《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[77]
Advertisement
[Unicode]
077: မင်းနဲ့ပိုနီးချင်မိ
လဲ့ယ်ထျဲက တျန်းရွာသို့ သွားရာလမ်းကို သိသွားစေရန် ရှီလကိုပါ တစ်ပါတည်းခေါ်သွားခဲ့သည်။နောင်တွင် တျန်းရွာသို့ သွားလိုလျှင် လဲ့ယ်ထျဲကိုယ်တိုင် သွားစရာမလိုတော့ပေ။
ချင်မျန်ကတော့ အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်။နောက်ဆုံးမှာတော့ ပိုင်တျန့်လေး
နှင့်အတူတူ နယ်မြေထဲကို သွားဖို့ အချိန်အများကြီးရခဲ့လေပြီ။သူ ဝိညာဥ်ကူးပြောင်းခံရပြီးကတည်းက နယ်မြေထဲကို သူရောက်ခဲ့တဲ့ အကြိမ်အရေအတွက်မှာ အလွန်နည်းပါးလွန်းလှသည်။မဝင်ချင်တာ မဟုတ် အခွင့်အရေးမရခဲ့ခြင်းသာ။ပထမတုန်းကတော့ လဲ့ယ်ထျဲက စောင့်ကြည့်နေတာကြောင့် လွယ်လွယ်ကူကူ မဝင်ရဲခဲ့။နောက်ပိုင်းမှာတော့ သူ လက်တွေ့ဘဝတွင် အလုပ်များလာလွန်းသောကြောင့်ပင်။နေ့စဉ်နှင့်အမျှ သူ ငွေရှာနည်းနှင့် သူတို့၏ဘဝတွေကို မြှင့်တင်ရန် တွေးတောနေရသောကြောင့် နယ်မြေကို မစီမံ မခန့်ခွဲနိုင်ပေ။သူ ရံဖန်ရံခါသာ ဝင်ရောက်နိုင်ခဲ့ပြီး သူ ဝင်ရောက်သည့်အခေါက်တိုင်းကလည်း ဝိညာဉ်စမ်းရေကို ခပ်များများယူရန် သို့မဟုတ် သစ်သီးနှင့်ဟင်းသီးဟင်းရွက်အချို့ကို ရွေးယူရန် အချိန်တိုအတွင်းသာ သူနေဖြစ်ခဲ့သည်။ယခုဆိုလျှင် သူ လဲ့ယ်ထျဲကို နယ်မြေအကြောင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်မို့ သင့်တော်မယ့် အခွင့်အရေးကို စောင့်နေရုံသာ ရှိ၏။
နယ်မြေထဲသို့ သူဝင်လိုက်သည်နှင့်တပြိုင်နက် ချင်မျန်သည် နယ်မြေက ယခင်ကနှင့် အနည်းငယ် ကွာခြားသွားသည်ကို လုံးဝသတိပြုမိလိုက်သည်။သေသေချာချာ ကြည့်လိုက်တော့ နယ်မြေဧရိယာ ကျယ်လာတာကို တွေ့လိုက်ရ၏။ယခင်က လေးထောင့်ကွက်အိမ်*တံခါးဝတွင် ရပ်၍ အဝေးကို လှမ်းကြည့်လိုက်လျှင် ခပ်လှမ်းလှမ်းအကွာအဝေးရှိ ရှုခင်းများသည် အမြဲတမ်း မီးခိုးမြူများဖြင့် အုံ့ဆိုင်းနေသည်။ယခု ပြန်ကြည့်လိုက်တော့ စိမ်းစိုနေတဲ့ တောင်တန်းတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။သူ ရုတ်တရက် ခန့်မှန်းမိ၏။
နေရာကျယ်လာနေတာများလား?
ရိုးရိုးသားသားပြောရရင် ဒီနေရာကို သူပိုင်ဆိုင်ခဲ့တာ နှစ်နှစ်နီးပါးရှိနေပေမယ့် ဒီနေရာကအကြောင်းတွေကိုတော့ သိပ်မသိပေ။သို့သော် သေချာသည်မှာ အနှီနယ်မြေသည် သူ့အပေါ် တစ်စုံတစ်ရာအန္တရာယ်မျိုးမပေးခဲ့။သူနှင့် ယင်းနယ်မြေသည် “အပြန်အလှန် ဆက်စပ်နေတယ်” ဟု ခံစားမိ၏။
သူ ဒီနယ်မြေအတွင်း သားရဲအချို့ကို ရံဖန်ရံခါ ကြုံတွေ့ရသောအခါတွင်လည်း ၎င်းတို့သည် အလွန်ကျိုးနွံကြပြီး အလိုအလျောက် ရှောင်သွားကြသည်။
ချင်မျန် ခဏလောက် စဉ်းစားနေပေမယ့် တွေးကြည့်လို့မရပေ။သူ ပထမဆုံးအနေနဲ့ “ပန်းရောင်လုံးလေး” ဟု အမည်ပေးထားတဲ့ ပန်းဖူးကို ရေလောင်းခဲ့ပြီး အရင်ကနဲ့ ယှဉ်ရင် မည်သို့မျှမပြောင်းလဲကြောင်း တွေ့ရှိခဲ့ရပေမယ့် သူစိတ်မပျက်ပေ။ကြက်လှောင်အိမ်နဲ့ ဘဲလှောင်အိမ်ထဲက ကြက်/ဘဲဥတွေကို ကောက်ယူပြီး လေးထောင့်အိမ်ရဲ့ ဂိုဒေါင်ငယ်လေးထဲမှာ ထည့်လိုက်၏။နယ်မြေ၏ထိန်းသိမ်းနိုင်စွမ်းလုပ်ဆောင်ချက်သည် ယင်းဥတို့အား ပုပ်သိုးသွားစေမည်မဟုတ်ပေ။
ပိုင်တျန့်လေး နယ်မြေထဲသို့ ရောက်လာခဲ့သည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။မြှားတစ်စင်းမပစ်မီအချိန်လောက်အထိ တစ်ခဏလောက် လှည့်ပတ်ကြည့်ရင်း တောအုပ်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားသည်။
ချင်မျန် သူ့ကို စိတ်မပူမိ။ခြင်းတောင်းနှစ်တောင်းတွေ့တာနဲ့ ခြင်းတောင်းတစ်တောင်းထဲကို ကြက်ဥထည့်လိုက်ကာ ဟင်းသီးဟင်းရွက်ခင်းဆီသို့ သွား၍ လတ်လတ်ဆတ်ဆတ်အသီးအရွက်တွေကို ကျန်တောင်းထဲသို့ ထည့်ခဲ့သည်။ထို့နောက် သူ အော်ခေါ်လိုက်၏။ “ပိုင်တျန့်..... သွားရအောင်”
ခဏကြာတော့ ပိုင်တျန့်လေးက ချုံပုတ်ထဲကနေ ခုန်ထွက်လာပြီး သူ့ခြေထောက်တွေကို ပွတ်ကာ သူလည်ပင်းကို ပွတ်သပ်ခိုင်းလေသည်။
“........."
နောက်အခိုက်အတန့်တွင် သူတို့ ပင်မခန်းသို့ ပြန်လာခဲ့ကြရာ ချင်မျန်သည် ပြတင်းပေါက်ရှိ အနီရောင်ကြိုးကို ဆွဲလိုက်ရင်း ပန်းသီးတစ်လုံးကို ကိုက်လိုက်၏။
အဒေါ်ဖူသည် လျင်မြန်စွာရောက်လာပြီး ရိုသေစွာ အရိုအသေပြုလိုက်သည်။
“သခင်လေး”
ချင်မျန် ရေတွင်းနားက ဟင်းသီးဟင်းရွက်တောင်းကို လက်ညှိုးထိုးပြပြီး "အဒေါ်ဖူ ဒီနေ့ ဧည့်သည်တွေလာဖို့ရှိတယ်။ဒီအသီးအရွက်တွေကို ရေဆေးပေးပါ။"
“ဟုတ်ကဲ့။”
ချင်မျန်သည် ဘေးနားတွင်ရပ်ကာ ခဏမျှစောင့်ကြည့်နေခဲ့သည်။အဒေါ်ဖူက အလွန်လျင်မြန်ပြီး သပ်ရပ်စွာ လုပ်ကိုင်တတ်လေသည်။သူ ပန်းသီးကို ကိုက်ဝါးပြီး နေပူစာလှုံရန် ကြိမ်ကုလားထိုင်ဆီသို့ နေရာရွှေ့လိုက်သည်။
ပိုင်တျန့်လေးက ရုတ်တရက် ခုန်ထွက်လာပြီး ရှေ့ကို ပြေးသွား၏။
ချင်မျန် လန့်သွားရာ,ပိုင်တျန့်လေးက ကြောက်ရွံ့ထိတ်လန့်စရာတစ်ခုခုကို တွေ့သွား၍ ဟု သူထင်လိုက်မိသည်။သူ ကြိမ်ကုလားထိုင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်၏။
သို့သော်လည်း ပိုင်တျန့်လေး၏ရှေ့လက်နှစ်ချောင်းက ကျောက်တုံးတစ်တုံးကို ဖိထားပြီး ထိုကျောက်တုံးကို မလွှတ်မီ အကြိမ်အနည်းငယ် အံကြိတ်ကြွေးကြော်နေသည်ကို သူတွေ့လိုက်ရသည်။ထို့နောက် ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ ခါးကို လှည့်၍ နောက်သို့ ခုန်ဆင်းလိုက်ပြန်သည်။ထို့နောက် ပါးစပ်ဟကာ ကျောက်တုံးကို ထပ်ကိုက်လိုက်ပြန်သည်။
ချင်မျန်သည် စိတ်သက်သာရာမရခင် ခဏမျှ ဆွံ့အံသွားခဲ့သည်။ပိုင်တျန့်လေးက သားကောင်အမဲလိုက်ခြင်းကို လေ့ကျင့်နေခြင်းသာ။
ချင်မျန်ခင်ဗျာ ဦးခေါင်းပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများအပြည့်နဲ့ ပိုင်တျန့်လေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။သူမေးလိုက်ချင်၏။
ပိုင်တျန့်...မင်းရဲ့သခင်ကြီးက မင်း ဒီလို "ရူး" နေတာကို သတိထားမိရဲ့လား? ဟူ၍။
ပိုင်တျန့်လေး နားမလည်ဘူးထင်ပြီး သူ ပျင်းတိပျင်းရွဲ ပြန်လှဲချလိုက်ကာ ခြေထောက်တွေကို ထပ်တင်လျက် ပန်းသီးကို ဝါးစားရင်း ပိုင်တျန့်လေး အရူးလိုလို လေ့ကျင့်နေတာကို ကြည့်နေလိုက်၏။
အဒေါ်ဖူသည် ပိုင်တျန့်လေးကို ကြည့်ရင်း ချင်မျန်ဘက်သို့ အနည်းငယ်အလှမ်းဝေးသောနေရာမှ ပတ်လျှောက်လာသည်။ “သခင်လေး....ဟင်းရွက်တွေ အဆင်သင့်ဖြစ်ပါပြီ။ဒီနေ့ နေပူနေတော့ စောင်နဲ့ ချည်အဝတ်အစားတွေကို ထုတ်မလှန်းဘူးလား?"
ချင်မျန် ထထိုင်လိုက်ပြီး “အဒေါ်ဖူက အရမ်းသတိထားတတ်တာပဲ။ကျွန်တော် အဲဒါကိုမေ့သွားခဲ့တယ်။ကောင်းပြီ..အဲဒါတွေကိုတော့ ကျွန်တော် ကိုယ်တိုင်လုပ်နိုင်ပါတယ်။ဒီမှာလုပ်စရာဘာမှမရှိတော့ဘူး...အဒေါ် ကျန်တာတွေဆက်လုပ်လို့ရပြီ"
"ဟုတ်ကဲ့ သခင်လေး"
အိမ်ရှေ့တွင် အပြိုင်ထောင်ထားသော အဝတ်လှန်းတိုင် လေးတိုင်ရှိရာ ချင်မျန်သည် ဗီရိုအတွင်းမှ စောင်များ၊ မွေ့ယာများ၊ ဘောင်းဘီများနှင့် ချည်သားအ၀တ်အစားများအပြင် အလယ်ခန်းရှိ ထိုင်ခုံနှင့် ကူရှင်တွေကိုပါ ထုတ်ယူလှန်းခဲ့သည်။ထို့နောက် လက်ဖက်ရည်နှင့် အဆာပြေမုန့်များကိုပါ ထုတ်ကာ မေပယ်ပင်အောက်ရှိ ကျောက်စားပွဲပေါ်တွင် တင်ကာ ထိုင်ခုံပေါ်တွင် လှဲနေလိုက်သည်။
Advertisement
ပိုင်တျန့်လေးကတော့ “သားကောင်” ကို အမဲလိုက်နေဆဲဖြစ်ရာ ခုန်ပြီး ဖုန်မှုန့်တွေလွင့်ထွက်ရန် ခြေလက်တွေဖြင့် ကန်ကျောက် ပျံမြှောက်သွားပြန်သည်။ချင်မျန်သည် လေတိုက်ရာသို့ ရောက်နေသည့်အတွက် ဝမ်းသာမိသည်။
လဲ့ယ်ထျဲက လူအုပ်စုကို ဦးဆောင်လာခဲ့ရာ ထွားကျိုင်းသည့်ကလေးတစ်ဦးက ရှေ့ကနေအမြန်ပြေးလာခဲ့သည်။
"ဝမ်းကွဲ-ဦးလေးမျန်!"
"ယွမ်ဇျိုက်" ချင်မျန်သည် ဧည့်သည်တွေကို နှုတ်ဆက်ရန် ထလိုက်သည်။ရောက်လာသည်မှာ လူတော်တော်များလေ၏။သခင်ကြီးတျန်း၊ သခင်မကြီးထျန်း၊ ပထမဦးလေးနှင့် သူ့မိသားစု၊ ဒုတိယဦးလေးနှင့် သူ့မိသားစုပါ ရောက်လာကြ၏။လူတစ်စု လမ်းလျှောက်လာရင်း အိမ်ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူတို့မျက်လုံးအစုံဖြင့် မြင်နေရသည်ပင် မလုံလောက်တော့ဘူးလို့ ခံစားလိုက်ရ၏။ အထူးသဖြင့် အမျိုးသမီးတို့သည် ပန်းမျိုးစုံကို မြင်သောအခါ မျက်လုံးပင်မလွှဲနိုင်ပေ။
ခွင်းဇျိုက်နှင့် ရွှမ်းဇျိုက်တို့သည် ရုန်းရင်းဆန်ခတ် ခုန်လိုက်ပြီး ပန်းပွင့်များဖြင့်ပြည့်နေသော သစ်တော်သီးပင်၏အကိုင်းအခက်များကို ဖမ်းဆုပ်လိုက်သည်။ယွီယာနှင့် လန်ယာတို့သည် မြေပြင်ပေါ်မှ ပန်းနှစ်ပွင့်ကို ကောက်ယူပြီး ကျော်ပြေးသွားခဲ့သည်။
ချင်မျန်က လဲ့ယ်ထျဲတစ်ယောက် ခွေးပေါက်လေးနှစ်ကောင်ကို ကိုင်ထားတာတွေ့တော့ "ဒါတွေကရော?"
လဲ့ယ်ထျဲက ခွေးပေါက်လေးတွေကို သူ့ဆီ ပေးလိုက်ပြီး “ပထမဦးလေး ပေးလိုက်တာ”
ချင်မျန်သည် ပထမဦးလေးတျန်းကို ကျေးဇူးတင်စွာဖြင့် ဝမ်းသာအားရပြောလိုက်၏။ "ပထမဦးလေးက အရမ်းစဉ်းစားတတ်တာပဲ။ရိုးရိုးသားသားပြောရရင် ဒီခြံက အရမ်းကြီးလို့ ကျွန်တော်တို့ တကယ်ပဲ စောင့်ကြည့်ဖို့ အနည်းအကျဉ်းလိုအပ်နေတာ”
ပထမဦးလေးတျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “သူတို့ကို တခြားသူတွေက ပေးထားတာ။တစ်ပြားမှ အဖိုးမတန်ပါဘူး။"
ချင်မျန်သည် ခွေးနှစ်ကောင်ကိုစောင့်ကြည့်နေသည့် ပိုင်တျန့်လေးကို ကြည့်လိုက်သည်။သူ နည်းနည်း စိတ်ပူသွား၏။ပိုင်တျန့်လေးသာ ဝံပုလွေမဟုတ်ပါက ခွေးနှစ်ကောင်ကို မွေးဖို့က ပြသာနာမဟုတ်။
လဲ့ယ်ထျဲက သူ့စိုးရိမ်နေတာကို သတိပြုမိပြီး "အဘိုးက သူတို့လည်း အမဲလိုက်ခွေးတွေက မွေးလာတာလို့ ပြောတယ်"
ချင်မျန်၏စိုးရိမ်စိတ်မှာ အနည်းငယ် ဖြေလျော့သွားပြီး "ခင်ဗျား အဘိုးနဲ့တခြားသူတွေကို အရင်ဧည့်ခံထားလိုက်လေ"
ချင်မျန်သည် ပိုင်တျန့်လေးနှင့် ထိုခွေးပေါက်လေးနှစ်ကောင်ကို မထိပေးဝံ့သေးပေ။သူ ခွေးပေါက်လေးများကို အိမ်ထဲသို့ သယ်သွားကာ မနက်ကကျန်သေးသည့် ဆန်ပြုတ်ကို ပန်းကန်လုံးတစ်လုံးထဲအပြည့်ထည့်ကာ ဝိညာဉ်စမ်းရေကိုပါ ထပ်ရောလိုက်ပြီး ခွေးပေါက်လေးနှစ်ကောင်ကို အသုံးအဆောင်ပစ္စည်းများထားသည့်အခန်းထဲတွင် ခေတ္တသော့ခတ်ထားလိုက်သည်။
အိမ်ထဲမှထွက်တော့ လဲ့ယ်ထျဲက ကျောက်စားပွဲတွင် တစ်ယောက်တည်းထိုင်နေသည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်ရှိ အဆာပြေမုန့်များနှင့် လက်ဖက်ရည်တွေအားလုံးမှာ မထိရသေးပေ။
"လူတွေ ဘယ်ရောက်သွားလဲ?"
လဲ့ယ်ထျဲက သစ်သီးတောဘက်သို့ လှည့်ကြည့်ကာ “လှည့်ပတ်ကြည့်နေကြတယ်”
ပထမအဒေါ်သည် မက်မွန်ပင်မှ ပန်းပွင့်အခက်ကို ယူ၍ ရှီယာထံ ပေးခဲ့သည်။ရွှမ်းဇျိုက်က မက်မွန်ကိုင်းကို ပြင်းပြင်းထန်ထန် ပုတ်ဖို့ လက်ကို ဆန့်တန်းလိုက်ပြီး ပန်းပွင့်တွေ ကြွေကျနေတာကို ကြည့်ရင်း ရယ်မောလိုက်၏။
ဒါကိုမြင်တော့ ချင်မျန်က မျက်မှောင်ကြုတ်သွား၏။ဘာရယ်မဟုတ်ပေမယ့် ဒါက သူမျှော်လင့်ထားသလိုပင်။
လဲ့ယ်ထျဲက ခြေလှမ်းလိုက်သည်။ချင်မျန် သူ့ကိုတားပြီး "ထားလိုက်ပါ။သူတို့ကို လွှတ်ထားလိုက်။သူတို့ ပန်းအားလုံးကိုတော့ မဖျက်ဆီးနိုင်ပါဘူး။ဒီနှစ်က သီးပင်စားပင်တွေ စိုက်တဲ့ပထမဆုံးနှစ်ပဲ။လာကြည့်ဖို့ ဖိတ်ခေါ်ထားတယ်ဆိုမှတော့ အလှူပြုတယ်လို့ မှတ်ယူထားသင့်တယ်။နောက်အခါတွေမှတော့ အကြောင်းပြချက်တွေ ပေးနိုင်ပြီလေ။ကျွန်တော်တို့ သူတို့ကို လိုက်ပို့ပေးဖို့သွားကြမလား?"
လဲ့ယ်ထျဲက ခေါင်းခါပြီး “အဘိုးက လိုက်ပို့ပေးဖို့မလိုဘူးပြောတယ်”
ချင်မျန်လည်း ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
သူတို့နှစ်ယောက် လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောနေကြသည်။ယခုအချိန်တွင်
ဦးလေးဖုန်းတစ်ယောက် မက်မွန်တောထဲတွင် ရှိနေသည်ကို သူတို့ မသိခဲ့ကြ။
ရှီယာ၏လက်ထဲတွင် မက်မွန်ကိုင်းကိုမြင်ပြီးနောက် ဦးလေးဖုန်းက မြေပြင်ပေါ်ရှိ ပန်းပွင့်များကို စိုက်ကြည့်ကာ ရွှမ်းဇျိုက်အား ပြောလိုက်သည်။ "ကလေးလေး...မင်းလုပ်လိုက်တာနဲ့ ဒီသစ်ပင်က အသီးသိပ်မသီးနိုင်တော့ဘူး။သနားစရာပဲ။"
ထိုအချိန်၌ တျန်းရှောင်နှင့်တျန်းကျုံးတို့သည် စကားစမြည်ပြောနေကြရာ ထိုစကားကိုကြားသောအခါ သူတို့ လျင်မြန်စွာ လျှောက်သွားခဲ့ကြပြီး ရှက်စရာကောင်းအောင် ရွှမ်းဇျိုက်အား ဆူပူကာ ရပ်တန့်စေခဲ့သည်။
"ဒီကလူကြီးမင်းက?"
“ဟားဟား....။မင်းတို့က လဲ့ယ်ထျဲရဲ့ဧည့်သည်တွေလား။ငါက သီးပင်စားပင်တွေကို ပြုစုပျိုးထောင်ဖို့ လဲ့ယ်ထျဲက ငှားထားတာ။” ဦးလေးဖုန်းက ပြောသည်။
ရွှမ်းဇျိုက်က မေးမော့လိုက်ပြီး ဦးလေးဖုန်းကို အံကြိတ်လျက် စိုက်ကြည့်ကာ "ဒါက သားဝမ်းကွဲဦးလေးရဲ့ခြံ။ကစားချင်သလောက်ကစားလို့ရတယ်!"
တျန်းရှောင်က ဟန့်လိုက်၏။ "ရွှမ်းဇျိုက်!"
ဦးလေးဖုန်းက ပြုံးကာ ခေါင်းခါလိုက်သည်။ဘာမှ မပြောတော့ဘဲ တခြားဘက်ကို လှည့်ထွက်သွား၏။
တျန်းရှောင်၏ဇနီးသည် တျန်းရှောင်ကို စိုက်ကြည့်ကာ ရှုတ်ချပြီး "ရှင် စကားကောင်းကောင်းပြောလို့မရဘူးလား?ကလေးက မသိသေးဘူးလေ..ရှင်က မသိရင် သင်ပေးရမှာပေါ့”
သခင်ကြီးတျန်းတို့ဇနီးမောင်နှံသည် အဝေးသို့ ထွက်ခွာသွားကြပြီး သူ့မြေး၏ ဘာတွေဖြစ်လာမည်မှန်းမသိသည့် အနာဂတ်အတွက် ပူနေခဲ့ကြသည်။
ချင်မျန် နှင့်လဲ့ယ်ထျဲတို့သည် တျန်းမိသားစုပြန်မလာမီအထိ အချိန်အတော်ကြာ ထိုင်နေခဲ့ကြသည်။ခွင်းဇျိုက်နှင့် ရွှမ်းဇျိုက်အသီးသီးက ဇီးပန်းပွင့်အကိုင်းအခက်ကို ဓားအဖြစ်ကိုင်ဆောင်ထားကြပြီး ယွီယာနဲ့ လန်ယာ နှစ်ယောက်လုံးက ပန်းစည်းကြီးတွေ ကိုင်ထားကြသည်။သခင်ကြီးတျန်းက တည်ငြိမ်သော မျက်နှာဖြင့် ရှေ့သို့လျှောက်လာကာ ပထမဦးလေးတျန်းနှင့် ဒုတိယဦးလေးတျန်းတို့သည် ကလေးများ၏လက်ထဲတွင်ရှိသောအရာများကိုမြင်ပြီး အတန်ငယ်ရှက်သွားကြသည်။
ချင်မျန်က မမြင်လိုက်သလိုပင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေ၏။
“အဘိုးနဲ့ အဘွား....အပြင်မှာ နွေးနွေးထွေးထွေးရှိတယ်။ဘာလို့ အပြင်မှာ မထိုင်ကြတာလဲ?"
“ကောင်းပြီ။” အဘွားက ကြင်နာစွာ ပြုံးပြသည်။
တျန်းမိသားစုသည် သူတို့ခြံဝန်း၌တစ်ရက်တာလုံးနေထိုင်ခဲ့ကာ ညစာစားပြီးနောက် နှုတ်ဆက်ပြန်ခဲ့ကြသည်။
Advertisement
ကလေးတွေကတော့ မပြန်ချင်ပေမယ့် အပိုကုတင်မရှိတဲ့အတွက်ကြောင့် မိဘတွေနှင့်အတူ ပြန်လိုက်သွားကြရသည်။အိမ်မှာ အိပ်ခန်းတစ်ခန်းပဲရှိသည်ကြောင့် ချင်မျန် အရမ်းပျော်သွားရသည်။
ဧည့်သည်များအား ပြန်ပို့ပြီးနောက် ချင်မျန်သည် သီးပင်များနှင့် ပန်းခင်းများရှိရာသို့ လဲ့ယ်ထျဲကိုပါ ခေါ်ဆောင်သွား၏။အပေါ်ယံမှာတော့ ဥယျာဉ်ခြံဝန်းလေး ပျက်စီးသွားတာကို မမြင်နိုင်သော်လည်း ပန်းခင်းများတွင် ပန်းများစွာကို နင်းမိထားကာ မြေပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသော ခြေရာများ ရှိနေသည်ကိုတော့ တွေ့ရလေသည်။ပန်းခင်းထဲမှာ တောရိုင်းကလေးတွေ ပြေးလွှားသွားတာမှန်း သိသာ၏။
ဦးလေးဖူ၊ အဒေါ်ဖူနှင့် ရှီလတို့သည် သနားစိတ်ဖြင့် ပန်းတွေကို ပြန်ထောင်ကာ ရေအနည်းငယ်လောင်းပေးနေကြသည်။
ထိုအချိန်တွင် ချင်မျန်မှာတော့ တျန်းမိသားစုကို ဧည့်ခံပြီး ပြန်ပို့လိုက်ရသည်မှာ အလုပ်တစ်ခုပြီးမြောက်သွားသလိုမျိုး ဖြစ်နေသောကြောင့် စိတ်အခြေအနေကောင်းနေသည်။သူ ထိုဝက်ဝံကလေးများကို အကြာကြီးအထိ ထပ်တွေ့စရာမလိုတော့သည်မှာ အမှန်ပင်။နောင်တွင် အသီးအနှံများ မှည့်လာသောအခါ မည်မျှ ဖြုန်းတီးသွားမည်ကို မသိနိုင်တာမို့ လာရန် ဖိတ်ခေါ်ခြင်း မပြုတော့ပေ။အဲဒီအခါ အသီးအနှံတွေကိုပဲ ပေးဖြစ်လိမ့်မည်။
ချင်မျန်က လဲ့ယ်ထျဲကို ပြန်ဆွဲခေါ်သွားပြီး "ခွေးပေါက်လေးနှစ်ကောင်ကို သွားကြည့်ရအောင်"
အိမ်ပြန်ရောက်တော့ ပိုင်တျန့်လေးသည် အခန်းတံခါးကို ခြေသည်းများဖြင့် ကုတ်နေပြီး တံခါးဖွင့်နည်းကို လေ့လာနေသကဲ့သို့ အပေါ်နှင့်အောက်ကို မော့ကြည့်နေသည်။
လဲယ်ထျဲက လက်တစ်ဖက်ဖြင့် ကိုင်မကာ ဘေးဘက်သို့ ပို့ထားလိုက်သည်။
ပိုင်တျန့်လေးက လဲ့ယ်ထျဲကိုတော့ အမြဲတမ်းလိုလို မတွန်ူလှန်ရဲ။ထားရာအရပ်၌ နာခံစွာရပ်နေ၏။
ချင်မျန် တံခါးကိုဖွင့်လိုက်ပြီး မြေပြင်ပေါ်တွင် ငြိမ်သက်စွာ အိပ်နေသော ခွေးကလေးနှစ်ကောင်ကိုကြည့်လိုက်ကာ တစ်ချိန်တည်းမှာပင် မျက်လုံးစိုစိုလေးများဖြင့် သူတို့ကို ပြန်ကြည့်လာသည်။
ခွေးကလေးတစ်ကောင်မှာ မီးခိုးရောင်အမွေးများရှိပြီး ဝံပုလွေနှင့် ပိုတူ၏။နောက်ခွေးကလေး၏အမွေးမှာ အဖြူသုံးပုံတစ်ပုံနှင့် အနက်ရောင်အမွေး သုံးပုံနှစ်ပုံပါရှိသည်။အနက်ရောင်အကျီင်္ကို ကျောပြင်ပေါ်တွင် ခပ်စောင်းစောင်း ပတ်ထားသလို ဖြစ်နေကာ အရမ်းကိုချစ်စရာကောင်းနေ၏။
ချင်မျန်သည် ခွေးပေါက်လေးနှစ်ကောင်၏ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးပြီး မီးခိုးရောင်တစ်ကောင်ကို လဲ့ယ်ထျဲထံ တွန်းပို့ပေးလိုက်သည်။ "ဒီတစ်ကောင်ကို ခင်ဗျားနာမည်ပေးလိုက်"
လဲ့ယ်ထျဲက တစ်ချက်မျှပင် မစဥ်းစားဘဲ ပြန်ဖြေ၏။
"ဖျန့်ဟွေး[gray sheet]"
“ဖျန့်ဟွေး ဟားဟားဟား......”ချင်မျန် သူ့ပေါင်တွေပါပုတ်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနေလိုက်သည်။
လဲ့ယ်ထျဲက " ပိုင်တျန့်[white spot]လည်း အတူတူပါပဲ"
ချင်မျန်၏ရယ်သံမှာ အလိုလိုရပ်သွားတော့သည်။
လဲ့ယ်ထျဲက အခြားခွေးကလေးကို လက်ညှိုးထိုးပြပြီး "သူ့နာမည်ကရော?”
ချင်မျန်က ပြောသည်။
"ဟေးမာကျား[black vest]"
လဲ့ယ်ထျဲ ခဏလောက် ငြိမ်သွားပြီး ခေါင်းညိတ်ကာ “ကောင်းပါတယ်”
ချင်မျန် သူ့ကို မကျေမနပ်ကြည့်လိုက်သည်။
"'ပိုင်တျန်း' နဲ့ 'ဟေးမာကျား' က 'ဖျန်းဟွေး' ထက် ပိုကောင်းတယ်!"
ပိုင်တျန့်လေးသည် ပြေးလာပြီး ချင်မျန်ကို လှမ်းကြည့်ကာ သူကို ခေါ်နေသည်ဟုထင်သွားပုံရသည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး "အင်း"
ချင်မျန် ပိုလို့တောင် ဒေါသဖြစ်သွား၏။
လဲ့ယ်ထျဲက ခေါင်းလေးပုတ်ကာ "အိပ်ရအောင်။ကိုယ်တို့ မနက်ဖြန် တောင်ပေါ်တက်ကြမယ်။"
ချင်မျန်၏အာရုံမှာ ချက်ချင်းပြောင်းသွားသည်။
လဲ့ယ်ထျဲလည်း အိပ်ရာဝင်ပြီးနောက် ချင်မျန်သည်လည်း အိပ်ယာထက်၌ အကျအန နေရာယူလိုက်သည်။လဲ့ယ်ထျဲ သူ့ကို မပွေ့ဖက်ခင် ခဏရပ်တန့်သွား၏။ချင်မျန် သိလိုစိတ်ဖြင့် “ဘာဖြစ်လို့လဲ?”
လဲ့ယ်ထျဲက စကားပြန်မပြောဘဲ သူ့ဇနီးလေးရဲ့တင်ပါးတွေကိုသာ ဆုပ်ကိုင်ထားရင်း ပိုလို့တောင် တောင့်တောင့်တင်းတင်း ဖြစ်လာသည်။
ချင်မျန် ချက်ချင်း သဘောပေါက်သွား၏။အနည်းငယ် မရိုးမရွနိုင်သည့် ခံစားချက်ဖြင့် သူ ထိုလူ၏ပခုံးပေါ်မှီကာ "မဟုတ်ရင် ကျွန်တော့်လက်ကို သုံးပေးမယ်လေ....” ဟု အသံတိုးတိုးနဲ့ ပြောပြီး သူ့နှုတ်ခမ်းတွေကို ပူနွေးတဲ့အရာတစ်ခုနဲ့ချိတ်တွယ်လိုက်သည်။
အမှောင်ထဲတွင် သည်းခံနေသည့်အသံနှင့် အဆော်တလျှင် ညည်းညူသံများက အလွန်ရှင်းလင်းစွာ ပဲ့တင်ထွက်ပေါ်နေသည်။အချိန်အတော်ကြာပြီးမှသာ လဲ့ယ်ထျဲ၏သြရှရှအသံက ထွက်ပေါ်လာ၏။ "အိပ်တော့”
T/N: ကိုယ်သာ ကလေးမွေးရင် သူတို့လင်လင်နှစ်ယောက်ကို နာမည်ပေးကင်ပွန်းလာတပ်ခိုင်းရမယ်။
ပေးတာတော်ချက်.....
1.ပိုင်တျန့် = white spot
2.ဖျန့်ဟွေး = a piece / sheet / area of gray /ash.
3.ဟေးမာကျား = black vest / corset / armor for a horse
ချင်မျန်ရဲ့ နယ်မြေထဲက လေးထောင့်ကွက်အိမ်ပုံစံ
ကိုယ် သုံးထားတဲ့ လေးထောင့်ကွက်အိမ်ဆိုတာက ထောင့်လေးထောင်ပါတာကို ဆိုလိုတာပါနော်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
077: မင္းနဲ႔ပိုနီးခ်င္မိ
လဲ့ယ္ထ်ဲက တ်န္း႐ြာသို႔ သြားရာလမ္းကို သိသြားေစရန္ ႐ွီလကိုပါ တစ္ပါတည္းေခၚသြားခဲ့သည္။ေနာင္တြင္ တ်န္း႐ြာသို႔ သြားလိုလွ်င္ လဲ့ယ္ထ်ဲကိုယ္တိုင္ သြားစရာမလိုေတာ့ေပ။
ခ်င္မ်န္ကေတာ့ အိမ္တြင္ တစ္ေယာက္တည္း က်န္ရစ္ေနခဲ့သည္။ေနာက္ဆုံးမွာေတာ့ ပိုင္တ်န္႔ေလး
ႏွင့္အတူတူ နယ္ေျမထဲကို သြားဖို႔ အခ်ိန္အမ်ားႀကီးရခဲ့ေလၿပီ။သူ ဝိညာဥ္ကူးေျပာင္းခံရၿပီးကတည္းက နယ္ေျမထဲကို သူေရာက္ခဲ့တဲ့ အႀကိမ္အေရအတြက္မွာ အလြန္နည္းပါးလြန္းလွသည္။မဝင္ခ်င္တာ မဟုတ္ အခြင့္အေရးမရခဲ့ျခင္းသာ။ပထမတုန္းကေတာ့ လဲ့ယ္ထ်ဲက ေစာင့္ၾကည့္ေနတာေၾကာင့္ လြယ္လြယ္ကူကူ မဝင္ရဲခဲ့။ေနာက္ပိုင္းမွာေတာ့ သူ လက္ေတြ႕ဘဝတြင္ အလုပ္မ်ားလာလြန္းေသာေၾကာင့္ပင္။ေန႔စဥ္ႏွင့္အမွ် သူ ေငြ႐ွာနည္းႏွင့္ သူတို႔၏ဘဝေတြကို ျမႇင့္တင္ရန္ ေတြးေတာေနရေသာေၾကာင့္ နယ္ေျမကို မစီမံ မခန္႔ခြဲႏိုင္ေပ။သူ ရံဖန္ရံခါသာ ဝင္ေရာက္ႏိုင္ခဲ့ၿပီး သူ ဝင္ေရာက္သည့္အေခါက္တိုင္းကလည္း ဝိညာဥ္စမ္းေရကို ခပ္မ်ားမ်ားယူရန္ သို႔မဟုတ္ သစ္သီးႏွင့္ဟင္းသီးဟင္း႐ြက္အခ်ိဳ႕ကို ေ႐ြးယူရန္ အခ်ိန္တိုအတြင္းသာ သူေနျဖစ္ခဲ့သည္။ယခုဆိုလွ်င္ သူ လဲ့ယ္ထ်ဲကို နယ္ေျမအေၾကာင္း ေျပာျပရန္ ဆုံးျဖတ္လိုက္သည္မို႔ သင့္ေတာ္မယ့္ အခြင့္အေရးကို ေစာင့္ေန႐ုံသာ ႐ွိ၏။
နယ္ေျမထဲသို႔ သူဝင္လိုက္သည္ႏွင့္တၿပိဳင္နက္ ခ်င္မ်န္သည္ နယ္ေျမက ယခင္ကႏွင့္ အနည္းငယ္ ကြာျခားသြားသည္ကို လုံးဝသတိျပဳမိလိုက္သည္။ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ နယ္ေျမဧရိယာ က်ယ္လာတာကို ေတြ႕လိုက္ရ၏။ယခင္က ေလးေထာင့္ကြက္အိမ္*တံခါးဝတြင္ ရပ္၍ အေဝးကို လွမ္းၾကည့္လိုက္လွ်င္ ခပ္လွမ္းလွမ္းအကြာအေဝး႐ွိ ႐ႈခင္းမ်ားသည္ အၿမဲတမ္း မီးခိုးျမဴမ်ားျဖင့္ အုံ႔ဆိုင္းေနသည္။ယခု ျပန္ၾကည့္လိုက္ေတာ့ စိမ္းစိုေနတဲ့ ေတာင္တန္းေတြကို ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရၿပီ။သူ ႐ုတ္တရက္ ခန္႔မွန္းမိ၏။
ေနရာက်ယ္လာေနတာမ်ားလား?
႐ိုး႐ိုးသားသားေျပာရရင္ ဒီေနရာကို သူပိုင္ဆိုင္ခဲ့တာ ႏွစ္ႏွစ္နီးပါး႐ွိေနေပမယ့္ ဒီေနရာကအေၾကာင္းေတြကိုေတာ့ သိပ္မသိေပ။သို႔ေသာ္ ေသခ်ာသည္မွာ အႏွီနယ္ေျမသည္ သူ႕အေပၚ တစ္စုံတစ္ရာအႏၲရာယ္မ်ိဳးမေပးခဲ့။သူႏွင့္ ယင္းနယ္ေျမသည္ “အျပန္အလွန္ ဆက္စပ္ေနတယ္” ဟု ခံစားမိ၏။
သူ ဒီနယ္ေျမအတြင္း သားရဲအခ်ိဳ႕ကို ရံဖန္ရံခါ ၾကဳံေတြ႕ရေသာအခါတြင္လည္း ၎တို႔သည္ အလြန္က်ိဳးႏြံၾကၿပီး အလိုအေလ်ာက္ ေ႐ွာင္သြားၾကသည္။
ခ်င္မ်န္ ခဏေလာက္ စဥ္းစားေနေပမယ့္ ေတြးၾကည့္လို႔မရေပ။သူ ပထမဆုံးအေနနဲ႔ “ပန္းေရာင္လုံးေလး” ဟု အမည္ေပးထားတဲ့ ပန္းဖူးကို ေရေလာင္းခဲ့ၿပီး အရင္ကနဲ႔ ယွဥ္ရင္ မည္သို႔မွ်မေျပာင္းလဲေၾကာင္း ေတြ႕႐ွိခဲ့ရေပမယ့္ သူစိတ္မပ်က္ေပ။ၾကက္ေလွာင္အိမ္နဲ႔ ဘဲေလွာင္အိမ္ထဲက ၾကက္/ဘဲဥေတြကို ေကာက္ယူၿပီး ေလးေထာင့္အိမ္ရဲ႕ ဂိုေဒါင္ငယ္ေလးထဲမွာ ထည့္လိုက္၏။နယ္ေျမ၏ထိန္းသိမ္းႏိုင္စြမ္းလုပ္ေဆာင္ခ်က္သည္ ယင္းဥတို႔အား ပုပ္သိုးသြားေစမည္မဟုတ္ေပ။
ပိုင္တ်န္႔ေလး နယ္ေျမထဲသို႔ ေရာက္လာခဲ့သည္မွာ ဒါ ပထမဆုံးအႀကိမ္ပင္။ျမႇားတစ္စင္းမပစ္မီအခ်ိန္ေလာက္အထိ တစ္ခဏေလာက္ လွည့္ပတ္ၾကည့္ရင္း ေတာအုပ္ထဲသို႔ ဝင္ကာ ေပ်ာက္ကြယ္သြားသည္။
ခ်င္မ်န္ သူ႕ကို စိတ္မပူမိ။ျခင္းေတာင္းႏွစ္ေတာင္းေတြ႕တာနဲ႔ ျခင္းေတာင္းတစ္ေတာင္းထဲကို ၾကက္ဥထည့္လိုက္ကာ ဟင္းသီးဟင္း႐ြက္ခင္းဆီသို႔ သြား၍ လတ္လတ္ဆတ္ဆတ္အသီးအ႐ြက္ေတြကို က်န္ေတာင္းထဲသို႔ ထည့္ခဲ့သည္။ထို႔ေနာက္ သူ ေအာ္ေခၚလိုက္၏။ “ပိုင္တ်န္႔..... သြားရေအာင္”
ခဏၾကာေတာ့ ပိုင္တ်န္႔ေလးက ခ်ံဳပုတ္ထဲကေန ခုန္ထြက္လာၿပီး သူ႕ေျခေထာက္ေတြကို ပြတ္ကာ သူလည္ပင္းကို ပြတ္သပ္ခိုင္းေလသည္။
“........."
ေနာက္အခိုက္အတန္႔တြင္ သူတို႔ ပင္မခန္းသို႔ ျပန္လာခဲ့ၾကရာ ခ်င္မ်န္သည္ ျပတင္းေပါက္႐ွိ အနီေရာင္ႀကိဳးကို ဆြဲလိုက္ရင္း ပန္းသီးတစ္လုံးကို ကိုက္လိုက္၏။
အေဒၚဖူသည္ လ်င္ျမန္စြာေရာက္လာၿပီး ႐ိုေသစြာ အ႐ိုအေသျပဳလိုက္သည္။
“သခင္ေလး”
ခ်င္မ်န္ ေရတြင္းနားက ဟင္းသီးဟင္း႐ြက္ေတာင္းကို လက္ညိႇဳးထိုးျပၿပီး "အေဒၚဖူ ဒီေန႔ ဧည့္သည္ေတြလာဖို႔႐ွိတယ္။ဒီအသီးအ႐ြက္ေတြကို ေရေဆးေပးပါ။"
“ဟုတ္ကဲ့။”
ခ်င္မ်န္သည္ ေဘးနားတြင္ရပ္ကာ ခဏမွ်ေစာင့္ၾကည့္ေနခဲ့သည္။အေဒၚဖူက အလြန္လ်င္ျမန္ၿပီး သပ္ရပ္စြာ လုပ္ကိုင္တတ္ေလသည္။သူ ပန္းသီးကို ကိုက္ဝါးၿပီး ေနပူစာလႈံရန္ ႀကိမ္ကုလားထိုင္ဆီသို႔ ေနရာေ႐ႊ႕လိုက္သည္။
ပိုင္တ်န္႔ေလးက ႐ုတ္တရက္ ခုန္ထြက္လာၿပီး ေ႐ွ႕ကို ေျပးသြား၏။
ခ်င္မ်န္ လန္႔သြားရာ,ပိုင္တ်န္႔ေလးက ေၾကာက္႐ြံ႕ထိတ္လန္႔စရာတစ္ခုခုကို ေတြ႕သြား၍ ဟု သူထင္လိုက္မိသည္။သူ ႀကိမ္ကုလားထိုင္ေပၚမွ အျမန္ခုန္ဆင္းလိုက္၏။
သို႔ေသာ္လည္း ပိုင္တ်န္႔ေလး၏ေ႐ွ႕လက္ႏွစ္ေခ်ာင္းက ေက်ာက္တုံးတစ္တုံးကို ဖိထားၿပီး ထိုေက်ာက္တုံးကို မလႊတ္မီ အႀကိမ္အနည္းငယ္ အံႀကိတ္ေႂကြးေၾကာ္ေနသည္ကို သူေတြ႕လိုက္ရသည္။ထို႔ေနာက္ ေက်ာက္တုံးေပၚမွ ခုန္ဆင္းကာ ခါးကို လွည့္၍ ေနာက္သို႔ ခုန္ဆင္းလိုက္ျပန္သည္။ထို႔ေနာက္ ပါးစပ္ဟကာ ေက်ာက္တုံးကို ထပ္ကိုက္လိုက္ျပန္သည္။
ခ်င္မ်န္သည္ စိတ္သက္သာရာမရခင္ ခဏမွ် ဆြံ႕အံသြားခဲ့သည္။ပိုင္တ်န္႔ေလးက သားေကာင္အမဲလိုက္ျခင္းကို ေလ့က်င့္ေနျခင္းသာ။
Advertisement
- In Serial315 Chapters
A Returner’s Magic Should Be Special
“Now that I’m back, I won’t allow my loved ones to die again!” The Shadow Labyrinth – the most catastrophic existence humanity has faced in history. Desir Arman is one of the six remaining survivors of mankind. The six attempted to clear the final level of the labyrinth but ultimately failed, and the world came to an end. However – when Desir thought he would meet his demise, what is revealed before him is the world… thirteen years ago?! Desir is returned to the past, back to the time when he enrolled at the nation’s finest magic academy – Havrion. He is reunited with his precious friends, and is prepared to change the past to save the world and his loved ones…! Three years remaining before the emergence of the Shadow World! Change the past and gather powerful comrades to save mankind!
8 1139 - In Serial9 Chapters
Advice Master Megumi!
It's no secret - 14-year old Kanazawa Megumi is an extremely plain and average person.She has no interesting talents, no special traits - and no friends, either. Megumi had gotten used to being a loner....and only existing in the background. But here's the twist - secretly, she absolutely hates it! Living her life as a 8th Grader at Sakuragaoka Junior High, she has had enough of her life as a wallflower. In a fit of rage, she created her other persona - the cheerful and charismatic Madoka - and suddenly, Megumi's once boring, grey life began to bloom!But as Madoka's popularity rises, more people begin to seek out Madoka's real identity...can Megumi protect her secret?
8 154 - In Serial58 Chapters
Era of Creation
A world that was in a time of peace was suddenly and unexpectedly thrown into chaos by the Dark Lord Veksis, a banished god who freed himself at being trapped in the void is back with a vengeance against the gods that turned on him. The God's have put one choice to protect themselves, raise a champion to defeat the dark lord. Kalisia Stormborn, a woman of no name quickly grows into the spotlight from the God's will, gathering friends and allies of all shapes and races, with the one main goal in defeating Veksis Gan from destroying the world and their Gods.
8 239 - In Serial22 Chapters
Link X Reader One-Shots (DISCONTINUED)
--update: Occasionally going through and editing out some of my awful grammar and just making it more readable.--I've no more inspiration/motivation for this story. I thought I could do more, but I just can't. I'm truly sorry.These aren't great, so I'm sorry for grammar mistakes and poor writing in general. I hope you can enjoy them nonetheless and maybe even check out my other books-? Thank you.[[My Quotev story that I felt like moving here! @ ThatSleepyBoi]]
8 151 - In Serial39 Chapters
The Clan Head System
[Mutation of interface complete!] System-host compatibility: 95%- Requirements to integrate complete…, initiating integration and installation. … [Morales Clifford, Welcome to the Clan Head System!] “Wait…, what the hell?” “I…, Did I just transmigrate into Space world?” “What the f**k, is that even possible?” … Morales, a retired soldier in his previous world has been reborn in a strange world due to a mad scientist experiment; a world whose foundation is built upon his favorite game- Space World. For him to return back to earth, he has to accumulate strength and locate his other 4 earthlings that were reborn with him in this mysterious fantastical world. The road ahead is dark and ominous. Will he succeed? Will he die trying? Find out in this action filled mind-blowing novel.
8 160 - In Serial45 Chapters
Gentle Turbulence - Uchiha Madara Love Story
Uchiha Madara.He was one person that every single person in the world feared, right? WRONG!! There was one person, a very ordinary person who absolutely loved to annoy him to no end! Hard headed, prideful, never backing down with a fight; our Jung Mi Ho was the one person you could count on to send him into shock with sassy and comedic back answers!Of course, being Uchiha Madara, Mi Ho will obviously have difficulties handling him. Read on to see Madara as he deals with this loud mouthed and adamant girl that he surprisingly has a strange interest for!~~~~~~~~~~Naruto and all its franchise (C) Masashi KishimotoOC and creative plot (C) Midnight_Lilac
8 186

