတ်ကြီးနှင့်ပစ်ပေါက်ဖို့ဟန်ပြင်နေစဉ်မှာဘဲ တဂျုတ်ဂျုတ်အသံဆိုးနှင့်ဆိုင်ကယ်ကြီးကိုစီးပြီးရောက်လာသော ဦးလေးဖြစ်သူကိုမြင်ရသောအခါ ဂျုံဆောင်းကိုယ်ရှိန်သတ်လိုက်ရသည်။
ရောက်ရောက်ချင်း ရွာထဲကကလေးတွေနဲ့ ရန်ဖြစ်သည်ဆိုပြီး တစ်ဦးတည်းသောဦးလေးငယ်၏ သမိုင်းဝင်အပြစ်ပေးနည်းများနှင့်ပြန်လည်ရေစက်ဆုံခြင်းနှင့်ယှဉ်ပါလျှင် တစ်နေ့လုံးကြုံလာရသည့် ပေါက်ကရမျိုးစုံက ပါမွှားလေးသာမဟုတ်ပါလား။
"ဂျုံဆောင်း လာ ဆိုင်ကယ်ပေါ်တက်"
"ဟုတ်ကဲ့ပါ ဦးငယ်လေး"
သူ့ဦးလေးကိုမြင်တာနဲ့ ဂျုံဆောင်းရဲ့ ခုနက လူထသတ်တော့မတတ်မျက်နှာက ပျောက်ချင်းမလှပျောက်သွားပြီး TVမှာပြသော ကလေးအစီအစဉ်များတွင်တွေ့ရသည့် ချစ်စရာ့အရွယ်ကစားကြမယ်ဆိုသည့်ဆောင်ပုဒ်ထဲကကလေးတွေလို မျက်လုံးလေးများကိုဝိုင်းနေအောင်ပြူး ကံစမ်းမဲပေါက်သလိုပြုံးပြကာ ဆိုင်ကယ်ပေါ်တက်လာတော့သည်။
ဆိုင်ကယ်ပေါ်က ဦးငယ်လေးကိုမြင်သောအခါ ခုနစပ်ဖြီးဖြီးကလေးကောင်က ဘယ်ကြည့်လိုက်ညာကြည့်လိုက်ဖြင့် ပြေးပေါက်ရှာသလို ဗျာများနေတော့သည်။
"နေပါဦး ခုနကဘာဖြစ်နေတာလဲ မင်းရောက်ရောက်ချင်းပြဿနာရှာလိုက်တာလား"
"အဲ အဲ မဟုတ်ရပါဘူး ကျွန်တော်က နောက်လည်းမြင်နေရမယ့်သူတွေဆိုတော့ မိတ်ဖြစ်ဆွေဖြစ်နှုတ်ဆက်ရင်း အချစ်စမ်းနေတာပါ ဟဲဟဲ"
အလျှောက်ကောင်းလို့အထောင်းသက်သာသွားသည်ဆိုရမည်။ ဦးငယ်လေးက မယုံသင်္ကာတစ်ချက်ကြည့်ပြီး ဘာမှထပ်ပြောမလာလို့တော်သေးသည်။
"ဟိုကောင်ပတ်ခ်ဆောင်ဟွန်း အထက်တန်းတက်ရတော့မှာ ခုတည်းကစာကိုသေချာလုပ်ရမယ်လို့ငါပြောထားတယ်မလား ဘယ်လိုဖြစ်ပြီး ရွာထိပ်မှာဂေါ်လီလာပစ်နေတာလဲ သူငယ်ပြန်နေတာလား"
"ဟို ဟို လုပ်ပါ့မယ်ဆရာJeongရဲ့ အခု အခုပဲအိမ်ပြန်တော့မလို့"
ထိုကလေးကောင်မှာ ဖင်ကုတ်ခေါင်းကုတ်နှင့် သွားဖြဲကာဖြေရှာသည်။
"လာမယ့်အပတ်ကစပြီး မင်းတို့အုပ်စုမနက်ပိုင်းတွေငါ့အိမ်လာပြီးစာလာလုပ် ငါလူကြီးတွေကိုပြောပြီးသွားပြီ"
"အယ် ဟုတ်လား"
ဟော မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ မချိပြုံးပြုံးနေပြန်ပြီ။ ဒီကောင်က တော်တော်မျက်နှာများတဲ့ကောင်။
"ဟိုနောက်က ယန်းဂျောင်ဝန်း ငါအသိပေးနေတုန်းမင်းလည်းရှိတယ်နော်။ နောက်မှရူးချင်ယောင်ဆောင်ပြီးမလာရင် မင်းအိမ်က အချစ်တော်ကြက်မကြီး ငါ့သမီးတွေလက်ချက်နဲ့တစ်စစီဖြစ်မယ်မှတ်"
နောက်ပါးဆီက ကုက္ကိုပင်ကြီးနှင့် တစ်ကိုယ်လုံးကိုကွယ်ကာ ခေါင်းလေးထွက်ပြီး ကြည့်နေသည့်တစ်ေယာက်က ပုန်းနေတာလူမိသွားသောအခါ ငိုမဲ့မဲ့လေးနှင့်သံပတ်ပေးထားသောအရုပ်ကြီးလို တရစပ်ခေါင်းညိတ်ပြရှာသည်။
ကြည့်မရသောထိုငနဲတစ်သိုက်အား ဦးငယ်လေးကဟန်ပါပါနှင့်ခေါင်းမဖော်နိုင်အောင်ဆူသောအခါ အထုပ်ကြီးပိုက်ပြီးဆိုင်ကယ်နောက်ခုံတွင်ထိုင်နေသော ဂျုံဆောင်းကပါ ရောယောင်ပြီး ဆရာကြီးမျက်နှာပေးနှင့်။
ထိုသို့ ကုက္ကိုပင်အောက်ဖုန်တောထဲက ကလေးအုပ်အား ဆရာကြီးဂိုက်နှင့် အထာပေးနေစဉ် ဝူးကနဲမောင်းထွက်သွားသောဆိုင်ကယ်ကြီးကြောင့် ဂျုံဆောင်းခမျာ ခြေကားယားလက်ကားယားဖြင့်ပါသွားလေတော့သည်။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
"ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းအတိုင်းနေရမယ်နော်။ အချိန်မှန်အိပ်အချိန်မှန်ထရမယ်၊ မဟုတ်ရင် မနက်စာငတ်မယ်မှတ်။ ပြဿနာရှာရင် ငါ့ဆီမှာကြိမ်လုံးဆိုဒ်စုံရှိတယ် ကြိုက်တဲ့နံပါတ်ရွေး။ ပြီးရင် အလကားမနေဘဲ အိမ်အလုပ်တွေနည်းနည်းပါးပါးကူ၊ စာသင်ဖို့ဟိုနေ့ကကောင်တွေလာရင် မင်းပါကူကြည့်ပေးရမယ်။ ပြီးတော့ နေဝင်တာနဲ့မင်းဖုန်းငါ့ကိုအပ်ရမယ်။ ဘာမရှင်းတာရှိလဲ တစ်ခါတည်းပြော"
"ဟို ဟိုလေ ဖုန်းကိုအိပ်ခါနီးမှအပ်လို့မရဘူးလား ဦးငယ်လေး"
ရောက်ရောက်ချင်းရေတစ်ခွက်တောင်မတိုက်သေးဘဲ ထိုင်ခုံပေါ်ဖင်ချထိုင်ရုံမျှနှင့် အိမ်ပြန်ပြေးချင်အောင်ပြောနေသော ဦးလေးကြောင့် ဂျုံဆောင်းခမျာငိုမဲ့မဲ့။ သူခေါ်လာတာတူလား အလုပ်သမားလားတောင်ခွဲခြားမရတော့ဘူးလားမသိ။ပြောလိုက်သမျှသူ့ဘက်ကချည်း။ မသိရင်ဂျုံဆောင်းကသူ့အိမ်မှာ တောက်တိုမယ်ရလာလုပ်တဲ့သူကျနေတာပဲ။
"မရဘူး မင်းရဲ့အိပ်ခါနီးကဘယ်တော့လဲ မနက်လေးနာရီလား"
"စောစောအိပ်မှာပါဦးငယ်လေးရဲ့ နော်နော် မဟုတ်ရင်ညဘက်တွေပျင်းလို့"
"ပျင်းရင်ငါ့သမီးတွေနဲ့ကစား"
သူ့ဦးလေးထံမှတစ်ခုခုတောင်းဆိုရသည်က ကျောက်ခဲကိုရေညှစ်ရသလို ခက်ခဲကြောင်းသိသွားသောဂျုံဆောင်းမှာ အထွန့်ထပ်တက်လည်းအာညောင်းဖို့သာရှိကြောင်းသဘောပေါက်သွားသောအခါ ဘာတစ်ခွန်းမှထပ်မပြောတော့။
အန်တီလေးကအတော်သဘောကောင်းလို့သာ တော်ပါသေးသည်။ ညီမဝမ်းကွဲလေးနှစ်ယောက်ကလည်း လိမ္မာပြီးပြောစကားနားထောင်သည်မို့ ညဘက်တွေသူတို့နှင့်သာအတူဆော့ပေးဖို့ ဂျုံဆောင်းဆုံးဖြတ်လိုက်သည်။
"ဆရာရေ ဆရာ ဆရာရှိလား"
ညနေစောင်းမှာ ဂျုံဆောင်းကလေးနှစ်ယောက်ကိုထိန်းနေတုန်း ခြံတံခါးဝကနေ အထုတ်တစ်ထုတ်ကိုကိုင်ပြီး ခုန်ခုန်အော်နေသူကိုကြည့်လိုက်သောအခါ မနက်ကကလေးကောင်ဖြစ်နေသည်။
"ဖေဖေရေ ကိုကိုဆောင်ဟွန်းလာနေတယ်"
သမီးငယ်ဖြစ်သူက ထိုကဲ့သို့အိမ်ထဲအော်ပြေးပြီး အကြီးလေးကတံခါးသွားဖွင့်ပေးလေသည်။
ရေမိုးချိုးဖြီးလိမ်းထားပုံရတဲ့ထိုကောင်လေးက သေချာကြည့်မိမှ အတော်လေးကြည့်ကောင်းသည်။ လေအဝှေ့မှာ ရလာတဲ့ ချိုအီအီကိုယ်သင်းနံ့လေးကလည်း သူ့ဆီမှဖြစ်ရမည်။ မျက်စိများပိတ်သွားသည်အထိ သူ့ကိုပြုံးပြကာ ခြံထဲဝင်လာသည့် ထိုကလေးကောင်လေးအား ဂျုံဆောင်း မျက်တောင်မခတ်တမ်း စူးစမ်းနေသည်။ ဒီတိုင်း သူက စူးစမ်းတာပါ ဘာသဘောမှမပါပါဘူး အတည်အတည်။
ဂျုံဆောင်းအနားမှာ ဒူးထောက်လျက်လာထိုင်ပြီး ပါလာတဲ့အထုတ်ကိုပိုက်ကာ အနီးကပ်နေသည့်မျက်နှာလေးကဖွေးဆွတ်နေသည်။ဒီလောက်နေပူပူမှာကမြင်းကြောထနေတာတောင် ဂျုံဆောင်းထက်အသားဖြူနေတာကမနာလိုစရာ။ထို့ပြင် မျက်နှာပေါ်က မှဲ့နက်တစ်ခုချင်းစီကလည်း အလှတရားရဲ့အမှတ်အသားတွေလိုမျိုး။ တစ်ခုပဲ အဲ့သည်လောက်ချောနေလှနေတာကို ကိုယ့်မာနလေးနဲ့ကိုယ်မနေပါဘဲ သူ့ကိုစပ်ဖြီးဖြီးလာလုပ်နေတာ ဘာသဘောလဲမသိ။
Advertisement
"ကလေးတွေနဲ့ဆော့နေတာလား ကိုကို"
ထို ကိုကိုဆိုသောအသံကိုကြားသည့်အခါ ဂျုံဆောင်းဘာမှမစားရသေးပါဘဲ တံတွေးတွေနင်းကန်သီးသွားရသည်။
"ကိုကိုကနာမည်မေးတုန်းကမပြောတော့ နာမည်သိသွားလည်း ကိုကိုပဲခေါ်တော့မယ် နော်ကိုကို"
"မင်း မင်း"
ထိုကိုကိုချင်းထပ်နေသောစကားများကြောင့် ဂျုံဆောင်းမှာ ညနေဘက်ကြီးသွေးတွေတက်ပြီး ထိုကလေးကောင်အားလက်ညှိုးကြီးထိုးပြီးရန်တွေ့ဖို့ပြင်နေစဉ်
"ပတ်ခ်ဆောင်ဟွန်း ဘာကိစ္စလဲ"
"ဧည့်သည်ရောက်နေတယ်ဆိုလို့လေ နွားနို့လာပို့တာ ဆရာတို့တစ်အိမ်လုံးဖို့"
"အေးအေး ထားခဲ့ ကျေးဇူးပဲ"
"ရပါတယ်ဆရာကလည်း ဒါနဲ့မနက်ဖြန်ကစပြီး စာလာကျက်လို့ရောရလားဟင်"
စာလုပ်ဖို့တက်ကြွနေပါသော သူ့ငပျင်းတပည့်ကိုကြည့်ပြီး ဆရာ Jeong Jihoonက မျက်စေ့များမှေးလျက်စဉ်းစားသည်။
"လာချင်လည်းလာခဲ့ မင်းတစ်ယောက်တည်းတော့ကြိုသင်မပေးနိုင်ဘူး ငါ့သမီးတွေနဲ့ဆော့ချင်ဆော့ပေါ့"
"ဟာ ရတယ်ရတယ် လာရမှာပေါ့ နွားနို့တွေပါထပ်ယူခဲ့မယ်"
"ဖြည်းဖြည်းလည်းလုပ်ဦး တော်ကြာမင်းတို့ခြံအရင်းပြုတ်နေမယ်"
အိမ်လာရမယ်ဆိုလို့ အားရပါးရပျော်သွားတဲ့ထိုကားယားဆောင်ဟွန်းက နွားနို့ထုတ်ကြီးကို ဦးငယ်လေးလက်ထဲအတင်းထည့်ပေးသည်။ ဦးငယ်လေးနွားနို့တွေသွားသိမ်းမှ ထုံးစံအတိုင်းဂျုံဆောင်းအနားပြန်ကပ်ကာ
"နွားနို့သေချာသောက်ရမယ်နော် ဒါမှကိုကိုက ကျွန်တော့်လိုအရပ်ရှည်လာမှာ။ ပြီးတော့ ကိုကို့ကိုသောက်စေချင်လို့ ကျွန်တော်ကိုယ်တိုင် နွားမကြီးဆီကနေပထမဆုံးအကြိမ်သက်စွန့်ဆံဖျားညှစ်ယူလာတာ နွားကန်မခံရတာကံကောင်းဗျ သိလား"
ဂျုံဆောင်းဒီအသည်းအသန်လေးကို ကြည့်ပြီးဘာတစ်ခွန်းမျှပင်ပြောမထွက်တော့ပါ။ ရှပ်ပြာရှပ်ပြာနဲ့ တကယ်ကြီးနွားကန်မခံရတာတော်သေးတယ်။
"ပြန်တော့မယ်ကိုကို မနက်ဖြန်တွေ့မယ် ချစ်တယ်နော်"
ထိုသို့ပြောပြီးပြေးထွက်သွားသော အသည်းအသန်ကားယားလေးအား ဂျုံဆောင်းအနီးနားက ကျောက်စရစ်ခဲလေးများနှင့်ပစ်ပေါက်လိုက်ပါသေးသည်။
ထိုနေ့မှစပြီး တောက်တဲ့ဆောင်ဟွန်းဟာ အိမ်အထိလာပြီး ဂျုံဆောင်းကိုအိမ်သာတက်ချိန်တောင်အလွတ်မပေးဘဲ လိုက်ကပ်နေတော့သည်။ ဆိုးချင်တိုင်းဆိုးမိလို့ ဒီရွာရောက်လာရတာကို ပထမဆုံးအကြိမ်နောင်တတွေလည်းရသွားသည်။
"ʏᴇs, ɪᴛ's ʟᴏᴠᴇ.
ကိုကိုနဲ့ဟွန်းဟွန်းနဲ့ ဇာတ်လမ်းလေးက ဒီလိုစပါသည်>
3.7.2022
ဆရာJeong Jihoonက တစ်စုံတစ်ယောက်ရဲ့နာမည်ရင်းပါနော်။ (ဆူခံရတဲ့ကိုကိုတို့ကို ပြန်သတိရပြီး I-LANDကို တူတူပြန်လွမ်းကြရအောင်)
မနက်ဖြန်အလုပ်သွားရမှာမို့ ခေတ္တနှုတ်ဆက်တဲ့သဘောနဲ့ updateခဲ့ပါတယ်ရှင်။ ဒါလေးဖတ်ပြီးစောင့်ကြပါ။ အားလုံးပဲ တားတာ
Unicode....
"s, s s ?"
ပတ်ခ်ဂျုံဆောင်း.......
"s, s s ?"
Advertisement
-
In Serial9 Chapters
Road to Calamity
Life is not easy for a child in the Districts of Rhea where the worthless, a class of people considered to be beneath even slaves, try to live their life. Between the petty crimes and the mass beatings administrated by the cult of Order to keep the masses subdued, surviving is all one can do and nobody has time or money to spare for a starving girl. So when Nina is thrown out of the brothel in which her mother works by its displeased owner, she quickly comes to understand that simple truth: she's alone and no one will help her. And so, as hunger and necessity come knocking, she takes her first step on her road to Calamity. Cover image does not belong to me and I have no clue who made it, here is the source where I found it. One of these days I'll commision a more appropriate one but it's quite fine for now.
8 110 -
In Serial14 Chapters
Naruto - Gamer Tai
As a gamer, you can choose one path. Which one would our favorite blond Uzumaki choose? Taijutsu-Centered Naruto.
8 145 -
In Serial18 Chapters
Alter [ENG]
Ten years ago, Dawn of Darkness shook the world, sending bloodthirsty creatures from another world through portals to Earth. Newly awakened hunters opposed them, thanks to gaining the power to control magic and abilities beyond the boundaries of the average human. In present day Akally, a red-haired young man, is one of the awakened endowed with the ability to heal injuries, strengthen allies and... resurrect the dead. [The story is a translation of my original work done by me. English is my second language, therefore I will appreciate if you tell me about any mistakes you spot so I can learn from it and fix it. Thank you for understanding.]
8 73 -
In Serial12 Chapters
My Titan Girl (Levi x Annie's sister reader)
I'm Abby Leonhart. The sister of Annie Leonhart. As a child our father said I was weak and left me in an underground city. It was their that I met Levi Ackerman and his mother Kuchel. Over time I missed Annie and said my farwells to Levi who now hadtwo friends: Isabel and Farlan. I returned home to find Annie,Reiner,and Bertohlt gone back to Wall Sina and are traitors. This is the story of when I returned home to find Levi as a survey corps captian, Annie,Reiner and Bertohlt are traitors,and murdering backstabers,and now I am all alone....well thats what I thought. Until Levi showed me the beauty of being me....and how he's felt about me since we met.Enjoy. PLZ VOTE!
8 176 -
In Serial29 Chapters
I Cant Help Falling In Love With You {L.S}
A series of short stories about two boys falling in loveLarry StylinsonFluff and smut (⚠️) one shots•Highest rankings 🏅#20 in work#71 in niall #44 in novel#84 in liam#21 in fangirl#72 in zayn#174 in louis#436 in harrystyles#179 in larry#269 in larrystylinson#32 in larryisreal#1 in louisandharry#9 in larryfluff#41 in fluffandsmut#19 in fanfictiononedirection#313 in onedirection
8 190 -
In Serial10 Chapters
The Love That Still Exists ✓
Dev and Sonakshi, two individuals who are quite opposite of each other, fall in love. They get engaged followed by their romance which was a bed of roses for them. But the thorns started hurting them and both decided to back off, thinking that the love that they had for each other exists no more! But will fate bind them together again as Dev's Parents insist? Or will they live their separate lives. Join Dev and Sonakshi in their journey of becoming Devakshi again.Loosely based on a Gujarati Movie.
8 158