《My Jewel [ Complete ]》Part 14
Advertisement
ကုမၼဏီမွာ အလုပ္ဘယ္ေလာက္မ်ားမ်ား ဝမ္ရိေပၚကသူ႔ယုန္ညိဳလံုးေလးနဲ႔ ညစာအတူစားဖို႔ အခ်ိန္မီျပန္လာေလ့႐ွိတယ္။ အလုပ္မမ်ားတဲ့ ပံုမွန္ရက္ေတြဆိုရင္ေတာ့ ငါးနာရီထိုးတာနဲ႔ ဝမ္ရိေပၚကအိမ္ျပန္ၿပီးသားပဲ။
ဝမ္ရိေပၚကျဖစ္ႏိုင္ရင္ သူ႔ရတနာေလးကို အခ်ိန္တိုင္းေပြ႔ဖက္ထိေတြ႔နမ္း႐ႈပ္ၿပီး ဆက္ဆံခ်င္ေနတာဆိုေပမယ့္ ေတာ္ၾကာသူ႔ယုန္လံုးေလးက သူ႔ကိုႏွာဘူးေကာင္လို႔ ထင္သြားမွာစိုးလို႔ ဆႏၵကုိသိကၡာနဲ႔ ထိန္းခဲ့ရတယ္။
အတူမစားရတဲ့ ေန႔လယ္စာေတြကိုလည္း ဝမ္ရိေပၚကျဖစ္ႏိုင္ရင္ ေ႐ွာင္းက်န္႔ကို ထမင္းဘူးလာပို႔ခိုင္းၿပီး အတူစားခ်င္ေပမယ့္ ကုမၼဏီလိုလူမ်ားတဲ့ေနရာမွာ သူ႔ရတနာေလးကိုထုတ္မျပခ်င္လို႔ အဲဒီလုိမလုပ္ျဖစ္ခဲ့ဘူး။
တစ္လမွာႏွစ္ရက္ေလာက္ေတာ့ မိဘအိမ္ကိုျပန္တတ္တဲ့ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚက မနက္ကုမၼဏီမသြားခင္ ဝင္ပို႔ေပးၿပီး ညေနရံုးဆင္းခ်ိန္က် ျပန္ေခၚေလ့႐ွိတယ္။ ပိတ္ရက္မွာေတာ့ သူေပးမျပန္ႏိုင္ပါဘူး။ ပိတ္ရက္မွာသူကတစ္ေနကုန္ သူ႔ယုန္လံုးေလးနဲ႔အတူ႐ွိေနခ်င္တာမို႔ ရံုးဖြင့္ရက္မွာပို႔ေပးတာ။ တခါတေလ သူလည္းေ႐ွာင္းက်န္႔အိမ္မွာ မိဘေတြနဲ႔အတူ ညစာစာၿပီးမွျပန္လာျဖစ္တယ္။
အခုဆိုရင္သူတို႔လက္ထပ္ၿပီးတာ ေျခာက္လေက်ာ္လာခဲ့ၿပီျဖစ္တယ္။ သူခရီးထြက္ဖို႔ကိစၥက အခုမွၾကင္စဦးအိမ္ေထာင္သည္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ပါးက ကုမၼဏီက႐ွယ္ယာ႐ွင္ေတြကို ရသေလာက္အခ်ိန္ဆြဲေပးထားခဲ့တယ္။
လက္ထပ္ၿပီးကတည္းက အိမ္ထဲမွာပဲေနရတဲ့ သူ႔ယုန္ညိဳလံုးေလးက အခုေတာ့ယုန္ျဖဴလံုးေလးပင္ျဖစ္လို႔လာခဲ့ၿပီ။ ဟုတ္တယ္ တကယ္ေတာ့ ေ႐ွာင္းက်န္႔ကအသားေတာ္ေတာ္ျဖဴတာ။ တကၠသိုလ္တက္တုန္းက ဘယ္သြားသြားထီးလည္းမေဆာင္းဘဲ အတန္းခ်ိန္မ႐ွိရင္ အေဆာင္အေနာက္ဘက္က အမိုးမ႐ွိတဲ့ေနရာမွာ သြားထိုင္ေနတတ္လို႔ ေနေလာင္သြားခဲ့တာလို႔ ေ႐ွာင္းက်န္႔ေျပာျပလို႔သူသိခဲ့ရတယ္။
ဒီအေတာအတြင္း သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက အရမ္းေကာင္းတယ္လို႔ ဝမ္ရိေပၚကသတ္မွတ္တယ္။ စကားမ်ားရန္ျဖစ္တာမ်ဳိးေတြလည္းမ႐ွိသလို သူေျပာသမ်ွကိုလည္း ေ႐ွာင္းက်န္႔ကျငင္းဆိုတာမ်ိဳးမ႐ွိဘဲနားေထာင္ေပးတယ္။ သူ႔ယုန္ေလးကအလိမၼာတံုးေလး...
"မနက္ျဖန္ ေစ်းဝယ္ထြက္ရမယ့္ေန႔ေနာ္ ရိေပၚ"
"အင္း ကုိယ္မွတ္မိတယ္"
ညစာအတူစားေနတုန္းေျပာလာတဲ့ ယုန္ေလးကိုသူေခါင္းၿငိမ့္ျပလိုက္တယ္။ သူမွတ္မိတာေပါ့။ စေနေန႔တိုင္း သူနဲ႔ေ႐ွာင္းက်န္႔က ေစ်းဝယ္ထြက္ေနက်ကို..တကယ္ေတာ့ေစ်းဝယ္ထြက္တယ္ဆိုတာထက္ သူတို႔ႏွစ္ေယာက္ Date လုပ္တာနဲ႔ပုိတူတယ္။ အဲဒီေန႔မွာသူက ေ႐ွာင္းက်န္႔စားခ်င္တာေတြကို ဝယ္ေကြၽးၿပီး သြားခ်င္တဲ့ေနရာေတြ႐ွိရင္လည္း လိုက္ပို႔ေပးရတာ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္။
ညစာစားၿပီးခ်ိန္ေတြမွာဆိုရင္ ကာတြန္းကားထိုင္ၾကည့္ရင္း သေဘာက်ေနတတ္တဲ့ ယုန္လံုးေလးကိုခိုးၾကည့္ရတာက ဝမ္ရိေပၚရဲ႕ေန႔စဥ္အလုပ္တစ္ခုျဖစ္တယ္။
------------------------------
မနက္စာစားၿပီးတာနဲ႔ ယုန္လံုးေလးနဲ႔အတူ ကုန္တိုက္သို႔ထြက္လာခဲ့လိုက္သည္။
"ဒီေန႔ေရာ တစ္ျခားသြားခ်င္တဲ့ေနရာ႐ွိေသးလား"
"ဟင့္အင္း မ႐ွိဘူး"
ကုန္တိုက္သို႔ေရာက္သည့္အခါ တစ္ပတ္စာလိုအပ္သည္မ်ားကို ႏွစ္ေယာက္အတူဝယ္ယူလိုက္ၾကသည္။
"ဘာလိုေသးလဲ"
ေစ်းဝယ္လက္တြန္းလွည္းကို သူကတြန္းေနၿပီး ဝယ္ရမည့္ပစၥည္းစာရင္းအား သူ႔ယုန္လံုးေလးက မွတ္ထားသည့္ဖုန္းထဲမွၾကည့္ေနေလသည္။
"အင္း..ၾကက္ဥေခ်ာင္း ဝယ္ရဦးမယ္"
ၾကက္ဥေခ်ာင္းႏွင့္အသားေခ်ာင္းမ်ား ေရာင္းခ်ရာဘက္ကိုေရာက္လာခ်ိန္ ဝမ္ရိေပၚလွမ္းၾကည့္မိေတာ့ အေရာင္းေစ်းေတြခ်ေနတာေၾကာင့္ အဲဒီေနရာနားက လူေတြျပံဳတိုးေနတာကို ေတြ႔လိုက္ရတယ္။ အသက္ႀကီးတဲ့မိန္းမေတြ မ်ားတယ္ဆိုေပမယ့္ သူ႔ယုန္လံုးေလးကို ဝမ္ရိေပၚကအဲဒီလိုလူၾကားထဲကို မေခၚသြားႏိုင္ပါဘူး။
"ဒီမွာေနခဲ့ ကုိယ္သြားယူလာခဲ့မယ္"
"ဟင့္အင္း ကိုယ့္ဘာသာပဲယူလိုက္ပါမယ္ အဲဒါကြၽန္ေတာ့္အလုပ္ပဲကို"
"ေနဆိုေနခဲ့ စကားမမ်ားနဲ႔...မဟုတ္ေသးဘူး။ ဟုိဘက္တန္းမွာသြားေစာင့္ေန...ဒီမွာရပ္မေနနဲ႔ သြားေတာ့"
ျမင္ေနရတဲ့ လူ႐ွင္းသည့္ဘက္မွာေ႐ွာင္းက်န္႔ကို သြားေနခိုင္းလိုက္ၿပီးမွ ၾကက္ဥေခ်ာင္းနဲ႔တျခားလိုအပ္တာတစ္ခ်ိဳ႕ကုိ ေစ်းဝယ္ျခင္းထဲခပ္ျမန္ျမန္ေကာက္ထည့္လိုက္တယ္။
ထိိုေနရာတစ္ဝိုက္မွ အမ်ဳိးသမီးမ်ားမွာေတာ့ ေယာက္်ားတန္မဲ့သူတို႔အားတြန္းတိုက္ကာ အေ႐ွ႕ဆံုးတန္းမွပစၥည္းကိုဝင္ယူၿပီး ခ်က္ခ်င္းျပန္ထြက္သြားတဲ့ မ်က္ႏွာေၾကာတင္းတင္းနဲ႔ေကာင္ေလးကို အံ့ျသတႀကီးၾကည့္ကာ ေျပာဆိုေရရြတ္ရင္းက်န္ခဲ့ၾကေလသည္။
ေ႐ွာင္းက်န္႔႐ွိရာ သူျပန္ေရာက္လာခ်ိန္ ေတြ႔လိုက္ရတာက သူသြားေနခိုင္းလိုက္တဲ့ေနရာက အ႐ုပ္ေတြထားတဲ့ေနရာျဖစ္ေနၿပီး သူ႔ယုန္ေလးရဲ႕လက္ထဲမွာေတာ့ ယုန္အျဖဴအ႐ုပ္ေလးတစ္႐ုပ္ ကိုင္ထားတာကိုေတြ႔လိုက္ရတယ္။
"ေရာက္ၿပီလား ျမန္လိုက္တာ"
"အင္း"
"သြားၾကမယ္ေလ"
သူ႔ကိုျမင္သြားတဲ့ေ႐ွာင္းက်န္႔က အ႐ုပ္ကုိစင္ေပၚမွာျပန္တင္ၿပီး ထိုေနရာမွ ထြက္လို႔သြားၿပီျဖစ္သည္။
သူကေတာ့ယုန္လံုးေလးခ်လိုက္တဲ ယုန္႐ုပ္ေ႐ွ႕ကမခြာႏိုင္ေသး။ ဒီယုန္႐ုပ္က သူ႔ယုန္လံုးေလးေလာက္ေတာ့ ခ်စ္ဖို႔မေကာင္းဘူး။
"ရိေပၚ မလာေသးဘူးလား?"
"အင္း..လာၿပီ"
သူထြက္လာခ်ိန္မွာေတာ့ လက္ထဲမွာယုန္႐ုပ္ေလးက ပါလာၿပီးသား...
"ရိေပၚ ဒီအ႐ုပ္က?"
သူ႔လက္ထဲကအ႐ုပ္ကိုေတြ႔သြားတဲ့ ေ႐ွာင္းက်န္႔ကေမးလာတယ္။
"လက္ေဆာင္"
"ဘယ္သူ႔ဖို႔လဲ ေမးလို႔ရမလား?"
"အာာ..အဲဒါက..ဟို..ကုမၼဏီက ႐ွယ္ယာ႐ွင္တစ္ေယာက္ရဲ႕ ကေလးအတြက္ေမြးေန႔လက္ေဆာင္"
"ဪ"
ေသစမ္း ဝမ္ရိေပၚ ဘာလို႔အမွန္အတိုင္းမေျပာမိတာလဲ? အခုဒီအ႐ုပ္ႀကီးကိုဝယ္ထားၿပီးေတာ့ ငါကဘာလုပ္ရမွာလဲ? ေယာက္်ားေလးကိုအ႐ုပ္ေပးလို႔ေရာေကာင္းပါ့မလား?
သူစိတ္ထင္လို႔လားပဲမသိဘူး အဲဒီေန႔ကသူ႔ယုန္လံုးေလးက မ်က္ႏွာသိပ္မေကာင္းဘူးလားလို႔...ၾကည့္ရတာ ကုမၼဏီကလုပ္တဲ့ပြဲေတြကို ေ႐ွာင္းက်န္႔ကသူ႔ကိုမေခၚသြားလို႔ စိတ္မေကာင္းျဖစ္ေနတာထင္တယ္။ ခုလည္းေမြးေန႔ကို တကယ္႐ွိတယ္ထင္သြားပံုရတယ္။ ဝမ္ရိေပၚဆိုတဲ့သူက ႐ွယ္ယာ႐ွင္ရဲ႕ ေမြးေန႔ကိုေတာင္မသြားတာ ကေလးဆိုစာရင္းေတာင္မ႐ွိဘူး။
ကုမၼဏီကက်င္းပတဲ့ ပြဲေတြကိုေ႐ွာင္းက်န္႔ကို မေခၚသြားရတာေတာ့႐ွင္းပါတယ္။ အဲဒီလိုပြဲေတြတက္ရင္မျဖစ္မေန ေ႐ွာင္းက်န္႔ကိုလူအမ်ားနဲ႔ မိတ္ဆက္ေပးရမွာျဖစ္သလို လက္ဆြဲႏႈတ္ဆက္တာေတြကိုပါလုပ္ရမွာ။
႐ူးေနလို႔သူက သူ႔ကသူ႔ရတနာေလးအသားကို သူမ်ားထိတာကိုရပ္ၾကည့္ေနရမွာလား?
ေနာက္ေန႔မွာေတာ့ ဝမ္ရိေပၚမွာ ကုမၼဏီသို႔သြားရာတြင္ ယုန္႐ုပ္ႀကီးကိုကားေပၚတင္ေခၚသြားရေတာ့သည္။ တစ္ေန႔လံုးရံုးမွာ ေသေအာင္စဥ္းစားၿပီးခ်ိန္တြင္ေတာ့ အေၾကာင္းျပခ်က္ေကာင္းကိုရသြားခဲ့သည္။
ညေနအိမ္ျပန္ခ်ိန္ေရာက္ေတာ့ ကားေပၚမွဆင္းလာသည့္ ဝမ္ရိေပၚက သူ႔အားထြက္ႀကိဳေနသည့္ ေ႐ွာင္းက်န္႔ဆီသို႔သြားလိုုုက္သည္။
"ကားေပၚကအ႐ုပ္ကုိ သြားယူေပးလို႔ရမလား?"
"အင္း"
သူေျပာတဲ့အတိုင္းအ႐ုပ္ကိုယူၿပီး အိမ္ထဲဝင္လာတဲ့ ယုန္ေလးမ်က္ႏွာက နားမလည္သည့္ပံု...
"ရိေပၚ ဒီအ႐ုပ္က.."
"ကေလးကေယာက္်ားေလးမို႔ ယုန္႐ုပ္မႀကိဳက္ေလာက္ဘူးဆိုလို႔ ဆိုင္ကယ္ပဲဝယ္ေပးလိုက္တယ္"
"ဒါဆို ဒါကိုဘာလုပ္ရမလဲ?"
"အဟမ္း...ဒီအတိုင္းယူထားလိုက္"
သူစကားကိုၾကားေတာ့ ယုန္ေလးမ်က္ႏွာက သိသိသာသာ လင္းလက္သြားတာကို ျမင္လိုက္ရသည္။
ေနာက္ရက္ေတြမွာေတာ့ ဝမ္ရိေပၚကယုန္႐ုပ္ဝယ္ခဲ့တာကို ေနာင္တရမိသြားတယ္။ ဘာလို႔ဆို ေ႐ွာင္းက်န္႔ကအဲဒီအ႐ုပ္ကိုအားတိုင္းကိုင္ေနၿပီး ညက်ရင္ဖက္အိပ္ဖို႔ပါလုပ္ေနလို႔ သူ႔မွာေ႐ွာင္းက်န္႔အိပ္ေပ်ာ္ခ်ိန္ေတြမွ အဲဒီအရုပ္ကုိဖယ္ျပစ္ၿပီး သူ႔ရတနာေလးကို သူ႔ရင္ခြင္ထဲဆြဲသြင္းရတယ္။ ယုန္ေလးကအိပ္ေပ်ာ္သြားရင္ ေတာ္ယံုမႏိုးတတ္တဲ့အေၾကာင္းကိုသိေနတဲ့ ဝမ္ရိေပၚကညဘက္ေတြဆို အခုလိုပဲသူ႔ရင္ခြင္ထဲကိုဆြဲသြင္းၿပီး ဖက္အိပ္ေနက်ပဲေလ။ စိတ္႐ွိတိုင္းဆို အဲဒီယုန္႐ုပ္ကိုလႊင့္ျပစ္လိုက္ခ်င္ေပမယ့္ ေ႐ွာင္းက်န္႔စိတ္မေကာင္းျဖစ္မွာဆိုးလို႔ မလုပ္ျဖစ္ခဲ့ဘူး။
------------------------------
"အာဖရိက ဟုတ္လား ပါး"
သြားရမယ့္ေနရာကို ၾကားလိုက္ရတဲ့အခ်ိန္မွာ ဝမ္ရိေပၚစိတ္ညစ္သြားရတယ္။ သူတို႔လက္ထပ္ၿပီးတာ တစ္ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ ပါးဘက္ကလည္း ႐ွယ္ယာ႐ွင္ေတြကို အခ်ိန္ထပ္ဆြဲေပးလို႔မရေတာ့ဘူး။
"ဟုတ္တယ္ ေလာေလာဆယ္ အာဖရိက,က စိန္တြင္းေတြဘက္မွာ အဆင္မေျပမႈေတြ႐ွိေနတယ္။ အဲဒီအတြက္ကို ကုမၼဏီက တာဝန္႐ွိသူတစ္ေယာက္ကို တစ္ႏွစ္ေလာက္လႊတ္ဖို႔စီစဥ္ေနတယ္။ အဲဒါသူတို႔ကမင္းကိုသြားေစခ်င္ေနတယ္။"
Advertisement
အာဖရိကတဲ့လား? အဲဒီေလာက္ေဝးတဲ့ အထိသြားရလိမ့္မယ္လို႔ ဝမ္ရိေပၚကမထင္ခဲ့မိဘူး။ ေနာက္ၿပီးတစ္ႏွစ္ေတာင္တဲ့...
"ေ႐ွာင္းက်န္႔ကိုဘယ္လိုလုပ္မွာလဲ ရိေပၚ"
အာဖရိကဘက္ကိုေတာ့ ေ႐ွာင္းက်န္႔ကိုေခၚသြားလို႔မျဖစ္ဘူး။ ဘာလို႔ဆို စိန္ထြက္တဲ့ေနရာေတြက တရားမဝင္လက္နက္ကိုင္ေတြနဲ႔ ေမွာင္ခိုလုပ္ေနရတဲ့ေနရာေတြမို႔ အႏၱရာယ္မ်ားလြန္းတယ္။ အစကျမန္မာဘက္က ေက်ာက္စိမ္းတူးတဲ့ေနရာေလာက္ဆိုရင္ေတာင္ သူ႔ယုန္ေလးကိုသူနဲ႔ေခၚမယ္လို႔ စဥ္းစားထားခဲ့တာကို။
"အတူေခၚသြားမွာလား?"
"အာဖရိကေတာ့မျဖစ္ဘူး။ မေခၚသြားႏိုင္ဘူး"
"အင္း ပါးနဲ႔အေတြးတူတယ္။ တစ္ႏွစ္ေလာက္ပဲကို ေခၚသြားၿပီးဒုကၡခံခိုင္းမေနသင့္ဘူး။ တစ္ေယာက္တည္းပဲသြားလိုက္ပါ"
ေနာက္ဆံုးေတာ့သူမေရာက္ခ်င္ခဲ့သည့္ ယုန္လံုးေလးနဲ႔ ခြဲရမည့္အခ်ိန္ကို ေရာက္႐ွိလို႔လာခဲ့ေလၿပီ။
ေ႐ွာင္းက်န္႔ကိုတစ္ေယာက္တည္းဒီမွာ သူဘယ္လိုထားခဲ့ရပါ့မလဲ...
__________________________
(26 Nov 2021)
ကုမ္မဏီမှာ အလုပ်ဘယ်လောက်များများ ဝမ်ရိပေါ်ကသူ့ယုန်ညိုလုံးလေးနဲ့ ညစာအတူစားဖို့ အချိန်မီပြန်လာလေ့ရှိတယ်။ အလုပ္မမ်ားတဲ့ ပုံမှန်ရက်တွေဆိုရင်တော့ ငါးနာရီထိုးတာနဲ့ ဝမ်ရိပေါ်ကအိမ်ပြန်ပြီးသားပဲ။
ဝမ်ရိပေါ်ကဖြစ်နိုင်ရင် သူ့ရတနာလေးကို အချိန်တိုင်းပွေ့ဖက်ထိတွေ့နမ်းရှုပ်ပြီး ဆက်ဆံချင်နေတာဆိုပေမယ့် တော်ကြာသူ့ယုန်လုံးလေးက သူ့ကိုနှာဘူးကောင်လို့ ထင်သွားမှာစိုးလို့ ဆန္ဒကိုသိက္ခာနဲ့ ထိန်းခဲ့ရတယ်။
အတူမစားရတဲ့ နေ့လယ်စာတွေကိုလည်း ဝမ်ရိပေါ်ကဖြစ်နိုင်ရင် ရှောင်းကျန့်ကို ထမင်းဘူးလာပို့ခိုင်းပြီး အတူစားချင်ပေမယ့် ကုမ္မဏီလိုလူများတဲ့နေရာမှာ သူ့ရတနာလေးကိုထုတ်မပြချင်လို့ အဲဒီလိုမလုပ်ဖြစ်ခဲ့ဘူး။
တစ်လမှာနှစ်ရက်လောက်တော့ မိဘအိမ်ကိုပြန်တတ်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က မနက်ကုမ္မဏီမသွားခင် ဝင်ပို့ပေးပြီး ညနေရုံးဆင်းချိန်ကျ ပြန်ခေါ်လေ့ရှိတယ်။ ပိတ်ရက်မှာတော့ သူပေးမပြန်နိုင်ပါဘူး။ ပိတ်ရက်မှာသူကတစ်နေကုန် သူ့ယုန်လုံးလေးနဲ့အတူရှိနေချင်တာမို့ ရုံးဖွင့်ရက်မှာပို့ပေးတာ။ တခါတေလ သူလည်းရှောင်းကျန့်အိမ်မှာ မိဘတွေနဲ့အတူ ညစာစာပြီးမှပြန်လာဖြစ်တယ်။
အခုဆိုရင်သူတို့လက်ထပ်ပြီးတာ ခြောက်လကျော်လာခဲ့ပြီဖြစ်တယ်။ သူခရီးထွက်ဖို့ကိစ္စက အခုမှကြင်စဦးအိမ်ထောင်သည်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါးက ကုမ္မဏီကရှယ်ယာရှင်တွေကို ရသလောက်အချိန်ဆွဲပေးထားခဲ့တယ်။
လက်ထပ်ပြီးကတည်းက အိမ်ထဲမှာပဲနေရတဲ့ သူ့ယုန်ညိုလုံးလေးက အခုတော့ယုန်ဖြူလုံးလေးပင်ဖြစ်လို့လာခဲ့ပြီ။ ဟုတ်တယ် တကယ်တော့ ရှောင်းကျန့်ကအသားတော်တော်ဖြူတာ။ တက္ကသိုလ်တက်တုန်းက ဘယ်သွားသွားထီးလည်းမဆောင်းဘဲ အတန်းချိန်မရှိရင် အဆောင်အနောက်ဘက်က အမိုးမရှိတဲ့နေရာမှာ သွားထိုင်နေတတ်လို့ နေလောင်သွားခဲ့တာလို့ ရှောင်းကျန့်ပြောပြလို့သူသိခဲ့ရတယ်။
ဒီအတောအတွင်း သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်လို့ ဝမ်ရိပေါ်ကသတ်မှတ်တယ်။ စကားများရန်ဖြစ်တာမျိုးတွေလည်းမရှိသလို သူပြောသမျှကိုလည်း ရှောင်းကျန့်ကငြင်းဆိုတာမျိုးမရှိဘဲနားထောင်ပေးတယ်။ သူ့ယုန်လေးကအလိမ္မာတုံးလေး...
"မနက်ဖြန် ဈေးဝယ်ထွက်ရမယ့်နေ့နော် ရိပေါ်"
"အင်း ကိုယ်မှတ်မိတယ်"
ညစာအတူစားနေတုန်းပြောလာတဲ့ ယုန်လေးကိုသူခေါင်းငြိမ့်ပြလိုက်တယ်။ သူမှတ်မိတာပေါ့။ စနေနေ့တိုင်း သူနဲ့ရှောင်းကျန့်က ဈေးဝယ်ထွက်နေကျကို..တကယ်တော့ဈေးဝယ်ထွက်တယ်ဆိုတာထက် သူတို့နှစ်ယောက် Date လုပ်တာနဲ့ပိုတူတယ်။ အဲဒီနေ့မှာသူက ရှောင်းကျန့်စားချင်တာတွေကို ဝယ်ကျွေးပြီး သွားချင်တဲ့နေရာတွေရှိရင်လည်း လိုက်ပို့ပေးရတာ အရမ်းပျော်ဖို့ကောင်းတယ်။
ညစာစားပြီးချိန်တွေမှာဆိုရင် ကာတွန်းကားထိုင်ကြည့်ရင်း သဘောကျနေတတ်တဲ့ ယုန်လုံးလေးကိုခိုးကြည့်ရတာက ဝမ်ရိပေါ်ရဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်တယ်။
------------------------------
မနက်စာစားပြီးတာနဲ့ ယုန်လုံးလေးနဲ့အတူ ကုန်တိုက်သို့ထွက်လာခဲ့လိုက်သည်။
"ဒီနေ့ရော တစ်ခြားသွားချင်တဲ့နေရာရှိသေးလား"
"ဟင့်အင်း မရှိဘူး"
ကုန်တိုက်သို့ရောက်သည့်အခါ တစ်ပတ်စာလိုအပ်သည်များကို နှစ်ယောက်အတူဝယ်ယူလိုက်ကြသည်။
"ဘာလိုသေးလဲ"
ဈေးဝယ်လက်တွန်းလှည်းကို သူကတွန်းနေပြီး ဝယ်ရမည့်ပစ္စည်းစာရင်းအား သူ့ယုန်လုံးလေးက မှတ်ထားသည့်ဖုန်းထဲမှကြည့်နေလေသည်။
"အင်း..ကြက်ဥချောင်း ဝယ်ရဦးမယ်"
ကြက်ဥချောင်းနှင့်အသားချောင်းများ ရောင်းချရာဘက်ကိုရောက်လာချိန် ဝမ်ရိပေါ်လှမ်းကြည့်မိတော့ အရောင်းဈေးတွေချနေတာကြောင့် အဲဒီနေရာနားက လူတွေပြုံတိုးနေတာကို တွေ့လိုက်ရတယ်။ အသက်ကြီးတဲ့မိန်းမတွေ များတယ်ဆိုပေမယ့် သူ့ယုန်လုံးလေးကို ဝမ်ရိပေါ်ကအဲဒီလိုလူကြားထဲကို မခေါ်သွားနိုင်ပါဘူး။
"ဒီမှာနေခဲ့ ကိုယ်သွားယူလာခဲ့မယ်"
"ဟင့်အင်း ကိုယ့်ဘာသာပဲယူလိုက်ပါမယ် အဲဒါကျွန်တော့်အလုပ်ပဲကို"
"နေဆိုနေခဲ့ စကားမများနဲ့...မဟုတ်သေးဘူး။ ဟိုဘက်တန်းမှာသွားစောင့်နေ...ဒီမွာရပ္မနေနဲ့ သွားတော့"
မြင်နေရတဲ့ လူရှင်းသည့်ဘက်မှာရှောင်းကျန့်ကို သြားနေခိုင်းလိုက်ပြီးမှ ကြက်ဥချောင်းနဲ့တခြားလိုအပ်တာတစ်ချို့ကို ဈေးဝယ်ခြင်းထဲခပ်မြန်မြန်ကောက်ထည့်လိုက်တယ်။
ထိိုနေရာတစ်ဝိုက်မှ အမျိုးသမီးများမှာတော့ ယောက်ျားတန်မဲ့သူတို့အားတွန်းတိုက်ကာ အရှေ့ဆုံးတန်းမှပစ္စည်းကိုဝင်ယူပြီး ချက်ချင်းပြန်ထွက်သွားတဲ့ မျက်နှာကြောတင်းတင်းနဲ့ကောင်လေးကို အံ့သြတကြီးကြည့်ကာ ပြောဆိုရေရွတ်ရင်းကျန်ခဲ့ကြလေသည်။
ရှောင်းကျန့်ရှိရာ သူပြန်ရောက်လာချိန် တွေ့လိုက်ရတာက သူသွားနေခိုင်းလိုက်တဲ့နေရာက အရုပ်တွေထားတဲ့နေရာဖြစ်နေပြီး သူ့ယုန်လေးရဲ့လက်ထဲမှာတော့ ယုန်အဖြူအရုပ်လေးတစ်ရုပ် ကိုင်ထားတာကိုတွေ့လိုက်ရတယ်။
"ရောက်ပြီလား မြန်လိုက်တာ"
"အင်း"
"သွားကြမယ်လေ"
သူ့ကိုမြင်သွားတဲ့ရှောင်းကျန့်က အရုပ်ကိုစင်ပေါ်မှာပြန်တင်ပြီး ထိုနေရာမှ ထွက်လို့သွားပြီဖြစ်သည်။
သူကတော့ယုန်လုံးလေးချလိုက်တဲ ယုန်ရုပ်ရှေ့ကမခွာနိုင်သေး။ ဒီယုန်ရုပ်က သူ့ယုန်လုံးလေးလောက်တော့ ချစ်ဖို့မကောင်းဘူး။
"ရိပေါ် မလာသေးဘူးလား?"
"အင်း..လာပြီ"
သူထွက်လာချိန်မှာတော့ လက်ထဲမှာယုန်ရုပ်လေးက ပါလာပြီးသား...
"ရိပေါ် ဒီအရုပ်က?"
သူ့လက်ထဲကအရုပ်ကိုတွေ့သွားတဲ့ ရှောင်းကျန့်ကမေးလာတယ်။
"လက်ဆောင်"
"ဘယ်သူ့ဖို့လဲ မေးလို့ရမလား?"
"အာာ..အဲဒါက..ဟို..ကုမ္မဏီက ရှယ်ယာရှင်တစ်ယောက်ရဲ့ ကလေးအတွက်မွေးနေ့လက်ဆောင်"
"ဪ"
သေစမ်း ဝမ်ရိပေါ် ဘာလို့အမှန်အတိုင်းမပြောမိတာလဲ? အခုဒီအရုပ်ကြီးကိုဝယ်ထားပြီးတော့ ငါကဘာလုပ်ရမှာလဲ? ယောက်ျားလေးကိုအရုပ်ပေးလို့ရောကောင်းပါ့မလား?
သူစိတ်ထင်လို့လားပဲမသိဘူး အဲဒီနေ့ကသူ့ယုန်လုံးလေးက မျက်နှာသိပ်မကောင်းဘူးလားလို့...ကြည့်ရတာ ကုမ္မဏီကလုပ်တဲ့ပွဲတွေကို ရှောင်းကျန့်ကသူ့ကိုမခေါ်သွားလို့ စိတ်မကောင်းဖြစ်နေတာထင်တယ်။ ခုလည်းမွေးနေ့ကို တကယ်ရှိတယ်ထင်သွားပုံရတယ်။ ဝမ်ရိပေါ်ဆိုတဲ့သူက ရှယ်ယာရှင်ရဲ့ မွေးနေ့ကိုတောင်မသွားတာ ကလေးဆိုစာရင်းတောင်မရှိဘူး။
ကုမ္မဏီကကျင်းပတဲ့ ပြဲတွေကိုရှောင်းကျန့်ကို မခေါ်သွားရတာတော့ရှင်းပါတယ်။ အဲဒီလိုပွဲတွေတက်ရင်မဖြစ်မနေ ရှောင်းကျန့်ကိုလူအများနဲ့ မိတ်ဆက်ပေးရမှာဖြစ်သလို လက်ဆွဲနှုတ်ဆက်တာတွေကိုပါလုပ်ရမှာ။
ရူးနေလို့သူက သူ့ကသူ့ရတနာလေးအသားကို သူများထိတာကိုရပ်ကြည့်နေရမှာလား?
နောက်နေ့မှာတော့ ဝမ်ရိပေါ်မှာ ကုမ္မဏီသို့သွားရာတွင် ယုန်ရုပ်ကြီးကိုကားပေါ်တင်ခေါ်သွားရတော့သည်။ တစ်နေ့လုံးရုံးမှာ သေအောင်စဉ်းစားပြီးချိန်တွင်တော့ အကြောင်းပြချက်ကောင်းကိုရသွားခဲ့သည်။
ညနေအိမ်ပြန်ချိန်ရောက်တော့ ကားပေါ်မှဆင်းလာသည့် ဝမ်ရိပေါ်က သူ့အားထွက်ကြိုနေသည့် ရှောင်းကျန့်ဆီသို့သွားလိုုက်သည်။
"ကားပေါ်ကအရုပ်ကို သွားယူပေးလို့ရမလား?"
"အင်း"
သူပြောတဲ့အတိုင်းအရုပ်ကိုယူပြီး အိမ်ထဲဝင်လာတဲ့ ယုန်လေးမျက်နှာက နားမလည်သည့်ပုံ...
"ရိပေါ် ဒီအရုပ်က.."
"ကလေးကယောက်ျားလေးမို့ ယုန်ရုပ်မကြိုက်လောက်ဘူးဆိုလို့ ဆိုင်ကယ်ပဲဝယ်ပေးလိုက်တယ်"
"ဒါဆို ဒါကိုဘာလုပ်ရမလဲ?"
"အဟမ်း...ဒီအတိုင်းယူထားလိုက်"
သူစကားကိုကြားတော့ ယုန်လေးမျက်နှာက သိသိသာသာ လင်းလက်သွားတာကို မြင်လိုက်ရသည်။
နောက်ရက်တွေမှာတော့ ဝမ်ရိပေါ်ကယုန်ရုပ်ဝယ်ခဲ့တာကို နောင်တရမိသွားတယ်။ ဘာလို့ဆို ရှောင်းကျန့်ကအဲဒီအရုပ်ကိုအားတိုင်းကိုင်နေပြီး ညကျရင်ဖက်အိပ်ဖို့ပါလုပ်နေလို့ သူ့မှာရှောင်းကျန့်အိပ်ပျော်ချိန်တွေမှ အဲဒီအရုပ်ကိုဖယ်ပြစ်ပြီး သူ့ရတနာလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းရတယ်။ ယုန်လေးကအိပ်ပျော်သွားရင် တော်ယုံမနိုးတတ်တဲ့အကြောင်းကိုသိနေတဲ့ ဝမ်ရိပေါ်ကညဘက်တွေဆို အခုလိုပဲသူ့ရင်ခွင်ထဲကိုဆွဲသွင်းပြီး ဖက်အိပ်နေကျပဲလေ။ စိတ်ရှိတိုင်းဆို အဲဒီယုန်ရုပ်ကိုလွှင့်ပြစ်လိုက်ချင်ပေမယ့် ရှောင်းကျန့်စိတ်မကောင်းဖြစ်မှာဆိုးလို့ မလုပ်ဖြစ်ခဲ့ဘူး။
------------------------------
"အာဖရိက ဟုတ္လား ပါး"
သွားရမယ့်နေရာကို ကြားလိုက်ရတဲ့အချိန်မှာ ဝမ်ရိပေါ်စိတ်ညစ်သွားရတယ်။ သူတို့လက်ထပ်ပြီးတာ တစ်နှစ်ကြာတဲ့အချိန်မှာတော့ ပါးဘက်ကလည်း ရှယ်ယာရှင်တွေကို အချိန်ထပ်ဆွဲပေးလို့မရတော့ဘူး။
"ဟုတ်တယ် လောလောဆယ် အာဖရိက,က စိန်တွင်းတွေဘက်မှာ အဆင်မပြေမှုတွေရှိနေတယ်။ အဲဒီအတြက္ကို ကုမ္မဏီက တာဝန်ရှိသူတစ်ယောက်ကို တစ်နှစ်လောက်လွှတ်ဖို့စီစဉ်နေတယ်။ အဲဒါသူတို့ကမင်းကိုသွားစေချင်နေတယ်။"
အာဖရိကတဲ့လား? အဲဒီလောက်ဝေးတဲ့ အထိသွားရလိမ့်မယ်လို့ ဝမ်ရိပေါ်ကမထင်ခဲ့မိဘူး။ နောက်ပြီးတစ်နှစ်တောင်တဲ့...
"ရှောင်းကျန့်ကိုဘယ်လိုလုပ်မှာလဲ ရိပေါ်"
အာဖရိကဘက္ကိုတော့ ရှောင်းကျန့်ကိုခေါ်သွားလို့မဖြစ်ဘူး။ ဘာလို့ဆို စိန်ထွက်တဲ့နေရာတွေက တရားမဝင်လက်နက်ကိုင်တွေနဲ့ မှောင်ခိုလုပ်နေရတဲ့နေရာတွေမို့ အန္တရာယ်များလွန်းတယ်။ အစကျမန္မာဘက္က ကျောက်စိမ်းတူးတဲ့နေရာလောက်ဆိုရင်တောင် သူ့ယုန်လေးကိုသူနဲ့ခေါ်မယ်လို့ စဉ်းစားထားခဲ့တာကို။
"အတူခေါ်သွားမှာလား?"
"အာဖရိကေတာ့မျဖစ္ဘူး။ မခေါ်သွားနိုင်ဘူး"
"အင်း ပါးနဲ့အတွေးတူတယ်။ တစ်နှစ်လောက်ပဲကို ခေါ်သွားပြီးဒုက္ခခံခိုင်းမနေသင့်ဘူး။ တစ်ယောက်တည်းပဲသွားလိုက်ပါ"
နောက်ဆုံးတော့သူမရောက်ချင်ခဲ့သည့် ယုန်လုံးလေးနဲ့ ခွဲရမည့်အချိန်ကို ရောက်ရှိလို့လာခဲ့လေပြီ။
ရှောင်းကျန့်ကိုတစ်ယောက်တည်းဒီမှာ သူဘယ္လိုထားခဲ့ရပါ့မလဲ...
__________________________
(26 Nov 2021)
Advertisement
- In Serial28 Chapters
Red Flash
Anna, a 23 years old woman from earth who play at a VRMMORPG everyday since 11 years, she is one of the top player as a Magic Swordswoman. One day, she suddenly got killed by a lightning because of a mistake from God. She got reincarnated as her character in the game in another world while keeping her memory, strength and inventory. Follow Anna's adventures where she explores the world, make news friends and protect them with her sword and magic, kill monster, start a business, gain more and more influence and slape the bad guys! ---------------------------------------------- WARNING / MORE INFORMATIONS: - Female protagonist- Overpowered protagonist from the start.- NO romance! (maybe only a little bit)- No status window / No level / No stats- It's an easy going story, it means that the protagonist won't struggle that much (work hard YES / lose pathetically NO)- The MC mastered her power in the game, so it's not a "i'm OP but I don't understand my power" story.- The MC won't hesitate to kill if someone try to harm her or her friends but she is a kind and gentle person toward those that she loves.- She will build some connexions with nobles or others important persons- A bit business managment- A bit of adventurer guild (not too much, and won't be repetitive)
8 260 - In Serial52 Chapters
Heroic Chronicles Volume 2: Dawn of the New Beginning
Volume 2: Dawn of the New Beginning. [A High Fantasy + Non OP MC + Worldbuilding + Harem Novel] [This story is written in a Light Novel style] Heroic Chronicles tells the tale of a 17-years old protagonist, Claude Leonheart, a lowly Initiate of the Brotherhood of the Sun whose whole world became one of many trials, and challenges after saving the Kingdom's only princess. As he becomes a hero, a new world now awaits him. Follow his adventures of epic proportions (maybe not) as he encounters various adventures upon adventures and meeting new people during his journey as his life would then be shaped by these encounters for better or for worse. Take the journey with him as he learns his power and responsibilities that comes with it. Becoming a hero is not just about saving girls and slaying monsters. The cover is commisioned and done by: Artist: FatCatInTheBox ***** Before you lot bashes me up with my English etc., consider this: 1. This is my first novel. First conceptualized and written some 23 years ago. Only until last year that I did some improvisations and improvements to what I had kept in the dusty corner of my room all these while. This story sees the light of the day because I challenged myself, that's all. 2. English is the 6th language that I speak.And in RRL, I'm using British English mostly to write my story. 3. Easier said than done. Rather than subjecting me to subjective comments/reviews about the language, point it out and suggest an alternative. One or two would do just fine. It goes a long way. The Pledge - This story shall continue till it ends properly.
8 114 - In Serial7 Chapters
Golden Age
Every world has its system, but there is a law that is true no matter where you go. The strong eats the weak, no one and no thing can escape this cruel law. That is why the weak will gather under the strong. Still, a singularity existed that cared not for such matters, its creation unknown and so is its will, she is here. Everything in her path die. In the world of Creia the people did not know what fate had reserved for them. Fate in her form.
8 106 - In Serial15 Chapters
Outlaw Teens
Welcome to the 27th century! A time when the technology has increased but so is injustice. Now humans aren't limited to Earth but have started their civilisation in many other planet. Mecca is one such planet where humans have lived peacefully for a long time. But that was until the government discovered the vast reserves of Keb, the most precious metal. After that, the government started clearing the planet. But a few group of people aren't ready to leave their hometown. The rebels can do anything to stop the injustice of the government. However when an attack leaves leaves the rebels on their verge of existence, three teenagers keeps the group alive. Meet Zack - A warrior by birth. Both skilled and clever in a combat. Judy - She will always have a idea. No matter whatever happens. Drew - The Gadget God. He has a gadget for every situation. A few teens against an entire system. What are the odds?
8 166 - In Serial14 Chapters
Blade of Gaia
Seth Nox, also known as the Blade, is the infamous killer that hunts his targets on the continent of Gaia. Gaia’s citizens fear his name and fear they’ll be his next target. But lately, there have been rumors that have mysteriously surfaced; rumors of an organization raiding, pillaging and senselessly murdering civilians. Now, with orders from the Queen of Gaia, Seth is tasked to find this new deadly force and give them eternal slumber. But what will happen when this game of cat and mouse turns into that of hunter and hunted. The biggest threat Seth has ever had to face is slowly drawing the knife.
8 221 - In Serial14 Chapters
Rick and Morty x Reader Oneshots
**CANCELED**Oneshots about Rick and MortyAlways x readerFeel free to request! Come on, you already know what this is about... Just read it already!
8 177

