《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 4
Advertisement
"ကျွန်တော် စုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပြီလား...?"
"........."
"Ok! ကျွန်တော့် E-mail ထဲကိုပို့လိုက်..!
ခင်ဗျားအတွက် သတင်းပိုတိကျရင်တိကျသလိုရမယ်..."
လက်ထဲမှ ဖုန်းအားချပြီးသည်နှင့် ထိုင်နေဆဲခုံပေါ်သို့ ခေါင်းကိုနောက်လှန်ကာမှီချလိုက်သည်။
"စိတ်တော့ဝင်စားစရာပဲ..
မိန်းမတစ်ယောက်ယူပြီး ကျွန်တော့်ကိုမွေးစေခဲ့တဲ့လူက G*y တဲ့လား...? ဟက်!"
နာနာကျင်ကျင် တစ်ချက်ပြုံးလိုက်ရင်း စကားလုံးတွေကို တစ်လုံးချင်းရေရွတ်နေသော ကောင်လေးတစ်ယောက်...။
သေချာပေါက် မျက်ဝန်းအိမ်ထဲမှာတော့ အရည်ကြည်တွေဝေ့ဝဲနေပေလိမ့်မည်။
ကျွန်တော့်မှာ ပါးပါးနဲ့ပတ်သတ်ပြီး နာကျင်စရာအတိတ်တွေရှိခဲ့ဖူးတယ်...။
G*y သား! , ပြီးတော့ G*y လို့ အပြောခံခဲ့ရဖူးတာတွေ...။
ပါးပါးက မိန်းမယူထားပြီး ကျွန်တော့်ကိုတောင်မွေးဖွားလာအောင်လုပ်နိုင်ခဲ့တော့ စွတ်ငြင်းခဲ့မိတဲ့ ကိုယ့်ပါးစပ်ကိုပဲ အခုတော့ ဓားနဲ့ လှီးပစ်ချင်မိတယ်.. ဟက်..!
မိန်းမတောင်ယူထားပြီး ကလေးတစ်ယောက်ရအောင်လုပ်ပေးနိုင်တဲ့ သူဆိုတော့လဲ G*y စစ်စစ်တော့ မဖြစ်နိုင်ဘူးမလား...?
ကျွန်တော့်ပါးပါးက မြူစွယ်ခံခဲ့ရတာပဲဖြစ်လိမ့်မယ်...။
ဟုတ်တယ်... ပါးပါးက G*y အစစ်မဟုတ်ဘူး!! မြှူစွယ်ခံခဲ့ရတာ....!
ကျွန်တော့်ပါးပါးကိုမြူစွယ်ခဲ့တဲ့ လူကိုပဲ ကျွန်တော့်အတိတ်တွေအတွက် လက်စားချေရမယ်...။
မှိတ်ချမိလိုက်သော မျက်ဝန်းအိမ်တွေထဲမှာ နာကျင်မှုတွေအပြည့်ရှိနေသလို သွေးကြောစိမ်းတွေထောင်နေသည်အထိ ခပ်တင်းတင်းဆုပ်ထားမိတဲ့ လက်သီးနှစ်ဖက်မှာလဲ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေအပြည့်အဝနေရာယူနေ၏။
အဲ့ဒီလိုစကားတွေနဲ့ အပြောခံခဲ့ရတဲ့အချိန်တွေ ၊ လှောင်ပြောင်ခံခဲ့ရတဲ့ အချိန်တွေ ၊ ရန်တွေဖြစ်ခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော် ဘယ်လောက်ထိနာကျင်ခဲ့ရလဲဆိုတာ ခင်ဗျားတို့ မသိဘူး။
ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိရှက်ရွံ့ခြင်းတွေကြီးစိုးနေမလဲဆိုတာကိုလဲ ခင်ဗျားတို့သိမှာမဟုတ်ဘူး။
ခင်ဗျားတို့မှ မခံစားဘူးပဲလေ...။
ခင်ဗျားတို့ နားလည်ပေးဖို့လဲ မလိုအပ်သလို သိစရာလဲ မလိုအပ်ဘူး။
ကျွန်တော့်ကို သနားနေကြမှာကိုလဲ ကျွန်တော် မလိုလားဘူး။
ဒီ Bar မှာပဲ ရက်နည်းနည်းလောက်ထပ်တည်းပြီး စုံစမ်းကြည့်ချင်သေးတယ်...။
Hotel လဲရှိနေတော့ ကျွန်တော့်အတွက် အဆင်ပြေပါတယ်လေ...။
အိမ်မှာဆို ပါးပါးသတိထားမိသွားရင် ဘာသတင်းမှရတော့မှာ မဟုတ်ဘူး။
ခင်ဗျားတို့သိတဲ့အတိုင်း ပါးပါးရဲ့အရှိန်အဝါကလဲနည်းတာမှ မဟုတ်ပဲ...။
Yibo တစ်ယောက် သူတည်းနေတဲ့ အခန်းထဲမှာပဲတစ်ဖက်က ပို့လာမဲ့ mail တွေကို စောင့်ဆိုင်းရင်း အတွေးပလုံစီကာ အကြံတွေ ထုတ်နေလေတော့သည်။
>>>
Ring Ring Ring 📱
ဖုန်းမြည်သံကြောင့် Contact name မှာပေါ်လာသည့် နာမည်ကိုကြည့်လိုက်တော့ "ဝမ်နင်" တဲ့...။
ဝမ်နင်'ဆိုတာ XZ တို့အိမ်က အိမ်တော်ထိန်းရဲ့သားတစ်ယောက်တစ်ဖြစ်လဲ XZ ရဲ့လူယုံတော်လဲဖြစ်ကာ Gym ဆိုင်တွေရဲ့ ဌာနချုပ်ကုမ္မဏီမှာလဲ မန်နေဂျာတစ်ယောက်အဖြစ် ခန့်အပ်ထားခြင်းခံရသည်။
Bar မှာ ကိစ္စတစ်ခုခုဆိုရင်လဲ သူ့ကိုပဲယုံယုံကြည်ကြည်လွှဲပေးတတ်၏။
ထားပါတော့... XZ ရဲ့အားအကိုးရဆုံး လူယုံတော်တစ်ယောက်ပေါ့...။
"အေး ဝမ်နင် ပြော!"
"သခင်လေး စုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပါပြီ"
"ကောင်းပြီ...
ငါ အခုချက်ချင်းအိမ်ပြန်လာခဲ့မယ်"
XZ ညက Bar မှာပဲအိပ်ဖြစ်ခဲ့သည်။
အိပ်တယ်သာဆိုတယ် အတွေးတွေများနေသည်မို့ အိပ်ကောင်းခြင်းအိပ်ရသည်တော့ သေချာပေါက် မဟုတ်ခဲ့ပါလေ...။
သူ ဖုန်းပြောနေတာကို VIP အခန်းရဲ့ တစ်နေရာအကွယ်က နားထောင်နေတဲ့ လူတစ်ယောက်ကိုတော့ XZ သတိမထားမိခဲ့...။
အခုချိန် Xiao Zhan ရဲ့ ခေါင်းထဲမှာ သူ့အတွက် အရေးကြီးတဲ့ကိစ္စတစ်ခုကိုသာ နေရာယူထားလေသည်။
(*ကျန့်ကျန့်.. မင်း ဒီလိုလုပ်တော့မယ်ဆိုတာ လေးလေး သိနေတယ်...
ညက လေးလေး မင်းရှေ့မှာ မငိုခဲ့သင့်ဘူး။
$မှတ်မရှိတဲ့ မျက်ရည်တွေက ခွင့်ပြုချက်မရှိပဲ စီးဆင်းလာခဲ့တာ...
ကောင်းပြီ.. လေးလေး မင်းကို မတားပါဘူး။
မင်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ လေးလေး စိတ်ဝင်စားမိတယ် ကျန့်ကျန့်...*)
ကျန်းချန်အတွေးတွေနဲ့အတူ တစ်ချက်ပြုံးလိုက်မိသည်။
သူ ကျန့်ကျန့်ကိုယုံကြည်သည်။
ပြီးတော့ ထိုအတိတ်ဆိုးတွေဆီကနေလဲ ရုန်းထွက်ချင်မိပါ၏။
>>>
ရှောင်းကျန့် အိမ်ကိုပြန်ရောက်လာတော့ ဝမ်နင်က အဆင်သင့်ဆီးကြိုနေလေသည်။
ဝမ်နင်ပေးလာသော ဖိုင်တွဲတွေကို ဧည့်ခန်းထဲမှာ ခြေချိတ်ထိုင်လျက် တစ်ရွက်ချင်းစီ လှန်ကြည့်နေရင်း ဖိုင်တွဲတစ်ခုအရောက်မှာ XZ မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ သခင်လေး"
ဝမ်နင် ထွက်သွားသည်နှင့် ထိုဖိုင်တွဲတွေကို စားပွဲပေါ်သို့ စိတ်ပျက်လက်ပျက်ပစ်ချလိုက်သည်။
ထို့နောက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ အတက်အကျမရှိသော ခပ်ရှရှအသံတစ်ခုကလဲ လေလှိုင်းထဲသို့ပျံ့နှံ့လာလေ၏။
"ဒီလိုမှန်းသိရင် ငါ မကူညီခဲ့ပါဘူး"
မျက်လုံးအစုံကို အနားပေးစေရန်အလို့ငှာ ခေတ္တမှိတ်ချထားလိုက်သည်။
အတွေးစ,တို့က အတိတ်ဆီသို့သာ တစ်ဖန်ပြန်လည်ဝေ့ဝဲကြပြန်၏။
~~~ Flash back ~~~
"ကိုကြီးရာ...
ကျွန်တော် အရမ်းခံစားရတယ်ဗျာ.. ဟင့်!"
ဧည့်ခန်းထဲမှ ပါးပါးနဲ့လေးလေးတို့ရဲ့ အသံတို့က အတိုင်းသားကြားနေရသည်။
လေးလေး ငိုနေတယ်...?!
"ညီလေး ရာ.. ဖြစ်မှဖြစ်ရလေ...
ညီလေး အခုဘာဖြစ်ချင်လဲ ကိုကြီးကိုပြော..
ကိုကြီး မဖြစ်ဖြစ်အောင်လုပ်ပေးမယ်..
မငိုနဲ့တော့ကွာ... နော်!"
"ညီလေးလေ... ညီလေး
သူ့အနားမှာပဲရှိချင်တယ် ဟင့်..!"
"ညီလေးရာ....."
ရှောင်းဝူ ထိုစကားမှလွဲ၍ မပြောတတ်တော့ပေ...။
ညီလေးက အချစ်ရေးမှာ ကံဆိုးလွန်းလှသည်။
"ဒါပေမယ့် ကျွန်တော်နားလည်ပါတယ် ကိုကြီး... ကျွန်တော့်ကို China ကနေထွက်သွားခွင့်ပြုပါ..."
Advertisement
မျက်ရည်တွေကိုသုတ်ကာ အခိုင်အမာပြောလာသည့် သူ့ရဲ့တစ်ဦးတည်းသော ညီလေးဖြစ်သူ ကျန်းချန်...။
ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီးသွားသလို မျက်ဝန်းအိမ်မှာလဲပြတ်သားမှုတွေအပြည့်နေရာယူနေ၏။
"ကောင်းပြီ...
ကိုကြီး အမြန်ဆုံး စီစဥ်ပေးမယ်... ညီလေး ဘယ်နိုင်ငံသွားချင်လဲ? ကိုကြီးကိုပြော.."
"ဘယ်နေရာပဲဖြစ်ဖြစ် China ကနေဝေးရင်ရပါပြီ..."
ထို့နောက် ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်နေအောင်ဖက်ကာ မျက်ရည်တွေကလဲ အသံတိတ်ကျနေကြပြန်သည်။
လေးလေးနဲ့ သူ့ရဲ့ရည်းစားအကြောင်းတွေကို ပါးပါးပြောပြလို့ ကျွန်တော် ကြားဖူးခဲ့သည်။
ထိုအချိန်အခါက....,
ငါးနှစ်သားအရွယ် ကလေးတစ်ယောက် 'အချစ်'ကို နားမလည်သေးပေမယ့် လေးလေးရဲ့မျက်ရည်တွေကြောင့် 'နာကျင်ရမယ်' လို့တော့ တွေးခဲ့မိဖူးသည်။
အဲ့ဒီနောက်မှာတော့ လေးလေးတစ်ယောက်တည်း China ကနေ အီတလီကို တကယ်ပဲ ထွက်ခွာသွားခဲ့သည်။
လေဆိပ်ကို ကျွန်တော်ရယ် ၊ ပါးပါးရယ် ၊ မားမားရယ်လိုက်ပို့ခဲ့ကြသည်။
ပါးပါးနဲ့လေးလေးကတော့ မျက်ရည်တွေအဝဲသားနှင့်...။
ကျွန်တော်ကရော ဘာထူးလို့လဲ...?
အရည်ကြည်တွေ ရစ်သိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ လေးလေးကိုခေါ်ဆောင်သွားတဲ့ လေယာဥ်ပျံကြီးကို ငေးကြည့်နေခဲ့ရတာပါပဲ...။
>
တစ်နေ့ ပါးပါး အိမ်ပြန်ရောက်လာတော့ ဖိတ်စာတစ်ခုကိုကိုင်ပြီး ဧည့်ခန်းထဲမှာပဲ ငူငူကြီးထိုင်နေလေသည်။
မားမားကတော့ ပါးပါးရဲ့ဘေးနားမှာထိုင်နေပြီး ပါးပါးရဲ့ကျောပြင်လေးကို ပုတ်ပေးကာ နှစ်သိမ့်ပေးနေပုံရ၏။
နောက်တော့ သူတို့စကားပြောရင်း ကြားလိုက်ရတာက လေးလေးရဲ့ရည်းစား မင်္ဂဆောင်တော့မယ်ဆိုပဲ...။
ငါးနှစ်ကျော်ကျော် ခြောက်နှစ်နီးပါးကောင်လေးတစ်ယောက် နားထောင်နေတယ် ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါလေ...။
ဒီနေ့ ကျွန်တော့်အသက် 6 နှစ်ပြည့် မွေးနေ့ တစ်နည်းဆိုရရင် Happy New Year နေ့...။
'လေးလေးကလဲ အိမ်ပြန်လာမယ်' တဲ့...။
ကျွန်တော် ပျော်လိုက်ရတာလေ...။
ပါးပါးနဲ့မားမားကတော့ 'ကျွန်တော့်မွေးနေ့အတွက်ရော Happy New Year အတွက်ပါ လိုအပ်တာတွေ သွားဝယ်မယ်' ဆိုပြီး ထွက်သွားကြလေသည်။
'သားသားလည်း လိုက်မယ်' လို့ပြောပေမယ့် 'လေးလေး ပြန်လာမှာ' ဆိုပြီး ကျွန်တော့်ကို အိမ်မှာပဲ ထားခဲ့ကြတာ...။
အိမ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း အရုပ်တွေနဲ့ ထိုင်ဆော့နေရတာပေါ့...။
နေ့လည်ပိုင်းလောက်ရောက်တော့ အိမ်အရှေ့ကနေ ကားသံတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်...။
ဒါပေမယ့် ကျွန်တော်ထွက်ကြည့်လိုက်တော့ အဲ့ဒီကားက ချက်ချင်း ပြန်လှည့်ထွက်သွားတာဗျ...။
ဘာလား..? ခြံမှားဝင်တာလားပေါ့...။
ကလေးအရွယ်လေးပဲရှိနေသေးတဲ့ ကျွန်တော်က အများကြီးသိပ်မတွေးတော့ပဲ ကလေးပီပီ အရုပ်တွေဆီမှာပဲအာရုံပြန်ရောက်သွားလေသည်။
ကျွန်တော် ဆော့နေတုန်းမှာပဲ အဲ့ဒီကားက ခြံထဲကို နောက်တစ်ခေါက်ပြန်ရောက်လာပြန်သည်။
ကားပေါ်ကနေဆင်းလာတဲ့ လေးလေးကြောင့် ကျွန်တော် ပျော်မလို့ရှိသေး မျက်ရည်စတွေနဲ့ လေးလေးက ကျွန်တော့်ကိုဖတ်ပြီး ရုတ်တရက် ငိုနေလေတော့ ကြောင်အ,သွားရ၏။
ရုတ်တရက်ဆိုတော့ ဘာတွေဖြစ်လို့ဖြစ်နေမှန်း ကျွန်တော် နားမလည်ခဲ့ဘူး...။
နောက်တော့ လေးလေးက ကျွန်တော့်ကို 'တစ်နေရာ ခေါ်သွားစရာရှိတယ်' လို့ပြောပြီး ဆေးရုံတစ်ခုကို ကားနဲ့ခေါ်သွားခဲ့သည်။
အဲ့ဒီအချိန်မှသိလိုက်ရတာက ကျွန်တော့်ပါးပါးနဲ့မားမား မရှိကြတော့ဘူးဆိုတာပါပဲ...။
'ပြန်လာပါ' လို့ ကျွန်တော် အော်ခေါ်ခဲ့ပေမယ့် ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ လူတွေပေါ့...။
ကျွန်တော့်ကမ္ဘာကြီး လဲပြိုကျသွားသလို ခံစားလိုက်ရတယ်...။
လေးလေးကတော့ ပါးပါးတို့ရက်လည်ပြီးတဲ့နောက်ပိုင်း အရက်တွေကိုပဲ တရပ်စက်သောက်နေခဲ့တာ...။
'မသောက်ပါနဲ့' လို့ ကျွန်တော် မတားရက်ခဲ့ဘူး...။
လေးလေးလဲ တကယ်ခံစားနေရရှာမှာ...။
အဲ့ဒီအရက်တွေက လေးလေး ခံစားနေရတာတွေကို တကယ်သက်သာစေတယ်ဆိုရင် ကျွန်တော် ဘယ်တားရက်ပါ့မလဲ...?
ကျွန်တော်လဲ အဲ့ဒီချိန်ကနေစ,ပြီး မွေးနေ့ ဆိုတာကိုရော Happy New Year ဆိုတာကိုပါ ဘာပွဲအခမ်းအနားမှမကျင်းပတော့ပဲ စွန့်လွှတ်ခဲ့သည်။
ဘယ်လိုစိတ်နဲ့များ အဲ့ဒီလိုနေ့ကို ပွဲတွေ ကျင်းပရမှာလဲ...?
ကျွန်တော်လဲ နာကျင်ရတယ်...။
လေးလေးကလေ အရက်တွေသောက်တိုင်း သူ့ခံစားချက်တွေ ကျွန်တော့်ကို ရင်ဖွင့်လေ့ရှိတယ်ဗျ...။
သူ့ရည်းစားအကြောင်းတွေ...
သူကို ဘယ်လောက်ထိ ချစ်ခဲ့ကြောင်းတွေ...
ဒါပေမယ့် လေးလေးရဲ့ရည်းစားကတော့ တစ်ခြားတစ်ယောက်နဲ့ လတ်ထပ်သွားခဲ့တာတွေ...
သူ့ကို အကြိမ်ကြိမ်တောင်းပန်ခဲ့ပေမယ့် လှည့်မကြည့်ခဲ့တာတွေ...
အရာအားလုံးပေါ့ဗျာ.....။
ကျွန်တော် လေးလေးကို အပြစ်မတင်ခဲ့ဘူး။
သူ အရမ်းကိုနာကျင်ခံစားနေရရှာတာ...။
6 နှစ်ကျော်ကျော် 7 နှစ်နီးပါးကောင်လေးတသ်ယောက်က အဲ့ဒီအချိန်မှာ သင်ခန်းစာတွေနှင့်အတူ တွေးမိတာက တစ်ခုတည်းပါပဲ...။
'ပုံမှန် မဟုတ်တဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ယောက်ကတော့ လက်တွဲဖြုတ်သွားတာပါပဲ...' လို့...။
မှန်ပါတယ်...
လေးလေးရဲ့ရည်းစားက ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့ခြင်းကြောင့်ပါပဲ...။
အဲ့ဒီအချက်က ကျွန်တော့်ကို သင်ခန်းစာတွေ အများကြီးရစေခဲ့တယ်...။
အခုအချိန်ထိ ကျွန်တော် B to B ဆက်ဆံရေးတွေကို မယုံကြည်ဘူး။
'တစ်နေ့နေ့မှာ တစ်ယောက်ယောက်ကတော့ သစ္စာဖောက်သွားမှာပဲ' လို့ ကျွန်တော်ကတော့မြင်တယ်...။
Psycho တစ်ခုလို့ပဲ ပြောရမလား...?
အတွေ့အကြုံအရလို့ပဲ ပြောရမလား...?
ကျွန်တော် မသိဘူး။
B to B Rs တွေကို မြင်ရင် 'တကယ်ချစ်မိတဲ့သူက အသဲတွေကွဲပြီး မျက်ရည်တွေနဲ့သာ ကျန်ခဲ့ရလိမ့်မယ်' လို့ကို တစ်ထစ်ချတွေးနေမိတာ...။
Advertisement
လေးလေးကို ကျွန်တော် အဲ့ဒီအချိန်ကနေစ,ပြီး ဘာအကြောင်းနဲ့မှ မနာကျင်စေခဲ့တော့ဘူး။
လေးလေး ခံစားခဲ့ရတာတွေက လုံလောက်လွန်းနေပါပြီ။
'ကျွန်တော် စုံစမ်းထားတယ်' ဆိုတာကလဲ 'လေးလေး ကောင်းဖို့အတွက်' ဆိုတာလေးတစ်ခုပဲ သိထားပေးပါ.....။
>>><<
ကျွန်တော့်ကို ဆေးထည့်ပေးနေတဲ့ neurs မလေးကို စားမတတ်ဝါးမတတ်ကြည့်နေလေသော ထိုအဆိုးလေးကိုကြည့်ကာ 'ရှင်းချန်' ပြုံးမိပြန်သည်။
ဒီနေ့ ထိုလူသားလေးကြောင့် ကျွန်တော် ဘယ်နှစ်ကြိမ်မြောက် ပြုံးမိနေခြင်းလဲဆိုတာပင်မမှတ်မိတော့...။
အေးအေးဆေးဆေးသာနေတတ်ပြီး လူနာတွေကို စေတနာအပြည့်အဝထားကာ လေးနက်လွန်းတဲ့ ကျွန်တော်က ဆေးရုံကိစ္စတွေနဲ့ကို မအားလပ်တဲ့အတွက် တစ်နေ့ တစ်ကြိမ်တစ်ခါမျှ စိတ်ပါလက်ပါပြုံးနိုင်ဖို့ကို ခဲယဥ်းလှသည်။
ဒီအဆိုးလေးနဲ့ကျမှပြုံးနေမိတဲ့ ကိုယ့်မျက်နှာကိုယ် မယုံနိုင်သေးပေ...။
အဆိုးလေးက သူ့ကို ဘာကြောင့် ပြုံးစေနိုင်တာလဲ...?
အဖြေရှာဖို့တော့ လိုနေလေပြီ။
>>>
💞
ကျန်းမာရေးဂရုစိုက်ကြပါနော် ❤
💞 ချစ်ခင်လေးစားလျှက် 💞
"........."
"စိတ်တော့ဝင်စားစရာပဲ..
>>>
Ring Ring Ring
"အေး ဝမ်နင် ပြော!"
"ကောင်းပြီ...
>>>
"မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ သခင်လေး"
~~~ Flash back ~~~
"ကိုကြီးရာ...
လေးလေး ငိုနေတယ်...?!
မငိုနဲ့တော့ကွာ... နော်!"
"ညီလေးလေ... ညီလေး
"ညီလေးရာ....."
"ကောင်းပြီ...
ထိုအချိန်အခါက....,
>
အရာအားလုံးပေါ့ဗျာ.....။
မှန်ပါတယ်...
Advertisement
-
In Serial6 Chapters
“ Don't Fall In Love With The Main Lead ”
Death greeted me when I was riding a train... Did I die? Where am I?Who am I? I've become the the second female lead on my favorite visual novel game! As I realized my fate, I've accepted it, Is it so wrong to accept the world of my dreams? Read my journey of how I break the rules of the game and use them for my own selfish reasons!
8 103 -
In Serial9 Chapters
Just a Brawl Stars Game
It's just up because it's my most popular book.Otherwise i don't associate with this fandom anymore and even find it toxic asfPLEASE READ! ---> 1. NO I WONT MAKE MORE BS FANFICS STOP HARASSING ME OR IM LITERALLY ARCHIVING THE FIC / DISABLING THE COMMENTS2. NO I WONT CONTINUE THE BOOK STOP HARASSING ME IN DMS / INSTA3. EVERY PERSON ASKING ME IN DMS OR PERSONALLY ON INSTA WILL BE MASS BLOCKED ON BOTH OF MY INSTA AND WATTPAD.i hope i made myself clear.-Darwin
8 169 -
In Serial17 Chapters
Letters to Elijah
a girl with 𝕔𝕒𝕟𝕔𝕖𝕣 , a boy with the 𝕔𝕦𝕣𝕖#1 in Poetry out of 274K Books [2/12/2021]
8 203 -
In Serial37 Chapters
HE IS THIRTY SEVEN | VKOOK ✓
Age is just a number and when did love ever have any boundaries? © Bangtanlover95
8 223 -
In Serial21 Chapters
The Bully.
Win Metawin was the schools bad boy and bully. Bright Vachirawit, who was the introvert type, was the main victim to Win Metawins bullying. What happens when Bright finally fights back after years of torture from Win.
8 97 -
In Serial41 Chapters
{Y/N} wakes up in the middle of the woods, surrounded by a thick mysterious fog after a car crash that should've been fatal. But she felt not a single pang of pain from the accident in her body.She's soon met with other people in this strange place who call themselves survivors, and they inform her that she was "taken" just as they were.Taken to entertain The Entity through a series of trials where an unknown killer hunts four of the unlucky survivors that were chosen to take part in one of the daily trails.Escaping the trial just means another night at the camp fire. Death is not an escape- as being sacrificed has the same outcome.During her first trial, she meets a masked girl with long hair the same soft pink color as cotton candy. The girl doesn't move closer to her, and ended up disappearing as quickly as she appeared. The strange girl leaving left a strange ache within {Y/N}'s chest, and she's dying to know more about her.{{{THIS IS A SUSIE (LEGION) X FEMALE READER}}}{{{cover is not my art}}}#1 in DeadbyDaylight 2/22/2022
8 291
