《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ (Heejay)
Advertisement
Unicode
အီဟီဆွန်းကိုရည်းစားတော်တဲ့သူကအရူးပဲ
အံ့ဩစရာကြီးနော်
ပိုအံ့ဩစရာကောင်းတာဘာလဲသိလား
အဲ့လိုပြောခဲ့တဲ့ငါက သူ့ရည်းစားဖြစ်သွားတယ်တဲ့
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
***သို့
ချစ်လှစွာသောဂျုံဆောင်းလေးရေ။
မင်းကကိုယ့်ကိုသိချင်သိလိမ့်မယ် ဒါပေမယ့်ကိုယ်ကမင်းကိုမသိပါဘူးကွယ်။***
ဟမ့် ဇောက်ထိုးကြီး သူရူးနေတာများလား
ဂျုံဆောင်းပထမစာကြောင်းကိုစိတ်ထဲကဖတ်ပြီး သူ့ရှေ့မှာမအီမလည်ရုပ်နဲ့လာရပ်နေတဲ့ မဟာတန်းက စီနီယာအီဟီဆွန်းအား ဘောက်ဆတ်ဆတ်ဖြင့်မျက်လုံးလှန်ကြည့်လိုက်သည်။
ထားပါလေ ပေးတဲ့သူကအီဟီဆွန်းပဲဟာ အဲ့လောက်တော့ရှိမှာပေါ့။ ကဲ ဆက်ဖတ်မယ်။
***ရင်ထဲမှာရှိတဲ့စကားတွေကို စာနဲ့စီရင်ကုန်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်နှလုံးသားဆီကလာတဲ့ ရှည်လျားလှတဲ့မင်းကိုချစ်မြတ်နိုးကြောင်းသံစဉ်လေးတွေကို စိတ်ရှည်ရှည်လေးနဲ့ ဖတ်ကြားပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါရစေနော်။***
အင်း ရှည်ထားတယ် မတရားကိုဆွဲဆန့်ပြီးတော့။
ဂျုံဆောင်းဒုတိယအကြိမ် စီနီယာဟီဆွန်းကိုထပ်ကြည့်လိုက်သည်။
ဂျုံဆောင်းသူ့ကိုယ်သူချစ်စရာကောင်းတာလက်ခံပေမယ့် ခုလိုမျိုးသူ့ကိုရည်ရွယ်ထားတဲ့ ချစ်ကြောင်းကြိုက်ကြောင်းစာရှည်ကြီးများကို ဒီနေရာတင်မတ်တပ်ရပ်ဖတ်ဖို့အထိတော့ စိတ်ကမရှည်။
***အများကြီး ချစ်တယ် ဂျုံဆောင်းလေး
မှ စီနီယာဟီဆွန်း***
ဘာရယ်!
ပြောတော့အရှည်ကြီးဆို
"အီဟီဆွန်း ခင်ဗျားမျက်နှာလာပြောင်တာလား"
"ဟင် မပြောင်ရဲပါဘူးခင်ဗျာ"
"အဲ့ဒါဆိုဘာလဲ ရွဲ့တာလား ပြောတော့ရှည်လျားထွေပြားလှတဲ့ ချစ်မြတ်နိုးကြောင်းသံစဉ်လေးတွေဆို!!"
"အဲ့ဒါက ဒီလိုရှိပါတယ်"
ဟီဆွန်းက မျက်ဆံလေးများမတည်မငြိမ်ဖြစ်ကာ လက်နှစ်ဘက်က ပုခုံးပေါ်လွယ်ထားတဲ့ကျောပိုးအိတ်ရဲ့ လက်သိုင်းကြိုးများဆီဖြတ်သန်းပြေးလွှားလျက်။ ဒီလောက်တောင် စိတ်ဆိုးမှာကြောက်ရင် ဘာကိစ္စနဲ့ မထော်မနန်းတွေရေးပြီးလာပေးသလဲမသိပါဘူး။
"အပေါ်ပိုင်းတွေကိုရေးတုန်းက အရှည်ကြီးရေးဖို့အတွေးရှိပါတယ်။ ဟို ခဏကြာမှ ဂျုံဆောင်းလေးကစိတ်မရှည်ဘဲ ခုလိုထအော်မှာစိုးတာနဲ့ မရေးတော့ပါဘူးလေဆိုပြီး အတတ်နိုင်ဆုံးအတိုချုပ်လိုက်တာပါ။"
"ဒါဖြင့်လည်း စာထဲက အဲ့ဒီ့ရှည်လျားလှသော မင်းကိုချစ်ကြောင်းဆိုတာကြီးကိုတော့ ပြန်ဖျက်ပါလား ခင်ဗျားရဲ့"
"အဲ့ အဲ့ဒါလေးပါဖျက်လိုက်ရင် စာကမတရားတိုသွားမှာစိုးလို့ပါ"
ဂျုံဆောင်းဟာ မျက်ဆံများကိုအပေါ်သို့လှန်ချကာ စိတ်ကုန်လျက်ရှိသည်။ အီဟီဆွန်းမှာ ထိုကဲ့သို့ အင်မတိအင်မတန်ကက်သီးကက်သက်နိုင်လှသည့် လူပျိုကြီး လောင်းလျာလေးဖြစ်ကြသည်။
'ရုက္ခဗေဒမေဂျာ မဟာတန်းမှ အီဟီဆွန်း'ဆိုလျှင် မသိသူမရှိ။ ဒါကြောင့်လည်း ဒင်းကရည်းစားစာထဲအထိသူ့ကိုယ်သူကိုယ်ရည်တွေသွေးနေတာ။ မသိသူမရှိဆို မရှိရသည့်ဂုဏ်သတင်းကလည်း သိပ်မွှေးသကိုး။
မျက်မှန်ဝိုင်းလေးနဲ့ သန့်သန့်ပြန့်ပြန့်စီနီယာကြီးအီဟီဆွန်းကအူတူတူအတတနှင့် ကမ္ဘာပျက်ရင်တောင်သူ့အလုပ်သူလုပ်ရင်းအသေခံမည့်သူမျိုးပင်။ စိတ်ဝင်စားစရာဆိုလို့ သူလေ့လာနေသည့် အရွယ်အစားစုံလှသောအပင်တွေသာရှ်ိသည့် အီဟီဆွန်းအား ရုပ်ကလေးကြည့်ပြီးကြိုက်မိသူတို့၏ ရင်ကွဲနာကျဇာတ်လမ်းများစွာကလည်း ဂျုံဆောင်းတို့တက္ကသိုလ်၏ များလှစွာသောပြောစမှတ်ပြုစရာများတွင် တစ်ခုအပါအဝင်။
ဘယ်လောက်တောင်အကြောင်းဆိုးသလဲဆို စီးပွားစီမံမေဂျာကဂျုံဆောင်းတို့သူငယ်ချင်းqueenမလေးဟာ ဂျုံဆောင်းတို့နှင့်အလောင်းအစားလုပ်ကာ အီဟီဆွန်းအားချဉ်းကပ်ဖူးသည်။
ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းသာသွားပြီး ညီအကိုမောင်နှမတွေကလွဲရင် တော်ရုံသူနဲ့မေးထူးခေါ်ပြောသာရှိသော ထိုလူ့ကန့်လန့်အီဟီဆွန်းအား 'စီနီယာနဲ့ထမင်းဝယ်ကျွေးပါ'ဟု queenကလေးက တစ်ပတ်လုံးပူဆာထားပြီးနောက်မှာတော့
ကျောင်းcanteenက စားပွဲထိုးလေးဆီမှ "queenမမဒီနေ့ထမင်းစားဖို့ စီနီယာဟီဆွန်းကကြိုရှင်းပေးသွားပါတယ်"ဆိုတဲ့စကားနောက်မှာ အတူလာစားကြသည့်ဂျုံဆောင်းတို့တစ်ဖွဲ့လုံး အူလှိမ့်ရယ်ကြရသလို ကာယကံရှင်မှာလည်း မီးပွင့်မတတ်ဒေါသတလူလူပင်။
အီဟီဆွန်းကအဲ့လိုရိုးတာလားရွဲ့တာလားမသိသည့်လုပ်ရက်များစွာဖြင့် ကပ်လာသမျှသူအားကန်ထုတ်တတ်လေသည်။
အကြောင်းမသိသူတို့က အချောအလှလေးများအားရင်ထုမနာဖြစ်စေသူ အီဟီဆွန်းဆိုသူက ဘယ်လိုတောင်အသည်းမာသည့် ပလေးဘွိုင်းပါလဲဟု လက်သီးလက်မောင်းတန်းကာ သိချင်မြင်ချင်ကြပေမယ့် လွယ်အိတ်လေးကိုလွယ် လက်ကစာရွက်စာတမ်းတွေကိုပိုက်ကာ စာသင်ခန်းနဲ့စာကြည့်တိုက်ကိုသာ အမြဲ ကူးလူးသွားလာနေသည့် ရှာမှရှား မျက်မှန်ဝိုင်းလေးတပ်သော ပိုးဟပ်ဖြူစတိုင်လ်နှင့်ဟိုတစ်ယောက်လေဟု ပြောသံကြားတော့ ရင်ဘတ်ကိုလက်နှင့်ဖိကာ မထင်ရပါလားဟုရေရွတ်ရပြန်သည်။
ထို့ပြင်ကျောင်း၏ရေပန်းစားလှသောအကြောင်းအရာများထဲမှအမြဲမပြတ်နေရာယူလျက်ရှိသည့် ဆွေးနွေးခြင်းများတွင် အီဟီဆွန်းကသူ့ကိုကြိုက်သည့်သူများကိုထိုသို့မထုံတတ်တေးဟန်နှင့် ကန်ထုတ်နေသော်လည်း သူကသဘောကျရသည့်တစ်စုံတစ်ယောက်ပေါ်လာပါက မည်သို့မည်ပုံနှင့်ချဉ်းကပ်မည်နည်းဆိုသည့် ခေါင်းစဉ်ဟာ ထိပ်ဆုံးက။
အဲ့ဒါအပြင်တစ်ကျောင်းလုံးရဲ့ဆန္ဒအရ အကယ်၍ သူတို့ထဲကအီဟီဆွန်းချဉ်းကပ်တာခံရသူရှိလာရင် တော်ရုံအညှာလွယ်မနေပဲ ဒင်းကိုမှတ်လောက်သားလောက်အောင်ပညာပြန်ပေးရမည်ဆိုသည်ကို သမိုင်းပေးတာဝန်ကြီးလို ထမ်းဆောင်ဖို့အသင့်။
ဒါတွေကိုရော သူ့ရှေ့ကအူကြောင်ကြားက ကြားမိရဲ့လား ဂျုံဆောင်းမသိ။ ဂျုံဆောင်းအနေနဲ့ ဟီဆွန်းကိုရန်ငြိုးရန်စမရှိပေမယ့် ခံလိုက်ရသူတွေဘက်ကတော့ နာတာမို့ ခုတော့ပညာပြန်ပေးချင်နေသည့်ဂျုံဆောင်းခမျာ အပြင်ဘက်မှာမျက်မှောင်ကြီးကြုံ့ပြီး လူမိုက်ပုံဖမ်းနေပေမယ့် စိတ်ထဲမှာတော့ ကလဲ့စားချေရတော့မယ်ဟေ့ဆိုပြီး မျောက်အုန်းသီးရသလို ခုန်ပေါက်ပြေးလွှားချင်နေသည်။
အိမ်ပြန်ရောက်လို့ကတော့ သူတို့အဖွဲ့၏ group chatထဲမှာ သူ့နာမည်ကို အီဟီဆွန်းအား ***တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုယ်စားပြု အသဲခွဲရမည့် ကံထူးရှင်ဂျုံဆောင်းလေးဟု ပြောင်းရမည်။ အတွေးနဲ့တင်ဂျုံဆောင်းကလေပေါ်မြောက်နှင့်နေပြီ။
အယ် နေပါဦး
သူကသာသူ့အတွေးနဲ့သူ လူယုတ်မာပြုံးပြုံးနေမိတာ။ သူ့ရှေ့ကအီဟီဆွန်းက ခြေထောက်နှစ်ချောင်းကြားလေဝင်မရအောင်စေ့ရပ်ထားပြီး ခေါင်းလေးကိုမခို့တရို့ငုံ့၊ လက်နှစ်ဖက်ကိုယှက်ကာ လက်ကောက်ဝတ်မှစ၍ လက်ချောင်းအချင်းချင်းမီးထွက်မတတ်ပွတ်နေတဲ့ပုံကို ကြည့်ရတာကြက်သီးတောင်ထသည်။ ဪ ဖြစ်မှဖြစ်ရလေခြင်း။
"ဒီမှာ ခင်ဗျားရှက်လို့ပြီးပြီလားအခု!"
တကယ်ပါပဲ ရည်းစားစာပေးခံရသူက ဂျုံဆောင်းပါ။ဘေးလူမြင်ရင် ဂျုံဆောင်းကစာပေးလို့သူကရှက်နေသလိုလို။
တတ်လည်းတတ်နိုင်တယ်။ရည်းစားစာပေးတဲ့သူကပြန်ရှက်နေရတယ်လို့။အသက်ကိုလည်းကြည့်တော့ အပျိုဖြန်းလေးလည်းမဟုတ်။ ဘိုးဘွားရိပ်သာကိုခြေတစ်ဖက်လှမ်းနေသည့် ထိပ်စည်းပြောင်းခါနီး လူပျိုကြီးအလောင်းလျာကလေ...
"အယ် မရှက်ရပါဘူး ဒါ...ဒါဆို ကိုယ်ပြန်ပြီဗျ
ဂျုံဆောင်းလေး စဉ်းစားပေးပါနော်။ သတင်းကောင်းမျှော်နေပါ့မယ်ဗျ ခွင့်ပြုပါဦး"
ရှက်ကိုးရှက်ကန်းနှင့် ဗလုံးဗထွေးတွေပြောပြီး လှည့်ထွက်သွားတဲ့ ကျောပြင်လေးကိုကြည့်ရင်း
ဒီလိုလေးကျ ချစ်စရာလေးပါလားဟု ဂျုံဆောင်းပြုံးကာချစ်စနိုးလေးနှင့် နှာခေါင်းရှုံ့မိသည်။
စစချင်းပစ်ပစ်ခါခါငြင်းပစ်ဖို့ကျ နှမျောစရာကောင်းမည်။အထူးသဖြင့် ပျိုတိုင်းကြိုက်သော ရှက်တတ်သည့်နှင်းဆီခိုင်ကြီးရဲ့ မူပိုင်ရှင်ဖြစ်ဖို့က ထီပေါက်တာထက်ကံကောင်းတာမျိုးလေ။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"အဲ့တော့သူကဆေးမှားစားလာတာလား ဘာဖြစ်နေတာလဲ"
တစ်ဖွဲ့လုံးကကြမ်းပြင်မှာဝိုင်းထိုင်ပြီးစာလုပ်ရင်းအာလူးဖုတ်ဖို့လူစုနေတုန်း စားရေးခုံပေါ်ဖင်တက်ထိုင်ကာ လက်ကြီးပိုက်ပြီး မျက်နှာကြီးကိုမော့ကာ ပြုံးလိုက်တည်လိုက်ကျေနပ်လိုက်မရှိသည့်နှုတ်ခမ်းမွှေးရေးရေးလေးများကိုလက်ဖြင့်သပ်ကာ စဉ်းစားလိုက်လုပ်နေသည့် ဂျုံဆောင်းကို သူတို့တစ်ဖွဲ့လုံးက အရူးကြီးလိုဝိုင်းကြည့်ကြသည်။
တစ်ယောက်တည်းနေသည့် အကိုဟန်ဘင်းတိုက်ခန်းက သူတို့လိုအလေနတ်တောလေးများအဖို့ လွတ်လပ်သောဘုံဌာနလေးပင်။
အခုလည်းစာစုကျက်မယ်အကြောင်းပြကာ အမေတွေထည့်ပေးသောစားစရာများကို ချခင်းရင်းတစ်ကြောင်းလုံး၏အတင်းများကို ပြောသူကပြော နားထောင်သူကနားထောင်ကြဖို့အားလုံးအသင့်။
"အဲ့မှာလေ အီဟီဆွန်းရည်းစားစာပေးတာခံရလို့တဲ့ ခုမှတော်သေးတာခုနကဆို အဖြစ်မရှိတဲ့ အဲ့ရည်းစားစာကို ဖတ်ပြနေတာ ဆယ့်ခုနစ်ခါရှိပြီ။ စိတ်ဆင်းရဲတယ် တကယ် အဟွတ် အဟွတ်"
အခုမှရောက်လာပုံရတဲ့Jakeရဲ့အမေးကို တင်ပျဉ်ခွေကာ လက်ဖဝါးတစ်ချပ်စာချောကလက်ပေါင်မုန့်ကြီးကို သုံးကိုက်နဲ့အပြီးစားနေသည့် ဆောနူက ဖြေရင်းနင်ကာချောင်းပါထဆိုးသည်။
"ဪ ဒါကြောင့် ဒီရက်ပိုင်းငါ့အကို ငါတို့အဆောင်ဘက်က ခဏခဏဖြတ်လျှောက်တာပဲ"
"တကယ်တော့ လည်လွန်းတဲ့ဘီး ချီးနင်းမိတာပါကွာ။ Jakeအကိုတော့သနားစရာပဲ။ တစ်ကျောင်းလုံးကအချောအလှလေးတွေက ဖျာလိုလိပ်ထိပ်ပေါ်တင်ထားတာကျ ခုန်ဆင်းပြီး အခုဒီအရူးကိုမှအမဲသားသွားကျွေးမိပြီ။ သူ့ခမျာအူတူတူနဲ့ အရူးဒဏ်ခံရတော့မယ်"
Nicholas ကကြားမှုသမျှစကားပုံတွေကိုထည့်ကာ ဂျုံဆောင်းကိုအားရပါးရဖဲ့သည်။
ဂျုံဆောင်းကတော့အပင်မြင့်လို့လေတိုက်ခံနေရတယ်ပဲမှတ်ပါတယ်လေ။ ပြောမယ့်သာပြောတာ Nicholasကသူ့ကိုတိတ်တိတ်လေးအားကျချင်ကျနေမှာ။ ဟိုတလောကလည်း သူကြိုက်နေတဲ့ကောင်မလေးက ဂျုံဆောင်းကသာသူမtypeလို့ပြောတာပြန်ကြားပြီးတည်းက ဒင်းခမျာ ဂျုံဆောင်းအပေါ်ဆိုသူကအောက်၊ဂျုံဆောင်းဘယ်ဆိုသူကညာလုပ်ပြီး လိုက်ကန့်လန့်တိုက်နေတာ။
Advertisement
"ဘာဘဲဖြစ်ဖြစ် အိခုလေးအကိုက တကယ်ကိုပုံမှန်မဟုတ်တာနော်။ကိုယ်လက်ခံတယ်။ခုပဲကြည့် ဒီလိုဆယ်ပြားလိုကိုမှ စာပါသွားပေးပြီးကြိုက်ရတယ်တဲ့ ပတ်ခ်ဆောင်ဟွန်းယောက်ဖမပီသချက်ကွာ"
ဂွပ်!
"အာ့ ဟေ့ကောင်မင်းအားကြီးနဲ့ခေါက်တာ နာတယ်ဟ။ ဘာလဲသေချင်လို့လား"
"အောင်မယ် သေချင်တာမင်းလေ မြေမျိုမယ့်ကောင်စုတ်။မင်းရည်းစားကိုလင်ပြောသားပြောပြောချင်တာနဲ့ပဲ အကိုရင်းကိုကျပ်မပြည့်ဇာတ်သွင်းစရာလား ဟမ် ဗိုက်ထဲမှာတူတူနေရကျိုးမနပ်တဲ့ကောင်ရဲ့"
"ဘာကိစ္စနေရကျိုးမနပ်ရမှာလဲ။အပိုမပြောနဲ့ ငါမင်းကိုဦးစားပေးပြီး နေရာအများကြီးပေးထားတာကွ"
"ကလေးတောင်သိတယ် အခုမင်းနဲ့ငါဘယ်သူပိုထွားလဲ။ မင်းကြောင့်ငါကြပ်လို့အမေ့ဗိုက်ထဲကအရင်ထွက်ပြီး မင်းအကိုဖြစ်တာကွ"
၂၄နာရီတွေ့နေရလည်း ရန်ဖြစ်မဝတဲ့ ပတ်ခ်အမြွှာအား တစ်ဖွဲ့လုံးက စိတ်ဆင်းရဲနေသောရုပ်များနဲ့ကြည့်ရင်း တစ်သမတ်တည်းတွေးမိသည်မှာ
'အရူးညီအကို'ဟူ၍
တကယ်လည်း အီဟီဆွန်းနဲ့ဇာတ်လမ်းက ညီဖြစ်သူဆောင်ဟွန်းနဲ့ သူ့ရည်းစားJakeတို့ကြောင့်စခြင်းပင်။
ဖြစ်ပုံကဒီလို
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
လွန်ခဲ့သော သုံးလ....
"မင်းကိုဘယ်နှခါပြောရမလဲ အငယ်ကောင်
အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေငါမကြိုက်ပါဘူးဆို ဒီအရွယ်မှာလူငယ်ချင်းပတ်သတ်တာသဘာဝကျပေမယ့် ဟိုဘက်ကယောက်ျားလေးလေ ပတ်ခ်ဆောင်ဟွန်းရဲ့"
တစ်ခါမှမတည့်သည့်ညီအကိုနှစ်ယောက် အရေးကြီးရင်သွေးနီးပြီး သင့်မြတ်ကြပါစေဆိုတဲ့စိတ်နဲ့ အဖေကတူတူအချိန်ကုန်ရန် ရုပ်ရှင်ရုံမှာသရဲကားသွားကြည့်ဖို့ လက်မှတ်နှစ်စောင်ဝယ်ကာ ဆောင်ဟွန်းကိုပေးသည်။
အဲ့ဒါကိုဆောင်ဟွန်းက ဂျုံဆောင်းကိုရုံပြင်မှာ မုန့်တွေအဝဝယ်ကျွေးပြီးထားခဲ့ကာ Jakeကိုရုပ်ရှင်ရုံခေါ်ပြီး အဖေပေးတဲ့လက်မှတ်နဲ့ကြည့်သည်။ ဟော အဖေလိုက်ချောင်းတော့ ဂျုံဆောင်းခမျာ ရုံဝမှာ ငုတ်တုတ်လေးနဲ့မုန့်တွေထိုင်စားလို့ရယ်။
"ငါ့သားကြီးခမျာ မိဘမဲ့ဂေဟာမှာအယုံသွင်းခံရပြီးကျန်ခဲ့တဲ့ကလေးလေးလိုရုံဝမှာ မျက်စိသူငယ်နားသူငယ်နဲ့ ငါ့မှာမြင်ရတာစိတ်မချမ်းသာဘူး။ ပတ်ခ်ဆောင်ဟွန်း မိဘတွေသေသွားရင် မင်းအကိုကိုရောင်းစားမှာတော့မဟုတ်ဘူးမလား"
ဆောင်ဟွန်းကိုဆူတာပေမယ့် ဘေးမှာရောပြီးနားထောင်နေရတဲ့ဂျုံဆောင်းက ရယ်မလိုငိုရမလိုလမ်းပျောက်သည်။ သူ့ပုံကအဲ့လိုသနားစရာလေးဖြစ်မှန်းလည်းသိရော ဆောင်ဟွန်းကို နဂါးမျက်စောင်းဖြင့်ကြည့်လိုက်လေသည်။
တကယ်တမ်းပြောရရင်သူတို့က အမြွှာသာဆိုတာ ရုပ်ကအစအကျင့်စရိုက်အဆုံးတစ်နေရာမှမတူကြ။ ဂျုံဆောင်းက လည်မလိုလိုနဲ့တစ်ပတ်မပြည့်သလို ဆောင်ဟွန်းကျတော့ innocenceပုံပေါ်သလောက်လည်လိုက်တာမှ တဝီဝီမြည်ရော။
ကျောင်းမှာဆိုလည်း ဆောင်ဟွန်းကမနူးမနပ်ရုပ်ကလေးပေမယ့် ရည်းစားကိုသက်စေ့ထားတဲ့ငရှုပ်လေး။ Jakeနဲ့မှခြေငြိမ်တယ်ဆိုပါတော့။ ဂျုံဆောင်းကျတော့ မျက်နှာပေးက ဖိုက်တာပလေးဘွိုင်းရုပ်လိုလို ကြေးစားအကြွေးလိုက်တောင်းတဲ့ လူမိုက်လိုလိုရုပ်ပေမယ့် တကယ်တမ်းကျအဖြူထည်လေး။ အီဟီဆွန်းစာပေးတာခံရလို့ လေပေါ်မြောက်တာပဲကြည့်။
ဒါကိုကောင်းကောင်းသဘောပေါက်သည့်အမေဖြစ်သူကလည်း ဆောင်ဟွန်းကိုအဖေနဲ့ပေါင်းကာငေါက်သည်။
"သားကြီးလိုနေစမ်း ဆောင်ဟွန်း
ဂျုံဆောင်းလေးက ဘယ်သူ့ကိုမှလိုက်မကြိုက်ဘူး အေး သူ့လည်းဘယ်သူ့မှလာမကြိုက်ဘူး "
ခွိ
"အမေ!!!"
ဆောင်ဟွန်းရဲ့ ခွိကနဲရယ်သံအဆုံးမှာ မျက်ရည်အဝိုင်းသား ငိုသံလေးနဲ့ဂျုံဆောင်းကထအော်ရှာသည်။
ဘယ့်နှယ်သူတို့ဆုံးမပုံက ဆောင်ဟွန်းကိုဆူကြတာလား၊ ဂျုံဆောင်းကို ဝိုင်းဖဲ့နေကြသလား မသဲကွဲ။
"အယ် အယ် ဖေဖေနဲ့မေမေက ငါတို့သားလေး ဗိုင်းကောင်းကျောက်ဖိနေတတ်တာကို ဆိုလိုတာပါကွယ် ပတ်ခ်ဆောင်ဟွန်း မျက်နှာပိုးသပ်စမ်း"
"ဟုတ်ကဲ့ ဟီးဟီး"
ထိုနေ့က ဂျုံဆောင်းခမျာသူ့အခန်းထဲမှာ ဒေါသလည်းဖြစ်ဝမ်းလည်းနည်းပြီး ပတ်ခ်ဆောင်ဟွန်းညီအကိုချင်းလူပါးဝသည့်ကိစ္စအား တွေးရင်းတနုံ့နုံ့။ အင်းပေါ့ အကြီးဆိုပေမယ့် အကြီးနဲ့တူတာတစ်ကွက်မှမရှိသည့်ဂျုံဆောင်းလေးမှာ မုန့်မျက်နှာတစ်ကမ္ဘာလုပ်မိလို့ သုံးဘီးကိုမှသနားစရာကောင်းစွာဖြစ်သွားရှာတာကိုး။
ဂျုံဆောင်းရဲ့ သမိုင်းဝင်ကမ္ဘာမကြေသော ခံပြင်းမှုများထဲတွင် ထိုကဲ့သို့ဆောင်ဟွန်းရဲ့နှစ်ပေါက်တစ်ပေါက်ရိုက်တာခံလိုက်ရသည့် ထိုကိစ္စလည်းပါသွားတော့သည်။
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
"ဂျုံဆောင်း ဒီနေ့ကစလို့ ဆောင်ဟွန်းဘယ်သွားသွားကော်လိုလိုက်ကပ်နေစမ်းငါ့သား။ အဲ့ဒီကောင် ဟိုကောင်လေးနဲ့ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်နေရင် အဖေ့ကိုပြန်တိုင် ကြားလား။ ရော့ သားကိုပဲမုန့်ဖိုးပိုပေးတာ အဲ့ကောင်လေးမသိစေနဲ့နော်"
"ဟုတ်ဖေဖေ"
ဂျုံဆောင်း လိမ္မာတော့မှာ။
ဆောင်ဟွန်းရိုသေရသည့် အကိုကြီးဖြစ်ဖို့ သူအရင်လိုမျိုး ဆောင်ဟွန်းပါးစပ်ထဲကမုန့်တွေအထိလည်း လိုက်မနှုိက်တော့ဘူး။ နပန်းလည်းဖက်မလုံးတော့ဘူး။စိတ်ဆိုးရင်လည်း နှုတ်ခမ်းကြီးထော်ပြီး ရန်မတွေ့တော့ဘူး။ ကျေးဇူးတင်စရာရှိရင်လည်း ဆောင်ဟွန်းပေါ်ပြေးပြီး ကြောင်ကြီးလိုကုတ်ဖက်မတတ်တော့ဘူး။ တကယ်တမ်းကျ အဲ့ကောင်က အမြဲအူတူတူအကိုကြီးကို နားလှည့်ပြီးပါးရိုက်တာပဲဟာ ဘာမှကျေးဇူးတင်စရာမရှိဘူး။
ဒါပေမယ့် အကြီးဆိုတော့ သဘောထားကြီးစွာခွင့်လွှတ်တတ်ရမယ်မလား။ ဆောင်ဟွန်းသူ့ကိုရှိန်လာအောင် သူကလူကြီးလူကောင်းဆန်ဆန်နဲ့ အကြမ်းမဖက်ဘဲ လူ့အခွင့်အရေးနဲ့အညီနဲ့ ထိန်းပြတော့မှာ။
လွှတ်ထားလိုက်မယ် တရားမလွန်သ၍။ နောင်တရလာမှပဲ တရားလေးဟောပေးလိုက်မယ်လေနော်။ ဆောင်ဟွန်းရာ ဒီအကိုရှိတာမင်းကံကောင်းတယ်မှတ်။ ကိုကြီး မင်းရဲ့မဟာတံတိုင်းကြီးလုပ်ပေးမယ်နော်။
"ငါးမိနစ်ပဲနော် ဆောင်ဟွန်း ဒီတစ်ခါဖေဖေသိရင် မင်းအပြင်ငါပါဆော်ခံရမှာ"
"အေးပါ ချစ်ကိုကြီးရ စိတ်ချ။ ငါ့အကိုမျက်နှာကိုအိုးမဲမသုတ်ဘူး မပူနဲ့ မပူနဲ့။ အိခုလေးနဲ့ အာဘွားအပြန်အလှန်ပေးပြီး ချက်ချင်းလှည့်ပြန်ကြမယ်သိလား"
"ဟာ...မင်းတို့ဘာသာမင်းတို့ လုပ်ချင်ရာကို ငါးမိနစ်နဲ့အပြီးလုပ်။ငါ့လာအစီရင်ခံမနေနဲ့။ နားရှက်စရာတွေကွာ"
အင်နိုးစန့်ကိုကိုကြီးက နားရွက်လေးတွေရဲကာ ဆောင်ဟွန်းကို တဖုန်းဖုန်းထုရင်း အဝေးကိုရှောင်သွားလေတော့သည်။
"ငါက ငါ့အကိုကြီးကို လေးစားသမှုနဲ့ပါကွ နော့်။
ကဲ ကဲ ရော့ ဒါငါနဲ့Jakeမင်းအတွက်ဝယ်ပေးထားတာ ဟိုးနားလေးမှာထိုင်စားရင်းစောင့်နေနော် လိမ္မာတယ်"
ဆောင်ဟွန်းက ကျောင်းကန်တင်းတစ်ခုလုံးကိုထည့်သလားမှတ်ရသည့် သွားရည်စာအစုံပါသော လက်ဆွဲအိတ်ကြီးအား ဂျုံဆောင်းထံထိုးပေးကာကလေးလိုချော့ရှာသည်။
"ဘာကို လိမ္မာတယ်လဲ ငါဖြတ်ရိုက်လိုက်မယ် အကို့ကိုအဲ့လိုပြောစရာလား။ ပေး! အိမ်ကျမှစားမယ် ဒီတစ်ခါဖေဖေမိရင် မင်းတို့ထက်ငါကပိုသနားစရာကောင်းကြောင်းပြောတဲ့အခါ အော်ငိုမိလိမ့်မယ်တကယ်"
"အင်းအင်း အကိုကြီးရယ်ရော့။
စားချင်တဲ့အချိန်သာစားပါနော် ပူဇော်ပါတယ်။ သုံးဆောင်တော်မူပြီးရင် ရပ်ရွာကိုလည်းစောင့်ရှောက် အဲ ညီလေးတို့ကိုလည်းစောင့်ရှောက်ကြည့်ရှုပေးပါဦး ဟုတ်ပြီလား"
အဖေမြှောက်ပေးထားလို့ ဂျုံဆောင်းရဲ့အကိုကြီးရောဂါကသိပ်မသေးတော့ပါ။ ရှစ်မိနစ်လောက်စောမွေးတာကို ရှစ်နှစ်လောက်ကြီးတဲ့အကိုကြီး ပုံဖမ်းနေတဲ့ ဂျုံဆောင်းကို ဆောင်ဟွန်းကသူ့ဆန္ဒပြည့်ဖို့တစ်ခုတည်းနဲ့ လွှတ်ပေးထားသည်။
ပတ်ခ်ဂျုံဆောင်းစိတ်ချမ်းသာရင် ကမ္ဘာကြီးရော သူနဲ့အိခုလေးရော အေးချမ်းပါတယ်လေ။ ဒါလည်း အချစ်ကြောင့်ရလာတဲ့ ခန္တီမေတ္တာတရားတွေပဲမလား။
ဂျုံဆောင်းမုန့်ထုတ်ကြီး ပိုက်ပြီးအတွဲစောင့်ရင်း ဟိုဟိုသည်သည်ငေးနေလိုက်သည်။စားလည်း မစားရက်။ ခုထိဖေဖေပြန်ပြောတိုင်း ရုပ်ရှင်ရုံမှာ ကြုံ့ကြုံ့လေးမုန့်စားနေတဲ့ သူ့သားသုံးဘီးလေးရဲ့အဖြစ်ကိုကြားတိုင်း သွေးအန်ချင်တဲ့အထိ အသဲနာလွန်းလို့။
"မင်္ဂလာပါ ဂျုံဆောင်းလေး"
"ဘာရယ်!"
"မင်္ဂလာပါ ဂျုံဆောင်းssiလို့ ပြောတာ ဘာကြားလို့လဲဗျ"
ငါကြားတာ တစ်မျိုးလေးပါ....
ဂျုံဆောင်း ခေါင်းလေးဆောင်းကတွေးရင်း
အတွဲစောင့်ပေးရင်း မသိစိတ်ကရည်းစားလိုချင်လာလို့များလား တီတီတာတာတွေကြားနေမိတာထင်တယ်။ ရည်းစားထားခြင်းနဲ့ အဝေးဆုံးမှာနေသည့် အီဟီဆွန်းကဘာကိစ္စသူ့ကို ချစ်စကားတွေလာပြောမှာလဲနော်။
အဲ့အီဟီဆွန်းက လူတွေထက်သစ်ပင်တွေကိုပိုစိတ်ဝင်စားသည့် နှလုံးသားမရှိသော သစ်ပင်တစ်ပိုင်းလူတစ်ပိုင်းကြီးလေ။
မဟုတ်မှ အတွဲလိုက်စောင့်ရင်း ပါရမီဖြည့်နေသည့် ဂျုံဆောင်းက သူ့မျက်စိထဲ အဖော်မဲ့စွာအထီးကျန်ရင်းအိုမင်းသွားရမည့် သစ်ပုတ်ပင်ကြီးနဲ့တူနေလို့များလားနော်။
ကြံရာမရသည့်အဆုံးတော့ ခိုင်မာသည့်စိတ်ကူးဖြင့် ဂျုံဆောင်းမေးလိုက်သည်မှာ
"စီနီယာ မုန့်စားချင်လို့လား?"
"ဗျာ?"
"တစ်ခုတော့ကျွေးပါ့မယ် အမ်း....သကြားလုံးစားမှာလား ဒါမှမဟုတ် ကွတ်ကီးလား ဒီချောကလက်မုန့်လေးရော ဒါကအသစ်လေ လျှာပေါ်မှာအရည်ပျော်ပြီးစားကောင်းတယ်။ ကျွန်တော်စားနေကျ Nabatiဈေးတက်သွားတုန်းက ဒါပြောင်းစားကြည့်တာလေ တကယ်ကောင်းတယ် ဘာစားချင်လဲ လာ လာရွေး"
ဟီဆွန်းက မုန့်ထုတ်ကြီးကို လက်သေးသေးများနှင့်မွှေရင်း တစ်ခုပြီးတစ်ခုထုတ်ပြ reviewတွေပေးနေတဲ့ စကားများနေသည့်ကောင်လေးကို ညနေခင်းအစာထွက်ရှာတဲ့အခိုက်မှာ မြင်သမျှကိုလိုက်နှိုက်ဆွနေရင်း ပျော်နေရှာသည့် ကြောင်ပေါက်စလေးကဲ့သို ချစ်စနိုးဖြင့်ကြည့်နေရှာသည်။
လူကိုအရိုးကျိုးအောင်ပြေးရိုက်မယ့်ရုပ်လေးနဲ့ အကြင်သူလေးကို လူမိုက်ထင်နေတာ တကယ်က တအားချစ်စရာကောင်းသည့် ကြောင်လေးလိုပဲ။ ဟီဆွန်းတော့ ယုယုယယလေးဆွဲပွေ့ကာ အိတ်ထဲထည့်ခေါ်သွားချင်တဲ့အထိပါပဲ။
သူများတွေပြောကြသလို ဟီဆွန်းကသစ်ပင်တွေကိုပဲစိတ်ဝင်စားသည့်သူဆို ဂျုံဆောင်းလေးက လောကကြီးမှာ သူ့အတွက်သစ်ပင်မဟုတ်တဲ့ တစ်ကောင်တည်းသော ကြောင်လေးပဲ။
"ဘာစားမလဲလို့ ဟင်"
"အကိုမစားပါဘူး ဒါပေမယ့်ဘယ်မုန့်ကို အကြိုက်ဆုံးလဲပြောပြမလားခင်ဗျ"
ဘာလဲ အကြိုက်ဆုံးမုန့်ကိုမှတောင်းစားမလို့လား။ ပတ်ခ်ဂျုံဆောင်းက အဲ့လောက်သဘောကောင်းတဲ့စေတနာရှင်ကြီးမဟုတ်ဘူးနော်။
"မစားရင် လာမမေးနဲ့။
အားအားယားယားမဖြေနိုင်ပါဘူး"
ဟုတ်တယ် နဂိုတည်းကမှ သိပ်ကြည့်ရတာမဟုတ်တာကို ဇယားတွေလာရှူပ်နေတယ် အီဟီဆွန်းဆေးမှားစားလာတာပဲ။
"ဘာလာလုပ်တာလဲ။ စီနီယာရော ရည်းစားနဲ့ချိန်းထားလို့လား။ အားကစားကွင်းထောင့်က ချုံပုတ်ပေါတဲ့ ကွင်းပြင်ထဲလာတာ မဟုတ်မှလွဲ မြက်ပင်တွေကို သုတေသနလုပ်မလို့လား။ ဒါဆိုခဏနေဦး ဟိုဘက်မှာ ချိန်းတွေ့နေကြတယ် မမြင်အပ်တာတွေမမြင်ချင်ရင် ဒီမှာခဏထိုင်စောင့်ချည် လာလာ ဒီနားလေးလာထိုင် ဟိုဘက်ကခြင်ကိုက်တယ်နော်"
နှုတ်ခမ်းလေးထော်ပြီး ပြောလိုက် မုန့်ထုတ်ကြီးပိုက်ပြီး သူ့ဘေးကနေရာလေးကိုပုတ်ပြလိုက်နဲ့ အီဟီဆွန်းမျက်စိထဲ ဂျုံဆောင်းလေးက ဘယ်တုန်းကဒီလောက်ချစ်ဖို့ကောင်းသွားတာပါလိမ့်နော်။
"အကိုလည်း အတွဲလာစောင့်တာဗျ။ ဟို အဲ့ချုံအကွယ်မှာ အကို့ညီဝမ်းကွဲရှိတယ်ဗျ"
ကောင်းရော ညီတွေကချိန်းတွေ့ အကိုတွေကလိုက်စောင့်
ʜᴏɴᴇʏ's ᴅᴀʀʟɪɴɢ
စာကြွင်း - နားလှည့်ပါးချတယ်ဆိုတာက ဘယ်လိုပြောရမလဲ ကိုယ့်ကိစ္စကိုကူညီသလိုလိုနဲ့ကိုယ့်ကိုညာချပြီး ကြားထဲကအမြတ်ဝင်ယူသွားတာမျိုးပါ။
နောက်တစ်ပိုင်းဆိုပြီးပြီနော်။
Commission အပ်ချင်ရင်ဒီလအတွက်တစ်ယောက်စာကျန်ပါသေးတယ်လို့ ဟီး"
Unicode
အံ့ဩစရာကြီးနော်
's
***သို့
မှ စီနီယာဟီဆွန်း***
ဘာရယ်!
"အဲ့ဒါက ဒီလိုရှိပါတယ်"
Advertisement
-
In Serial280 Chapters
Era: Dawn of the New Gods
Concise Synopsis: This is a post-apocalyptic story about the origins of various powerful figures that appeared after the apocalypse event. During the apocalypse monsters appeared possessing powers and constitution beyond the limits of human understanding. They ravaged the world and brought down all governments. The first part of the story follows Jade, a terrorist that was ravaging the world before the monsters arrived. Dramatic Synopsis: The New Gods, the most feared and revered beings on the planet. They are forces capable of absolute destruction and creation. The Council of Branches Hayley, the Living Lie (if that is her real name) Chao Feng, the Prince of Stars Lara, the Mother of Heroes The Great City of Tver Gog, the Ever Losing War The Unkillable Freak Dave, the Flow Demon Avatari, (only the name is known) Satoshi, the Gentle Hurricane As Impactful as they are no one knew their origin, they are called the New Gods so there must be Old Gods. I and my collegues dedicated our lives to finding their origins only to find out that the beings we fear and adore were once like us, average, mortal and weak... at least most of them were. *It is a sort of reverse RPG as no one knows anything either skills, abilities or how the system works but they find out on their own or develop their own skills or abilites. *The story has many protagonists and point of views but it paints a beatiful story of survival in a world of endless perils for both the humans and the monsters(some monsters are protagonists). *There is a system but it is very limited (not overpowered) and treats everyone equally, monster or human. The system is very different from regular systems; no exp, levels and system items. *The story is a world building story where overall, the world is the true main character. The cover image photo is credited to Angel David *For now it's one chapter a day
8 96 -
In Serial20 Chapters
MVP
The old say it all started with the gods. They reigned over all the other living beings, without defiance: it was the natural course. Out of mercy, the gods decided to give some of their essence to humans, trying to have humanity achieve new heights. The emerging super-humans were the result; these new powers came with some sort of drawbacks: their bodies could not handle the god’s essence, which would be known as Essentia. This is the tale of Leo and Jax journey, two brothers looking to fulfill their destiny, following the Maddox Void Path (MVP).
8 156 -
In Serial9 Chapters
Return of the Fallen Angel: Book 1
The continuation of Kita's adventures. She meets new friends, explores new areas, and continues her fight against the Red Legion. The original manuscript for several books in the sequel series to the Ascension series.
8 92 -
In Serial85 Chapters
Drops
Kidnapped from his country home as a child and raised by powerful government authorities, a young man born with hydrocyrokinetic abilities poses a serious threat to valuable water resources on his homeland, causing everything to crash and burn. It’s not until a blossoming friendship is born after years of isolation that he must do everything he can to protect those who he has betrayed, and face his complicated past as dangerous circumstances rise in war torn Plod. ————————— This fiction is rated R. Nudity is present. Violence, profanity, trauma, suicide, mental illness, and disturbing elements are prevalent. Gore is described in graphic detail that may be disturbing. The story is very, very depressing. Do not read if you are sensitive by heavy subject matter, including themes of suicide. It is a tragedy, which means that it has dark and disturbing psychological content that is intended for a mature audience. Do not read the whole thing in one sitting, as it may be emotionally draining. Read in small sections. Do not read if you like happy, light novels. Read at your own risk. Haitian Creole and Jamaican Patois will be sprinkled in rarely from time to time. The opinions and thoughts of the characters are not mine. If you are sensitive to traumatic content, please do not read. Do not read if you are sensitive to mental illness, genocide, graphic violence, or the reality of war. I ask that while you critique this story, you do it in a respectful way. If anyone harrasses me/ tries to discourage me from writing, I will report you. All feedback, critique and suggestions are welcome; feel free to comment. I am trying to grow and improve my writing, so constructive criticism behind advanced negative reviews are appreciated. Due to the fact that I am a college student and working part time , some chapters may come a little later than usual. If anyone writes reviews that don’t have anything to help me improve the story and attack me, the author, for choosing to write about these dark themes, kindly please leave, because they should not even be reading, let alone be anywhere near anyone's fictions. I am also interested in any ideas people may have for the drafting process. In other words, if you want to tear apart my story, do it properly, please. Negative reviews that respectfully point out any plot holes, inconsistencies with my characters, or writing style are well appreciated. Anyone attacking me personally will be reported and blocked, especially as the fiction gets longer. I do not need negativity or harassment. For those who take the time out of their day to read and offer helpful feedback, I truly appreciate you all, and you are the best. You have been warned. Read at your own risk. Thank you.
8 143 -
In Serial15 Chapters
The garden of Eden
This story follows a boy name Edwin(a trap) as he becomes stronger in this world called Eden. this is not a gender bender story
8 140 -
In Serial27 Chapters
The Tree-Man and His Wife
When Ron finds a woman attempting to steal a special flower from his forest in the middle of the ocean, he punishes her by giving her the flower and a year to come back and serve him for two years straight. When she doesn't return in the allotted time span, he doubles that period of time for her to work for him. Emily does as her guild instructs her to do and follows through with her punishment. Fear grips her as she grows to love the village Ron had created, for a great evil is after the power she contains and puts the island at risk. This is the story of two polar opposites who find that love can be exciting, as well as deadly.
8 225