《အတ္တလွန်အချစ် (OC) Completed》Part (9) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(9)
ဖက်ထားသည့်လက်ကမလွှတ်ပဲ မိုးချိန်းတိုင်းပိုတင်းကြပ်စွာဖက်ထားခံရသဖြင့် အတ္တသည် ထိုမွေ့ယာပေါ်မှာပဲ နံရံကိုကျောမှီကာ ခြေဆန့်ထိုင်လိုက်သည်။
မင်းက ဒီရင်ခွင်ထဲတိုးတိုး၀င်တိုင်း နှလုံးသားကိုတစ်ချက်၀င်တိုက်တယ် ဆိုတာသိရင်သိပ်ကောင်းမယ်
အတ္တဟာ သူ့ခါးကိုအတင်းဖက်ထား၍ ရင်ခွင်ထဲတိုးနေသည့်ခေါင်းလေးအား လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးပြီးကျန်လက်တစ်ဖက်က စီးကရက်တစ်လိပ်ညှပ်ထားသည်။
"ဒီတိုင်းဆို မင်းကြောင့် ငါအိပ်လို့ပျော်မှာမဟုတ်တော့ဘူး "
ဖားပါးစပ်ပုံစံလည်ပင်းပေါက်ကျယ်သောအင်္ကျီမှ ငုံ့ကြည့်တိုင်းမြင်နေရသည့် အတွင်းသားအချို့တစ်ဝက်ကြောင့် ဘေးကစောင်ကိုဆွဲယူ၍ သူမအပေါ်လွှားကနဲခြုံပေးလိုက်သည်။
"စိတ်ရှိတိုင်းလုပ်လိုက်မိရင် ကိုယ့်အပြစ်ဖြစ်ဦးမယ် "
ဒီတစ်ညလုံးအတွက် အတ္တတစ်ယောက်စီးကရက်တစ်ဘူးလုံးကုန်သွားခဲ့တယ်ဆိုရင်လွန်မလား။
သန်းခေါင်ကျော်မှ တိတ်သွားသည့် မိုးကြောင့် အတ္တဟာ သူမအနားမှတစ်ဖဝါးမှမခွာရသေးပါ။
သူ့ကိုဖက်ထားခြင်းမရှိတော့ပေမဲ့ သူမဟာဘေးနားမှာကပ်ပြီး ငြိမ်သက်စွာအိပ်ပျော်နေသည်။
နာရီအားဖြင့်မနက်၄နာရီဖြစ်ပြီး ဆောင်းအဝင်မိုးကြောင့် ချမ်းစိမ့်စိမ့်လေးရှိသဖြင့်
သူ့ကိုကျောပေးသွားပြီဖြစ်တဲ့သူမဘက်သို့ လှည့်ကာ စောင်ကိုဆွဲခွာပြီး သူကနောက်မှဝင်လှဲ၍ ဖက်ထားလိုက်သည်။
သူ၏ရင်ဘက်နှင့် သူမရဲ့ကျောပြင်ကိုကပ်နေအောင် ဆွဲဖက်ထားပြီး အနီရောင်ဆံပင်တွေကြားကိုတိုးဝှေ့နမ်းရှိုက်လေသည်။
ခါးသေးသေးလေးကိုပိုပြီးတင်းကြပ်အောင် ထပ်ဖက်လိုက်ကာ ကျောဘက်ကသူမဆံပင်တွေကိုရှေ့သို့ဖယ်ပို့ကာ ပြောင်ရှင်းသွားသည့် လည်ပင်းနဲ့ ဂုတ်လေးကို သူ့နှုတ်ခမ်းတို့ဖြင့်ဖိစုပ်လိုက်ပါသည်။
သူမရဲ့လည်ပင်းတစ်လျှောက်တိုးဝှေ့ပွတ်သပ်နေသည့်သူ့မျက်နှာနဲ့ နှုတ်ခမ်းတို့ကြောင့်
"အင်း..."
သူမဆီကညည်းသံ သဲ့သဲ့လေးကြားလိုက်ရသေးသည်။
သူမဟာ အိပ်မက်ပဲထင်မှတ်နေလေ သလား ။
အတ္တဟာ သူမလည်ပင်းနဲ့ပုခုံးအဆက်နေရာတွင် သွေးခြေဥလောက်တဲ့ Marking ရာထင်တဲ့အထိအဆက်မပြတ်ဖိစုပ်လိုက်သောကြောင့်
သူမဟာ မျက်ခုံးကလေးတစ်ချက်တွန့်သွားသည်။
အတ္တဟာ သူမအနားကပ်ပြီးရင် ပြန်မခွာချင်တဲ့စိတ်ကြောင့် ဖက်ထားလျှက်ပင်ငြိမ်နေမိသည်မှာကြာလေပြီ။
အိပ်လို့လည်းပျော်မည်မဟုတ်တာကြောင့် စားပွဲပေါ်က Alarm နာရီကလေးကိုလှည့်ကြည့်လိုက်တော့ ၅နာရီထိုးပြီဖြစ်သည်။
အတ္တလည်း သူမကိုဖက်ထားရာမှလွှတ်လိုက်၍ သူမဘေးကနေထကာ သူထွက်သွားလျှင် ချမ်းမည်ဆိုးသောကြောင့် စောင်ပြန်ခြုံပေးခဲ့သည်။
မိုးလင်းမှ သူမအခန်းထဲက ထွက်လာသည်မို့ အတ္တကြောင့် သက်သက်နဲ့ဒေါ်မေတင် ခပ်ပြုံးပြုံးပင် ။
"မိသက် ညည်း မျက်နှာက စပ်ဖြီးဖြီးနဲ့ အခုပြင်စမ်း သခင်လေးမြင်ရင် အပြစ် ပေးခံရမယ် "
"မေတင် ကလည်း ကြည့်ပါ့လား မနေ့ကတော့ မိုးရွာထဲမှာ တစ်ညလုံးနေဆိုပြီး အခုကျ မိုးလင်းမှ မမလေးအခန်းထဲကထွက်လာတယ် "
"ဟော်တော် ညည်း ကပြောလေကဲလေ ပါလား သွား ကိုယ့်အလုပ်ကိုလုပ် "
သက်သက်တို့တော့ ကိုယ့်အတွေးနဲ့ကိုယ်သာပြုံးနေပြန်၏ ။
အတ္တသည် တစ်ညလုံးမအိပ်ရသေးသဖြင့်
အရမ်းအိပ်ချင်နေသည် ။
သူမလည်းနေမကောင်းတာမို့ ဒီနေ့တော့အပြင်မသွားတော့ပဲအိမ်မှာပဲအနားယူရန် ဆုံးဖြတ်ထားလိုက်၏ ။
အောက်သို့ ဆင်းလာခဲ့ပြီး
"ဒေါ်မေတင် "
"သခင်လေး မနက်စာ စားတော့မလို့လား "
"မဟုတ်ဘူး "
အတ္တသည် ဘောင်းဘီအိတ်ထောင်ထဲ လက်ထည့်ထားရာမှ
"အဟွတ် အဟွတ် အဟင်း "
လက်သီးဆုတ်ကလေး ပါးစပ်ရှေ့ကွယ်ရင်း ချောင်းဆိုးလိုက်သည်။
မနေ့က သူကိုယ်တိုင်အအေးပက်သွားပုံရသည်။
"သူ့ကို သွားကြည့်လိုက်ပါ အိပ်ရာနိုးရင် တစ်ခုခုကျွေးပြီး ဆေးတိုက်လိုက် နေမကောင်းဘူး ကိုယ်တွေနွေးနေတယ် "
အလင်းဟာ လှေကားရင်းမှလှမ်းကြည့်ပြီး သူ့သခင်လေးရဲ့စကားတွေကြောင့် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ဘယ်တုန်းက သခင်လေးက အခုလိုမိန်းကလေးတစ်ယောက်အပေါ် ဂရုစိုက်တတ်သွားတာလဲ?
"ဟုတ်ကဲ့ပါ သခင်လေး ဒေါ်တင် အခုပဲသွားကြည့်လိုက်ပါ့မယ် "
"နေဦး အိပ်ရေးပျက်သွားလိမ့်မယ် "
သက်သက်ကတော့ ပြုံးနေသောပါးစပ်ပင်ပိတ်မရနိုင်စွာ မျက်နှာပိုးမသတ်နိုင်သောကြောင့် ဒေါ်မေတင်တစ်ယောက်သက်သက်အား ခပ်ဝေးဝေးသို့တွန်းထုတ်လိုက်ရ၏။
"နောက်၁နာရီလောက်နေမှသွား "
ဟုမှာ၍ အတ္တတစ်ယောက် အပေါ်ထပ်ပြန်တက်သွားလေသည်။
"အရင်ကတည်းက သခင်လေးက ဒီလိုဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ "
"မေတင်ကိုမပြောဘူးလား ဟိဟိ "
"သွားသွား ဆန်ပြုတ်ပြုတ်ရအောင် ကြက်သား ပြုတ်နှင့် မမလေး နိုးရင် အသင့်ဖြစ်ရမယ် "
"ဟုတ်ကဲ့ပါ "
သက်သက်ကို လေမပေါနိုင်ရန်ဒေါ်မေတင်မှအလုပ်ပေးလိုက်သည်။
အတ္တဟာ အိပ်ရေးပျက်ထားသဖြင့် သူ့ရဲ့အိစက်ညက်ညောတဲ့မွေ့ယာအကျယ်ကြီးပေါ်သို့ လှဲချလိုက်သည် ။
မွန်းရဲ့အိပ်ယာထက် အဆပေါင်းများစွာ ပိုနူးညံ့အိစက်၍ ဇိမ်ရှိသော်လည်း အတ္တအတွက် မနေ့ညက သူမဘေးမှာကုန်ဆုံးခဲ့ရတဲ့အချိန်နဲ့
ထိုအိပ်ယာကိုသာ ပြန်သတိရနေမိသည်။
မှေးကနဲအိပ်ပျော်သွားသည့်အချိန်အတွင်းမှာ အရာအားလုံးခေတ္တ မေ့ပျောက်သွားလေသလား။
============================
ဒေါ်မေတင်နှင့်သက်သက်တို့ စားစရာဆေးအစုံနှင့်တကွ အိပ်ပေါ်တက်လာသည့်အခါ မွန်းလည်း မျက်လုံးတွေပွင့်လာလေပြီ။
"အင်း ကျွတ် ကျွတ် ကျွတ် "
ခေါင်းမူးသဖြင့် ချက်ချင်းမထနိုင်ဘဲ
ဘာလို့ မွန်းက ဘယ်ဘက်ကိုကပ်နေရတာလဲ
မသိရင် ဘေးမှာ တစ်ယောက်အိပ်သွားသလိုပဲ
မွန်းသည် ညာဘက်သို့တိုးကပ်၍ နံရံသို့ကျောမှီကာ ထိုင်လိုက်သည့်အခါ ကြမ်းပြင်ပေါ်က စီးကရက်ပြာတွေကြောင့် ရင်ထဲမှာဒိန်းကနဲဖြစ်သွားရလေသည်။
သူ မနေ့က မွန်းရဲ့ကုတင်ပေါ်မှာလား။
မွန်းကို သယ်လာတာထိတော့ကောင်းကောင်းမှတ်မိပေမဲ့ ကျန်တာတွေ မမှတ်မိ။
မျက်လုံးတွေပြန်မှိတ်ရင်းမှ လည်ပင်းဆက်နားလေးက အနည်းငယ်နာကျင်သလိုခံစားရသည်မို့ လက်ဖြင့် ထိုနေရာကိုပွတ်သပ်ကြည့်ရင်း မြင်ရသလောက်ငုံ့ကြည့်တော့ နီညိုရောင်အကွက်လိုက်ကြီးဟာ လည်ပင်းသားဖြူဖြူကလေးပေါ်မှထင်းနေ၏။
"တောက်! "
ထိုMarking ကိုမြင်ပြီးနောက်ကိုယ့်ကိုယ်ကိုယ်လည်းငုံ့ကြည့်စစ်ဆေးရင်း ခေါင်းမူးနေသည့်ကြားက ပို၍ မီးတောက်သွားသည် ။
ဒေါက် ဒေါက် "မမလေး"
မေတင့််အသံကြားပေမဲ့ မေတင့်ကိုအာရုံမထားနိုင်။
တံခါးဖွင့်၀င်လာသည့်အခါဆောက်တည်ရာမရဖြစ်နေသည့် သူမကိုတွေ့သဖြင့်
"မမလေး မမလေး ဘာဖြစ်လို့လဲ "
သက်သက်က သယ်လာတဲ့ လင်ဗန်းလေးကိုဘေးကစားပွဲပေါ်သို့တင်ပြီး မေးလိုက်လျှင်
"မနေ့က မနေ့က ဘာတွေဖြစ်တာလဲဟင် မွန်း မွန်း !"
ရှေ့သို့ဆက်မပြောနိုင်တဲ့စကားတွေ သူမွန်းကိုဘယ်အခြေအနေအထိများ ကျူးလွန်ခဲ့သလဲ
Advertisement
မေးရမှာလည်းမွန်းရှက်နေမိပြန်သည်။
"ဘာဖြစ်လို့လဲ မမလေး "
"သူ သူ ရော သူဘယ်မှာလဲ"
"သခင်လေး အိပ်နေတယ်ထင်တယ် မိုးလင်းမှ ဒီအခန်းထဲက ထွက်လာတာ "
မွန်းသည် ကိုယ့်ခေါင်းကို နံရံနဲ့ပစ်စောင့်လိုက်သလိုပဲ ပိုပြီး ရှက်ရွံ့စိတ်ပူမိသည် ။
မျက်ရည်တွေပင်ဝဲလာသဖြင့်
"မမလေး ဘာဖြစ်တာလဲ အရမ်းနေမကောင်းလို့လား"
မေတင်က မွန်းအနားသို့ ပိုတိုးကပ်၍ နှဖူးလေးကို လက်ဖြင့်စမ်းကြည့်သည်။
"အို.... ကိုယ်တွေအရမ်းပူနေတာပဲ "
မွန်းရဲ့မျက်ရည်တွေကစီးကျလာသဖြင့်
"မမလေး မငိုပါနဲ့ သခင်လေးက မမလေး
အပေါ် မရက်စက်တော့ပါဘူး မနေ့ဆိုရင်လေ မမလေးကိုသူကိုယ်တိုင် မိုးရွာကြီးထဲထွက်ခေါ်တာ ရွှဲစိုနေတာပဲ"
သက်သက်ကအားရပါးရပြန်ရှင်းပြနေသည်ကို မွန်း နားထောင်နေပါသည်။
"ပြီးတော့ မမလေးကို အခန်းထဲပွေ့ချီပို့ပေးတယ် မေတင် ကိုအင်္ကျီလဲခိုင်းပေးပြီးမှ မမလေး အခန်းထဲကိုပြန်၀င်သွားတာ မနက်ပြန်ထွက်လာတော့လည်း ဒီမှာဆေးတိုက်ဖို့အစားကျွေးဖို့အကုန်မှာသွားတယ် သခင်လေးလည်းအအေးပတ်နေတယ်ထင်တယ် ချောင်းတွေဆိုးနေတာ"
သူ မွန်း ကိုဂရုစိုက်တယ်ပေါ့ ဖြစ်နိုင်ပါ့မလား သူ့တို့အမြင်မှာပဲ အဲ့ဒီလိုပါ တကယ်တော့ မနေ့ညက သူ မွန်းကို.....ဘယ်အတိုင်းအတာထိများကျူးလွန်ခဲ့သလဲ။
လည်ပင်းက Marking လောက်တင်ပဲဟုတ်ရဲ့လား။ ရှင်ကျွန်မကိုဖျက်ဆီးနေတာပဲ။
မွန်းဟာ မတုန်မလှုပ်ထိုင်နေသည်မို့
သက်သက်လည်း ရှေ့ဆက်မပြောတော့ပဲ နောက်ဆုတ်လိုက်သည်။
မေတင်က ဆန်ပြုတ်ပန်းကန်လေးကိုမွန်းရှေ့ စားပွဲခုံသေးသေးလေးဖြင့်ချပေး၍
"မမလေး မွန်း စားလိုက်ပါဦးနော် ပူပူလေးမေတင် ခုမှပြုတ်လာတာ "
မွန်းက စိတ်မပါလက်မပါနဲ့ ခေါင်းရမ်းသည်။
ဒီချိန်မှာ မွန်းဘာမှမလုပ်ချင်ပါ။
စားချင်သောက်ချင်စိတ်လည်းမရှိသလို မနေ့ကသူမွန်းကိုမိုးရွာထဲမှာပစ်ထားခဲ့တာကိုလည်းလုံးဝမကျေနပ်ပေ။
"စားပါ မမလေး ရယ် ဆေးလည်သောက်ရဦးမယ် ကိုယ်တွေပူနေတာကို "
"မွန်းမစားချင်ဘူး"
"စားလိုက်ပါ မေတင် ခွံ့ပေးရမလား"
"ဟင့်အင်း "
"မမလေးကလည်း သက်သက်နဲ့မေတင့်ကိုစိတ်မကောင်းဖြစ်အောင်လို့လား ဒီမှာမမလေးအတွက် စေတနာနဲ့ပြုတ်လာတဲ့ဟာကို ပြီးတော့ နေမကောင်းဘူးဆိုလို့အရမ်းစိတ်ပူပြီး တော့ချက်လာတာ ဒီမှာ သက်သက် လက်တောင် ဓားထိထားတယ် "
ဟုတ်တာရော မဟုတ်တာရော ရောနှောပြီး မမလေးစားဖို့သာအဓိကဟူ၍ သက်သက် ပြောလိုက်ရာ စကားအပြောကောင်းတဲ့ သက်သက်ကြောင့် မွန်းလည်း အားနာသဖြင့် ခေါင်းညိတ်လိုက်ရသည်။
မေတင်ကခွံ့ကျွေးတဲ့ ဆန်ပြုတ်လေး ၅ဇွန်း၆ဇွန်းလောက် ၀င်ပြီးနောက်
"တော်ပြီ မေတင် မွန်း မစားနိုင်တော့ဘူး"
"ဟင် နည်းနည်းပဲစားသေးတာကို"
"တော်ပြီးမွန်းတကယ်မစားချင်တော့ဘူး "
"အဲ့တာဆို ဆေးသောက်ရအောင်နော်"
မွန်းရဲ့မျက်နှာလေးကပိုမိုညှိုးငယ်စွာ
"ဟင့်အင်း မသောက်ချင်ဘူး"
"ဘာဖြစ်လို့လဲ ဆေးသောက်မှရမယ်လေ မမလေးရဲ့ နေမကောင်းဘူးမဟုတ်လား"
မွန်းဘာမှမသိတော့ဘူးမေတင်ရယ် မွန်းဒီလို လူစိတ်မရှိတဲ့အတ္တသမားကြီးဆီကဘယ်တော့မှ လွတ်မြောက်မှာလဲ ဒီလိုနဲ့ မွန်းဘဝကိုသူ့ဆီပေးလိုက်ရတော့မှာ ကြောက်တယ်။
မွန်း စိတ်ထဲကနေတဖြည်းဖြည်းပေါက်ကွဲလာကာ မျက်ရည်တွေပေါက်ပေါက်ကျပြီး
သူမရဲ့ ကုတင်ပေါ်က စားပွဲသေးသေးလေးကို တိုက်ချလိုက်သည့်အခါကြမ်းပြင်၌ ပြန့်ကျဲသွားသည့် ဆန်ပြုတ်တွေ ရေတွေနဲ့ ပန်းကန်အကွဲများ။
ခွမ်း....
"ဟင့် အဟင့် ဟီး... အီး...."
မွန်းအော်ဟစ် ငိုလိုက်သည့်အခါမေတင်နှင့်သက်သက်ပင် လန့်သွားရသည်။
ဒေါ်မေတင်နှင့်သက်သက်တို့ဝင်လာစဥ်က အခန်းတံခါးကိုအဆုံးထိမပိတ်ခဲ့သဖြင့် ဆူဆူညံညံအသံများက အပြင်မှ အတိုင်းသားကြားနေရ၏ ။
ဆူညံခြင်းကို မုန်းတီးသည့်အတ္တသည် အစကတည်းက အိပ်ရေးမဝသောကြောင့်
"ကျစ်"
ဇက်ကနဲ့ ထထိုင်လိုက်ပြီးအခန်းထဲမှထွက်လာ၍ သူမ အခန်းဘက်သို့ကူးလာခဲ့သည်။
မြင်ကွင်းကတော့ အတော်ပေါက်ကွဲစရာပဲ။
"ဒါက ဘာဖြစ်နေပြန်တာလဲ"
"သခင်လေး!"
"မုန်းတယ် ရှင့်ကိုမုန်းတယ် အတ္တလွန်!"
အတ္တက မျက်မှောင်ကုတ်ကာသူမကိုစိုက်ကြည့်ပြီး ဘေးကဒေါ်မေတင်ကိုတစ်ချက်ကြည့်လိုက်သည့်အခါ
"ဟို မမလေးက ဆေးမသောက်ချင်ဘူးလို့ပြောပြီးတော့ ဒီလိုဖြစ်သွားတာပဲ ဒေါ်တင် လည်း သေချာမသိဘူးကွယ်"
"မင်းက ဘာအချိုးတွေချိုးနေတာလဲ "
"ဟွန့်.... ရှင် ကိုယ်တိုင်သိမှာပေါ့"
ကိုယ့်မှာတော့ မနေ့ကသူ့ကြောင့် တစ်ညလုံးအိပ်မပျော်ဘူး ။
အခုကျလည်း ဒေါသထွက်အောင်လုပ်နေပြန်ပြီ။
"ဆေးသောက်ဆိုသောက်လိုက် စောက်စကားမများနဲ့"
"မသောက်ဘူး မသောက်နိုင်ဘူး ဒီတိုင်းနေလို့လည်းသေမသွားဘူး မိုးရွာထဲမှာ၄နာရီလောက်ရပ်နေခဲ့တာတောင်မသေဘူး "
သူမဟာ မနေ့က ကိုယ်သူမကိုမိုးရွာထဲ၌ပစ်ထားခဲ့သည်အား မကျေနပ်၍ပြောနေမှန်း အတ္တသိလိုက်သည်။
"မင်းဖျားနေတယ် ဆေးသောက်မှဖြစ်မယ် "
အတ္တမှ နောက်တစ်ခွန်းကိုလေသံခပ်ပျော့ပျော့ဖြင့်ပြောလိုက်ပေမဲ့
"မသောက်ဘူး "
သူမကလည်းခေါင်းမာမာနဲ့ဆက်ငြင်းလေသဖြင့်
"ဒါနောက်ဆုံးပြောတာ မင်းဟာမင်းမသောက်တော့လည်း ငါတိုက်ပေးရမှာပေါ့....."
အတ္တသည် သက်သက် ကိုင်ထားနဲ့ပန်းကန်ပြားထဲက ဆေးလုံးကိုယူကာ သူမဘေး၀င်ထိုင်ပြီး
သူမ၏လည်တိုင်ကျော့ကျော့ကလေးအား သူ့လက်ခပ်ကြီးကြီးဆုပ်ကိုင်ညှစ်ပစ်လိုက်သည်။
"သခင်လေး သခင်လေး မလုပ်ပါနဲ့"
ဒေါ်မေတင်ဟာစိုးရိမ်တကြီးနဲ့ လက်တကာကာနှင့်ဝင်တားပေမဲ့ အတ္တဟာ ဒေါ်မေတင်ကိုထည့်တွက်မည့်လူမဟုတ်ပါ။
မွန်းမှာ လည်ပင်းကသူ့လက်တွေကို သူမလက်ဖြင့်အားကျိုးမာန်တက်ဖယ်ထုတ်ရင်း တအစ်အစ်နှင့်အသက်ရှူကြပ်လာကာ သူမပါးစပ် ပွင့်ဟလာသည့်အခါ ပါးစပ်ထဲသို့ဆေးလုံးထည့်လိုက်ပြီး ညှစ်ထားသည့်လည်ပင်းက သူ့လက်တွေဖယ်ပေးလိုက်သည်။
သူမလည်ပင်းမှာအတ္တရဲ့လက်ရာကြီးဟာနီရဲကာကျန်နေရစ်ပြီး သူမမှာအသက်ရှူမဝစွာ အသက်ကိုလုရှူနေရစဥ် အတ္တဟာ ဘေးကရေခွက်ထဲမှ ရေကိုငုံလိုက်ကာ သူမကိုခေါင်းကနေဆွဲယူပြီး နှုတ်ခမ်းချင်းထိကပ်ပစ်လိုက်သည်။
ဒေါ်မေတင်နဲ့သက်သက် ဆက်နေရမလား ရှောင်ထွက်သွားရမလား ဝေခွဲမရဘဲ အခြေအနေအရ ဒီအခန်းထဲမှာဆက်မနေသင့်ဘူးဟုယူဆသောဒေါ်မေတင်ကပဲ ဦးဆောင်၍ သက်သက်ကိုအပြင်ခေါင်ထုတ်သွားသည်။
မွန်းရဲ့ လည်ချောင်းထဲသို့ သူ့နှုတ်ခမ်းကနေဖြတ်သန်းလာသော ပူနွေးတဲ့ရေတွေနဲ့အတူ ဆေးလုံးလည်း ၀မ်းတွင်းသို့ကျသွားလေသည်။
အတ္တသည် ရေကုန်မှ ဖိကပ်ထားတဲ့ နှုတ်ခမ်းအား ခွာပေးလိုက်သဖြင့်
"အဟွတ် အဟွတ် အဟွတ်...."
Advertisement
မွန်းမှာ အသက်ရှူမဝသေးဘဲ သီးကုန်လေ၏။
အတ္တလည်း သူလည်ပင်းကိုညှစ်လိုက်တဲ့ အတိုင်းအတာဟာ အတော်များသွားတယ်ဆိုတာသိတဲ့အတွက်
အသက်ရှူမဝလို့ ကိုယ့်လည်ပင်းကလေးကိုယ်အသာလေးကိုင်ပြီး ဟောဟဲလိုက်အောင်အသက်ရှူနေရသည့် မွန်းရဲ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ဆွဲယူကာ နှုတ်ခမ်းတွေကိုနောက်တစ်ကြိမ်ဖိကပ်ပစ်လိုက်သည်။
ဒီတစ်ကြိမ်မှာအရင်လိုစုပ်ယူနမ်းရှိုက်ခြင်းမျိုးမဟုတ်ဘဲ ရှေးဦးသူနာပြုစုနည်းအရ အသက်ကယ်နည်းမျိုးဖြင့် ခပ်ဖြေးဖြေးနမ်းပေးနေသည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(10)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(9)
နာရီအားဖြင့်မနက်၎နာရီဖြစ်ပြီး ဆောင်းအဝင်မိုးကြောင့် ချမ်းစိမ့်စိမ့်လေးရှိသဖြင့်
"အင်း..."
အရမ်းအိပ်ချင်နေသည် ။
"ဒေါ်မေတင် "
"မဟုတ်ဘူး "
"အဟွတ် အဟွတ် အဟင်း "
"ဟုတ်ကဲ့ပါ "
============================
"အင်း ကျွတ် ကျွတ် ကျွတ် "
"တောက်! "
ဒေါက် ဒေါက် "မမလေး"
မေတင့်အသံကြားပေမဲ့ မေတင့်ကိုအာရုံမထားနိုင်။
"ဘာဖြစ်လို့လဲ မမလေး "
"သူ သူ ရော သူဘယ်မှာလဲ"
"မွန်းမစားချင်ဘူး"
"ဟင့်အင်း "
ခွမ်း....
"ဟင့် အဟင့် ဟီး... အီး...."
"ကျစ်"
"ဒါက ဘာဖြစ်နေပြန်တာလဲ"
"သခင်လေး!"
Advertisement
- In Serial20 Chapters
When Idols became your family
When you have to choose between your dream and the love of your life, it's one of the hardest decision someone have to make, and in my case, i choose to be a dreamer ! I lost something precious but life rewarded me with something better .. Want to know more about my story? Want to know that living with an idol is not as perfect as it seems to be ? then ladies and gentleman read my story .
8 258 - In Serial30 Chapters
Reid Ghealach - Pack
There are many things Reid once considered as sacred rules of this universe. As surely as the sun rose, his Father would always be the unbeatable alpha, and Bran would always be the perfect wolf. And as surely as the sun set, Reid would never follow in their footsteps and be the perfect alpha. But as he struggles to protect his home from the monsters hiding in the shadows of lies and deception, he suddenly finds out that certain things might not be as impossible as they once seemed… This is the second book in the Reid Ghealach series! It is M/M fantasy romance about werewolves and other supernatural creatures. There will be a few sex scenes but there will always be a warning before them if you do not want to read them.
8 229 - In Serial14 Chapters
ROSE.IS.MINE (Completed)
Rose Collins is a innocent girl who is stuck with her evil aunt and her daughters. Benjamin Viper is a dangerous mafia boss but when he took one look at Rose at his club and he want to be everything to her .Then she vanishes from his site but soon Rose will be his forever.❤️Warning: This story is for 18+ it contains sexual contact ,violence and harassmentAlso all the images are taken from Google 😊
8 149 - In Serial36 Chapters
Addiction [boyxboy]
Highest rank in Teen Fiction:7/12/16 - #43Jacob Palmer. Druggie. Addicted. Addictive. Scary. Intimidating. Sexy. Possessive.He has been called all of the above and many more things. But all of those ones are true. He is a druggie. He is addicted, as well as addictive. He is scary and intimidating. And he is undeniably sexy. And when he finds something he likes, he becomes SUPER possessive.He's done every drug in the book. Cocaine, nicotine, weed, you name it. But the one thing he never got addicted to was love. Sure he's had plenty of "partners", but he never cared about any of them.But one night, one night changed everything. One night, he ran into a small, and sassy but sweet boy named Timothy.Now, Timothy Clark has never even gone near a cigarette, let alone drugs. So, when Jacob enters his life and brings in all this trouble. Well, Timothy better buckle up because this is going to be one hell of a ride.© 2015 Copyright. MGN All Rights Reserved.
8 334 - In Serial56 Chapters
innuendo || benedict bridgerton
It is said that second-born sons have all the fun. This much is certainly true for Benedict Bridgerton, free from the burdens held by his eldest brother, the Viscount. One must wonder, how does the second eldest Bridgerton spend his time? To the ton's surprise, it seems a certain lady may have captured his attention this evening. Could Benedict Bridgerton, the tortured artist of the clan, finally find himself a reason to settle down? And could Madeleine Sinclair, who has until now, been doomed for a future of spinsterhood, finally find herself in a love match?** this story may not chronologically follow the events of the show and things may be switched around in order to compliment the storyline **highest rankings:no. 1 in bridgertonno. 1 in benedict bridgertonno. 1 in colin & eloise bridgerton
8 144 - In Serial16 Chapters
Can We Keep Him
Liam never planned to become a vampire, if fact he didn't even know they existed. And he certainly never planned to end up in a completely different town being hunted for multiple murders that he may be responsible for. It is only by luck that those sent to take him down are far more interested in keeping him as their own.
8 200