《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ (Jayhoon)
Advertisement
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"ပတ်ခ်ဆောင်ဟွန်းရယ် ဘတ်စ်ကားနဲ့ဆိုအိမ်ပြန်နောက်ကျမှာစိုးလို့ မင်းကားနဲ့လမ်းကြုံလိုက်ပါတယ်ဆို ကစားကွင်းကိုဘာဝင်လုပ်မလို့လဲ။ ကားလေးတစ်ခါပျက်ရတာလည်း မလွယ်ပါ့လားနော်"
"ဂျယ်ယွန်းရာ ကစားကွင်းရောက်ရင် ငါဆင်းနေခဲ့ပါ့မယ် မင်းငါ့ကားယူသွားလိုက် ဟုတ်ပြီလား။ အလုပ်ဆင်းတာစောတော့ သားတို့နဲ့ကစားကွင်းမှာအချိန်လိုက်ဖြုန်းပေးမလို့။ ခုတော့ တိတ်တိတ်လေးနဲ့ငြိမ်ငြိမ်လေးလိုက်ခဲ့"
ထင်ထားတာထက်အဆင်ပြေပြေပြီးသွားတဲ့အမှုကိစ္စကြောင့် ဆောင်ဟွန်းအချိန်မီတာမို့ ကစားကွင်းကိုလိုက်လာခြင်းဖြစ်သည်။
"ဟော ဟိုမှာ သူတို့"
"အွန်း Liamက မတွေ့ရတဲ့သုံးလလောက်အတွင်း အရပ်ကြီးရှည်လာတယ်နော် ထွားလည်းထွားလာတယ် ကြည့်ရတာမင်းယောက္ခမရှာထားတဲ့သူကအဆင်ေပြတဲ့ပုံပဲ"
"အဆင်ပြေတာမှမပြောနဲ့ ဂျုံဆောင်းနဲ့တောင်တည့်သွားပြီ ကဲ ရော့ကားသော့ ငါသွားပြီဂျယ်ယွန်း "
ဂျယ်ယွန်းနောက်လှည့်မသွားခင်မှာ ရေခဲမုန့်တွေမနိုင်မနင်းသယ်လာတဲ့ဟီဆွန်းက ဂျုံဆောင်းနဲ့Liamဆီပြေးလာလေသည်။
"နေဦး သူ့တို့ဘေးက?"
"ဟီဆွန်းလေအဲ့ဒါ သားသားရဲ့အသည်းစွဲ
မင်းသိလို့လား"
"အာ အာ လူမှားသွားတာ ဆောင်ဟွန်းရဲ့။ ကဲပါ ငါပြန်ပြီ မနက်ဖြန်တွေ့မယ်နော်"
"အင်းအင်း ကားဂရုစိုက်မောင်း"
"ဟာ ပါပါးလာတယ်"
Liamက Banana milkဗူးလေးကိုင်ကာဆောင်ဟွန်းဆီပြေးလာတော့ ဆောင်ဟွန်းကအားရပါးရလွှဲပြီးချီလိုက်သည်။
ချက်ချင်းပင်အနားကလေထုဟာ နေရခက်ခြင်းအငွေ့အသက်တွေနဲ့ပြည့်နှက်လို့သွားတော့တယ်။
ပြီးတော့ ဂျုံဆောင်းကလည်း ဆောင်ဟွန်းကိုကြည့်နေလိုက်တာများ အဝေးကိုလွင့်သွားစေချင်တဲ့အမှိုက်တစ်စလိုမျိုး။
ဆောင်ဟွန်းဟာမမြင်ရတဲ့စက်ကွင်းတွေရဲ့အဖျားခတ်မှုကိုခံစားလိုက်ရတော့ ရင်ထဲကျင်ခနဲ။
ဪ....နောက်ဆုံးတော့လည်း ဂျုံဆောင်းက ဂျုံဆောင်းပါပဲလား။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"အဆင်သင့်ဖြစ်ပြီလားဆောင်ဟွန်းရေ နောက်ဆယ်မိနစ်ဆိုပွဲစပြီနော် သေချာလေ့ကျင့်ခဲ့ရဲ့လား"
"အင်းပါကွာ ငါ့ဘဝရဲ့ အမှတ်တရအခိုက်အတန့်လေးကို အလှဆုံးဖန်တီးရမှာပေါ့"
ဂျယ်ယွန်းကဆောင်ဟွန်းကို ကမ္ဘာ့အထူးဆန်းဆုံးသတ္တဝါတစ်ကောင်လိုကြည့်နေတာကို ဆောင်ဟွန်းနေရခက်ခက်နဲ့ မသိကျိုးကျွံပြုလိုက်သည်။
"မင်း မို့လို့ကွာ!"
"တော်တော့ ဂျယ်ယွန်း မင်းကပါငါ့ကိုဒီလိုပြောမှဖြစ်မှာလား"
ဂျယ်ယွန်းစကားတွေမကြားရရင်တောင် ဆောင်ဟွန်းအတွက်ဒီနေ့ကလုံလောက်နေပြီ။ နာကျင်ဖို့လေ.....
"ဖိတ်စာအဟောင်းကြီး အိတ်ကပ်ထဲထည့်လာတာ မမိုက်ဘူးနော်"
ဆောင်ဟွန်းမှာ နာနာကျင်ကျင်ပြုံးပြရုံကလွဲ၍ ပြောစရာစကားများရှိမနေပါ။
"Liamရော"
"ဒီပွဲကိုခေါ်လာလိုက်ရင် သူမေးတဲ့မေးခွန်းတွေကို ငါမဖြေတတ်ဘူး ဂျယ်ယွန်း။ ပြီးတော့ ငါ့သားအတွက်အမှတ်တရဆိုးကြီး ငါမဖန်တီးချင်ဘူး"
Wedding dress - Taeyang
"ငါကလေ သတို့သားညီဝမ်းကွဲမို့သာလာရတာ မင်းကိုအားနာမဆုံးဘူး မင်းကတော့ pianoလာတီးခွင့်ပေးဖို့တောင်းဆိုသတဲ့ ငါဖြင့်ကြားကြားချင်းမယုံနိုင်ဘူး"
"ဂျယ်ယွန်းရာ ငါကအောင်နိုင်သူလေ ဒီပွဲမှာငါနိုင်တယ်။သူတို့ကတော့ ငါ့ကိုအားနာနေတဲ့စိတ်နဲ့နေထိုင်သွားရတော့မှာ။ဒီတော့ငါမျက်နှာလာမပြရင် ငါရှုံးတယ်ထင်ကြမှာစိုးလို့ပါ"
တနေ့မှာတော့ ချစ်သင့်လို့ချစ်ရပါတယ်။မုန်းသင့်လို့မုန်းရပါတယ်ဆိုတာမျိုးတွေမရှင်းပြရဘဲ။ ချစ်ချင်လို့ချစ်တယ်၊မုန်းချင်လို့မုန်းတယ်ဆိုတာမျိုး ဆောင်ဟွန်းပြောချင်ပါရဲ့။
"ငါတော့ မင်းကိုပဲကိုင်ပေါက်ချင်တာ ဒါပဲ ငါသွားပြီ"
ဂျယ်ယွန်းထွက်သွားပြီးတဲ့နောက် မိနစ်ပိုင်းလေးအကြာမှာ အခန်းထဲဝင်လာတဲ့တစ်စုံတစ်ယောက်ကြောင့် ဆောင်ဟွန်းပြုံးသည်ဆိုရုံထက်မပိုသောအပြုံးဖြင့်ကြိုဆိုလိုက်သည်။
"ကျွန်တော့်ခင်ပွန်းဟောင်းနဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်နော် အီဟီဆွန်း"
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"Liamက သဘက်ခါရုံတင်မယ့် ကာတွန်းကားကြည့်ချင်လို့တဲ့ငါတို့လိုက်ပြဦးမယ်"
"သဘက်ခါလားဂျုံဆောင်း မနက်ဖြန်ကပိတ်ရက်လေ ငါလည်းအားရဲ့သားနဲ့။ ဘာလို့သဘက်ခါလဲ"
"လက်မှတ်က မနက်ဖြန်အတွက်ကုန်သွားပြီ မင်းမအားလည်း ငါနဲ့အကိုဟီဆွန်းလိုက်ပို့လိုက်မယ်လေ"
"အင်း အင်း ကောင်းကောင်းအချိန်ကုန်ခဲ့ကြနော်"
မျက်စိမျက်နှာပျက်တာကို ဖြတ်ခနဲပြန်သတိထားပြီးပြင်လိုက်တဲ့ ဂျုံဆောင်းကြောင့် ဆောင်ဟွန်းလည်း နာနာကျင်ကျင်နဲ့ ဟက်ခနဲရယ်မိခါနီးကိုထိန်းလိုက်ရသည်။
"အပြန်ဘာစားချင်လဲ ဟွန်း
ငါဝယ်ခဲ့ပေးမယ်လေ"
အင်း ဂျုံဆောင်းလိမ်တဲ့အခါသိပ်သိသာတာပဲ။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
"သွားတဲ့သူတွေလည်းသွားကြပြီ ရှင်နေခဲ့တဲ့သူကတော့အကောင်းဆုံးနေထိုင်သွားရမှာပေါ့ အချိန်လိုအပ်မှာနားလည်ပါတယ် အဲ့တော့ငါနဲ့သားသား အမေတို့ဆီခဏသွားလည်ဦးမယ်နော်"
ဂျုံဆောင်းဟာ ခန်းမထဲကခုံတန်းလျားပေါ် ကဆိုဂျူပုလင်းတွေကြားမှာ ခေါင်းမထူလာခဲ့။
လွန်ခဲ့တဲ့နှစ်ရက်က နယ်ဘက်ကိုအပန်းဖြေသွားကြတဲ့ ဂျုံဆောင်းမိဘနှစ်ပါးကားအက်စီးဒင့်ဖြင့်ဆုံးကြသည်။ ဆောင်ဟွန်းလည်း နှစ်နှစ်ကာကာဝမ်းနည်းသည်။ ဒါပေမယ့် ကျန်ရစ်သူတစ်ဦးတည်းသောသားဂျုံဆောင်းနှင့်အပြိုင်ငိုရင်လည်းအိုဗာတွေလုပ်တယ်ပဲ အပြောခံရမှာလေ။ ဒီတော့ သူကပဲဖြစ်ဖြစ် ဂျုံဆောင်းမှီခိုလို့ရအောင်သန်မာပေးရမှာပေါ့။
သူသန်မာပေးခဲ့ပေမယ့်လည်း
"ဂျုံဆောင်း အဆင်ပြေရဲ့လား ငိုချလိုက်နော်"
"အကို့ကိုမျှော်နေတာ အကို့ရင်ခွင်ထဲငိုချချင်လို့ ကျွန်တော်လုံးဝအဆင်မပြေဘူး"
သေသွားတဲ့သူတွေကသူ့အမျိုးတွေဖြစ်နေသလိုပုံနဲ့ ပြေးဝင်လာတဲ့ဟီဆွန်းနဲ့ ဂျုံဆောင်းရဲ့ဖြစ်ပုံကို ခန်းမထဲကမပြန်သေးတဲ့ဧည့်သည်တွေက တစ်ယောက်တစ်ပေါက် ပြောသည်။ဆောင်ဟွန်းလည်းထူးပြီးဝမ်းနည်းမနေတော့ပါဘူးလေ။
ဂျုံဆောင်းကစိတ်မတည်ငြိမ်လို့ဆိုရင်တောင် အီဟီဆွန်းကတော့ တရားလွန်ပါရဲ့။
"ဒယ်ဒီသနားပါတယ် ပါပါးကဖက်ထားပေးလိုက်ပါလား"
"ဒယ်ဒီကပါပါးဖက်ထားပေးလည်း ဝမ်းနည်းမပြေဘူး Liamရဲ့"
"ဒါဆို ဦးဦးဖက်ပေးမှအငိုတိတ်မှာပေါ့"
"သားနဲ့မဆိုင်တာကို စိတ်မဝင်စားနဲ့Liam ပါပါးမေးတာပဲဖြေ။ အကယ်၍ ဒယ်ဒီနဲ့ပါပါးတူတူမနေကြတော့ရင် သားဘယ်သူ့ဆီလိုက်နေမှာလဲ"
"ဒယ်ဒီ့အတွက်က ဦးဦးရှိဦးမှာထင်တယ်။ အဲ့တော့ပါပါးနဲ့ပဲနေမှာ Liamက"
သားကတော့သဘောရိုးနဲ့ပြောတာပါပဲ။ ဆောင်ဟွန်းကတော့ ချုံးပွဲချငိုချင်စိတ်တောင်ပေါက်သည်။ သားကငါးနှစ်တောင်မပြည့်သေးတဲ့ကလေးမို့တော်တော့သည်။ မဟုတ်ရင် ဒီကလေးက သူ့အဖေနဲ့ဟီဆွန်းကိုဘယ်လောက်တောင်စိတ်နာသွားမလဲမသိ။
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
လျှို့ဝှက်နံပါတ်သိနေတာမို့ တံခါးမခေါက်တော့ဘဲ ဆောင်ဟွန်းအိမ်ထဲဝင်လာခဲ့သည်။ သူ့မိဘအိမ်ပြန်တုန်းဖြစ်ချင်တိုင်းဖြစ်နေမယ်ထင်တဲ့အိမ်က သေသပ်ရှင်းလင်းလို့ရယ်။ အင်း တစ်ယောက်ယောက်ကဂရုစိုက်ထိန်းသိမ်းထားတဲ့အတိုင်းပဲ။
ဒီလိုတွေဖြစ်နေမှာလည်း ကြိုသိလို့ သားကိုမခေါ်ဘဲတစ်ယောက်တည်းအရင်ပြန်လာတာ။
လော့ခ်ချထားမှာမဟုတ်တဲ့အိပ်ခန်းတံခါးကို တိတ်တိတ်လေးဖွင့်ကြည့်လိုက်တော့ ဂျုံဆောင်းအားရင်ခွင်ထဲထည့်ကာအိပ်နေသောဟီဆွန်းကိုတွေ့ရသည်။ သိပ်ကိုပြောင်မြောက်တာပါပဲ။ ဘေးလူမြင်ရင် လက်ထပ်ထားကြတာကဆောင်ဟွန်းနဲ့မဟုတ်ဘဲ ဟီဆွန်းနဲ့လို့တောင်ထင်ရမှာ။
"ကွာရှင်းမယ်ဂျုံဆောင်း"
ဆောင်ဟွန်းပုံစံကအတော်လေးသွေးအေးသည့်ပုံပေါ်သည်။ သူတို့နှစ်ယောက်နိုးလာတဲ့အထိ ဧည့်ခန်းထဲမှာလက်ပိုက်ထိုင်စောင့်နေတဲ့ဆောင်ဟွန်းကိုမြင်လိုက်ရတဲ့ဟီဆွန်းနဲ့ဂျုံဆောင်းကတော့ သွေးပျက်လျက်ရှိသည်။
"ဆောင်ဟွန်း မျက်နှာပြောင်တယ်ပဲပြောပြောပါ
ဂျုံဆောင်းမိဘတွေဆုံးထားတာ ဆယ်ရက်မပြည့်သေးပါဘူး။အဲ့ဒါကြောင့် ခုလိုလုပ်တာက--"
"အဲ့ဒါကြောင့် အခုလိုလုပ်ပေးတာလေ ဟီဆွန်းရဲ့။ သူပျော်သွားအောင်လို့။ ငဲ့စရာမိဘတွေလည်းမရှိတော့ဘူးမလား အခု ရပ်ပစ်လိုက်လို့ရပြီ"
"ဆောင်ဟွန်း မင်းဘယ်အချိန်တည်းက ငါနဲ့ကွာရှင်းချင်နေတာလဲ။ မင်းကဟန်မဆောင်နိုင်တဲ့အထိကို ငါ့မိဘတွေသေတာနဲ့တန်းကွာရှင်းချင်နေတာပဲ ဟမ် "
"အေး တကယ်ကအဲ့လိုဖြစ်သင့်တာလေ ဒါပေမယ့် ငါကခုထိမင်းကိုမကွာချင်သေးဘူးသိရဲ့လား။ ငါမင်းကိုမုန်းတယ် ဒါပေမယ့်ငါ့ကိုယ်ငါပိုမုန်းတယ်။ မင်းဖောက်ပြန်တာသိသိကြီးနဲ့ အကန်းလိုမသိဟန်ဆောင်ပေးနိုင်ပေမယ့် ငါတို့သားကအရွယ်ရောက်လာမှာ။ မင်းကကတိဖျက်ပြီးသူ့ကိုမငဲ့ပေမယ့် ငါကငဲ့တယ်။ အဲ့တော့ ငါ့သားစိတ်မထိခိုက်ဖို့အရေး၊ သူ့အမြင်မှာမင်းလည်း အဖေကောင်းမဟုတ်တောင် သိက္ခာရှိတဲ့အဖေတစ်ယောက်ဆက်ဖြစ်ဖို့အရေး ငါတို့ကွာရှင်းမယ်ဂျုံဆောင်း နော် ကျေးဇူးပြုပြီး။ မင်းငါ့ကိုပျော်အောင်မထားနိုင်ရင်လည်း ထပ်ဆွဲမထားနဲ့တော့လေကွာ ငါလည်းပင်ပန်းတယ်။ ငါကရရင်တောင် ငါတို့သားအတွက်တော့ ငါတို့လမ်းခွဲမှဖြစ်မယ်"
Advertisement
"ဆောင်ဟွန်း တော်ပါတော့ ကျွန်တော်ပဲထွက်သွားပါ့မယ် ကျွန်တော်မှားတာ"
"အင်း ဒီလိုထွက်သွားလိုက်ဖို့ ခင်ဗျားကုမ္ပဏီကြီးကိုလနဲ့ချီပစ်ထားပြီး ဒီအိမ်မှာအလုပ်လာလုပ်တာလား။ စီးပွားရေးသမားပဲဟာ ခင်ဗျားအရှုံးပေါ်ရင် သိပ်နစ်နာသွားမှာပေါ့"
"ဆောင်ဟွန်းဒါတွေသိနေတာလား"
"ခင်ဗျားတစ်ကွက်လိုသွားတယ်။ ရှင်းမ်ဂျယ်ယွန်းကကျွန်တော့်တွဲဖက်လေ။ ကျွန်တော့်ကိုယ်ကျွန်တော်ရူးပြီတောင်ထင်တာ။ ဒါပေမယ့်ဝဋ်ကြွေးမကုန်သေးလို့ဖြစ်မယ် ခုထိမရူးနိုင်ဘဲသောကပင်လယ်ဝေနေရတယ် ကျွန်တော်တကယ်ကိုပဲ တကယ်ပဲ..."
ဆောင်ဟွန်းလုံးဝမငိုချင်ပါဘူး။ဒါပေမယ့် မျက်ရည်တွေကတားမရအောင်ကျလာပြီး စကားပြောနေရင်းတောင် သူ့အသံတွေပျောက်သွားသည်။ထို့နောက်သူဟန်တောင်မဆောင်နိုင်ပါဘဲ ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ကာ ဒူးနှစ်ဖက်ပေါ်ခေါင်းမှောက်ရင်း အသံတိတ်ငိုခဲ့ရတော့သည်။
"ကျွန်တော်အားလုံးရှင်းပြမယ် ဒီကိစ္စမှာဂျုံဆောင်းအပြစ်မရှိပါဘူး။ ပါတီတစ်ခုမှာတစ်ဖက်သတ်တွေ့ခဲ့ရာကနေ ကျွန်တော်သူ့ကိုစွဲစွဲလမ်းလမ်းတွေဖြစ်ခဲ့ပြီးသူ့နားရောက်အောင်လာခဲ့မိတာ။ ဆောင်ဟွန်းနဲ့ဂျုံဆောင်းရဲ့အိမ်ထောင်ရေးက အစစ်အမှန်မဟုတ်ဘူးဆိုတာသိရတော့ ကျွန်တော်တအားမိုက်မဲမိလိုက်တာပါ။ ဒီအိမ်ကိုကျွန်တော်ရောက်လာတဲ့အထိ ကျွန်တော့်ရဲ့ဂျုံဆောင်းက ဘာမဟုတ်တာမှမလုပ်ခဲ့တဲ့သူပါ။ အကုန်ကျွန်တော်လုပ်တာ။ အဲ့အတွက်လည်း ဆောင်ဟွန်းနဲ့ Liamအပေါ်လည်း တကယ့်ကိုသေတဲ့အထိအားနာသွားရမှာပါ"
သိပ်ကိုလှပတဲ့အချစ်ဇာတ်လမ်းလေးပါပဲ။ နည်းနည်းချဉ်စရာကောင်းရုံကလွဲလို့ပေါ့။ ဆောင်ဟွန်းဂျုံဆောင်းအပေါ်ထားတဲ့အချစ်တွေကလည်း အီဟီဆွန်းနဲ့ယှဉ်လို့မသာစရာမရှိ။ဒါပေမယ့် မယှဉ်ရဲပါဘူး အဓိကက ဂျုံဆောင်းချစ်တာဟီဆွန်းလေ။
"အဲ့ဒါကြောင့် ထပ်ပြောမယ် ကွာရှင်းကြမယ်လို့ ပတ်ခ်ဂျုံဆောင်း။ ငါ့ကိုမင်းတို့တောင်းဆိုစရာမလိုခင်ငါလိုက်လျောပေးထားတယ်။ အဲ့တော့မင်းတို့တောင်းဆိုစရာလည်းမလိုဘူး ကျေးဇူးတင်စရာလည်းမလိုဘူး။ ဒီတိုင်းပဲကွာရှင်းရအောင်ဂျုံဆောင်းရာ ငါမင်းတို့ကိုသည်းမခံနိုင်တော့ဘူး"
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
'သတို့သားနှစ်ယောက် လက်စွပ်လဲလှယ်လို့ရပါပြီ'
တရားဟောဆရာစကားအဆုံးမှာ ဟီဆွန်းနဲ့ဂျုံဆောင်းဟာ အပြန်အလှန်လက်စွပ်လေးတွေစွပ်ပေးကြသည်။ ထို့နောက် နှစ်ယောက်သား အနမ်းချင်းဖလှယ်ကြတဲ့အခါ ဆောင်ဟွန်းဟာ အံကြိတ်ရင်း သူ့လက်တွေကို pianoပေါ်ပြေးလွှားစေကာ အမြင့်ဆုံးတေးသွားကို တီးခတ်ပြီး ဖြည်းငြင်းစွာအဆုံးသတ်လိုက်သည်။
ပြီးသွားပြီ။ အရာအားလုံးပြီးသွားပြီ။
သူ့ဝဋ်ကြွေးတွေလည်းအဆုံးသတ်သွားပြီ။ ဂျုံဆောင်းဆီက သူရခဲ့တဲ့တစ်ခုတည်းသောအရာက Liamပဲလေ။ ဒါပေမယ့်သူအသက်ထက်မြတ်နိုးပြီးတော့ကို တန်ဖိုးထားထိန်းသိမ်းသွားမှာပါ။
"အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်ဆောင်ဟွန်း ငါအမှန်တိုင်းပြောရရင် မင်းမျက်နှာကိုစေ့စေ့မကြည့်ရဲဘူး။ သားသားရောနေကောင်းရဲ့လား"
"အင်း သူပျော်နေတယ် ရှေ့လျှောက်ငါတို့သားအဖနဲ့ဘယ်လိုမှမပတ်သက်တော့ဘူးဆိုတဲ့အတွက်လည်း ငါကကျေးဇူးတင်ပါတယ်။ မင်းကိုသားရဲ့ဖခင်အဖြစ်အမြဲသတ်မှတ်ထားတယ်ဂျုံဆောင်း။အဲ့အတွက်စိတ်ချ"
ဆောင်ဟွန်း နှစ်နှစ်ကာကာပြုံးရင်းဂျုံဆောင်းကိုပွေ့ဖက်လိုက်သည်။
ကံပါသလောက်ပဲပေါ့။ အမှန်တရားကိုလက်ခံလိုက်တာထက် ကောင်းတဲ့ကုစားခြင်းထပ်မရှိတော့ပါဘူး။ နာကျင်ရပေမယ့် ဒဏ်ရာကပျောက်လွယ်ပါတယ်။
"လိမ်လိမ်မာမာနေနော်ဂျုံဆောင်း
အစစအရာရာပျော်ရွှင်ကြပါစေ စိတ်ရင်းနဲ့ဆုတောင်းပါတယ်"
တကယ်စိတ်ရင်းနဲ့ပါ။ ကိုယ်ခံစားရတာကိုယ်သာသိတာမို့ဆောင်ဟွန်း ဒီလိုမျိုးဘယ်သူ့ကိုမှမကြုံစေချင်တော့ဘူး။ ကျေးဇူးပြုတောင်းဆိုရတာတွေ နာနာကျင်ကျင်ကျေးဇူးတင်ရတာတွေ ချစ်ရသူရဲ့ဘဝမှာ ဘယ်သောအခါမှမကြုံတွေ့ရပါစေနဲ့ကွယ်
_ᴘʟᴇᴀsᴇ ᴀɴᴅ ᴛʜᴀɴᴋ ʏᴏᴜ_
အဆုံးထိဖတ်ပြီးရင် တစ်ခုခုတော့ပြောသွားလေနော်။ အမြင်ကတ်စရာဇာတ်လမ်းကြီးကိုရေးရတဲ့အတွက် မိုတီလေးပေးခဲ့ပါလား။ နောက်တစ်ခါ Heejayဖတ်မလား ချိုချိုလေးရေးပေးမယ် ဒီဟာရဲ့အောက်မှာ>
_s _
"ဟော ဟိုမှာ သူတို့"
"အွန်း Liamက မတွေ့ရတဲ့သုံးလလောက်အတွင်း အရပ်ကြီးရှည်လာတယ်နော် ထွားလည်းထွားလာတယ် ကြည့်ရတာမင်းယောက္ခမရှာထားတဲ့သူကအဆင်ပွေတဲ့ပုံပဲ"
"နေဦး သူ့တို့ဘေးက?"
မင်းသိလို့လား"
"ဟာ ပါပါးလာတယ်"
_s _
"မင်း မို့လို့ကွာ!"
"Liamရော"
Wedding dress - Taeyang
_s _
ငါဝယ်ခဲ့ပေးမယ်လေ"
_s _
_s _
_s _
Advertisement
-
In Serial18 Chapters
Messummer (Capstone Writing Assignment)
|3X Wattpad FEATURED| Messummer's life changes when a futuristic boy stumbles into her ancient world. She must now help him front to his own time before his love for dinosaurs traps him forever. *** Ever since her father's death, Messummer has wanted nothing more than to prove she can survive in her fragile world. She decides to enter her valley's Great Flying Race as a rite of passage. It's a race only the bravest flyers attend. While Messummer is preparing for it one day, she meets a creature she has never seen before. His name is Daniel Matton. He stumbles into her world after a malfunction with something called a "time machine". Fascinated by this new species, Messummer kidnaps him (not that Dan has much of a choice) and takes him on a journey like none other. Of course, that's only after Dan concludes she's not going to eat him. Just when it seems like the two friends' connection is growing, disaster strikes. What starts off as a bonding experience is now a fight for survival. Will Messummer and Dan escape the horrendous Tyrannosaurus Rex, or will the 11.0-magnitude earthquake swallow them before he can even try to kill them? Will Messummer find the courage to tell Dan who she truly is? Will Dan ever return front to his own time? Above all, is their friendship going to survive the calamity? *** *Cover by @AnecdoteofAstrina on Wattpad!* Word Count: 7,000 🥉 3rd place in the April Awards' Short Story Category.⭐ Featured on @Speculative Fiction || Breaking the Space-Time Continuum Reading List.⭐ Added to @Speculative Fiction || Featured Speculative Fiction Stories Reading List.⭐ Featured by @Ooorah in their Tevun-Krus #100 || Dino Punk section.
8 172 -
In Serial8 Chapters
Psycho in Naruto
Psycho reborn in the Naruto world attempts to make himself the most notorious ninja of them all. Game elements to help the character along the way.
8 73 -
In Serial31 Chapters
The Royal Mage
Raised in a small village at the end of the trail by a single mother. Rime only ever wanted for one thing and that was to be able to attend the Royal Academy to study to become a herbalist, so he would be able to take care of his ailing mother and mischiveous little sister. But in a twist of fate he draws the attention of the Arch Mage and then accidentally becomes the best friend of the young Empress and gets pulled into a game of Royal Revolt, now he must fight to protect what remains of the future of his kingdom while trying to keep both himself and little sister alive. ^^^ Meh, I don't know if that's good but you be the judge.
8 137 -
In Serial8 Chapters
Infinite Empire
This is the end. It’s all I can think about. “Where the hell are we, John? Where? This isn’t right!” Jess is scared. She has every right to be scared. Not every day you visit an alien planet. In an alien galaxy. On the other side of the universe. We jumped. And in an instant, we were gone. In an instant, our ship was lost. And it’s my fault. It is all my fault.
8 203 -
In Serial34 Chapters
Silvana: Queen of the Witches
Coffee-shilling twenty-something trash-witch Silvana Smith is down on her luck. She's stuck wallowing in the unrequited drama of her hometown, saddled with student debt, and the bank wants her house. Seeing no strictly rational path to deliverance, she turns to the eldritch rituals and wicked spirits of an ancient goetic grimoire for help. Committing herself to the magical book's elaborate ordeals of skullduggery, Silvana aims to call up a demon, form a pact, and attain her heart's desires. As it so happens, a lord of hell can be dangerous company to keep when you aren't too clear on the details. [Mature Content Warning for Sex, Drugs, Diablery, and Curses (of various sorts)]
8 178 -
In Serial44 Chapters
Georgie Snow ( Archie Andrews )
After a traumatic event turned the Snow family upside down and they left Riverdale. Georgie and Archie were each others first love, after she left he was broken. But what happens when she comes back will their love stand the tests of Riverdale or will it tear them apart. ••• I own none of the characters from This story apart from the snow family •••This story is loosely based on the plots from Riverdale but some of the storylines are my own.Rated #3 in Archie
8 197