《"ᴊᴏɴɢsᴇᴏɴɢɪᴇ's sᴛᴏʀɪᴇs"》KNOCK KNOCK (Jayhoon)
Advertisement
KNOCK KNOCK !!!
"စီနီယာ ရော့ ထည့်စား"
"ဟုတ်တယ် အားမနာနဲ့ မမှီတဲ့ဟင်းခွက်ရှိရင်ပြောနော် ထည့်ပေးမယ်"
နေ့လည်စာထမင်းဝိုင်းလေးက သာသာယာယာ။ ဂျုံဆောင်းမှာ အင်မတန်မှဧည့်ဝတ်ကြေပွန်ကြသော တူကလေးများကိုကြည့်ကာ ဒီအတောအတွင်းသူကလေးတွေကို သေချာလေးသွန်သင်ထားခဲ့မိလို့ ဂုဏ်ယူနေမိသည်။
"အဟမ်း ကလေးတို့ မင်းတို့ဆရာတွေကိုလည်း ထည့်ပေးလိုက်ကြပါဦး"
"ဆရာဟီဆွန်းကလက်တွေရှည်တော့အကုန်မှီတယ်လား ထည့်စားနော်"
တုံဏှိဘာဝေဟင်းခပ်နေသောဟီဆွန်းက ဂျောင်ဝန်းရဲ့ကြောက်စရာကောင်းသောအပြုံးလေးအား သွားဖြဲလေးနဲ့တုံ့ပြန်လိုက်ရသည်။
"ဆောနူလေး ဆရာ ရိုးရိုးရေလေး ဘယ်နားကရမလဲ"
"ဆရာ့ထိုင်ခုံနောက်က တံခါးတွေ့လား ဖွင့်ဝင်သွား။ စတိုခန်းထဲမှာ ဟိုတလောကဒုက္ခသည်တွေကိုလှူဖို့ဝယ်ထားတဲ့ရေသန့်ကတ်တွေပိုနေတာရှိတယ် သွားယူသောက်နော်"
"ဪ အင်းပါ"
"နေ နေ ဂျယ်ယွန်း ငါသွားယူပေးမယ်"
ခဏကြာတော့ ဆိုဒ်အသေးဆုံးရေသန့်ဗူးလေးနှစ်ဗူးကို ဂျုံဆောင်းကယူလာပေးသည်။ သူ့အတွေးထဲ၌လည်း ထိုကကြိုးကကြောင်လေးများအား လူတန်းစားမခွဲခြားဘဲ ပျူငှာပေးရန်ထပ်ဆုံးမဖို့တွေးရင်း
"အကို့! ထမင်းလေး ထပ်လိုချင်လို့"
"ဟုတ် ရမယ် ရမယ်"
"စီနီယာပန်းကန်ပေး"
"ပေး ငါထည့်ပေးမှာ"
"မရဘူး ငါအရင်တောင်းတာ"
"တော်ကြစမ်း မျက်စိတွေကိုနောက်နေတာပဲ ထမင်းပန်းကန်လောက်ကငါလည်းမှီတယ် ငါထည့်ပေးမယ်"
"ရော့အကို များများလေးထည့်ပေး"
ဂျုံဆောင်းဟိုနှစ်ယောက်ကိုလှမ်းဟောက်နေတုန်း သူ့မျက်နှာချင်းဆိုင်က ဆောင်ဟွန်းကဘယ်အချိန်တည်းကသူ့ဘေးရောက်လာမှန်းမသိလိုက်။
"ဘာတဲ့ အကို?"
"အကိုတဲ့!!"
သူ့တူနှစ်ယောက်ကလည်း ပြေးကုတ်တော့မယ့်ကြောင်တွေလို သူနဲ့ဆောင်ဟွန်းအား အသင့်အနေအထားနဲ့ကြည့်နေကြသည်။
"စားကောင်းလို့လေ အကိုချက်တာမလား"
"အင်း ဟုတ်တယ် နောက်စားချင်ရင် လာလည်နော်"
ဒီတိုင်းသွားဖြဲစားနေတာမျိုးမဟုတ်ဘဲ ကျွေးချင်မွေးချင်စိတ်ဖြစ်အောင်နေတတ်တဲ့ကလေးမို့ ဂျုံဆောင်းရဲ့ကပ်စေးနဲခြင်းအား ခဏဘေးချိတ်ထားလိုက်သည်။ သူကအဲ့လောက်လည်း သဘောထားသေးသိမ်တဲ့သူမဟုတ်ရပါဘူး။ ခုလိုမျိုးဂျုံဆောင်းက ချစ်စရာကလေးတွေအပေါ်လည်း သဘောကောင်းတတ်ပါတယ်လေ။
ဘာဘဲဖြစ်ဖြစ် ဆရာလေးနှစ်ယောက်ကတော့ နှုတ်ကစကားလုံးများထွက်မလာအောင် ထမင်းလုတ်တွေနဲ့ဆို့ထားကြပုံဘဲ။ အသံကိုမထွက်ဘူး။ ဒီလောက်ကြီးကုန်းရုန်းစားနေကြတာမဟုတ်သေးပါဘူး သူကစေတနာရှိပေမယ့် သူ့တူတွေကနဂိုတည်းက သူငယ်ချင်းနှစ်ယောက်ကို နှာခေါင်းရှုံ့နေကြတာကို။
"ငါ့တူတွေကို ကျောင်းမှာ ဂရုစိုက်ပေးကြဦး သိတဲ့အတိုင်း ပြဿနာလေးတွေလေ"
"ကျွန်တော့်ကိုလည်း အပ်ပါတယ်"
ဟီဆွန်းနဲ့ဂျယ်ယွန်းက နှုတ်ဖွင့်ဖို့လုပ်ပေမယ့် တစ်ယောက်ကကြားဖြတ်ပြောပြန်ပြီ။
"ဆောင်ဟွန်းကိုဆရာတို့က အရင်တည်းကဂရုစိုက်ပေးပြီးသားပါ"
"ဟိုတလောက Speakingပြိုင်ပွဲဆို ဆရာအဖော်လိုက်ပေးတာလေ"
"သိတယ်လေ အခုက အကို့ကိုပြောတာ။ ဆရာတို့ကိုမပြောဘူး"
ဟင်းရည်ဇွန်းကြီးကိုကိုင်ထားတဲ့ဟီဆွန်းလည်း ကျောက်ရုပ်ကြီးဖြစ်သွားသလို ပလုတ်ပလောင်းနဲ့ဂျယ်ယွန်းလည်း ပြူးကြောင်ကြောင်။ ထို့နောက် သူတို့အချင်းချင်းအကြည့်နဲ့စကားပြောမိကြသည်။
ဒီနေ့ငါတို့ကကိုယ်ပျောက်နေတာလား ဂျယ်ယွန်း…
အင်း ခုထိကျွန်ေတာ်တို့ကိုရည်ရွယ်တာ တစ်ခုမှမရှိသေးဘူးဘဲနော်…
အဲ့ဒီ့နေ့ကတော့ ဆရာအူကြောင်ကြားလေးနှစ်ယောက်ရယ် ခုထိဘုံရန်သူကိုမသိဘဲ အချင်းချင်းရန်ဆောင်နေတဲ့လေးလေးရဲ့တူလေးတွေရယ် အကိုခေါ်ခံရသူလေးလေးနဲ့ လေးလေးရဲ့ပြဿနာအသစ်စက်စက်ကလေးတို့ရဲ့ ထမင်းဖိတ်ကျွေးခြင်းမမည်တဲ့ မိဘဆရာမိတ်ဆုံစားပွဲလေးဟာ အနေရခက်စွာပြီးဆုံးသွားလေသည်။
KNOCK KNOCK !!!
"ဂျောင်ဝန်း ဆောနူ အတန်းမလစ်ကြနဲ့တော့နော်"
"နောက်တစ်ခါကျောင်းချိန်နောက်မကျစေနဲ့"
"ဆောနူတွေ့ကရာလျှောက်မစားနဲ့ မင်းဖျားရင်လူကြီးတွေအလုပ်ရှုပ်မယ်"
"ဂျောင်ဝန်းရေ ဒီနေ့မင်းတို့ tutorialရှိတယ်မလား။ ဘဲဥမကွဲရင် အကိုစိတ်ဆိုးရလိမ့်မယ်"
ကိုယ့်crushကြီးမို့သာ အောင့်သက်သက်ကြီးခေါင်းညိတ်ပြုံးပြနေရတာ အတော်လေးမအီမသာဖြစ်ရသည်။
ကျောင်းချိန်လေးပဲ လေးလေးပါးစပ်နဲ့လွတ်ပါတယ်ဆို ကျောင်းရောက်တော့လည်းမတော်ရသေးတဲ့ရည်းစားက ဆုံးမဩဝါဒခြွေပြန်သည်။
ပတ်ခ်ဆောင်ဟွန်းက ဘယ်တုန်းကများသူတို့ကိစ္စတွေကို အဲ့သည်လောက်အထိစိတ်ဝင်စားသွားရပါလိမ့်။
"စိတ်မဆိုးကြဘူးမလား"
"နည်းနည်းလေးမှမဆိုးပါဘူး ကျေးဇူးတောင်တင်သေးတယ် နော့်ဆောနူ"
"ဟုတ်တာပေါ့ ကောင်းစေချင်လို့ပြောတာကို ငြိုငြင်စရာလား အကိုတစ်ခွန်းဆိုတစ်ခွန်းပဲ"
ဒါတွေကို လေးလေးကြားရင် ရင်ဘတ်စည်တီးငိုလိမ့်မလားဘဲ။
"အကိုက တူလိုသားလိုသဘောထားပြီး ဆုံးမတာပါ"
"ဗျာ?"
"ညီလောက်ဆိုရပါပြီ စီနီယာရဲ့"
ကြည့်ရတာ အဖိုးကြီးပေါက်စလေးတွေကိုကြည့်ပြီး သူတို့စီနီယာလည်း ဦးလေးဖြစ်ချင်သွားတာနေမှာပါ။
"ကဲလာသွားကြမယ်"
"ဘယ်သွားမှာလဲ"
"ကျောင်းတက်ခေါင်းလောင်းမှမထိုးသေးတာ လျှောက်သွားကြမယ်လေ"
"အကိုမလိုက်တော့ဘူး ည ညနေကျအပြန်သွားစရာရှိလို့လေ အဲ့ဒါဆရာမခိုင်းထားတာတွေကို မြန်မြန်သွားလုပ်ဦးမယ်တာ့တာ တာ့တာ"
"အယ် အယ်နေပါဦး"
"ဪ ဆောနူမေးထားတဲ့စာပိုဒ်လေ ဆရာဂျယ်ယွန်းကသူရှင်းပြမယ်တဲ့ noteထုတ်ထားတာတွေပါပေးမှာမို့ နားနေခန်းကိုခေါ်နေတယ် သွားလိုက်နော်"
ဆောနူမျက်နှာဟာ မိုးကြိုးတွေပစ်လွှတ်တော့မည့် တိမ်မဲကြီးလို မဲပြာသွားလေသည်။
"ဂျောင်ဝန်းကိုဆရာမက စတိုခန်းကခုံအကျိုးတွေကို ဒဏ်ပေးပြီးရှင်းခိုင်းထားတာလည်း ဆရာအီကကူပေးဖို့စောင့်နေတယ် မြန်မြန်သွား အကိုလည်းသွားပြီ"
ဂျောင်ဝန်းဟာပြေးသွားသောဆောင်ဟွန်းရဲ့ အင်္ကျီစကိုကြောင်ကလေးလိုလိုက်ဆွဲသော်လည်းမမီလိုက်လို့ ဒေါကန်နေသည်။
"အဲ့ဒီ့နှစ်ယောက်ကိုကြည့်မရပါဘူးဆို။ စီနီယာလည်းတဖြည်းဖြည်းနဲ့ လေးလေးနဲ့တူလာပြီဘဲ"
ဂျောင်ဝန်းကမြက်ပင်တွေအား ပစ်ကန်ရင်းမကျေမနပ်ဆိုသည်။
"ကြိုက်သွားတာတော့မဟုတ်ဘူးမလား"
"ဂင်မ်ဆောနူနော် ပါးစပ်ပုတ်ကြီးနဲ့။ မင်းစကားအတိုင်း ဟိုအဖိုးကြီးနှစ်ယောက်နဲ့မယူချင်ရင် ထပ်မပြောနဲ့"
သူတို့နှစ်ယောက်အကြည့်ချင်းဆုံကာ စိတ်ထဲကရေရွတ်လိုက်မိသည်။
လေးလေးနဲ့ယှဉ်ရင်တော့ တို့နှစ်ယောက်ကမသာစရာမရှိဘူးမလား။ လေးလေးခမျာခုထိသူ့ကို ခုထိဘယ်သူ့မှမကြိုက်လို့ လူပျိုကြီးဖြစ်နေတာကို။မဖြစ်နိုင်ပါဘူး။
KNOCK KNOCK !!!
ဂျုံဆောင်းက ဝါသနာလည်းပါတဲ့အလုပ်နဲ့ကိုက်သည့် JSအမည်ရှိ Restaurantတွေကို ဆိုင်ခွဲတွေအများကြီးဖွင့်ထားလေသည်။ တစ်နေ့တစ်နေ့ Seoulကဆိုင်ခွဲတွေကို လှည့်လည်ကြည့်ရှု၊ Menuအသစ်တွေပြင်ရတာအပြင် customer feedbackများ Onlineပေါ်က reviewများအား သုံးသပ်ဖတ်ရှုရသည်နှင့်မအားဘဲရှိနေသည်။
ဒီနေ့တော့ပင်ရင်းဆိုင်ကြီးမှာ chefအင်အားမလောက်တဲ့နေ့မို့ ဝင်ကူရင်း တစ်မနက်ခင်းလုံး ဆိုင်နောက်ဘက်မှာချွေးတလုံးလုံး။ မြန်မြန်ဝန်ထမ်းသစ်တွေခေါ်ဦးမှဖြစ်မည်။
ဒီလိုနဲ့နေ့လည်ရောက်မှ အိမ်မှာ ခြေဆန့်လက်ဆန့်တစ်ရေးလောက်အိပ်မယ်လုပ်ကာမှ အိမ်ဖုန်းကို ကျောင်းရုံးခန်းကဖုန်းဝင်လာသည်မို့ ခေါင်းနပန်းကြီးသွားရသည်။
ကျေးဇူးရှင်လေးတွေ ဘာပြဿနာတွေရှာထားပြန်ပြီလဲမသိ။
အုပ်ထိန်းသူအနေနဲ့ ပြဿနာသွားရှင်းရမှာမို့ အနည်းငယ် ရည်ရည်မွန်မွန်ပုံလေးပေါ်အောင် ရိုးရိုးရှင်းရှင်းတီရှပ်လေးအပေါ်ကိုမှ အရောင်မရင့်လွန်း မဖျော့လွန်းသော cardiganလေးထပ်ကာ အောက်ကကာကီရောင်လေးဝတ်ရင်း ဆံပင်ကိုအုပ်အုပ်လေးအားအနေတော်ပုံသွင်းကာ ငွေကိုင်းမျက်မှန်အသစ်လေးအားတပ်ကာ ကျောင်းရုံးခန်းသို့ ဦးတည်ခဲ့သည်။
လမ်းတစ်လျှောက်လုံးလည်း မလိမ်မိုးမလိမ္မာလေးများအား ပတ်ခ်ဆောင်ဟွန်းလေးအား အတုယူရန်ဆုံးမရမည့် ဩဝါဒများအား ခေါင်းထဲစီရင်း….
"အဲ့ဒါကြောင့်မင်းကိုငါမပြောဘူးလား ကိုယ့်လမ်းကိုယ်သွားကြမယ်လို့။ ခုတော့လေးလေးကရုံးခန်းကိုသွားပြီ ငါတို့ကိုလည်း ဘယ်အချိန်ရုံးခန်းကခေါ်မလဲမသိဘူး"
စိတ်မပါလက်မပါစာသင်နေရင်းမှ အခန်းရှေ့မှ သုတ်သုတ်သုတ်သုတ်ဖြတ်သွားသည့် နှစ်ယောက်မရှိသော ဦးလေးဖြစ်သူအားမြင်လိုက်ရသည့်အခါ တူကလေးနှစ်ကောင်မှာ ဖင်မငြိမ်နိုင်ဘဲ ထိုင်မရထမရဖြစ်လျက်ရှိသည်။
တစ်ပတ်မုန့်ဖိုးဖြတ်ခံရတာတောင် ခုထိရက်မပြည့်သေးတာကို ထပ်ဖြတ်ခံရမည်ဆိုလျှင် သူတို့လည်း စားချင်တာမစားရသောရောဂါနှင့် သေသွားကြမည်ထင်ရဲ့။
Advertisement
"ဟာဖြစ်ခဲ့တဲ့ကိစ္စက ဒါဒီတိုင်းလက်ပိုက်ကြည့်နေလို့မှမရတာ"
"အဲ့ဒါဆိုလည်း လက်ဖြုတ်ပြီး ခပ်ဝေးဝေးကကြည့်ပါလား"
"ဂင်မ်ဆောနူ ထိုးခံရတာ ငါတို့ရဲ့အချစ်ဆုံးကြီးလေ မင်းကအဲ့လိုလား ရတယ် ဒါဆိုနောက်ဆုတ်လိုက်"
ဒီနေ့ ရန်ပွဲအား စပ်စုစိန်လေးများပီပီသွားချောင်းရုံနဲ့ ပြဿနာထဲပါလာလိမ့်မယ်ဘယ်ထင်မလဲ။
ဒါပေမယ့် ပတ်ခ်ဆောင်ဟွန်းနဲ့ repeaterတစ်ယောက် သတ်ပုတ်နေတာကို ခွပ်နေသည့်တိုက်ကြက်ကြီးနှစ်ကောင်အား လက်ခုပ်လက်ဝါးတီးအားပေးနေကြတဲ့သူတွေလိုတောင် သူတို့နှစ်ယောက်က အော်ကြီးဟစ်ကျယ်အားပေးခဲ့ကြတာ။
ဆရာတွေကလည်း ဘယ်လိုပဲ ပတ်ခ်ဆောင်ဟွန်းကိစ္စ သူတို့ကိစ္စဟုအမည်တပ်မှတ်ထားကြပါစေ ရန်ဖြစ်တာတော့ဆွဲမထည့်သင့်ဘူး။ ခုတော့….
KNOCK KNOCK !!!
"အကို!"
ရုံးခန်းထဲမဝင်ခင် အပြင်ကခုံတန်းလေးမှာ သူ့ပါးသူကိုင်ကာ ညိုမဲနေတဲ့ဆောင်ဟွန်းကိုမြင်တော့ ဂျုံဆောင်းကကြောင်တောင်တောင်။ ဂျုံဆောင်းကိုပါခေါ်ထားတာမို့ ဂျုံဆောင်းအထင်ကြည့်ရတာ သူနဲ့ကိုယ့်တူနှစ်ယောက်များ နပန်းသတ်ထားကြတာလားမသိ။
"ဟင် ဆောင်ဟွန်းလား ညိုမဲနေတာဘဲ ဘယ်လိုဖြစ်တာလဲ"
"ပတ်ခ်ဆောင်ဟွန်းရဲ့အုပ်ထိန်းသူရှင့်
ရောက်ရင်ဝင်ခဲ့လို့ရပါပြီ"
ရုံးခန်းကစာရေးမလေးရဲ့ခေါ်သံကြောင့် ဂျုံဆောင်းကသူ့ကိုယ်သူလက်ညိုးထိုးကာ ယောင်နန။
"ကျွန်တော့်ပြောတာလား?"
"ဟုတ်ကဲ့လာခဲ့ပါ့မယ်ဆရာမ"
အဖြေမသိရခင်မှာပဲ ဆောင်ဟွန်းကဂျုံဆောင်းလက်ကိုဆွဲထည့်လိုက်တာများ ဂျုံဆောင်းမှာ ဖားပျံလေးလိုဆောင်ဟွန်းဆီ ဖတ်ကနဲပြေးကပ်သွားရသည်။
ကျောင်းသားနဲ့အုပ်ထိန်းသူက ဇောက်ထိုးကြီးဖြစ်နေသလိုပဲ။
အထဲရောက်တော့ မျက်မှန်ထူကြီးတပ်ထားသောကျောင်းအုပ်ကြီးဘေးတွင် သူ့သူငယ်ချင်းနှစ်ယောက်က မသက်မသာရပ်လျက်။
အားကစားခန်းမထဲမှာေဆာင်ဟွန်းက ဂျယ်ယွန်းအတန်းကကျောင်းသားနဲ့ရန်ဖြစ်ကြသည်။အားကစားချိန်မှာဖြစ်တာမို့အီဟီဆွန်းလည်းတာဝန်မကင်းတာမို့ ဂျယ်ယွန်းနှင့်နှစ်ယောက်သား ရုံးခန်းထဲမှာမအီမလည်။
ဆောင်ဟွန်းရဲ့အုပ်ထိန်းသူအဖြစ်ရောက်လာရသော ဂျုံဆောင်းကိုမြင်သောအခါ ထိုနှစ်ယောက်က question markမျက်လုံးလေးများဖြင့် ဝိုင်းကြည့်ကြလေသည်။
"ကဲ နှစ်ဦးနှစ်ဖက်အုပ်ထိန်းသူတွေလည်းစုံပြီဆိုတော့ ကျွန်တော်တို့စဆွေးနွေးကြမလား"
"ဟုတ်ကဲ့"
"ဒါနဲ့ ပတ်ခ်ဂျုံဆောင်းက ကျောင်းသားဆောင်ဟွန်းနဲ့ ဘယ်လိုများတော်စပ်သလဲမသိဘူး"
"အကို!"
"ဦးလေးပါ"
တစ်ခန်းလုံးရဲ့မျက်လုံးတွေက သူတို့နှစ်ယောက်ဆီမှာ
"ဟို ဟိုဟာ အကိုအရွယ်ဦးလေးပါ"
ဆောင်ဟွန်းကမသက်မသာဖြင့်ပြောသည်။
ဂျုံဆောင်းကတော့ စားပွဲေအာက်ကနေ ထိုပတ်ခ်ဆောင်ဟွန်း၏ပေါင်အား အားရပါးရလိမ်ဆွဲလိုက်တော့သည်။
KNOCK KNOCK !!!
"ကဲ ပြောစမ်းပါဦး တစ်ခုခု"
ကျောင်းမှာမနေချင်တော့ပါဘူးဆိုလို့ ထိုကောင်လေးအားဂျုံဆောင်းမှာ သူ့အိမ်အထိပြန်ခေါ်လာခဲ့ရသည်။ ဘုရားစူးဒီလိုအခွင့်အရေးအား သူ၏မလိမ်မိုးမလိမ္မာလေးများကိုတောင် မပေးဖူးပါချေ။
ခုလည်း ကိုယ်ကဘာမှမပြောရသေးခင် ထိုင်ငိုတော့မည့်ရုပ်နှင့်မို့ ဂျုံဆောင်းကဘဲ ချော့ကာမော့ကာနှင့်အိမ်မှာရှိသမျှဟင်းအမယ်များအား ထမင်းနဲ့ရောနယ်ကာbibimbapလုပ်ပြီး ဇလုံကြီးနဲ့သူ့ရှေ့ချပေးကာစားစေသည်။
"မဆူပါနဲ့အကိုရဲ့ စားတုန်းသောက်တုန်းကို"
"အောင်မယ် ဟိုနှစ်ကောင်လုပ်ကြံပြောတာတွေကြားထားပြီးငါ့ကို လူဆိုးကြီးလိုမြင်မနေပါနဲ့။ ငါသာစိတ်ကောင်းမရှိရင် ရုံးခန်းမှာတည်းက မင်းလိမ်ထားတာကိုထရှင်းပြီး ပြန်လာပြီ သိလား"
"အဲ့ဒါကိုလည်း ကျေးဇူးတင်ပါတယ် အခုကဘာမှမဟုတ်ဘူး မိန်းကလေးကိစ္စနဲ့ဖြစ်တာ။အဲ့ဒီ့ကောင်ကသူ့မိန်းကလေးကို သူမထိန်းနိုင်ပဲ ကျွန်တော့်ကိုပြဿနာလာရှာလို့။ ပြီးတော့ ဖေဖေနဲ့မေမေသာသိရင် မိုးမီးလောင်လိမ့်မယ်လေ သူတို့ကကျွန်တော်နဲ့ပတ်သတ်ရင် ဂုဏ်ပဲယူချင်ကြတာမို့"
"ပြဿနာတွေကျတော့ ငါကယူပေးရမယ်ပေါ့။ ငါ့မှာငါဟာတွေနဲ့တင် လက်မလည်ပါဘူးဆို"
တကယ်က ပြဿနာတင်မကဘူး ကိုယ်တိုင်ပြဿနာကောင်လေးလုပ်ကာ ကိုယ့်ကိုယ်ကိုယ်ပါဆယ်ထုပ်ပြီး ပတ်ခ်ဂျုံဆောင်းအိမ်ရှေ့မှာလာနေချင်ကြောင်းသာ ဆောင်ဟွန်းကထုတ်ပြောလိုက်ပါက လေးလေးပေါက်စလေးကသူ့အိမ်ကနေချက်ချင်းကန်ထုတ်လေမလားပဲ။
"ပြီးတော့အဲ့ဒီ့အကို!
ငါက လေးလေးပါဆို ဘယ်နှခါပြောရမှာလဲလို့"
"အဲ့ဒါဆို ကျွန်တော့်အဒေါ်တို့လင်မယားက အသက်၁၅နှစ်ကွာတယ် ဒါပေမယ့်ဒေါ်လေးကသူ့ယောက်ျားကို အကိုပဲခေါ်တာ အကိုနဲ့ကျွန်တော်က၁၅နှစ်တောင်မကွာဘူး"
"ဒါပေမယ့် မင်းနဲ့ငါက…"
"ဘာလဲ ဘာဖြစ်နေလို့လဲ!"
"မင်းနဲ့ငါက လင်မယားမှမဟုတ်တာ"
"ဒါပေမယ့် ကျွန်တော်ကြိုက်နေတယ်လေ အကို့ကို။ကျွန်တော့် ရည်းစားဖြစ်မယ့်သူကို ကျွန်တော်က လေးလေးဆိုပြီးခေါ်စရာလား"
"ဘယ်သူကပြန်ကြိုက်မယ်ပြောလို့လဲ"
"ပြောပြတာနော် ရည်းစားစကားပြောလိုက်တာမဟုတ်လို့ ငြင်းတာမငြင်းတာစိတ်မဝင်စားဘူးခင်ဗျ"
"မင်းကတော့ထပ်အထိုးခံချင်နေတာပဲ"
"ကောင်းကောင်းစားခဲ့ရပါတယ် ဒီနေ့အတွက် ထပ်ပြီးကျေးဇူးပါ။ အရမ်းလန့်သွားမှန်းသိတာမလို့ ပြန်ပါပြီခင်ဗျ"
ဂျုံဆောင်းနည်းနည်းလေးမှမလန့်ပါဘူးနော် ကြက်သီးထရုံတောင်ရင်မခုန်ဘူး။ ဒီလိုလက်တောက်လောက်ကလေးလေးတွေရဲ့ တော်ကီမှာအရည်ပျော်ရအောင် ဂျုံဆောင်းကအပျိုဖြန်းလေးလည်းမဟုတ်ဘူး။ အံ့ဩပါ့။
KNOCK KNOCK !!!
"အဲ့တော့ ဆောင်ဟွန်းကဂျုံဆောင်းကို ရည်းစားစကားပြောသွားတယ်ပေါ့?"
အီဟီဆွန်းက ဂျုံဆောင်းဧည့်ခံသည့် ကော်ဖီခွက်ပူပူအား လက်လေးနှစ်ဖက်အုပ်ကိုင်ရင်း အံ့အံ့ဩဩမေးလေသည်။
"အင်း ဟုတ်တယ်…အာ…အဲ့လိုလည်းမဟုတ်ပြန်ဘူး။ ဒါပေမယ့် အဲ့ အဲ့သဘော–"
"ပတ်ခ်ဂျုံဆောင်း ဘယ်အရွယ်ကြီးမို့လို့ ဆယ့်ခြောက်နှစ်မလေးလို ဖျပ်ဖျပ်လူးနေတာလဲ"
"ဆယ့်ခြောက်နှစ်မလေးမဟုတ်လို့ပေါ့။ ပြီး တော့သူက အသိပေးရုံမို့ အဖြေကိုလည်းစိတ်မဝင်စားဘူးတဲ့။အခုကဖြစ်ရပ်ဆန်းကြီးလိုပဲကွ မင်းသိလား"
"ဘာလဲ ကိုယ့်တူအရွယ်လေးကရည်းစားစကားပြောတာခံရတော့ လေပေါ်မြောက်သွားတာပဲငါသိပါတယ်။သိပါတယ်။ဘာဘဲဖြစ်ဖြစ် ကြီးမှဝက်သက်ပေါက်တော့မှာပဲ ပတ်ခ်ဂျုံဆောင်း အမလေး မထင်ထားဘူး ဟားဟားဟား"
"ရှင်းမ်ဂျယ်ယွန်း ပြန် မင်းခုပြန်
မင်းကိုင့ါအိမ်က မကြိုဆိုဘူး"
"အိုး ရှက်နေတာလား အကိုရယ်။
ဟိုက မင်းကိုအကိုတဲ့နော် ဂျုံဆောင်းတို့ ပတ်ခ်ဆောင်ဟွန်းကိုကိုဖြစ်တော့မယ် ဟားဟား။"
ဂျုံဆောင်းဟာခရမ်းချဉ်သီးလိုမျက်နှာနဲ့ ဂျယ်ယွန်းကိုကြည့်နေသည်။ သူ့စိတ်ကူးထဲတွင်တော့ ဂျယ်ယွန်းကိုအပိုင်းပိုင်းခုတ်ထစ်ပြီး သူ့ဆိုင်ရဲ့menuထဲမှာ မိကျောင်းသားကြွပ်ကြွပ်ကြော်ဆိုတဲ့ဟင်းလျာသစ်ကိုထပ်ထည့်နေလေပြီ။ ဂျယ်ယွန်းကလျှာရှည်တာကိုး။အဲ့တော့မိကျောင်းသားဖြစ်သွားလောက်မည်။
"ဒါနဲ့ အကိုဟီဆွန်းမှတ်မိလား အလယ်တန်းနောက်ဆုံးနှစ်တုန်းက K hyungကသူ့tarot cardတွေနဲ့ ကျွန်တော်တို့ကိုဗေဒင်ဟောပေးဖူးတယ်လေ။ အဲ့တုန်းက ဒီကောင်ဂျုံဆောင်း ရည်းစားလိုချင်တာများ တစ်ပိုင်းသေနေလို့ cardရွေးပြီးမေးတော့ ဘာတဲ့ မင်းဖူးစာရှင်ကမမွေးသေးဘူးလို့K hyungကပြောတယ်လေ ဒီကောင်အတည်ကြီးစိတ်ဆိုးသွားတာ။ ဒါပေမယ့်အခု တကယ်မှန်နေပြီမလား"
"ရှင်းမ်ဂျယ်ယွန်း တော်ပါတော့ဆို ငါဒီနေ့မင်းကိုသတ်ရမှဖြစ်မယ်"
ဂျုံဆောင်းဟာမျက်နှာချင်းဆိုင်နေရာမှထပြီး ဂျယ်ယွန်းပေါ်ပြေးတက်ကာ ဆံပင်တွေကိုဆွဲတော့သည်။
"ဟေ့ဟေ့ တော်ကြတော့လေ ကလေးတွေမဟုတ်တော့ဘူးလို့ ဂျုံဆောင်း! ဂျယ်ယွန်း! မင်းတို့တော့ကွာ"
ဟီဆွန်းက ဂျုံဆောင်းလက်ထဲမှ ဂျယ်ယွန်းဆံပင်များအား မရမကပြန်ဆွဲယူပေးနေသည်။ ဒါပေမယ့် အောက်ရောက်နေတာတောင် လေမလျှော့သေးသည့်ဂျယ်ယွန်းကြောင့် ဦးစိတ်တိုက လွှတ်ဦးမည့်ပုံမပေါ်။
"ဘာဖြစ်လဲ ငါကအခုကြီးမှဝက်သက်ပေါက်တယ်ကွာ။ဒါပေမယ့်မင်းဆို ပေါက်ချင်တာတောင်ပေါက်မရဘူးမလားအိမ်ကတစ်ကောင်ကိုမင်းကြိုက်နေတာငါသိတယ်"
ထိုအခါမှ ဆရာလေးဂျယ်ယွန်းက ငြိမ်ကျသွားပြီး
"သူ သူ သူလည်းပါတယ် ငါတစ်ယောက်တည်းမဟုတ်ဘူး"
သစ္စာရှိသူကြီးက အီဟီဆွန်းကိုပါ လက်ညှိုးတစ်ထိုးထိုးဖြင့် ဆွဲထည့်တော့သည်။
"ဟာကွာ"
ဟီဆွန်းကတော့ သူဆွဲထားသည့် ဂျုံဆောင်းနဲ့ဂျယ်ယွန်းရဲ့လက်မောင်းတွေကိုလွှတ်ချကာ ဆတ်ခနဲမျက်နှာလွှဲပြီး ကြုံ့ကြုံ့လေးတင်ပါးလွှဲထိုင်သွားသည်။
စောစောကဗြောင်းဆန်နေတဲ့စကားဝိုင်းဟာ ချက်ချင်းကိုတိတ်ဆိတ်သွားလျက်….
KNOCK KNOCK !!!
"လေးလေးညနေကကျောင်းကိုလာတာ ဘာကိစ္စလဲ"
ညနေစာထမင်းဝိုင်းမှာ ဆောနူက တံတွေးမျိုချလျက်မေးသည်။ ဟုတ်သည်လေ။ ကိုယ်တိုင်ကလည်း ရန်ပွဲကိုရပ်ကြည့်ထားတဲ့သူတွေမို့ လိပ်ပြာမလုံကြတာ မဆန်း။ ဂျောင်ဝန်းကတော့ ခေါင်းကြီးငုံ့ကာထမင်းတွေနင်းကန်စားနေသည်။
"ကျောင်းအုပ်ကြီးက ရန်ပုံငွေကိစ္စအတွက် ကျောင်းမျက်နှာဖုံးမိဘတွေကို ခေါ်တိုင်ပင်လို့ပါ"
ဟုတ်သားပဲ သူတို့တွေ့သွားနိုင်တာကို မေ့သွားသည်။
ဒါပေမယ့်ဂျံုဆောင်း ညာပြောလိုက်သည်။ ဘာလို့ညာမိမှန်းတော့မသိပါ။ စကားတွေအများကြီးမပြောချင်လို့ဖြစ်မှာပါ။ ပတ်ခ်ဆောင်ဟွန်းနာမည်ပါလာရင် စကားကြောရှည်ကြဦးမှာစိုးလို့။
"လေးလေးသိလား ဒီနေ့ စီနီယာဆောင်ဟွန်းရန်ဖြစ်တယ်"
စကားပြန်စလိုက်တဲ့ဆောနူကို ဂျောင်ဝန်းကမျက်ထောင့်နီနဲ့ကြည့်လာသည်။
"ဪ"
"ဟင် ဒါပဲလား"
"အင်းလေ နည်းနည်းပါးပါး ပွစိပွစိတော့လုပ်ဦးမှပေါ့ သူ့ကိုလည်းတူလေးလိုသဘောထားတယ်ဆို"
ဒီကလေးတွေ!!!
"မင်းတို့ကငါ့ကို ပွစိပွစိလုပ်တယ်လို့ပဲမြင်နေတာလား။ စားစရာရှိတာစား သူများကိစ္စစိတ်မဝင်စားကြနဲ့ ဟုတ်ပြီလား"
"အဲ့ဒါပြောပြမလို့ ကျွန်တော်တို့နှစ်ယောက်လုံး စီနီယာဆောင်ဟွန်းကို စိတ်ဝင်စားနေလို့"
"ဘာ!"
"ဂျောင်ဝန်း!!!"
ဆောနူက ခက်ရင်းကိုင်ထားသောဂျောင်ဝန်းလက်အားဆွဲသည်။ ဂျောင်ဝန်းကလည်း ပြန်ပြီးမျက်လုံးပြူးပြလိုက်သည်။
အစကတော့ယုံကြည်မှုအပြည့်အဝနဲ့ ခေါင်းမော့ရင်ကော့နိုင်ပေမယ့် အခုမတူတော့ဘူး။ သူတို့ရဲ့ပတ်ခ်ဆောင်ဟွန်းကြီးကိုယ်တိုင်ကိုက ပြောင်းလဲနေတာမို့ တစ်ဘက်ကအသည်းနုသူလေးလေးအား အရင်အသိပေးလိုက်တော့သည်။
ဂျုံဆောင်းရေအပြည့်ထည့်ထားသောဖန်ခွက်အားတစ်ကျိုက်တည်းမော့သောက်ကာ နှုတ်ဆိတ်သွားသည်။စိတ်ထဲမှာလည်း တလှပ်လှပ်နှင့် ရယ်ချင်သလိုလိုငိုချင်သလိုလို။သေချာသည်က ဝမ်းနည်းနေတာမဟုတ်။
တစ်စုံတစ်ယောက်ဟာ ၎င်းအနားကအချောအလှစပ်စလူးလေးများအား ဥပေက္ခာပြုကာ သူမှသူဖြစ်နေပါသည်ဆိုသည့် အမှန်တရားက ဂျုံဆောင်းအားထမင်းစားပွဲမှာထိုင်လျက်ပင် လေပေါ်မြောက်သွားသလိုလို။
တစ်ဘက်က တူလေးနှစ်ယောက်မှာ ဆူဖို့မပြောနဲ့ သူ့ဟာသူတောင်ဘာဖြစ်လို့ဖြစ်နေမှန်းမသိသော ဦးလေးဖြစ်သူကိုကြည့်ပြီး သိပ်မအိုကေကြ။ သံသယစိုးရိမ်ရေအမှတ်များ တရိပ်ရိပ်မြင့်တက်လျက်။
KNOCK KNOCK !!!
"ဆိုတော့ကာ ဂျုံဆောင်းရှီက တရားစွဲတဲ့အထိတော့ မသွားချင်ဘူးပေါ့"
''ဟုတ်ကဲ့ခင်ဗျ…အရမ်းကြီးလည်း ထိထိရောက်ရောက်လုပ်စရာမလိုပါဘူး။ကျွန်တော်ကဒီတိုင်း နောက်တခြားသူတွေလည်းမလုပ်ရဲကြတော့အောင် နမူနာပြတဲ့သဘောပါဘဲ။အလျော်လည်းယူပါမယ် ဒါပေမယ့် အိမ်ကကလေးတွေမွေးနေ့မှာလှူနေကျဂေဟာကိုဘဲအကုန်ပြန်လှူပေးပါ ရှေ့နေချွဲ''
"ထောင်ကျဖို့အထိလည်းမလုပ်ချင်ဘူးပေါ့"
''ဟုတ်ပါတယ် ထောင်ထဲထိမပို့ဘဲ လျော်ကြေးမရမချင်းဘဲအချုပ်ထဲထားပေးပါ။အဲ့ငွေလေးလောက်က ဘာမှမပြောပလောက်ဘူးလေ။ဒီတိုင်းမှတ်လောက်သားလောက်ရှိသွားရုံဆိုရပါပြီ"
ဂျုံဆောင်းရဲ့ ဆိုင်မန်နေဂျာက ငွေတချို့စာရင်းဖျောက်ပြီးအလွဲသုံးစားလုပ်ထားတာမို့ လက်ပူးလက်ကြပ်မိတုန်းထိထိရောက်ရောက်အရေးယူဖို့ရာ မိသားစုရှေ့နေဆီလွှဲပေးထားခြင်းဖြစ်သည်။
အိမ်ရဲ့တစ်လစာအသုံးစားရိတ်လောက်ငွေပမာဏနဲ့ တရားရုံးထိသွားဖို့လည်းစိတ်ကူးမရှိတာမို့ သိပ်တော့ စိတ်ထဲထားမနေ။
"ဒီလောက်ပဲဆိုရင် ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
knock knock knock!!!
ဧည့်သည်ကိုအိမ်ရှေ့တံခါးဝရှေ့အထိပြန်ပို့ပြီးလို့ အိမ်ထဲပြန်ဝင်ရုံရှိသေး ထွက်ပေါ်လာတဲ့တံခါးခေါက်သံ။
အိမ်မှာဘဲလ်တပ်ထားလျက်နဲ့….
ဘယ်သူကများထူးထူးဆန်းဆန်းလာလုပ်သလဲသိချင်ဇောနဲ့ အမြန်ပဲတံခါးသွားဖွင့်လိုက်တဲ့အချိန်။
သိပ်တော့မဆန်းပါဘူး။ ပုံမှန်မဟုတ်တည်းကရူးနေလို့ပဲမလား။ပုံမှန်လိုဘဲလ်မတီးဘဲလာတည်းက ပုံမှန်မဟုတ်တဲ့အရူးပဲ။
"Morning"
ပတ်ခ်ဆောင်ဟွန်းကလက်ထဲမှာလည်း နှင်းဆီဖြူတစ်ပွင့်ကိုကိုင်လျက်…
"ငါ့မနက်ခင်းလေး ကျက်သရေတုံးသွားပြီပဲ"
"နေကောင်းတယ်မလား"
"အင်းကောင်းတယ် ကလေးတွေမရှိဘူး ဟိုဘက်ရပ်ကွက်ဘက်သွားတာမို့ ညနေမှပဲပြန်လာခဲ့"
"ဘယ်သူပြောလဲ သူတို့ဆီလာတယ်လို့။
အကို့ဆီလာတာလေ ရော့ ပန်း"
"ဘာလုပ်တာလဲ"
"အရင်ဆုံးတော့ဧည့်သည်ကိုအိမ်ထဲခေါ်ဦးလေဗျာ လာ လာ"
အိမ်ပေါက်ဝကနေ ဂျုံဆောင်းလက်အားဖြတ်ကနဲဆွဲကာ ဧည့်ခန်းထဲသွားနေတဲ့သူအား ဂျုံဆောင်းမှာ ပြောမရ၍သာ မပြောသာတာ အိမ်ထဲကကန်ထုတ်ပစ်ချင်သည်။
"ကဲ ထိုင်ဦး"
"ဒီမှာ ငါကအိမ်ရှင်နော် မင်းအရည်မရအဖတ်မရတွေလာလုပ်မယ်ဆို ငါ့အိမ်ကလက်မခံဘူး။ငါ့ဧည့်သည်လည်းမဟုတ်ဘူး။"
"ဖြည်းဖြည်းပြောပါ လောလောဆယ်ကျွန်တော်က ဧည့်သည်လေ ဒီအိမ်ကမဟုတ်ရင်တောင် အကို့နှလုံးသားလေးရဲ့ဧည့်သည်။မကြာခင်တော့ ဒီအိမ်ပေါ်ရောအကို့နှလုံးသားပေါ်ရော တက်နေတော့မှာ"
"ဒီမှာ ငါကမင်းပိုးနေကျ ဆယ့်ခြောက်နှစ်မလေးမဟုတ်ဘူး"
"အဲ့ဒါကြောင့်ပဲခက်တာပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်မူပိုင်အလုပ်လေးတွေနဲ့ အိမ်တံခါးကိုလာလာခေါက်မယ်။တစ်ချိန်တည်းမှာပဲ ဟောဒီ့ကနှင်းဆီဖြူလေးနဲ့ အကို့နှလုံးသားတံခါးကိုလာခေါက်ဦးမယ်။ဖွင့်မဖွင့်ကတော့သဘောပါ မဖွင့်မချင်းတော့လာနေမှာပဲ။"
ဆောင်ဟွန်းက ဆရာကြီးအထာနဲ့တစ်ပေါင်ပေါ်တစ်ပေါ်ချိတ်ပြောရင်း တစ်ဆက်တည်းမှာပဲ ထိုနှင်းဆီဖြူအား ဂျုံဆောင်းလက်ထဲအတင်းထိုးထည့်လေသည်။
"ဘာသဘောလဲ ဒီနှင်းဆီအဖြူက"
မထိတထိမျက်စောင်းထိုးကာပြောလာသည့် လူပျိုကြီးပေါက်စလေးကိုကြည့်ပြီး အသံထွက်အောင်ရယ်မိသည်။
လူကိုသာကန်ထုတ်ချင်နေတာ နှင်းဆီပန်းပေးတဲ့သဘောကိုတော့သိချင်ရှာသည်။ ဘာထူးလဲ အချစ်နဲ့ထိတွေ့ရင် သူလည်းဆယ့်ခြောက်နှစ်သားလေးပြန်ဖြစ်တာပဲဟာ။
"အင်း…ပန်းတွေအကြောင်းသိပ်စိတ်မဝင်စားဘူးလေ။ဒါကြောင့်အဓိပ္ပါယ်တွေသိနေဖို့က ပိုတောင်မဖြစ်နိုင်သေးတယ်။ဒါကြောင့် ရိုးရိုးရှင်းရှင်း နှင်းဆီအဖြူလေးကို ကျွန်တော့်မူပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကျွန်တော် ပေးတယ်။ ဟတ်ထိစရာမကောင်းဘူးလားဗျာ ကျွန်တော်ပေးတဲ့နှင်းဆီရဲ့အဓိပ္ပာယ်က အကိုတစ်ယောက်တည်းကိုပဲရည်ရွယ်နေတာ။"
စကားကြီးစကားကျယ်လည်းသိပ်ပြောတာပဲလို့ ဂျုံဆောင်းနှုတ်ခမ်းကြီးရွဲ့ပြလိုက်သည်။
"မြင်မြင်ချင်းအချစ်အတွက် lavenderတွေကအသင့်တော်ဆုံးလို့သိထားပေမယ့်ရှာမရလို့ မယူနဲ့။ ဖြူဖြူစင်စင်ခင်ဗျားလေးကို ကျွန်တော်ကလည်းဖြူဖြူစင်စင်ချစ်မှာပါ။ပြီးတော့ ဆူးတွေရှိလို့ကိုင်ရခက်သလိုမျိုး ခင်ဗျားလေးကျွန်တော့်ကိုခါးသီးနေရင်လည်း အဲ့ဆူးတွေကိုချိုးပေးမှာဆိုတဲ့ အဓိပ္ပါယ်လေးရအောင် နှင်းဆီရဲ့ဆူးတွေကို ဓားနဲ့ခုတ်ဖယ်လာတယ် ရော့ ရဲရဲသာကိုင်နော် ဆူးမပါဘူး ဟီးဟီး"
ဘယ်စာအုပ်ထဲကကျက်လာတဲ့စာသားတွေမှန်းမသိတာတွေပြောပြီး လူကိုလည်း ခင်ဗျားလေးတဲ့ ဒါကတော့လွန်တာပဲ။သူ့အဖေအရွယ်ကြီးကို ခင်ဗျားလေးတဲ့။ အင်း သုံးဆယ့်ငါးနှစ်လည်း အိမ်ထောင်စောစောကျရင် ဆယ့်ကိုးနှစ်အရွယ်သားတစ်ယောက်မွေးနိုင်တာပဲဟာ။ သူတို့ကသားအဖလောက်အသက်ကွာပါတယ်နော်။ဂျုံဆောင်းအသက်16နှစ်မှာကလေးအဖေဖြစ်နေမယ်ဆိုရင်ပေါ့။
"ပြောချင်တာပြောပြီးရင် ပြန်တော့"
"အင်းပါအင်းပါ နောက်ကျမှ မခွဲနိုင်မခွာရက်ဖြစ်နေပါပြီဆိုပြီးလုပ်မှာမြင်ယောင်သေးတယ်"
"အော့အော့နော်"
ဂျုံဆောင်း အန်ပြပြီးမှ မျက်လုံးလေးပြူးကာ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းမိသည်။ ဘယ့်နှယ် ကလေးကလား။
"အကိုလူကြီးဖြစ်ချင်ရင်လည်း အပြုအမူတွေကိုသတိထားမှပေါ့။ အကို့တူတွေတောင် အကို့လိုမလုပ်တော့ဘူး ဘာတဲ့ အော့ အော့ ဟားဟားဟား"
ဂျုံဆောင်းရှက်ရှက်နဲ့ဆောင်ဟွန်းအား အိမ်ပြင်သို့တွန်းထုတ်နေမိသည်။
"ပြန်ပြီ အော့အော့ရေ အဖြေမရမချင်းနေ့တိုင်းနှင်းဆီတွေလာပေးမှာ ဘယ်လောက်အော့အော့လုပ်နိုင်လည်းကြည့်ကြသေးတာပေါ့"
ပတ်ခ်ဆောင်ဟွန်းကတော့ လုပ်ရယ်သံကြီးနဲ့ စက်ဘီးကိုဖင်ကြားညှပ်ပြီး ခါခါယမ်းယမ်းစီးကာ ထွက်သွားလေပြီ။
ဂျုံဆောင်းတော့ နှင်းဆီဖြူဖြူကြီးကိုင်ကာ မျက်နှာကြီးရဲလျက် အိမ်တံခါးဝမှာ ဆန့်ဆန့်ကြီးကျန်ခဲ့ရင်း…..
KNOCK KNOCK !!!
အော့အော့တို့က ဒီတစ်ပိုင်းလုံးစာလုံးရေ5000နားကပ်သွားသည့်တိုင် နှစ်ပိုင်းနဲ့မပြီးနိုင်ဘူးမို့ နောက်တစ်ပိုင်းထပ်ရေးပေးမယ်နော်။
Advertisement
-
In Serial98 Chapters
I was revived by my best friend
After my unexpected death, I learned that my best friend is the son of a great necromancer! My friend spent years running away from his dad, but there he is now, learning the ins and outs of necromancy at a fast pace, all for my sake. As for me, I'm happy to be still around and kicking. Bit by bit, I'm adapting to my new life as an evolving undead. So many things have changed: my everyday life, my senses, my view of the world and necromancy… Luckily, I kept my soul! That's cool because I kept my memories, but that also means I'm… just me. My high-school grades aren't going to improve miraculously! This slice-of-life, urban fantasy saga tells the story of a high-schooler undead, his master, and their companions. It takes place in a world of superpowers and qi practitioners, two thousand years after the Big Blend, when our Earth was pierced by a rain of giant Crystals and everything teleported away: cities, monuments, forests, and even mountains got shuffled! Updates Tuesdays and Saturdays. This is a Creative Commons By work.
8 183 -
In Serial41 Chapters
WISH FULFILLMENT: OF THE AUTHOR
The owner of the Cover: https://higherdensity.wordpress.com/2014/05/11/finding-that-infinite-ocean-of-calm-within-archangels-and-devas-blog-5-11-14/ This book right here contains three stories. Infinite Ocean- Hiatus. Naruto FF- Fanfiction set in the Warring States Period Wish Fulfillment- HS DXD Fan fiction.....as of now If you feel and know that anything is from something you know, you can safely assume that I do not own any of them. This is purely a fanfiction. With all honesty I am not aiming on continuing this in a consistent basis. However I am going to upload here from now on. I just want to share my ideas. And if you like it, Thank you for reading it. And if you don't like it, thank you still for atleast looking at it. I am willing to take criticism. I am not very proficient when it comes to grammar so please be patient with me.
8 112 -
In Serial18 Chapters
The 7th Lord [HIATUS]
This is the story of a young mercenary who’s adventure will lead him to become one of the 7 great lords of the continent of Siegdrak. On his way to power he will meet various adversaries and allies alike. Join the young mercenary on his adventure as he fights wars, make comrades and sheds tears. All through his rise to become a man who can protect his companions.
8 129 -
In Serial129 Chapters
The Unknown
Follow the lives of four young orphans who suddenly find themselves growing up under the stern discipline of not one but two handsome inexperienced guardians who are clearly in way over their heads.
8 244 -
In Serial15 Chapters
Muzumi
The third prince of the devil gets betrayed and reincarnated into a magical world. Reincarnation story with magic, Enjoy. Mature content warning: violence ,swearing and possibly other adult themes.
8 136 -
In Serial7 Chapters
A Strange Place | Marko/OC
Strange things are afoot in Santa Carla, and Harlow is ready for the adventure of a lifetime. Friends, foes, terf wars, and the biggest vampire party ever, what could be more exciting?Marko x OCYes, I did make that horrible cover.
8 171
