《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》Yes, it's love.(ᴊᴀʏʜᴏᴏɴ)
Advertisement
Unicode.....
"ကိုကိုရေ ဂွတ်မောနီးးးး"
"ကိုကိုရေ မနက်စာဘာစားမှာလဲ"
"ကိုကိုရေ ညကရောနွားနို့သောက်ရဲ့လား"
"ကိုကိုရေ ဒီနေ့ဘာအရောင်ဝတ်မှာလဲ"
"ကိုကိုရေ နေ့လည်စာဘာဟင်းချက်လဲ"
"ကိုကိုရေ ဒီပုစ္ဆာလေးရှင်းပြပါဦး"
"ကိုကိုရေ ပြန်တော့မယ်နော်"
"ကိုကိုရေ ဂွတ်နိုက်"
"ကိုကိုရေ...."
"အားးးး မှားပါတယ် သေလောက်တဲ့အပြစ်ကြီးကိုကျူးလွန်မိပါတယ်။ တောင်းပန်ပါတယ် ဖေဖေရေပြန်ခေါ်ပါတော့ ကျွန်တော်အိမ်ပြန်ချင်တယ်"
ဒါကဘုရားစူးသုံးရက်အတွင်း ဂျုံဆောင်းနဲ့ထိုကလေးကလားလေးရဲ့ ဂယက်တစ်သိန်းဖြစ်သည်။ စာလာလုပ်ရမည်ဆိုသည့်အကြောင်းပြချက်ဖြင့် စာကြိုးစားချင်စိတ်အပြည့်ရှိရှာသည့် ထိုပတ်ခ်ဆောင်ဟွန်းက သူရောက်ပြီးနောက်နေ့ကစလို့ မိုးလင်းကမိုးချုပ်သူတို့အိမ်မှာလာသောင်တင်နေတတ်ပြီး ညအိပ်ချိန်တောင်မနည်းပြန်လွှတ်ရသည်။
ဂျုံဆောင်းမှာ တနေ့တနေ့မိုးလင်းမှာတောင်ကြောက်နေရသည်။ ပြောရင်းဆိုရင်း ဟိုသံဒီသံတွေနဲ့မနက်ခင်းမှာ နေလုံးနီနီကြီးကထွက်လာပါတော့မည်။
ပုခုံးပေါ်တဘက်လေးတင်၊ လက်ထဲမှာသွားတိုက်ဆေး သွားတိုက်တံတို့ကိုကိုင်ကာ သူခိုးခြေလှမ်းလေးဖြင့် ခြံထဲကိုမျက်နှာသစ်ဖို့ဆင်းရပါဦးမည်။ သတိကတော့ကြီးကြီးကိုထားမှရမှာ။ ဟိုကောင်စုတ်လေးက နေမထွက်ခင်တည်းက ဂျုံဆောင်းကိုချောင်းနေတာလေ။ ကံကလည်းကောင်းချင်ရင် ဇွတ်။ သူတို့ခြံနှစ်ခြံကမျက်နှာချင်းဆိုင်ဖြစ်နေသည်။
နောက်ဆုံးမှာတော့ အိမ်ရှေ့လှေကားထစ်ကနေ ခြံတံခါးနားကရေဇလားကြီးဆီသို့ ဘယ်သူမှမမြင်အောင်ရောက်လာသဖြင့် ဂျုံဆာင်းဟာ အသံတိတ်အောင်ပွဲခံနေသည်မှာ လက်သီးလက်မောင်းတန်းကာ ခုန်ဆွဆွ။
"ဟေ့ကောင် ဂျုံဆောင်းရားးး အဲ့မှာခုန်ပေါက်ပြီးဘာတွေအရူးထနေတာလဲ ငါလည်းလာပြီလေ။ အထုတ်တွေလာသယ်ပါဦး"
"ဟာ ကိုကို့ နိုးနေပြီလား"
"ဒီ အကျိုးမပေးတဲ့ အကိုဝမ်းကွဲကောင်!"
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
"ဒါကဘယ်လိုမျက်စိလည်ပြီးရောက်လာတာလဲ"
"အေး မျက်စိကတော့တကယ်လည်တာပါ ဦးငယ်လေးကလည်းဘယ်လိုနေရာမှာလာနေပါလိမ့် ငါ့မှာရှာကိုမတွေ့နိုင်ဘူး။"
"ဪ"
"လာရင်းကိစ္စကတော့ မင်းမရှိရင်ငါကအဖော်မရှိလို့လေ။ အဲ့တော့ ဝအောင်ကဲပြီးမှ သားလည်းလိမ္မာပါတော့မယ် ဖေဖေတို့အပြစ်မပေးလည်း ညီလေးနဲ့သွားနေလိုက်ပါဦးမယ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်အလင်းဝင်လိုက်တာ ဟဲဟဲ"
ဒါဟာအလင်းဝင်တာမဟုတ်ဘဲ အမှောင်ဝင်တာ။ သန်းခေါင်ယံထက်နက်သော ဦးငယ်လေးရဲ့တောနက်ကြီးထဲဝင်လာတာဆိုတာကို ဂျုံဆောင်း ဟီဆွန်းအားရင်ဘတ်စည်တီးငိုပြီးပြောပြလိုက်ချင်ပါသည်။ အခုဟီဆွန်းကတော့ဘာဖြစ်မည်မသိ ဂျုံဆောင်းကတော့လိမ္မာမယ်ကြံကာမှ မိုက်တွင်းနက်သည်ထက်နက်နေရှာပြီလေ။ အရှေ့ခြံကကောင်လေးလက်ထဲက ဘယ်လိုရုန်းရမလဲမသိတော့ပေ။
ဒါပေမယ့် အခု စောစောကလို ရင်ဘတ်စည်တီးငိုပြချင်သော်လည်း မငိုအားတော့ပါ။
"ကိုကိုရေ ခဏနေလာခဲ့မယ်နော် ဂွတ်မောနီးးး"
ခြံရှေ့ကနေသံရှည်စွဲကာ နှုတ်ဆက်ပြီး ကော့လန်ကော့လန်ဖြင့်ထွက်သွားသော ချီးထုပ်လေးအား ဂျုံဆောင်းဟန်ဆောင်ပန်ဆောင်တောင်မရယ်ပြနိုင်။
ဂျုံဆောင်းရဲ့မိုက်တွင်းနက်ဖြစ်ရပ်ကြီးကို နားထောင်ပြီးသည့် ဟီဆွန်းကတော့ ပြီတီတီနှင့် ရယ်ချင်နေရှာသည်။
သည်လိုနှင့် မျက်စိသူငယ်နားသူငယ်တစ်ကောင်ကြွက်လေးမှ နှစ်ကောင်ကြွက်တော့ဖြစ်သွားကြပြီ။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
မြင်ကွင်းကောင်းကောင်းရပါသော အိမ်ရှေ့ပန်းခြံပိစိလေးနားက ထိုင်ခုံပေါ်တွင် အဖေဖတ်နေကျ ဆောင်ဟွန်းအဖို့တော့ ဘာမှန်းတောင်သေချာနားမလည်သည့် စာအုပ်ကြီးတစ်အုပ်အားဟန်ပြကိုင်ကာ အိမ်ရှေ့က ဆရာတို့ခြံကို သူခိုးမျက်လုံးဖြင့်ချောင်းနေတာမနက်စာစားပြီးကတည်းကဆိုပါတော့။
"ပတ်ခ်ဆောင်ဟွန်း ခဏနေ ဟိုဘက်ရွာကကလေးတွေနဲ့ ဘောလုံးချိန်းကန်ကြမလို့ လာခဲ့ပါလား"
လူကခြံထဲမရောက်ခင် အသံအရင်ရောက်နေသော ဂျောင်ဝန်းစကားကို ဆောင်ဟွန်းက အရေးပင်မစိုက်ဟန်ေဆာင်လျက်။
"မင်းကလည်းကွာ ကလေးတွေနဲ့ကန်မှာပဲဟာ ငါပါဖို့လိုလို့လား မင်းတို့ ဆောနူတို့နဲ့တင်ကိစ္စပြတ်တယ်လေ သေချာကန်ခဲ့ ငါ့မျက်နှာအိုးမဲမသုတ်ကြနဲ့ ကြားလား"
အသံကိုသိသိသာသာချဲ့ပြီး အရှေ့ခြံဖက်လှည့်ကာ အော်နေသော ဆောင်ဟွန်းမှာ crushအကိုကြီးကြားအောင်ကိုယ်ရည်သွေးနေပုံ။
"စောက်ကြီးစောက်ကျယ်တွေအော်မနေနဲ့ ကလေးတွေနဲ့ကန်မှာမို့ မင်းကိုလာခေါ်တာ။ ကိုယ့်ဟာကိုယ်ဒီလိုပွဲမျိုးမှာပဲ သုံးစားရတာကို မသိတာလည်းမဟုတ်။ အဲ့ကလေးတွေကိုတောင်ညစ်ပြီးကစားမှနိုင်တဲ့ကောင်ကများ"
အချင်းချင်းကို နည်းနည်းလေးတောင်ဟန်ဆောင်ပန်ဆောင်ချီးကျူးချင်ပုံမရသော ယန်းဂျောင်ဝန်းရဲ့ ရင်ထဲထိစေသောအမှန်တရားများကြောင့် ပတ်ခ်ဆောင်ဟွန်းခမျာ ဘယ်နေရာကနာသွားမှန်းမပြောတတ်ပေမယ့် အတော်လေးတော့နာသွားပုံပင်။
"မင်း မင်း နည်းနည်းလေးမှမကောင်းဘူး ယန်းဂျောင်ဝန်း ငါ့မှာတော့ ငါ့မှာတော့ ကိုကိုအထင်ကြီးအောင်အော်နေတာလေ"
ငိုသံပါကြီးနဲ့ ပတ်ခ်ဆောင်ဟွန်းမှာ ကြိုးစားပန်းစားတည်ထောင်ထားသည့် လုပ်ငန်းကြီးဒေဝါလီခံရတော့မလိုအော်ရှာသည်။
"စောက်ပေါလုပ်မနေနဲ့ ငါတို့အားလုံးနောက်ကျကုန်ပြီ။ မင်းလိုက်မှာလားမလိုက်ဘူးလား"
"မလိုက်ဘူး မလိုက်ဘူး သွား သွား
မင်းတို့လည်းရှုံးပါစေ ရှုံးကြပါစေ ဟွန်း"
ထိုအခါဂျောင်ဝန်းက ဆောင်ဟွန်းအား ဂုတ်ကိုတက်ခွပြီးဆံပင်မွှေးတွေဆွဲနှုတ်ချင်ပုံပေါ်ပေမယ့် ကျိန်းသေပေါက်နိုင်မည့် ဆယ်နှစ်ကျော်ကလေးတွေနှင့်ကန်ရမယ့်ဘောလုံးပွဲမမီမှာစိုး၍ စိတ်လျှော့ကာပြန်ထွက်သွားလေသည်။
ယန်းဂျောင်ဝန်းက သူ့ကြက်မကြီးပဲသူသိတဲ့ဟာလေးပါလေ။ ဒါတွေသူနားမလည်ဘူး။ ကိုကို့ပလစ်ခံလေး ဒီရင်ထဲဘယ်လောက်ခံစားနေရမယ်ဆိုတာလည်းဒင်းကမသိဘူး။ ဒင်းကအချစ်လဲမသိဘူး။သူ့ကြက်မကြီးကိုတောင် အပျိုကြီးလုပ်ခိုင်းမယ့်ကောင်။
ပြီးရင်ပြောပါသေးတယ်။ ဘာတဲ့ မင်းကိုဆရာ့တူအကိုကြီး ပြန်ကြိုက်မကြိုက်ကို ငါ့ကြက်မကြီးနဲ့တောင်လောင်းကြေးထပ်လိုက်ချင်တာ ဆိုပဲ။ ကြည့်နေပါ။ ကိုကို့ရည်းစားဖြစ်တဲ့နေ့ကျမှ ဂျောင်ဝန်းရဲ့ကြက်အဖွားကြီးကို ရိုက်သတ်အမွှေးနှုတ်ပြီး ကိုကို့ကိုချက်ကျွေးပစ်မယ်။
အခု ဒင်းက ဒီလိုအပေါ်ယံသူငယ်ချင်းဖြစ်မှန်းသိသွားတော့ ဆောင်ဟွန်းနေလို့တောင်မကောင်းဘူး။ရင်ထဲအေးသွားစေမယ့် ရွှေရင်အေးလေးကိုကြည့်ပြီးအမောဖြေရအောင်လည်း အဲ့ကိုကိုကအရိပ်တောင်မမြင်ရအောင်အပုန်းကောင်းနေသည်။ပတ်ခ်ဆောင်ဟွန်း ကြေကွဲလူငယ်လေးဖြစ်နေရပြီ။
အဲ့တော့ အချိန်ရှိခိုက်လုံ့လစိုက် ပိုးကြေးပမ်းကြေးအဖတ်တင်အောင် နွားနို့ညှစ်ဖို့သာပြင်ရတော့မည်။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
တစ်ဘက်ခြံက မျောက်ပွဲကဲ့သို့ဗြောင်းဆန်နေသောကောင်လေးနှစ်ယောက်၏ဖြစ်စဉ်အစအဆုံးကို ခြံထဲကကျောက်တုံးကြီးပေါ်ခွထိုင်ရင်း နေကြာစေ့စားနေသည့် ဟီဆွန်းအတိုင်းသားမြင်နေရသည်။
ကလေးသာသာအရွယ်လေးတွေနှင့် ချစ်စရာကောင်းသောပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာသူလေးတွေပီပီ အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်ကြတာလေးတွေက ချစ်စရာကောင်းတယ်မလား။
ကလန်ကလားအရပ်ကြီးကိုမှအားမနာဘဲ လက်တစ်ဆစ်လောက်သာရှိသည့်သူ့ညီဆတ်ဆတ်ကြဲကို တစ်ကိုကိုတည်းကိုကိုနေတဲ့ကောင်လေးကတော့ ရယ်ချင်စရာလေးထက်မပိုပါလေ။ တကယ်တမ်းဆို ဟိုဘက်က ပုတုတုကလေးကပိုချစ်ဖို့ကောင်းသည်။
ပိုကောင်းဆို ဟီဆွန်းရွာထိပ်မှာဘယ်သွားရမှန်းမသိ လမ်းပျောက်နေစဉ်မှာ အသံတဆာဆာနှင့် ကြက်မကြီးကိုလိုက်ဖမ်းနေရင်းက သူ့ကိုလမ်းပြောပြတဲ့ ထိုကောင်လေးအပေါ်ကို first impressionကောင်းကောင်းသတ်မှတ်ပေးခဲ့မိသည်။
မျက်မှောင်ကျုံ့ပြီး စကားပြောတာဒဲ့တိုးဆန်ပေမယ့် အဲ့ပုတုတုလေး တစ်နည်း ခုနက ပတ်ခ်ဆောင်ဟွန်းခေါ်တဲ့ ဂျောင်ဝန်းလေးက စိတ်ထားပြည့်ဝမည့်ပုံ။
မင်းလေးကရော မင်းသူငယ်ချင်းလိုမျိုး မြို့ကကောင်လေးကို ကိုကိုခေါ်ပြီး အားမကိုးချင်ဘူးလားကွယ်....
စိတ်ထဲကသာမေးတုန်းရှိသေးတာ ဟီဆွန်းအတွေးထဲမှာတော့သူနဲ့ကောင်လေးဟာ လက်ချင်းချိတ်ပြီး ရွာထဲပတ်နေကြပြီ။
ဟီဆွန်းမှာ စိတ်ကူးယဉ်ကာသွားတွေဖြဲရင်းနေကြာစေ့အခွံများကိုပါဝါးစားမိနေပြီ။
"အီဟီဆွန်း နေကြာစေ့ကိုဘယ်လိုတွေစားနေတာလဲ ကြည့်စမ်းပွနေတာပဲ။ သွား နောက်နာရီဝက်အထိခြံထဲတံမြက်စည်းပတ်လှည်းနေ အိမ်ပေါ်တက်မလာနဲ့"
အချစ်မှာနှစ်မျောရင်း ကျားရဲတွင်းထဲရောက်နေတာကို မေ့သွားသည်ပဲ။ ခံပေဦးပေါ့။ ဒါပေမယ့် ကျားရဲတွင်းထဲမှာ သူတစ်ယောက်တည်းမှမဟုတ်တာ သူ့ညီဝမ်းကွဲ ကြောင်ငစွာလေးရယ်၊ အဲ့ကြောင်လေးနောက်ကားယားကားယားလိုက်နေတဲ့ ပင်ကွင်းလေးရယ်၊ ယုတ်စွအဆုံး သူချစ်ရတဲ့သိုးပေါက်လေးရယ်၊ အင်း....ကြက်မကြီးလည်းပါတာပေါ့။ သူကတော့ အဲ့ဒီ့သိုးပေါက်လေးကို ချစ်ရည်ရွှန်းလဲ့တဲ့သမင်မျက်လုံးတွေနဲ့ကြည့်ရမယ့် သမင်ချောချောလေး။
Advertisement
ကြည့်ပါဦး အတွေးလွန်လိုက်တာ အကုန်လုံးလူစင်စစ်ကနေ တိရစ္ဆာန်ပေါင်းစုံဖြစ်ကုန်ပြီ။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
အချိန်ကား တစ်လကျော်ပြီ။ ဒီအတောအတွင်းဂျုံဆောင်းလည်း သူ့အကိုဝမ်းကွဲနဲ့အတူ ဦးငယ်လေးရဲ့စည်းကမ်းတွေနှင့်နေသားကျနေပြီ။ အိမ်မှာစာလာလုပ်တဲ့ကလေးတွေနဲ့လည်း အတော်လေးပနံရသွားပြီ။ ထိုနည်းတူ ပတ်ခ်ဆောင်ဟွန်း၏ မသိမသာပိုးပမ်းခြင်းတွေကလည်း သိသိသာသာပိုးပမ်းတဲ့အဆင့်ရောက်လာပြီ။ ဝန်ခံရလျှင် သူလည်းအဲ့အရူးလေးကို သံယောဇဉ်ဖြစ်နေပြီ။
ဒါပေမယ့် သူအဆင့်ထပ်တက်လိုက်လျှင် နဂိုတည်းကချူချာလှသည့်ဂျောင်ဝန်းရဲ့ကြက်မကြီးက ဆောင်ဟွန်းလက်ထဲမှာအနိစ္စရောက်မှာမို့ သူတော်ကောင်းလေးဂျုံဆောင်းက ဒီလိုလုပ်၍မဖြစ်ပါချေ။
ဒီလိုလေးလည်းကောင်းပါတယ်။ ပတ်ခ်ဆောင်ဟွန်းကချစ်စရာလေးလေနော်။ ဂျုံဆောင်းပြန်မကြိုက်ရလည်း သူလေးကအမြဲတမ်းအခုလိုလိုက်ကြိုက်နေမယ်ဆို အဆင်ပြေတယ်။
ငယ်ငယ်ကစီနီယာမမတွေက ဂျုံဆောင်းဖွင့်ပြောတဲ့အခါစိတ်မဆိုးကြသလို ပြန်လည်းမကြိုက်ပါ။ အဲ့လိုလုပ်ရတာ ဘယ်နေရာကောင်းလို့လဲဆိုသည့်မေးခွန်းအား နှစ်အနည်းငယ်အကြာမှာဂျုံဆောင်းသဘောပေါက်သွားပြီ။ ဟုတ်ပါတယ် crushဆိုတဲ့အမျိုးကကောင်းကိုမကောင်းတာလေနော်။
တစ်ဘက်မှာတော့ ဆောင်ဟွန်းကအားပြတ်လုနီးပါးဖြစ်နေပါသည်။ ရေလာအောင်မြောင်းဖောက်ရာကနေ အဝီစိတွင်းဖြစ်သွားတဲ့အထိ ပတ်ခ်ဂျုံဆောင်းက နောက်မှရောက်လာသည့် သူသူငယ်ချင်းအီဟီဆွန်းဆိုသူနဲ့ပဲ တတွဲတွဲ။
လူတစ်ယောက်ကိုချစ်ရတာမလွယ်ပါဘူး။ အရင်လိုကလေးတွေနဲ့ရွာပတ်ကစားပြီး ပေပေတေတေနေရတာအရမ်းကောင်းတာ။ အခုဆို မတော်ရဖို့များနေတဲ့ရည်းစားမျက်နှာတစ်ကမ္ဘာလုပ်ပြီး ဆရာ့အိမ်ပဲစာသွားလုပ်နေတာနဲ့အချိန်ကုန်လို့။ တကယ်ပြောတာ ကျောင်းတွေဖွင့်ရင် ဆောင်ဟွန်းအဆင့်တစ်ကျောင်းသားဖြစ်တော့မှာ။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးရှိတာ ဘယ်မိဘကသားသမီးဆိုးကိုပစ်ရက်လို့လဲ။ ပိုဆိုးတာ ဂျုံဆောင်းကလူဆိုးကြီးလည်းမဟုတ်ဘူးလေ။ အဲ့တော့ ရက်ငါးဆယ်မပြည့်ခင်မှာပဲ မေမေနဲ့ဖေဖေက ပြန်ခေါ်ချင်ချင်ဖြစ်နေပြီ။ ဂျုံဆောင်းဒီေန့ခေါင်းတစ်ချက်ညှိမ့်လိုက်တာနဲ့ မနက်ဖြန်ဆိုအိမ်ကလာခေါ်မယ်ဆိုတဲ့အခြေအနေတောင်ရောက်နေပြီ။
ဒါပေမယ့် လိမ္မာရတာထင်သလောက်လည်းမခက်ဘူးလေနော်။ ဥပမာပြောရရင် ညတိုင်းဘုရားရှိခိုးတဲ့သူက ကြာလာလေ ပျက်ကွက်ဖို့ဝန်လေးလေပဲ။ မရှိခိုးဘဲတောင်မနေနိုင်ဘူးလေ။ အဲ့သဘောပဲထင်ပါရဲ့ ဂျုံဆောင်းလည်း မပြန်ချင်သေးဘူး။ မဆိုင်ရင်လည်းဆိုင်လိုက်ပါ။ ပတ်ခ်ဆောင်ဟွန်းပယောဂတော့မပါဘူး တကယ်တကယ်။
"ကိုကိုကျွန်တော့်ကိုပြန်ကြိုက်ဖို့စိတ်ကူးမရှိတော့ဘူးလား"
နောက်ဆုံးတော့ ဒီလိုထုတ်မေးရတဲ့အဆင့်တောင်ရောက်လာပြီလေ။
ခြံထဲမှာ ဆောင့်ကြောင့်ထိုင်ကာအိမ်ပြန်ဖို့ဝန်လေးနေတဲ့ဂျုံဆောင်းဘေးကို ဆောင်ဟွန်းကလာထိုင်သည်။ ခပ်လှမ်းလှမ်းမှာ ဂျောင်ဝန်းနဲ့ရယ်ရယ်မောမောစကားတွေပြောနေတဲ့ ဟီဆွန်းကတော့ ရှောင်ပေးသလိုလိုနဲ့လှမ်းလှမ်းကြည့်သည်။
"ကိုကိုတို့ အဲ အကိုတို့က စာလုပ်ရမယ့်အရွယ်ပါနော်"
မယုံပါဘူး။ စာလုပ်ရမယ့်အရွယ်လေးဘာလေးပြောပြီး သူကျအဲ့ဒီ့အီဟီဆွန်းနဲ့ ပုခုံးဖက်လိုက်ခါးဖက်လိုက်တက်ခွလိုက်နဲ့ မမြင်ချင်မှအဆုံး။ လိုလေသေးမရှိရေအထိခပ်တိုက်ဖူးတဲ့သူကို တမင်ကြီးငြင်းတော့ ဆောင်ဟွန်းဝမ်းနည်းတာပေါ့။
"ကျွန်တော့်ကိုငြင်းတာ ကိုကိုကပထမဆုံးပဲ"
ဒူးပေါ်မေးစေ့တင်လျက် မြေကြီးကိုဒုတ်နဲ့ခြစ်ပြီး နှုတ်ခမ်းလေးထော်ကာပြောနေသည့်ဆောင်ဟွန်းက ဘဲပေါက်လေးလိုမျိုး။ ဂျုံဆောင်းနှစ်သိမ့်သည့်သဘောဖြင့် ခေါင်းလုံးလုံးလေးကိုဖြည်းဖြည်းပုတ်တော့ အရည်လဲ့သောမျက်ဝန်းများနှင့်အကြည့်ခံရသည်။
ဒါ ဆောင်ဟွန်းအတွက်ရော သူရော ပထမဆုံးအသားချင်းထိဖူးတာပဲ။ တဆက်တည်းမှာပဲ နေဝင်ရီတရောအမှောင်မှာ မြင်ရတဲ့မျက်လုံးဝိုင်းလေးတွေက သိပ်ဝမ်းနည်းဖို့ကောင်းမှန်းသိရတာလည်း ပထမဆုံး။
"မနက်ဖြန်ကျရင် မေမေတို့ကိုအကြောင်းကြားပြီး ငါပြန်တော့မယ်ဟီဆွန်း"
ဂျောင်ဝန်းကိုလိုချင်ရင်သူ့ကြက်မကြီးနဲ့တည့်အောင်နေလို့ ရွဲ့ပြောတာကိုအတည်မှတ်ပြီး ဂျောင်ဝန်းကြက်ကိုလက်ကမချတဲ့ ဟီဆွန်းက ကြက်မကြီးခေါင်းကိုဖြည်းဖြည်းပွတ်ရင်း အံ့ဩသလိုကြည့်လာသည်။
"ဗြုန်းစားကြီးလား"
"အေး ငါညကအိပ်တောင်မပျော်ဘဲဆုံးဖြတ်ထားတာ။ ဆောင်ဟွန်းကနောက်ဆုံးနှစ်ရောက်နေပြီ တက္ကသိုလ်ကောင်းတက်နိုင်ဖို့ စာပဲအာရုံစိုက်ရမှာ သူ့မိဘတွေသူ့ကိုတအားမျှော်လင့်နေကြတာ။ ငါကသူ့ကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်။ ကျောင်းဖွင့်ရင် သူစာကိုပဲအာရုံစိုက်သင့်တယ်"
တကယ်တမ်း အရာရာကိုပေါ့ပေါ့တွေးတတ်တဲ့ဂျုံဆောင်းက ဆောင်ဟွန်းအနာဂတ်အတွက်ကိုတော့ အများကြီးတွေးပေးမိပုံပဲ။ ဖြစ်သင့်တယ်လေ သူ့ဘဝအတွက်ကတော့ ပေါ့ပေါ့တွေးပေမယ့် အခုကတခြားသူရဲ့ဘဝမလား။
"ဂျောင်ဝန်းဘယ်တွေရောက်နေတာလဲ ညီလေးလာမခေါ်ရင် အကိုမင်းကြက်မလေးကိုအိမ်အထိလာပို့ပေးမလို့"
ဟီဆွန်းကဂျောင်ဝန်းကိုမြင်တာနဲ့ ဂျုံဆောင်းစကားတွေက ဟိုဘက်နားကဝင် ဒီဘက်နားကထွက်တာပဲ။
"လာမလို့ကို ပတ်ခ်ဆောင်ဟွန်းမြစ်ကမ်းနားမှာ အများနဲ့တစ်ယောက်ရန်ဖြစ်ပြီး လဲနေတယ်ဆိုလို့ပြေးလိုက်ရလို့လေ"
ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြနေသော ဂျောင်ဝန်းနှင့်နားထောင်နေသောဟီဆွန်းတို့ သူတို့အနားကလှစ်ခနဲပြေးထွက်သွားသည့်ဂျုံဆောင်းအား တား၍ပင်မမီလိုက်။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
ရွာဆေးရုံကိုပြေးနေတဲ့ဂျုံဆောင်း ဟောဟဲဆိုက်နေပြီ။ ဘာမဟုတ်တာလေးနဲ့ ချွေးတွေစို့ပြီး မျက်ရည်တွေပင်ဝဲနေသေး။ အချစ်ကဒီလိုမျိုးဖြစ်မယ်။
"ကိုကိုက သူ့လူကြီးနဲ့ပဲသာယာနေတာ ကျွန်တော့်ကိုစာရင်းထဲတောင်ရှိမှာမဟုတ်ဘူးဆိုပြီး ရန်လာစလို့ ပြန်ထိုးလိုက်တာ။ သူတို့ကလူအုပ်များတော့ ဒီလိုဖြစ်သွားတယ်"
ခေါင်းမှာပတ်တီးအဖွေးသားလေးနဲ့ ငိုမဲ့မဲ့ပြောလာသည့်ဆောင်ဟွန်းမျက်နှာက ဖြူဖျော့နေသည်။
"ဘယ်ကလူကြီးလဲကွ"
"ဘယ်သူရှိမလဲ အီဟီဆွန်းပေါ့ တကယ်ပဲ ကိုကို့အနားမှာဆို မျက်နှာပိုးကိုမသတ်နိုင်ဘူး ရောက်ယတ်တွေခတ်နေတာလေ။ ကိုကိုကလည်း ကပ်နေလိုက်တာ ဖက်နမ်းတော့မလိုဘဲ။ မြင်ရတာ ရင်ထဲကနာတယ်သိရဲ့လား"
သာမန်လိုဆိုဒီတလွဲကောင်လေးအား ဗိုက်နှိပ်ရယ်လိုက်ချင်ပေမယ့် အခုဂျုံဆောင်းမရယ်နိုင်ပါ။ ဒီကောင်လေး ဒါတွေတွေးပြီး စိတ်ပင်ပန်းနေမှာပဲ။ ဒါနဲ့များ လူရှေ့ရောက်ရင် အမြဲပြုံးပြီး ချစ်စကားတွေပြောနေနိုင်သေးတယ်။ ဒီလိုအမှတ်တွေပေးချင်စရာလေးကို သူပြန်ချစ်လိုက်သင့်ပြီလား။
"ဟီဆွန်းက အကို့ဝမ်းကွဲပါ ဂျောင်ဝန်းတောင်သိတယ်"
ဒင်းလေးကဒါတွေဘယ်သိမလဲ နေ့ရှိသ၍ ဂျုံဆောင်းကလွဲရင်ဘာသိတာမှတ်လို့
"အာ...."
ပတ်တီးအဖွေးသားနဲ့ခေါင်းကိုခပ်ဖြည်းဖြည်းကုတ်ရင်း မျက်လွှာချသွားတဲ့ကောင်လေးက အတော်ရှက်သွားသည့်ပုံ။
ခြစ်ရာရှရာလေးတွေနဲ့မျက်နှာလေးကလည်း ပန်းနုရောင်လွှမ်းလို့ရယ်။
"အကိုမင်းကိုပြောစရာရှိတယ်"
"ဘာပြောမှာလဲဟင်"
"မနက်ဖြန်အိမ်ကိုအကြောင်းကြားပြီး သဘက်ခါအိမ်ပြန်တော့မလို့"
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
အရာရာကအရင်အတိုင်းပဲ ကိုကိုရောက်မလာခင်တည်းက အဆင်ပြေနေတဲ့ရွာလေးက ကိုကိုပြန်သွားတော့လည်း အဆင်ပြေနေပါတယ်။
ကိုကိုမရှိလည်း ဆောင်ဟွန်းကဖြစ်ပါတယ်။ ဘာဖြစ်သလဲလို့တော့ လာမမေးနဲ့။ မပြောဘူး။
တကယ်တမ်းပြောရရင် ကိုကိုနဲ့တွေ့ခဲ့တာနှစ်လတောင်မပြည့်ပါဘူး။ အခုမတွေ့ရတာ တစ်နှစ်ပင်ပြည့်တော့မယ်။ ဒါပေမယ့် မေ့လို့ကိုမရတာ။မေ့မရနိုင်တဲ့အကြောင်းလေးလည်းရှိသွားတာကိုး။
"ပတ်ခ်ဆောင်ဟွန်း ဟိုဘက်ရွာကကလေးတွေနဲ့ ဘောလုံးသွားကန်မလို့ လိုက်ဦးမလား"
"မလိုက်တော့ဘူး မင်းလည်းနောက်လကျတက္ကသိုလ်တက်ရတော့မှာ ကလေးအလုပ်တွေလုပ်မနေနဲ့"
"ငါသိပါတယ်ကွ တဖြည်းဖြည်းချင်းရပ်တော့မှာ"
"နောက်မကျစေနဲ့ ညနေသွားစရာရှိတယ်နော်"
ဂျောင်ဝန်းကတော့ ဘောလုံးကြီးပိုက်ရင်းပြုံးပြုံးကြီးခေါင်းညိတ်ပြသွားသည်။
ကိုကိုအမြဲပြောနေကျ ကလေးကောင်လေးမဟုတ်တော့ဘဲ လူကြီးလေးဖြစ်လာပြီဆိုရင်ရော သဘောကျမလား။ ဟင့်အင်း အဖြေကရှိပြီးသားပဲဟာ။ ထပ်မတွေးကြရအောင်။
ကိုကိုက သူဘာကောင်ကြီးဖြစ်နေနေ ဆုံးဖြတ်ချက်ဘာမှမပြောင်းလဲနိုင်တော့ဘူးလေ။
ဘာလို့ဆို ဘာလို့ဆို
"ပတ်ခ်ဆောင်ဟွန်း ငါတစ်ယောက်လုံး ကုန်းပြောင်ပြောင်မှာမတ်တပ်ရပ်နေတာမမြင်ဘူးလား ဟမ်"
"ဟာကိုကို လူကိုsurpriseလုပ်တာလားဗျ"
မျက်လုံးများမှေးစင်းသွားအောင်ပြုံးကာ အကြင်သူကလွဲ၍ ဘာမှမမြင်နိုင်တော့အောင် သူရှေ့တည့်တည့်ကိုပြေးသွားမိသည်။
မျက်စိရှေ့တွင်ရှိနေသော သူ့ထက်သိသိသာသာညှက်သွားတဲ့ ကိုကိုသေးသေးလေးကို တဝကြီးဖက်ပစ်ဖို့လက်တွေဆန့်ထုတ်လိုက်တဲ့အခါ ခရီးဆောင်အိတ်ကြီးကို ပစ်ထည့်ခံလိုက်ရသည်။
"ရော့ သယ်ခဲ့ ဒါကြီးဆွဲပြီးလျှောက်လာရတာ လက်တွေပြုတ်ထွက်တော့မယ်"
"ညနေမှလာမှာဆို"
"အမှန်က မင်းအံ့ဩသွားအောင် မနေ့ကလာမလို့ကိုအလုပ်တွေမပြတ်တာနဲ့ ဒီနေ့မှလာဖြစ်တာ နည်းနည်းလေးစောလာတော့လည်း အံ့ဩရတယ်မလား။ ဘာလဲ င်ြိုငြင်နေပြီလား ဘယ်ကောင်မလေးတွေနဲ့ဇယားတွေရှုပ်ထားလို့ ငါလာတာကို သရဲမြင်သလိုလန့်နေတာလဲ"
Advertisement
"ရှုပ်စရာလားဗျာ။ရွာကဘယ်သူ့မှရင်ထဲမရောက်လို့ ကိုကို့နဲ့တွေ့မှနှလုံးသားလေးအရည်ပျော်သွားတာ မသိတာလည်းမဟုတ်ဘဲနဲ့"
"ဪ ရင်ထဲသာရောက်တဲ့သူရှိရင် ငါ့ကိုအရည်မပျော်တော့ဘူးပေါ့ အဲ့လိုလား"
"ဟာဗျာ"
ထိုအသံရှည်ကြီးက စိတ်ညစ်လွန်းလို့ထွက်လာတယ်များထင်သလား။အဲ့ဒါ ပတ်ခ်ဆောင်ဟွန်းခုန်ပေါက်ပြီးအော်နေတာလေ
"ယောက်ဖရောဘယ်နားကျန်ခဲ့လဲ"
"ရွာထိပ်ဘောလုံးကွင်းမှာ ဂျောင်ဝန်းနဲ့နေခဲ့တယ်"
အခုပတ်ခ်ဆောင်ဟွန်းက လက်တစ်ဘက်မှာခရီးဆောင်အိတ် နောက်တစ်ဘက်က ကိုကို့ကိုဖက်ပြီး ရွာလမ်းလေးထဲဝင်သွားချေပြီ။
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
"ဟီဆွန်းက အကို့ဝမ်းကွဲပါ ဂျောင်ဝန်းတောင်သိတယ်"
ဒင်းလေးကဒါတွေဘယ်သိမလဲ နေ့ရှိသ၍ ဂျုံဆောင်းကလွဲရင်ဘာသိတာမှတ်လို့
"အာ...."
ပတ်တီးအဖွေးသားနဲ့ခေါင်းကိုခပ်ဖြည်းဖြည်းကုတ်ရင်း မျက်လွှာချသွားတဲ့ကောင်လေးက အတော်ရှက်သွားသည့်ပုံ။
ခြစ်ရာရှရာလေးတွေနဲ့မျက်နှာလေးကလည်း ပန်းနုရောင်လွှမ်းလို့ရယ်။
"အကိုမင်းကိုပြောစရာရှိတယ်"
"ဘာပြောမှာလဲဟင်"
"မနက်ဖြန်အိမ်ကိုအကြောင်းကြားပြီး သဘက်ခါအိမ်ပြန်တော့မလို့"
ထို့နောက် သူတို့ဘာတွေပြောခဲ့သေးလဲ.....
"တကယ်ကြီးမချစ်ဘူးပေါ့ တကယ်ကြီးထားခဲ့မှာပေါ့။ အဲ့ဒါကိုအသားနာခံပြီးရန်ဖြစ်လာမိတာပဲ။ အရူး ပတ်ခ်ဆောင်ဟွန်းအရူး"
"သေချာနားထောင်ပါဦး။ ကိုကိုလေ မင်းကိုချစ်တယ်။ နေဦး ဘာမှမပြောနဲ့ဦး။ ကိုကိုပြန်တော့ပြန်မှာ။ မင်းကိုချစ်တယ်ဆို ကိုကိုလိမ္မာမှ ဖေဖေတို့သဘောတူမှာလေ။ မင်းလည်းစာကြိုးစား။ ကိုကိုတို့မိဘေတွလက်ခံလာအောင် ကြိုးစားရမှာမို့ ခာတော့တို့တွေ အမြဲအတူရှိဖို့ ခဏလေးဝေးရအောင် ကလေးလေး"
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
ပတ်ခ်ဆောင်ဟွန်း လူညစ်ပတ်ကောင်လေး။ဒီကတော့ သူလေးစာထဲပဲစိတ်ရှိပါစေတော့ဆိုပြီး အပင်ပန်းခံပြီး အိမ်ပြန်တော့မယ့်ဟာကို သူကစာမလုပ်ပဲ ရန်ပတ်ဖြစ်နေရလား။အခုတော့ ပြဲကွဲပြီးလဲနေတယ်တဲ့။ မနက်ဖြန်သဘက်ခါအိမ်ပြန်မယ့်သူကို စိတ်မချမ်းသာရအောင်။
အချစ်ဆိုတာ
ညဘက်ခေါင်းအုံးပေါ်ခေါင်းချလိုက်ရင်ပထမဆုံးတွေးမိတဲ့သူ
အစားကောင်းတွေစားရရင်ပြေးသတိရမိတဲ့သူ
ကိုယ်အခက်အခဲတွေကြုံတဲ့အခါ သူရောကိုယ့်လိုအခက်အခဲတွေနဲ့ကြုံရင်ဘယ်လိုလုပ်မလဲဆိုပြီးစိတ်ပူမိစေတဲ့သူ
အိမ်ပြန်ချိန်တွေမှာသတိရတတ်တဲ့ အိမ်နဲ့တူတဲ့သူ
အခက်အခဲတွေကို ရင်ဖွင့်ပြောပြချင်တဲ့သူ
နောက်ဆုံးတစ်ခုက အခုအချက်တွေကိုဖတ်နေရင်းနဲ့ ကိုယ့်စိတ်ထဲသတိပြေးရတဲ့သူက ကိုယ်ချစ်နေတဲ့သူပဲ။
အချစ်က သူငယ်ငယ်ကခိုးခိုးစားခဲ့တဲ့ သကြားလုံးလေးတွေထက် အများကြီး ပိုချိုတာပေါ့။
အခုလည်းမသိစိတ်ကနေ အဲ့အရူးလေးကိုကောင်းစားစေချင်လွန်းလို့ အိမ်ပြန်ဖို့ဖြစ်လာတာပဲဟာ။ သူလည်းဒီအရူးလေးကိုချစ်မိနေပါပြီ။
"ဒါဆိုကိုကိုမင်းကိုချစ်မိသွားပြီ ကလေးလေးလို ဆောင်ဟွန်းလေး ဒါကြောင့်ကိုကိုဒီနေ့အဖြေပေးမယ်"
ʏᴇs, ɪᴛ's ʟᴏᴠᴇ.
19.7.2022
ပြီးပါပြီ။
အကုန်လုံးက တစ်CHANGEတည်းCHANGE နေကြပေမယ့် ရေးလက်စပြီးခါနီးလေးကအရင်ပြီးသွားလို့ပါနော်။ CHANGEက မနက်ဖြန်လာမယ် ရေးနေပါပြီ😭
Btw short story bookလေးအဖြစ်ပြောင်းလိုက်ပါတယ်နော်။ နောက်လာမယ့်အသစ်လေးတွေကိုလည်း သဘောကျပေးကြပါဦး။
Unicode.....
"ကိုကိုရေ ဒီပုစ်ဆာလေးရှင်းပြပါဦး"
"ကိုကိုရေ ဂွတ်နိုက်"
"ကိုကိုရေ...."
s, 's .
"ဪ"
s, 's .
လူကခြံထဲမရောက်ခင် အသံအရင်ရောက်နေသော ဂျောင်ဝန်းစကားကို ဆောင်ဟွန်းက အရေးပင်မစိုက်ဟန်ဆောငျလကျြ။
Advertisement
-
In Serial1201 Chapters
TranXending Vision
Xia Lei, whose parents were no longer around, had to work hard to support himself and his sister. One day, he got into an accident at work which burnt his left eye. After he awoke in the hospital bed, he discovered that his eye was not blind – it gained abilities! Now, he is using these abilities to right wrongs and make a better life for himself and others. Will Xia Lei triumph over the corrupt and privileged with his newfound power?I am destined to be the protagonist of this era!Warning: Mature content
8 650 -
In Serial26 Chapters
Transmigrated Dragon
Why has this happened? I just wanted to take a sweet bath in that nice looking purple water, couldn't you tell me beforehand that was a damn portal to another dimension? and I have these green and blue bars above my head... great. The tale of an orphan dragon who was adopted by humans, who after reaching adulthood gets sent to another world. This fiction is part of the Pledge You can see every fiction that has pledged to never be dropped until it's finished here -Saturday 7 A.M. EST -Sunday 7 A.M EST Evolution of the ratings through the weeks is available in the FAQ section, along with some questions you may get in chapters 1-3, but can't be bothered to wait for the story to answer. Image: Thanks to Emily Saathoff for letting me use her image. If you want to look at more art, you can find her portfolio at http://www.illus29.com Uh, an extra warning— the extra chapters might depict scenes of violence not suitable for impressionable children. tried to keep it somewhat down but still, be warned. (no gore though) The extra chapters are about the past of Doraig (Before stepping through the portal into the L'arc continent) And you don't need to read them to understand the story, but since one person wanted to know more about it I could do nothing but comply!
8 169 -
In Serial37 Chapters
Pokémon Reset Bloodlines Sidestories - Interlude Chapters
Stories never seen from the Pokémon World. Past and present of the new reality and how the events have affected their inhabitants will be explored here, unraveling many of the mysteries of the new world. Series of extra oneshots taking place in the same continuity as the main story of Pokémon Reset Bloodlines, starring characters who aren't Ash Ketchum and his group. Knowledge of the main story isn't fully required but is recommended.
8 126 -
In Serial8 Chapters
A Thief's Sacrifice
Keyla is a streetrat with a penchant for picking pockets and locks. She intuitively knows where to stand in a room or crowd to go unnoticed. The techniques came naturally to her and are enough for her to get by, if not make a true life for herself. When the church gives her an opportunity to commit such sins for money, it's too much to refuse. What she discovers in the course of the heist will challenge her perception of right and wrong, and the very beliefs her society holds dear.
8 186 -
In Serial84 Chapters
Vera - Ein Abentuer ins Ungewisse [German]
Die Geschichte handelt von Torben Lang, welcher mit einer Amnesie in einer dunklen Höhle aufwacht. Torben weiss nicht wo er sich befindet und würde es ihm die Stimme in seinem Kopf nicht verraten, wüsste er nicht einmal seinen eigenen Namen. Auf seinem Wegen muss er zahllose Monster bekämpfen, Level aufsteigen und eine Menge Fertigkeiten erlernen. Alles mit dem Ziel, sein Gedächtnis zurück zu erlangen. Ein LitRPG aus der Ich-Perspektive, bei dem der Leser die Entscheidungen des Autors beeinflussen kann. Lust auf ein Abenteuer ins Ungewisse?
8 245 -
In Serial45 Chapters
I'm your kid too, father
Klaus had another child before Hope.The family took him in but dont see him as part of the family until they find out differently? Will it be too late?
8 142