《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》ᴋɴᴏᴄᴋ ᴋɴᴏᴄᴋ (Jayhoon)
Advertisement
နောက်မကျခင်လေးမှာ တံခါးလာဖွင့်လိုက်ပါ။ ဒီတစ်ခါလက်လွှတ်လိုက်ရင် အချစ်ကမင်းဆီပြန်လာမလာ မသေချာတော့တာမို့…..
KNOCK KNOCK !!
တိတ်ဆိတ်ခြင်းသည်အေးချမ်းခြင်းဖြစ်သည်။ ဦးနှောက်အား အပြည့်အဝအလုပ်ပေးနေရမည့်အချိန်မျိုးမှာဆို ပတ်ဝန်းကျင်ကတိတ်ဆိတ်နေမှအဆင်ပြေလိမ့်မည်။အခုလိုမျိုး စာရင်းဇယားတွေနဲ့ရှုပ်ယှတ်ခတ်နေတဲ့အချိန်ပေါ့။
ဂျုံဆောင်းစာရင်းစာအုပ်လေးတစ်အုပ်ကို စားပွဲပေါ်တင် လက်တစ်ဘက်က ဂဏန်းပေါင်းစက်ကြီးအား တဂျုတ်ဂျုတ်တဂျက်ဂျက်နှိပ်ကာနောက်တစ်ဘက်ကတော့ဖြင့် ပါဝါမနည်းမများအနေတော်ရှိသည့် သူ့မျက်မှန်လေးအား ပင့်ပင့်တင်ရင်း တစ်ပတ်စာအသုံးစားရိတ်များကို တွက်ချက်ကာ အလိုမကျလျက်။
ဘယ်သူကဘယ်လောက်တောင်မှ သူမရှာရတိုင်းနင်းကန်သုံးနေလို့ တစ်ပတ်တစ်ပတ်အသုံးစားရိတ်က ရပ်ကွက်ဈေးကို သက်စေ့ပတ်ပြီး တွေ့သမျှလက်ညှိုးထိုးဝယ်လို့ရတဲ့ပမာဏလောက် ထွက်ထွက်လာသလဲ ဂျုံဆောင်းစဉ်းစားမရ။
အဲ့လိုေတွးလို့ အပေါက်ဆိုးပက်စက်လှတယ်လို့လည်း မထင်စေချင်။ တစ်အိမ်လုံးမှာလည်း နှဖူးကချွေးခြေမ,ကျတဲ့အထိ၊ပါးစပ်ထဲကလျှာကရင်ဘတ်ပေါ်ရောက်တဲ့အထိ စီးပွားရှာရတာဂျုံဆောင်းတစ်ယောက်တည်းမို့လေ။
အပူမလိုချင်လို့ ဒီအသက်ဒီအရွယ်အထိ မိန်းမယူဖို့မပြောပါနှင့်။ရည်းစားတောင်မထားဖူးသော်လည်း အရင်ဘဝကသူ့အကြွေးရှင်များဖြစ်ခဲ့ကြသည့် ဝမ်းမနာသားတူလေးနှစ်ယောက်အား အလုပ်အကျွေးပြုရတည်းက ဂျုံဆောင်းဘဝက ငရဲပြည်က ယမမင်းလိုပဲ ပူပူလောင်လောင်နှင့် ဗရမ်းဗတာတွေကို ကြီးကြပ်ကွပ်ကဲရပြီး အော်ရငေါက်ရထုရနှက်လို့လည်း ဒေါသကြောင့်အသက်သုံးဆယ့်ငါးနှစ်နဲ့မလိုက်ေအာင် ရုပ်ကရင့်ပြီး အကျည်းတန်လာသလိုလိုပါခံစားရသည်။
"ကြည့်နေစမ်းပါ ဘယ်တစ်ကောင်က ငါ့အိတ်ထဲက လာလာဘတ်နေလဲ သိတဲ့နေ့အရေခွံစုတ်ပစ်မယ်။ လောလောဆယ်တော့ မုန့်ဖိုးဖြတ်ထားလိုက်ဦးမယ် ဦးလေးငယ်ငယ်လေးပါဆိုပြီး အရိုအသေမရှိဘဲငါ့ကိုလုပ်ချင်တိုင်းလုပ်လို့ရမယ်များထင်နေ-"
ခွမ်း!!!
စာရင်းလုပ်နေသာစားပွဲဘေးနားက ပိတ်ထား သောပြတင်းပေါက်မှန်ဟာ ခွမ်းကနဲကွဲကာ ဝင်လာသည့်ဘောလုံးက ဂျုံဆောင်းနှဖူးအားမှန်သည်။
ဒီလိုမျောက်နဲ့စပ်ကျထားတဲ့တူလေးတွေနဲ့နေရတဲ့ဂျုံဆောင်းမှ ဦးစိတ်တိုလေးမဖြစ်ရင် ဘယ်သူများဖြစ်လိမ့်မလဲနော်။
KNOCK KNOCK !!
"ယန်းဂျောင်ဝန်း ဂင်မ်ဆောနူ!!"
"ခင်ဗျာ"
"မင်းတို့ဘာရည်ရွယ်ချက်နဲ့များ ပြတင်းပေါက်မှန်ကွဲပြီး ငါ့နှဖူးထိတက်မှန်အောင်ဘောလုံးကိုကန်ကြတာလဲ။"
"ဟာဗျာ မတော်လို့ပါဆို အချိန်မရွေးထပေါက်တတ်တဲ့ ချိန်ကိုက်ဗုံးကြီးကိုဘောလုံးနဲ့ချိန်ကန်ရအောင် ကျွန်တော်တို့ကရူးနေတာမှမဟုတ်တာ"
"ဘာပြောတယ် မင်းတို့ မင်းတို့"
ဂျုံဆောင်းပါးစပ်ကထွက်လာမယ့် အလုံးလိုက်သောစကားကြီးအား အားရပါးရပြန်မျိုချလိုက်ရသောအခါ ထောင်းကနဲထွက်နေသောဒေါသကနှစ်ဆပိုဆိုးသည်။ ဒါကိုသဘောပေါက်သော ဟိုနှစ်ယောက်က သူ့အားမိုက်ကြည့်ကြည့်ကာ မချိုမချဉ်။
ဒီနှစ်ယောက်ကိုဆုံးမပေးမည့် သူ့အမတွေနဲ့ယောက်ဖတွေက လွန်ခဲ့တဲ့ဆယ်နှစ်လောက်တည်းက ရှေ့ဆင့်နောက်ဆင့်ထွက်သွားနှင့်ကြပြီ။
အဲ့တော့မိမဆုံးမ၊ဖမဆုံးမလေးများလို့ပြောရင် ကိုယ့်အမျိုးကိုဖျက်သလို၊လက်ရှိဆုံးမနေရသည့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျမည်စိုးတာမို့ ဂျုံဆောင်းပြန်မျိုချလိုက်ရခြင်းဖြစ်သည်။
"လေးလေးကလည်း မတော်လို့ပါဆို တူဝရီးချင်းတွေကို သေးတဲ့အမှုကြီးစေ၊ကြီးတဲ့အမှုပိုကြီးစေလုပ်နေပြန်ပါပြီ"
"ကိုယ့်ကိုယ်ကိုယ်လည်းပြန်ကြည့်ပါဦး ထစ်ခနဲဆိုအော်မယ်ဟစ်မယ်ရိုက်မယ်နှက်မယ်နဲ့ ရပ်ကွက်ကလည်းကျွန်တော်တို့ညီအကိုကိုသနားနေကြပြီ။လေးလေးမဆင်ခြင်ရင် ရဲစခန်းကို ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ တိုင်ခံရလိမ့်မယ်"
ဆူမယ့်သူကပါးစပ်တပြင်ပြင်လုပ်တုန်း ဒင်းတို့က ဆူမယ့်သူကိုပယ်ပယ်နယ်နယ်ဩဝါဒခြွေပြီးနေပြီ။
"အသက်ကဖင့်ဆောင့်နေကြပြီး ပေါက်ကရမှန်သမျှတတ်နေတာကို ဘာကလေးသူငယ်လဲ ငါပြောလိုက်ရမကောင်းရှိမယ်။ အခုနကမှန်ဖိုးနဲ့ငါ့နှဖူးယောင်သွားတာရော ဒီတစ်ပတ်ရဲ့အိမ်အသုံးစားရိတ်များနေတာကြောင့်ရော - "
"ဟိုး ဟိုး ဟိုးထား"
ဘောလုံးကိုပိုက်ထားတဲ့ ဂျောင်ဝန်းက အေးဆေးတည်ငြိမ်စွာဖြင့် လက်ကာပြသည်။
"အဲ့တော့ကျွန်တော်တို့ကို-"
ဂျောင်ဝန်းကဆက်မပြောဘဲသူ့ပုခုံးကိုဖက်ထားသည့် ဆောနူကဆက်ကာ
"ဘယ်နှရက်စာမုန့်ဖိုးဖြတ်မလဲပဲပြော။ လေးလေးမောနေမှာစိုးလို့"
The secret life of pets ထဲက snow ballလို အသည်းယားစရာကောင်းစွာရန်တွေ့နေသည့် သူတူနှစ်ယောက်အား ဂျုံဆောင်းမှာ ရင်ဘတ်လေးဖိကာအံ့ဩရပြန်သည်။
ဒီကလေးတွေက သူ့ကိုတကယ်ကြီး လူကြမ်းဇာတ်သွင်းပြီး ရပ်ကွက်မေတ္တာကိုခံယူနေကြတာပါလား။ အလုပ်တွေများနေလို့သာနော် အချိန်များသာရရင် ကြုံရသမျှဒုက္ခတွေကို ပတ်ခ်ဂျုံဆောင်းနှင့်ပန်းနုသွေးလေးများလို့နာမည်ေပးကာ ရေးပြီးစာအုပ်ထုတ်ဖြစ်ရင် အလုပ်ဖြစ်လောက်ပါရဲ့ဟု ဂျုံဆောင်းတွေးမိသည်။
"ဖြတ်မယ် ဖြတ်မယ် တစ်ပတ်စာဖြတ်မယ်။ ဒါကြောင့်ကျောင်းသွားရင်လည်း အိမ်ကနေပဲထမင်းထည့်သွားကြ"
"အဲ့ဒါဆို ဟင်းမထပ်အောင်ချက်ပေးမလား"
သူ့တူတွေက သူတို့ဦးလေးအကြောင်းကောင်းကောင်းသိသည်။ ကပ်စေးနဲဦးလေးပေါက်စလေးက လက်စုံစားရသည့် ညနေစာကိုတောင် အသီးအရွက်တစ်ပြုံတစ်ခေါင်းနှင့်ချက်တတ်ပြီး အသားဟင်းတစ်ခွက်လောက် ပါသည်ဆိုရုံထည့်ချက်တာ။ ကျောင်းကိုထည့်ပေးသည့်ထမင်းဗူးဆိုပိုဆိုး သူမစားရတိုင်း ဘဲဥနဲ့ကြက်ဥကိုတစ်လှည့်စီကြော်ထည့်ပေးလေရဲ့။
"ဖြစ်နိုင်တာပြောကြနော်။တစ်အိမ်လုံးစားဖို့ငါပဲရှာဖွေနေရတာ။ပိတ်ရက်ကလေးမှာတောင် ကိုယ်စားတဲ့ပန်းကန်ကိုယ်ဆေးဖို့တောင်မနည်းပြောယူနေရတဲ့ဟာတွေရယ်။ ငါပဲတစ်အိမ်လုံးရဲ့ငယ်ကျွန်ကြီးကျနေတာပဲ။မချက်ပေးနိုင်ပါဘူး။မင်းတို့ ကလေးမဟုတ်တော့ဘူးကိုယ်စားဖို့တော့ကိုယ့်ဟာကိုထည့်သွားကြ။တကယ်ပါပဲ"
"လေးလေးနော်!"
"လေးလေးတွေ ပေါ့ပေါ့တွေလည်းတော်တော့။ ငါနဲ့လွတ်ရာကိုကြွကြပါ။မင်းတို့ကြောင့်တစ်နေ့တစ်နေ့ခေါင်းမီးတောက်ရတယ်။ တကယ်ပဲ ငါမရှိမီငါ့တန်ဖိုးသိမယ့်ဟာတွေ။ငါက စကားတွေအများကြီးပြောချင်တာမဟုတ်ဘူးသိရဲ့လား"
ဂျောင်ဝန်းနဲ့ဆောနူက ပါးစပ်လေးအဟောင်းသားဖြင့်သာကြည့်နေနိုင်သည်။ စကားတွေအများကြီးမပြောချင်ပေလို့သာပဲနော်။ သားရေကွင်းနဲ့စည်းထားတဲ့ဖန်ဂေါ်လီအိတ်ကိုဖောက်ချလိုက်သော စကားလုံးတွေဒရောသောပါးပြောနေတာလည်း အဲ့ဒီ့စကားတွေအများကြီးမပြောချင်သူကြီးပါပဲ။
ခုတော့ နှင်ထုတ်ခံရတဲ့တူလေးတွေကသူ့ရှေ့မှ ထွက်မသွားကြလို့ အဖိုးကြီးပေါက်စလေးက သူ့ဟာသူစကားတွေပြောရင်းထွက်သွားသည်။အေတာ်ေဝးသွားသည့်တိုင် စကားသံတွေက တညံညံ။
ဘာတဲ့
"လူကြီးကို လူကြီးမှန်းမသိတတ်တဲ့ဟာလေးတွေ တနေ့ဒုက္ခလှလှကြီးတွေ့ဦးမယ်"တဲ့
ဆောနူနဲ့ဂျောင်ဝန်းက သူတို့လေးလေးစကားအဆုံးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးမိကြသည်။
စိတ်ထဲမှလည်း လေးလေးပြောတဲ့ဒုက္ခလှလှကြီးနဲ့တွေ့ပြီးနေပြီဖြစ်ကြောင်း အူမြူးစွာအော်ဟစ်ဝန်ခံရင်းနှင့်လေ။
KNOCK KNOCK !!
"ဟယ် ဒီနေ့ကလေးလေးတို့မျက်နှာမကောင်းကြပါလား"
"နင်တို့ဘာဖြစ်လာတာလဲ ပြော ငါတို့ကို ပြော ဘယ်သူဘာလုပ်လိုက်လဲပြော ခုချက်ချင်းစာရင်းရှင်းပေးမယ်နော်"
"ကိုကိုတို့ကို ပတ်ခ်ဆောင်ဟွန်းကြီးကရှောင်နေပြန်ပြီလား ဟုတ်လား ဘာသွားပြောပေးရမလဲ"
ဒါဟာလေးလေးရဲ့တူလေးနှစ်ယောက် ကျောင်းဝန်းထဲကို ခြေချလိုက်သည်နှင့် အရွယ်သုံးပါးသောပျိုမဒီချောလေးများက မျက်နှာကိုscanဖတ်ပြီး မေးကြတဲ့မေးခွန်းများသာ။
လေးလေးရဲ့တူလေးတွေက လေးလေးအတွက်သာချဉ်ဖတ်လေးတွေဖြစ်နေတာ။ ကျောင်းမှာတော့အချစ်ခံလေးတွေ။
ခုနကပြောလိုက်တဲ့ ပတ်ခ်ဆောင်ဟွန်းကြီးဆိုတဲ့ကိုကိုကြီးက ကျောင်းရဲ့Kingဆိုရင် လေးလေးရဲ့တူလေးတွေက ကျောင်းရဲ့Crown princeလေးတွေပေါ့။ ဒါပေမယ့် ပတ်ခ်ဆောင်ဟွန်းရဲ့သားသားလေးတွေတော့မဟုတ်ဘူး သူ့ကြင်ယာတော်လောင်းလျာလေးတွေပေါ့။ရှင်းရှင်းပြောရရင် လေးလေးသူတို့ကိုသိပ်တွေ့စေချင်နေသည့် သူတို့ရဲ့ဒုက္ခလှလှကြီး။
ဒုက္ခကြီးကအတော်လေးလှပါသည်။ အရပ်ကြီးလည်းရှည်ပြီး မျက်ခုံးနက်နက်နဲ့ ရယ်လိုက်ရင်လည်း ပေါ်လာတဲ့ပါးချိုင့်ကြီးထဲပစ်ဝင်ချင်စရာအတိကိုမှ နှာတံပေါ်ကမှည့်လေးအထိ အစစအရာရာပြည့်စုံနေပြီးပြီကို ကျောင်းရဲ့ဘက်စုံထူးချွန်ကျောင်းသားလေးဆိုတဲ့ဂုဏ်နဲ့ Seoulတက္ကသိုလ်ကိုလည်း အသာလေးဝင်သွားမယ့်သူတဲ့လေ။ ဘုရားသခင်ကသိပ်ကို ဘက်လိုက်နေတာမဟုတ်လားနော်။
ပတ်ခ်ဆောင်ဟွန်းက မြို့နယ်အဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲမှာပထမရကြောင်း သတင်းတွေတက်လာတုန်းက လေးလေးခမျာ သူ့တူလေးနှစ်ယောက်ကိုအဲ့သည်လို ထူးချွန်ေစချင်ပါကြောင်း ရင်ထုမနာပြောရှာသည်။ ဒါကြောင့်လည်း တူကလေးနှစ်ယောက်မှာ လေးလေးဂုဏ်ယူစရာတူလေးတစ်ယောက်ထပ်ရစေရန်ဆိုသည့် ခေါင်းစဉ်ကြီးကိုအကြောင်းပြကာ တာဝန်အရဆိုပြီး ထိုဒုက္ခလှလှကြီးအား လုပိုးနေသည်မှာခုထိ။
"ကဲပြောကြပါဦး မမတို့ကို"
"စီနီယာဆောင်ဟွန်းကြောင့်မဟုတ်ပါဘူး"
"ဒါဆိုနင်တို့ကို ဘယ်သူကစိတ်ညစ်အောင်လုပ်နေတာလဲ"
"အိမ်ကလေးလေးပေါ့။ဒီတစ်ခါလည်း မုန့်ဖိုးဖြတ်ပြီး ကြက်ဥကြော်နဲ့ထမင်းဗူးထည့်ပေးလိုက်လို့"
"အယ်….ဒါတော့ညီမလေးတို့ မတတ်နိုင်ဘူး။ကိုကိုတို့လေးလေးကိုတော့ ရန်သွားတွေ့ပေးလို့မရဘူးလေ။ ဒါပေမယ့် ရော့ ထမင်းဗူးချင်းလဲကြမလား ရှယ်တွေထည့်လာတယ်"
"ငါရော ငါရော ငါနဲ့ရောလဲကြမယ်မလား"
"ပေးပေးမမကို ပြီးရင် မမရဲ့ထမင်းဗူးယူသွား"
"ထမင်းဗူးတွေမစားချင်လည်း မုန့်စားဆင်းချိန်လိုက်ဝယ်ကျွေးမယ်နော် ကြိုက်တာစားကြ"
"အယ် အယ် အဲ့လောက်အထိမလိုပါဘူး။ ဟို…စေတနာရှိရင် စီနီယာဆောင်ဟွန်းတို့ဝိုင်းမှာသာ နေရာလေး-"
Advertisement
"စိတ်ချ ဘယ်သူမှဝင်မထိုင်စေရဘူး"
ကြည့်ပါလား။ ကျောင်းရဲ့အချစ်တော်လေးတွေဖြစ်နေကြတာမို့ သူတို့သာလိုချင်တယ်ဆို ကျောင်းကကောင်မလေးတွေက စီနီယာဆောင်ဟွန်းကိုတောင်လက်လွှတ်ပေးကြလေရဲ့။
KNOCK KNOCK !!
စာသင်နေတုန်းကြိတ်မှိတ်သည်းခံလာခဲ့သမျှ ထမင်းစားချိန်ရောက်မှ အားရပါးရဖြင့် ထမင်းနဲ့ဟင်းတွေကို ဗိုက်ထဲမောင်းသွင်းနေတဲ့ဆောင်ဟွန်းဟာ ထမင်းလုတ်လေးငါးလုတ်လောက် ခေါင်းမမော့တမ်းစားပြီးမှ မော့ကြည့်လိုက်တော့ အနီးအနားဝိုင်းက ကောင်မလေးတွေက သူ့အားမျက်တောင်မခတ်တမ်းကြည့်နေကြပါသည်။
ပါးစပ်မှာများပေကျံနေလို့လားဟု အတွေးဝင်ကာဆောင်ဟွန်း သူ့ပါးစပ်အားတစ်သျှူးဖြင့်အားရပါးရဆွဲသုတ်လိုက်မိသည်။
"စားနေပြီလားဆောင်ဟွန်း"
အတန်းခေါင်းဆောင်က အေးအေးဆေးဆေးကြည့်ကာမေးလာပုံအရ ဆောင်ဟွန်းမျက်နှာမှာ ဘာမှပေနေတဲ့ပုံမပေါက်ပါဘူး။
"အင်း မနက်စာလွတ်လာလို့လေ လာ ငါနဲ့လာစား ငါဒီမှာတစ်ယောက်တည်းအဖော်မဲ့နေတာ"
အငွေ့ထောင်းထောင်းထနေသောခေါက်ဆွဲဗူးကိုကိုင်ကာ ဆောင်ဟွန်းဆီလာဖို့ခြေလှမ်းပြင်နေတဲ့အတန်းခေါင်းဆောင်က ဘေးဝိုင်းကမိန်းကလေးတွေရဲ့ နဂါးမျက်စောင်းတွေကြောင့် ခြေလှမ်းတွေတုန့်နှေးသွားရသည်။
"ဟေ့ကောင် လာလေကွာ"
"ကြည့်ရတာ ဒါငါ့နေရာမဟုတ်ဘူးထင်တယ်ကွာ ကဲပါ အတန်းထဲရောက်မှတွေ့မယ် တာ့တာ ငါသွားပြီနော်"
"ဟာ ဟေ့ ဟေ့ နေဦးလေ"
"စီနီယာဆောင်ဟွန်း!!!"
သံပြိုင်လာသောအသံလေးနှစ်ခုကြောင့် ဆောင်ဟွန်းကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။
လတ်စသတ်တော့သူ့ဘေးခုံနှစ်ခုံက နေရာဦးထားတဲ့သူလေးတွေရှိနေတာပဲ။ သာမန်ကောင်မလေးတွေကို သွေးအေးစွာငြင်းဆန်နိုင်တဲ့ဆောင်ဟွန်းဟာ ကျောင်းရဲ့အချစ်ခံလေးနှစ်ယောက်ကိုတော့ အမြဲကြည်ဖြူရသည်။ မကြည်ဖြူလဲမရပါ။အင်အားကြီးကြသည်ကိုး။ထိုအချစ်ခံလေးနှစ်ယောက်၏နောက်တွင် အာဂအမျိုးသမီးထုကြီးရှိနေကြသည်လေ။
"လာကြ အကိုပျင်းနေတာနဲ့အတော်ပဲ။ ဒီနေ့တော့ ထမင်းဗူးတွေဘာတွေထည့်လို့ပါလား"
ထိုအခါ အခွင့်အရေးရတုန်း မင်းသားလေးတို့က သူတို့ရဲ့အဖိုးကြီးပေါက်စကလေးအား villainဇာတ်ထပ်သွင်းကြတော့သည်။
"ဒါနဲ့လေ ဒီနှစ်ထဲမှာ ကျွန်တော်…ထူးချွန်စာမေးပွဲဝင်ဖြေမလို့"
ဆောင်ဟွန်းသောက်နေတဲ့ရေတွေသီးသွားပေမယ့် အမြန်လေးအသက်အောင့်လိုက်ရသည်။
ဂျောင်ဝန်းကလေ…
သူ့နောက်မှာဆို အုတ်နံရံပဲရှိတော့တဲ့ ယန်းဂျောင်ဝန်းက….
ဒါနည်းနည်းမှမအပ်စပ်ပါဘူးလေ။
"ကောင်းတာပေါ့ အကိုအားပေးတယ်နော်"
"ကျွန်တော်လည်း လာမယ့်နှစ်ကျရင် ကျောင်းဘောလုံးအသင်းရဲ့ ရှေ့တန်းမှာဝင်ကစားမလို့"
လာပြန်ပြီ။
မြေညီထပ်ကနေ ပထမထပ်ကိုတက်ရတာကို ဟောဟဲစိုက်၊ ကျောင်းဘောလုံးကွင်းကိုပတ် ပြေးရင် တစ်ပတ်မပြည့်ခင် ခြေခွင်ကျတဲ့ ဂင်မ်ဆောနူက ဘောလုံးကန်မယ်။ ဒီနေ့ဘာဖြစ်နေကြတာလဲ!
"ဒါပေမယ့် ဆရာမက အဆင့်တွေတက်လာမှပေးကန်မယ်တဲ့ အဲ့ဒါကြောင့်–"
"ဒီပိတ်ရက်စာပြပေးပါ နော် နော်"
"နော် နော် နော်"
သူသိလိုက်ပြီ။ ထူးချွန်စာမေးပွဲရော၊ကျောင်းဘောလုံးအသင်းရောက ဘာမှအရေးမပါဘူး။အဓိကက သူနဲ့နီးချင်ကြတာ။
ဆောနူချစ်စရာကောင်းအောင်လုပ်ယူနေတာကို စိတ်မရှည်တဲ့ဂျောင်ဝန်းက ကြားဖြတ်ပြောကာ ထပ်မံကြိုးစားသည်။ ဂင်မ်ဆောနူကလည်း ချက်ချင်းအကျိုးပေးလောက်မည့် 'နော်တစ်လုံး'ဂါထာအား အမှီလိုက်ရွတ်ရှာသည်။
နှစ်ယောက်သား ဆောင်ဟွန်းရဲ့ဘေးတစ်ဘက်ဆီမှာထိုင်ပြီး လက်မောင်းတစ်ဘက်ဆီအားဆွဲကာ puppyမျက်လုံးလေးများကိုမှ မျက်တောင်ပုတ်ခပ်ခပ်လုပ်၊သွားကိုစေ့ အပေါ်နှစ်ခမ်းပေါ်ကို အောက်နှုတ်ခမ်းလေးဖြင့်အုပ်ကာ နှစ်ယောက်သားက ယတြာချေနေသလို 'နော်တစ်လုံး'ဂါထာအားရွတ်နေကြလေသည်။
"အိုခေ အိုခေ လာခဲ့မယ်နော် လွှတ်ကြပါဦး တကယ်လာမယ် လိပ်စာလေးပြော"
ဝိုင်းဆွဲထားကြသည့်လက်နှစ်ဘက်ကိုမြှောက်ကာ ဆောင်ဟွန်းမချိပြုံးလေးဖြင့် လက်ခံလိုက်ရသည်။
"ရော့ ကြိုရေးထားတယ်"
"ဒီတစ်ပတ်စနေ တနင်္ဂနွေနော် ထမင်းပါကျွေးမယ် လာခဲ့သိလား"
"ဖြစ်ပါ့မလား လေးလေးက ကပ်စေးနဲဆို"
"မပူနဲ့ကျွန်တော်တို့ဝယ်ကျွေးမှာ ထားလိုက် အဲ့လေးလေးကို"
ဆောင်ဟွန်းတကယ်စိတ်မပါပေမယ့် ငြင်းလို့လည်းမရပါဘူး။ မိန်းကလေးတစ်ရာကိုငြင်းလည်း ဘယ်သူမှမငြိုငြင်ကြပေမယ့် အချစ်ခံလေးတို့နှစ်ယောက်ကိုငြင်းမယ်ဆိုရင် သူကချောင်းရိုက်တာတောင် ခံရမလားမသိတာမို့။
ကဲပါ အလကားနေရင်း ထမင်းလည်းစားရဦးမယ် သွားထိုင်နေပေးရင်ဖြစ်တာပဲဟာ သွားမယ် သွားလိုက်မယ်….
KNOCK KNOCK !!
"ကျက်သရေအင်မတန်ရှိတဲ့မနက်ခင်းပဲ ငါ့ကလေးတွေ မနက်စောစောနိုးနေကြပါလား ကျောင်းပိတ်ရက်ကိုလေ"
ဈေးသွားမှာမို့ အထုပ်လိုက်ဆွဲဖို့ဝင်ခေါ်ပေမယ့် ဖက်အိပ်မနေကြသည့်အပြင် မှန်ရှေ့နေရာလုနေကြသည့်တူနှစ်ယောက်ရဲ့အစီအစဉ်ကိုမသိတဲ့ ဂျုံဆောင်းကတော့ သဘောတွေကျလို့ရယ်
"ဟာ လေးလေးကဈေးသွားဖို့လာခေါ်တာလား"
"ရေမိုးချိုးပြီးမှကွာ။ ဈေးထဲသွားရင်အနံ့တွေပြန်စွဲတော့မှာပဲ"
"ဘာပြောတယ် မနက်ခင်းလေးမှာ ကြည်လင်နေတဲ့ ငါ့ရဲ့စိတ်လေးကို မင်းတို့နှစ်ယောက်က—"
စောစောကတက်ကြွနေသည့် energyများ ချက်ချင်းအနုတ်ဘက်ပြသွားသည့် တူလေးနှစ်ယောက်ကြောင့် ဂျုံဆောင်းမှာ 'အိမ်ရဲ့ကျွန်ကြီး'အမည်နှင့် ဓာတ်ပြားဟောင်းကိုဖွင့်ဖို့ အသက်ကိုရှုသွင်းကာ ပါးစပ်လေးကိုပြင်လိုက်သည်နှင့်
"လိုက်မယ် လိုက်မယ် မြန်မြန်သွားမယ် လာလာ"
ဂျောင်ဝန်းက သူ့ချိုင်းကြားကပိုက်ဆံအိတ်ကြီးနဲ့လက်ထဲကခြင်းကိုဆွဲကာပြေးသွားသည်မှာ ဖိနပ်စင်နားတောင်ရောက်ပြီ။
ဆောနူကလည်း ဂျုံဆောင်းအားတရွတ်တိုက်ကာဆွဲခေါ်လျက်…
"လေးလေး"
"ဟေ"
"အိမ်ကိုဧည့်သည်လာဖို့ရှိလို့ အဲ့ဒါကြောင့်မြန်မြန်ဝယ်မှဖြစ်မယ်နော်"
"ဟုတ်လား အတော်ပဲ ငါ့သူငယ်ချင်းတွေလည်းလာမှာလေ သိတယ်မလား မင်းတို့ ကျောင်း ကိုဒီနှစ်မှ ရောက်လာကြတဲ့ကာယဆရာနဲ့အင်္ဂလိပ်စာဆရာလေ။ အဲ့ဒါကြောင့် ဒီနေ့ဈေးဝယ်ထွက်တာ။"
"အာ သိတယ် ဟိုနှစ်ယောက်လေ။ မုန့်ဈေးတန်းမှာခေါက်ဆွဲပြုတ်ကို လပေးနဲ့ရှင်းပြီးစားကြတဲ့နှစ်ယောက်မလား"
"ဟုတ်လောက်မယ် အဲ့ဒါငါ့သူငယ်ချင်းတွေကွ သေချာအပ်ပေးမယ်မင်းတို့ကို"
"ထင်သားပဲ ကြည့်ပါလား သူငယ်ချင်းတွေတစ်ပုံစံတည်း အဖိုးကြီးစတိုင်လ်တွေ"
"ဟုတ်ပါ့ ကပ်စေးနဲတာလည်းတူတယ်"
"ဟိတ်ကောင်တွေငါကြားတယ်နော် မင်းတို့ဧည့်သည်အတွက်မချက်ပေးပဲနေလိုက်မှာကွ"
"ချက်ပေး လျှာလည်ပြီး နေ့တိုင်းလာစားချင်အောင်လေ"
"နေ့တိုင်းစားချင်လို့လာရင် ငါမကျွေးနိုင်ပါဘူးနော်"
"သူသိတယ် သာမန်ရက်တွေဆို အရွက်ကြော်နဲ့ ကြက်ဥဘဲဥပဲစားရတာကိုလေ။ အဲ့တော့နေ့တိုင်းလာမယ်ထင်ပြီး မစိုးရိမ်ဘဲ လက်စွမ်းပြလို့ရတယ်။"
"ဘာ! မင်းတို့ ငါ့ကိုသိက္ခာချထားကြတာလား"
တစ်ဈေးလုံးလည်း သူတို့သုံးယောက်အသံချည်းပဲ….
KNOCK KNOCK !!
"ဟ ဂျောင်ဝန်းရေ"
"ပြော"
"လေးလေးက ရှယ်ကိုပြင်နေတာပဲ ဒီနေ့သူ့ဆီလာမယ့်နှစ်ယောက်ထဲက တစ်ယောက်ယောက်ကိုကြိုက်နေတာများလားမသိဘူးနော်"
"ကြိုက်နေရင် အောင်သွယ်ပေးလိုက်မယ်လေ သူအိမ်ထောင်ကျသွားရင် ငါတို့နည်းနည်းတော့ အနေအစားချောင်လောက်မယ်"
"ဟာ အဲ့အဖိုးကြီးပေါက်စတွေနဲ့ညားရင် ငါတို့ဒုက္ခကနှစ်ဆဖြစ်ချင်ဖြစ်မှာကွ သူတို့ကတစ်ပုံစံတည်းတွေ"
"စိတ်ပူတယ်"
"ဘာကိုလဲ"
"သူကရှိုးထုတ်နေတာ စီနီယာဆောင်ဟွန်းနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ"
"စဉ်းစားလေ စီနီယာဆောင်ဟွန်းကငါတို့ကိုကျော်ပြီး သူ့ကိုကြိုက်စရာလား"
"ပါးစပ်နဲ့တောင်ထုတ်မပြောနဲ့ ဖွဟဲ့ လွဲပါစေ"
"ငါကျိန်တယ် ဂျောင်ဝန်း။ စီနီယာသာလေးလေးနဲ့ကြိုက်ရင် ငါတို့နှစ်ေယာက်လည်းလေးလေးသူငယ်ချင်းနှစ်ယောက်နဲ့တွဲလိုက်မယ်"
"မင်းဘဲ အဲ့အဖိုးကြီးနှစ်ယောက်လုံးနဲ့တွဲလိုက်။ငါတော့မတွဲဘူး"
"ဟ သဘောပြောတာ"
"ဟိုနှစ်ယောက် အာလူးဖုတ်မနေကြနဲ့ စတိုးဆိုင်မှာဈေးဝယ်ပေးကြဦး ငါ့ဆီမှာစာရင်းလာယူ"
"သူလည်း ဝယ်ကိုမပြီးနိုင်ဘူးစိတ်ညစ်တယ်"
ဒီလိုနဲ့ ရေမိုးထပ်ချိုးပြီးမှ ကုန်ခြောက်ဝယ်ဖို့တူလေးနှစ်ယောက်သား စတိုးဆိုင်ကို ချီတက်ရပြန်သည်။
KNOCK KNOCK !!
"56..57..58..59..60
ဟုတ်တယ် ဒီခြံ။ အိမ်အမှတ်60!!"
နှဖူးမှချွေးစက်များအား ပုဝါဖြင့်သုတ်ကာ ဆောင်ဟွန်းစက်ဘီးကိုဆင်းတွန်းရင်း တံခါးမကြီးကြိုဖွင့်ထားပုံရသည့် ခြံထဲဝင်လာခဲ့သည်။
ထင်ထားသလိုတော့ ချာတိတ်လေးနှစ်ယောက်ကပြေးလာမကြိုကြပါ။
အိမ်မှားလာတာများလား?
စက်ဘီးအားထောင့်ကပ်ရပ်ကာ အရဲစွန့်ပြီးအိမ်တံခါးဆီသို့ဆောင်ဟွန်း လက်လှမ်းရင်း
ဒေါက် ဒေါက်!!
"လာပြီ လာပြီ"
ကျိန်းသေအိမ်မှားလာတာထင်တယ် အထဲကအသံက ဟိုကလေးတွေအသံမဟုတ်ဘူး။
"ဖွင့်ဝင်လာခဲ့လေကွာ မင်းတို့ကလည်း သူစိမ်းတွေမှမဟုတ်တာ…ဟင် ဘယ်သူပါလဲ"
အားရပါးရလောကွတ်ချော်ပြီးမှ မော့ကြည့်သည့် ဘဲကြီးကတစ်ချိန်တည်းမှာပဲ သိပ်ကိုမိုက်ပြီး သိပ်ကိုချစ်စရာကောင်းနေသည်။
"အယ် အိမ်မှားလာပြီထင်တယ်"
"ဟုတ်လား ဘယ်ကိုညွှန်ပေးရမလဲကောင်လေး"
အား…ကောင်လေးတဲ့ လူကြီးပိစိလေးပဲ။ ပိစိလေး။
ဟုတ်တယ် ကြယ်သီးတပ်ရှပ်လက်ရှည်ကိုမှ တံတောင်ဆစ်ရဲ့လက်တစ်ထွာအကွာမှာခေါက်တင်ထားပြီး အောက်က style pantsအနက်နဲ့ အပိုထပ်ဆောင်းအနေနဲ့ apronကဝတ်ထားသေးသည်။ ဟင်းချက်တဲ့ယောက်ျားလေးတွေကလည်း သေလောက်အောင်ဆွဲဆောင်မှုရှိမှန်း ဆောင်ဟွန်းခုမှ လက်တွေ့ယုံရသည်။
လုံးဝမိုက်တယ်။ သူ့ထက်အကောင်သေးနေတာတော့ ချစ်ဖို့ကောင်းရခြင်းအဓိကအချက်။
"ဒီအိမ်နံပါတ်ဘယ်လောက်လဲ အကို"
လာချင်တဲ့အိမ်မဟုတ်လည်း မှတ်ထားရမယ်လေ။ နောက်လာချောင်းမလို့။
"60ပါ"
"ဒါဆိုဟုတ်ပါတယ် ဆောနူနဲ့ဂျောင်ဝန်းတို့ညီအကိုတွေရဲ့အိမ်လားဟင်"
ဖြစ်ပါစေ ဖြစ်ပါစေ….
"ဟုတ်တယ် သူတို့ဧည့်သည်လား လာလေ ပြောတော့ထားတယ် အကိုကလည်းသေချာမေးမထားမိလို့ပါ လာလာ"
"ဟုတ်ကဲ့ ဒါနဲ့ အကိုလည်းသူတို့ ဧည့်သည်လား အမျိုးတော်တာလား ဘာတော်တာလဲ"
"နေပါဦး ထိုင်။ ရေသောက်မယ်မလား ဖြည်းဖြည်းပေါ့"
ဟိုကလေးနှစ်ယောက်မှာ ဒီလိုရုပ်ချောချောအကိုကြီးရှိတာသူလည်းမသိရပါလား။ ဆောင်ဟွန်းဖြင့်ခံပြင်းလိုက်တာ။ဒီလိုမှန်းသိရင် စောစောတည်းကသူတို့အိမ်လာတယ်။
"ကဲရော့ ရေသောက် အအေးကတော့နေဦး ကုန်နေလို့ တူလေးတွေကိုသွားဝယ်ခိုင်းထားတယ်"
တူလေးတွေပါရှိတာလား။ သူ့တူဆိုတော့ လေးငါးနှစ်ပေါ့ အလွန်ဆုံး။သားလေးတွေတော့မရှိဘူးမလား။ ဘုရား ဘုရား။
"အယ် ကလေးတွေကို။ စိတ်ချရပါ့မလား"
"ဒီအရွယ်ကြီးတွေကို စိတ်ချရတာပေါ့ 16 17တွေလေ"
"ခင်ဗျာ! ဆောနူနဲ့ဂျောင်ဝန်းလား"
"ဒါပေါ့ ဒီကကောင်လေးက သူတို့စီနီယာလား ဒါဆိုရွယ်တူလောက်ပဲ လေးလေးကသူတို့ဦးလေးအငယ်ဆုံးလေး"
ဟင်! ဟမ်! ဟာ!
မရဘူးနော် အကိုပဲ။ အကိုဆိုအကိုပဲ။ဘာလဲ နေ့ချင်းညချင်း လေးလေးတဲ့ မခေါ်နိုင်ဘူး လုံးဝပဲ။
"အာ ဟုတ်ကဲ့ အကို"
"ဘာအကိုလဲ လေးလေးပါဆို။ ခေတ်ကာလကလေးလေးတွေများ ပြောရခက်တယ်"
ရုတ်တရတ်နှုတ်ခမ်းကြီးစူထော်သွားတဲ့ ထိုကောင်လေးကဘာကိုချက်ချင်းအလိုမကျဖြစ်သွားမှန်း ဂျုံဆောင်းမတွေးတတ်။
ဒီကောင်လေးက သူ့တူတွေထက်တော့အသက်ကြီးတာ သေချာပါတယ်နော်။
"ဟေ့ ကောင်လေး ဘာအဆင်မပြေလို့လဲ"
"အကိုလို့ပဲခေါ်မှာ"
ဂျုံဆောင်းခဏလေးတော့ကြောင်သွားသည်။ ဒီလိုသူ့ထက်ထွားတဲ့ ကောင်လေးကလည်း ကလေးစိတ်မကုန်သေးတာပါလား။ကြည့်ပါဦး။
အင်း….မတတ်နိုင်ဘူး ကြည့်ရှုထိန်းကွပ်ပေးရမယ့် တူကလေးတစ်ယောက်တိုးလာပြီပေါ့။
KNOCK KNOCK !!
နောက်ထပ်ဂျေးဟူးဖြစ်နေပြန်ပါပြီ။
Jjayကိုဘယ်OTPနဲ့ဖတ်ချင်လဲပြောကြည့်ပါလားရေးပေးမယ်🥺
လောလောဆယ်တော့ ဖိဘက်တွေစောင့်နေပါတယ်နော် ပလိစ်>
KNOCK KNOCK !!
ခွမ်း!!!
KNOCK KNOCK !!
"ခင်ဗျာ"
Advertisement
-
In Serial8 Chapters
Witch apprentice and moon halo
This is my second story. Unlike my first story this is way more easy to understand and fun to write than my last one. It might be easy to guess what is going to happen next but hopefully some of you might become suprised by directions where I went. Currently I have wroten 8 chapters. Depending on how much people like this story I might trop my first series for now. In other words if there isn´t hardly anybody reading this then I will trop this series for sure. I´m just testing out. You might want to hear about how this series is. It is coming now. Person lived as witch apprentice his whole live and is now dying. He was happy about how his live went but for some reason he came back to his younger self. At first he didn´t want to change anything but he finally choosed to change. Was it a wise choice?
8 207 -
In Serial195 Chapters
[Cryoverse] The Last Precursor
One hundred million years ago, an unknown cataclysm rendered humanity extinct. After conquering seven galaxies and becoming a super-civilization, terrankind vanished from the cosmos. Time passed. Their animal descendants (Cats, dogs, and crocodiles, among others) all evolved and Uplifted themselves to become the new overlords of the Milky Way. But the newly Uplifted were not ignorant of the past. How could they be? Countless records lay scattered among the stars of the ancient Precursor civilization which came before them. Their ancient facilities and installations dotted countless worlds. Their superweapons fell into the hands of the Uplifted, and countless wars followed. Once the Uplifted established their empires, a tenuous peace followed. Finally, it seemed as if the old wounds had begun to heal, leaving only a cold war that stretched on for several centuries. But what they did not know was that one human had survived. One last Terran, a super-soldier employed by the most powerful military humanity had ever conceived. Jose Rodriguez awakens from stasis sleep to find himself alone, his entire species wiped from the universe. He is the last living Terran. He is the Last Precursor. Do you like Astartes? Do you like Deus Ex? Ever read Chrysalis? What about this music video? How about this one? If you enjoyed several or all of the above, you will enjoy The Last Precursor :)
8 199 -
In Serial14 Chapters
Overdone Book Titles
Every single fucking story in existence on WattPad has practically the same names. It's fucking annoying.Highest ranking #830 in Non-Fiction.
8 80 -
In Serial40 Chapters
The Chaos Immortal
Before the beginning of time, there was chaos. Or rather that was how many thought. The one being that knew the entirety of the matter did not have the thought to correct this. He would rather observe everything in silence. One day, due to boredoom, he decided to personally experience the universe. He has experienced all yet he is a complete novice at the same time. Read about the epic (or not) adventure following our hero on his adventure.
8 291 -
In Serial17 Chapters
Silverscale Paradise (A Yandere Harem Adventure)
Warning: This story contains R18 content and depicts sexual acts. Hey there, Mark Gregory here! This is the story of how I got sucked into the world of a trashy Harem manga that only lasted 12 chapters. I read it while I was high the night before and only vaguely remember anything about it....so yeah. No foresight. Also, it appears I am a brokenly powerful character, possibly the secret end boss, that was hiding in plain sight the whole time. - That is to say, the "Quiet Prince" student in their class. My new name is Zeneff Silverscale...can you guess what I am? If you guessed overpowered godlike dragon, then you are correct! The problem is...I don't want to be evil...and I don't know enough about the story to follow along...so what do I do? The Answer: Whatever the Fuck I want. I will also be posting this story on Scribble Hub
8 108 -
In Serial14 Chapters
Life Poems
"The poems I write needs to be read one day."Copyrights themangostyles 2016
8 158